ရာမ (၆)
24 Jun 2010 Leave a Comment
အခန်း (၇)
ကြင်ယာတှောနှစ်ဦး
အကယ်၍သာ မြေကမဿဘာနှင့် အဂဿငါဂြိုလ်ပှေါရှိ သူ၏ အိမ်သူသက်ထား ကြင်ယာတှောနှစ်ဦးသည် ယခုသူပို့လွှတ်မည့် သူ၏ ဂရပ်ဖစ် ပုံရိပ်လွှာများကို နှိုင်းယှဉ်ကြည့်မိကြမည်ဆိုလျှင်၊ နှောတန်သည် တွေးကြည့်ရင်း အူမြူးလာ၏။
အဘယ်ကြောင့်ဆိုသှော သူသည် မိန်းမနှစ်ယောက်လုံးအား ပုံရိပ်တစ်ခုတည်းကို ပို့လွှတ်လိုက် သောကြောင့် ဖြစ်၏။ ပုံရိပ်ကလည်းအတူတူ၊ ပြောလိုက်သည့် စကားများကလည်း အတူတူ တူးအင်ဝမ်း လုပ်လွှတ်လိုက်ခြင်းဖြစ်၏။
တကယ်တော့လည်း ဂြိုလ်များအကြား ထိုသို့ ပုံရိပ်လွှာ နှိုင်းယှဉ်ဖို့ ဆိုသည်မှာ အာကာသယာဉ်မှူး မိသားစုများ အတွက် သတ်မှတ်ပေး ထားသော အထူးဈေးနှုန်း ဖြင့်ပင် ဈေးကြီး လွန်းလှသည့်အတွက် သူ့မိန်းမများသည် ထိုသို့သော အလုပ်မရှိကြောင်ရေချိုးအလုပ်မျိုးကို မလုပ်တန်ရာပါ။ တစ်ယောက်နှင့် တစ်ယောက် ပုံရိပ်မျှသာ မြင်ဖူးကြသည့် သူ့ကြင်ယာတှောနှစ်ဦးသည် ဒီတစ်သက် လူ အရှင်လတ်လတ် တွေ့စရာအကြောင်းလည်းမရှိ။ အဂဿငါဂြိုလ် ဇာတိဖြစ်သော မာနာမှာ ကမဿဘာကို ခါးခါးသီးသီးမုန်းသလို မြေကမဿဘာဇာတိချက်ကြွေ ကယ်ရိုလင်းက လည်း လပှေါသို့ပင် မသွားချင်သောကြောင့်ဖြစ်၏။ ခုယာဉ်မှူးနှောတန်သည် ထိုဂြိုလ်သူဇနီးနှစ်ယောက်အတွက် အမှာစကားကို ပြောကြားနေလေသည်။
“ကိုယ်တစ်ရက်နောက်ကျသွားတာ စိတ်မကောင်းပါဘူးကွယ်။ ပြီးခဲ့တဲ့ နာရီသုံးဆယ်လုံးလုံး ကိုယ်ယာဉ်ပှေါမှာ ရှိမနေဘူး။ ဒီလိုပြောလို့ လန့်မသွားနဲ့ဦး။ ခုထိတော့အကုန်လုံးအဆင်ပြေပါတယ်။ ရာမရဲ့ဝင်ပေါက်တံခါး အဝိုင်းကြီးတွေကိုဖွင့်ဖို့ နှစ်ရက်လုံးလုံးအချိန်ယူပြီး မနားမနေလုပ်နေရတယ်။ ပြီးခဲ့တဲ့နှစ်နာရီလောက်ကတော့ သုံးထပ်မြောက်တံခါးကိုဖွင့်ခဲ့ကြပြီ။”
