ရာမ (၇)
26 Jun 2010 Leave a Comment
အခန်း (၉)
ကနဦး စုံစမ်းခြင်း
“ကျွန်တှောတို့ အချိန်ကြာကြာလင်းမဲ့ အချက်ပြ မီးပန်းကြီးငါးခု လွှတ်ပြီး ရာမတစ်ခုလုံးကို ဓါတ်ပုံရိုက်ယူ ခဲ့ပြီးပါပြီ။ အရေးကြီးတဲ့ အရာတွေကို မြေပုံဆွဲပြီး ယာယီနာမည်တွေပေးထားပါတယ်”
“ရာမရဲ့အတွင်းပိုင်းဟာ အနည်းဆုံး ကီလိုမီတာ ငါးဆယ်ရှည်ပြီး ဆယ့်ခြောက်ကီလိုမီတာ ကျယ်မယ်လို့ ခန့်မှန်းရပါတယ်။ အစွန်းနှစ်ဖက်ဟာ တစ်ဖက်နဲ့တစ်ဖက်လည်း တည်ဆောက်ပုံ ခြင်းမတူကြဘူးခင်ဗျ။ ကျွန်တှောတို့ အခုရောက်နေတဲ့အစွန်းကိုတော့ မြောက်ဝင်ရိုးစွန်းလို့ အမည်ပေးထားပါ တယ်။ မြောက်ဝင်ရိုးစွန်း ရဲ့ ပန်းကန်လုံးလို ခွက်နေတဲ့ အလယ်ဗဟိုချက်တည့်တည့် ဝင်ပေါက်နားမှာကျွန်တှောတို့ အခုစခန်းချထား ကြတယ်”
“ဗဟိုချက်ကနေ ၁၂ဝ ဒီကရီစီခြားပြီး စောင်းတန်းလှေကားရှည်ကြီးသုံးစင်းဟာ ဖြာထွက်သွားကြတယ်။ စစခြင်းအဲဒီလှေကားကြီးတွေကို မြင်လိုက်တော့ ကျွန်တှောချာချာလည်သွားတယ်။ လှေကားသုံးစင်းဟာ မိုးပှေါတက်သွားတယ်လို့ မြင်နေမိလို့ ပါပဲ။ နောက်တော့ ကျွန်တှောတို့ အကျွမ်းတဝင်ရှိတဲ့ လုံးဝိုင်းတဲ့ ဂြိုလ်စနစ်မဟုတ်ပဲ ဆလင်ဒါပုံသဏဿဍာန် စနစ် တစ်ခုထဲရောက်နေပါလားလို့ ကိုယ့်ကိုယ်ကို သတိပေးပြီး ကိုဩဒိနိတ်တွေကို ပြန်ပြင်ကြည့်လိုက်ရတယ်။ နို့မို့ရင် အဲဒီ အမြင်လှည့်စားမှုကြောင့် ရူးသွားမလားပဲ”
“ကျွန်တှောတို့က ကိုယ့်ကိုယ်ကို ရာမရဲ့ အနိမ့်ဆုံးနေရာရောက်နေတယ်လို့ သဘောထားပြီး အမြင်အာရုံကို ခံစားပုံဖှောနေမိတာကိုး။ တကယ်က ဝင်ရိုးစွန်းရဲ့ ဗဟိုချက်မနေရာဟာ ရာမလို ထုလုံးရှည်ကမဿဘာမှာ အမြင့်ဆုံး နေရာပဲလေ။ ဒီတော့အရာအားလုံးဟာ ဒီကနေဆင်းသွားတယ်လို့ပဲ မှတ်ရမှာပေါ့။ တက်သွားတာမဟုတ်ဘူး၊ ကျွန်တှောတို့ဟာ ရာမကမဿဘာရဲ့ ခေါင်မိုးကိုရောက်နေတာကိုး”
“လူကြီးမင်းတို့မြင်သာအောင် ဘယ်လိုဥပမာပေးရမလဲ။ အင်း- ဟုတ်ပြီ။ ကိုင်းသုံးခုပဲပါတဲ့ ထီးတစ်ခုကို မြင်ယောင်ကြည့်ကြပါ။ ထီးကိုင်းတစ်ခုစီမှာ ညီညာတဲ့အဆစ်ကလေးတွေပါတယ် မဟုတ်လား။ အဲသလိုသဘောပဲ”
“ထီးထိပ်က ဘုသီးလေးထဲမှာကျွန်တှောတို့ ခုရောက်နေကြတယ်။ စောင်းတန်းလှေကားကြီးသုံးသွယ်ဟာ ထီးကိုင်းသုံးချောင်းပဲ။ လှေကားထစ်ကြီးတွေကနေပြီး တစ်ကီလိုမီတာလောက် ဆင်းသွားပြီးတိုင်း ညီညာတဲ့ ပြန့်ပြူးတဲ့ နေရာတစ်ခုကိုရောက်တယ်။ အဲဒီနေရာဟာ ထီးကိုင်းအဆစ်တွေကို တွဲချုပ်ထားတဲ့ကြိုးလိုပဲ ပါတ်ပါတ်လည် ရှိနေတာနှော။ အဲသလိုမျိုးနဲ့ အဆစ်ပေါင်းများစွာ လှေကားထစ်ပေါင်းများစွာဆင်းသွားရင် နောက်ဆုံး ရာမရဲ့ မြေပြန့်လွင်ပြင်ကို ရောက်သွားလိမ့်မယ်”
