အတ္တလန်တစ်ရှာပုံတော် (၅၉)
14 Apr 2010 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဒတ်ပစ်နှင့် အယ်လ် ဂျီယိုဒီနိုတို့ စတိုခန်းထဲမှ ထွက်လျှင် ထွက်ချင်း အဆောက်အဦး၏ ထောင့်တစ်နေရာမှ အသံထွက်လာသည်။ သူတို့ကို မေးနေခြင်းဖြစ်သည်။ စကားသံက စပိန်လို။
အယ်လ်သည် အေးဆေးစွာ စပိန်လို ပြန်ပြောရင်း သူ့လက်များကို ခါပြနေ၏။ ဘာတွေပြောနေမှန်းတော့ ပစ်မသိ။ သို့သှောလည်း တစ်ဖက်မှ သူ၏အဖြေကို ကျေနပ်ပုံပှေါသည်။ ဘာမှဆက်မမေးတော့။ သူတို့နှစ်ယောက် ခဏစောင့် ပြီး သဘေဿငာကျင်းရှိရာသို့ ဆက်ထွက်လာခဲ့သည်။ လမ်းရောက်တော့ ပစ်မနေနိုင်။
“ဟိုအကောင်က နင့်ကို ဘာမေးပြီး နင်က ဘာပြန်ဖြေလိုက်တာလဲ”
“ဆေးလိပ်တစ်လိပ်လောက် လိုချင်လို့တဲ့။ ငါတို့ဆေးလိပ်မသောက်ဖူးလို့ ပြန်ပြောလိုက်တာ”
“ငါ့ကောင်ကြီး တှောသကွာ။ စပိန်စကား ဘယ်မှာသင်ခဲ့တာတုန်း”
“ဟီး ဟီး၊ ငါအထက်တန်းကျောင်းသားဘဝက အိမ်ဖှောကောင်မလေး အိပ်ရာထဲမှာ သင်ပေးတာ”
“ဪ- အိပ်ယာထဲမှာ သင်ပေးတာ ဒီလောက်တတ်ပုံထောက်ရင် ညတာ အတှောရှည်ပုံရတယ်”
“သိရင်လည်း ဘာလို့မေးနေသေးတုန်း ခွေးသူခိုးရဲ့”
“မင်း အကြောင်းသိလို့ ပေါ့ကွ”
“ဒါနဲ့ နေစမ်းပါဦး၊ မင်း ဘာသေနတ်ကိုင်လာလဲ”
“ကို့တ် ဒသဿသမ ၄၅ လေ။ ဘာဖြစ်လို့လဲ”
“ထင်သားပဲ၊ တစ်ခါလာ မဲပြာပုဆိုး၊ ဒီပုံတုံး အစုတ်ပလုတ်သေနတ်ပဲ”
“အဲဒီ အစုတ်ပလုတ် သေနတ်က ငါ့ကို အကြိမ်ပေါင်းများစွာကယ်ခဲ့ပြီးပြီကွ၊ မင်းရော ဘာကိုင်လာလဲ”
“ငါ့ဟာက အတှောခက်ခက်ခဲခဲ ရှာပြီး ဈေးကြီးပေးဝယ်လာရတာကွ”
“ဘာသေနတ်လဲ”
“ပန်ဒိုရာ မိုင်းတွင်းတုန်းမှာ မင်းဟိုလူပြက်တွေဆီက ရခဲ့တဲ့ ပီ-၁ဝ လေ။ ဌာနချုပ်မှာတွေ့လို့ နှိုက်လာတာ။ အခု ငါတို့ ဘယ်သွားကြမှာတုန်း”
ပစ်က ရှည်ရှည်ဝေးဝေးမစဉ်းစားပဲ လှမ်းမြင်နေရသော အထပ်နှစ်ဆယ်ခန့် မြင့်သည့် သဘေဿငာကြီးကို လက်ညှိုးထိုး ပြလိုက်သည်။ စဉ်းစားလည်း အဖြေမှမရှိပေပဲ။