“တကယ်တော့ ရာမရဲ့ပိတ်ထားတဲ့ တံခါးတွေအားလုံးဟာ ပြောင်းပြန်လှည့်ဖွင့်ရတဲ့ ဘီးတံခါးတွေချည်းပဲ။ တစ်ရာ့ရှစ်ဆယ် ဒီကရီ အထိလှည့်ပြီးရင် တံခါးပွင့်သွားတယ်။ အဲသလို တံခါးမျိုး သုံးထပ်ထပ်ပြီး ပိတ်ထားတယ်။ ကိုယ်တို့ဟာ ဒီတံခါးတွေကိုမဖွင့်ခင် ကင်မရာတွေနဲ့ ပါတ်ပါတ်လည်အသေးစိတ်ဓါတ်ပုံရိုက် ရသေးတယ်။ ကိုယ်တို့ဝင်သွားပြီးရင် ဒီတံခါးတွေ ပြန်ပိတ်သွားမသွား သေချာအောင်လို့ပေါ့။ တကယ်လို့များ ပြန်ပိတ်သွားခဲ့ရင် ဘယ်လိုထွက်ရမယ်ဆိုတာ မသိဘူးလေ”
“နောက်ဆုံးတံခါးပေါက်ပွင့်သွားတော့ ကီလိုမီတာတစ်ဝက်လောက်ရှည်တဲ့ စကြဿငန်ရှည်ကြီးကို ကိုယ်တို့တွေ့ လိုက်ရတယ်။ တစ်မီတာ တစ်ခုလောက် မီးတိုင်လိုလိုအရာဝတဿတုလေးတွေကို စကြဿငန်ဘေးမှာတွေ့ရပေမဲ့ ခုထိတော့ ရာမဟာ ပိန်းပိတ်အောင်မှောင်နေတုန်းပဲ။ အဲဒီစကြဿငန်ကြီးလည်းဆုံးရော နောက်ထပ်ပိတ်ထားတဲ့ တံခါးပေါက်ကြီးကိုတွေ့လိုက်ရတော့တာပါပဲ”
“ကိုယ့်အထင်တော့ ရာမသားတွေဟာ ဘယ်ကိစဿစမဆို သုံးကြိမ်သုံးခါလုပ်လေ့ရှိကြတယ်ကွဲ့၊ ခုတံခါးပေါက် ကလည်း သုံးထပ်ပိတ်ထားပြန်တယ်လေ။ ခုကိုယ်တို့လူတွေ နောက်ဆုံးတံခါးပေါက်ကိုဖွင့်ဖို့အသင့်ဖြစ်နေကြပြီ။ လူကြီးတွေရဲ့ခွင့်ပြုချက်ကိုစောင့်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကွယ်။ ခုဆိုရင် ရာမရဲ့အတွင်းဖက်ကိုရောက်ဖို့ မီတာ အနည်းငယ်ပဲလိုတော့တယ်။ ကိုယ်တော့ တစ်မျိုးကြီးခံစားနေရတယ်၊ အံ့ဩသလိုလို၊ ဝမ်းနည်းသလိုလို၊ ဘယ်လိုခံစားမှုကြီးမှန်းကို မပြောတတ်တော့ပါဘူး”
“ကိုယ့်သူငယ်ချင်း ဂျယ်ရီကားကော့ဖ်ကိုသိတယ်မဟုတ်လား။ ရှားပါးတဲ့ရှေးဟောင်းစာအုပ်တွေ အများကြီးပိုင်တဲ့ လူလေ။ သူပြောဖူးတာတစ်ခု သတိရမ
တယ်။ အခုကိုယ်ကြုံနေရတဲ့ အဖြစ်မျိုးနဲ့တူလွန်းနေလို့ပါ။ ၂၁ ရာစုအစ ပိုင်းလောက်က- နေဦး- ၂ဝ ရာစုတုန်းက ထင်တယ်။ နာမည်ကျှော အီဂျစ်ဘုရင်တစ်ပါးရဲ့ရှေးဟောင်းဂူသချိုင်း ကိုရှာတွေ့ခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ရှိခဲ့တယ်တဲ့။ ဘယ်သူခိုး ဓါးပြမှ မတွေ့ခဲ့ကြသေးတဲ့ သချိုင်းပေါ့။ အဲဒီကြီးကျယ်လှတဲ့ ဂူသချိုင်းကြီးကို သူ့အလုပ်သမားတွေက တစ်ခန်းပြီးတစ်ခန်း ခက်ခက်ခဲခဲ တူးဖှောခဲ့ကြတာ နောက်ဆုံးနံရံတစ်ခုကိုတွေ့ကြပါလေရောတဲ့။ အဲဒီ ပညာရှင်ဟာ မီးအိမ်လေးတစ်လုံးဆွဲပြီး နံရံကိုဖောက်ထားတဲ့အပေါက်ကနေတစ်ဆင့် အထဲကိုခေါင်းပြူကြည့် လိုက်တဲ့အခါ ခန်းလုံးပြည့်နေတဲ့ ရွှေငွေရတနာ ကျောက်သံပတဿတမြားတွေကိုဘွားကနဲ တွေ့လိုက်ရတယ်တဲ့”
