အတ္တလန်တစ်ရှာပုံတော် (၆၄)
14 May 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ရထားသည် ဘူတာမှ ဖြည်းညှင်းစွာထွက်ခွါလာ၏။ တဖြည်းဖြည်းအရှိန်ရလာ၏။ ရထားပှေါတွင်ထိုင်နေရင်း ပစ်သည် စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ တစ်နာရီ မိုင် (၃ဝ) နှုန်း ခုတ်မောင်းနေသော ရထားကို ပို၍မြန်လာအောင် ဆင်းတွန်း ပေးလိုက်ချင်စိတ်များ ပှေါပေါက်နေသည်။ အကဿခရာအစီအစဉ်အတိုင်း တည်ရှိသော ဘူတာတစ်ခုသို့ ရောက်လေတိုင်း ဘယ်အချိန် လုံခြုံရေးများနှင့် တိုးမလဲဟု အသည်းတယားယား ဖြစ်နေရသည်။ ဒဗလျှူဘူတာ အထိ အနှောက်အယှက် ကင်းနေသည့်အတွက် ပှေါပေါက်လာသော သူတို့လေးဦးစလုံး၏ မျက်နှာပှေါမှ အပြုံးပန်းတို့မှာ အိပ်က်စ်ဘူတာအရောက် ပျောက်ဆုံးရတော့သည်။အိပ်က်စ်ဘူတာတွင် လုံခြုံရေးခြောက်ယောက်သည် အတွဲငါးတွဲပါသော ပစ်တို့ရထား၏ နောက်ဆုံးတွဲမှတက်လိုက် လာပြီး လူတစ်ယောက်ချင်းစီ၏ ဝန်ထမ်းကဒ်များကို စစ်ဆေးတော့သည်။ အသေအချာကြည့်လိုက်တော့ ဝန်ထမ်း ကဒ်သည် လက်ကောက်သဖွယ်ဝတ်ဆင်ထားရခြင်းဖြစ်ကြောင်း ပစ်တွေ့လိုက်ရချိန်မတော့ အရာအားလုံးသည် နောက်ကျသွားခဲ့ချေပြီ။ ဤအခြေအနေတွင် ပစ်တို့လေးယောက်သည် ကြောင်လက်သည်းများကြားတို့ရောက်နေ သည့်ကြွက်စုတ်ကလေးများသဖွယ် မလှုပ်သာ မလှည့်သာ။ ကြက်သွေးရောင်နှင့် အဝါရောင်ယူနီဖောင်းဝတ် တို့ကို အချိန်ယူစစ်ဆေးနေကြောင်းတွေ့ရသည့်အတွက် သူတို့အခြေအနေက ချောက်ကမ်းပါးစွန်းသို့ရောက်ရှိနေကြပြီ ဖြစ်၏။
“ဟိုကောင်တွေ တဖြည်းဖြည်းနီးလာပြီ” ဂျီယိုဒီနိုက သူတို့ရှိနေသော ဒုတိယတွဲထဲသို့ စတင်ဝင်ရောက်လာသည့် လုံခြုံရေးများကို မသိမသာကြည့်ရင်း လေသံကလေးဖြင့် ပစ်ကိုအသိပေးလိုက်၏။
“တစ်ယောက်ချင်း ရှေ့တွဲကို ကူးမယ်”
ပထမ ဂျီယိုဒီနို၊ ဒုတိယ မီဂန်၊ နောက်တော့ ပက်၊ နောက်ဆုံးမှ ပစ်တို့ ရှေ့တွဲသို့အစဉ်လိုက်ကူးလာကြသည်။
“ဒီတွဲထဲ ဟိုကောင်တွေမရောက်ခင် ရှေ့ဘူတာရောက်ချင်ရောက်မှာပါ။ ဒါပေမဲ့ ဟိုကောင်တွေ အတှောနီးလာပြီ”
“ဘူတာ ရောက်လည်း နောက်ထပ်ကြိုဆိုရေးတွေရှိချင်ရှိနေမှာ”
