ရာမ (၈)

အခန်း (၁ဝ)

အမှောင်ထဲက ခရီးသည်

ယာဉ်မှူးနှောတန်သည် လှုပ်ရှားနေသောစိတ်များကို မနိုင်ရင်ကာ ထိန်းသိမ်းနေရ၏။ သုတေသနယာဉ်၏ ယာဉ်မှူး တစ်ယောက်အဖြစ်သူ၏ အရေးအကြီးဆုံးတာဝန်သည် ယာဉ်ကို စီမံခန့်ခွဲရေးသာဖြစ်သည်။ ခုသွားကြ မည့် ရာမလေ့လာရေးခရီးစဉ်တွင် သူလိုက်ပါသွားခြင်းအားဖြင့် တစ်စုံတစ်ရာ အမှားအယွင်းရှိလာခဲ့သော် ခက်လိမ့်မည်။ နှောတန်သည် အောင့်သီးအောင့်သက်ဖြင့် နေခဲ့ရန် ဆုံးဖြတ်ခဲ့ရသည်။

ထိုအခါ ဤခရီးစဉ်အတွက် ခေါင်းဆောင်မည့်လူမှာ ဒုတိယယာဉ်မှူး မာစာဖြစ်လာခဲ့သည်။ မာစာသည် အသက် ကယ်စနစ်နှင့်ပါတ်သက်လျှင် ဆရာတစ်ဆူဖြစ်၏။ လိုအပ်လျှင် သွေးခုန်နှုန်းကို ငါးဆယ်ရာခိုင်နှုန်းလျှော့ချနိုင်ပြီး ဆယ်မိနစ်ခန့် အသက်မရှုပဲနေနိုင်စွမ်းရှိသည့် ကျင့်သားရပုဂဿဂိုလ်တစ်ဦးဖြစ်သည်။ ထိုအတတ်ပညာများက အာကာသခရီးစဉ်များအတွင်း သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ပြီးဖြစ်၏။

မာစာ၏ အခြားအရည်အချင်းတစ်ခုမှာ စိတ်ကူးမယဉ်တတ်ခြင်းနှင့် စိတ်လှုပ်ရှားမှုကင်းခြင်းပင်။ မည်မျှ အနဿတရာယ် များသော အလုပ်ဖြစ်စေ၊ မာစာ့အတွက်ကတော့ အတူတူပဲဖြစ်၏။ မလိုအပ်ပဲ စွန့်စားခြင်းမျိုးလုံးဝမလုပ်။ ထိုအရာကို သတဿတိဟုအဓိပဿပါယ်ဖွင့်ဆိုပါလျှင် မာစာသည် ထိုသတဿတိမျိုး တစ်စိုးတစ်စိမှမရှိသူဖြစ်၏။

မာစာနှင့်အတူလိုက်ပါမည့်လူကတော့ လက်ထောက်ယာဉ်မှူး ဂျိုးကားလ်ဗတ်။ သူတို့နှစ်ယောက်က နှစ်ကိုယ့် တစ်စိတ်။ ပုံပန်းသဏဿဍာန်ချင်းကတော့ တခြားစီ။ ပိန်ပိန်ပါးပါး ကားလ်ဗတ်က တုပ်တုပ်ခိုင်ခိုင် မာစာ့ထက် ဆယ်နှစ်ပိုငယ်၏။ သူတို့နှစ်ယောက်ကို နှစ်ကိုယ့်တစ်စိတ်ဟုဆိုရခြင်းမှာ အကြောင်းရှိ၏။ သူတို့နှစ်ဦးစလုံး အမျိုးသမီးတစ်ဦးထဲကို ဇနီးမယားအဖြစ်တှောစပ်ထားကြသည်။ ထိုဇနီးမှ မာစာ့အတွက် ကလေးတစ်ဦး၊ ကားလ်ဗတ်အတွက် ကလေးတစ်ဦးအညီအမျှမွေးပေးထား၏။ စားအတူ၊ သွားအတူ၊ အလုပ်တူလုပ်နေကြသော ထိုလင်ကြီးနှင့် လင်ငယ်မှ နှစ်ကိုယ့်တစ်စိတ်မဖြစ်လျှင် ဘယ်သူဖြစ်တော့အံ့နည်း။ နှောတန်သည် သူတို့၏ချစ် ဇနီးလေးကို တစ်ခါမှ မမြင်ဖူး။ သို့သှောလှိုက်လှိုက်လှဲလှဲ ချီးကြူးမိ၏။ အိမ်ထောင်သက်ငါးနှစ်အတွင်း ထိုလင်နှစ် ယောက် မယားတစ်ယောက် ကြိဂံစုံတွဲသည် ဘာပြသဿသနာမှ မဖြစ်ခဲ့ဖူးချေ။