"အခုလည်း ကိုယ်တို့ဟာ သချိုင်းဂူနဲ့တူတဲ့ အာကာသထဲက အမျိုးအမည်မသိတဲ့ ယာဉ်ကြီးထဲကိုရောက်နေကြ ပြီ။ အခုထိတော့ အသံကလေးတစ်သံ၊ လှုပ်ရှားမှုလေးတစ်ခုတောင်မတွေ့ရသေးဘူး၊ ကြာလေလေ သုသဿသန်တစပြင်နဲ့ တူလေလေပါပဲကွယ်။ အေးလေ၊ မနက်ဖြန်ဆိုရင်တော့ ကိုယ်တို့သေချာသိရတော့မှာပါ"
ယာဉ်မှူးနှောတန်သည် စကားပြောခလုပ်ကို ခေတဿတပိတ်လိုက်ပြီး စဉ်းစားနေမိ၏။ မိသားစုသို့ပါးမည့် ကိုယ်ရေးကိုယ်တာအမှာစကားများက ယခုလုပ်နေသည့် သူ့အလုပ်အကြောင်း အသေးစိတ်အစီရင်ခံစာကဲ့သို့ ဖြစ်နေသည်မှာ သင့်တှောပါရဲ့လား။ ပုံမှန်အားဖြင့်တော့ နှောတန်သည် အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို သီးခြား ခွဲထားလေ့ရှိသူတစ်ဦးဖြစ်သည်။ သို့သှောအခုအခြေအနေက ပုံမှန်ဟုပြောရန်ခက်ခဲလွန်းလှသည်။ ယခုပို့လွှတ် မည့် ဗီဒီယိုဂရမ်ပုံရိပ်သည်ပင် သူချစ်ရသောသူများအတွက် သူ၏နောက်ဆုံးအမှာစကားဖြစ်သွားနိုင်သည်မို့ ရှည်ရှည်ဝေးဝေးပြောနေမိခြင်းသာပါ။
ဇနီးသည်နှစ်ဦးသည် သူ၏ ယခုပြောနေသည့်အမှာစကားများကို နားဆင်၍ သူ့ပုံရိပ်ကိုကြည့်ရချိန်တွင်မတော့ သူသည် အကောင်းအဆိုး အကြောင်းအကျိုးကို ပြောပြရန်ခက်ခဲလှသည့် ပုစဿစာဆန်လှသော ရာမ၏အတွင်းသို့ ရောက်နေပြီဖြစ်နေတော့မည် မဟုတ်ပါလား။
+++++++++++++++++
အခန်း (၈)
ဝင်ပြီ
ယခင်တုန်းကတော့ နှောတန်သည် ရာစုနှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့ပြီဖြစ်သော ရှေးဟောင်းအီဂျစ် သုတေသနပညာရှင်ကြီး ဟိုးဝပ် ကာတာကို တစ်ကြိမ်တစ်ခါမှ ကိုယ်ချင်းစာနာစိတ်မဖြစ်ပှေါခဲ့ဘူးပါ။ အခုတော့ ကာတာကို ကိုယ်ချင်းစာနာစိတ်များ တဖွားဖွားပှေါပေါက်လျှက်ရှိသည်။ သူ့ကိုယ်သူလည်း ကာတာ၏ ကိုယ်ပွား အလားခံစားနေရသည်။ အီဂျစ်ဘုရင် တွမ်တန့်ခါမန်း၏ ဂူသချိုင်းအတွင်းသို့ ပထမဆုံး ရောက်ရှိခဲ့သည် ဟိုးဝပ် ကာတာနှင့် ခုရာမအတွင်းသို့ ပထမဆုံးရောက်ရှိခဲ့သည့် သူ့ကိုနှိုင်းယှဉ်ရသည်မှာ တကယ်တော့ ရယ်စရာကောင်း လောက်အောင်အဓိပဿပါယ်မဲ့လှသည်။