“လှေကားထစ်ကြီးတွေဟာ ဆွဲအားသာရှိခဲ့ရင် လူတက်လို့ဆင်းလို့ မရလောက်အောင် ကြီးလွန်းမြင့်လွန်းတယ်။ ဗဟိုချက်မမှာ ရှိတဲ့လှေကားထစ်တွေဟာ အမတ်စောက်ဆုံးပဲ။ မြေပြန့်လွင်ပြင်နားနီးလေလေ။ ပြေလာလေလေ ဆိုတာကို တွေ့ရတယ်”
“ဒီလှေကားစောင်းတန်းကြီးသုံးခုကို အယ်လ်ဖာ၊ ဘီတာနဲ့ ဂမ်မာဆိုပြီး နာမည်ပေးထားကြတယ်။ မြေပြန့်လွင်ပြင် ထိရောက်ဖို့ဆိုရင် ဘယ်လှေကားကဆင်းဆင်း လှေကားထစ်ပေါင်း နှစ်သောင်း သုံးထောင်လောက်ထိ ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒီလှေကားတွေကို အရေးပှေါအခြေအနေမှသာ သုံးလိမ့်မယ်လို့ယူဆရတယ်။ လွင်ပြင်ထဲ နေကြတဲ့ ရာမသားတွေ ဒီလှေကားကသာ ရာမရဲ့ မြောက်ဝင်ရိုးစွန်းဗဟိုချက်မကို တက်ကြမယ်ဆိုရင် မိုးထိ အောင်လှေကားထောင်ဆိုတဲ့ စကားလိုဖြစ်နေတယ်။ သို့သှောလည်း ရာမသားတွေဟာ လူထက် ဘယ်လောက်ပိုကြီးပြီး ပိုမြင့်သလဲဆိုတာ ကျွန်တှောတို့မှ မသိသေးပဲ”
“ကျွန်တှောတို့ လှမ်းမြင်လိုက်ရတဲ့ ဟိုးတစ်ဖက်စွန်းက တောင်ဝင်ရိုးစွန်းကတော့ မြောက်ဝင်ရိုးစွန်းနဲ့ အတှောကွာ ခြားတယ်ခင်ဗျ။ တောင်ဝင်ရိုးစွန်းမှာဘာလှေကားမှ မရှိဘူး။ မြောက်ဝင်ရိုးစွန်းလို အတွင်းကိုခွက်နေတဲ့ ဗဟိုချက် လည်းမရှိဘူး။ ဗဟိုချက်မမှာ ကီလိုမီတာပေါင်းများစွာရှည်လျှားတဲ့ ဆူးလို အချွန်ကြီး တစ်ခုကို ဆူးချွန် အသေးလေး ခြောက်ခုက ပါတ်လည်ဝိုင်းထားသလိုမျိုး လှမ်းမြင်နေရတယ်။ အဲဒါဘာလဲဆိုတာတော့ မခန့်မှန်း နိုင်သေးဘူး”
“ဝင်ရိုးစွန်းနှစ်ခုကြားက ကီလိုမီတာငါးဆယ်ရှည်တဲ့ အစိတ်အပိုင်းကြီးကိုတော့ လူကြီးမင်းတို့ကို ကျွန်တှော စောစောက တင်ပြခဲ့သလို မြေပြန့်လွင်ပြင်လို့ အမည်ပေးထားပါတယ်။ သိသိသာသာကြီး ကွေးနေတဲ့အရာကြီး ကို လွင်ပြင်လို့နာမည်ပေးလို့ ဒီကောင်ရူးများနေသလားလို့ လူကြီးမင်းတို့ထင်ချင်လည်းထင်ကြမှာပါ။ အများ အမြင်မှာ လုံးနေခုံးနေတဲ့ ပုလင်းလွတ်တစ်လုံးရဲ့ အတွင်းနံရံဟာ နံရံပှေါတွယ်တက်နေတဲ့ ပုရွက်ဆိတ် တစ်ကောင်အတွက်တော့ အင်မတန်ပြန့်ပြူးတဲ့လွင်ပြင်ဖြစ်နေမှာပဲ”
