ရာမ (၃)

ဥကဿကာပ်ံတစ္ခု သို့မဟုတ် ကြယ်သေတစ်လုံးဟူသည့် ကနဦး မှန်းဆချက်များသည် ရာမ၏ ထိုပုံပန်းသဏဿဍာန်ကို တွေ့လိုက်ရပြီးချိန်တွင်တော့ နေလာနှင်းပျောက်ဖြစ်ခဲ့ရပြီဖြစ်၏။ ရာမသည် ကီလိုမီတာ ငါးဆယ်ရှည်ပြီး ကီလိုမီတာ နှစ်ဆယ်ခန့်ကျယ်သည့် အချိုးညီ ထုလုံးရှည်ကြီးတစ်ခုဖြစ်၏။ အလုံပိတ် ရေတိုင်ကီတစ်ခုသဖွယ် အစွန်းနှစ်ဖက်သည် ပြားကပ်လျှက် ရှိ၏။ စိတဿတဖက်သို့ မျက်နှာမူနေသည့် အစွန်း၏ အလယ်ကောင်တည့်တည့်ရှိ တစ်ကီလိုမီတာခန့် ရှိသော ချိုင့်ခွက်သဖွယ် အမှတ်အသားတစ်ခုမှတစ်ပါး ရာမ၏ ကိုယ်ထည်တစ်ခုလုံးသည် ဆက်ရာရှာမတွေ့သည့် မွှတ်နေအောင်လည်ပါတ်နေသော သတဿတုလုံးကြီးတစ်ခုသဖွယ်ဖြစ်နေ၏။ တကယ်တော့ ထိုအမှတ်အသားသည်ပင်လျှင် ဒေါက်တာစတင်တန် ရှာဖွေတွေ့ရှိခဲ့သော ရာမအလင်းရောင် ပြောင်းလဲမှု၏ တရားခံဖြစ်တော့သည်။

ရာမ၏ အနှီပုံပန်းသဏဿဍာန်ကို တွေ့မြင်လိုက်ရသည့် မြေကမဿဘာတစ်ခုလုံးမှန်းဆ ထင်မြင်ချက်များဖြင့် ပလူပျံ သွားခဲ့သည်။ ထိုမျှကြီးသော သတဿတုလုံးကြီးတစ်လုံးသည် အတွင်းတွင် ဟောင်းလောင်းပေါက်သာ ဖြစ်မနေခဲ့လျှင် ထိုမျှ မြန်ဆန်သောအရှိန်ဖြင့် သွားလာနိုင်စရာအကြောင်းမရှိ။ ထို့ကြောင့်ရာမ၏ အတွင်းတွင် တစ်စုံတစ်ရာ ကျိန်းသေပေါက်ရှိကိုရှိရလိမ့်မည်။ ထိုအရာကလည်း———————————။

ရာစုနှစ်ပေါင်းများစွာ တပ်ခဲ့သော လူသား၏ ချဉ်ခြင်းသည် ယခုတော့ ပြည့်ဝခဲ့ချေပြီ။ တကယ်တော့ ရာမသည် အခြား နေစကြာဝဠာများဆီမှ မြေကမဿဘာဆီသို့ လာရောက်သည့် ပထမဆုံးဧည့်သည်များကို သယ်ဆောင် လာသည့် ယာဉ်ကြီးတစ်စီး ပါကလား။

———————————————————————-

(၄)

ဆုံဆည်းခြင်း

ယာဉ်မှူး နှောတန်သည် မြေကမဿဘာသို့ တိုက်ရိုက်ထုတ်လွှင့်ရန် အတွက် ရာမနှင့်ဆုံဆည်းရန် မိနစ်ပိုင်းအလိုတွင် ရိုက်ကူးထားပြီး သူကိုယ်တိုင် အကြိမ်ပေါင်း များစွာ ပြန်လည်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းကို သတိရ နေမိသည်။ ကြည့်ရှုသည့်အကြိမ်တိုင်းမှာ သူ့ကို ရင်သပ်ရှုမော အံ့ဩဘနန်းဖြစ်စေခဲ့သည်က ရာမ၏ အရွယ် အစားဖြစ်၏။