တွန်တန့်ခါမန်းကို မြှုပ်နှံခဲ့သည်မှာ လူ့သမိုင်းနှင့်နှိုင်းယှဉ်လျှင် မနေ့တစ်နေ့ကမှဖြစ်သည်။ နှစ်ပေါင်းလေးထောင် ပင်မပြည့်တတ်သေး။ ရာမဖြတ်သန်းလာခဲ့သော အချိန်ကိုဘယ်သူမှမသိ၊ နေစကြာဝဠာသက်တမ်းထက်ပင် ရှည်လျှားကောင်းရှည်လျှားနိုင်သည်။
ကြီးကျယ်ခမ်းနားလှပါသည်ဆိုသည့် ထိုအီဂျစ်ဘုရင်၏ ပစ်ရမစ်ဂူသချိုင်းသည် ရာမသို့အဝင်လမ်းတွင် သူတို့ဖြတ်သန်းခဲ့ရသည့် စကြဿငန်လမ်းတစ်ဝက်မျှပင်မရှိ။ ဝင်ပေါက်၏ ဟိုမှာဖက်ရှိရာမအတွင်းပိုင်းသည် ယခုတွေ့နေရသည့်မြင်ကွင်းထက် အဆတစ်သန်းခန့် ကျယ်ပြောမည်မှာမြေကြီးလက်ခတ်မလွဲ။ ရာမ၏ အတွင်း ဖက်တွင် မည်သည့်အရာများ၊ မည်သည့်ရတနာများမြှုပ်နှံထားမည်နည်း။ မှန်းဆကြည့်၍ မရနိုင်။
အထပ်ထပ်အခါခါလေ့ကျင့်ထားကြသည့် နှောတန်၏ အဖွဲ့ဝင်များသည် စစ်ဆေးမှုများ မပြီးမချင်း ရေဒီယို ဆက်သွယ်ရေးစနစ်ကိုပိတ်ထားကြသည်။ မည်သ
မျှ စကားမပြောကြ။ နောက်ဆုံးတော့ သတိကြီးစွာ စစ်ဆေး စမ်းသပ်မှုများပြီးဆုံးသွား၏။ လက်ထောက်ယာဉ်မှူး မာစာသည် နှောတန်ကို အိုကေဟု လက်ဟန်အမူအရာဖြင့် ပြသလိုက်ပြီး ပွင့်အာလျှက်ရှိသော ဝင်ပေါက်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။ ဝင်နိုင်ပြီဆိုသည့်သဘော။
နှောတန်သည် ဓါတ်မီးကိုဖွင့်လိုက်ပြီး ကျောတွင်ပိုးလွယ်ထားသော ဂျက်အင်ဂျင်ဒုန်းတွန်းစက်ကို နှိုးလိုက်သည်။ သမိုင်းတွင်မည့် ထိုအခိုက်အတန့် တခဏတာအချိန်လေးကို အားလုံးက မှင်သက်ငေးမောနေကြ၏။ စကဿကန့် အနည်းငယ်ကြာတော့ သူအထဲရောက်သွားခဲ့သည်။