“မြေပြန့်လွင်ပြင်ရဲ့ အထူးခြားဆုံးအချက်ကတော့ လွင်ပြင်အလယ်လောက်မှာ ဆယ်ကီလိုမီတာလောက်ကျယ်ပြီး မဲနက်နေတဲ့ အရာဝတဿတုတစ်ခုရှိနေတာပဲ။ အဲဒီဟာကြီးက ရာမရဲ့ မြေပြန့်လွင်ပြင်ကို ပါတ်ပါတ်လည် ခါးပါတ် ပါတ်သလိုပါတ်ရံထားတယ်။ ဒီကနေလှမ်းကြည့်ရသလောက်တော့ ရေခဲနေတဲ့ပင်လယ်တစ်ခုနဲ့တူတယ်။ ဒါကို ဆလင်ဒါပင်လယ် သို့မဟုတ် ထုလုံးရှည်ပင်လယ်လို့ နာမည်ပေးထားတယ်။ အဲဒီပင်လယ်ရဲ့အလယ်မှာ ဘဲဥပုံ ကျွန်းကြီးတစ်ခုရှိတယ်။ အလျားဆယ်ကီလိုမီတာ အနံ သုံးကီလိုမီတာလောက်ရှိမယ်။ ကျွန်းပှေါမှာ အဆောက်အဦးလို ခပ်မြင့်မြင့်အရာတွေကိုမြင်နေရတယ်။ ကမဿဘာဟောင်းက မန်ဟက်တန်ကျွန်းနဲ့အတှောလေး တူလို့ ဒီကျွန်းကို နယူးယောက်လို့ နာမည်ပေးလိုက်ကြတယ်။ ဒါပေမဲ့နယူးယောက်ဟာ မြို့တှောတစ်ခုထက် ဓါတုစက်ရုံတစ်ခုနဲ့ပိုတူတယ်”
“မြေပြန့်လွင်ပြင်ထဲမှာ ထုလုံးရှည်ပင်လယ်အပြင် အနည်းဆုံးမြို့လိုပုံသဏဿဍာန်ရှိတဲ့ အရာခြောက်ခုလောက် တွေ့သေးတယ်။ တကယ်လို့ လူသာနေမယ်ဆိုရင် အနည်းဆုံးလူဦးရေ ငါးသောင်းစီလောက်ဆန့်လိမ့်မယ်။ ဒါတွေကို ရောမ၊ ပေကျင်း၊ ပါရီ၊ မှောစကို၊ လန်ဒန်နဲ့ တိုကျိုလို့ အမည်ပေးထားတယ်။ ရထားလမ်းလိုလို၊ ဟိုက်ဝေး အမြန်ကားလမ်းလိုလို လမ်းတွေနဲ့ တစ်မြို့ချင်းစီကို ဆက်သွယ်ထားတာတွေ့ရတယ်”
“တကယ်တော့ ဒီမဲမှောင်အေးစက်နေတဲ့ ရာမကမဿဘာကို အသေးစိတ် သုတေသနလုပ်မယ် ဆိုရင် ရာစုနှစ်နဲ့ချီပြီး ကြာသွားနိုင်တယ်။ ကျွန်တှောတို့မှာအချိန် နှစ်ပါတ်-သုံးပါတ်ပဲရှိတော့တယ်။ ကျွန်တှော့စိတ်ထဲမှာတော့ ရာမနဲ့ပါတ်သက်လို့ ပဟေဠိနှစ်ခုဖြစ်ပှေါနေပါတယ်။ ပထမတစ်ခုက သူတို့ဟာဘယ်သူတွေလဲ။ ဒုတိယအချက် က သူတို့ရဲ့ အာကာသခရီးစဉ်ဟာ ဘာတွေမှားယွင်းသွားခဲ့သလဲဆိုတာပါပဲ”
ဤနေရာတွင် နှောတန်၏ အသံရပ်သွားသည်။ ကှောမတီကိုပို့လိုက်သော အသံဖိုင်ပြီးဆုံးသွားသည့်အခါ မြေကမဿဘာ နှင့် လပှေါရှိ ရာမကှောမတီဝင်များသည် စိတ်သက်သာရာရသွားကြသည်။ ယခုထိတော့ နှောတန်တို့ ဘေးမသီရန်မခကြသေး။ ထို့နောက်သူတို့သည် နှောတန်ပို့လိုက်သော ရာမ၏ မြေပုံများနှင့် ဓါတ်ပုံများကို အချိန်ကြာမြင့်စွာ လေ့လာနေကြသည်။ မည်သို့ပင်လေ့လာစေကာမူ နှောတန်ပြောကြားခဲ့သည့်စကားများ လောက်ရင်ခုန်လှုပ်ရှားမှုမဖြစ်ကြ။
“ဒေါက်တာ ပါရဲရားခင်ဗျား။ အကြံပြုချက်ကို ဆွေးနွေးတင်ပြပေးဖို့ဖိတ်ခှေါပါတယ်”