အယ်လ်က လှမ်းကြည့်ရင်း-
“သောက်ကျိုးနည်း ဧရာမဟာကြီးပဲ” ဟုပြောလိုက်ရင်း သဘေဿငာပှေါတက်လာခဲ့ကြ၏။
××××××××××
မှန်သည်။ သဘေဿငာကြီးက ခေါင်းလန်အောင်မော့ကြည့်ရ၏။ ရှည်လျှားလိုက်သည်မှာလည်း ကမ်းကုန်၏။ ကွာလာ လမ်ပူမှ ပီထရိုနတ်စ် မျှောစင်ညီနောင်ကို အလျှားလိုက် ဖင်ပြန်ခေါင်းပြန်ဆက်လျှင်ပင် သူ့ထက်တိုဦးမည်ထင်ရသည်။ တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် ကမဿဘာကို ကြယ်တံခွန် ဝင်ဆောင့်လျှင် ဖြစ်ပှေါလာမည့် လှိုင်းလုံးကြီးများ၏ ဒဏ်ကို ကောင်းစွာခံနိုင်စွမ်းရှိပုံပှေါ၏။ သဘေဿငာပှေါတွင် ထောင်ပေါင်းများစွာသော အလုပ်သမားများ ပျားပန်းခတ် လှုပ်ရှားလျှက်ရှိကြသည်။ ဒီလောက်ကြီးတဲ့ဟာကြီးပှေါတက်ပြီး ဘယ်နေရာရှိမှန်းမသိသည့် ပက်ထရစ်ရှာတို့ သား အမိကို ခြေလျှင်ရှာဖွေရလျှင် ဤဘဝတွင်တော့ တွေ့နိုင်မည်မထင်။
ပုန်းလျှိုးကွယ်လျှိုး သွားဖို့ရန်လည်း ထိန်ထိန်တောက်နေသော မီးမောင်းများကြောင့် အမှောင်ရိပ်ရယ်လို့ တစ်စက် ကယ်မှ မရှိလေတော့ ပြောင်ပြောင်ပြဲပြဲသာသွားကြရဖို့ရှိ၏။ ကံကောင်းသည်က သူတို့ဝတ်ထားသော လိမေဿမှာရောင် အလုပ်သမားဝတ်စုံများသည် လိမေဿမှာရောင်လုပ်သားလူပင်လယ်ကြီးကြားတွင် မည်သို့မျှ ပှေါလွင်ထင်ရှားခြင်းမရှိ သည့်အတွက် မည်သည့်အစောင့်ကမှ နှစ်ခါပြန်လှည့်မကြည့်ကြ။ အလုပ်သမားများသည် မြို့တစ်မြို့လောက်ကြီး သည့် သဘေဿငာကြီးပှေါတွင် ဂေါက်ကွင်းတွင်တွေ့ရတတ်သည့် ဘက်ထရီကားကလေးများဖြင့် ပျားပန်းခတ်အောင် အလုပ်များနေကြ၏။ သူတို့တောင်ကားစီးနိုင်သေးလျှင် ဒို့လည်းကားဖြင့် သွားကြရမည်ပ။ ဘယ်မတုန်း ကားတွေ။
ကြာကြာမရှာလိုက်ရပါ။ ဘက်ထရီကားကလေးများတန်းစီရပ်ထားသည့် နေရာကို သူတို့တွေ့ကြ၏။
သူတို့နှစ်ယောက် ကားတစ်စီးပှေါခပ်တည်တည်တက်လိုက်ကြသည်။ သော့က တပ်လျှက်တန်းလန်း။ ခပ်တည်တည် မောင်းထွက်လာကြသည်။ ဘယ်သွားရမှန်းတော့ မသိကြသေး။
