အတ္တလန်တစ်ရှာပုံတော် (၆၅)

ပစ်မျှောလင့်ထားခဲ့သလိုပင် ဇက်ဘူတာတစ်ဝိုက် ဂိုက်နှစ်ရာ ပါတ်လည်အထိ ဖြန့်ကျက်၍ လုံခြုံရေးများမဲမဲလှုပ် နေအောင်စောင့်နေကြ၏။ တစ်တွဲထဲပါသော ရထားသည် ဇက်ဘူတာကို တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းဖြင့် အရှိန် ပြင်းစွာ ဖြတ်ကျှောသွားသည်ကို တွေ့လိုက်ကြရသည့် ထိုလုံခြုံရေးများသည် ရထားတွဲထဲတွင် သူတို့သားကောင်များ ရှိဦးမည်အထင်နှင့် ရထားပါဝါလိုင်းများကို လျှပ်စစ်ဓါတ်အား ပို့လွှတ်မှုကို ဖြတ်တောက်ရန် အလုပ်များနေ၏။နောက်ခုနှစ်မိနစ်အကြာ လုံခြုံရေးများရထားပှေါရောက်သွားပြီး သူတို့မှန်းချက်နှင့် နှမ်းထွက်မကိုက်မှန်းသိကြသည့် အချိန်ဝယ် ဒတ်ပစ်တို့လူစုသည် အူးရစ်ဝုဖ်သဘေဿငာကြီး၏ ဘေးတွင်ကပ်ရပ်ထားသော အလျှား ၄၂ ပေရှည်သည့် ဂရန်း ဘန့်ခ် ဇိမ်ခံခရူဇာမှောတှောဘုတ်ကြီးပှေါသို့ရောက်နေပြီ ဖြစ်၏။

“ငါတို့ ဒုန်းတွန်းစက်တွေတော့ ထားခဲ့ရတော့မှာပေါ့” အယ်လ်က မချိတင်ကဲပြောလိုက်၏။

“ပက်နဲ့ မီဂန်ကို ရေကူးခိုင်းလို့မဖြစ်ဖူးလေကွာ၊ ခုလောလောဆယ် ဒီနည်းလမ်းကအကောင်းဆုံးပဲ”

“ဒါဆိုလည်း မြန်မြန်ထွက်ကြတာပေါ့”

“သိပ်မလောနဲ့ အယ်လ်၊ သူတို့မရိပ်မိအောင် ဖြည်းဖြည်းထွက်မှဖြစ်မယ်”

ပစ်သည် ဂရန်းဘန့်ခ်အား စက်နှိုးလိုက်၏။ ဇိမ်ခံသဘေဿငာပီသစွာပင် ဂရန်းဘန့်ခ်သည် ညင်သာစွာစက်နှိုးသွား၏။ အသာအယာမောင်းထွက်လာခဲ့သည်။ အူးရစ်ဝုဖ်သဘေဿငာဧရာကြီးက ဂရန်းဘန့်ခ် မှောတှောဘုတ်အပှေါတွင်မိုးနေ၏။ သူတို့လွတ်မြောက်ဖို့အတွက် အူးရစ်ဝုဖ်ကို တကွေ့တပါတ်ကြီးပါတ်၍ ရေပြင်ပှေါရောက်အောင်မောင်းထွက်ရမည်။ လွယ်သည့်ကိစဿစတော့မဟုတ်။ ခုထိတော့ အဆင်ပြေနေတုန်းရှိသေးသည်။ အှောသံ၊ ဟစ်သံ၊ အချက်ပေး ခေါင်းလောင်းသံများမကြားရ၊ မီးမောင်းများဖြင့် ရေပြင်ကို ထိုးခွဲရှာဖွေခြင်းများလည်း မတွေ့ရသေး။ ပစ်သည် အမြန်နှုန်းကို ရှစ်နော့ထ်အထိ မြှင့်တင်လိုက်သည်။ ဤအမြန်နှုန်းဖြင့်ဆိုလျှင် အူးရစ်ဝုဖ်သဘေဿငာမဟာကို ကွေ့မောင်းရန် အချိန် (၁၅) မိနစ်ကြာမည်။