ရာမလေ့လာရေးအဖွဲ့တွင် ပါဝင်သောနောက်တစ်ယောက်မှာ နည်းပညာကျွမ်းကျင်တပ်ကြပ်ကြီး ဝီလဒ်မိုင်ရွန် ဖြစ်၏။ မိုင်ရွန်သည် စက်ပစဿစည်းဆိုင်ရာပါရမီရှင်တစ်ဦး။ အာကာသနည်းပညာတကဿကသိုလ်တွင် တွဲဖက်ပါမောကဿခ ဖြစ်ပြီးကာမှ အာကာသယာဉ်တွင် အမှုထမ်းလိုသဖြင့် ပါမောကဿခဖြစ်မည့်အခွင့်အရေးကို စွန့်လွတ်ပြီး တပ်ကြပ်ကြီး ဝင်လုပ်နေခြင်းဖြစ်သည်။

မြောက်ဝင်ရိုးစွန်း ဗဟိုချက်မရှိ သူတို့စခန်းမှ ခရီးထွက်ခွာကြမည့် ထိုသူရဲကောင်းသုံးယောက်ကို ဓါတ်ပုံမှတ်တမ်း တင်နေကြ၏။ မာစာခေါင်းဆောင်သော သူတို့တပ်ဖွဲ့ငယ်သည် မကြာမီစတင်ထွက်ခွာကြတော့မည်။ ပလတ် စမာမီးမောင်းကြီးသုံးလုံးဆင်ထားသဖြင့် စခန်း၏ အနီးနားပါတ်ဝန်းကျင်သည် ထိန်ထိန်လင်းနေ၏။ သို့သှော ထိုအလင်းရောင်၏ ဟိုမှာဖက်တွင်တော့ ပကတိပိန်းပိတ်သော အမှောင်ထု။ ခုထိုအမှောင်ထုအတွင်းသို့ clip_image002ခရီးထွက်ခွာကြတော့မည်။

သူတို့ခရီးစဉ်စတင်ရမည့်နေရာသည် ထပ်တူညီသည့် စောင်းတန်းလှေကားကြီး သုံးစင်းဖြစ်၏။ မည်သည့် လှေကားကို သုံးသုံး၊ နောက်ဆုံးတော့ ဒီဘူတာပင်ဆိုက်မည်မို့ ရာမလေ့လာရေးအဖွဲ့သည် အနီးဆုံးဖြစ်သည့် အယ်လ်ဖာလှေကားကို ရွေးချယ်
ိုက်ကြသည်။

လှေကားထစ်ကြီးများသည် မြင့်လွန်း၊ မတ်စောက်လွန်း၊ တစ်ခုနှင့်တစ်ခု အလှမ်းကွာလွန်းလှသှောလည်း ဆွဲအား သုံညသာရှိသည့် ဤနေရာအတွက် ပြသဿသနာမဟုတ်ပါ။ တစ်ဦးလျှင် ကီလိုဂရမ် (၁ဝဝ) ကျှောသည့် အသက်ကယ်ကိရိယာနှင့်တကွသော ပစဿစည်းပစဿစယများကို ထမ်းပိုးထားရသှောလည်း အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးလွန်းလှသည်။