ရာမကှောမတီ၏ သဘာပတိ အဂဿငါဂြိုလ်ကိုယ်စားလှယ်တှောကြီး ဒေါက်တာဘို့စ်သည် သူ့မိတ်ဆွေကြီး ပါမောကဿခ အိုလော့ဖ်ဒေးဗစ်ဆင်ကို ပထမဆုံးဆွေးနွေးသူအဖြစ်ဖိတ်ခှေါရလျှင်ကောင်းမည်လားဟု စဉ်းစားသေးသည်။ သို့သှော ပါမောကဿခကြီးကြည့်ရသည်မှာ အနည်းငယ်တုန်လှုပ်နေပုံရသည်။ နကဿခတဿတဗေဒပညာရှင်သက်တမ်း တစ်လျှောက်လုံး ပါမောကဿခဒေးဗစ်ဆင်သည် စကြာဝဠာဆိုသည်ကို ဆွဲအားများ၊ သံလိုက်စက်ကွင်းများနှင့် ဓါတ်ရောင်ခြည် မဟာ့မဟာလှိုင်းများဖြင့် တည်ဆောက်ဖွဲ့စည်းထားသည့်အရာဟု တသမတ်တည်းမှတ်ယူခဲ့၏။ သက်ရှိသတဿတဝါဆိုသည့်အရာကို မည်သည့်အခါတွင်မှ အရေးပါအရာရောက်သည့်အရာဟု ထည့်သွင်းမစဉ်းစားခဲ့။ သူအပါအဝင်ဂြိုလ်များပှေါရှိ သက်ရှိသတဿတဝါများသည် စကြာဝဠာကြီး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ မတှော တဆ မှားယွင်းစွာဖြစ်ပှေါလာခဲ့သည့် အရာများဟုမှတ်ယူသူဖြစ်၏။
ခုတော့ နေစကြာဝဠာအပြင်ဖက်တွင် မည်သည့်သက်ရှိမှမနေနိုင်ဟူသည့် သူ့အယူအဆ တက်တက်စင်အောင် မှားရုံမျှမက ထိုသက်ရှိများသည် တှောလှတတ်လှပါသည်ဟူသော လူသားများမည်သို့မျှ မဖန်တီးနိုင်ခဲ့သည့် သိပဿပံ စွမ်းပကားတို့ကို တံခိုးပြာဋီကာပြသည့်နှယ် ပြသနေပါပကော။
ယာဉ်မှူးနှောတန်ပြောခဲ့သည့်အတိုင်း ရာမသည် ခုခါတွင် ရာမသားတို့၏ ဧရာမဂူသချိုင်းကြီးဖြစ်နေစေကာမူ ရာမသားတို့သည် ရာမဖြင့် စကြာဝဠာကိုခြေဆန့်ရန် ကြိုးပမ်းခဲ့သည်ကတော့ မြေကြီးလက်ခတ်မလွဲ။ ရာမကို တွေ့လိုက်ရခြင်းကြောင့် လူသားတို့မှာ စဉ်းစားစရာတွေအများကြီးရှိလာသည်။ စကြာဝဠာတိုက်တစ်သောင်း၏ သန်းပေါင်းတစ်သိန်းရှိသော နေမင်းတို့ကို ဖြတ်သန်းခရီးနှင်နိုင်ရန်အတွက် စကြာဝဠာသားတို့သည် မည်၍မည်မျှ ကြိုးပမ်းခဲ့ကြသနည်း။ ထိုအထဲမှ အချို့သည်အောင်မြင်မှုများရရှိကောင်းရရှိနေပေလိမ့်မည်။
ထို သက်သေမပြနိုင်သေးသော အယူအဆကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက တစိုက်မတ်မတ်ပြော ကြားခဲ့သူမှာ ဒေါက်တာကားလစ်စလီး ပါရဲရားဖြစ်၏။ ဒေါက်တာပါရဲရားသည် ဝမ်းသာခြင်း ဝမ်းနည်းခြင်းတို့ကို တပြိုင်နက်တည်း ခံစားနေရ၏။ ရာမသည် သူ့အယူအဆမှန်ကြောင်း အခိုင်မာဆုံးသက်သေပြနိုင်သည့် အရာဖြစ် သည်မို့ ဆွေ့ဆွေ့ခုန်လောက်အောင် ဝမ်းသာသည်။ တစ်ချိန်တည်းမှာပင် သူ့သက်သေပှေါသို့ ခြေချရန်မပြော နှင့် မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ပင် မရသဖြင့် သည်းအူပြတ်မျှ ပူဆွေးဝမ်းနည်းမိသည်။ ခုနေခါ စေတစ်လုံး ပိုင်ရှင် တံခိုးရှင်တစ်ပါးပါးက လိုရာဆုတောင်းစေဟူသော