အတ္တလန်တစ်ရှာပုံတော် (၆ဝ)
18 Apr 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ခြောက်မိနစ်ခန့်ကြာသှော ဓါတ်လှေကားသည် မြေညီထပ် ဧည့်ခန်းတွင် ဖြည်းညှင်းစွာဆိုက်ရောက်လာ၏။ ဧည့်ခန်း အတွင်းတွင်တော့ အှောတိုမစ်တစ် ရိုင်ဖယ်များကိုင်ထားသော လုံခြုံရေး နှစ်ဒါဇင်ခန့်သည် ဒူးထောက်၍ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေ၏။
ဓါတ်လှေကားပွင့်သွားသောအခါ အတွင်းမှ လေကာမှန်များမျက်နှာဖုံးအောင်စွပ်ထားသော သံခမောက်ဆောင်းထား သည့် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံဝတ် လုံခြုံရေးနှစ်ဦးသည် လက်များကိုမြှောက်လျှက် အသံကျယ်လောင်စွာဖြင့်-
“မပစ်နဲ့၊ မပစ်နဲ့၊ ဝင်လာတဲ့ နှစ်ကောင်ကို တို့ပစ်သတ်လိုက်ပြီ” ဟုပြိုင်တူအှောဟစ်ရင်း လဲကျနေသည့် လိမေဿမှာရောင် အလုပ်သမား ဝတ်စုံဝတ်ထားသူနှစ်ဦးကို ဆွဲလာ၏။
“အပှေါမှာ သူတို့အဖွဲ့ဝင်တွေ ရှိသေးတယ်။ ဆယ်ထပ်မှာ” ဟုလည်းပြော၏။
“မက်စ် ရော” ခေါင်းဆောင်ဖြစ်ဟန်တူသူက မေးလိုက်သည်။
“မက်စ် ဒဏ်ရာရသွားတယ်။ သူအပှေါမှာ ပုန်းကျန်ရစ်ခဲ့တယ်”
လူနှစ်ဒါဇင်သည် ချက်ချင်း အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။ တစ်ဖွဲ့က ဓါတ်လှေကားတွင်းသို့၊ နောက်တစ်ဖွဲ့က လှေကား ပှေါသို့ ဒရောသောပါးပြေးတက်သွားကြသည်။ ပစ်နှင့်အယ်လ်တို့လည်း အခွင့်အရေးကို လက်လွတ်မခံ၊ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထိုနေရာမှပြေးကြတော့သည်။
+++++++++++++
“ငါ့ယူနီဖောင်းက ရှည်လွန်းပြီး တစ်အားကျပ်နေတယ်ကွ”
“ငါ့ဟာက တိုလွန်းပြီး အရမ်းပွနေတယ်”
အယ်လ်နှင့်ပစ်သည် ပြေးရင်းလွှားရင်း ယူနီဖောင်းအကြောင်းဆွေးနွေးနေကြသည်။ ဘက်ထရီကားလေးပှေါရောက် သောအခါ အမြန်ဆုံးအရှိန်နှုန်းဖြစ်သည့် တစ်နာရီ ဆယ့်နှစ်မိုင်နှုန်းဖြင့် အပြင်းမောင်းထွက်လာခဲ့ကြသည်။ ဦးတည်ရာက ခြောက်ထပ်၊ ကေ အခန်းတွဲသို့၊ ဘယ်နားရှိမှန်းတော့ မသိသေး။
+++++++++++++++++++
ကုန်တင်ကုန်ချ အလုပ်ရုံများစွာ၊ ပဒူအုံတုတ်နဲ့ထိုးထားသလို ခြေချင်းလိမ်နေသော အလုပ်သမားများစွာကို သူတို့ ကားကလေးသည် အကြမ်းပတမ်းဖြတ်ကျှောခဲ့သည်။ သူတို့ဝတ်ထားသော အနက်ရောင် လုံခြုံရေး ယူနီဖောင်းများ ကြောင့် လုပ်တိုင်းတင့်တယ်နေ၏။ ဘယ်သူမှ စောဒက မတက်ကြ။ ဒီလို မဟားတရားလျှောက်မောင်း နေရုံဖြင့် ပက်ထရစ်ရှာတို့ သားအမိကိုတွေ့နိုင်မည်ဆိုလျှင် ဘယ်လောက်မောင်းမောင်း အကြောင်းမဟုတ်သှောလည်း အခု တော့ထိုသို့မဟုတ်ချေ။