ယာဉ်မှူးနှောတန်နှင့် အခြေစိုက်အဖွဲ့သားများသည် သူရဲကောင်းသုံးဦးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ပေးရင်း အလုပ်များနေကြသည်။ ရှည်လျှားလှသည့် လုံခြုံရေးကြိုးများကို ခါးတွင်ကိုယ်စီချည်နှောင်၍ အယ်လ်ဖာ စောင်းတန်းလှေကားတစ်လျှောက် ထွက်ခွာသွားကြသူများ၏ ခေါင်းဆောင်းဦးထုပ်မှ မီးရောင်များကို မီတာ တစ်ရာ နှစ်ရာလောက်အထိ နှောတန်တို့မြင်တွေ့နေကြရသည်။

+++++++++++++++++

ကားလ်မာစာသည် သူ့ကိုယ်သူမေးခွန်းပြန်ထုတ်နေမိ၏။ ဤလှေကားကို သူတက်နေတာလား။ ဆင်းနေတာ လား။ တက်ခြင်းသို့မဟုတ်ဆင်းခြင်း တစ်ခုခုကိုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ သတ်မှတ်မှဖြစ်လိမ့်မည်။ ခုကဲ့သို့ ဆွဲအားသုံညအခြေအနေရှိသော ထုလုံးရှည်ကမဿဘာထဲတွင် ဦးနှောက်က ကြိုက်သလိုသတ်မှတ်၍ ရ၏။ သို့သှောအသတ်မှတ်မတှောပါက အမြင်အာရုံလှည့်စားမှုဒဏ်ကြောင့် ရူးသွားနိုင်သည်။

စစချင်းလှေကားကို သူတက်နေသည်ဟုသတ်မှတ်လိုက်သည်။ ပထမဆုံးလှေကားထစ်ကို မြဲမြဲကိုင်၍ ခနဿဓာကိုယ် ကို တွန်းတင်လိုက်သည်။ ဌက်မွေးလေးတစ်ခုအလားပေါ့ပါးစွာ မျောပါသွား၏။ လွယ်လှသည်။ လွယ်လွန်းလှ သည့်အတွက် သူတို့ခရီးသည် လိုအပ်တာထက်သိပ်များမြန်ဆန်နေမလားဟု တွေးပူမိသေးသည်။

သူ့အဖှောနှစ်ဦး၏ အသက်ရှုသံများကို သူ့နားကြပ်များထဲမှ ကြားနေရသည်။ နှစ်ယောက်စလုံး အခြေအနေ ကောင်းကြသည်ကို အသက်ရှုသံကြားရုံဖြင့် သိနိုင်၏။ လှည့်ကြည့်နေစရာမလို။

လှေကားထစ်များသည် တစ်ထစ်နှင့်တစ်ထစ် မီတာဝက်မျှ ကွာခြားသည်။ မာစာသည် လှေကားထစ်များကို တစ်ထစ်ချင်းရေတဿွက်ရင်း သူယူဆသလို တက်လာခဲ့ရာ အထစ်နှစ်ရာမျှအရောက်တွင် သူသယ်ပိုးလာခဲ့သော ပစဿစည်းကိရိယာများ၏ အလေးချိန်ကို စတင်ခံစားလာရသည်။ ရာမ၏ ဆွဲအားကို သူစတင်ခံစားနေရပါပကော။

အထစ်လေးရာအရောက်တွင်တော့ သူ့အလေးချိန်သည် ငါးကီလိုဂရမ်ထိရှိလာခဲ့သည်။ လှေကားကို တက်နေ သည်ဟူသော သူ၏အယူအဆသည် မှားယွင်းစပြုလာ၏။ အလေးချိန်က အောက်သို့ဆွဲနေပြီကိုး။ထို့ကြောင့် လှေကားကို ဆင်းနေသည်ဟု ပြန်မှတ်ရတော့သည်။

အထစ်ငါးရာအရောက်တွင် ခေတဿတရပ်နားလိုက်သည်။ ခုထိတော့ ဘာပြသဿသနာမှမရှိ။ အပှေါသို့ သတင်းပို့လိုက် သည်။

"အားလုံးအိုကေပဲဆရာ၊ ဂျိုးနဲ့ဝီလည်း အခြေအနေကောင်းပါတယ်"

