ရာမ (၂)

နေရောင်ကို ရောင်ပြန်၍ ထွက်ပှေါလာသည့် ရာမ၏ အလင်းရောင် သည်တသမတ်တည်းထွန်းလင်း တောက်ပနေခြင်းမဟုတ်၊ ပြောင်းလဲမှုရှိ၏။ အနုစိတ်ဆန်းစစ်ပါမှ တွေ့နိုင်သော ထိုအပြောင်းအလဲသည် ပုံမှန်ဖြစ်ပှေါနေသော ဖြစ်စဉ်တစ်ခု။အခြားဥကဿကာခဲများကဲ့သို့ ရာမသည်လည်း မွှတ်နေအောင်လည်ပါတ်လျှက်ရှိသည်။ လည်ပါတ်နှုန်းကို တွက်ချက်ကြည့်ပြီးနောက် ဒေါက်တာစတင်တန်၏ မျက်လုံးများပြူးထွက်လာသည်။ ကမဿဘာသည် အီကွေတာကို ဗဟိုပြု၍ တစ်ပါတ်ပြည့်အောင်လည်ပါတ်ချိန် ၃၆၅ ရက်ကြာ၏။ ရာမသည်ကား သူ၏ အီကွေတာကိုတည်မှီ၍ တစ်ပါတ်ပြည့်အောင်လည်ပါတ်ရန် လေးမိနစ်သာ အချိန်ယူသည်ကော။ ဤသို့ဆိုလျှင်————-။

ရာမ၏ လည်ပါတ်နှုန်းမှာ တစ်နာရီကီလိုမီတာ (၁ဝဝဝ) ကျှောဖြစ်နေသည်ပေါ့။ ဤနေရာမျိုးတွင် ဝင်ရိုးစွန်း နှစ်ဖက်မှလွဲ၍ မည်သည့်နေရာတွင်မှ နေထိုင်၍မရ။ ရာမ အီကွေတာ၏ ဗဟိုခွာအားမှာ မည်သူမှအနားအကပ် မခံပဲ မဲမဲမြင်ရာကန်ကျောက်လွှတ်သည့် မြင်းရိုင်းသဖွယ်ဖြစ်နေသည်။ ဤသို့ဆိုလျှင် စကြာဝဠာအတွင်းရှိ မည်သည့်အရာဝတဿတုမှ ရာမနားကပ်၍ရမည်မဟုတ်။ အံ့ဩဖို့ကောင်းသည်က ထိုရာမသည် စွမ်းပကားကြီးမားလှ သည့် ဗဟိုခွာအားရှိပါလျှက်နှင့် အစိတ်တစ်သန်းမျှ ဖြန်းဖြန်းကွဲထွက်မသွားပဲ ထုကြီးထည်ကြီးနှင့် စည်းစည်း လုံးလုံး တည်ရှိနေခြင်းပင်ဖြစ်သည်။

အချင်းကီလိုမီတာ လေးဆယ်၊ အရှိန် တစ်နာရီ ကီလိုမီတာ တစ်သိန်း၊ လည်ပါတ်နှုန်း တစ်နာရီ ကီလိုမီတာ တစ်ထောင်၊ တစ်ပါတ်ပြည့်အောင်လည်ပါတ်ရန်ကြာချိန် လေးမိနစ်၊

ဒေါက်တာစတင်တန်သည် လေသံဖမ်း၍ တရားနာတတ်သူမဟုတ်၊ အလွယ်တကူကောက်ချက်ချတတ်သူတစ်ဦး လည်းမဟုတ်၊ ဒေါင်ဒေါင်မြည် သိပဿပံပညာရှင်စစ်စစ်ဖြစ်သည်။ သို့သှော ရာမ၏ လကဿခဏာများနှင့် ကိုက်ညီသော အရာကား ကြွေလာသောကြယ်တစ်လုံး သို့တည်းမဟုတ် နိဂုံးကမဿပါတ် အဆုံးသတ်သွားသော နေတစ်စင်းဟု အဖြေထွက်နေသည်။ သက်တမ်းကုန်ဆုံးသွားသော နေသို့မဟုတ် ကြယ်သာလျှင် ထိုလည်ပါတ်နှုန်းရှိပေလိမ့် မည်။ မိမိတို့နေစကြာဝဠာအတွင်းသို့ ဝှီခှေါအောင်လည်ပါတ်လျှက် ပြေးဝင်လာသော နေသေတစ်လုံး၊ ဘုရား၊ ဘုရား။