လကမဿဘာနှင့် အဂဿငါဂြိုလ်များသို့ သူဆင်းသက်ခဲ့စဉ်က ထိုအရာများသည် သဘာဝအလျှောက်တည်ရှိသော သီးခြားကမဿဘာများဖြစ်သည်ဟူသောအသိကြောင့် ၎င်းတို့၏ ကြီးမားသောအရွယ်အစားသည် သူ့ကို အံ့အားသင့်စေခြင်းဌာ မစွမ်းသာခဲ့၊ ရာမထက် အနည်းငယ်မျှသာ ကြီးမားသော ဂျူပီတာ (၈) ဂြိုလ်ငယ်ပှေါသို့ ဆင်းသက်ရစဉ်ကလည်း ထိုနည်းလည်းကောင်း။

ခုရာမကတော့ တစ်မျိုးတစ်ဘာသာဖြစ်သည်။ လူသားတို့၏ အာကာသခရီးသက်တမ်းတစ်လျှောက် အသုံးပြုခဲ့ သည့်ယာဉ်များအားလုံးသည် ရာမနှင့်နှိုင်းယှဉ်လျှင် မြင်းမိုရ်တောင်နှင့် ပုရွက်ဆိတ်ပမာအရွယ်အစားက ကွာခြားလွန်းလှသည်။ လူသားမျိုးနွယ်မဟုတ်သော အာကာသတစ်နေရာမှ သက်ရှိမျိုးနွယ်တစ်မျိုးမျိုး စီမံဖန်တီး လွှတ်တင်လိုက်သည့် ဤယာဉ်ကြီးသည် လူသားတို့စိတ်ကူးဖြင့်ပင် မတည်ဆောက်ဝံ့လောက်အောင် ကြီးမား ခန့်ထည်လှသည်။ အလေးချိန်က အနည်းဆုံး တန်ပေါင်း ဆယ်ဘီလီယံခန့်ရှိလိမ့်မည်။ ထိုအချင်းအရာကို မျက်ဝါးထင်ထင်မြင်တွေ့နေရသော နှောတန်အဖို့ စကြာဝဠာအတွင်းရှိ လူသား၏ ရပ်တည်မှုကို မဟာမျိုး မဟာနွယ်ဟု ကိုယ့်ကိုယ်ကို မာန်ဝံ့ကြွားနေခြင်းမှာ စိတ်ဓါတ်ကျစရာ အခြောက်တိုက် ဝါကြွားမှုသက်သက်ဟု သာခံစားနေရသည်။

ထိုယာဉ်ကြီးမဟာပှေါသို့ ဆင်းသက်ရန်ကိစဿစသည်လည်း သူ့အတွက် တစ်သက်လုံးမကြုံဖူးခဲ့သည့် အတွေ့အကြုံ သစ်တစ်ခုသာဖြစ်သည်။ ဂြိုလ်များပှေါသို့ အာကာသယာဉ်ဆင်းသက်ရာတွင် အထိအခိုက်ရှိနိုင်သှောလည်း အံ့အားသင့္ဖြယ္ကိစဿစေတာ့ မဟုတ္ခဲ့။ ရာမေပါှသို့ ဆင်းသက်ရန်အဖို့မှာကား အံ့အားသင့်ဖွယ်ဆိုခြင်းသည်သာ တစ်ခုတည်းသော သေချာရေရာသည့် ကိစဿစဖြစ်နေ၏။