"ဘာလို့ရပ်နေတာလဲ ကားလ်" နောက်မှလိုက်လာသော ဂျိုးကားလ်ဗတ်က မေးလိုက်သည်။

တပ်ကြပ်ကြီးမိုင်ရွန်က-

"ကားလ်ရေ၊ နည်းနည်းတော့ သတိထား၊ ကိုရီယိုလစ်ဆွဲအားတွေ စတင်ဖြစ်ပှေါလာပြီ" ဟုသတိပေး၏။

မိုင်ရွန်မပြောခင်ကတည်းက မာစာသတိထားမိနေပါသည်။ လှေကားကိုတစ်ထစ်ဆင်းလိုက်တိုင်း ညာဖက်သို့ မသိမသာဆွဲသွားသည်ကို ခံစားသိရှိခဲ့ရသည်။ ထိုဆွဲအားသည် ရာမ၏လည်ပါတ်နှုန်းကြောင့်ဖြစ်လာသော ကိုရီယိုလစ် ဆွဲအားမှန်းသူသိပါသည်။ မူလက ဦးခေါင်းဖြင့်တက်ခဲ့ရသည်ဟု သူမှတ်ယူထားသော လှေကား သည်ယခု ခြေထောက်ဖြင့်ဆင်းရသည်ဟု မှတ်ယူရတော့မည်။ မာစာသည် လှေကားထစ်ကို မြဲမြဲကိုင်၍ ခနဿဓာကိုယ်ကို တစ်ရာ့ရှစ်ဆယ်ဒီကရီ လှည့်လိုက်သည်။ ဗဟိုချက်ရှိ ယာဉ်မှူးနှောတန်တို့၏ သေးငယ်လှသော အရိပ်များကို မီးမောင်းများ၏ အလင်းရောင်အောက်တွင် သူမြင်တွေ့လိုက်ရသည်။ သူလက်ဝှေ့ယမ်းပြလိုက်၏။ သူ့ကို မြင်မမြင်တော့မသေချာ။

ကိုင်ထားသောလှေကားထစ်ကို လက်လွှတ်လိုက်သောအခါ စတင်အသက်ဝင်နေပြီဖြစ်သည့် ရာမ၏ ဆွဲအာ
က သူ့ခြေထောက်များကို နောက်လှေကားထစ်တစ်ခုပှေါသို့ နှစ်စကဿကန့်မျှသော အချိန်အတွင်း ကျရောက်သွားစေ၏။ ဆွဲအားက နည်းပါးလွန်းလှသည်။ နှစ်စကဿကန့်ဆိုသည့်အချိန်သည် ကမဿဘာ့ဆွဲအားအရ မီတာသုံးဆယ်အမြင့်မှ မြေပြင်သို့ ကျရန် လုံလောက်သောအချိန်ဖြစ်သည်။ မာစာသည် ခြေထောက်ကိုချည်းအားမကိုးပဲ လက်များကိုပါ သုံး၍ လှေကားကိုဆင်းနေ၏။

အထစ်ခုနှစ်ရာရောက်သော ခဏနားပြန်၏။ ထိုနေရာတွင် ရာမ၏ ဆွဲငင်အားသည် အားပိုကောင်းလာပြီဖြစ်၏။ သူတို့၏ အလေးချိန်သည် ဆယ်ကီလိုဂရမ်စီရှိလာပြီ။ ရာမပှေါသို့စရောက်ချိန်ကတည်းက ခြေထောက်ပှေါတွင် ပထမဆုံးအကြိမ်အဖြစ်သူတို့ မတ်မတ်ရပ်နိုင်ကြပြီဖြစ်၏။ ထိုနေရာတွင် လှေကားစောင်းတန်းကြီးများ၏ ပထမ အဆစ်ဆုံးသွားသဖြင့် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ လှေကားကြီးသုံးစင်းကို ဆက်သွယ်ထားသော ပလက်ဖောင်းကြီးကို မြင်တွေ့နေရသည်။ ထိုပလက်ဖောင်းကြီးသည် ပါတ်ပါတ်လည်တည်ရှိနေ၏။

