ရာမ (၅)
23 Jun 2010 Leave a Comment
အခန်း (၆)
ကှောမတီ
ဂြိုလ်ပေါင်းစု ဋဿဌာနချုပ် စခန်းကို လပှေါတွင် တည်ထောင် ဖွင့်လှစ် ထားသည်မှာ မဟာအမှား တစ်ခုဟု ဒေါက်တာ ဘို့စ် မကြာခဏ စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် မြေကမဿဘာ၏ ဩဇာ လွှမ်းမိုးမှုနှင့် လွတ်လွတ် ကင်းကင်း ဝေးဝေး လံလံ တစ်နေရာတွင် တည်ဆောက် ခဲ့ကြဖို့ ကောင်း၏။ လပှေါတွင်မှ ဆောက်ချင်သည် ဆိုလျှင်လည်း ကမဿဘာကို မမြင်ရသော ဟိုမှာဖက် ခြမ်းတွင် ဆောက်လျှင် တှောသေး၏။
ခုတော့လည်း ထိုအရာသည် ပြုပြင်ဖို့ သိပ် နောက်ကျ သွားခဲ့ပြီ ဖြစ်၏။ သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နေစကြာဝဠာ အတွင်း နေထိုင်ကြ သူများ အားလုံးကို ကမဿဘာဂြိုလ်ပှေါမှ လူသားသည် လွှမ်းမိုးမြဲ လွှမ်းမိုး နေဦးမည် ဖြစ်၏။
သူကိုယ်တိုင်ပင် အသက်သုံးဆယ်ကျမှ ကမဿဘာပှေါမှ အဂဿငါဂြိုလ်သို့ ပြောင်းရွေ့အခြေချလာသူဖြစ်သဖြင့် ဒေါက်တာ ဘို့စ်သည် အခြေအနေကို သူများထက်ပို၍ မျှမျှတတ သုံးသပ်တတ်သည်ဟု သူ့ကိုယ်သူ ယူဆ၏။ ကမဿဘာနှင့် အဂဿငါဂြိုလ်သည် လွန်းပျံယာဉ်ဖြင့် ငါးနာရီသာသွားရသော ခရီးစဉ်သာဖြစ်သှောလည်း ကမဿဘာပှေါသို့ သူတစ်ခါ မှ မပြန်ဖြစ်ခဲ့ပါ။ သူ့အသက်က ခုဆို အသက် (၁၁၅) နှစ်ရှိပြီဖြစ်သည်။ ခေတ်မှီတိုးတက်လွန်းသော ဆေးသိပဿပံပညာ ကြောင့် ဒေါင်ဒေါင်မြည်အောင် ကျန်းမာရေးကောင်းမွန်သှောလည်း သူ့ဘဝသက်တမ်း၏ အများစုကို ကုန်ဆုံးစေ ခဲ့သော ဤအဂဿငါဂြိုလ် ရေခံမြေခံကို မခွဲနိုင်မခွာရက်တော့။ အနည်းဆုံးဒီမှာထက် သုံးဆမျှ ပိုသည့် ကမဿဘာ၏ ဆွဲအားဒဏ်ကို သူခံနိုင်ရည်ရှိဖို့ မသေချာ။
ဒေါက်တာဘို့စ် အဖို့ ကမဿဘာပှေါတွင် နေရခြင်း၊ မနေရခြင်းသည် စိတ်လှုပ်ရှားစရာ၊ စိတ်ဓါတ်ကျစရာ အကြောင်းတစ်ခုမဟုတ်ခဲ့။ သူ့စိတ်ဓါတ်ကို ကျဆင်းစေသည်က သူ့လုပ်ငန်းခွင်တွင်ဖြစ်၏။ ရာစုနှစ်တစ်ဝက်ခန့် အမြဲမြင်တွေ့နေရသူများသည် အပြောင်းအလဲလုံးဝမရှိသည့်အတွက် ဒေါက်တာဘို့စ်သည် သူတို့ပါးစပ်ဟလိုက် သည်နှင့် အူဘယ်နှစ်ခွေရှိသည်ကအစ သိနေသလိုဖြစ်နေသည်။ မည်သည့်အကြောင်းအရာကို ဆွေးနွေးသည် ဖြစ်စေ၊ သူတို့ဘာပြောကြမည် ဘာလုပ်ကြမည် ဘယ်သူက ကန့်ကွက်မဲပေးပြီး ဘယ်သူက