ရာမ (၁)
01 Jun 2010 Leave a Comment
အခန်း (၁)
အာကာသခံတပ်
ဘာမှမလုပ်ပဲနေလျှင်ဖြင့် ထိုအဖြစ်အပျက်သည် အနှေးနှင့်အမြန် ကြုံတွေ့ရတော့မည်ဖြစ်၏။ မှတ်မှတ်ရရ ၁၉ဝ၈ ခုနှစ် ဇွန်လ (၃ဝ) ရက်နေ့တုန်းက မှောစကိုမှ ကီလိုမီတာ (၄ဝဝဝ) ကွာဝေးသည့် မြေပြင်တစ်နေရာတွင် ထိုမထိတ်သာ မလန့်သာ အဖြစ်ဆိုးကြီးစတင်ဖြစ်ပျက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖှောဝါရီ ၁၂ ရက်နေ့ကလည်း ရုရှ ပိုင်နက် ဗလာဒီဗိုစတော့ခ်မြို့ကလေးမှ ကီလိုမီတာ (၄ဝဝ) ခန့်ကွာဝေးသည့် ဖုန်းဆိုးမြေတစ်နေရာတွင် အလားတူဖြစ်ပျက်ခဲ့ပြန်သည်။ စကြာဝဠာစံနှုန်းအရ တေ့လွဲလွဲခဲ့သည်ဟုဆိုနိုင်သော၊ ယူရေနီယံဗုံး အလုံးပေါင်း များစွာ တစ်ပြိုင်နက်ပေါက်ကွဲသလို ပြင်းထန်လှသည့် ထိုဖြစ်ရပ်မျိုးအတွက် အတိတ်တုန်းဆီကတော့ ကျွန်ုပ်တို့ လူသားများသည် ကံစီမံရာကို လက်ပိုက်ကြည့်နေယုံမှတစ်ပါး အခြားမရှိခဲ့။
လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက လကမဿဘာ၏ မျက်နှာပြင်ပှေါတွင် ချိုင့်ခွက်ရာကျောက်ပေါက်မာများထင်ကျန် စေခဲ့သော စကြာဝဠာ၏ ထိုဥကဿကာခဲပစ်လွှတ်မှုများသည် ယခင်တုန်းကတော့ လူသူမနီးသည့် မြေလွတ် မြေရိုင်းများပှေါ သို့ကျရောက်ပေါက်ကွဲကြသည့်အတွက် ပြသဿသနာမရှိလှသှောလည်း တောင်ဝင်ရိုးစွန်းမှသည် မြောက်ဝင်ရိုးစွန်းထိ နေစရာမြေမှန်သမျှ တစ်လက်မ မကျန်အောင်နေထိုင်ကြရသည့် ၂၁ ရာစုကုန်ဆုံး ခါနီးအချိန်ကာလ သမယများ တွင်တော့ လူသားများ၏ အသက်ဇီဝကို အနဿတရာယ် အပေးနိုင်ဆုံး အရာတစ်ခု ဖြစ်၍လာခဲ့၏။
သကဿကရာဇ် ၂၀၇၇ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့ မနက် ၉ နာရီ ၄၆ မိနစ်။
ဥရောပတိုက်သားများသည် ပြစ်မျိုးမှဲ့မထင်အောင်သာယာလှပသော ထိုနေ့ နွေနံနက်ခင်းတွင် အရှေ့ ကောင်းကင်ယံ တစ်နေရာမှ မီးလုံးကြီးတစ်လုံးကို ရုတ်တရက်တွေ့လိုက်ကြရသည်။ စကဿကန့်ပိုင်းအတွင်း နေထက်ပို၍ ထွန်းလင်းတောက်ပသည့် ထိုအရာကြီးသည် ဩစတြီးယားနိုင်ငံကောင်းကင်ယံတွင် ဖြန်းကနဲ ပေါက်ကွဲရာ လူပေါင်းတစ်သန်းမှာ ချက်ချင်း နားများပင်းကုန်ကြသည်။ တကယ်တော့ သူတို့ကံကောင်းသည်ဟု ပြောရလိမ့်မည်။