ထို (၁၅) မိနစ်သည် ပစ်တို့အတွက်မူ ၁၅ ကမဿဘာမျှကြာသည်ဟု ထင်ရ၏။ ခုချိန်တွင် သူတို့အနေဖြင့် အူးရစ်ဝုဖ်ပှေါမှ လှုပ်ရှားမှုများကို မျက်တောင်မခတ်တမ်းစောင့်ကြည့်နေယုံသာ တတ်နိုင်၏။ ခုလိုဘေးတိုက်ကြည့်ရချိန်တွင်မှ အူးရစ်ဝုဖ်၏ ပမာဏအံ့မခန်းကြီးမားထည်ဝါပုံသည် ပို၍ပှေါလွင်လာ၏။ သူ့ခေတ်သူ့အခါက ထိပ်ထိပ်ကြဲ ကမဿဘာကျှော သဘေဿငာကြီးများဖြစ်သည့် တိုင်တန်းနစ်၊ လူစီတားနီးယား၊ ကွင်းမေရီ၊ ကွင်းအယ်လစ်စဘက် နှင့်နှောမန်ဒီ သဘေဿငာ များအားလုံးကို ဖင်ပြန်ခေါင်းပြန်ဆက်လိုက်လျှင်ပင် အူးရစ်ဝုဖ်ကို မမှီနိုင်သေး။ ကြီးချက်ကတော့ ပက်စက်တယ် ဆိုသည့် အမျိုးအစားထဲကဖြစ်၏။

“ငါတော့ ဗိုက်ဆာပြီ၊ ဟမ်ဘာဂါလေးတစ်လုံးလောက်အုပ်လိုက်ဦးမယ်” အကြောက်ပြေသွားသှော အယ်လ်သည် ထုံးစံအတိုင်း ရွလာ၏။ တကယ်က ဘာမှ စားစရာမရှိ။

“သမီးလဲစားမယ်” အယ်လ်၏ ရွပိုးထိုးမှုကို မသိသော မီဂန်လေးက တကယ်ဟမ်ဘာဂါစားရမည် အထင်ဖြင့်ပြော ရှာသည်။ ပက်က သူ့သမီးလေးကို ပြုံးပြရင်းနှစ်သိမ့်လိုက်သည်။

“မကြာပါဘူးသမီးရယ်၊ ခဏလေးသည်းခံလိုက်နှော၊ နောက်တော့ သမီးကြိုက်တဲ့ ဟမ်ဘာဂါတွေအများကြီး စားရမယ်”

ပစ်က ပက်ထရစ်ရှာကို ကြည့်လိုက်ပြီး-

“ခင်ဗျားတို့ကို သူတို့နှိပ်စက်ကြသေးသလား” ဟုမေးလိုက်သည်။

ပက်က မျက်နှာကို ရှုံမဲ့ပြရင်း-

“လူကိုတော့ မနှိပ်စက်ဘူးရှင့်၊ အလုပ်နဲ့နှိပ်စက်တာ၊ တရက်ကို နာရီနှစ်ဆယ် အလုပ်လုပ်ရတယ်၊ ကျွန်မ ဘာတွေ လုပ်ရတယ်ထင်လဲ”

“နောက်ထပ် အားမီးနီးစ်အခန်းတစ်ခန်းခန်းထဲက လက်ရေးသကေဿငတတွေ ဘာသာပြန်ရတာမဟုတ်လား”

“အားမီးနီးစ် သကေဿငတတွေတော့ဟုတ်တယ်။ ကျွန်မတို့တွေ့ခဲ့တဲ့ လျှို့ဝှက်အခန်းတွေထဲက မဟုတ်ဘူး၊ အနဿတာတိက မှာသူတို့တွေ့ခဲ့တဲ့ မြို့ပျက်တစ်ခုက ဓါတ်ပုံရိုက်လာတဲ့ သကေဿငတတွေရှင့်”