ပစ်သည် တွဲ၏ ထိပ်ဆုံးရှိ တံခါးပိတ်ထားသော ထိန်းချုပ်ခန်းကိုချောင်းကြည့်လိုက်သည်။ ခလုတ်မျိုးစုံကိုသာတွေ့ရပြီး လူတစ်ယောက် မှမရှိ။ တကယ့် အှောတိုမက်တစ်အစစ်။ တံခါးကို ဆွဲကြည့်တော့ သော့ခတ်ထားသည်။ ခါးကြားမှ ကို့တ် ပစ်စတိုကိုထုတ်လိုက်ပြီး မှန်တံခါးကို သေနတ်ဒင်ဖြင့် ဆတ်ကနဲရိုက်လိုက်သည်။ မှန်ကွဲသံကြောင့် တွဲထဲမှ ခရီးသည်များ၏ အလန့်တကြား အကြည့်များကို လစ်လျှူရှုလိုက်ပြီး ထိန်းချုပ်ခန်းထဲသို့ လျှောကနဲဝင်လိုက်သည်။ တွဲကြားအဆက်များကို ထိန်းချုပ်ထားသော ခလုတ်များကို နှိပ်၍ အဆက်များကို ဖြုတ်ပစ်သည်။ ထို့နောက် အမြန်နှုန်း ကိုမြှင့်တင်လိုက်တော့၏။
×××××××××××××××××
နောက်တွဲလေးတွဲသည် ပထမတွဲမှ ပြုတ်ထွက်ပြီးတဖြည်းဖြည်း အလှမ်းကွာလာ၏။ နောက်တွဲများတွင်လည်း ထိန်းချုပ်ခန်းကိုယ်စီရှိကြသောလည်း ပစ်မြှင့်တင်လိုက်သဖြင့် မြန်နှုန်းမြင့်လာသော ပထမတွဲ၏ အမြန်နှုန်းကို လိုက်မမှီ။ ဒုတိယတွဲထဲမှ လုံခြုံရေးများသည် ငယ်ထိပ်မြွေပေါက်ခံရသလို ပျာယာခတ်၍ ကျန်ရစ်ခဲ့သည်။
နောက်လေးမိနစ်ကြာသှော တစ်တွဲတည်းထင်တိုင်းကြဲနေသော ပစ်တို့ရထားသည် ဝိုင်ဘူတာကို အရှိန်ပြင်းစွာ ခုတ်မောင်းဖြတ်ကျှောလိုက်သည်။ ပစ်ထင်သည့်အတိုင်း ဘူတာတွင် အုပ်စုလိုက်စောင့်နေသော လုံခြုံရေးများသည် ရိပ်ကနဲသာ မြင်လိုက်ရသော ရထားကို ငေးမောကြည့်နေရုံမှတပါး အခြားမရှိ။ ပစ်သည် ထိန်းချုပ်ခန်းမှတဆင့် တွဲထဲ သို့ပြန်လျှောက်လာပြီး ပက်ထရစ်ရှာအနားတွင် ဝင်ထိုင်လိုက်၏။ အသားတဆတ်ဆတ်တုန်အောင်ကြောက်လန့်နေ သည့် မီဂန်ကို ပြုံးပြလိုက်၏။ ဂျီယိုဒီနိုကို ခေါင်းညိတ်ပြလိုက်သည်။ အားလုံးသည် တိတ်ဆိတ်နေ၏။ စိုးထိတ်မှု နှင့် ယုံကြည်ချက်တို့သည် အပြန်အလှန်လွန်ဆွဲနေကြ၏။
မိနစ်ဝက်ခန့်ကြာသှော ပစ်သည်ထိန်းချုပ်ခန်းတွင်းပြန်ဝင်လာခဲ့သည်။ နောက်ဆုံးဘူတာဖြစ်သော ဇက်ဘူတာ သို့ရောက်ခါနီးပြီဖြစ်၏။ ဇက်ဘူတာသည် သဘေဿငာ၏ ပဲ့ပိုင်းတွင်ရှိသောကြောင့် ရထားလမ်းများ ကွေ့ဝိုက်သွားသည် ကိုမြင်တွေ့နေရ၏။ လုံခြုံရေးများသည် ဇက်ဘူတာတွင် လက်နက်အင်အား လူအင်အားအလုံးအရင်းဖြင့် သူတို့ကို စောင့်ကြိုနေမည်မှာ ဗေဒင်မေးစရာမလိုလောက်အောင်သေချာနေသော ကိစဿစဖြစ်၏။ ပစ်သည် လုပ်စရာရှိသည်များကို အမြန်ဆုံးလုပ်လိုက်ပြီး သူ့လူများဆီပြန်လာခဲ့သည်။