မည်သို့ပင်ဆိုစေ ယခုအခါမတော့ ရာမ၏ မြောက်ဝင်ရိုးစွန်းအလယ်ဗဟိုရှိ ဖြည်းညင်းစွာလည်ပါတ်နေသော ဗဟိုချက်ဝင်ရိုးနှင့် မီတာတစ်ထောင်အကွာတွင် သူတို့ဆင်းသက်ကြရတော့မည်။ နေဖက်သို့မျက်နှာမူထားသော ထိုဝင်ရိုးစွန်းကို အကြိမ်ကြိမ်အခါခါစဉ်းစားဆွေးနွေးပြီးမှ ဆင်းသက်ရန်နေရာအဖြစ် သူတို့ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ တန်ငါးထောင်အလေးချိန်ရှိသော အာကာသယာဉ်ငယ်၏ ဘေးတစ်ဖက်တစ်ချက်ရှိ ဂျက်အင်ဂျင်များ သည် စတင်အလုပ်လုပ်နေချေပြီ။ လက်ထောက်ယာဉ်မှူး ဗိုလ်ဂျိုးကားလ်ဗတ်သည် ယာဉ်ငယ်ကို ရာမ၏ မြောက်ဝင်ရိုးစွန်းဗဟိုချက်သို့ ဟန်ချက်ညီဆင်းသက်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိ၏။

“နောက်သုံးမိနစ်ဆိုရင် ရာမဟာဘာလဲဆိုတာ ကျွန်တှောတို့သိရတော့မယ်”

ဂျိုးကားလ်ဗတ်သည် ကွန်ပြူတာမှောနီတာကို မျက်နှာမလွှဲပဲ နှောတန်ကို ပြောလိုက်၏။

နှောတန်သည် ဂျိုး၏ စကားကိုကြားပြီးနောက် ရာမ၏ မူလအစနှင့်ပါတ်သက်၍ လူသားတို့၏ ရာမနား ကပ်သည့် အရာဝတဿတုမှန်သမျှ မီးလောင်ပေါက်ကွဲနိုင်ချေရှိသည် ဟူသော ဆံပင်မွှေးထောင်လောက်စရာ ရမ်းသန်းမှန်းသန်း သီအိုရီများကို သတိရမိသဖြင့် ပြုံးလိုက်မိသည်။ ထိုသီအိုရီများမှန်မမှန်ဆိုခြင်းကို နောက်စကဿကန့်ပိုင်းအတွင်း သိရှိရတော့မည်လေ။

နှောတန်သည် မီတာတစ်ရာခန့်ကျယ်ဝန်းသော ရာမ၏ မြောက်ဝင်ရိုးစွန်းအလယ်ဗဟိုချက်တည့်တည့်သို့ မဆင်းသက်ရန် စဉ်းစားထားသည်။ ရာမကဲ့သို့ ထုလံုးရွည္သတဿတုကမဿဘာကို စီမံဖန်ဆင်းခဲ့သော သက်ရှိသတဿတဝါများ အနေဖြင့် ထိုဗဟိုချက်ကို သူတို့၏ ယာဉ်ငယ်များအဝင်အထွက်ပြုလုပ်ရာ ဝင်ပေါက်အနေဖြင့် အသုံးပြုတန်ရာ ကောင်းသည်ဟု သူက ယူဆ၏။ ထိုဝင်ပေါက်ကို ပိတ်ဆို့၍ သူတို့၏ ယာဉ်ကို ရပ်တန့်ခဲ့လျှင် မလိုလားအပ်သည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်လာနိုင်၏။

သို့သှောလည်း ထိုဗဟိုချက်မှ ဝေးကွာသောနေရာတွင် ဆင်းသက်မည်ဆိုပါကလည်း ဗဟိုနှင့်ဝေးလေ၊ ပြင်းထန် လေဖြစ်သည့် ရာမ၏ ဗဟိုခွာအားကြောင့် သူတို့ယာဉ်သည် လွှင့်စင်ပေါက်ကွဲသွားစရာ အကြောင်းရှိသေးသည်။ အခုတော့ ကမဿဘာ့ဆွဲအား၏ အပုံတစ်ထောင်ပုံလျှင် တစ်ပုံမျှသာရှိသော ရာမ၏ မဖြစ်စလောက်ဆွဲအားကလေး ကို အားကိုး၍ စွန့်စားဆင်းသက်ရန်မှတပါး အခြားမရှိ။

