အတ္တလန်တစ်ရှာပုံတော် (၆၃)

ဓါတ်လှေကားသည် သူတို့အထပ်တွင် တံခါးများပွင့်လျှက်ရှိ၏။ ကြက်သွေးရောင် ယူနီဖောင်းဝတ် သုံးဦးသည် ရုံးသုံးပရိဘောဂ များကို အပြင်သို့ ‘မ’ ရွေ့နေကြ၏။ သူတို့အုပ်စုသည် ထိုအလုပ်သမားများကို အတင်းအဓမဿမ တိုးဝှေ့၍ အတွင်းသို့ဝင်ကြ၏။ ၁၅ စကဿကန့်အတွင်း ဓါတ်လှေကားသည် အောက်ဆုံးထပ်သို့ ဆင်းလာခဲ့၏။ခဏတာ အမောဖြေအသက်ရှုခွင့်ရသည့်အချိန်လေးအတွင်း ပစ်သည် မျက်လုံးပြာပြာနှင့် ချစ်စရာကောင်းလှသည့် ပက်ထရစ်ရှာ၏သမီးလေးကို ပြုံးပြရင်း-

“သမီးက နာမည်ဘယ်လိုခှေါသလဲကွဲ့”

“မီဂန်ပါရှင့်” ကလေးမလေးက ကြောက်စိတ် လန့်စိတ်ကြောင့် ပြူးကျယ်နေသည့် မျက်ဝန်းလေး ကလယ်ကလယ် ဖြင့် ပြန်ဖြေရှာသည်။

“အသက်ပြင်းပြင်းလေးရှုပြီး စိတ်ကိုလျှော့ထား သမီး၊ ဦးဦးနာမည်က ဒတ်၊ ဟိုဖက်က ဦးဦးဂျပုက အယ်လ်၊ ဦးတို့က သမီးတို့ သားအမိ ကိုအိမ်ပြန်ဖို့လာခှေါကြတာ။ အိမ်ပြန်ရောက်အောင်ပို့ပေးမယ်၊ စိတ်ချ”

ပစ်၏ တစ်လုံးချင်းပြောလိုက်သော စကားသံများသည် မီဂန်၏ နားထဲသို့ စိမ့်ဝင်သွားသည်။ အကြောက်ကြီးကြောက် နေသော ကလေးသည် ထိုစကားသံများကြောင့် အနည်းငယ်သက်သာသွားသလိုခံစားလိုက်ရ၏။ မျက်နှာလေးကြည် လင်လာသည်။

ကုန်တင်ကုန်ချလုပ်သည့် မြေညီထပ်တွင် ဓါတ်လှေကားပွင့်သွားပြီ။ ဘယ်သွားရမည်မှန်းမသိကြ။

“ငါတို့လမ်းပျောက်နေပြီထင်တယ်” ပစ်သည် အခြေအနေကိုကြည့်၍ အယ်လ်ကြားလောက်ရုံ ခပ်တိုးတိုးပြော၏။

“အေးကွ၊ လမ်းညွှန်မြေပုံလေးမယူခဲ့မိတာ မှားတာပဲ”

မလှမ်းမကမ်းတွင် ဘက်ထရီကားတစ်စီး ရပ်ထား၏။ ပစ်သည် ဘာမှစဉ်းစားချိန်မရ။ ကားပှေါသို့အားလုံးတက်ခိုင်းပြီး အမြန်ဆုံးမောင်းထွက်လာခဲ့သည်။

“လွတ်တော့မယ်ဟေ့” ဟုလည်းပါးစပ်က ပြောလိုက်သေးသည်။ တကယ်တမ်းတော့ လွတ်မြောက်ဖို့အခွင့်အလမ်း အလွန်အင်မတန်နည်းပါးလှမှန်း သူသိပါသည်။ လမ်းကြောင်းရှာကွန်ပြူတာကိုလည်း ကြည့်ရန်အချိန်မရ။ ကံဆိုး ကံကောင်း လျှောက်မောင်းကြည့်ရုံသာရှိတော့သည်။ ရထားသံလမ်းများကို ဖြတ်ကျှောပြီး လူသွား လမ်းကြီးတစ်ခုပှေါသို့ကားကို ကွေ့ချလိုက်၏။ ထိုလမ်း၏ အဆုံးတွင်တော့ ပစဿစည်းအတင်အချ လုပ်သည့်         လျှောစောက် စက်ခါးပါတ်ရွေ့လျားလမ်း။