ထောက်ခံမဲပေးမည် ဆိုသည်က အစ အမြဲတမ်းတသမတ်ထဲ အပြောင်းအလဲမရှိခြင်းကို ဒေါက်တာဘို့စ်ငြီးငွေ့လှပြီ။ တစ်ခါတစ်လေ တော့လည်း မည်သူမှ မမျှောလင့်သည့် အဆိုပြုချက်၊ ဆုံးဖြတ်ချက်များကို အဆိုပြုမည့်လူပှေါလာပါစေဟု ဆုတောင်းမိသည်။ ရူးရူးနှမ်းနှမ်း လုပ်ချင်လည်း လုပ်ကြပါစေ၊ ခုအခြေအနေထက်တော့ ပိုမိုသက်ဝင်လှုပ်ရှားမှု ရှိလာမည်ဟု သူမျှောလင့်မိသည်။
ခုလည်း ရာမကှောမတီ၏ အစည်းအဝေးခန်းထဲသို့ မာကြူရီ၊ ကမဿဘာ၊ လ၊ ဂနဿဒီမီဒီ၊ တိုက်တန် နှင့် ထရီတန်ဂြိုလ်များမှ ဂြိုလ်ပေါင်းစု ကိုယ်စားလှယ်များဖြစ်ကြသည့် သူ၏ မိတ်ဆွေကြီးခြောက်ဦးသည် အရှင် လတ်လတ် လူကိုယ်တိုင် ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။
လူကိုယ်တိုင်မတက်ရောက်ပဲ ဂရပ်ဖစ်ပုံရိပ်ယောင်များဖြင့် ဗီဒီယို ကွန်ဖရန့်လုပ်ဖို့ဆိုသည်က မဖြစ်နိုင်သေး၊ ကမဿဘာနှင့်လတို့ ရေဒီယိုလှိုင်းဆက်သွယ်မှုသည် တစ်စကဿကန့်ခွဲကွာခြားသဖြင့် ကမဿဘာပှေါမှ လှုပ်ရှားမှုများကို နောက် တစ်စကဿကန့်ခွဲတွင် လပှေါမှမြင်ရသှောလည်း ထိုထက်ပိုဝေးသော ဂြိုလ်များအတွက်ဆိုလျှင် နာရီနှင့်ချီ၍ ကြန့်ကြာ သွားနိုင်၏။ ထို့ကြောင့်လည်း ဂြိုလ်ပေါင်းစု ဋဿဌာနချုပ်စခန်းသည် လပှေါတွင် တည်ရှိနေရခြင်းဖြစ်သည်။
ကှောမတီအစည်းအဝေးသို့ တက်ရောက်သောအခြားပုဂဿဂိုလ်များအနက် ပညာရှင်မျ
းလည်းပါရှိသည်။ ပထမ တစ်ယောက်က အာကာသအကြံပေး ကောင်စီ ဥကဿကဋဿဌ ပါေမာကဿခ ဒေးဗစ်ဆင်ဖြစ်၏။ နောက်တစ်ဦးက ပျောက်ဆုံးနေသော ဂရိ၊ ရောမနှင့် အခြား လူ့ယဉ်ကျေးမှုကြီးများ ကို ရှာဖွေဖှောထုတ်ခဲ့သည့် နာမည်ကျှော မနုသဿသဗေဒပညာရှင် ဒေါက်တာ သဲလ်မာပရိုက်စ်ဖြစ်သည်။ အာကာသ ဇီဝဗေဒပညာရှင် ကာလစ်စလီး ပါရဲရား၊ သိပဿပံဆိုင်ရာ သမိုင်းပညာရှင် ဒင်းနစ် ဆိုလိုမွန်တို့လည်း ပါဝင်ကြ၏။ အလွန်ကြီးကျယ်ထင်ရှားလှသော သမိုင်း ပညာရှင်ကြီး ဆာလူးဝစ်ဆန်းစ် ကတော့ မည်သည့်အခြေအနေတွင်မှ မြေကမဿဘာပှေါမှ မခွာဟူသည့် သူ၏ သနဿနိဋဿဌာန် အတိုင်း ဂရပ်ဖစ်ပုံရိပ်အနေဖြင့်သာ အစည်းအဝေးကို တက်ရောက်၏။ ထင်ရှားသည့် မနုသဿသဗေဒ ပညာရှင်တစ်ဦးဖြစ်သည် ကွန်းရတ်ဒ်တေလာ တစ်ယောက် ဤအစည်းအဝေးတွင် ပါဝင်လာခြင်းကိုတော့ ဒေါက်တာ ဘို့စ် စိတ်မသက်မသာဖြစ်မိသည်။ တေလာသည် ၂ဝ ရာစုနှစ် ဘီဗာလီဟေးစ်တောင်ကုန်းများမှ အညီအဟောက်ဇာတ်လမ်းများကို စိုက်လိုက်မတ်တပ် သုတေသနပြုခဲ့ခြင်းကြောင့် ပညာရှင်များကြား နှာခေါင်း ရှုံ့စရာ ပုဂဿဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