သူငယ်ငယ်က စွဲလန်းနှစ်ခြိုက်ခဲ့ရပြီး သူ့ကို အာကာသ နကဿခတဗေဒ ပညာရှင်တစ်ဦးအဖြစ်တွန်းပို့ခဲ့သည့် ရှေးခေတ် စာရေးဆရာကြီး အိတ်ခ်ျဂျီဝဲလ်၏ ကြယ်ဆိုသည့် ဂနဿတဝင်ဝတဿတုကြီးကို ဒေါက်တာစတင်တန် ဖျတ်ကနဲ သတိရ၏။ ရာစုနှစ် နှစ်စုကြာမြင့်ခဲ့ပြီဖြစ်သည့် ထိုဝတဿတု၏ ဆွဲဆောင်အား၊ ဖန်တီးနိုင်စွမ်းအားတို့မှာ နည်းနည်းမှ လျှော့ကျမသွား။

အိတ်ခ်ျဂျီဝဲလ် ဖန်တီးခဲ့သော ကြယ်ကြီးသည် ဂျူပီတာဂြိုလ်ကို ဝင်တိုက်ပြီး နဂါးငွေ့တန်းနေမင်းသို့သွားရန် မြေကမဿဘာကိုအဖြတ် ကမဿဘာပှေါတွင် ဖြစ်ပှေါခဲ့သော ဟာရီကိန်းမုန်တိုင်းကြီးများနှင့် လှိုင်းကြီးမဟာများ၊ ရေအောက်ရောက်သွားကြသော မြို့ကြီးများ။

နေစကြာဝဠာတွင်း သက်ဆင်းဝင်ရောက်လာသော ကြယ်သေကြီးများသည် ဂြိုလ်များ၏ ပါတ်လမ်းကို ပျက်ယွင်း စေနိုင်စွမ်းရှိကြသည်။ အကယ်၍သာ ရာမသည် သူ၏ တွန်းအားဖြင့် မြေကမဿဘာကို နေဆီသို့ ကီလိုမီတာ သန်းပေါင်း အနည်းငယ်ခန့် ရွေ့လျှားစေခဲ့လျှင်-

ကမဿဘာ၏ ရာသီဥတုသည် လုံးဝပျက်စီးသွားမည်ဖြစ်၏။ အနဿတာတိက ရေခဲပြင်ကြီးအရည်ပျှောကြပြီး အနိမ့်ပိုင်းဒေသများအားလုံး ရေလွှမ်းလျှင်လွှမ်း သို့မဟုတ် ပင်လယ်များအားလုံးရေခဲ၍ ထာဝရဆောင်းရာသီနှင့် ကြုံချင်ကြုံရမည်။

ဒေါက်တာစတင်တန်သည် မျက်စိမှိတ်ထားလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဒါတွေအားလုံးဟာ အဓိပဿပါယ်မရှိတာတွေပဲ။ သူ့စိတ်ထဲ ထင်ရာမြင်ရာ လျှောက်တွေးနေမိတာ မဟုတ်လား။ အကယ်၍ ရာမဟာ ပြည့်ခဲနေတဲ့ ကြယ်သေတစ်လုံးဆိုရင် နေစကြာဝဠာဆီကို တန်းတန်းမတ်မတ် ရောက်လာနိုင်ချေ အင်မတန် နည်းပါးလှသည်က အမှန်ဖြစ်၏။ တစ်နေရာရာတွင် လမ်းကြောင်းပြောင်းသွားမည်သာ။ လမ်းကြောင်းမပြောင်း ခဲ့လျှင်လည်း မကြာမီ ကာလများအတွင်း ဂြိုလ်များ၏ ဆွဲအားနှင့် သူ၏ တွန်းအား ဆန့်ကျင်ဖက်အရှိန်နှစ်ခု၏ ပဋိပကဿခကြောင့် ကျိန်းသေပေါက် ပေါက်ကွဲပျက်စီးရမည်သာ။ စတင်တန်သည် များစွာစိတ်သက်သာရာရသွား၏။