သူတို့ ကံကောင်းခဲ့ကြပါသည်။ ပြသဿသနာ၏ အဖြေကို ရာမဖန်ဆင်းရှင်များက ပေးထားခဲ့ပြီးဖြစ်၏။ နီးကပ်လာသော အခါတွင် ရာမ၏ မြောက်ဝင်ရိုးစွန်း ဗဟိုချက် ကို ပါတ်လည် တပ်ဆင်ထားသော သတဿတု ကွင်းကြီးများကို တွေ့လိုက်ကြရသည်။ ထိုကွင်းများအတွင်း ကျကျနန ဆင်းသက်နိုင်ခဲ့လျှင် ယာဉ်သည် ကှောနှင့်ကပ်ထား သလိုခိုင်မြဲစွာ ခြေကုပ်ရသွားနိုင်သည်။ မည်သည့် ဗဟိုခွာအားကိုမှ မှုစရာမလို။

“ဆယ့်ငါးစကဿကန့်” ဂျိုးက စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ နှောတန်ကိုယ်တိုင် လည်း အသက်ပင်ရဲရဲ မရှုဝံ့ချေ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်တုန်းက လပှေါသို့ပထမဦးဆုံး လူသားတို့ ခြေချခဲ့ပြီးနောက် အခုအချိန်သည် အာကာသ သမိုင်းသစ်ကို ထပ်မံ ရေးထိုးကြရမည့်အချိန်ဖြစ်နေသည် မဟုတ်ပါလား။

++++++++++++++++++

“ရာမပှေါကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါပြီ”

နှောတန်၏ ထိုစကားလုံးများသည် လူသားတို့၏ သမိုင်းတွင် မှောကွန်းကဗျည်း ရေးထိုးခဲ့ပြီဖြစ်၏။ သူကိုယ်တိုင် ဘာပြောမှန်းမသိလိုက်ပဲ ကျင့်သားရ တုန့်ပြန်မှုများဖြင့် သူ့နှုတ်ကထွက်လာသည့် ထိုစကားလုံးများကို ပြောရလိမ့် မည်ဟု လွန်ခဲ့သည့် တစ်လလောက်က အိပ်မက်မျှပင် မမက်ခဲ့ဖူးချေ။ ရာမသို့ချဉ်းကပ်ရန် အမိန့်ရောက်လာ သောအခါ သူတို့၏ယာဉ်သည် ဥကဿကာခဲလေ့လာရေးလုပ်ငန်း၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တာဝန်များကို ထမ်းဆောင် နေချိန်ဖြစ်၏။ ကံကြမဿမာ၏ စီမံဖန်တီးမှုကြောင့် သူတို့၏ ယာဉ်သည် နေစကြာဝဠာအပြင်ဖက်မှ ကျူးကျှော သူများကို ရင်ဆိုင်ထိပ်တိုက် ဆုံတွေ့နိုင်ရန် ဖန်တီးတည်ဆောက်ခဲ့ကြသည့် ယာဉ်လေးစီးအနက် တည်နေရာ အရရော၊ လောင်စာဆီ အခြေအနေအရပါ ရာမနှင့် ဆုံဆည်းရန် အသင့်တှောဆုံးဖြစ်နေခဲ့၏။

