အတ္တလန်တစ်ရှာပုံတော် (၆၈)
20 Jul 2010 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဆန်ဒက်ကာနှင့် ရွန်လစ်တဲလ်တို့အဖို့ ပစ်နှင့် အယ်လ်ထံမှ သတင်းစကားကို စောင့်ဆိုင်းရချိန်သည် အသေခဿင်၊ အနနဿတ ကြာမြင့်လှသည်။ ဆန်ဒက်ကာသည် သူ၏ ရွှေလိုဥထားသော ဆေးပြင်းလိပ်ကြီးများကို အနှမြောမရှိ၊ တစ်လိပ်ပြီး တစ်လိပ်ဖွာနေ၏။
လွန်ခဲ့သည့် (၅၆) နှစ်အတွင်းမည်သူတစ်ဦးတစ်ယောက်မှ သိခွင့်မ ရခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်း တစ်ပုဒ်ကို ဗိုလ်ချုပ်ဟိုဇဖဲထံမှ ခုလေးတင်ကြားခဲ့ရသောသူတို့နှစ်ယောက်သည် မရိုးမရွဖြစ်နေကြ၏။
“ခုဗိုလ်ချုပ်ပြောသလိုဆိုရင် စစ်မဖြစ်ခင် နှစ်ပေါင်းများစွာကတည်းက နာဇီတွေဟာ အနဿတာတိက ကိုမွှေနှောက်ခဲ့ကြ တာပေါ့”
“ဟုတ်တယ်ဗျ၊ ဟစ်တလာကအဲသလိုနေရာမျိုးမှာတော့ အတှောထူးချွန်တယ်။ သူ့ရည်ရွယ်ချက်က အနဿတာတိကကို အကြီးဆုံး ဂျာမာန်အခြေစိုက် စစ်စခန်းအဖြစ်အသုံးချဖို့ပဲ။ အဲသလိုလုပ်နိုင်ခဲ့ရင် ဂျာမာန်လေတပ်နဲ့ရေတပ်ဟာ တောင်ပိုင်းပင်လယ်ကို ထိန်းချုပ်နိုင်မှာကိုး။ အနဿတာတိကတစ်တိုက်လုံးကို နယ်မြေလေ့လာရေးလုပ်ဖို့ ကပဿပတိန် အယ်ဖရက်ရိုင်စချာ ဆိုတဲ့လူကိုတာဝန်ပေးခဲ့တယ်။ တကယ်တော့ ၁၉၃ဝ လောက်ကတည်းက ဂျာမာန်လေကြောင်း ကုမဿပဏီ ရူးဝါးဘန်းလန်းဟာ ကနဦးအနဿတာတိက လေ့လာချက်တွေကို အသေးစိတ်လုပ်ခဲ့ကြပြီး ၁၉၃၈ ခုနှစ် ဒီဇင်ဘာ မှာ အဲဒီအကြောင်းအသေးစိတ်ဖှောပြထားတဲ့ အစီရင်ခံစာဟာ ဟစ်တလာ့လက်ထဲရောက်လာခဲ့တယ်။ ရိုင်စချာနဲ့ အဖွဲ့ဟာ အနဿတာတိကရဲ့ မြေမျက်နှာပြင် မိုင် နှစ်သိန်းငါးသောင်းကို ကောင်းကင် ဓါတ်ပုံပေါင်း တစ်သောင်းတစ်ထောင် ကျှောရိုက်ကူးနိုင်ခဲ့တယ်”
“ကျွန်တှောတို့ အဲဒီအကြောင်း ဟိုတစ်စ၊ ဒီတစ်စကြားခဲ့ဘူးပေမဲ့ ခုလိုအသေးစိတ်တော့ တစ်ခါမှမကြားခဲ့ဖူးဘူးဗျ” ဆန်ဒက်ကာကဆေးပြင်လိပ်ငွေ့များကို မျက်နှာကြက်သို့မှုတ်ထုတ်ရင်း ပြောလိုက်၏။