ထို စက်ခါးပါတ်ရွေ့လျားလမ်း၏ အဆုံးတွင် ထရပ်ကားများပှေါမှ အစုလိုက်အပြုံလိုက်ဆင်းလာကြသော လက်နက် ကိုင် လုံခြုံရေးများ၊ သကြားခဲပှေါ အုံနေသော ပုရွက်ဆိတ်အနက်များကဲ့သို့ မည်းမည်းလှုပ်နေ၏။ အနည်းဆုံး လေးရာခန့်ရှိလိမ့်မည်။

“ကိုင်ထားကြဟေ့၊ ကားပြန်ကွေ့မယ်”

ပစ်သည် ဘရိတ်ဆောင့်နင်း၍ ကားကို ဂငယ်ကွေ့ကွေ့ပြီး လာရာလမ်းအတိုင်းပြန်မောင်းလာခဲ့သည်။ ပက်ထရစ်ရှာ သည် သူ့သမီးလေးကို တင်းကျပ်စွာပွေ့ဖက်ထားရင်း လွတ်မှာမဟုတ်ဘူး ဆိုသည့်စကားကို ဆီမန်းမန်းသလို တတွတ် တွတ်ရွတ်နေသည်။ အယ်လ်ကတော့ လုံခြုံရေးအုပ်စုလိုက်ကြီးကိုနောက်ပြန်လှည့်ကြည့်ရင်း ပုခုံးတွန့်ပြသည်။

ပစ်သည် ဓါတ်လှေကားထဲသို့ ကားကိုပါမောင်းသွင်းလိုက်ပြီး သူတို့လာရာ ခြောက်ထပ်ဆီသို့ တက်သည့်ခလုတ်ကို နှိပ်ချလိုက်သည်။ ကို့တ် ၄၅ ကိုအသင့်ဆွဲထုတ်ထားသည်။ အယ်လ်ကလည်း သူ၏ ပီ-၁ဝ ကိုအသင့်အနေအထား ကိုင်ဆောင်ထား၏။

ဓါတ်လှေကားတံခါးပွင့်သွားသောအခါ သူတို့တွေ့ခဲ့သည့် ကြက်သွေးရောင်ယူနီဖောင်းဝတ် အလုပ်သမားသုံးဦးသည် ပစဿစည်းရွေ့နေဆဲ။ အဝါရောင်ဝတ်စုံဝတ် အလုပ်ကြပ်ဟုထင်ရသူတစ်ဦးက သူတို့ကို အှောဟစ်ညွှန်ကြားနေသည်။ ပစ်နှင့်အယ်လ်သည် ထိုလူလေးယောက်ကို သေနတ်များဖြင့်ထိုးချိန်လိုက်ကြ၏။

“ဓါတ်လှေကားထဲဝင်ကြစမ်း” ပစ်က အမိန့်ပေးလိုက်သည်။

သကောင့်သားများက တုပ်တုပ်မျှမလှုပ်၊ အယ်လ်က စပိန်လိုပြောသည့်အခါမှသာ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ပစ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။