ရာမတွင်းသို့ သက်ဆင်းဝင်ရောက်လာသော သူ့ကိုဆီးကြိုလိုက်သည်ကတော့ ပိန်းပိတ်နေသည့် အမှောင်ထုကြီး သာဖြစ်၏။ သူ့ဓါတ်မီးမှ အလင်းရောင်သည် ထိုအမှောင်ထုကြီးထဲတွင် နစ်ဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ရာမ၏အတွင်းပိုင်းသည် အလွန်အင်မတန်ကြီးမားသည့် ဟောင်းလောင်းပေါက်ကြီးဖြစ်သည် ဟုသော တွက်ချက်မှုများမှန်ကြောင်း သက်သေပြနေသကဲ့သို့ရှိ၏။ နှောတန်သည် အသက်အနဿတရာယ် ကာကွယ်ရေး အတွက် ခါးတွင်ချည်လာသော လုံခြုံရေးကြိုးကိုပင် စိတ်မချသလိုဖြစ်လာမိသည်။ သူ့ကိုယ်သူ လည်း ထိုခံစားချက်ပှေါလာသည့်အတွက် အံ့ဩမိသည်။ အလင်းနှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့သော၊ အာကာသ ဓါးတောင်ကိုကျှော၍ မီးပင်လယ်ကို ဖြတ်ကျှောခဲ့သော၊ အစိမ်းသက်သက် ဂြိုလ်များပှေါသို့ မျက်တောင်တစ်ချက်မခတ်တမ်း ရဲရဲဝံ့ဝံ့ ဆင်းသက်ခဲ့သော သူ့လို ဝါရင့်သမဿဘာရင့် အာကာသယာဉ်မှူးတစ်ယောက် သည် အဘယ်ကြောင့် ဤအမှောင်ထုအတွင်းသို့ ခြေတစ်လှမ်းပင်မတိုးရဲလောက်အောင်ဖြစ်နေရသနည်း။
တကယ်တော့ မတိုးရဲခြင်းမဟုတ်။ တိုး၍မရခြင်းသာဖြစ်သည်။ သူ့ခါးတွင်ချည်နှောင်တပ်ဆင်ထားသော လုံခြုံ ရေးကြိုးတဆုံးသို့ သူရောက်သွားသဖြင့်သူ့ကို ကြိုးကဆွဲထားခြင်းပင်။ ဘာမှမမြင်ရသော ရှေ့တည့်တည့်သို့ ထိုးထားမိသော ဓါတ်မီးကို သူရပ်နေသောအရာသို့ ထိုး၍ ကြည့်မိသည်။ သူမြင်တွေ့ရသည်ကား———-။
===================
သူသည် အလွန်တရာကြီးမားလှသည့် ပန်းကန်လုံးကြီးတစ်ခု သို့မဟုတ် မီးအုပ်ဆောင်းကြီးတစ်ခု၏ အလယ်ဗဟို တွင်ရောက်ရှိနေ၏။ ဘေးပါတ်ပါတ်လည်တွင်ရှိသောအရာဝတဿတုများကား လက်နှိပ်ဓါတ်မီးအလင်းရောင်ဖြင့် ကွဲပြားစွာမမြင်ရ။ ထွေပြားဝေဝါးလွန်းလှသည်။ ဒါပဲ။ သူမြင်သမျှ ဒါအကုန်ပဲဖြစ်၏။ သက္ရွိသတဿတဝါ တစ္စံု တစ္ရာမရွိ။ မြင်ကွင်းသည် ငြိမ်သက်ပကတိ။ အသုံးမပြုတော့သော မိုင်းတွင်းဟောင်းကြီးတစ်ခု၏ အပေါက်ဝ သို့ရောက်နေသည်နှင့်ပင် တူနေသေး၏။ နှောတန်သည် ဘဝင်မကျ။ သူမြင်ရသည်က မီတာတစ်ရာမျှသာ ဖြစ်သည်မို့ အမှောင်ထုကြီးထဲရှိ အခြားအရာများကို မြင်လိုသည့်စိတ်က ပြင်းပြစွာဖြစ်ပှေါလာသည်။ စိတ်လှုပ်ရှား စွာစောင့်မျှောနေကြသော အဖွဲ့သားများကို သူသတင်းပို့လိုက်သည်။