အဂဿငါဂြိုလ်၏ ကိုယ်စားလှယ်တှောကြီးဖြစ်သည့် ဒေါက်တာဘို့စ်သည် လည်ချောင်းရှင်းလိုက်၏။
"လူကြီးမင်းများခင်ဗျား၊ ကှောမတီအစည်းအဝေးစတင်ပါပြီ၊ ခုလို ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးကြောင့် အတတ်ပညာရှင် အစုံအလင်ပါတဲ့ ဒီလိုပုံမှန်မဟုတ်တဲ့ အစည်းအဝေးကြီး ကျင်းပနေရတယ်လို့ ကျွန်တှောပြော ရင်သိပ်မှားမယ်မထင်ပါဘူး။ ဂြိုလ်ပေါင်းစုကုလသမဂဿဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ရာမနဲ့ပါတ်သက်လို့ လမ်းညွှန်ချက်ထဲမှာ ခုရာမပှေါရောက်ရှိနေတဲ့ ယာဉ်မှူးနှောတန်ကို လိုအပ်တဲ့အကြံဉာဏ်များပေးကြဖို့ ပြောပါတယ်"
တကယ်တော့ အစည်းအဝေးတက်လာကြသူများအားလုံး သိရှိပြီးဖြစ်ပါသည်။ အရေးပှေါအခြေအနေမျိုးမှအပ ယာဉ်မှူးနှောတန်အား ရာမေကာှမတီမွ တိုက္ရိုက္ဆက္သြယ္ခြင့္မရွိ။ ရာမေကာှမတီ၏ လုပ်ဆောင်ချက်မှန်သမျှ ကို ဂြိုလ်ပေါင်းစု ကုလသမဂဿဂ၏ အထွေထွေအတွင်းရေးမှူးချုပ်ထံ တိုက်ရိုက်အစီရင်ခံစာတင်သွင်းကြရ၏။ စကြာဝဠာဆက်သွယ်ရေးစနစ်မှာ ကုန်ကျစရိတ်များလှသဖြင့် အထွေထွေအတွင်းရေးမှူးချုပ်က ယာဉ်မှူးနှောတန် ထံတိုက်ရိုက်ဆက်သွယ် အကြံပြုရန် ခွင့်ပြုသည့်တိုင်အောင် "ပလန်းနက်ကွန်" ကှောပိုရေးရှင်း၏ တစ်ခုတည်း သော ဆက်သွယ်မှုလမ်းကြောင်းကိုသာ အားကိုးကြရလိမ့်မည်။ ယခုထိတော့ ထိုကိစဿစ မအောင်မြင်သေး။
ကမဿဘာဂြိုလ်ကိုယ်စားလှယ်တှောကြီး ဆာရောဘတ်မက်ကေးက-
"ခုဆိုရင် ယာဉ်မှူးနှောတန်ဟာ အင်မတန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်။ ခက်တာက သူဟာ ဘယ်လိုလူစားလဲဆိုတာ ခုထိကျွန်တှောတို့ မသိရသေးဘူး" ဟုဆိုလိုက်၏။
ပါမောကဿခ ဒေးဗစ်ဆင်သည် သူ၏အိပ်ဆောင်ကွန်ပြူတာလေးကို ဟိုဟိုသည်သည် နှိပ်ရင်းက-