ဆွဲအားရှိလာသောကြောင့် လမ်းလျှောက်၍ရပြီ။ သို့သှော ဆွဲငင်အားက နည်းပါးလွန်းလှသဖြင့် ခုန်ဆွခုန်ဆွ သွားကြရမည်။ ထိုသို့သွားနေရင်းဖြင့် မတှောတဆ အဆုံးအစမဲ့ အမှောင်ထုကြီးထဲသို့ လွင့်စဉ်ပြုတ်ကျသွားခဲ့ သည်ရှိသှော——————————–။

မာစာသည် တွေးကြည့်ရင်း ကြက်သီးထသွား၏။ ဘေးတစ်ဖက်တစ်ချက်ရှိ လှေကားလက်ရန်းကြီးများကား ချောမွေ့ပြောင်လက်နေ၏။ ထိုလက်ရန်းကြီးများပှေါတက်ပြီး ငယ်ငယ်တုန်းက ကလေးများ လျောစီးသလို စီးဆင်းနိုင်ခဲ့လျှင် တစ်နာရီ ကီလိုမီတာရာပေါင်းများစွာ ခရီးရောက်ချိမ့်မည်။ ယခုကဲ့သို့ လှေကားထစ်များကို တပင်တပန်း စလိုးမိုးရှင်းဖြင့်ဆင်းနေရန်မလို။ ဟုတ်သည်။ မာစာသည် တွေးရင်းဖြင့် အကြီးအကျယ်သဘောကျ လာသည်။ ဒီလိုဆင်းရင် အသက်သာဆုံးပဲ။ ဒါပေမဲ့အရင်ဆုံး စမ်းသပ်ကြည့်ဖို့တော့လိုလိမ့်မည်။

"ဆရာ" မာစာသည် နှောတန့်ထံသို့ သတင်းပို့လိုက်သည်။

"ဆရာ သဘောတူရင် လှေကားရဲ့ ဒုတိယအဆစ်အထိရောက်အောင် လက်ရန်းကနေ လျှောဆင်းသွားချင်တယ်"

နှောတန်က မဆိုင်းမတွ သဘောတူ၏။

"လုပ်လေဗျာ။ သတိတော့ထားပေါ့"

မာစာသည် သူ့အကြံကို ချက်ချင်းအကောင်အထည်ဖှောလေသည်။ ကားလ်ဗတ်နှင့် မိုင်ရွန်တို့လည်း ထိုနည်း လည်းကောင်း။ ကားလ်ဗတ်က-

"ဒီလှေကားတွေဟာ တက်ဖို့လုပ်ထားတာဗျ၊ ဆင်းဖို့မဟုတ်ဖူး။ တက်ရရင် အဆင်ပြေပေမဲ့ ဆင်းရင် လုံးဝအဆင် မပြေဘူး။ အကောင်းဆုံးဆင်းနည်းကတော့ ခုလို လက်ရန်လျှောစီး ဆင်းနည်းပဲ။ ရာမသားတွေလည်း ဒီလိုပဲလုပ်မယ်ထင်တယ်" ဟုပြောလိုက်သည်။

"မဖြစ်နိုင်ပါဘူးဗျာ၊ ရာမသားတွေဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တှောတော့မထင်ဘူး" တပ်ကြပ်ကြီးမိုင်ရွန်က ကားလ်ဗတ်၏ စကားကိုကန့်ကွက်လိုက်သည်။ သူက ဆက်ပြောလိုက်သည်။

"ရာမသားတွေမှာ ဗဟိုချက်မကိုသွားဖို့ သီးခြားသယ်ယူပို့ဆောင်ရေးစနစ် ရှိလိမ့်မယ်ထင်တယ်။ ဒီလှေကားကြီး တွေကနေ တက်လိုက်ဆင်းလိုက်လုပ်နေမယ်လို့ ကျွန်တှောတော့မထင်ဘူး။ ကျွန်တှောထင်တာက ဒီလှေကား တွေကို အရေးပှေါထွက်ပေါက်အဖြစ်သုံးရင်သုံး ဒါမှမဟုတ် မိုးရွာတဲ့အခါ ရေခံဖို့ ရေတံလျှောက်အဖြစ်သုံးမယ် ထင်တယ်။ ဒါပေမဲ့ ဒီမှာ မိုးရေရွာလို့လား"