တစ်စကဿကန့်လျှင် ကီလိုမီတာ (၅ဝ) နှုန်းအရှိန်ဖြင့် တန်တစ်ထောင်ရှိသော ကျောက်တုံးကျောက်ခဲနှင့် သတဿတုအပိုင်းအစများကျရောက်ရာ အီတလီမြောက်ပိုင်းရှိ ပါဒူရာနှင့်ဗီရိုနာမြို့များမှာ ကမဿဘာပှေါမှ အစအနမကျန် အောင်ပျောက်ကွယ်သွား၏။ ဗင်းနစ်မှာ ရုတ်တရက်မြင့်တက်လာသော ပင်လယ်ရေအောက်သို့ စုန်းစုန်းမြုပ်သွား ၏။
စာရင်းချုပ်လိုက်သောအခါ စကြာဝဠာ၏ ထိုဥကဿကာပျံပစ်ချက်ကလေးက လူပေါင်းခြောက်သိန်းကျှော၏ အသက်နှင့် ဒှေါလာတစ်ထရီလီယံတန်ဖိုးရှိ ပျက်စီးဆုံးရှုံးမှုများကို ဆောင်ကြဉ်းခဲ့သည်။ တစ်ရက်တစ်မနက် အတွင်း လူသားတို့အရှုံးကြီးရှုံးလိုက်ရသော စစ်ပွဲ သို့မဟုတ် မျှောလင့်မထားသော ဘေးဒုကဿခကပ်။
ထိုအချိန်မှစ၍ လူသားတို့သည် သမိုင်းတစ်လျှောက်မကြုံစဖူး စည်းလုံးညီညွတ်လာကြသည်။ ထိုထိုသော အလားတူဖြစ်ရပ်မျိုးသည် နောက်တစ်နေ့မနက်မှာလည်းဖြစ်နိုင်သည်။ နောင်နှစ်ပေါင်းတစ်ထောင်ခန့်ကြာမှ လည်းဖြစ်နိုင်သည်။ နောက်တစ်ကြိမ်ဖြစ်လျှင်လည်း ယခုဖြစ်ရပ်ထက် ပိုဆိုးလျှင်သာဆိုးလိမ့်မည်။ သက်သာ ဖို့မရှိ။ ဆိုတော့ သူတို့စုပေါင်းတိုင်ပင်ဆွေးနွေးညှိနှိုင်း၍ ဆုံးဖြတ်ချက်ချကြသည်။ နောက်တစ်ကြိမ်ဆိုတာမရှိ စေရ။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့်ကတည်းက လူသားများထံတွင် မိမိတို့အမျိုးအနွယ်တူများကို သတ်ရန်ဖြတ်ရန် ချေမှုန်းရန် အကြံဖြင့် မရှိမဲ့ရှိမဲ့ စွမ်းအားစုများကို ပုံအောသုံးစွဲ၍ တီထွင်ထုတ်လုပ်ထားသော အဖျက်စွမ်းအား ကြီးမားသည့် လက်နက်ကြီးများလက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်၏။ သမိုင်းတစ်လျှောက် ထိုလက်နက်ကြီးများ ဖျက်သိမ်းရေးကို အကြိမ်ကြိမ်ဒူးတိုက်ဆွေးနွေးခဲ့ကြသှောလည်း တစ်ခါမှအောင်မြင်ခဲ့ခြင်းမရှိ။ ခုတော့ထို လက်နက်ကြီးများကိုထိရောက်စွာ မှန်ကန်စွာအသုံးပြုရန်အချိန်တန်ပြီဖြစ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်သည် ချစ်သောကမဿဘာမြေကို ဥကဿကာပ်ံအနဿတရာယ္မွ ကာကွယ်ရေးအတွက် အာကာသခံတပ် စီမံချက်ကို စတင်အကောင် အထည်ဖှောခဲ့ကြတော့သည်။