×××××××××××××××
လမ်းတစ်လျှောက်တွေ့ရသည့်မြင်ကွင်းများမှာ လက်ဖျားခါလောက်၏။ မိုးမျှောဇိမ်ခံတိုက်ကြီး များဆောက်လုပ် ရာတွင် သုံးသည့်ပစဿစည်းများ၊ ဥယျာဉ်ခြံမြေသုံးပစဿစည်းများ နှင့် အခြားသော လူသုံးကုန်ပစဿစည်းမျိုးစုံတင်ထားသည့် ကုန်တင် ယာဉ်ကြီးများကနေရာအနှံ့။
“သောက်ကျိုးနည်း၊ ဒီလူတွေကြည့်ရတာ တစ်ကမဿဘာလုံး အိမ်ပြောင်းသလို ရှိသမျှ ပစဿစည်း အကုန်တင်နေ တော့တာပဲကွ”
အယ်လ် ကသူ့ဝသီအတိုင်း ပွစိ၊ ပွစိပြော၏။ ပစ်ကို တစ်ချက်စွေစောင်းကြည့်ရင်းက-
“ကမဿဘာဦးကျမ်းထဲက နောဧလို ရှိသမျှ တိရိစဿဆာန် နှစ်ကောင်စီတင်မတင် မင်းနဲ့ငါ လောင်းမလား” ဟုဆို၏။
“မလောင်းပါရစေနဲ့ကွာ၊ တှောကြာ ခြင်၊ ယင်၊ ကြွက်၊ ကြမ်းပိုး၊ ပိုးဟပ်၊ သန်း၊ အိမ်မြှောင်နဲ့ တောက်တဲ့တွေပါ နှစ်ကောင်စီတင်နေကြပါဦးမယ်”
အယ်လ်သည် တစ်စုံတစ်ခု ပြန်ပြောရန် နှုတ်ခမ်းပြင်လိုက်စဉ်မှာပင် သူတို့ကားကလေးသည် မှန်သားဖြင့်တည် ဆောက်ထားသော ရုံးခန်းတစ်ခုရှေ့သို့ရောက်လာသဖြင့် စကားစပြတ်သွား၏။ အသင့်ယူဆောင်လာသော ဝါယာကြိုး များနှင့် သုတ်ဆေးဗူးများကို သယ်ဆောင်၍ အတွင်းသို့ ဝင်လိုက်ကြ၏။
အနက်ရောင်ကိုယ်ကျပ် ယူနီဖောင်း ကိုယ်စီဖြင့် လက်နက်ကိုင် အစောင့်နှစ်ယောက်။
အယ်သည် ပါးစပ်ကြီးကို နားရွက်တပ်ချိတ်တော့မတတ်ပြုံးလိုက်ပြီး အစောင့်တစ်ယောက်ကို စပိန်လို ခပ်မြန်မြန် ပြောလိုက်၏။ အစောင့်က ခေါင်းညိတ်ပြ၍ ဓါတ်လှေကားရှိရာသို့ လက်မကြီးဖြင့် ညွှန်ပြ၏။ သူတို့နှစ်ယောက် ဓါတ်လှေကားတွင်းဝင်၍ တံခါးမပိတ်မှီ အစောင့်တစ်ဦးသည် ဖုန်းဖြင့်တစ်စုံတစ်ခုကို အလောတကြီးပြောဆိုနေသည် ကို ပစ်က မြင်ဖြစ်အောင်မြင်လိုက်သည်။ သူက ဟန်မပျက်ပဲ အယ်လ်ကို-
“ဒီတစ်ခေါက်တော့ ဟိုကောင်တွေကို ဘာပြောလိုက်ပြန်ပြီလဲ”
“ငါတို့ကို ဝုဖ်အရှင်သခင်များထဲက တစ်ယောက်က ဆယ်ထပ်ကအခန်းထဲမှာ အလုပ်လုပ်ဖို့ခိုင်းလိုက်တာလို့ ပြော လိုက်သကွ”