+++++++++++++++++++++

ခြောက်မိနစ်ကြာသောအခါ အလုပ်သမားလေးဦးလုံးသည် အတွင်းခံဘောင်းဘီကလေးများနှင့် ကြိုးတုပ်၊ ပါးစပ် ပလာစတာပိတ်ခံရပြီး ဓါတ်လှေကားကြမ်းပြင်တွင် တုံးလုံးပက်လက် သတိမေ့နေကြသည်။ ကြက်သွေးရောင် အလုပ်သမားဝတ်စုံဝတ်ထားသော ပစ်သည်ဓါတ်လှေကားကို ထုံးစံအတိုင်းဖျက်ဆီး၍ အပှေါမရောက် အောက်မ ရောက်လုပ်ပစ်ခဲ့၏။ ပက်ထရစ်ရှာတို့ သားအမိကလည်း ကြက်သွေးရောင်ဝတ်စုံကိုယ်စီနှင့်။ အယ်လ်ဂျီယိုဒီနို၊ ဒီအကောင်ကတော့ အဝါရောင်အလုပ်သမားခေါင်းဝတ်စုံတဖားဖားနှင့် စတိုင်ထွားနေလေ၏။ ကားပှေါသို့လည်း တွေ့ကရာ ပစဿစည်းမျိုးစုံသယ်နိုင်သမျှသယ်ခဲ့ကြသည်။ ဖြီးရဖြန်းရဦးမည်လေ။

ကားကို ပစ်ကမောင်းလာသည်။ လုံခြုံရေးများသည် ရထားသံလမ်းနားအထိရောက်နေကြပြီ။ တစ်ယောက်က သူတို့ ကားကို လက်ပြ၍တား၏။ ပစ်သည် ကားကို အသာရပ်လိုက်ပြီး ဘာကိစဿစလဲဟူသည့်မျက်နှာပေးဖြင့် ထိုလုံခြုံရေး အစောင့်ကိုကြည့်လိုက်သည်။ ထိုအစောင့်သည် ကြက်သွေးရောင်ဝတ်စုံဝတ် ပစ်ကို စိတ်မဝင်စား။ ပစ်ဘေးမှ အဝါရောင်ဝတ်စုံဝတ် အယ်လ်ကိုသာ အရေးတယူပြု၏။ အဝါရောင်သည် ရာထူးအဆင့်အတန်းမြင့်သည့် သဘောရှိ ၏။

“ဘာတွေဖြစ်နေတာလဲ” အယ်လ်က စပိန်လို ခပ်အေးအေးမေးလိုက်သည်။ ပြောဖန်များသောကြောင့် သူ၏ စပိန်     စကားပြောသည် နေ့ချင်းညချင်း အကြီးအကျယ်တိုးတက်လာ၏။

“လုံခြုံရေးယူနီဖောင်းဝတ်ထားတဲ့ လူစိမ်းနှစ်ယောက် သဘေဿငာပှေါကျူးကျှောလာတယ်ကြားလို့ပါ ဆရာ”

“သဘေဿငာပှေါမရောက်ခင် ခင်ဗျားတို့မတားကြဘူးလား”

“ကျွန်တှောလည်းသေချာမသိဘူးဗျ၊ အစောင့်လေးယောက်ကို သတ်သွားတယ်ကြားတယ်”

ကားနောက်ခန်းမှ ပက်ထရစ်ရှာတို့သားအမိသည် ရင်တထိတ်ထိတ်ဖြစ်နေ၏။ သို့သှောအစောင့်သည် သူတို့ကို ရှိသည်ဟုပင်မအောက်မေ့ပဲ အယ်လ်နှင့် စကားကောင်းနေ၏။

“ဘုရားရေ၊ လေးယောက်တောင်သတ်သွားတယ်၊ ဟုတ်လား၊ ကျွတ်၊ ကျွတ်၊ အေးဗျာ၊ မြန်မြန်ဖမ်းမိပါစေ”

“အခုသဘေဿငာပှေါမှာရှိတဲ့လူမှန်သမျှ စစ်ဆေးရမယ်လို့အမိန့်ထုတ်ထားတယ်၊ ဆရာတို့ကိုလည်း စစ်ရလိမ့်မယ်”

အယ်လ်သည် နှုတ်ခမ်းများကို အပေါစား ရုပ်ရှင်လူကြမ်းများပုံစံ မဲ့ရွဲ့ပြလိုက်ပြီး-

“ကျုပ်ကိုကြည့်စမ်း၊ လူသတ်သမားနဲ့တူသလားလို့”

