ရာမ (၄)
21 Jun 2010 Leave a Comment
အခန်း (၅)
အဝင်လမ်း
ရာမသည် သုသဿသန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ နေ၏ အပူလှိုင်းကြောင့် ဖြစ်ပှေါလာသော မဖြစ်စလောက် တုန်ခါမှုကလေးမှလွဲ၍ ရေဒီယို အချက်ပြလှိုင်းမရှိ၊ လျှပ်စစ်စီးကြောင်း မရှိ၊ ရာမသည် ခုထိတော့ ငြိမ်သက်ခြင်း အတိ ပြီးသောအရာတစ်ခု။
“နေစမ်းပါဦး၊ ငါတို့က ဘာတွေများ မျှောလင့်နေကြတာလဲ၊ ဧည့်ခံကြိုဆိုရေးကှောမတီကိုလား”
နှောတန်သည် သူ့ကိုယ်သူပြန်မေးနေမိ၏။ ခုထိတော့ ဘာကိုမှ ဝေခွဲ၍ မရသေး။ မည်သို့ဆိုစေ သူတို့ ရာမ ပှေါသို့ရောက်ခဲ့ကြပြီ။
နှောတန်၏ အမိန့်များကို အကောင်အထည်ဖှောရန်အတွက် (၂၄) နာရီပါတ်လုံး မနားမနေအလုပ်လုပ်ကြရ သဖြင့် ပထမနေ့က မည်သူမျှ မအိပ်လိုက်ရချေ။ ယာဉ်အမှုထမ်းများအားလုံးသည် တာဝန်ကိုယ်စီယူကြရ၏။ တာဝန်ချိန်ပြီးသှောလည်း မနားကြရ။ ရာမကို စကဿကန့်မလပ် စောင့်ကြည့်နေကြရ၏။
သူတို့ကသာ ပျားပန်းခတ်မျှ အလုပ်များနေကြသှောလည်း ရာမက တုပ်တုပ်မျှမလှုပ်။ ထိုအခါတွင် ကိုယ်စီကိုယ်ဌ သံသယစိတ်များဝင်လာကြသည်။ ရာမပှေါတွင် သက်ရှိများရှိပါရဲ့လား။ ထိုအရာကား အားလုံးသေဆုံး ကုန်ကြပြီဖြစ်သည့် အာကာသယာဉ်ကြီးတစ်ခုလား၊ ဂြိုလ်သေကြီးတစ်လုံးများလား။
==================
ယာဉ်မှူးနှောတန်၊ လက်ထောက်ယာဉ်မှူး ကားလ်မာစာနှင့် အခြားယာဉ်အမှုထမ်း (၂) ဦးတို့သည် ရာမသို့ ဝင်ပေါက်ဟု သူတို့ယူဆထားသော မြောက်ဝင်ရိုးစွန်း ဗဟိုချက်မတွင် အသင့်ရပ်လျှက်ရှိကြသည်။ ဆွဲအားနည်း ပါးလှပြီး တွန်းကန်အားကြီးမားလှသည့် ရာမ၏ အခြေအနေကြောင့် သူတို့အားလုံး ဒုန်းတွန်းစက်များ၏ အကူအညီဖြင့် မသက်မသာရပ်နေကြရခြင်းဖြစ်သည်။
နှောတန်သည် အရစ်များအချိုင့်များဖြစ်ပှေါနေသော အမျိုးအမည်မသိ သတဿတုပြားကြီးဖြင့်ပိတ်ဆို့ထားသည့် ဝင်ပေါက်ကို အသေအချာလေ့လာနေ၏။ အလယ်ကောင်တည့်တည့်တွင် စတီယာတိုင်ကဲ့သို့ ဘီးလုံးတစ်ခု တပ်ဆင်ထား၏။ သို့သှော သတဿတုပြားအတွင်း မြှုပ်နှံတပ်ဆင်ထားခြင်းကြောင့် မည်သို့မျှ လှည့်၍ ရမည်မဟုတ်။ သို့သှော ထိုဘီးလုံးတပ်ဆင်ထားသည့် နေရာတစ်ဝိုက်တွင် လက်နှိုက်၍ရသည့်တွင်းသဏဿဍာန် အချိုင့်ကလေးများ ရှိနေ၏။