"မသိဘူးလေ မိုင်ရွန်ရဲ့၊ ရွာချင်လည်းရွာမယ်၊ ရွာချင်မှလည်း ရွာမှာပေါ့။ ဘာပဲဖြစ်ဖြစ် ခုတော့ ပျှောပျှောကြီး လျှောစီးလိုက်ကြဦးစို့"

မာစာကပြောပြောဆိုဆို လက်ရန်းပှေါတက်ထိုင်လိုက်၏။ လက်များဖြင့် အရှိန်ထိန်းကြည့်၏။ ပြီးတော့ အသာလေး လျှောချလိုက်တော့သည်။ အရှိန်တဖြည်းဖြည်းရလာသောအခါ မာစာသည် အမှောင်ထုကြီးအတွင်း သို့ လျောဝင်နစ်မြုတ်သွားတော့သည်။ ဦးခေါင်းထိပ်မှ မီးရောင်ကလေးကား တလက်လက်။

+++++++++++++++

မီတာငါးဆယ်မျှ အခက်အခဲမရှိအောင်မြင်စွာ လျှောဆင်းပြီးနေ
က် သူ့လူနှစ်ယောက်ကို ခှေါလိုက်၏။ ထို့နောက် တွင်ကား သုံးဦးသား အပူအပင်ကင်းသော ကလေးငယ်လေးများဘဝသို့ တဖန်ပြန်လည်ရောက်ရှိသွားကြတော့ သည်။ နှစ်မိနစ်မပြည့်တပြည့်အချိန်အတွင်း တစ်ကီလိုမီတာခန့် သက်တောင့်သက်သာဖြင့် ခရီးရောက်နိုင်ခဲ့ သဖြင့် သုံးဦးလုံး လွန်စွာမှ စိတ်လက်ချမ်းသာလျှက်ရှိကြသည်။

လှေကားစောင်းတန်းကြီး၏ ဒုတိယအဆစ် ပလက်ဖောင်းသို့ရောက်သောအခါ သူတို့၏ ပျှောရွင်မြူးတူးနေသော အှောသံဟစ်သံများကို ရေဒီယိုမှတဆင့် ကြားနေရသော နှောတန်က-

"ခင်ဗျားတို့ သိပ်ပျှောနေကြတယ်မှတ်တယ်။ ပြန်အတက်ကြရင် ဒုကဿခရောက်မယ်နော" ဟု ရေဒီယိုမှတဆင့် သတိပေး၏။

"ဟုတ်ကဲ့ပါ။ ကျွန်တှောအခု စစ်ဆေးနေပါတယ်"

မာစာသည် ဒုတိယအဆစ် ပလက်ဖောင်းတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း နှောတန့်ကို ပြောလိုက် သည်။ ထိုနေရာတွင် ဆွဲငင်အားကို သိသိသာသာခံစားလာရပြီဖြစ်၏။ ပလက်ဖောင်းအစွန်သို့ တရွေ့ရွေ့သွားပြီး နောက်ထပ်ဆင်းရမည့်လှေကားထစ်များကို ငုံ့ကြည့်လိုက်သည်။ သူတို့ဆင်းလာခဲ့သည့် လှေကားများအတိုင်း ပုံစံတူလှေကားထစ်များကိုသာတွေ့ရ၏။ ဓါတ်ပုံများတွင် တွေ့ခဲ့ရသည့်အတိုင်း ဆွဲအားများလာလေ၊ လှေကား ထစ်များကတော့ စိတ်လာလေဖြစ်၏။

ဗဟိုချက်စခန်းသည် သူတို့နှင့် နှစ်ကီလိုမီတာမျှ ကွာဝေးခဲ့ချေပြီ။ မီးမောင်းများ၏ အလင်းရောင်ကို ခပ်သဲ့သဲ့သာ မြင်ရတော့သည်။