ပစ်သည် အယ်လ်၏ အဖြေကို စိတ်မဝင်စားပဲ ဓါတ်လှေကားတွင် ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေသည်။ လုံခြုံရေးကင်မရာမတွေ့၊ ထို့အတွက် သူတို့လှုပ်ရှားမှုကို စောင့်ကြည့်နေမှာတော့ပူစရာ မလို။ သို့သှော ဝုဖ်တွေ ဒီလောက်တော့မအ။ ဆယ်ထပ်တွင် သူတို့ကို ကြိုဆိုရေးအဖွဲ့များစောင့်ဆိုင်းနေမည်ကို သူ့အာရုံကသိနေ၏။
“လှုပ်ရှားဖို့ အချိန်ရောက်ပကွ” ပစ်သည် လိုသည်ထက်ပို၍ ခပ်ကျယ်ကျယ်လေးပြောလိုက်သည်။
အယ်လ်က သူ့ကို စူးစိုက်ကြည့်ရင်း-
“ဘာလုပ်မှာလဲ” ဟုမေးလိုက်၏။ တကယ်က သူတို့စကားပြောနေသည်မှာ မျက်လုံးချင်းသာ ဖြစ်၏။ စကားသံတွေက ငါးစာ။
“ငါတို့ ဓါတ်လှေကားကို ငါးထပ်မှာရပ်မယ်၊ ပြီးရင် ဓါတ်လှေကား ခေါင်မိုးအရေးပှေါထွက်ပေါက်ကနေ ဓါတ်လှေကားအပှေါတက်ပြီး တို့ကို စောင့်ကြည့်နေကြတဲ့ အစောင့်တွေကို နားလှည့်ပြီးပါးရိုက်ကြစို့”
“ကောင်းသကွာ။ ဝလချီးလည်သွားအောင် ပါးကို ဘယ်ပြန်ညာပြန် အသကုန်ဆှောကြစို့” အယ်လ်သည် ဓါတ် လှေကားကို ငါးထပ်အရောက်တွင် ရပ်လိုက်၏။ ခေါင်မိုးရှိ အရေးပှေါအပေါက်ကို အသံမြည်အောင် ဖွင့်လိုက်ပြီး-
“မင်းအောက်က ပင့်ပေး ငါအပှေါတက်မယ်”
ပစ်နှင့် အယ်လ်သည် ပါးစပ်က ပေါက်ပေါက်ဖောက်သလို ဆူညံစွာပြောဆိုနေသှောလည်း လူက မလှုပ်ရှားကြ။ ဓါတ်လှေကားထဲတွင် အသံဖမ်းကိရိယာသာတပ်ထားသည်ကို သိသဖြင့် အကွက်ဆင်နေကြခြင်းဖြစ်သည်။
“သေချင်းဆိုး၊ လေးလိုက်တဲ့ကောင်”
အယ်လ်က မသက်မသာ ငြီးတွားရင်း ပီ-၁ဝ သေနတ်ကို ထုတ်လိုက်သည်။ ပြီးတော့ ဓါတ်လှေကားတွင်းမှ မီးကို ပိတ်ပစ် လိုက်သည်။
“ကဲ-မင်းလက်ပေး၊ ငါဆွဲတင်မယ်” ပစ်က အမောတကော အှောကြီးဟစ်ကျယ်ပြောရင်း ကို့တ် ၄၅ ကို လုံခြုံရေး ခလုတ်ဖွင့်လိုက်သည်။ ပြီးတော့ ဓါတ်လှေကား၏ ဘေးတစ်ဖက်တစ်ချက်တွင် ပြားနေအောင်ကပ်လိုက်ကြသည်။