နှောတန်သည် ထပ်၍ စဉ်းစားမနေတော့ပဲ ထိုအချိုင့်ကလေးများအတွင်းသို့ လက်နှိုက်လိုက်၏။ သူ့ထင်မြင်ချက် မှန်ကန်သည်။ ဘီးလုံးသည် သတဿတုပြားအပှေါသို့ ကြွတက်လာ၏။ နှောတန်သည် ဘီးကို အသေအချာကိုင်လိုက် သည်။ ရုတ်တရက် သူ့လုပ်ဆောင်ချက်များမှားယွင်းသွားမည်ကို စိုးရိမ်သောစိတ်က အကြီးအကျယ်ဖြစ်ပှေါ လာ၏။ အလုံပိတ်ထားသော ခေါင်းစွပ်ကြောင့် သူ၏ မျက်စိပျက်၊ မျက်နှာပျက် ပုံစံကို ကားလ်မာစာမမြင်တွေ့ နိုင်သည်ကိုပင် ကျေးဇူးတင်ရသေးသည်။ သူမဆင်မခြင်ပြုမိသည့် ကိစဿစကြောင့်ခုလောက်ဆိုလျှင် ရာမ၏အတွင်း ဖက်တွင် အချက်ပေးခေါင်းလောင်းသံများ စီစီညံအောင်မြည်များနေပြီလား။
တှောပါသေးသည်။ ရာမကို မပြတ်တမ်းစောင့်ကြည့်နေသည့် သူ၏ ယာဉ်ပှေါမှ ရာမ၏ ပြောင်းလဲမှု လကဿခဏာ တစ်စုံတစ်ရာ မတွေ့ကြောင်းသတင်းပို့ချက်ကို မကြာမီ သူရရှိခဲ့သည်။
“ကဲ၊ ငါ့လူ၊ မင်းလှည့်မှာလား၊ မလှည့်ဘူးလား”
နှောတန်သည် ဘီးကြီးကို ကိုင်ထားရင်း သူ့ကိုယ်သူ ပြန်မေးနေမိ၏။ တစ်စုံတစ်ရာ သော အမှားအယွင်းကို ဘွာတေးလုပ်၍ ပြန်ပြင်လို့မရလောက်အောင် သူ့တာဝန်က ကြီးလှသည်။
“ခင်ဗျား ဘယ်လိုထင်သလဲ မာစာ”
“ကျွန်တှော့အမြင်တော့ ဒီပစဿစည်းဟာ အရေးပှေါထွက်ပေါက်ကို ဖွင့်တဲ့ ပစဿစည်းပဲ၊ အှောတိုမက်တစ် ထိန်းချုပ်စနစ် တွေ သုံးမရတော့ရင် အရေးပှေါသုံးဖို့ထားထားတဲ့ ပုံပဲ”
“ကောင်းပြီဗျာ၊ ဒါဆိုရင် ကျွန်တှောဖွင့်ပြီ”
နှောတန်သည် ဘီးကို ဆွဲလှည့်ကြည့်သည်။ အားစိုက်၍ ထပ်မံလှည့်သည်။ အားကုန်သုံး၍ တအားဆွဲလှည့်သည်။ ကိုယ်တှောချောက တုပ်တုပ်မျှ မလှုပ်။
မာစာ၏ အကူအညီကို ယူကာ နှစ်ယောက်အားဖြင့် အစွမ်းကုန်ထပ်မံလှည့်ပါသှောလည်း သူတို့သည် ဘီးကို တစ်ဆံချည်မျှင် မျှပင်ရွေ့သွားအောင် မလုပ်နိုင်ခဲ့ချေ။
နှောတန်သည် တစ်စုံတစ်ခုကို ဖျတ်ကနဲစဉ်းစားမိ၏။ ရာမသည် ကမဿဘာ၏ နိယာမကို လိုက်နာပါမည်ဟု အာမံဘနေဿတခံထားသည့် အရာလော။ သူ မာစာ့ကို လှမ်းပြောလိုက်သည်။
“မာစာ၊ ကျွန်တှောတို့ ပြောင်းပြန်လှည့်ကြမယ်”
ဒီတစ်ကြိမ်လည်း သူမှန်ပြန်ပြီ။ ဘီးသည် အခုအခံ အတားအဆီးမရှိပဲ လွယ်ကူစွာဖြင့် စက်ဝိုင်းပါတ် တစ်ပါတ် ပြည့်အောင်လည်သွား၏။ ရာမ၏ ဗဟိုချက်မကို ပိတ်ဆို့ကာရံ ထားသော သတဿတုပြားကြီးသည် တဖြေးဖြေး ရွေ့လျားလာ၏။ လှုပ်ရှားမှုကြောင့် လွင့်ပျံလာသော ဖုန်မှုန့်လေးများသည် နေရောင်အောက်ဝယ် စိန်ပွင့်ကလေး များသဖွယ် တလက်လက်တောက်ပနေသည်။
ရာမသို့ အဝင်လမ်း တံခါးကား ပွင့်သွားခဲ့လေပြီ။
+++++++++++++

Recent Comments