မည်သို့ဖြစ်ဆိုစေကာမူ ကြယ်သေ တစ်လုံးနှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့် အတွေ့အကြုံသည် မြင်ရုံနှင့် ရင်တုန်ဖွယ်ကောင်းလှ သည်မဟုတ်လော။ ထို့ကြောင့်——————————————————။

(၃)

ရာမနွင့္စိတဿတ

အာကာသ အကြံပေးကောင်စီ၏ အရေးပှေါအစည်းအဝေးမှာ ကျင်းပချိန်တိုတောင်းသှောလည်း မုန်တိုင်း ထန်လှသည်။ (၂၂) ရာစုဖြစ်သည့် ဤခေတ်ဤကာလ ဤအခါသမယတွင်ပင် ပြသဿသနာကို ဖြေရှင်းနိုင်စွမ်းရှိမရှိ မသေချာသှောလည်း အတွေ့အကြုံနှင့် အသက်အရွယ်ကို အကြောင်းပြု၍ အရေးပါသည့် အုပ်ချုပ်ရေးရာထူး နေရာများအား ရှေးရိုးစွဲသည့် ဘိုးကြီးအိုတို့က လွှမ်းမိုးထားမြဲဖြစ်၏။

အစည်းအဝေးကို ပို၍ဆိုးစေသည်က ဂလက်ဆီထက်သေးသည့် အရာများကို စိတ်မဝင်စားတတ်သည့် ကောင်စီဥကဿကဋဿဌ အာကာသ ရူပဗေဒပညာရှင် ဂုဏ်ထူးဆောင်ပါမောကဿခကြီး အိုလော့ဖ် ဒေးဗစ်ဆင်ဖြစ်၏။

ကောင်စီ အစည်းအဝေးတွင် အဓိက မေးခွန်းကတော့ တစ်ခုတည်းသာ။ ပုံမှန်ဥကဿကာခဲတစ်ခု မဟုတ်တော့သော ရာမသည် မြေကမဿဘာအတွက် မည်မျှအရေးပါသနည်း။ လအနည်းငယ်အတွင်း ပေါက်ကွဲပျက်စီးကာ ဖိတ်အောက် မှိတ်ပျောက်သွားတော့မည့် ကြယ်သေတစ်လုံးအတွက် ငွေကုန်ကြေးကျခံ၍ လေ့လာနေစရာ လိုပါသလား။ မလေ့လာပဲ ဒီအတိုင်းထားလိုက်ပါက တစ်သက်တွင် တစ်ခါသာ ရနိုင်သည့် ထူးထွေသည့်အံ့ရာသှော အဖြစ် အပျက်ကြီးကို မြင်သာမြင် မကြင်လိုက်ရသည့် လူသားအဖို့ မည်မျှဆုံးရှုံးနစ်နာနိုင်ချေ ရှိသနည်း။

အကယ်၍သာ ကုန်ကျစရိတ်ကို မေ့ပျောက်ထားနိုင်စွမ်းရှိခဲ့လျှင် ရာမနှင့် ဆုံဆည်းရန်အတွက် အဂဿငါဂြိုလ် အခြေစိုက်စခန်းမှ နက်ပကျွန်းဂြိုလ်လေ့လာရေးအတွက် မကြာမီ လွှတ်တင်တော့မည့် အာကာသစခန်းကြီးမှ အမြန်ယာဉ်ငယ်တစ်စီး စေလွှတ်၍ ရကောင်းရဖွယ် ရှိ၏။ ထိပ်တိုက်တွေ့ဆုံဖို့ရန်ကား အကြောင်းမရှိ။ သုတေသနယာဉ်ငယ်သည် ရာမကို တစ်နာရီ ကီလိုမီတာ နှစ်သိန်းနှုန်းဖြင့် ကျှောဖြတ်နေစဉ် စကဿကန့်ပိုင်းလောက် တွေ့ဆုံမှုသာဖြစ်လိမ့်မည်။ သို့သှော ထိုမျှ ဆုံတွေ့ရလျှင် ပင် ရာမကို လေ့လာမှုမှာ အတှော အတန် ပြီးမြောက်ပြီဟုဆိုနိုင်၏။