အခန်း (၂)
ကျူးကျှောသူ
ခရစ်သကဿကရာဇ် ၂၁၃ဝ။
ဥကဿကာခဲအသစ်များ တစ်ရက်လျှင် တစ်ဒါဇင်ခန့် ပှေါပေါက်ရွေ့လျားနေသည်ကို အဂဿငါဂြိုလ်အခြေစိုက် ရေဒါစခန်းမှ ရှာဖွေ့တွေ့ရှိခဲ့သည်။ အာကာသခံတပ်စီမံချက်၏ မြန်နှုန်းမြင့်ကွန်ပျူတာများက ထိုဥကဿကာခဲများ၏ ဦးတည်ရာ၊ အမြန်နှုန်း၊ ပါတ်လမ်းများကို ချက်ချင်းတွက်ချက်နိုင်ခဲ့သည်။ နကဿခတဗေဒပညာရှင်များအတွက် အားကိုးအားထားပြုလောက်သည့်အချက်များကို နေ့အလိုက်၊ လအလိုက် စာရင်းဇယားများဖြင့် ချက်ခြင်း ဖှောပြနိုင်သည်။
(၁၉) ရာစုနှစ်က ပထမဆုံးတွေ့ရှိခဲ့သည့် ဥကဿကာခဲ ဆီးယပ်စ်၏နောက် ဥကဿကာခဲပေါင်းတစ်ထောင်ကို မှတ်တမ်းတင်နိုင်ရန်အတွက် လူသားသည် နှစ်ပေါင်း (၁၂ဝ) အချိန်ယူခဲ့ရသည်။ ခု အာကာသခံတပ်စီမံချက်က တော့ ဥကဿကာခဲ သန်းဝက်ခန့်၏ မှတ်တမ်းကို ရရှိပြီးဖြစ်၏။ အများစုမှာ ပန်းခြံသေးသေးတစ်ခုစာခန့်ရှိမည့် ဥကဿကာခဲ အသေးစားလေးများသာ။ အချင်း ကီလိုမီတာ (၂ဝဝ) ကျှောသည့် ဥကဿကာခဲမဟာကြီးများကတော့ ဆီးယပ်စ်၊ ပဲလပ်စ်၊ ဂျူနို၊ ယူနိုးမီးယားနှင့် ဗက်စ်တာဟူသည့် ငါးခုသာတွေ့ရသေးသည်။ ထိုဥကဿကာခဲများအနက် နေဆီသို့ရှေးရှု ပျံသန်းလာသည့်အရာများကိုသာ ကမဿဘာမြေကိုအနဿတရာယ်ပေးနိုင်သည့်အရာများဟု အာကာသ ခံတပ်စခန်းက ခံယူ၏။ တကယ်တော့လည်း အနဿတရာယ္ရွိသည္ဟု သတ္မွတ္ရသည္က ကမဿဘာမွ ကီလို တစ်သန်း အကွာအဝေးမှဖြတ်ပျံသည့် ဥကဿကာပျံ တစ်ထောင်လျှင် တစ်ခုမျှသာပါ။
၃၁၊ ၄၃၉
၂၁၃၁ ခုနှစ်အတွင်း တွေ့ရှိနံပါတ် (၄၃၉) ဟုအဓိပဿပါယ်ရသည့် ထိုအရာသည် စတင်တွေ့ရှိခဲ့စဉ်က ဂျူပီတာခှေါ ကြာသာပတေးဂြိုလ်၏ ဂြိုလ်ပါတ်လမ်းအပြင်ဖက်၌သာရှိသေး၏။ ထိုအချိန်အထိ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာ မရှိသေး။ သို့သှောလည်းရေဒါသတင်းပို့ချက်အရ ၃၁၊ ၄၃၉ ၏အရွယ်အစားကကြီးလွန်းသည်။ ကွန်ပျူတာ များ၏ ကနဦးတွက်ချက်မှုအရ အချင်းကီလိုမီတာ ၄ဝ ရှိ၏။ နှစ်ပေါင်းတစ်ရာလျှင် တစ်ခါတွေ့ရခဲသော အရွယ်အစားမျိုး။