“ဘယ်လို- အနဿတာတိကမှာတွေ့ခဲ့တဲ့ မြို့ပျက်- ဟုတ်လား ပက်”

“ဟုတ်တယ်။ ရေခဲနေတဲ့ မြို့တှောကြီးတစ်ခုပဲ”

“ကျွန်တှော့ကို အယ်လ်ဆီဝုဖ်ပြောခဲ့တာတော့ အားမီးနီးစ်လျှို့ဝှက် အခန်းအားလုံးပေါင်း ခြောက်ခန်းရှိတယ်တဲ့”

“ကျွန်မအဲဒါတော့မသိဘူး။ ကျွန်မသိသလောက်တော့ သူတို့အဲဒီမြို့ပျက်ကို တစ်ခုခုတော့ အသုံးချလိမ့်မယ်။ ဘယ်လိုအသုံးချမယ်ဆိုတာတော့ မသိခဲ့ဘူးရှင့်”

“ဘာတွေများထပ်သိခဲ့ရလဲ”

“ကိုလိုရာဒိုနဲ့ စိန့်ပေါ့လ်ကျွန်းမှာ ကျွန်မ ဘာသာပြန်ပေးခဲ့တဲ့အကြောင်းတွေကို သူတို့အရမ်းစိတ်ဝင်စားတယ်။ အားမီးနီးစ်တွေ ဖှောပြခဲ့တဲ့ ကမဿဘာပျက်ကပ်ရဲ့ နောက်ဆက်တွဲ အပျက်အစီးများ အကြောင်းကိုလည်း သူတို့ အသေး စိတ် လေ့လာနေကြတယ်”

“ကြည့်ရတာ ကျွန်တှောတို့မသိတဲ့ တစ်ခုခု သူတို့ထပ်တွေ့ထားပုံရတယ်။ ဒါနဲ့ သေတဿတာထဲက ဘာတွေလဲ” ပစ်သည် ပက်ထရစ်ရှာ ကိုယ်နှင့်မကွာဆောင်ယူလာသော လက်ဆွဲသေတဿတာငယ်လေးကို ကြည့်ပြီးမေးလိုက်သည်။

“အနဿတာတိက ရေခဲ မြို့တှောက ဓါတ်ပုံမှတ်တမ်းတွေလေ၊ ကျွန်မအလုပ်လုပ်ဖို့ပေးထားတာ”

“ကမဿဘာပျက်ကပ်ရဲ့ နောက်ဆက်တွဲ ကိစဿစတွေကို သူတို့လေ့လာနေတယ်လို့ ခင်ဗျားပြောတယ်နှော”

“ဟုတ်တယ်ရှင့်၊ သူတို့အသေးစိတ်ကိုလေ့လာနေကြတာ”

“လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်က ထားခဲ့တဲ့ အားမီးနီးစ်ဟောကိန်းကို ဝုဖ်တွေဘာလို့ဒီလောက်ယုံကြည်နေကြတယ် ဆိုတာ ကျွန်တှောတော့စဉ်းစားလို့မရဘူး”

“ကျွန်မလည်း တူတူပဲ”