မာစာသည် သူတို့ဆင်းလာသော လှေကားကြီးတစ်ခုလုံးကို အစအဆုံး မမြင်ရပဲ မှောင်ကြီးမည်းကြီးထဲ ခရီးသွား နေရ သည်ကပင် ခပ်ကောင်းကောင်းဟုထင်လာမိသည်။ အကယ်၍သာ ရာမတွင်အလင်းရောင်ရှိနေခဲ့ပါလျှင် ဆယ့်ခြောက်ကီလိုမီတာမျှ မြင့်သော ဒေါင်လိုက်ထောင်ထားသည့် ပန်ကန်ပြားကြီး၏ အလယ်ကောင်တွင် ပုရွက် ဆိတ်ကလေးပမာ တရွေ့ရွေ့သွားနေရသည့် မြင်ကွင်းကို မြင်လိုက်ရလျှင် မည်သို့သော တုန့်ပြန်မှုများဖြစ် လာမည်နည်း။ သူ့ကိုယ်သူမသေချာလှ။ အမှောင်ထဲသွားရခြင်းပင်လျှင် ကျေးဇူးတင်စရာကောင်းလှပြီ။

"ခုထိတော့ အပူချိန်အပြောင်းအလဲ မရှိဘူးဆရာ၊ ရေခဲမှတ်အောက်မှာပဲ ရှိနေတယ်။ ဒါပေမဲ့ လေထုဖိအားတော့ တက်လာတယ်။ သုံးရာ မီလီဘားလောက်ရှိလာပြီ။ အောက်စီဂျင်နည်းပေမဲ့ ရှုလို့တော့ရနိုင်လောက်ပြီ။ ဒီထက် အောက်ဆင်းရင်လည်း ပြသဿသနာတစ်စုံတစ်ရာ မရှိလောက်ဖူးလို့ ထင်မိတယ်၊ အာကာသထဲမှာ ပထမဆုံးသော အောက်စီဂျင်ဘူးမပါပဲ အသက်ရှုလို့ရတဲ့ နေရာကိုရောက်နေပြီလို့ ကျွန်တှောတော့ထင်တာပဲ။ နေဦး၊ တစ်ချက်လောက် ရှုကြည့်စမ်းမယ်"

နှောတန်သည် မာစာ့အသံကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်သွား၏။ သို့သှောလည်း မာစာသည် သူငယ်နှပ်စားမဟုတ်။ သူ့အလုပ်သူကောင်းကောင်းသိသော ဝါရင့် အာကာသယာဉ်မှူးတစ်ယောက်ဖြစ်သည့် အတွက် ဘာမှဝင်မပြော။

မာစာသည် ဖိအားများကို ချိန်ညှိလိုက်ပြီး ခေါင်းဆောင်းဦးထုပ်ကို ချွတ်လိုက်သည်။ သတိကြီးစွာဖြင့် အသက်ကို ဖြည်းဖြည်းချင်း မျှင်း၍ ရှုလိုက်သည်။ ပြီးတော့ အားပါးတရ တစ်ချက်ရှုသွင်းလိုက်သည်။

ရာမ၏ လေထုက ထိုင်းမှိုင်းလှသည်။ အနံ့အမျိုးမျိုးကို စမ်းသပ်လာခဲ့သည် မာစာ့၏ စူပါနှာခေါင်းသည်ပင်လျှင် ဘာနံ့ကိုမှ ခံစား၍မရ။ သတဿတုနံ့အနည်းငယ်တော့ ရသလိုထင်မိသည်။ ခေါင်းစွပ်ဦးထုတ်ကို ပြန်ဆောင်းလိုက်ပြီး ထူးဆန်းသော ဂြိုလ်သားကမဿဘာ၏ လေကို အဆုတ်ထဲမှ အကုန်အစင် ပြန်ထုတ်လိုက်သည်။ ခုထိတော့ ရှု၍ မကောင်းလှသေး။ သို့သှော နောက်ထပ် ကီလိုမီတာအနည်းငယ် ဆင်းသက်ပြီးပါက တစ်မျိုးတစ်ဖုံ ပြောင်းလဲ လာစရာ အကြောင်းရှိ၏။ သို့သှော နောက်ထပ်ထပ်မံဆင်းစရာ အကြောင်းမရှိတော့။ သူတို့ပြန်တက်ကြ ရတော့မည်။