သို့သှောလည်း သောကြာဂြိုလ်ပါတ်လမ်းတွင်းသို့ ရောက်နေပြီဖြစ်သည့် ရာမကို လိုက်ရန်အလုပ်မှာ ပန်းခင်းလမ်း တော့မဟုတ်ခဲ့။ ရက်သတဿတ လေးပါတ်မျှ အပြင်းအထန် ကျားကုပ်ကျားခဲ ကြိုးစားခဲ့ကြရသည်။ ဆင်ကြီးကို ပျား ကောင်လိုက်သလို ရာမနောက်သို့ အသေအလဲလိုက်နေသော နှောတန်၏ အာကာသယာဉ်ခရီးစဉ်ကို မြေကမဿဘာရှိ ရုပ်မြင်သံကြားများမှ တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်ရှုနေကြရသည့် သိပဿပံပညာရှင် ထောင်ပေါင်းများစွာမှာ မျက်စိကိုမှိတ်၊ အံကိုကြိတ်၍ အသည်းတယားယား ရင်တဖိုဖို ဖင်တကြွကြွ နေမထိထိုင်မသာ ရှိနေယုံမှတပါး အခြားမတတ်နိုင်ခဲ့။ ရာမနှင့် ဆုံဆည်းအောင် စေလွှတ်ခဲ့ပြီးမှတော့ ထိုခရီးလမ်းသည် ဓါးတောင်ကိုကျှော၍ မီးပင် လယ်ကို ဖြတ်ရစေဦးတော့၊ ဗဲရီးဆောရီး တောကြီးမြိုင်လယ်လုပ်ကာ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့။

ဆယ်မိနစ်ခန့်နောက်ကျပြီးမှ ရောက်လာသော မြေကမဿဘာမှ အကြံပြုချက်များကား စကဿကန့်နှင့်အမျှ ဆုံးဖြတ်ချက် ချနေရသည့် နှောတန်အတွက် ဘာမှ အရာမရောက်။ ခုရာမ၏ မျက်နှာပြင်ပှေါတွင် ဆိုက်ရောက်နေပြီဖြစ်သည့် သူတို့အတွက် အချိန်ကသိပ်မရ။ နောက်ရက်ပေါင်းလေးဆယ်အတွင်း ရာမသည် ဘာဏုရာဇာ ဒေါင်းဖန်ဝါ၏ အဝိုင်းအဝန်းအတွင်းသို့ ဝင်ရောက်တော့မည်။ နေကို ကီလိုမီတာ သန်းနှစ်ဆယ်အကွာမှ ဖြတ်သန်းကျှောဖြတ် သွားမည့် ရာမပှေါတွင် ထိုအချိန်အထိသူတို့ မနေနိုင်။ ထိုအချိန်မရောက်မှီ လက်ကျန်လောင်စာကို အသုံးပြု၍ ရာမ မှထွက်ခွာကြရလိမ့်မည်။ ထို့အတွက်ကြောင့် သူတို့အတွက် ရာမကို လေ့လာချိန်သည် အလွန်ဆုံး သုံးပါတ် သာ ဖြစ်၏။

သူတို့ယာဉ်သည် ရာမ မှ အချိန်မီထွက်ခွာနိုင်ခြင်းမရှိခဲ့လျှင် စကြာဝဠာအမှောင်တိုက်အတွင်းရှိ ကြယ်များဆီသို့ နောက်နှစ်ပေါင်း ငါးထောင်ခန့်အကြာတွင် ဆိုက်ရောက်သွားနိုင်ချေရှိ၏။ ရာမ ကှောမရှင်ကတော့ မည်သည့် တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ သူတို့ကို ကမဿဘာပှေါသို့ အရောက်ပြန်ခှေါမည်ဟု ကတိအထပ်ထပ်ပေးထားခဲ့ သည်။

အဘယ်ကြောင့်နည်း။

အကြောင်းမူကား ရာမသည် နှစ်ပေါင်းတစ်ရာအတွင်း လူသားမျိုးနွယ်တို့ အထူးသဖြင့် သိပဿပံပညာရှင်များနှင့် နိုင်ငံရေးသမားများ သည်းမခံနိုင်ဆုံးဖြစ်သည့် ဧကန်မဲ့မှု ဆိုသည့်အခြေအနေတစ်ရပ်ကို နဖူးတွေ့ဒူးတွေ့ဆောင် ကျဉ်းလာခဲ့သည့် တစ်ခုတည်းသောအရာဖြစ်နေသောကြောင့်ပင်။

+++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2010
M T W T F S S
« May   Jul »
 123456
78910111213
14151617181920
21222324252627
282930  
Follow

Get every new post delivered to your Inbox.