ဂရန်းဘန့်ခ် သည် အူးရစ်ဝုဖ်၏ ဦးပိုင်းသို့ရောက်လာပြီ။ ပစ်သည် ဂရန်းဘန့်ခ်ကို အမြန်နှုန်း ရှစ်နော့ထ်ဖြင့် အူးရစ်ဝုဖ် ၏ လုံးဝန်းသော သဘေဿငာဦးပိုင်းကြီးကို ကွေ့မောင်းနေ၏။ ဒါကိုကျှောနိုင်လျှင် သူတို့ရေပြင်ကျယ်ကြီးထဲရောက်ပြီ ဖြစ်၏။ ပစ်သည် သူ၏ လမ်းကြောင်းပြ ကွန်ပြူတာငယ်ကလေးကို ကြည့်ရင်းအလုပ်တွေရှုပ်နေ၏။ သူတို့၏ ကောင်းကင်ကား ရှိရာတောင်ကြားသို့ရောက်ဖို့ ဘာအကာအကွယ်မှမရှိသည့် ရေပြင်ကျယ်ကြီးကို သုံးမိုင်ဖြတ်မောင်း ရမည်။ ရှာဖွေရေးမီးမောင်းများ၊ အှောတိုမက်တစ် စက်သေနတ်များကို ခုခံကာကွယ်ဖို့ သူတို့မှာရှိသည်က ပစဿစတို နှစ်လက်သာ။ ခုလောက်ဆိုလျှင် ဇိမ်ခံ ကရူဇာ ပါဝါဘုတ်ကြီးတစ်စီးပျောက်ဆုံးနေသည်ကို ရေပြင်ရှိ အစောင့်များထံ အကြောင်းကြားပြီးလောက်ပြီ။ သူတို့မျှောလင့်နိုင်သည်ကတော့ ကင်းလှည့်မှောတှောဘုတ်များ ထက်အရင် တောင်ကြားသို့ ရောက်ရှိနိုင်မည့်အခွင့်အလမ်း၊ တကယ်တော့လည်း ထိုအခွင့်အလမ်းက ညအိပ်မီးလုံးကလေးထက် ပင်မှိန်ပျပါသေး၏။

+++++++++++++++++++

အခုပင် သူတို့နောက်မှ မှောတှောဘုတ်တစ်စီး တရကြမ်းလိုက်နေပြီ ဖြစ်၏။

++++++++++++++++++++

“အယ်လ်”

“ဘာတုန်း”

“ပုလင်းအလွတ်တွေလိုက်ရှာ၊ မီးလောင်နိုင်တဲ့ ပစဿစည်းတွေလည်းရှာထား၊ မီးလောင်ဗုံးတွေ လုပ်ထားရမယ်”

အယ်လ့်မျက်နှာကြီး ပြုံးလာသည်။ ပစ်ကတော့ ကျောက်ဆောင်ကို ကြက်ဥနှင့်ပေါက်ရန် ကြံနေပေပြီ။

“အေးပါ၊ ငါလုပ်ထားလိုက်မယ်” အယ်လ်သည် အင်ဂျင်ခန်းထဲဆင်းသွား၏။

ကင်းလှည့် မှောတှောဘုတ်သည် ဂရန်းဘန့်ခ်လောက် မကြီးသှောလည်း ပိုမြန်သဖြင့် ပစ်တို့၏ ဂရန်းဘန့်ခ်ကို တခဏ အတွင်းမှီလာသည်။ ပစ်သည် နောက်မှလိုက်လာသော မှောတှောဘုတ်ကို အသေအချာကြည့်လိုက်၏။ လုံခြုံရေး နှစ်ယောက်သာ တွေ့ရ၏။ တစ်ယောက်က အှောတိုမက်တစ်ရိုင်ဖယ်ကို အသင့်အနေအထားကိုင်ဆောင်ထားပြီး ကျန်တစ်ယောက်ကမှောတှောဘုတ်မောင်းလာသည်။

ဂရန်းဘန့်ခ်၏ ရေဒီယိုဆက်သွယ်ရေးစက်မှလည်း စပိန်စကားသံများထွက်လာ၏။ နောက်မှလိုက်လာသော မှောတှောဘုတ်မှ သူတို့ကို ဆက်သွယ်ခြင်းဖြစ်သည်။ ပစ်သည် မိုက်ခရိုဖုန်းကို ကိုင်၍-

“ကျုပ်စပိန်စကား မပြောတတ်ဘူး” ဟု စပိန်လိုပြောလိုက်သည်။ စပိန်လို သူသိသည်မှာ ဤတစ်လုံးသာ။

