အတ္တလန်တစ်ရှာပုံတော် (၆၂)
03 May 2010 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
လုံခြုံရေးရုံးခန်းသည် ကြယ်ငါးပွင့်အဆင့်ဟိုတယ်၏ ဧည့်ကြိုခန်းမတစ်ခုထက်ပင် ခမ်းနားသေး၏။ အလွန် လှပသေ သပ်သည့် ကောင်တာတစ်ခု၏နောက်တွင် မြစိမ်းရောင် ဝမ်းဆက်ဝတ်စုံဝတ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ ထိုင်နေကြ၏။
“မင်းဝုဖ်တွေက အရောင်ရူးတွေထင်တယ်၊ လိမေဿမှာ၊ အနက်၊ အနီ၊ အပြာ၊ ခရမ်း၊ အစိမ်း ယူနီဖောင်း ရောင်စုံနဲ့ ပါလားကွ” အယ်လ်က လေသံလေးဖြင့် ပြောလိုက်၏။
“သူတို့ကို အမေရိကန် ရှေးဟောင်းလက်ရေးပညာရှင်ဘယ်မှာနေလဲလို့ မေးကြည့်လိုက်” ပစ်က အယ်လ့်ကို ပြောလိုက်သည်။
“နင့်မေကလွှား၊ ရှေးဟောင်းလက်ရေးပညာရှင်ဆိုတာကို ငါက စပိန်လို ဘယ်လိုပြောရမတုန်း”
“မင်းဘာသာမင်း ပြောချင်သလိုပြော”
အယ်လ်သည် အမျိုးသမီးကို ဦးတည်ပြီး-
“ကျုပ်တို့ ဒေါက်တာ အို-ကွန်းနဲလ်နဲ့ သူ့သမီးကို တခြားရွှေ့ဖို့ အမိန့်အရလာတာ” ဟုခပ်တည်တည်ပြောချလိုက်သည်။
အမျိုးသမီးက အယ်လ့်ကို စေ့စေ့ကြည့်ရင်း-
“ကျွန်မတို့ကို ဘာမှ အကြောင်းကြားထားတာမရှိဘူး” ဟုပြောလိုက်သည်။ ဟုတ်သားပဲ။ ဒီလောက်တော့ ဘယ်လွယ် လိမ့်မလဲ။
“အေးလေ၊ ကျုပ်တို့ကိုတောင် လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ ပြောတာကိုး”
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ တာဝန်ရှိတဲ့အတိုင်း စစ်ဆေးရလိမ့်မယ်”
“ကောင်းတယ်၊ စစ်ဆေးပါ၊ အမိန့်ပေးတဲ့ အကြီးအကဲလည်း နောက်ကလိုက်လာနေပါပြီ။ ခင်ဗျားသူ့ကို စောင့်လိုက်ပါလား”
အမျိုးသမီးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“အခု သူတို့ဘယ်အခန်းမှာရှိသလဲ ပြောပြပါ။ ကျွန်တှောတို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်”
“ရှင်တို့ မသိဘူးလား”
“ဪ၊ က်ြန္ေတာှတို့ ကိစဿစမွမဟုတ္တာ၊ ဘယ္သိနိုင္မလဲဗ်”
အမျိုးသမီးက အယ်လ့်၏အဖြေကို သဘောကျဟန်ဖြင့် ပြုံးရင်း-
“ကေ- ၃၇ ပါ။ သော့တော့ မပေးနိုင်သေးဘူး၊ စစ်ဆေးပြီးမှ ပေးမယ်” ဟုဆို၏။
“ရပါတယ်၊ ကျွန်တှောတို့က အပေါက်ဝမှာ သွားစောင့်နေယုံပါပဲ။ ကြီးကြပ်သူလာမှ သူ့ကို သော့ပေးလိုက်ပေါ့” ဟုပြောရင်း လှည့်ထွက်လာခဲ့သည်။
+++++++++++++++
“ကေ- ၃၇ ကွ”
အယ်လ်သည် ခပ်သွက်သွက် နောက်ကြောင်းပြန်လျှောက်ရင်းက ပစ်ကို ပြောလိုက်၏။
“ဓါတ်လှေကားဖက် ဖြစ်မယ်၊ မြန်မြန်လာ”
ကေ- ၃၇ ရှေ့ရောက်သောအခါ သူတို့ထင်ထားသည့်အတိုင်း အစောင့်တစ်ယောက်ရှိနေ၏။ အယ်လ်က ထိုအစောင့် ကို ပြုံးပြရင်း-
“မင်းကံကောင်းတယ်၊ ငါတို့ရောက်ပြီ” ဟု ဖြီးထည့်လိုက်၏။
အစောင့်က မျက်မှောင်ကြုတ်ရင်း-
“ကျုပ်အလှည့်ပြီးဖို့ နှစ်နာရီတောင် ကျန်သေးတယ်ဗျ” ဟုဆို၏။
“ဪ-အေး၊ ဒါဆိုလည်းပြီးတာပဲ၊ စားသောက်ခန်းသွားလိုက်ဦးမယ်” အယ်လ်သည် ချက်ခြင်းတုံ့ပြန်လိုက်၏။ သူ့တုံ့ ပြန်မှုက အလွန်ထိရောက်လှသည်။ အစောင့်သည် ပြာပြာသလဲဖြင့်-
“ဟင့်အင်း၊ ဟင့်အင်း၊ ခင်ဗျားတို့ အလှည့်ဆိုလည်းစောင့်ပါ၊ ကျုပ်သွားပြီ” ဟုဆိုပြီး ကမန်းကတန်းထွက်သွားတော့ ၏။ နှစ်နာရီခန့် အနားရလည်း နည်းသလားပေါ့။