"သူ့အကြောင်းတွေကို ခုကျွန်တှောပြောပြပါ့မယ်။ သူ့နာမည်က ဝီလီယမ် ဆီယမ် နှောတန်၊ ၂ဝ၇၇ ခုနှစ်က မြေကမဿဘာ၊ သမုဒဿဒရာပိုင်းက ဘရစ်စ်ဘိန်းမြို့မှာမွေးတယ်။ ဆစ်ဒနီ၊ ဘုံဘေနဲ့ ဟူစတန်မှာ ပညာသင်ယူခဲ့တယ်။ အာကာသ သိပဿပံတကဿကသိုလ္မွာ ငါးနှစ်ပညာသင်ခဲ့တယ်။ ၂၁ဝ၂ မှာ ပါဆီဖိုနီဂြိုလ်ကို တတိယအကြိမ် လေ့လာရေး ခရီးစဉ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တယ်။ ကမဿဘာနဲ့ အဂဿငါဂြိုလ်နှစ်ခုလုံးအတွက် နှစ်ဂြိုလ်သား ခံယူခွင့်ရထားတယ်။ ဘရစ်ဘိန်းစ်မှာ ပထမမိန်းမနဲ့ ကလေးတစ်ယောက်၊ ပေါ့ထ်လိုဝဲလ်မှာ ဒုတိယမိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်။ ခုတတိယမိန်းမတစ်ယောက်ယူဖို့ အစီအစဉ်ရှိတယ်"
ကှောမတီဝင်များထံမှ ရယ်သံသဲ့သဲ့ကြားရ၏။ ပါမောကဿခ ဒေးဗစ်ဆင်၏ သတင်းအချက်အလက်သည် တိကျလွန်း အားကြီးလှသည်ကိုး။
"နေလေ့လာရေးသုတေသနယာဉ်မှူးအဖြစ် စတင်တာဝန်ယူပြီးတဲ့နောက် ပထမဆုံး ဂျူပီတာ
ဂိုလ်ခရီးစဉ်ကို သွားခဲ့တယ်။ နောက်ပိုင်းမှာတော့ ဥကဿကာခဲလေ့လာရေး သုတေသနကို စိုက်လိုက်မတ်တပ် လုပ်ခဲ့ပြီး အားမာန် အာကာသ သုတေသနယာဉ်ရဲ့ ယာဉ်မှူးအဖြစ်ခန့်အပ်ခံရတယ်။ အခြားသုတေသနယာဉ် သုံးစီးနဲ့အတူ ရာမလေ့လာရေး စခန်းဖြစ်တဲ့ စိတဿတပှေါပါသွားခဲ့ပြီး နောက်ဆုံး ကံကောင်းသူ ဒါမှမဟုတ် ကံဆိုးသူ မောင်ရှင်အဖြစ် ရာမနဲ့ ဆုံဆည်းဖို့ဖြစ်လာရတယ်"
ပါမောကဿခဒေးဗစ်ဆင်သည် နှောတန်၏ ကိုယ်ရေးမှတ်တမ်းကို ဖတ်ပြပြီးသော အခါ လူဦးရေ ၁၁၂၅ဝဝ သာရှိ သည့် မာကြူရီ ခှေါ ဗုဒဿဓဟူးဂြိုလ်၏ ကိုယ်စားလှယ်တှောကြီးက-
"ဒီကိုယ်ရေးမှတ်တမ်းအရ နှောတန်က အရည်အချင်းပြည့်ဝတဲ့ ယာဉ်မှူးတစ်ယောက်ပဲ။ အခု ရာမလို သက်မဲ့ အရာဝတဿတုတစ်ခုပှေါမှာ သူဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်" ဟုပြောလိုက်၏။
ရာမကှောမတီ အထူးအစည်းအဝေးကို ကမဿဘာပှေါမှ တက်ရောက်နေသော ဆာလူးဝစ်ဆန်းစ်သည် လည်ချောင်းရှင်းလိုက်၏။ နောက်တစ်စကဿကန့်ခွဲအကြာတွင် လပှေါရှိ ဂြိုလ်ပေါင်းစု ကုလသမဂဿဂဋဿဌာနခ်ုပ္စခန္းရွိ ရာမေကာှမတီ အစည်းအဝေးခန်းမအတွင်းတွင် သူ၏ ဂရပ်ဖစ်ပုံရိပ်က လည်ချောင်းရှင်းနေပုံကို မြင်တွေ့ကြရ၏။
"ရာမဟာ သက်မဲ့အရာဝတဿတုသက်သက်တော့ ဟုတ်မယ်မထင်ဘူး ဟာမီယန်" သမိုင်းပညာရှင်ကြီးက ဗုဒဿဓဟူး ဂြိုလ်ကိုယ်စားလှယ်ကို ပြောကြားလိုက်၏။
