အတ္တလန်တစ်ရှာပုံတော် (၆၁)
01 May 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
အမျိုးသမီးက သူတို့ကို ပြုံးပြုံးကြီးကြည့်နေ၏။
“ရှင်တို့ကြည့်ရတာ အမေရိကန်တွေထင်တယ်” စပိန်သံဝဲသော အဂဿငလိပ်စကားဖြင့် စကားစပြော၏။
“ခင်ဗျားဘယ်လိုသိသလဲဗျ”
“အို-ကျွန်မတို့ လုံခြုံရေးတွေက အများစုက အမေရိကန် တပ်မတှောကပဲ”
“ဒါဆိုခင်ဗျားက ဝုဖ်မိသားစုကပေါ့နှော” ပစ်က အလုပ်ရှင်ကို အလွန်အင်မတန်အရိုအသေပေးသော လေသံဖြင့် ပြန်ပြောလိုက်သည်။ဝုဖ်မ ကပေါ့ပေါ့ပါးပါးရယ်လိုက်ရင်း-
“ကျွန်မတို့ မိသားစုက ခွဲခြားရလွယ်တယ်နှော”
“ဟုတ်ပခင်ဗျာ၊ အကုန်လုံး တစ်ရုပ်တည်းပဲ”
“ရှင့်နာမည် ဘယ်လိုခှေါလဲ”
ပစ်ခေါင်းထဲမှာ အနဿတရာယ်အချက်ပေးသံတွေ ဆူညံသွား၏။ စွန့်စားရမည်။ အခွင့်အရေးယူရမည်။ သေမြေကြီး ရှင်ရွှေထီးပေါ့။ အမျိုးသမီး၏ မျက်လုံးကို စေ့စေ့ကြည့်၍ ပြောချလိုက်သည်။
“ကျွန်တှော့ နာမည် ဒတ်ပစ်ပါ။ ဒါက ကျွန်တှော့ သူငယ်ချင်း အယ်လ်ကပုန်း”
“ကျွန်မက ရိုဆာ ဝုဖ်ပါ”
တှောသေး၏။ တှောပါသေး၏။ ရိုဆာသည် ဝုဖ်၏ အတွင်းစည်းဟုတ်ဟန်မတူ၊ ပစ်တို့ကို သူမသိ။
“ခုလိုသိကျွမ်းရတာ ကျွန်တှောတို့အနေနဲ့ ဂုဏ်ယူလို့မဆုံးပါဘူး မစဿစဝုဖ်၊ ကျွန်တှောတို့က လွန်ခဲ့တဲ့ နှစ်ပါတ်ကမှ အမေရိကန် မရင်းတပ်ကပြောင်းလာတာပါ။ ဒီ အူးရစ်ဝုဖ်သဘေဿငာကြီးကတော့ တကယ့် အံ့မခန်းပဲနှော။ ဒီလို ပါရမီ မြောက်လုပ်ငန်းကြီးကို ဆောင်ရွက်နိုင်ခဲ့တဲ့ ခင်ဗျားတို့ ဝုဖ်မိသားစုအတွက် ဂုဏ်ယူပါတယ်ခင်ဗျာ”
ရိုဆာဝုဖ်သည် ပစ်၏မြှောက်လုံးများကြားတွင် သိသိသာသာမြောက်သွား၏။ ပြီးတော့ ခရားရေလွှတ် ပြောတော့သည်။
“ဒါတွေက ကျွန်မတို့အကို ကားလ်ရဲ့အစီအစဉ်တွေချည်းပါပဲ၊ ကမဿဘာပှေါက အကောင်းဆုံး သဘေဿငာတည်ဆောက်ရေး ပညာရှင်တွေကို သူစုစည်းနိုင်ခဲ့တယ်လေ။ သဘေဿငာတစ်စီးကို ရေလုံခန်းကိုးရာလောက်ထည့်ထားတဲ့အတွက် ရေထဲမှာ ဘယ်လောက်အခြေအနေဆိုးဆိုး မမြုပ်နိုင်ဘူးလေ”
“အလိုလေး၊ ကြားရတာ အံ့ဩစရာတွေချည်းပါလားနှော။ အင်ဂျင်ပါဝါကရော ဘယ်လောက်ရှိသလဲ မဒမ်” အယ်လ်သည် ပစ်နှင့်အတူလိုက်၍ ဤဇာတ်လမ်းတွင် ခပ်တည်တည် သရုပ်ဆောင်ပါဝင်ကပြတော့သည်။
“မြင်းကောင်ရေ ကိုးသောင်းတစ်ထောင်စီရှိတယ်ရှင့်၊ တစ်နာရီ ၂၅ နော့ထ် နှုန်းနဲ့သွားနိုင်တယ်”
“လူငါးသောင်းလောက်ဆန့်တဲ့ သဘေဿငာတစ်စီး ဟာအဲသလောက်မြန်နိုင်သလားဗျာ၊ ကျွန်တှောတို့တော့ တစ်ခါမှ မကြားဖူးဘူး” ပစ်သည် ဆက်ပင့်နေ၏။
