ရာမ (၁၀)
19 Jul 2010 Leave a Comment
အခန်း (၁၂)
နတ်ဘုရားတို့၏ လှေကား
အေးစက်မှောင်မိုက်သော ရာမပါတ်ဝန်းကျင်ဝယ် မီးမောင်း၏ အလင်းရောင်သည် ပျောက်သလောက်ဖြစ်နေ၏။ ဗဟိုချက်စခန်းမှ သုံးမီတာအကွာရှိ စောင်းတန်းအယ်လ်ဖာ၏ တစ်နေရာကိုသာ မီတာတစ်ရာပါတ်လည်ရှိသော ဘဲဥပုံအလင်းကွက်ကလေးအဖြစ် ဖန်တီးပေးနိုင်၏။
အောက်ဖက် ငါးကီလိုမီတာအကွာရှိ ရာမ၏ အမှောင် ကနဿတာရ လွင်ပြင်ထဲသို့ ထိုအလင်းအိုအေစစ်ကလေးသည် တဖြည်းဖြည်းရွေ့လျှားလာ၏။ ထိုအလင်းကွက်၏ အလယ်တွင် အရိပ်ရှည်ကြီးများထွက်လျှက်ရှိသော ပုရွက်ဆိတ်ကလေးသုံးကောင်သဖွယ် လူသုံးဦးသည် တရွေ့ ရွေ့ လှုပ်ရှားလျှက်ရှိ၏။
ပွဲမဝင်ခင် အပြင်ကလေ့ကျင့်ခဲ့ပြီးဖြစ်ခဲ့သည့် အားလျှောစွာ အဆင်းသည် ချောမောလှ၏။ လှေကား၏ ပထမ ပလက်ဖောင်းတွင် နှောတန်နှင့်အဖွဲ့ခဏနားကြသည်။ ဒုတိယအဆစ်အစကို လမ်းလျှောက်ဆင်းကြည့်သည်။ ကျန်သည့်ခရီးကတော့ ထုံးစံအတိုင်းလက်ရန်းကို ခွ၍လျှောဆင်းကြ၏။ ဒုတိယပလက်ဖောင်းတွင် အောက်စီဂျင် ခလုတ်များကိုပိတ်၍ အလုံပိတ်ဦးထုတ်များကိုချွတ်လိုက်ကြသည်။ ရာမ၏ သဘာဝလေကို အားပါးတရရှု ကြသည်။ ရာမလေသည် မည်သို့မျှ ဥပါဒ်မဖြစ်ဟု ဒေါက်တာလောရာအန်းစ်က ရဲရဲကြီးအာမခံလိုက်သည်။ ခုတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ပြီ။
ဤသို့ဖြင့် ပဥဿစမအဆင့် ပလက်ဖောင်းသို့ရောက်လာကြသည်။ နောက်ထပ် တစ်ဆင့်သာ ထပ်ဆင်းရတော့မည်။ ဆွဲငင်အားသည်လည်း ကမဿဘာ့ဆွဲအား၏ တစ်ဝက်အထိတိုးလာခဲ့သည်။ ရာမ၏ မွှတ်နေအောင်လည်ပါတ်မှုမှ ဖြစ်လာသည့် ဗဟိုခွာအားမှတစ်ဆင့် ဖြစ်ပှေါလာသော အတွင်းဆွဲအားမှာ အမှန်တကယ်အကျိုးသက်ရောက်မှု ရှိ၏။ နှောတန်နှင့်အဖွဲ့သည် ပျှောပျှောကြီးဆင်းလာကြရင်း ဆင်းရင်ပြုံးပြုံးတက်တော့မုန်း ဆိုတာမျိုးများဖြစ်နေ မလားဟုတွေးရင်း ရင်လေးမိကြသေးသည်။ ပြန်တက်ရမည့်လှေကားထစ်က နှစ်သောင်းသုံးထောင်ဆိုတော့။
လှေကားများသည် မတ်စောက်နေရာမှ သိသိသာသာ ပြေပြစ်လာသည်ကို တွေ့နေရ၏။ ခုဆိုလျှင် လှေကားပှေါမှ ပုံမှန်အတိုင်း လမ်းဆင်းလျှောက်၍ရပြီ။ နှောတန်သည် ကမဿဘာပှေါမှ ထိန်းသိမ်းထားသော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ကြသည့် မကဿကဆီကို အက်ဇ်တက်ဘုရားကျောင်းများ၊ အီဂျစ်ပစ်ရမစ်များသို့ ရောက်ခဲ့ဘူး၏။ တကယ့်ကို စုတ်ပြတ်ပေတူးနေသော အဟောင်းအမြင်းများဖြစ်၏။ ရာမသည် ထိုအရာများထက် မခန့်မှန်းနိုင်လောက်အောင်ရှေးကျ၏။ သို့သှောလည်း ရာမရှိ အရာတိုင်းသည် ခုမှစက်ရုံကထုတ်လိုက်သည့် အလား အသစ်စက်စက်ပင်ရှိနေကြသေး၏။ ဟောင်းနွမ်းခြင်းဆိုတာ ချိုနဲ့လားဟုမေးရလိမ့်မည်။
