အတ္တလန်တစ်ရှာပုံတော် (၆၆)
05 Jun 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ထွက်ပြေးလွတ်မြောက်သွားသော ကင်းလှည့်မှောတှောမှ ရေဒီယို အချက်ပြ ဆက်သွယ်မှုကြောင့် ခုအခါ ဒတ်ပစ်တို့ ဂရန်းဘန့်ခ်နောက်သို့ မီးမောင်းထိုး၍ ကင်းလှည့် မှောတှောဘုတ်တစ်စီး ထပ်ချပ်မကွာ လိုက်လာသည်။ သို့သှော ခုထိ သူတို့နှင့် မိုင်ဝက်ခန့် ကွာဝေးနေသေးသည်။ ဘယ်အချိန် ထိပ်တိုက်တွေ့ဆုံမည်ဆိုသည်ကတော့ အတိအကျ မခန့်မှန်းနိုင်သေး။ သေချာတာတစ်ခုကတော့ တောင်ကြားသို့ မရောက်မှီပင် တစ်ပွဲတစ်လမ်း အကဲစမ်းရဖွယ်ရှိသည်။ နောက်ထပ် ခြောက်မိနစ်၊ ခုနှစ်မိနစ်ခန့်အတွင်း သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်ပေးတော့မည်။
သူတို့သည် ဘယ်နေရာမှ ရှောင်ပုန်းဖွယ်နေရာမရှိသော ရေပြင်ကျယ်ကြီးထဲရောက်နေပြီ။ ကင်းလှည့်မှောတှောသည် ဂရန်းဘန့်ခ်နှင့် ကိုက်တစ်ရာခန့်သာ ကွာဝေးတော့သည်။ လုံခြုံရေးအစောင့်များသည် မှောတှောတွင် တပ်ဆင်ထားသော ဘုရှ်မာစတာ စက်သေနတ်ကြီးနှင့် ရိုင်ဖယ်သေနတ်များကို တကိုင်ကိုင်၊ တဆဆ လုပ်နေကြသှောလည်း ခုထိ ဂရန်းဘန့်ခ်၏ ကုန်းပါတ်ပှေါတွင် အစန့်သား မေ့မြောတှောမူနေသော သူတို့၏ ပါတနာကို ထိမှန်မိစိုး၍ ပစ်ခတ်ခြင်းမပြုကြသေး။
အယ်လ်သည် ပုလင်းလေးလုံးကို ပွေ့ပိုက်၍ ပစ်ရှိရာ ကေဗင်ထဲဝင်လာ၏။ နဖူးတွင် သွေးခြည်ဥနေသော ပွန်းရာကြီး ကထင်းနေ၏။
“ဟေ့-ဘာဖြစ်လာတာလဲ”
“ခွေးသူခိုးတစ်ကောင်က မှောတှောကို ရုတ်တရက်အရှိန်မြှင့်လိုက်တော့ ငါလဲကျသွားပြီး သံပိုက်လုံးနဲ့ ဆောင့်မိတာ ဟေ့” အယ်လ်က ပစ်ကို မကျေမနပ်ဖြင့်ပြောလိုက်၏။ ပြောရင်းဖြင့် အယ်လ်သည် ကုန်းပါတ်ကြမ်းပြင်တွင် သတိမေ့ လဲကျနေသော အစောင့်ကို မြင်သွားသဖြင့်-
“အဲ၊အဲ၊ ငါပြောတာမှားသွားသကွ၊ ဧည့်သည်ရောက်နေတာကိုး”
“အေး၊ ရောက်ရောက်ချင်း အဲဒီပုံစံဖြစ်သွားတော့တာပဲ”
အယ်လ်သည် အလွန်လျှင်မြန်စွာ နီးကပ်လာသော ကင်းလှည့်မှောတှောကို ကြည့်ရင်း-
“နောက်ထပ်ဧည့်သည်တွေ အများကြီးလာကြဦးမဲ့ပုံပဲကွ၊ တို့ကို ဆှောပလှောတီးတော့မယ်ထင်တယ်”
“အဲသလိုတော့ ဟုတ်ပုံမရဘူး။ တို့ဆီမှာ ပက်ထရစ်ရှာတို့သားအမိပါနေတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး ဖြစ်နေတယ်။ ပက်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို သူတို့လိုနေသေးတာကိုး။ မင်းနဲ့ငါ နှစ်ယောက်ထဲဆိုရင် တော့ ကျိန်းသေပေါက် ဆှောပလှောတီးကြမှာပဲ။ ဒီတော့ သူတို့မတီးခင် ငါတို့အရင်တီးကြစို့”
