အတ္တလန်တစ်ရှာပုံတော် (၆၇)
06 Jul 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
အယ်လ်သည် ကေဗင်ခန်းထဲသို့ရောက်လာပြီး နစ်မြှုပ်သွားသော ကင်းလှည့်မှောတှောကို သမင်လည်ပြန်လှည့်ကြည့် နေ၏။ မကြာမီ သူ့မျက်လုံးများပြူးထွက်လာသည်။ ဒုတိယ ကင်းလှည့်မှောတှောတစ်စီးက မီးထိုးကာသူတို့နောက်မှ လိုက်လာပြန်ချေပြီ။
“ဟိုကောင်တွေလိုက်လာပြန်ပြီကွ”
“ဒီကောင်တွေကိုတော့ ပထမကောင်တွေလို အလစ်အငိုက်ဖမ်းလို့ရမှာ မဟုတ်တော့ဘူး။ သေနတ်နဲ့ ပစ်လို့ရတဲ့ အကွာအဝေးရောက်တာနဲ့ ငါတို့အင်ဂျင်ကို သေနတ်နဲ့ ဝိုင်းပစ်ကြတော့မှာ၊ ပက်နဲ့ မီဂန်ကို အပှေါခှေါထားလိုက်”
ပစ်သည် သူ၏လမ်းကြောင်းရှာကွန်ပြူတာကို စူးစိုက်ကြည့်ရင်း ဂရန်းဘန့်ခ်ကို အနောက်တောင်ဖက် ငါးဒီကရီ လမ်းကြောင်းပြောင်းလိုက်သည်။ တောင်ကြားသို့ရောက်ရန် ကိုက်လေးရာလိုသေးသည်။
အယ်လ်၊ ပက်နှင့် မီဂန်တို့ ကေဗင်ထဲသို့ရောက်လာကြသည်။
“သေချာကိုင်ထားကြဟေ့”
ပစ်၏ စကားကိုကြားလိုက်ရသော အယ်လ်က မျက်လုံးပြူးသွားပြီး-
“မင်း ဒီအရှိန်နဲ့ကမ်းကပ်မှာလား” ဟုမေးလိုက်သည်။
“ဒါပဲလုပ်စရာရှိတော့တယ်”
ဒုတိယ ကင်းလှည့်ယာဉ်သည် ဂရန်းဘန့်ခ်နောက်မှ တည့်တည့်ကြီးလိုက်လာပြီဖြစ်၏။ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။ ကင်းလှည့်မှောတှောပှေါမှ လူများသည် တောင်ကြားကမ်းခြေကို အရှိန်မလျှော့ပဲ တက်မည့် ပစ်၏ အကြံကို ရိပ်မိဟန်ဖြင့် ဂရန်းဘန့်ခ်၏ ရှေ့မှပန်းတက်၍ တားဆီးရန် အရှိန်ကိုထပ်မံမြှင့်တင်လိုက်သည်။
ပစ်သည် ဘရိတ်ကို ရုတ်တရက်ဆောင့်ဆွဲလိုက်ပြီး ဂရန်းဘန့်ခ်ကို ဘက်ဂီယာပြောင်း၍ အရှိန်မြှင့်လိုက်သည်။ ကင်းလှည့်မှောတှောသည် အရှိန်မထိန်းနိုင်ပဲ ရှေ့သို့ အတှောများများလွန်ထွက်သွား၏။ ခုတော့ ပြေးသူနှင့်လိုက်သူ ပြောင်းပြန်အနေအထားဖြစ်သွားချေပြီ။
“ကဲ၊ အားလုံးကြမ်းပြင်မှာမှောက်နေကြ၊ အကာအကွယ်ယူကြဟေ့”
ဒုတိယ ကင်းလှည့်မှောတှောသည် အရှိန်လွန်သွားမှန်းသိလျှင်သိခြင်း ဆောင့်ရပ်လိုက်ရာ ရေပှေါတွင်လည်ထွက်သွား ပြီး ဂရန်းဘန့်ခ်၏ ပြေးလမ်းကြောင်းတွင် ကန့်လန့်ကြီးခံနေ၏။ ေမာှေတာှနွစ္စီးသည္ အဂဿငလိပ္အကဿခရာ တီ ပံုသဏဿဍာန္ အနေအထားဖြစ်နေ၏။ ကင်းလှည့်မှောတှော၏ တာဝန်ခံသည် ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင်း ပစ်မိန့်ပေးလိုက်၏။ စက်သေနတ်ကြီး ဂရန်းဘန့်ခ်ကို ဦးတည်နေချိန်တွင် ကင်းလှည့်မှောတှောထက် တစ်ဆခွဲခန့် ပိုမိုကြီးမားသော ဂရန်းဘန့်ခ်ခရူဇာသည် မိုင်ကုန်ဖွင့်၍ မှောတှောတည့်တည့်သို့ ဦးတည်ပြေးလာပြီဖြစ်၏။