ဓါတ်လှေကားတံခါးသည် ဆယ်ထပ်အရောက်တွင် ဖြည်းညှင်းစွာပွင့်သွား၏။ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံ၊ သံခ မောက်ကိုယ်စီနှင့် အစောင့်သုံးယောက်သည် ပွင့်နေသော အရေးပှေါအပေါက်ကို သေနတ်ဖြင့်ချိန်၍ ဓါတ်လှေကား တွင်းဝင်လာကြ၏။ ပစ်သည် နောက်ဆုံးဝင်လာသူ၏ ခြေထောက်ကို ဆောင့်ကန်လိုက်ရာ ရှေ့မှအစောင့်နှစ်ယောက် ပှေါထပ်လျှက် သုံးယောက်လုံးလဲကျသွား၏။ အယ်လ်သည် ဓါတ်လှေကားကို ပိတ်၍ အောက်သို့ဆင်းစေပြီး အထက်မရောက် အောက်မရောက်အခြေအနေတွင် ရပ်ထားလိုက်သည်။
ပစ်သည် လုံးထွေးရစ်ပါတ်လဲကျနေသူများ၏ ဦးခေါင်းကို ကြက်ဥ တူနှင့်ထုသလို ကို့တ် ၄၅ သေနတ်ဒင်ဖြင့် အားရ ပါးရ ထု၏။ သူခြေထောက်ဆောင့်ကန်လိုက်သူကိုတော့ ချန်ထား၏။ ခြေထောက်ကျိုးမတတ်ဝေဒနာ ခံစားနေရသဖြင့် ခေါင်းမထုလည်းကိစဿစမရှိ။ ပြီးတော့ သူ့ကို မေးရမြန်းရဦးမည်လေ။
အယ်လ်က ဓါတ်လှေကားမီးကို ပြန်ဖွင့်ရင်း ထိုသူ၏ ခေါင်းကိုသေနတ်ဖြင့်ချိန်ပြီး-
“သေနတ်ပေးစမ်း၊ ဦးဏှောက်ပွင့်သွားမယ်” ဟု စပိန်လိုကြိမ်းဝါးလိုက်၏။
အစောင့်သည် အလစ်အငိုက်တွင် ရုတ်တရက်ခံလိုက်ရသှောလည်း ဝုဖ်လက်ပါးစေ၊ လက်မရွံပီသစွာ သွေးအေးလှ ၏။ သူတို့နှစ်ယောက်ကို ခပ်တည်တည်ကြည့်လိုက်သည်။ သို့သှော ပစ်နှင့်အယ်လ်တို့၏ အဟုတ်တကယ် လုပ်မည့် ရုပ်များကို မြင်လိုက်ရသောအခါ ကြေးစားပီသစွာ သူတို့ စကားနားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သှော နှုတ်ကတော့-
“မင်းတို့ ဘယ်မှပြေးစရာ မရှိပါဘူးကွ” ဟု ပြောရင်းအကဲစမ်းလိုက်သည်။
ပစ်က အသာပြုံးရင်း-
“ကိစဿစမရှိပါဘူး၊ မင်းတို့ကို အရင်သတ်ရမှာပေါ့။ ကားလ်ဝုဖ်က သူ့အတွက်အသေခံဖို့ မင်းတို့ကို ပိုက်ဆံပေးထားတာ မဟုတ်လား”
“ခင်ဗျားတို့ လက်လျှော့လိုက်ကြပါ။ ခင်ဗျားတို့အကြံအောင်မှာမဟုတ်ဖူး၊ သေကြမှာပဲ” အစောင့်သည် မင်းတို့မှ ခင်ဗျားတို့ဟု လေသံပြောင်းလာသည်။
အယ်လ်သည် သေနတ်ပြောင်းဝကို အစောင့်၏ မျက်လုံးနှစ်လုံးကြားသို့ ထိုးချိန်ပြီး-