တစ်နေရာတွင် ကရိန်းကြီးတစ်ခုဖြင့် ကုန်တင်ကုန်ချလုပ်နေသော လိမေဿမှာရောင်အလုပ်သမားတစ်စုကို အှောဟစ် အမိန့်ပေးနေသည့် အနီရောင်ဝတ်စုံဖြင့် လူတစ်ဦးကိုတွေ့လိုက်ကြရသည်။ တန်တော့ ကြီးကြပ်သူအဆင့် အလုပ်သမားခေါင်း ဖြစ်မည်။ ပါးစပ်ကလေးလုပ်ဖို့လိုလာပြီ။ ပစ်သည် အယ်လ်ကို မျက်စပစ်လိုက်၏။ ပြောပေဦး တော့ စပိန်လို။
“ခဏလေး၊ ကျွန်တှောတို့ ခြောက်ထပ်၊ ကေ အခန်းတွဲကို အရေးပှေါသွားစရာရှိတယ်။ အနီးဆုံးဘယ်လမ်းကသွား လို့ရလဲ”
အလုပ်သမားခေါင်းသည် သူတို့ဝတ်ထားသည့် အနက်ရောင်လုံခြုံရေး ယူနီဖောင်းများကို ကြည့်ရင်း-
“ခင်ဗျားတို့ ဘယ်သွားရမှန်းမသိကြဘူးလား”
“ကျွန်တှောတို့က ကမ်းခြေလုံခြုံရေးကနေ သဘေဿငာပှေါပြောင်းလာတာ မကြာသေးဘူးဗျ”
အလုပ်သမားခေါင်းသည် ထွေထွေထူးထူးမေးမနေတော့ပဲ နတ်လမ်းညွှန်လုပ်လိုက်၏။
“ညာဖက်ကိုသွား ဒုတိယမြောက် ဓါတ်လှေကားနဲ့ လေးထပ်အထိတက်၊ ပြီးရင် လျှပ်စစ်ရထားရုံအမှတ် (၈) ကိုသွား၊ ကေအခန်းတွဲဆီရောက်မဲ့ ရထားကိုစီး၊ ရောက်ရင် ရုံးခန်းမှာ သွားချင်တဲ့အခန်းနံပါတ်ကိုမေး”
ကောင်းသည်။ ကောင်းလှသည်။ သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းသည့် လိုတိုရှင်းနတ်လမ်းညွှန် တည်း။ ကေ အခန်းတွဲရောက်မှ မီးစင်ကြည့်ကရမည်။
“ကဲ မောင်မင်းကြီးသား ငါတို့ အချိန်ဘယ်လောက်ရမယ်ထင်လဲ”
“ဆယ်မိနစ်အတွင်း ငါတို့ အူးရစ်ဝုဖ်ပှေါမှာပဲရှိနေတယ်ဆိုတာကို သူတို့သိလိမ့်မယ်။ သို့သှော ငါတို့ ဘယ်သူဆိုတာ ရယ်။ ဘာကိစဿစလာတယ်ဆိုတာရယ်တော့ သိဦးမယ်မထင်ဘူး”
အလုပ်သမားခေါင်း လမ်းညွှန်လိုက်သည့်အတိုင်း သူတို့လေးထပ်သို့တက်လာခဲ့ကြသည်။ လက်စသတ်တော့ လေးထပ်သည် သဘေဿငာတစ်စီးလုံး၏ နေရာအသီးသီးသို့ ပို့ဆောင်ရေး ရထားဘူတာဖြစ်နေသည်ကိုး။ ကေအခန်းတွဲ သို့ဟု လမ်းညွှန်ထားသော ပလက်ဖောင်းတွင် ငါးမိနစ်ခန့် စိတ်မရှည်စွာစောင့်နေကြပြီးနောက် တွဲငါးတွဲပါသည့် လျှပ်စစ်ရထားသည် အသံတစ်စက်မှ မထွက်ပဲ ဆိုက်ရောက်လာပြီးတံခါးများလျှောကနဲ ပွင့်သွား၏။ ပထမတွဲသို့ တက်လိုက်ကြသည်။ လူလေးဆယ်ခန့်ဆန့်သောတွဲထဲတွင် ယူနီဖောင်းအရောင်မျိုးစုံဖြင့် လူတစ်ဝက်ခန့်ထိုင်နေ သည်။ အယ်လ်သည် မွဲပြာရောင်ယူနီဖောင်းဝတ်ထားသော အမျိုးသမီးတစ်ဦးနားတွင် ထိုင်ချလိုက်သည်။ ပစ်သည် ထိုအမျိုးသမီးကို မသိမသာအကဲခတ်လိုက်သည်။ ငွေရောင် တောက်နေသော ဆံနွယ်များ၊ လေးထောင့်စပ်စပ်မေးရိုးနှင့် မိုးပြာရောင်မျက်လုံးများ။
ပစ် စိတ်များချက်ခြင်း ခဲဆွဲထားသလို လေးလံသွားသည်။ လက်စသတ်တော့ ဝုဖ်မျိုးဆက်မှ အမျိုးသမီးတစ်ဦးနှင့် နဖူးတွေ့ဒူးတွေ့ တွေ့နေပါပေါ့လား။
++++++++++++++++++++++++

Recent Comments