“ကောင်းကင်လေ့လာရေးပြီးတော့ တစ်နှစ်အကြာမှာ ရိုင်စချာနဲ့အဖွဲ့ဟာ မြေပြင်လေ့လာရေးစခဲ့ကြတယ်။ တောင်ဝင် ရိုးစွန်းကစလို့ မိုင်ပေါင်းသုံးသိန်းခွဲအထိ မိုင်သုံးဆယ်တစ်ခါ အလံစိုက်ပြီး နာဇီပိုင်နက်အဖြစ်သတ်မှတ်ခဲ့ကြတယ်”
“တခြားရော သူတို့ဘာတွေတွေ့ခဲ့ကြသေးလဲ ဗိုလ်ချုပ်” ရွန်လစ်တဲလ်က ဖြတ်မေးလိုက်သည်။
“ရေခဲပြင်ကြားက စိုက်ပျိုးလို့ရနိုင်မဲ့ မြေနေရာတွေကိုတွေ့ခဲ့တယ်၊ ရေခဲလွှာအောက်မှာ အပိုင်းပိုင်း ပြတ်နေတဲ့ လမ်းတွေကိုလည်းတွေ့ခဲ့တယ်ဗျ”
ဆန်ဒက်ကာသည် ဂျာမာန်ဗိုလ်ချုပ်အိုကြီးကို ငေးကြည့်ရင်း-
“ဒါဆို အနဿတာတိကရဲ့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ မြို့ပြယဉ်ကျေးမှုအထောက်အထားတွေ တွေ့ခဲ့တာပေါ့” ဟုမေး လိုက်သည်။
ဟိုဇဖဲက ခေါင်းညိတ်ပြ၍-
“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တိမ်မြုပ်ပျောက်ကွယ်ခဲ့တဲ့ မြို့ပြယဉ်ကျေးမှုဆိုင်ရာ အထောက် အထားတွေကိုတွေ့ခဲ့ကြတယ်”
“ကျွန်တှောသိသလောက်တော့ နာဇီတွေ အနဿတာတိကမှာ စစ်စခန်းဆောက်ခဲ့တယ်ဆိုတဲ့ ကောလာဟာလတွေဟာ ဝါဒဖြန့်ဖို့သက်သက်ပဲ”
ရွန်လစ်တဲလ်၏ စကားကို ဟိုဇဖဲက ပြုံးရင်း-
“ဝါဒလည်းဖြန့်ပါတယ်။ ဒါပေမဲ့ဘယ်သူမှ သေချာမသိခဲ့ကြဘူး၊ ကျွန်တှောမှတ်မိသလောက်တော့ အဲဒီအကြောင်းကို ဗိုလ်ချုပ် ဒိုနစ်စ်က သူ့ယူဘုတ်သဘေဿငာသားတွေကို ပြောခဲ့ဘူးတယ်။ သူပြောတာက- ခု ခေါင်းဆောင်ကြီးအတွက် ဂုဏ်ယူစရာ ယူဘုတ်တွေ တို့မှာရှိခဲ့ပြီ၊ ရှန်ဂရီလာလို ထိုးဖောက်လို့မရတဲ့ ခံတပ်ကြီးတစ်ခုလည်းရှိနေပြီ-တဲ့။ ဒါပေမဲ့ စစ်ပြီးခါနီးအထိဘယ်သူမှအတိအကျမသိဘူး၊ ကျွန်တှောကိုယ်တိုင် ယူ ၆၉၉ ရဲ့ ကွန်မန်ဒါအဖြစ်အဲဒီ ဘာလင်သစ် ဆိုတဲ့ အနဿတာတိက စခန်းကိုရောက်ခဲ့တော့မှ တကယ်ရှိမှန်းအတိအကျသိခဲ့ရတော့တယ်”
“စခန်းက ဘယ်လိုပုံစံမျိုးလဲ ဗိုလ်ချုပ်” ဆန်ဒက်ကာ၏ အလောတကြီးအမေး။