"ကျွန်တှောတို့ ပြန်တက်လာတော့မယ်ဆရာ။ အောက်ဆက်ဆင်းလည်း ဘာမှ အကြောင်းမထူးဘူး၊ ဒီအတိုင်းပဲ
အပြောင်းအလဲမရှိဘူး"

"ကောင်းပြီ မာစာ၊ ဖြည်းဖြည်းချင်းပဲ တက်လာခဲ့ပါ။ ကျွန်တှောတို့ အချိန်မှတ်ပေးမယ်"

မာစာသည် ဖြည်းဖြည်းချင်းမတက်။ တစ်ခါတက်လျှင် လှေကားသုံးလေးထစ်ကျှော၍ တက်၏။ တက်ရင်းဖြင့် ကားလ်ဗတ်၏ စကားမှန်လှကြောင်း သတိထားမိ၏။ ထိုလှေကားများသည် ဆင်းရန်အတွက်မဟုတ်၊ ဗဟိုချက်မ သို့ တက်ရန်အတွက်သာဖြစ်၏။

လှေကား၏ ပထမအဆစ် ပလက်ဖောင်းသို့ ပြန်ရောက်ရန် ဆယ်မိနစ်မျှသာ ကြာ၏။ ထိုပလက်ဖောင်းတွင် ဆယ်မိနစ်မျှရပ်နားပြီး မတ်စောက်လှသော နောက်ဆုံးအတက်ပိုင်းကို တက်ခဲ့ကြတော့သည်။

ခုန်-လှေကားထစ်ကို ဆွဲ- တက်၊ ခုန်-ဆွဲ- တက်၊ ခုန်ဆွဲတက်၊ လွယ်လွန်းလှသည်။ ငြီးငွေ့ဖွယ်ကောင်းလှသည်။ ကြာလျှင် သတိလက်လွတ် ဖြစ်မှာတောင်စိုးရသည်။ လှေကား ပထမအဆစ် တစ်ဝက်ခန့်အရောက်တွင် ငါးမိနစ်ခန့်နားလိုက်ကြသည်။ ခြေသလုံးကြွက်သားများနှင့် လက်မောင်းများကိုက်ခဲစပြုလာကြပြီဖြစ်၏။ သိပ်နား မနေကြနှင့်၊ သွေးအေးသွားလိမ့်မည်။ ပြန်ရောက်ဖို့ကမဝေးတော့။

ကဲ ခုန်လိုက်စမ်း၊ လှေကားထစ်ကို ဆွဲလိုက်စမ်း၊ တက်လိုက်စမ်း။

နောက်ဆုံးမတော့ ဆွဲအား သုံညဖြစ်သည် သူတို့၏ ဗဟိုချက်စခန်းသို့ ပြန်ရောက်လာကြပြီဖြစ်၏။ ခရီးစဉ် တစ်ခုလုံးသည် တစ်နာရီသာကြာ၏။ အံ့မခန်းသည် သမိုင်းဝင်ခရီးစဉ်ကြီး။ မာစာတို့ သူရဲကောင်းသုံးဦးသည် ပျှောရွှင်ကြည်နှုးနေမိကြ၏။

သို့သှောလည်း သူတို့၏ ပျှောရွှင်မှုက သိပ်ကိုစောလွန်းနေကြောင်းနောက်ပိုင်းကျမှ သိလာကြသည်။ အချိန်ကုန်၊ လူပန်းခံ၍ သူတို့ဆင်းခဲ့ကြသည့် ထိုခရီးသည် လှေကားစောင်းတန်းကြီး၏ ရှစ်ပုံတစ်ပုံမျှသာ ခရီးပေါက်ကြောင်း ထိုအချိန်က သိခဲ့ကြလျှင်————————————————————။

++++++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2010
M T W T F S S
« May   Jul »
 123456
78910111213
14151617181920
21222324252627
282930  
Follow

Get every new post delivered to your Inbox.