အယ်လ်က သူ့လက်ထဲမှ လက်လုပ်မီးလောင်ဗုံးများကို ပြရင်း-
“ဒါနဲ့တီးရမှာလား” ဟု မချိုမချဉ် မျက်နှာပေးဖြင့်ပေးလိုက်သည်။
“အေးပေါ့ကွ၊ ခဏတော့စောင့်ဦး၊ ဝေးသေးတယ်၊ အခုလောလောဆယ် မင်းကိုသူတို့ မမြင်အောင် ပုန်းနေ၊ မင်းသေနတ်ငါ့ပေးခဲ့”
အယ်လ်သည် သူ၏ ပီ-၁ဝ သေနတ်ကို ပစ်ကို ကမ်းပေး၍ ချက်ချင်းမြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ပစ်သည် ဂရန်းဘန့်ခ်ကို စက်ကုန်ဖွင့်၍မောင်းနေသည်။ ကင်းလှည့်မှောတှောသည် ပို၍မြန်သောအရှိန်ဖြင့် ဂရန်းဘန့်ခ်နားသို့ စိတ်အေးလက်အေး ချဉ်းကပ်လာသည်။ ကင်းလှည့်အဖွဲ့ခေါင်းဆောင်သည် ဂရန်းဘန့်ခ်ပှေါတွင် မောင်းသူတစ်ယောက်သာ တွေ့ရသည့် အတွက် ခေတ်မီ လက်နက်ကိရိယာများ ခြေဆုံးခေါင်းဖျား တပ်ဆင်ထားသော သူတို့မှောတှောကို ဘယ်လိုနည်းနှင့်မှ တိုက်ခိုက်ခြင်းဌာမစွမ်းသာဟု တစ်ထစ်ချကောက်ချက်ချ၍ စိတ်အေးလက်အေးရှိနေခဲ့၏။
သုံးဆယ့်ရှစ်ပေရှည်သော ကင်းလှည့်မှောတှောသည် ဂရန်းဘန့်ခ်နှင့်ဘေးတိုက်အနေအထား ပေနှစ်ဆယ်အကွာသို့ ရောက်၍လာခဲ့သည်။ ဂရန်းဘန့်ခ်ဆီသို့ ဝင်းကနဲဖြာကျလာသော မီးမောင်း၏အလင်းရောင်ကြောင့် ပစ်သည် မျက်လုံး များကို မှေးစင်း၍ ကင်းလှည့်မှောတှောကို အကဲခတ်လိုက်သည်။ စက်သေနတ်ကြီးကို အသင့်အနေအထားဖြင့် သူ့တည့်တည့် ချိန်ရွယ်ထားသည်ကိုလည်းကောင်း၊ ရိုင်ဖယ်များဖြင့် ချိန်ရွယ်ထားသော အစောင့်သုံးဦးကို လည်းကောင်းတွေ့ရသည်။ ပစ်သည် အယ်လ်ဘယ်နေရာမှာရှိသည်ကို မသိ၊ သို့သှော မီးလောင်ဗုံးပစ်လွှတ်ရန် အသင့်အနေအထားဖြင့်စောင့်နေမည်ကတော့ သေချာ၏။ ကင်းလှည့်အဖွဲ့ခေါင်းဆောင်သည် အသံချဲ့စက် အှောလံ ကလေးကို သူ့ပါးစပ်တွင်တေ့လိုက်ပြီး “ရပ်လိုက်” ဟု စပိန်လိုပြောလိုက်သည်။
ပစ်နားလည်၏။ ထိုသို့နားလည်ကြောင်းကို လက်ဝှေ့ယမ်း၍ ပြသလိုက်၏။ ခုဆိုလျှင် တောင်ကြားသည် မိုင်ဝက်ခန့် သာ ကွာဝေးတော့သည်။ နောက် ငါးမိနစ်၊ ခြောက်မိနစ်ခန့်ဆိုလျှင် နောက်ထပ် ကင်းလှည့်မှောတှောတစ်စီး ထပ်ရောက်လာစရာအကြောင်းရှိ၏။ သူ့ခါးကြားတွင် ကို့တ် ၄၅ နှင့် ပီ-၁ဝ ပစဿစတိုနှစ်လက်က လုံခြုံရေးခလုတ်များ ဖွင့်ထားပြီး ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ထိုးထား၏။ ပစ်သည် ဂရန်းဘန့်ခ်၏ အရှိန်ကို လျှော့ချလိုက်ပြီး ထိန်းချုပ်ခန်းကေဗင်ထဲမှ လက်နှစ်ဖက်ကို မြှောက်ပြီးထွက်လာခဲ့သည်။