အခွင့်အရေးများ သူ့ကို ပေးသနားမည်ဆိုပါလျှင် အရာအားလုံးကို စွန့်လွှတ်ချင်စွန့်လွှတ်ရပါစေ၊ ရာမပှေါသို့ပို့ပေးပါရန် ဆုတောင်းမိပေလိမ့်မည်။ သူစကားစ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သဘာပတိကြီးခင်ဗျား၊ ကျွန်တှော့ကို ဆွေးနွေးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခုလူကြီးမင်း များတွေ့မြင်ကြားသိခဲ့ရတဲ့အတိုင်း ရာမဟာ စကြာဝဠာခရီးသည် အာကာသယာဉ်စခန်းကြီးတစ်ခုပါ။ တကယ် တော့လည်း ဒီအယူအဆဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက အာကာသဆိုင်ရာ သုတေသနစာတမ်းတွေမှာ ဖှောပြခဲ့ပြီးသားမို့ အသစ်အဆန်းတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာလောက် တိတိကျကျပြောရရင် ၁၉၂၉ ခုနှစ်ကတည်းက ဗြိတိသျှ ရူပဗေဒပညာရှင် ဂျေ၊ဒီ၊ ဘာနယ်လ်က အာကာသခရီးသည်များနဲ့ ပါတ်သက်လို့ သူ့စာအုပ်တစ်အုပ်မှာ ဖှောပြခဲ့ပြီးသားပါ။ ဒီအကြောင်းကို ဖှောပြရာမှာ ရုရှပညာရှင် ဆီရိုကော့ဖ်စကီးက ဘာနယ်လ်ထက် တောင်စောပါသေးတယ်။ သူတို့ပြောခဲ့ကြတဲ့ အကြောင်းက နေစကြာဝဠာ တစ်ခုနဲ့ တစ်ခုအကြားခရီးသွားခြင်းအကြောင်းပါပဲ။ ခု ရာမ လိုပေါ့”
ပါရဲရားသည် ခဏနားလိုက်၏။ ကှောမတီတစ်ခုလုံး အပ်ကျသံမှမကြားရ။ သူ့စကားကို စူးစူးစိုက်စိုက်နားထောင် နေကြသည်မို့ ကျေနပ်သွားသည်။
“စကြာဝဠာခရီးစဉ်တစ်ခုအတွက် ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ ကြယ်တစ်လုံးနဲ့တစ်လုံးကြားသွားရမဲ့ အတိုင်းအဆမဲ့ ခရီးရှည်ကြီးတစ်ခုအတွက် အလင်းရဲ့အမြန်နှုန်း မရှိမဖြစ်လိုအပ်တယ်လို့ဆိုနိုင်မလား”
ပါမောကဿခဒေးဗစ်ဆင်၏ အသံထွက်ပှေါလာသည်။
“ယာဉ်သေးသေးနဲ့ မြန်မြန်သွားမယ်ဆိုရင်တော့ လိုမှာပေါ့။ ယာဉ်ကြီးကြီးနဲ့ ဖြည်းဖြည်းသွားမယ်ဆိုရင် တော့မလိုလှပါဘူး”
“ဟုတ်ပါတယ် ပါမောကဿခကြီးခင်ဗျား။ အလင်းရဲ့မြန်နှုန်းကို အတိုင်းသွားနိုင်တဲ့ အာကာသယာဉ်တည်ဆောက်ဖို့ ဆိုတာ ကျွန်တှောတို့အတွက်ခုထိ ခက်ခဲနေဆဲပဲ။ ဒါပေမဲ့ အလင်းနှုန်းနဲ့သွားနိုင်သည့်တိုင်အောင် ဆယ်နှစ် အနှစ်နှစ်ဆယ် သွားရမဲ့ ခရီးရှည်ကြီးမျိုးဟာ နှစ်တစ်ရာသက်တမ်းရှိတဲ့ ကျွန်တှောတို့လို လူသားသတဿတဝါတွေ အတွက် လက်တွေ့မှာမဖြစ်နိုင်ဘူး။ အကယ်၍သာ အချိန်ယူပြီး နှစ်တစ်သောင်း၊ နှစ်တစ်သိန်းလောက် သွားနိုင်မယ်ဆိုရင်———————”