တစ်ဖက်မှ ဘာမှန်းမသိ ကုန်းအှောနေ၏။

ပက်နှင့် မီဂန်ကို သဘေဿငာဝမ်းထဲဝင်နေရန် ညွှန်ကြားလိုက်ပြီး ပစ်သည် အရှိန်ကိုလျှော့ချလိုက်သည်။ ကို့တ်ပစဿစတို ကို ခါးကြားတွင်ထိုးလိုက်၏။ ကင်းလှည့်မှောတှောသည် ဂရန်းဘန့်ခ်နှင့် အလွန်နီးကပ်လာခဲ့ပြီ။ ရိုင်ဖယ်ကိုင်ထားသော အစောင့်သည် ဂရန်းဘန့်ခ်ပှေါ ခုန်တက်ရန် ဟန်တပြင်ပြင်။

ပစ်သည် စိတ်ရှည်လက်ရှည်စောင့်နေလိုက်သည်။

အစောင့်သည် ဂရန်းဘန့်ခ်ပှေါခုန်တက်လိုက်သောအခါ ပစ်သည် အရှိန်နှုန်းမြှင့် ကိရိယာကို ဆတ်ကနဲဆွဲတင်လိုက် ၏။ ရုတ်တရက်အရှိန်မြင့်သွားသော ဂရန်းဘန့်ခ်ကြောင့် ခုန်တက်လာသောအစောင့်သည် ဟန်ချက်ပျက်သွားပြီး ကုန်းပါတ်ပှေါ ခြေကားယား၊ လက်ကားယားလဲပြိုကျလာ၏။ အကျတွင် ခေါင်းနှင့် ကုန်းပါတ်ဆောင့်မိပြီး ငြိမ်ကျ သွား၏။

ပစ်သည် ဖိနပ်ဖြင့် အစောင့်၏ လည်မျိုကို နင်းထားပြီး အမ်-၁၇ ရိုင်ဖယ်ကိုလှမ်းကောက်လိုက်သည်။ ပြီးတော့ ကင်းလှည့် မှောတှောဘုတ်ပှေါက တစ်ယောက်ကို အမ်-၁၇ ဖြင့် ပစ်ထည့်လိုက်သည်။

ပစ်၏ လှုပ်ရှားမှုကို တွေ့လိုက်ရသည့် ကင်းလှည့်မှောတှောဘုတ်ပှေါမှ အစောင့်သည် ဒူးထောက်ချလိုက်သဖြင့် မထိလိုက်။ မထင်မှတ်ပဲ သေနတ်ဖြင့်ပစ်ခံလိုက်ရသော အစောင့်သည် ကင်းလှည့်မှောတှောကို ကြောက်အား လန့်အားဖြင့် ဂရန်းဘန့်ခ် ဘေးမှခွာပြီး အတင်းမောင်းပြေးသွားတော့သည်။

မကြာမှီ အားလုံးသိကုန်ကြတော့မည်။ အချိန်ဆွဲနေ၍မဖြစ်။

ဒတ်ပစ်သည် ဂရန်းဘန့်ခ်ကို အမြန်ဆုံးနှုန်းဖြင့် စက်ကုန်ဖွင့်၍ မောင်းတော့သည်။ ဂရန်းဘန့်ခ်သည် ရေပြင်ကိုထိုးခွဲ၍ တဝေါဝေါအသံမြည်ရင်း အစွမ်းကုန် ပြေးရှာသည်။

သို့သှောလည်း အလှ၊ အရွစီး ခရူဇာဇိမ်ခံဘုတ်ဖြစ်သည့်အားလျှောစွာ ကင်းလှည့်မှောတှောဘုတ်များ၏ အမြန်နှုန်းကို မမှီ။ ထို့ကြောင့်ပင် များမကြာမီအချိန်အတွင်း ကင်းလှည့်မှောတှောတစ်စီးမှ ရှာဖွေရေးမီးမောင်းသည် ဂရန်းဘန့်ခ် ဆီသို့ဦးတည်လာသည်ကို သူတွေ့လိုက်ရတော့သည်။

+++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2010
M T W T F S S
« Apr   Jun »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.