“လူငါးသောင်းမဟုတ်ဘူး မစဿစတာပစ္ရဲ့၊ ဒီသေဘဿငာဟာ တစ်သိန်းနှစ်သောင်းငါးထောင်ဆန့်တယ်။ အခြားသုံးစီးမှာတော့ လူငါးသောင်းစီတင်မယ်။ စုစုပေါင်း ကမဿဘာပှေါကရှိသမျှ အကောင်းဆုံး၊ အတှောဆုံး၊ အထူးချွန်ဆုံးလို့ ယူဆတဲ့ လူ နှစ်သိန်းနဲ့ ခုနှစ်သောင်းငါးထောင်ကို ကမဿဘာပျက်ဘေးက လွတ်အောင်ကျွန်မတို့ သဘေဿငာ တွေပှေါတင်ခှေါသွားမယ်”
ပစ်သည် ခေါင်းတညိမ့်ညိမ့်လုပ်ပြီး နားထောင်နေသှောလည်း မျက်လုံးများက ရထားအပြင်ဖက်ရှိ မြင်ကွင်းများကို မလွတ်တမ်းကြည့်နေ၏။
ဧက နှစ်ဆယ်ခန့်ကျယ်ဝန်းသော ပန်းခြံကြီးကို ရထားပှေါမှမြင်လိုက်ရသောအခါ မျက်လုံးမျက်ဆန်ပြူးသွား၏။ သစ်ပင်များကြားဝယ် အပြေးလေ့ကျင့်ရန်နှင့် လမ်းလျှောက်ရန်လမ်းကလေးများ နှင့် ငန်းတို့ပျှောရာ ရေကန်သာ ကလေးများပင် အစုံအလင်ထည့်သွင်းထား၏။ ဝုဖ်တွေကို သူအနည်းငယ်ဖျားသွား၏။
ပြင်ပ ပါတ်ဝန်းကျင်ကို ပစ်စိတ်ဝင်စားနေမှန်း ရိုဆာကရိပ်မိသည်။ ထို့ကြောင့်-
“ပန်းခြံက ဒီတစ်ခုတည်းမဟုတ်ဘူး၊ စုစုပေါင်း ဧကငါးရာရှိတယ်။ ရှင်တို့ အားကစားရုံတို့၊ အလှပြင်ခန်းမတို့ ရေကူးကန်တို့ကို မရောက်သေးဘူးထင်တယ်”
“ကျွန်တှောတို့က လျှောက်ကြည့်ဖို့အချိန်မရှိပါဘူးခင်ဗျာ၊ ဒီလိုပဲ ခရီးသွားဟန်လွှဲ ငေးရုံနဲ့တင် ကျေနပ်လှပါပြီ”
“ရှင့်မှာ အိမ်ထောင်ရှိလား”
ဒတ်ပစ်သည် ခဏစဉ်းစားလိုက်ပြီး-
“ဟုတ်ကဲ့ရှိပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်လည်းရှိတယ်”
“ဒါဆိုရှင့်ကလေးတွေအတွက် ဘာမှစိတ်မပူနေနဲ့၊ ကျွန်မတို့မှာ မူကြိုကနေ ဘွဲ့လွန်အထိ အကောင်းဆုံး ပညာရေး စနစ်ရှိတယ်”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
“ကမဿဘာပှေါမှာရှိသမျှ ဖျှောဖြေရေးလုပ်ငန်းမှန်သမျှ ဒီသဘေဿငာတွေပှေါမှာရှိတယ်။ ကျွန်မတို့ အားလုံးအတွက် ထောင့်စေ့အောင် စဉ်းစားထားပြီးသားပါ”
အားလုံးအတွက်ဆိုပဲ။ ဘာအားလုံးအတွက်လဲ။ မင်းတို့ သား၊ တူ၊ ညီများနဲ့ သစဿစာတှောခံတွေ အားလုံးအတွက်လား။ ပစ်စိတ်ထဲက ထိုသို့တွေးနေသှောလည်း မျက်နှာကမူ ခွေးတက်လျှက်ချင်လောက်အောင် ပြုံးချိုနေ၏။
“ဒါနဲ့ မဒမ်၊ စပ်စုတယ်ထင်ရင်လည်း ခွင့်လွတ်ပါ။ ကျွန်တှောတို့ မြေပှေါမှာဘယ်နှစ်ရက်လောက်ထပ်နေရဦးမလဲ၊ ဒီသဘေဿငာတွေရော ရေဘယ်တော့ချမှာလဲခင်ဗျ”
“ရပါတယ်ရှင်၊ ငါးရက် ကနေ ဆယ်ရက်အတွင်း လုပ်ငန်းအားလုံးအပြီးသပ်မယ်လေ။ ပြီးရင်တော့ စွန့်စားခန်း ကြီးစကြတာပေါ့၊ ရှင်တို့လည်းပါကြရမှာပဲလေ၊ ပျှောပျှောပါးပါးပေါ့ မစဿစတာပစ်ရယ်”