ထိုဥကဿကာခဲ၏ ပါတ်လမ်းကို တွက်ချက်သောအခါ မျက်မှောင်ကြုတ်စရာများပှေါလာ၏။ ၃၁၊ ၄၃၉ ၏ ပါတ်လမ်းသည် ပုံမှန်ဥကဿကာခဲတစ်ခု ပျံသန်းသွားလာသည့် လမ်းကြောင်းမျိုးမဟုတ်။ ထိုအရာသည် ကြယ်များအကြား လှည့်ပါတ်သွားလာနေသည့် အာကာသခရီးသည်ကြီး။ ကြာသာပတေးဂြိုလ်ပါတ်လမ်းကို ဖြတ်ကျှောပြီးချိန်မှစ၍ အရှိန်ကတဖြည်းဖြည်းမြန်လာ၏။
ထိုအချိန်မှစ၍ အာကာသခံတပ်ကွန်ပျူတာများတွင် အနဿတရာယ်သတိပေးချက်များထပ်ကာထပ်ကာ ပှေါပေါက် လာခဲ့ပြီး ၃၁၊၄၃၉ သည်အားလုံး၏ စိတ်ဝင်စားမှုကိုခံလာရတော့သည်။ ထိုအခါအခြေသတင်းကြီးလာသည့် ထိုရွှေမင်းသမီးအတွက် အမည်နာမလိုအပ်လာခဲ့သည်။ ဂရိနှင့်ရောမ ဒဏဿဍာရီလာနာမည်များကို ငြီးငွေ့နေပြီဖြစ် သည့် နကဿခတဗေဒပညာရှင်များက ထိုအရာကို ဒိုတီနှင့်ဆာရီဝတ်ပေးလိုက်ကြတော့သည်။ ထိုအခါသူ့အမည်က ရာမ ဖြစ်လာခဲ့၏။
ထုံးစံအတိုင်း သတင်းမီဒီယာများက မခှေါပဲရောက်လာသည့် ထိုရာမ၊ အနှီ ရာမ ဧည့်သည်တှောကြီးအကြောင်း တခမ်းတနားရေးသားဖှောပြကြသှောလည်း တကယ်တမ်းမတော့ သူနှင့်ပါတ်သက်၍ သိသည်က သူ၏ ပုံမှန် မဟုတ်သောလမ်းကြောင်းနှင့် ရေဒါပုံရိပ်ကို မှန်းဆတွက်ချက်ထားသော သူ၏ ကြီးမားသည့်အရွယ်အစား တို့သာဖြစ်၏။ အားကောင်းလှသော တယ်လီစကုတ်များထဲတွင် ရာမသည် ကောင်းကင်ယံမှ မှိန်ဖျော့ဖျော့ ကြယ်တစ်လုံးအသွင်မြင်နေရသှောလည်း ထိုအရာသည် လူသားတို့၏ နဂါးငွေ့တန်းနေစကြာဝဠာ အတွင်းဝင်လာချိန်မှစ၍ ပို၍ တောက်ပလာပြီး အရွယ်အစားလည်း ပို၍ပို၍ ကြီးမားလာသည်ကို စိတ်မသက် သာစွာတွေ့မြင်နေကြရတော့သည်။