“ဘာနယ်လ်နဲ့အပေါင်းအပါတွေက အဲသလိုခရီးရှည်ကြီးတွေကို စဉ်းစားခဲ့ကြတယ်။ သောင်းပေါင်း သိန်းပေါင်းများစွာသော ခရီးသည်တွေနဲ့ ဧရာမအာကာသယာဉ်ကြီးတွေတည်ဆောက်ပြီး မျိုးဆက်ပေါင်းများစွာ ထွက်ရမဲ့ မဟာခရီးရှည်ကြီးပေါ့။ အလုံပိတ်စနစ်ဖြစ်တဲ့အတွက်ကြောင့် အစာရေစာ၊ လေနဲ့ အခြားအသုံး အဆောင်အားလုံးကို ရီဆိုင်ကယ်ပြန်လုပ်ပြီး သုံးကြရလိမ့်မယ်”
“အာကာသယာဉ်ကြီးရဲ့ ပုံသဏဿဍာန်ကိုတော့ အချို့က ကမဿဘာလိုအလုံး၊ အချို့ကတော့ ခုရာမလိုမျိုးလည်ပါတ် နေတဲ့ ဆလင်ဒါပုံလို့ ဖှောပြခဲ့ကြတယ်။ ဝင်ရိုးပှေါမှာ မနားတမ်းလည်ပါတ်ခြင်းအားဖြင့် ဖြစ်ပှေါလာတဲ့ ဗဟိုခွာအားကနေ တစ်ဆင့် အတွင်းဖက်မှာ ဆွဲအားကိုဖန်တီးနိုင်ဖို့ပေါ့”
ပါမောကဿခဒေးဗစ်ဆင် သည် ပါရဲရား၏ တရားလက်လွတ်အပြောကို သည်းမခံနိုင်တော့။ ဒေါသတကြီးဝင်ပြော လိုက်၏။
“အဲဒါ ဗဟိုခွာအားမဟုတ်ဘူးဗျ။ အင်နားရှားစွမ်းအင်ပဲ”
ပါရဲရားက ပြန်ငြင်းရန် ပါးစပ်ပြင်လိုက်ချိန်တွင် သူတို့ကို အကဲခတ်နေသော ဒေါက်တာဘို့စ်က-
“ခင်ဗျားတို့ပြောတာကို ကျုပ်တို့အားလုံးနားလည်ပါတယ်။ ဆက်ပြောပါ။ အာရုံပျက်မှာစိုးလို့” ဟုပါးနပ်စွာ ပွဲထိန်းလိုက်၏။
ပါရဲရားက ခေါင်းညိတ်လိုက်ပြီး-
“ဟုတ်ပါပြီ။ ကျွန်တှောတင်ပြချင်တာက လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်ကတည်းက ရာမလို ယာဉ်ကြီးမျိုးတည်ဆောက်ဖို့ စိတ်ကူးခဲ့ကြတယ် ဆိုတာကိုပါ။ အခုကျွန်တှောတို့အတွက် အရေးကြီးတဲ့မေးခွန်းက တော့ ရာမဟာ အာကာသထဲမှာပျံသန်းနေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာပါပဲ”
“အခုဆိုရင် ကျွန်တှောတို့မှာ ရာမရဲ့ အရွယ်အစား၊ အရှိန်နဲ့ ပါတ်လမ်းတွေ အကြောင်း တိကျတဲ့သတင်း အချက်အလက်တွေ ရှိနေပါပြီ။ အကယ်၍သာ သူ့ရဲ့လမ်းကြောင်းဟာ အပြောင်းအလဲမရှိခဲ့ဘူးဆိုရင် အဲဒီအချက်အလက်တွေပှေါမူတည်ပြီး ရာမရဲ့ မူလအစကို တွက်ချက်နိုင်ပါတယ်”
ကှောမတီတစ်ခုလုံး ငြိမ်ကျသွား၏။ ပါရဲရား၏စကားကို အားလုံးက စူးစိုက်နားထောင်နေကြ၏။
“ပထမတော့ ရာမကို ကျွန်တှောတို့ ရဲ့အိမ်နီးနားချင်း ကြယ်တစ်လုံးဆီကနေ ထွက်ခွာလာခဲ့တဲ့ ယာဉ်တစ်စီး ပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါမှားတယ်ဗျ။ တွက်ချက်မှုတွေအရ ရာမဟာလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သိန်းကျှောလောက် ကတည်းက အဲဒီ အိမ်နီးနားချင်း နေစကြာဝဠာကို ဖြတ်ကျှောလာခဲ့တာတွေ့ရတယ်။ နောက်တစ်ခုက အဲဒီ နေစကြာဝဠာဟာ ပဋိပကဿခဖြစ်နေတဲ့ နေစကြာဝဠာတစ်ခု။ ဘာနဲ့ ပဋိပကဿခ ဖြစ်တာလဲဆိုတော့ သူတို့ရဲ့ နေနဲ့ဖြစ်တာဗျ။ နေဟာ ပုံမှန်အလင်းရောင် ထုတ်လွှတ်နိုင်စွမ်းမရှိဘူး။ များလိုက် နည်းလိုက်ဖြစ်နေတဲ့အတွက် သူ့ကိုမှီခိုပြီးရပ်တည်ရတဲ့ ဂြိုလ်တွေဟာ လေးငါးနှစ်တစ်ခါလောက် ကိတ်မုန့်ဖို နဲ့ ရေခဲသေတဿတာထဲ တစ်လှည့်စီရောက်နေသလို အပူအအေးတွေ လွန်ကဲနေကြရတယ်”
ဒေါက်တာ သယ်လ်မာပရိုက်စ်ကလက်ထောင်ပြလိုက်ပြီး-
“ကျွန်မတစ်ခုလောက်မေးပါရစေ။ အဲဒီအိမ်နီးနားချင်း နေစကြာဝဠာရဲ့နေဟာ အရင်တုန်းကပုံမှန်ဖြစ်ခဲ့ပြီး နောက်ပိုင်းကျမှ ပျက်ယွင်းသွားတာလား။ ဒာကြောင့်မို့လို့ ဒီနေစကြာဝဠာမှာ အခြေစိုက်တဲ့ ရာမသားတွေဟာ ဒီအကြောင်းကြောင့် နားခိုဖို့နေရာအသစ်ကို ရှာဖို့ စကြာဝဠာခရီးကို ထွက်ခဲ့ကြတာ မဖြစ်နိုင်ဘူးလား”
“ကျွန်တှောတို့ ဒေါက်တာပရိုက်စ် ပြောသလိုစဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လက်ရှိလက်ခံထားတဲ့ စကြာဝဠာ ဆင့်ကဲဖြစ်ပှေါတိုးတက်ခြင်း သီအိုရီသာ မှန်ခဲ့မယ် ဆိုရင် ဒီနေဟာ ဘယ်တုန်းကမှ မတည်ငြိမ်ခဲ့ဘူးခင်ဗျ။ သူ့ရဲ့ အဝိုင်းအဝန်းအတွင်းတည်ရှိတဲ့ ဂြိုလ်တွေမှာလည်း ဘယ်သက်ရှိမှ မနေနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ရာမပျံသန်းလာ ခဲ့တဲ့ သက်တမ်းဟာ အနည်းဆုံးနှစ်ပေါင်းနှစ်သိန်းကျှော၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းလောက်ကတည်းက လည်းဖြစ်နိုင်ပါတယ်”
“အခုတော့ ရာမကမဿဘာတစ်ခုလုံးဟာ အေးစက်တိတ်ဆိတ်ပြီး မရဏကမဿဘာအသွင်ကိုဆောင်နေပါပြီ။ ဒါကိုလည်း ကျွန်တှောတို့ရှင်းပြနိုင်ပါတယ်။ ရာမသားတွေဟာ အဆုံးအစမဲ့ စကြာဝဠာကြီးရဲ့တစ်နေရာရာကနေ အကြောင်း တစ်ခုခုကြောင့် ထွက်ပြေးလာကြတယ်ဆိုတာ အားလုံးလက်ခံခဲ့ကြပြီ။ ဒါပေမဲ့ ရာမသားတွေ အတွက်အချက်မှား ခဲ့ကြတယ်ဗျာ”
“တကယ်တော့ အလုံပိတ် ဂေဟစနစ်တွေဟာ ဘယ်လိုပဲတည်ဆောက်ဖန်ဆင်းထားထား၊ ရာနှုန်းပြည့် စိတ်ချရ တယ်ဆိုတာ မရှိဘူးဗျ။ ကြာလေလေ ပါတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ပျက်ယွင်းလာ လေလေပဲ။ ကျွန်တှောတို့ လူသားတွေရဲ့စံအရ ရာမဟာ အံ့တစ်ပါးပါပဲ။ အင်မတန်စနစ်ကျတဲ့ ကမဿဘာငယ်လေး တစ်ခုပါ။ ဒါပေမဲ့ သူ့ရဲ့ဂေဟစနစ်ဟာ နှစ်တစ်ထောင်၊ အလွန်ဆုံး နှစ်တစ်သောင်းလောက်ပဲ မပျက်ယွင်းအောင် ထိန်းသိမ်းနိုင်လိမ့်မယ်”