ပဥဿစမပလက်ဖောင်းမှစ၍ နှောတန်နှင့်အဖွဲ့သည် လှေကားတှောကြီး၏ နောက်ဆုံးပိုင်းကို လမ်းလျှောက် ဆင်းကြ၏။ ခုချိန်မှာ ကြွက်သားတွေလှုပ်ရှားဖို့အချိန်တန်ပြီဟု ယူဆ၍ဖြစ်သည်။ သူတို့သည် လှေကားနှစ်ထစ်စီ ကျှော၍ ဆင်းချလာကြရာ နောက်ဆုံးနင်းစရာ ဆင်းစရာ လှေကားမရှိတော့မှပင် တစ်သက်လုံးမဆုံးတော့ဟု ထင်ရသည့်လှေကား၏ ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြရသည်။
နှောတန်တို့သည် ရာမလွင်ပြင်ကို ခြေချပြီချေပြီတကား။
++++++++++++++
ရှစ်ကီလီမီတာ အကွာရှိ ဗဟိုချက်စခန်းမှ ထိုးပေးသောမီးမောင်း၏ အလင်းကွက်သည် ရှေ့သို့ မီတာတစ်ရာခန့် သာထိုးဖောက်နိုင်သည်။ နှောတန်သည် အလင်းရောင်ပေးနေသော ဗဟိုချက်စခန်းဆီသို့ လှမ်းမျှောကြည့်ရှုလိုက် သည်။ သူမမြင်ရသှောလည်း ဒုတိယ ယာဉ်မှူး ကားလ်မာစာက သူတို့ကို တယ်လီစကုတ်ဖြင့်ကြည့်နေမည်ကို သိသဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
"ကားလ်ရေ၊ ခုထိ
တာ့အားလုံး ပုံမှန်ပဲ၊ ဘာပြသဿသနာမှမရှိဘူး၊ ကျွန်တှောတို့ရှေ့ဆက်ကြမယ်" ယာဉ်မှူးနှောတန် က ရေဒီယိုမှတစ်ဆင့် စခန်းသို့ဆက်သွယ်အကြောင်းကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တှောတို့စောင့်ကြည့်နေကြပါတယ်" ကားလ်မာစာက အကြောင်းပြန်လိုက်သည်။
ခဏကြာတော့ အသံသစ်တစ်ခုကြားဖြတ်ဝင်လာသည်။
"အားမာန်အာကာသ သုတေသနယာဉ်ပှေါက အမှုဆောင်အရာရှိပြောနေပါတယ်။ ဒီလောက်ကလေးပြောလို့ ဘယ်ဖြစ်မလဲ ဆရာ။ ပြီးခဲ့တဲ့အပါတ်ကတည်းက ကျွန်တှောတို့ကို မီဒီယာတွေ ဝိုင်းနေတာဆရာသိရဲ့သားနဲ့။ နည်းနည်းပါးပါး ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ပြောဦးမှပေါ့ဗျ။ လကဿငာရွတ်ရမယ်မပြောပါဘူး"
နှောတန်က ရယ်လိုက်ရင်း-
"ကောင်းပါပြီခင်ဗျား၊ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့၊ ကျွန်တှောကြိုးစားပြီး ပြောကြည့်ပါမယ်။ ခက်တာက ဘာမှကောင်းကောင်းမမြင်ရဘူးဗျ။ ကျွန်တှောတို့အခြေအနေက ဘာနဲ့တူနေသလဲဆိုရင် တစ်ရုံလုံးအမှောင်ချပြီး စင်ပှေါမှာ မီးဆလိုက်ကလေးတစ်ခုထိုးထားတဲ့ ရင်သိမ့်တုန်ပြဇာတ်က ဇာတ်ကောင်တွေလိုဖြစ်နေတယ်။ နောက်ကို ပြန်ကြည့်ရင် ကျွန်တှောတို့ဆင်းခဲ့တဲ့ အယ်လ်ဖာလှေကားကြီးရဲ့ လှေကားထစ်နည်းနည်းကို မြင်နေရတယ်။ ရှေ့မှာတော့ ပြန့်ပြူးတဲ့လွင်ပြင်ရှိတယ်။ ဒီလောက်ပဲပြောစရာရှိသဗျ"