“မင်းတို့ ဘာလုပ်စေချင်သလဲ”
စပိန်လို ဒုကဿခခံ၍စဉ်းစားမနေတော့၊ အဂဿငလိပ်လိုပင် အှောပြောလိုက်၏။
တစ်ဖက်မှလည်း အဂဿငလိပ်လိုပင် ပြန်ပြော၏။
“မခုခံပါနဲ့၊ အညံ့ခံပါ၊ ကျုပ်တို့လူတွေ ခုပဲတက်လာခဲ့မယ်”
“ငါက ဘယ်လိုလုပ်ခုခံမလဲ။ မင်းတို့မှာ စက်သေနတ်တွေနဲ့ပဲ”
“ကျန်တဲ့လူတွေကို ကုန်းပါတ်ပှေါတက်လာခိုင်းလိုက်ပါ”
“သူတို့က မင်းတို့သေနတ်နဲ့ စွတ်ပစ်မှာကို ကြောက်နေကြတယ်”
“တက်သာလာခိုင်းပါ၊ ကျုပ်တို့ဘယ်သူ့ကိုမှ မပစ်ပါဘူး”
“အေး၊ ဒါဆိုလည်း မီးမောင်းကြီးကို ပိတ်လိုက်ပါ၊ အမျိုးသမီးတွေအရမ်းကြောက်နေတယ်”
“ကောင်းပြီ။ ခင်ဗျားအဲဒီနေရာမှာပဲ ရပ်နေပါ၊ မလှုပ်ပါနဲ့”
ကင်းလှည့်မှောတှောသည် စက်ရှိန်ကို လျှော့ချလိုက်၏။ ရိုင်ဖယ်ဖြင့်ချိန်ထားသော အစောင့်သုံးယောက်သည် ရိုင်ဖယ်များကို အောက်ချလိုက်ပြီး စက်သေနတ်ကြီးကိုင်ထားသူကလည်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ပစ်တို့သည် ခုခံနိုင်စွမ်းလုံးဝမရှိဟု သူတို့ယုံကြည်သွားပြီး စိတ်အေးလက်အေးဖြစ်သွားသည့်သဘောဖြစ်၏။ ပစ်စောင့် မျှောနေသည်မှာ အခုဤအချိန် အခိုက်အတန့်ကလေးပင်။
မျက်စိတစ်မှိတ် လျှက်တပြက်အတွင်း ဒတ်ပစ်သည် ခါးကြားမှ ပစဿစတိုနှစ်လက်ကိုဆွဲထုတ်လိုက်ပြီး ဆင့်ကာဆင့်ကာ မောင်းဖြုတ်ချလိုက်သည်။ ညာဖက်လက်သည် စက်သေနတ်ကြီးနောက်မှ အစောင့်ကိုချိန်ရွယ်၍ ဘယ်ဖက်လက် သည် ခုထိရိုင်ဖယ်ကို အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားသော အစောင့်ကို ချိန်ရွယ်၍ ပစ်ခတ်လိုက်သည်။ (၁၅) ပေအကွာအဝေးမှ အနီးကပ်တေ့ပစ်ရခြင်းဖြစ်သဖြင့် ထိချက်ကကောင်းလှသည်။ နှစ်ယောက်လုံး ခွေကနဲ လဲကျသွား၏။
ပစ်လှုပ်ရှားလိုက်သည်နှင့် တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ကင်းလှည့်မှောတှော၏ နေရာအနှံ့အပြားသို့ မီးလောင်ဗုံးလေးလုံး ကျရောက်၍ ဝုန်းကနဲ ပေါက်ကွဲလေတော့ရာ ကင်းလှည့်မှောတှောမှာ အာခံတွင်းမှ ဝင်းဝင်းတောက်လျှက် နဂါးစက် ဆိုသလို မီးတောက်မီးလျှံများဖုံးလွှမ်းသွားတော့၏။ အဖြစ်အပျက်များက ဇယ်ဆက် သလို မြန်ဆန်လွန်းသဖြင့် ကင်းလှည့်မှောတှောသည် အရူးမီးဝိုင်းသလို ရေထဲတွင် ချာချာလည်နေတော့သည်။
ဒတ်ပစ်သည် ဂရန်းဘန့်ခ်၏ အရှိန်ကို အမြင့်ဆုံး၊ ဂိတ်ဆုံးတင်၍ တောင်ကြားသို့ဦးတည်လိုက်သည်။ ထိုအချိန်မှာပင် ကင်းလှည့်မှောတှောသည် ဆီလှောင်ကန် ပေါက်ကွဲ၍ နစ်မြှုပ်သွားတော့သည်။

Recent Comments