"ရာမထဲမှာ သက်ရှိတွေ မရှိဘူးလို့ ခုထိဘယ်သူမှ သေချာမပြောနိုင်သေးဘူး။ အကယ်၍ သက်ရှိသတဿတဝါ တစ်စုံ တစ်ရာမရှိခဲ့ရင်တောင် နှောတန်အနေနဲ့ ပျက်သုဉ်းသွားခဲ့တဲ့ သက်ရှိယဉ်ကျေးမှုတစ်ခုကို လေ့လာခွင့်ရခဲ့မှာပဲ၊ ဥပမာပြောရရင် စကက်ဘလီမန်းက ထရွိုင်ယဉ်ကျေးမှုကို မူးဟော့ထ်က အန်ကောဝပ်ယဉ်ကျေးမှုကို ဖှောထုတ် ခဲ့သလိုပေါ့"
"ဒါပေမဲ့ သတိတော့ထားရလိမ့်မယ်၊ ရာမမှာ ခုထိမမြင်ရသေးတဲ့ အနဿတရာယ်တွေနဲ့ ထောင်ချောက်တွေ ရှိနိုင်တယ် လို့ ကျွန်မတို့ယူဆထားခဲ့ကြတယ်မဟုတ်လား၊ ရာမဟာ ပန်ဒိုရာရဲ့ မှောသေတဿတာ* ဖြစ်နေမှာစိုးရတယ်" ဒေါက်တာ သယ်လ်မာပရိုက်စ်က ဝင်ပြောလိုက်သည်။
မြေကမဿဘာကိုယ်စားလှယ်တှောကြီး ဆာရောဘတ်က ခေါင်းတညိတ်ညိတ်ဖြင့်
"ထရွိုင်တို့၊ အန်ကောဝပ်တို့နဲ့ ခုအခြေအနေနဲ့က အတှောကွာခြားတယ်။ ရာမမှာမမြင်ရတဲ့အနဿတရာယ်တွေ ဝိုင်းနေတယ်လို့ ပန်ဒိုရာ သမားတွေက ယူဆတယ်။ သူတို့အနေနဲ့က နှောတန်တို့ဟာ ရာမထဲကို မဝင်သင့်ဘူးလို့ထင်တယ်၊ ဒီမှောသေတဿတာကိုဖွင့်မိရင် ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး" ဟု ပန်ဒိုရာခှေါ အကြောက်သမားများ၏ အယူအဆကို တင်ပြ လိုက်သည်။
ကွန်းရတ်ဒ်တေလာသည် မခိုးမခန့်ပြုံးလိုက်ပြီး-
"ပန်ဒိုရာကြောက်တတ်သူတွေနဲ့ လာတွေ့နေပါပေါ့လား။ တကယ်တော့ ဒါတွေအားလုံးဟာ မှန်းဆချက်တွေ ချည်းပဲဗျ။ ပြေးမကြည့်ပဲ တွေးကြည့်ပြီး ချောက်ခြားတုန်လှုပ်နေကြရတာက ပိုဆိုးတယ်လို့ကျုပ်တော့ ထင်မိတယ်"
ဆာရောဘတ်က တေလာ့ကို ကြည့်လိုက်ပြီး-
"ဆရာတေလာ ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တှောတို့ စဉ်းစားရမှာက နှောတန်တို့ ရာမကိုဖွင့်လိုက်လို့ အထဲမှာ ရာမသား၊ သက်ရှိမျိုးနွယ်တစ်ခုခုနဲ့ ထိပ်တိုက်တွေ့ပြီဆိုပါစို့၊ ဒီဖြစ်ရပ်ဟာ အင်မတန်ခြားနားတဲ့ ယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်တိုးမိတာမျိုးနှော၊ ဥရောပသားတွေ အာဖရိကမြေကို စနင်းခဲ့တုန်းက အဖြစ်မျိုး၊ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ဂျပန်ပြည်ကို အမေရိကန်ရေတပ်ဗိုလ် ပယ်ရီ အမြောက်နဲ့ပစ်ပြီး ဝင်သလိုမျိုးဖြစ်သွားနိုင်တယ်။ တစ်ဖက်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးအတွက် အကျိုးယုတ်စရာ ဖြစ်သွားနိုင်တယ်။ ကျွန်တှောက ဖြစ်နိုင်ဖွယ်ရှိတာကို တင်ပြနေတာပါ" ဆာရောဘတ်သည် ဝါရင့်သံတမန်ကြီး တစ်ဦးဖြစ်သည့်အားလျှောစွာ သံခင်းတမန်ခင်း ဒစ်ပလိုမက်စကားအရာတွင် ကျွမ်းကျ