"ယာဉ်မှူးရဲ့အမြင်ကလေးလည်း ချီးမြှင့်ပါဦး"
အရေးထဲ အင်တာဗျူးသမားနှင့် လာတွေ့နေသေးသည်။
"ကျွန်တှော့အမြင်ကတော့ အေးသဗျ၊ သောက်ကျိုးနည်းအောင်ကိုအေးတယ်။ အပူပေးဝတ်စုံဝတ်ခဲ့မိတာကိုပဲ ကျေးဇူးတင်ရမယ်။ ပြီးတော့ တိတ်ဆိတ်သဗျ။ ကမဿဘာပှေါမှာရော အာကာသထဲမှာပါ ဒီလောက်တိတ်ဆိတ်တဲ့ နေရာမျိုးမကြုံဖူးခဲ့ဘူး။ အသံမှန်သမျှ ရာမကိုယ်ထည်က စုပ်ယူသွားတဲ့အတိုင်းပဲ။ ဘာသံမှကိုမကြားရဘူး။ ပဲ့တင်သံလည်းမထွက်ဘူး။ တိတ်လွန်းတော့ ကြောက်တောင်လာတယ်။ ဒါပေမဲ့ မကြာခင်ကျင့်သားရလိမ့်မယ် လို့မျှောလင့်ပါတယ်"
"ကျေးဇူးတင်ပါတယ် ယာဉ်မှူး၊ ဂျိုးနဲ့ ဘောရစ်စ်ကော ပြောကြပါဦး"
ဂျိုးကားလ်ဗတ်မှာ ရေငတ်တုန်းရေတွင်းထဲကျသလို ပြောချင်ဆိုချင်နေတုန်းဖြစ်သဖြင့် အတှောဖြစ်သွားသည်။
"အာကာသထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ခြားကမဿဘာရဲ့ သဘာဝလေကို ရှုနေရတယ်ဗျ။ သဘာဝလေလို့ပြော ရတာ ရာမလို အခြားသက်ရှိသတဿတဝါတစ်မျိုးမျိုးကလုပ်ထားတဲ့ နေရာမှာ သင့်တှောပါ့မလားတော့မသိဘူး။ ဘာဖြစ်ဖြစ်လေ ရာမဟာ ရာမသားတွေအဖို့တော့ မှီခိုရာကမဿဘာတစ်ခုပဲ မဟုတ်လား။ ဒီမှာလူတွေရှုသလိုပဲ အောက်စီဂျင်ရှိတယ်။ ရှိလို့ခုကျွန်တှောတို့ရှုနေရတယ်။ ဆိုတော့ ရာမသားတွေဟာ လူနဲ့များတူကြသလား၊ လူတွေထက် နှစ်ဆလောက်များပိုမြင့်ကြမလားလို့ ယူဆတယ်။ ဘောရစ်ရော ဘယ်လိုယူဆသလဲဗျ"
ဂျိုးကတော့လုပ်ချလိုက်ပြီ ဟုနှောတန်တွေးနေမိ၏။ တတိယမြောက်အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ဘောရစ် ရိုဒရီဂိုသည် အလုပ်ကသာ ဆက်သွယ်ရေးအရာရှိ၊ စကားပြောလျှင် တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်သည့် နှုတ်နည်းသူတစ်ဦးဖြစ်၏။ ခရစ်တှောသည် အာကာသထဲမှလာသော ဧည့်သည်တစ်ဦးဆိုသည့် အယူဝါဒကို လက်ကိုင်ထားသည့် ပဥဿစမမြောက် ခရစ်ယာန်ဂိုဏ်းဖြစ်သည့် ကှောစမိုနတ်ဂိုဏ်း၏ အရေးပါသည့် ဂိုဏ်းဝင် တစ်ဦးဖြစ်သည့်အားလျှောစွာ ဘာသာတရားကိုင်းရှိုင်းသူဟု ဆိုနိုင်၏။
သင်းအုပ်ဘုန်းကြီးတစ်ပါးအလား အေးဆေးလှသည့် ဘောရစ်ကို ဘာကြောင့်များ ရာမလေ့လာရေးအဖွဲ့ထဲသို့ သူဆွဲသွင်းခဲ့သနည်း။ ဘောရစ်သည် တောင့်တင်းကြံ့ခိုင်၏။ နည်းပညာကျွမ်းကျင်၏။ အားကိုးအားထားပြု လောက်၏။ ဘာသာရေးအယူသည်းသော ဘောရစ်အနေဖြင့် ရာမကို မည်သို့မြင်မည်ကို နှောတန်လည်းသိချင် မိ၏။
ဘောရစ်က သူ့ထုံးစံအတိုင်း ဖြေးဖြေးလေးလေးဖြင့် စကားစပြော၏။