“မင်းတို့ကောင်တွေအားလုံး ပါးစပ်က အီးပေါက်သလို တစ်လေသံထဲထွက်တဲ့ အကောင်တွေပဲကွ၊ ဝုဖ်ရဲ့ ငနွားတွေရ” ဟု အသားလွတ်ဝင်ရောက်ကြိမ်းမောင်း၏။ ပစ်သည်လည်း သူ၏သေနတ်ကို အစောင့်၏ ဘယ်ဖက်မျက်လုံးတည့် တည့်ချိန်ရင်း-
“ဒေါက်တာ အို ကွန်းနဲလ်နဲ့ သူ့သမီးကို ဘယ်မှာထားသလဲ” ဟု လိုရင်းကိုမေးလိုက်၏။
“ငါတို့မှာ အချိန်သိပ်မရှိဘူး၊ ခုပြောရင်ပြော၊ မျက်လုံးအထွက်ခံချင်ခံ၊ အသံကြားမှာစိုးလို့ မင်းကို ပစ်မှာတော့ မဟုတ် ဖူး၊ ဒီတိုင်း သေနတ်နဲ့ဆောင့်ထိုးလိုက်မှာ”
ပစ်သည် တကယ်လည်းမပြောလျှင် ဆောင့်ထိုးလိုက်ရန် ကြံရွယ်ထား၏။ အစောင့်သည် ပစ်စိတ်ကူးကို ကောင်းစွာ ရိပ်မိ၏။
“ဒီသဘေဿငာတွေထဲက တစ်စီးပှေါမှာပါ”
“ဘယ်တစ်စီးလဲ”
“ကျွန်တှောမသိပါဘူး၊ ကျိန်ဆိုကျိန်ပါ့မယ်”
“မင်းဟာမင်း ကျိန်ချင်ကျိန်၊ မကျိန်ချင်နေ၊ စိတ်မဝင်စားဘူး၊ နောက်တစ်ကြိမ်ထပ်မေးမယ်။ ဘယ်တစ်စီးလည်း” အယ်လ်က ဝင်မေးလိုက်သည်။ သူ့လေသံကလည်း ပွက်ပွက်ဆူနေသည့်ဆီအိုးကို ချက်ချင်းအေးခဲသွားလောက် အောင် အေးစက်လှသည်။ ပစ်သည် ကို့တ် ၄၅ ၏ ချွန်ထွက်နေသော သေနတ်ဒင်ကို ဆလိုက်၏။
အစောင့်သည် ကမန်းကတမ်းဖြင့်-
“အူးရစ် ဝုဖ်ပါ၊ ဒီသေဘဿငာပါပဲ။ လူစီးသေဘဿငာပါ” ဟုပြာပြာသလဲပြော၏။ အသက်နှင့်ယှဉ်သော သစဿစာစောင့်သိမှုသည် မရှိစကောင်းဆိုသည်မှာ မှန်၏။
“ဘယ်နေရာလဲ”
“ခြောက်ထပ်က ကေ အခန်းတွဲမှာပါ၊ အခန်းနံပါတ်တော့ ကျွန်တှောမသိပါဘူး”
ဟုတ်သည်။ သူသိသမျှ အကုန်ပြောပြီးသွားပြီဆိုသည်ကို ပစ်ရော အယ်လ်ပါသိကြ၏။ အယ်လ်သည် သေနတ်ဒင်ဖြင့် အစောင့်၏ နောက်စေ့ကို ရိုက်ချလိုက်သည်။ ထိုအချိန်မှာပင် အဆောက်အဦးတစ်ခုလုံးတွင် အချက်ပေးသံများ ဆူညံ စွာပှေါလာ၏။ အယ်လ်က ပစ်ကို မျက်စပစ်ပြလိုက်သည်။
ပစ်က ပြုံးပြလိုက်ပြီး-
“အေးဆေးပေါ့ သူငယ်ချင်း၊ စတိုင်လ် မပျက်စေနဲ့” ဟု ဩဝါဒပေးလိုက်လေ၏။

Apr 17, 2010 @ 22:41:04
စောင့်မျှော် အားပေးလျက်ပါဗျာ..