်လှသည့် ပုဂဿဂိုလ်ကြီးတစ်ဦး ဖြစ်၏။ ကွန်းရတ်ဒ်တေလာ ငြိမ်သွားသည်။
"ကျေးဇူးတင်ပါတယ် ဆာရောဘတ်" ဒေါက်တာဘို့စ်က ဝင်ပြောလိုက်သည်။
"ခုဆိုကျွန်တှောတို့ ဖြစ်နိုင်ချေတွေအတှောများများကို ဆွေးနွေးပြီးခဲ့ကြပြီ။ ရာမထဲမှာ အနဿတရာယ်ပေးနိုင်တဲ့ သက်ရှိသတဿတဝါတွေရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကို ဟာ မှန်တယ်ဆိုရင် ဘာဆက်လုပ်ကြမလဲ"
"ကျွန်တှောတို့က သူတို့ကို အနဿတရာယ်မပေးပဲ ပြန်ထွက်ခွာသွားခဲ့ရင် သူတို့လည်း ဘာမှလုပ်မှာမဟုတ်ဖူးလို့ ထင်တယ်"
"ဒါဆို သူတို့မိုင်ပေါင်းဘီလီယံနဲ့ချီပြီး နှစ်ပေါင်းထောင်နဲ့ချီပြီး ပျံသန်းလာတဲ့ခရီးစဉ်ကို လူသိမခံချင်ဘူးလို့ လူကြီးမင်းတို့ ယူဆတယ်ပေါ့"
ဒေါက်တာဘို့စ်သည် မတ်တပ်ရပ်စကားပြောနေရာမှ ကုလားထိုင်ပှေါပြန်ထိုင်လိုက်ပြီး အားလုံး၏ သဘောထားကို စောင့်ဆိုင်းနေလိုက်သည်။ အစည်းအဝေးမစတင်မှီကတည်းက သူထင်ခဲ့သည့်အတိုင်းပါပဲ။ နောက်ဆုံးထွက်လာသည့် အစည်းအဝေးဆုံးဖြတ်ချက်က နှောတန်သည် ရာမအတွင်းသို့ဝင်ရန် ပထမတံခါးကို ဖွင့်ပြီးခဲ့ပြီဖြစ်သှောလည်း အတွင်းတွင်နောက်ထပ်တွေ့ရသည့် ဒုတိယတံခါးပေါက်ကို မဖွင့်ရန် ရူးရူးနှမ်းနှမ်း ဆုံးဖြတ်မည့်သူရှိဖို့ သူမျှောလင့်ဆုတောင်းမိသှောလည်း ဆုတောင်းကားမပြည့်။ အားလုံးက တညီတညွတ် နှောတန့်ကို ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်ကြသည်ကော။
ပန်ဒိုရာ- ဂရိဒဏဿဍာရီလာ နတ်ဖုရားမတစ်ဦးဖြစ်သည်။ သူ့ထံတွင်ရှိသော ထူးဆန်းသည့် မှောသေတဿတာတစ်လုံးကို ဖွင့်လှစ်ခြင်းမပြုနိုင်ရန်အတွက် ပန်ဒိုရာသည် ၎င်း၏ လူသားချစ်သူကို ကတိသစဿစာအမျိုးမျိုးတောင်း၍ ကျိန်စာအထပ်ထပ်တိုက်ပြီး ပေးအပ်ထားခဲ့သှောလည်း ဖွင့်ဖြစ်အောင်ဖွင့်ခဲ့သဖြင့် သေတဿတာအတွင်းမှ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ရသာလျှင် ဘနဖူးသိုက်တူးခြင်း၊ နှင့် ရောဂါဆိုးအမျိုးမျိုးသည် ခုထိ လူ့လောကကို နှိပ်စက်ကလူ ပြုခဲ့ကြခြင်းဖြစ်သည်ဟု အဆိုရှိသည်။

Recent Comments