"ရာမသားတွေဟာ အောက်စီဂျင်ကိုရှုကြတာ
သေချာပါတယ်။ လူနဲ့တူချင်လည်းတူနိုင်ပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ကြသေးတာပေါ့။ ကံကောင်းရင်တော့ ဟိုရှေ့မှာရှိနေတဲ့ အဆောက်အဦးတွေထဲမှာ သူတို့ရဲ့ ရုပ်ပုံ တွေ၊ ရုပ်ထုတွေ၊ သက်မဲ့ကိုယ်ခနဿဓာတွေ တွေ့ကောင်းတွေ့ရမှာပေါ့။ ကျွန်တှောတို့ သတ်မှတ်သလို မြို့ဖြစ်ခဲ့ရင် ပေါ့လေ"
"အနီးဆုံးမြို့ဟာ ရှစ်ကီလိုမီတာဝေးသေးတယ်နှော" ဂျိုးကားလ်ဗတ်က ပြောလိုက်၏။
ဟုတ်သည်။ အသွားရှစ်ကီလိုမီတာ၊ အပြန်ရှစ်ကီလိုမီတာ၊ လှေကားပှေါတက်ဖို့ရှစ်ကီလိုမီတာ စုစုပေါင်း ၂၄ ကီလိုမီတာသောခရီးကို သူတို့သွားနိုင်ကြပါ့မလား။ သူ့အစီအစဉ်ထဲမှာတော့ ထို "ပါရီမြို့"သို့သွားရန် ကိစဿစသည် ပထမဦးစားပေးဖြစ်၏။ ယခုသူဆုံးဖြတ်ရတော့မည်။ နောက်ထပ် ၂၄ နာရီစာ ရေနှင့်စားနပ်ရိကဿခာအလျှံပယ် ရှိ၏။ နောက်မှ မပြတ်မီးထိုးပေးပြီး ကယ်ဆယ်ရေးအဖွဲ့လည်းအသင့်အနေအထားရှိသည်။ ဒီသတဿတုလွင်ပြင်ကြီးထဲမှာ အနဿတရာယ်တစ်စုံတစ်ရာ တွေ့ကြုံရန်အကြောင်းလည်းမရှိ။ သူတို့အတွက် ထင်သာမြင်သာရှိသည့် အနဿတရာယ်က တော့ ၂၄ ကီလိုမီတာခရီးကို သွားရင်းအမောဆို့မည့်အရေးသာဖြစ်၏။ ကိုင်း- ပါရီကိုသွား၊ ဓါတ်ပုံလေးဘာလေး ရိုက်၊ ပါရီအမှတ်တရ ပစဿစည်းလေးတစ်ခုနှစ်ခုများ ကောက်နိုင်ပါ့မလား။ ရာမပှေါတွင်နေချိန်က သိပ်မရှိတော့။
ဒီကိစဿစကို သူချည်းပဲဆုံးဖြတ်၍ မရ။ ဆေးမှူးလှောရာအန်းစ်၏ အဆုံးအဖြတ်ကလည်းအရေးပါသည်။ ခုချိန်ဆိုလျှင် ယာဉ်ပှေါရှိ လှောရာအန်းစ်သည် သူတို့ခနဿဓာကိုယ်တွင်တပ်ဆင်ထားသော ဇီဝထောက်လှမ်းရေး ကိရိယာ များမှတစ်ဆင့် သူတို့ခနဿဓာကိုယ်တွင်း ဇီဝကမဿမဗေဒပြောင်းလဲမှုဖြစ်စဉ်များကို စောင့်ကြည့်နေလိမ့်မည်။ ရေဒီယိုမှတဆင့် လှောရာ့ကို ဆက်သွယ်ရသည်။
"ဘယ်လိုသဘောရလဲ လှောရာ၊ ကျွန်တှောတို့ ပါရီကို သွားသင့်သလား၊ မသွားသင့်ဘူးလား"
လောရာအန်းစ်က ခပ်ပြတ်ပြတ်ပင်ပြန်ဖြေ၏။
"ဇီဝကမဿမ ဖြစ်စဉ်တွေ အားလုံးကောင်းတယ်၊ မိနစ်သုံးဆယ်နား၊ ကယ်လိုရီ ငါးရာအားဆေးတစ်လုံးစား၊ ပြီးရင် ဆက်သွား" တဲ့။
"အမလေး ကျေးဇူးတင်လိုက်တာ ဒေါက်တာ" ဂျိုးက ဝမ်းသာအားရဝင်ပြော၏။
"ဒေါက်တာသိရဲ့လား၊ ခုကျွန်တှောသေပျှောပြီ ဒေါက်တာရဲ့၊ ကျွန်တှောမသေခင် ပါရီကိုရောက်ဖူးချင်တာ၊ ခုတော့ ဆနဿဒပြည့်ဝသွားပြီဗျ" ဂျိုးသည် ရုတ်တရက်အသံနက်ကြီးဖြင့် ထအှောလိုက်သည်။
"ငါလာပြီ၊ ပါရီရေ့"
++++++++++++++++++

Recent Comments