ကိုးမီလီမီတာ စက်သေနတ်မှ ကျည်ဆန်များသည် တစ်မိနစ် ၃၄ဝဝ နှုန်းဖြင့်ပြေးထွက်သွားပြီး ဂရန်းဘန့်ခ်၏ နေရာ အနှံ့အပြားသို့ မိုးသီးမိုးပေါက်များပမာ တဖြောဖြောကျရောက်ထိုးခွဲလျှက်ရှိသည်။ သို့သှောအလွန့်အလွန် နောက်ကျ သွားခဲ့ပြီဖြစ်၏။ ဂရန်းဘန့်ခ်၏ ကြီးမားလှသော ကိုယ်ထည်ကြီးသည် ကင်းလှည့်မှောတှောကို ခါးမှ ဖြတ်တိုက် လိုက်ချေပြီ။
မှောတှောသည် ထက်ပိုင်းကျိုးပြီး ချာချာလည်ကျန်ခဲ့သည်။
ပစ်တို့လေးဦးရှိသော ကေဗင်ခန်းထဲတွင်လည်း မှန်ကွဲစများ၊ အပျက်အစီးများဖြင့် မွစာကြဲနေ၏။
“အယ်လ်၊ တို့မှောတှောအခြေအနေဘယ်လိုရှိလဲ သွားကြည့်စမ်း”
အယ်လ်သည် လှစ်ကနဲ အပြင်ထွက်သွားပြီး စကဿကန့်ပိုင်းအတွင်းပြန်ရောက်လာသည်။
“ရေဝင်နေပြီ၊ နောက်ငါးမိနစ်အတွင်း မြုပ်မယ်” ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ယခု တောင်ကြားနှင့် ကိုက်ငါးဆယ်သာဝေးတော့သည်။ သို့သှော ကင်းလှည့်မှောတှောကို တိုက်ခွဲခဲ့သော ဂရန်းဘန့်ခ်၏ ဦးပိုင်းသည် ဆိုးဆိုးဝါးဝါး ပျက်စီး၍ ရေများအဆမတန်ဝင်နေပြီဖြစ်သောကြောင့် ဤအတိုင်းသာဆိုလျှင် ကမ်းခြေသို့မရောက်နိုင်တော့။
ပစ်သည် ဂရန်းဘန့်ခ်ကို တစ်ပါတ်လှည့်လိုက်သည်။ ပဲ့ပိုင်းကရှေ့၊ ဦးပိုင်းကနောက်ဖြစ်သွား၏။ ထို့နောက် ဘက် ဂီယာထိုး၍ စက်ကုန်ဖွင့်မောင်း၏။ နောက်ပြန်ကြီးမောင်းသောကြောင့် ရေဝင်သက်သာသွား၏။ တောင်ကြားသည် တဖြည်းဖြည်းနီးကပ်လာပြီ။
အယ်လ်သည် ပက်တို့သားအမိကို လက်ဆွဲ၍ ကေဗင်ထဲမှထွက်လိုက်သည်။ ပြီးတော့ သုံးဦးစလုံး ဒူးထောက် ထိုင်ချလိုက်ပြီး သူ့လက်နှစ်ဖက်က ပက်နှင့် မီဂန်တို့၏ ခါးများကိုတင်းတင်းဖက်ထားလိုက်၏။ ဂရန်းဘန့်ခ်သည် ခုထိ အရှိန်ဖြင့်သွားဆဲဖြစ်သှောလည်း ရေထဲသို့တဖြည်းဖြည်းမြုပ်လာပြီဖြစ်၏။ တောင်ကြားသည် အလွန်နီးကပ်လာခဲ့ပြီ ဖြစ်သည်။ တောင်ကြားရှိ ကမ်းခြေမှ ကျောက်ဆောင်များကို ရိုက်ခတ်၍ ဖြစ်ပှေါလာသော နှစ်ပေခန့်မြင့်သည့် လှိုင်း ခေါင်းဖြူများကိုပင် မြင်တွေ့နေရပြီ။
ရုတ်တရက် သဘေဿငာဝမ်းဗိုက်မှ အသံကျယ်ကြီးတစ်ခုထွက်လာ၏။ ကမ်းခြေရှိ ကျောက်စွန်းသည် သဘေဿငာဝမ်းကို ထိုးခွဲရာမှ ထွက်ပှေါလာသောအသံဖြစ်သည်။ ပစ်သည် အင်ဂျင်စက်ကို ရပ်လိုက်၏။ ဂရန်းဘန့်ခ်သည် အရှိန်ဖြင့်ရှေ့သို့ ပေပေါင်းများစွာရွေ့သွားပြီး ကမ်းခြေနှင့် ဆယ်ပေအကွာတွင် ထိုးရပ်သွားတော့သည်။
“ဆင်းကြမယ်ဟေ့”
ပစ်သည် ပြောပြောဆိုဆို မီဂန်ကို ပွေ့ချီလိုက်ပြီး-
“သမီးအတွက် ကမ်းကပ်ဖို့ တံတားလေးဘာလေး မခင်းပေးနိုင်ဘူးကွဲ့၊ ဦးတို့အတူရေကူးကြစို့” ဟုပြောလိုက်သည်။
+++++++++++++

Recent Comments