“ရာမရဲ့ ပျံသန်းချိန်ဟာ အလွန့်အလွန်ကို ကြာမြင့်လာတဲ့အခါမှာ သူ့ရဲ့ဂေဟစနစ်ဟာ ဖောက်ပြန်လာခဲ့တယ်။ နောက်ဆုံးတော့ ပင်လယ်တွေခန်းခြောက်၊ လေထုတွေပျောက်ဆုံးပြီး ရာမဟာ ကြယ်တွေအကြားလွင့်မျောနေတဲ့ ယာဉ်သေတစ်စီးဖြစ်သွားရတယ်။ ရာမသားတွေ လိုရာမရောက်ခဲ့ကြဘူးလို့ ပြောရမှာပေါ့လေ”
“ဒီအယူအဆကို ကန့်ကွက်ချက်တစ်ခုလည်းရှိသေးတယ်ဗျ။ လူကြီးမင်းတို့မပြောခင် ကျွန်တှောတစ်ခါတည်း ပြောလိုက်ပါရစေ။ ရာမဟာ ကျွန်တှောတို့ရဲ့ နေဆီကို တန်းတန်းမတ်မတ်ကြီး ပျံသန်းနေတယ်။ နေထဲကို တိုးဝင်သွားမယ့် အခြေအနေမျိုးတောင်တွေ့ရတယ်။ ကျွန်တှောတို့ရဲ့ သုတေသနယာဉ်ဟာ နေရဲ့ ဟီလီယမ် စက်ကွင်းနား မရောက်ခင် ရာမပှေါကနေခွာရမဲ့အခြေအနေလည်းရှိတယ်။ မျောချင်ရာမျောနေတဲ့ ယာဉ်သေ တစ်စီးမှာ အဲသလိုတိကျတဲ့ လမ်းကြောင်းရှိပါ့မလား”
“ဒီအဖြေကို ကျွန်တှောကိုယ်တိုင်လည်း မသိပါဘူးခင်ဗျား။ ရာမကိုအလိုအလျှောက်မောင်းနှင်စနစ် တပ်ဆင်ထား သလား။ ဒီစနစ်ကပဲ ရာမကို ပဲ့ကိုင်ပြီး နေစကြာဝဠာတွေထဲကို ပျံသန်းဝင်ရောက်စေနိုင်သလား။ ရာမသားတွေ အားလုံးသေဆုံးသွားကြပြီဆိုတာကိုတော့ သံသယရှိစရာမလိုပါဘူး။ နှောတန်တို့ သုတေသနယာဉ်က ပို့လိုက်တဲ့ ရာမအတွင်းပိုင်းက ပစဿစည်းနမူနာတွေထဲမှာ သက်ရှိဆိုလို့ မိုက်ခရုပ်ပိုးမွှားတောင် တစ်ကောင်တစ်မြီးမှ မတွေ့ခဲ့ ကြဘူး”
“ဒါကြောင့်မို့လို့ အစောပိုင်းတုန်းက ရာမအတွင်းထဲမဝင်ဖို့ အပြင်းအထန်ကန့်ကွက်ခဲ့ကြတဲ့ ပန်ဒိုရာကြောက်သူ များအနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တှောတစ်ဦးတည်းရဲ့ ပုဂဿဂလိက ခံစားမှုအရတော့ ဝမ်းနည်းတယ်။ စိတ်မကောင်းဖြစ်တယ်။ ဒီလောက်အသိဉာဏ်မြင့်မားတဲ့ စကြာဝဠာရဲ့ မျိုးစိတ်တစ်ခုကို အရှင်လတ်လတ် တွေ့ခွင့် မကြုံတဲ့အတွက်ကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ရာမနဲ့ဆုံဆည်းရခြင်းဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ပဟေဠိဖြစ်စေခဲ့တဲ့ အခြေအနေတစ်ခုကိုတော့ ဖြေရှင်းပေးနိုင်ခဲ့တယ်။ စကြာဝဠာထဲမှာရှိသမျှ နေစကြာဝဠာတိုင်း ဟာ ကျွန်တှောတို့ နဂါးငွေ့တန်းနေစကြာဝဠာနဲ့ ထပ်တူမကျဘူးဆိုတာရယ်။ လူသားအပြင် အခြားသော သက်ရှိသတဿတဝါတွေ ရှိနေသေးတယ်ဆိုတာရယ်ကို ခုတော့ ကျွန်တှောတို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီ မဟုတ်လား”
+++++++++++++++++++

Recent Comments