“ငါ့ကောင်ကြီး တှောလိုက်တာကွာ” ပစ်က လှိုက်လှိုက်လှဲလှဲ ချီးကြူးလိုက်၏။
“ဟီး-ဟီး ငါက မာဒဂဿငေမွာှေအာင္သကြ” အယ်လ်သည် အရူးဘုံမြောက် ဆိုင်မှန်း၊ မဆိုင်မှန်းမသိ၊ သူပြောချင်ရာ ဇွတ်ပြောနေ၏။ မာဒဂဿငမှောပဲအောင်အောင်၊ ရေမှောပဲအောင်အောင်၊ ဒိုက်ဖတ်ပဲအောင်အောင် လိုချင်တာရဖို့ အဓိက။
သူတို့မြင်ကွင်းမှ အစောင့်ပျောက်ကွယ်သွားသောအခါ ပစ်သည်ပိတ်ထားသောတံခါးကို ခြေထောက်ဖြင့် အစွမ်းကုန် ဆောင့်ကန်လိုက်၏။ တံခါးကျိုးပျက်ပြီး ပွင့်သွား၏။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကလေးမလေးတစ်ယောက်သည် မီးဖိုထဲမှ နို့ဖန်ခွက်တစ်ခွက် ကိုင်၍ ထွက်လာ၏။ ရုတ်တရက် ပစ်တို့နှစ်ယောက်ကိုမြင်လိုက်သဖြင့် ကလေးမလေးသည် ထိတ်လန့်ပြီး ကိုင်ထားသော နို့ခွက် ကှောဇော ပှေါလွတ်ကျသွား၏။ ပက်ထရစ်ရှာသည် အလန့်တကြားဖြင့်အိပ်ခန်းထဲမှ ပြေးထွက်လာသည်။ တံခါးဝတွင် ဒတ်ပစ်နှင့် အယ်လ်ဂျီယိုဒီနိုကို မြင်လိုက်ရသောအခါ ပက်ထရစ်ရှာသည် ကျောက်ရုပ်သဖွယ် တောင့် တောင့်ကြီးဖြစ်သွား၏။ ပါးစပ်အဟောင်းသားဖြင့် အာစေးထည့်ထားသလိုဆွံ့အနေ၏။
ပစ်သည် ပက်ထရစ်ရှာ၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်စဉ် အယ်လ်က ကလေးမလေးကို ပွေ့ချီရင်း-
“ကိုင်း- အကိုတို့၊ အမတို့၊ အလွမ်းသယ်ဖို့အချိန်မရှိဘူးခင်ဗျ၊ လေယာဉ်အမှီပြေးကြရမယ်” ဟု အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်လိုက်၏။
“ဘယ်လိုက ဘယ်လို ရှင်တို့ ကိုလူချောကြီးနှစ်ယောက်ရောက်လာကြတာလဲဟင်” နောက်ဆုံးတော့ ပက် ပါးစပ်မှ အသံထွက်လာ၏။
“ကိုလူချောကြီးတို့က မချောတို့ သားအမိကို လာကယ်တာလေ” ပစ်က ပြောပြောဆိုဆို ပက်ကို ဆွဲ၍ အခန်းတွင်းမှ ထွက်မည်ပြု၏။
“ခဏလေး” ပက်သည် ချာကနဲလှည့်၍ အိပ်ခန်းထဲဝင်သွား၏။ စကဿကန့်ပိုင်းအတွင်း လက်ဆွဲအိတ်သေးသေးလေး တစ်လုံးပိုက်၍ ပြန်ထွက်လာ၏။
ဤအချိန်တွင် ဘာကိုမှ လျှို့ဝှက်နေစရာမလိုတော့။ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးဖို့သာ ကျန်တော့သည်။ စကြဿငန်တစ်လျှောက် အစွမ်းကုန်ပြေးကြ၏။ အလုပ်လုပ်နေသော အလုပ်သမားများက သူတို့ကို အံ့ဩတကြီး ဝိုင်းကြည့်နေကြသှောလည်း မည်သူမှ မတားကြ။
ဤအဆောက်အဦးမှ ထွက်လိုက်သည်နှင့် သူတို့လူစုကို ကြက်ကလေး၊ ဌက်ကလေးများသဖွယ်ဖမ်းဆီးကြမည့် ဝုဖ် လက်မရွံ့များအသင့်စောင့်နေမည်မှာ မြေကြီးလက်ခတ်မလွဲ။ သူတို့ကို လှည့်စားကျှောလွှားနိုင်ပြီထားဦး။ မြင်းမိုရ် တောင်လောက်မြင့်သော သဘေဿငာအောက်ကိုဆင်း၊ သဘေဿငာကျင်းအဆုံးထိသွား၍ နှစ်မိုင်ခွဲမျှရှိသော ရေလမ်းခရီး ကို ဤအားနွဲ့သူ မိန်းမသားနှစ်ယောက်နှင့် မည်သို့ဖြတ်ကျှောရပါ့။ သူတို့၏ ယာဉ်ကလေးဆီသို့မရောက်မှီ ဟိုက်ပိုသား မီးယားဖြင့် ပက်တို့သားအမိနှစ်ယောက် ကိစဿစချောဖို့လမ်းများသည်။
အနီးဆုံးဓါတ်လှေကားဆီသို့ သူတို့အရောက် စူးရှလှသည့် အနဿတရာယ်အချက်ပေးခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပှေါလာတော့သည်။

May 12, 2010 @ 02:25:23
မှတ်ပြီလား။ တစ်ညထဲ အပြီးဖတ်ပြစ်လိုက်တယ်။ ဆက်တင်ပာဦးခင်ဗျ။ ပြီးလုနီးပြီတော့ ထင်ပာတယ်။