"အချက်ပြမီးပန်းလွှတ်မယ်။ အလင်းရောင်အပြည့်အဝရဖို့ ကြာမြင့်ချိန် နှစ်မိနစ်။ အခုလွှတ်လိုက်ပြီ"
လက်ကို အပှေါသို့မြှောက်၍ အချက်ပြမီးပန်းပစ်လွှတ်လိုက်သည်။ မီးလင်းလာမည့်အချိန်ကို စကဿကန့်နှင့်အမျှ ရေတွက်စောင့်မျှောနေမိသည်။ ၁၅ စကဿကန့်ကြာသှော အလင်းရောင်မှိန်မှိန်ကို စတင်မြင်တွေ့ရသည်။ စကဿကန့် တစ်ရာထိရေတွက်ပြီးသှော ကင်မရာကို ထုတ်လိုက်သည်။ နောက်စကဿကန့်နှစ်ဆယ်ကြာသောအခါ ရာမ၏ အတွင်း ကမဿဘာသည် မီးရောင်ဖြင့် ထိန်ထိန်လင်းသွားတော့သည်။ ဖယောင်းတိုင် တစ်သန်း၏အလင်းရောင်ကို ပေးစွမ်းနိုင်သော အချက်ပြမီးပန်းပင်လျှင် ရာမကမဿဘာတစ်ခုလုံး နှောတန်၏ မြင်ကွင်းတွင်းသို့ ဝင်ရောက်လာရန် မစွမ်းနိုင်ခဲ့ပါချေ။ သို့သှောလည်း ယခုလောက်မြင်ရလျှင်ပင် သူ့အတွက်လုံလောက်ပြီဖြစ်၏။
သူသည် အနည်းဆုံးဆယ်ကီလိုမီတာကျယ်ပြီး မခန့်မှန်းနိ
င်လောက်အောင် ရှည်လျှားသည် ထုလုံးရှည်ဆလင်ဒါ ကြီး၏ အစွန်းတစ်ဖက်ရှိ အလယ်ဗဟိုချက်မတည့်တည့်တွင်ရောက်နေ၏။ ထိုနေရာမှနေ၍ မီးပန်းလင်းသည့် မျက်စိတစ်မှိတ်စာအချိန်လေးအတွင်း သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းသည် နှောတန့်အတွက်တစ်သက်မမေ့နိုင် လောက်အောင် ရင်သပ်ရှုမောဖြစ်ခဲ့ရသည်။ အယောင်ယောင်အမှားမှားလည်းဖြစ်ခဲ့ရသည်။ မျက်စိလည်း လည်ခဲ့ရသည်။ (မျက်မမြင် မဟာသမဿဘဝ၊ စူဠာသမဿဘဝ ညီနောင်မျက်စိစမြင်ချိန်က မိုးကားအဖုံး၊ မြေကားအထဲပါ တကားဟု ထင်မြင်ချက်ပေးသကဲ့သို့) အာရုံလည်းမှားခဲ့ရသည်။
မီးရောင်ကားပျောက်သွားခဲ့ချေပြီ။ သို့သှောရာမ၏ မြင်ကွင်းတို့ကား နှောတန့်စိတ်အာရုံထဲမှ ပျောက်မသွား။ မသေမခြင်းပင် ထင်ကျန်နေဦးတော့မည်ဖြစ်သည်။ နှောတန်သည် အာကာသတစ်နေရာမှ အမျိုးအမည် မသိ သော သက်ရှိတို့၏ ယဉ်ကျေးမှုလက်ရာများကို ပထမဆုံးမြင်တွေ့ခဲ့ရသူအဖြစ် လူ့သမိုင်းတွင်မှတ်တမ်းရေးထိုး ခဲ့ပြီးဖြစ်သည်ကို ထိုစဉ်က သူ့ကိုယ်သူသတိမထားမိလောက်အောင်ပင် မိန်းမောလျှက်ရှိနေပေတော့သည်။
+++++++++++++++++++

Recent Comments