ဥကဿဿကဋဿဌျကီး ပါေမာကဿခ ဒေးဗစ်ဆင်သည် ထိုအစီအစဉ်အပှေါလွန်စွာစိတ်မသက်မသာ ရှိလှသဖြင့် အကျိုးမရှိသော ထိုဥကဿကာပျံနောက်သို့လိုက်ရန်အတွက် ကုန်ကျမည့် ငွေကြေးများကို လကမဿဘာရှိ သုတေသနစခန်းတွင် ရင်းနှီးမြှုပ်နှံ ခြင်းအားဖြင့် သူအားသန်သည့် စကြာဝဠာစတင်ဖြစ်တည်ရာ မဟာပျောက်ကွဲမှု သီအိုရီကိုလေ့လာရန် တိုက်တွန်း နှိုးဆှောလျှက်ရှိသည်။ သူ၏ ဘက်တှောသား ကောင်စီဝင်သုံးဦးကလည်း ထိုအစီအစဉ်ကို သဘောတူထောက်ခံ ကြ၏။ ဤသို့ဖြင့် မဲခွဲဆုံးဖြတ်ကြသောအခါတွင် ပါမောကဿခဒေးဗစ်ဆင်၏ အဆိုသည် မဲတစ်မဲကပ်၍ ရှုံးနိမ့်ခဲ့တော့ သည်။

++++++++++++++++

နောက်သုံးလအကြာတွင် အဂဿငါဂြိုလ်စခန်းမှ အာကာသလေ့လာရေးယာဉ်ကြီးဖြစ်သည့် စိတဿတကိုလွှတ်တင်ခဲ့သည်။ မူလက နက်ပကျွန်းဂြိုလ်ကိုလေ့လာရန် လျာထားသည့် ထိုယာဉ်ကြီးသည် ခုတော့ ရာမသုတေသနယာဉ်ဖြစ်ခဲ့ရ ချေပြီ။ စိတဿတ၏ ခန့်မှန်း အာကာသထဲပျံသန်းချိန်က ရက်သတဿတခုနှစ်ပါတ်ဖြစ်၏။ ရာမကို ဘက်စုံထောင့်စုံမှ ဓါတ်ပုံ ရိုက်ယူရန် ကင်မရာများအားလုံး အဆင်သင့်တပ်ဆင်ထား၏။

မကြာမီ ရာမကို ကီလိုမီတာ တစ်သောင်းအကွာမှ ရိုက်ယူထားသော ပုံရိပ်များကို မြေကမဿဘာမှ လူသားအားလုံး မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့သည်။ ရာမသည် ကြည့်နေစဉ်မှာပင် ကြီးသည်ထက်ကြီး၍ လာခဲ့၏။ သူ့ပုံသဏဿဍာန်မှာလည်း ထင်ရှားသည်ထက် ပို၍ ထင်ရှားလာသောအခါ မြင်တွေ့ရသူအပေါင်း ပါးစပ် ဟောင်းလောင်းဖြစ်သွားကြရသည်။ ရာမ၏ ပုံသဏဿဍာန်က ညီညာသည့် ထုလုံးရှည် ဆလင်ဒါပုံဖြစ်နေသည် ကော။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2010
M T W T F S S
« May   Jul »
 123456
78910111213
14151617181920
21222324252627
282930  
Follow

Get every new post delivered to your Inbox.