“ငါရထားကို တစ်နာရီဆယ်မိုင်နှုန်းထိ အမြန်နှုန်းလျှော့ခဲ့ပြီးပြီ။ ဘူတာမရောက်ခင်မှာ မြက်ခင်းထူတဲ့နေရာရှိတယ်။ ငါအချက်ပြတာနဲ့ ခုန်ချရမယ်။ ခြေထောက်နဲ့မြေကြီးထိတာနဲ့ ရှေ့ကိုလှိမ့်လိုက်ရမယ်။ အားလုံးသဘောပေါက်လား”
ဂျီယိုဒီနိုက မီဂန်ကို သိုင်းဖက်လိုက်ပြီး-
“ဦးဦးတို့နှစ်ယောက် တူတူခုန်ကြမယ်နှော။ သမီးက ဦးဦးကိုယ်ပှေါမှာ ကပ်ထား၊ သမီး ဆိုဖာပှေါထိုင်လိုက်ရသလို ဇိမ်ရှိမှာ။ ဦးဦးမှာ အဆီတွေအများကြီး” ဟုအားပေးလိုက်၏။ တကယ်တော့ ဂျီယိုဒီနိုတစ်ကိုယ်လုံး အဆီပိုဟူ၍ တစ်စက်မှ မရှိ။
ထိန်းချုပ်ခန်းမှ မီးနီကလေးတစ်လုံး ဖျတ်ကနဲ လင်းသွား၏။ ရထားသည် ရုတ်တရက်ချက်ချင်း သိသိသာသာ အရှိန် နှေးသွား၏။
“ကဲ၊ အားလုံးထွက်ကြတော့”
ဂျီယိုဒီနို၊ ပက်နှင့် မီဂန်တို့ ရထားပှေါမှ ခုန်ချသွားသောအခါ ပစ်သည် ထိန်းချုပ်ခန်းသို့ တဖန်ပြန်ဝင်ပြီး ရထားအရှိန် ကို တစ်နာရီမိုင်ခြောက်ဆယ်နှုန်းအထိမြှင့်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းအရှိန်မြင့်လာသော ရထားပှေါမှ ခုန်ချ လိုက်တော့သည်။
ရထား၏အရှိန်နှင့် ပစ်၏ ကိုယ်အလေးချိန်တို့ကြောင့် ပစ်ကျလာသောနေရာမှ ဘွန်ဇိုင်းအပင်ပုလေးများမှာ မြေထဲ နစ်ဝင် ကျွံကျသွား၏။ အကျမှ ဒူးခေါင်းထဲက ဆစ်ကနဲ နာကြင်မှုကိုခံစားလိုက်ရ၏။ သို့သှော ငါ့ဒူးကလေး သနားပါတယ်ဟု ဒူးခေါင်းအပှေါ အကြင်နာပွားနေဖို့အချိန်မရှိ။ ဂျီယိုဒီနိုက ပစ်ကို လာထူ၏။ ပက်နှင့် မီဂန်တို့ကို ဘေးမသီရန်မခတွေ့ရသဖြင့် သူစိတ်အေးသွား၏။ ရထားသည် သံလမ်းအကွေ့တစ်လျှောက် လျှင်မြန်စွာရွေ့လျား၍ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ အခုထက်ထိတော့ ဤနေရာတွင် လုံခြုံရေး တစ်ကောင်တစ်မြီးမှ မတွေ့ရ။
“အခုဘယ်သွားကြမှာလဲဟင်” ပက်က အလောတကြီးမေးလိုက်၏။
“ခုရေလမ်းခရီးကို မှောတှောဘုတ်စီးပြီးသွားရမယ်”
ဖြေသာဖြေလိုက်ရသည်။ နှစ်မိုင်ခန့်ကျယ်သော ရေပြင်တွင် မှောတှောဘုတ်စီးရန်မဆိုထားဘိ၊ ခုရောက်နေသည့် သဘေဿငာဝမ်းဗိုက်ထဲမှ ဘယ်လိုထွက်ရမည်ကိုပင် ပစ်မသိသေး။ ပစ်နှင့် ဂျီယိုဒီနိုသည် သေနတ်များကိုယ်စီ ကိုင်စွဲ၍ ရှေ့မှလျှောက်ခဲ့ကြသည်။ မကြာခင် ကုန်းပါတ်ပှေါတက်သော လှေကားကို တွေ့လိုက်ကြရသည်။
××××××××××××××××××××××××

Recent Comments