အစောင့်သည် တခွီးခွီးရယ်ရင်း သူတို့ကို သွားခွင့်ပြုလိုက်သည်။

ပစ်သည် ကားကို အသာအယာ မောင်းထွက်လာခဲ့သည်။ အတှောဝေးဝေးရောက်တော့ ဂလိုဘယ်စတားဖုန်းကို ထုတ်ပြီး ဆန်ဒက်ကာထံဆက်၏။

“ပြောပါ” ဆန်ဒက်ကာ၏ အသံထွက်ပှေါလာသည်။

“နာမည်ကျှောကြား လူကြိုက်များတဲ့ ပီဇာဆိုင်ကပါ ခင်ဗျ။ လူကြီးမင်းတို့ အှောဒါမှာထားတဲ့ ဆလာမီနဲ့ ပီဇာလာပို့မဲ့ ကလေးကို လွှတ်လိုက်ပါပြီ”

“အိမ်ကို ဘယ်အချိန်လောက်ရောက်မှာလဲ”

“ကျွန်တှောတို့ ပီဇာတွေအေးမသွားခင်အရောက်ပို့ဖို့တော့ အစွမ်းကုန်ကြိုးစားနေတာပဲခင်ဗျ”

“အေး၊ မြန်မြန်လေးပို့ကွာ၊ ဗိုက်ဆာလှပြီ”

“လမ်းတွေ အရမ်းပိတ်နေတယ်ခင်ဗျ၊ မရောက်ရောက်အောင်တော့ပို့ပေးပါ့မယ်” ပြောပြောဆိုဆို ပစ် ဖုန်းချသွား၏။

+++++++++++++++

ဗိုလ်ချုပ်ကြီးဆန်ဒက်ကာသည် ဖုန်းကိုချလိုက်ပြီး ဗိုလ်ချုပ်ဟိုဇဖဲ ဖက်သို့လှည့်၍-

“ဗိုလ်ချုပ်လည်း အဓိပဿပါယ်မရှိတဲ့စကားတွေနားထောင်နေရတာ နားငြီးနေလောက်ပြီ” ဟုပြောလိုက်သည်။

ဟိုဇဖဲက ခေါင်းခါပြရင်း-

“ဘယ်ဟုတ်မလဲဗျ၊ စကားဝှက်ဆိုတာ စစ်ပွဲရဲ့အသက်ပဲ၊ ကျွန်တှောနားလည်ပါတယ်” ဟုပြန်ပြောလိုက်၏။

“သူတို့အခြေအနေဘယ်လိုရှိသလဲ” ရွန်လစ်တယ်လ်၏အမေးကို ဆန်ဒက်ကာက ခေါင်းခါပြရင်း-

“မကောင်းဘူး၊ ဒေါက်တာ အိုကွန်းနဲလ်နဲ့ သူ့သမီးကို ရခဲ့ပြီးပြီ။ ဒါပေမဲ့ ဝုဖ်ရဲ့ လုံခြုံရေးအစောင့်တပ် အင်အားအရမ်း ကောင်းသတဲ့၊ လမ်းပိတ်နေတယ်ဆိုတာက အဲဒါကိုပြောတာ”

ရွန်လစ်တယ်လ်သည် ဆန်ဒက်ကာကို စေ့စေ့ကြည့်လိုက်ပြီး-

“ဒါဆိုသူတို့ လွတ်မြောက်ဖို့အခွင့်အရေး ဘယ်လောက်ရှိသလဲ” ဟုမေးလိုက်သည်။

ဆန်ဒက်ကာ၏ မျက်နှာသည် အချိန်ပိုင်းလေးအတွင်း ဆယ်နှစ်အိုစာသွားသလိုထင်ရ၏။ သူက မျက်စိမှိတ်ပြီး-

“လွတ်မြောက်ဖို့အခွင့်အလမ်း ဘယ်လောက်ရှိသလဲဆိုတော့ မရှိသလောက်ပဲ” ဟုပြောလိုက်လေတော့သည်။

×××××××××××××××××××××××

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2010
M T W T F S S
« Apr   Jun »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.