“ကေ အခန်းတွဲရောက်ပြီ” ရိုဆာနှင့် ပစ်တို့၏ စကားဝိုင်းသည် အယ်လ့်အသံကြောင့် ရပ်သွား၏။ ပစ်က လှိုက်လှိုက်လှဲလှဲပြုံးပြရင်း-
“ခုလိုတွေ့ဆုံခွင့်ရတာ ကျွန်တှော့အနေနဲ့ အင်မတန် ကျေနပ်မိပါတယ် မစဿစဝုဖ်ခင်ဗျား၊ ခင်ဗျားလည်း ကျွန်တှော့ကို သတိရနေလိမ့်မယ်လို့ထင်ပါတယ်။ တကယ်လို့ မေ့သွားခဲ့ရင်လည်း ခင်ဗျားအကို ကားလ်ဆီမှာ ကျွန်တှော့ အကြောင်းတွေ ထပ်မေးပေါ့ဗျာ”
ရိုဆာသည် ပစ်ဘာပြောလိုက်မှန်းသဘောမပေါက်သဖြင့် သူ့မျက်နှာကို အတန်ကြာအောင် တွေတွေလေး စိုက်ကြည့်နေသည်။ ပြီးမှ ခေါင်းညိတ်၍-
“ဟုတ်ကဲ့ပါ။ ကျွန်မတို့ ပြန်ဆုံကြဦးမယ်နှော” ဟု နှုတ်ဆက်ရှာသည်။
ရထားသည် အရှိန်တဖြည်းဖြည်းနှေးလာပြီး နောက်ဆုံးရပ်သွား၏။ ဒတ်ပစ်နှင့် အယ်လ်ဂျီယိုဒီနိုတို့ နှစ်ယောက် ရထား ပှေါမှဆင်းကြ၏။
“ကဲ၊ ခုဘယ်သွားမလဲ လူကလေး” အယ်လ်၏ ကချှောကချွတ်အမေးကို ပစ်က-
“လမ်းညွှန်ဆိုင်းဘုတ်တွေကြည့်ပြီး ကေ-အခန်းတွဲကိုရောက်အောင် သွားမှာပေါလကွာ” ဟု ကပြက်ကချှော ဖြေ လေ၏။
စကြဿငန်ရှည်ကြီးကို သူတို့ဖြတ်ခဲ့ကြ၏။ တံခါးဖွင့်ထားသော အခန်းပေါင်းများစွာကို လမ်းတစ်လျှောက် တွေ့ကြရသည်။ အခန်းများကား ဇိမ်ခံ ကွန်ဒိုမီနီယံ အခန်းများဖြစ်ကြသည်။ သို့ကလိုကြောင့်လည်း ကေ-အခန်းတွဲဟု ညွှန်းဆိုခြင်း ဖြစ်မည်။ တကယ့် လူနေအခန်းတွဲများဖြစ်၏။
တစ်ခန်းနှင့် တစ်ခန်းကြား စကြဿငန်နံရံများတွင် ပန်းချီကားများချိတ်ဆွဲထား၏။ အယ်လ်သည် မနေနိုင်မထိုင်နိုင် ပန်းချီကားတစ်ချပ်ကို သွားကြည့်မိ၏။ ပန်းခဿျီကားအောက်မှ ပန်းချီဆရာနာမည်ကို ကြည့်လိုက်သောအခါ ဗန်ဂိုး ဟုရေးထိုးထားသဖြင့် သူ့မျက်လုံးပြဲကြီးများ ပြူးထွက်လာ၏။
“ဒီကောင်တွေ ပန်းချီကားအတုတွေဝယ်ယူစုဆောင်းပုံရသကွ”
“အတုမဟုတ်ဖူး၊ ငါ့ကောင်၊ အဲဒါအစစ်ကွ၊ ဟိုဖက်က ကားလဲကြည့်လိုက်ဦး၊ ငါ့အထင်ပြောရရင် စစ်အပြီး ဂျာမန်တွေ အစဖျောက်သွားတဲ့ ရတနာသိုက်ထဲက ပစဿစည်းတွေပဲ”
“ဪဪ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ထားကြတယ်ပေါ့လေ”
“ပြည်သူပိုင်ပစဿစည်း တို့ပစဿစည်းပေါ့ကွာ”
စကားတပြောပြောဖြင့် စကြဿငန်ရှည်ကြီးကို နှစ်ဖါလုံခန့်လျှောက်ပြီးသောအခါ ကေ-အခန်းတွဲ၊ လုံခြုံရေးရုံးခန်းဟူသော ဆိုင်းဘုတ်ကြီးကိုတွေ့ရလေတော့သည်။ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏။ ကဲ- လာမဲ့ဘေး၊ ပြေးတွေ့ရုံရှိတော့သပေါ့။

Recent Comments