သို့သှောလည်း ထိုကိစဿစများအားလုံးသည် မှန်းဆတွက်ချက်မှုများသာ ဖြစ်သည့်အားလျှောစွာ တစ်နာရီ ကီလိုမီတာ တစ်သိန်းအမြန်နှုန်းဖြင့် ဂြိုလ်ပါတ်လမ်းများကို ဖြတ်သန်းဝင်ရောက်လာသော ရာမနှင့်ဆုံဆည်းရန် အတွက် အာကာသယာဉ်များစေလွတ်ရန် ကုန်ကျစရိတ်မှာ ထိလုမိုးဆီ တိမ်သို့မှီနေသောကြောင့် ကမဿဘာသည် မကြာမှီ ရာမကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့သည်။
နကဿခတဗေဒပညာရှင်များအဖို့မူ ရာမသည် မေ့ပျောက်ခြင်းဌာ မစွမ်းသာသည့် အရာတစ်ခု။ အဖြေညှိရမည့် ပဟေဠိတစ်ခု။ ခက်ခဲနက်နဲလှသည့် ပုစဿစာတစ်ပိုဒ်။
ပထမပြသဿသနာက ရာမ၏ အလင်းရောင်ဖြစ်သည်။
ဂြိုလ်သိမ်၊ ဂြိုလ်ပဲ့များဖြစ်ကြသည့် ဥကဿကာခဲတို့သည် မွှတ်နေအောင်လည်ပါတ်နေခြင်းကြောင့်လည်းကောင်း၊ ချွန်သည့်နေရာကချွန် ဖောင်းသည့်နေရာကဖောင်း မမှန်သော ပုံသဏဿဍာန်ကြောင့်လည်းကောင်း နေ၏အလင်းရောင်နှင့်ထိတွေ့သောအပိုင်းသည် အမြဲပြောင်းလဲနေသဖြင့် အလင်းရောင်သည် တသမတ်တည်း မရှိတတ်၊ မှိန်တစ်ခါ လင်းတစ်လှည့်ဖြစ်နေတတ်သည်။ ရာမ၏ အလင်းရောင်ကမူ ထိုသို့မဟုတ်။ အမြဲတမ်း တသမတ်တည်း ထွန်းလင်းလျှက်ရှိ၏။ အခြားဥကဿကာပျံများကဲ့သို့ ဝင်ရိုးပှေါတွင်တည်မှီ လည်ပါတ်ခြင်းမရှိ၍လား၊ အချိုးညီ ပုံပန်းသဏဿဍာန်ရှိနေ၍လား။ မည်သူမှသေချာမသိ။
နကဿခတ်ကြည့်မှန်ပြောင်းကြီးများဖြင့် စကြာဝဠာကိုမျှောကြည့်ရသည့်အလုပ်၏ ကုန်ကျစရိတ်မှာ တစ်မိနစ်လျှင် ဒှေါလာတစ်ထောင်ခန့်ရှိသည့်အတွက် ရာမလေ့လာရေးသည် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရသည်။
အကယ်၍သာ သူလုပ်နေသော ပရိုဂရမ်သည် စက်ချွတ်ယွင်းမှု တစ်စုံတစ်ရာ မဖြစ်ခဲ့လျှင် ဒေါက်တာဝီလီယံ စတင်တန်အဖို့ သူ့ဘဝတစ်သက်တာတွင် မီတာနှစ်ရာရှည်သော နကဿခတ်ကြည့်မှန်ပြောင်းအား ဆယ့်ငါးမိနစ်ပြည့် အောင်ကြည့်ခွင့်ရမည်မဟုတ်ခဲ့။ ထိုအခါတွင် ဆက်လက်ဖှောပြမည့် နောက်ဆက်တွဲအဖြစ်အပျက်များလည်း ဖြစ်မည်မဟုတ်တော့ချေ။
ဒေါက်တာစတင်တန်သည် သူဖမ်းယူကြည့်ရှုခဲ့သော ပုံရိပ်များကို နောက်တစ်နေ့ကွန်ပြူတာဖြင့် ဆန်းစစ် အဖြေရှာချိန်အထိ ဇဝေဇဝါဖြစ်နေဆဲ။ သူတွေ့ရှိခဲ့ရသည်ကား———-။

Recent Comments