“စစ်ကြီးစဖြစ်တော့ နာဇီတွေရဲ့ပထမဆုံးခြေလှမ်းက တောင်ပိုင်းပင်လယ်မှာ ဖြတ်သန်းသွားလာတဲ့ သဘေဿငာအားလုံး တိုက်ခိုက်နှစ်မြုပ်ရေးမဟုတ်လား။ မဟာမိတ်တွေကို သတင်းနဲ့ ရိကဿခာဖြတ်တောက်ရေး ဗျူဟာပေါ့ဗျာ။ တောင် ပင်လယ်မှာ ဘယ်သဘေဿငာမှ မသွားဝံ့တော့တဲ့အခါ နာဇီထောက်ပံ့ရေး သဘေဿငာတွေဟာ ယူဘုတ်တွေခြံရံပြီး အနဿတာ တိကကို ထွက်ခဲ့ကြတယ်။ အတဿတလန်တစ်လို့ သူတို့ထင်ခဲ့ကြတဲ့ ရှေးဟောင်းမြို့ပြယဉ်ကျေးမှု သဲလွန်စတွေတွေ့ခဲ့တဲ့ နေရာကိုပေါ့”
“ဒါဆို အဲဒီရှေးဟောင်းမြို့တှောနေရာမှာ ဘာလင်သစ် စခန်းကိုဆောက်ခဲ့တာလား”
“ဟုတ်တယ်ဗျ၊ တကယ်တော့ ရှေးဟောင်းမြို့တှောက မလွမ်းလောက်ပါဘူး။ အဲဒီမြို့တှောကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ ရေခဲဂူတွေနဲ့ လှိုဏ်ခေါင်းတွေကတော့ လွမ်းလောက်သဗျ။ ရေခဲဂူဟာ နှစ်ဆယ့်ငါးမိုင်ရှည်ပြီး အတွင်းမှာ မိုင်တစ်ရာ့တစ်ဆယ်အကျယ် ပါတ်လည်ရှိတဲ့ဧရာမဂူကြီးပဲ၊ နာဇီတွေဟာ အဲဒီမှာအခြေစိုက်စခန်းလုပ်ခဲ့ ကြတယ်။ အလုပ်သမားအဖြစ်နဲ့တော့ ဆိုက်ဘေးရီးယားက ဖမ်းခှေါလာတဲ့ ရုရှသုံ့ပန်းတွေကို အဓိကသုံးခဲ့ကြတယ်။ ဒါမှလည်း အအေးဒဏ်ကိုခံနိုင်မှာကိုး။ စခန်းပြီးသွားတော့ အားလုံးကို သတ်ပစ်ခဲ့ကြတယ်လေ။ ဂျာမာန်တွေအတွက် လူ့အသက်ဟာ ပုရွက်ဆိတ်လောက်ပဲတန်ဖိုးရှိခဲ့တာကိုး”
ဆန်ဒက်ကာနှင့် ရွန်လစ်တဲလ်သည် စိတ်မကောင်းခြင်းကြီးစွာဖြင့်ငြိမ်သက်နေခဲ့ကြသည်။ အတန်ကြာမှ ဆန်ဒက်ကာ က-
“ဗိုလ်ချုပ် အဲဒီစခန်းကို ကိုယ်တိုင်တွေ့ခဲ့တာလား”
“ဟုတ်တယ်။ ယူ ၂ဝ၁၅ နဲ့ ကျွန်တော့် သဘေဿငာ ယူ ၆၉၉ ဟာ ဟစ်တလာ သေကြောင်းကြံပြီးတဲ့နောက် ရှေ့က ပြောခဲ့တဲ့ ပစဿစည်းတွေ လူတွေကိုတင်ပြီး အနဿတာတိကကိုလာခဲ့ကြတယ်။ ရေအောက်ကနေပဲ။ ပါတာဂိုးနီးယား ဆိပ်ကမ်း မှာ လူတွေကိုချခဲ့ပြီး ဘာလင်သစ်အခြေစိုက်စခန်းကို မရပ်မနားခရီးဆက်ခဲ့တာ ၁၉၄၅ ခု ဇွန်လမှာရောက်ခဲ့ကြတယ်။ စခန်းကတော့ မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှပါတယ်။ ဆိပ်ကမ်းမှာ ရေငုတ်သဘေဿငာမျိုးစုံနဲ့ ကုန် သဘေဿငာကြီးတွေအများကြီးပဲ။ ကုန်တင်လေယာဉ်ကြီးတွေလည်းအများကြီး”
“အဲဒီစခန်းကနေ လေယာဉ်ထွက်လို့ရသလား”
“ရတယ်ဗျ၊ ဂျာမာန်နောက်ဆုံးပှေါ ၂၈၇ ဗုံးကြဲလေယာဉ်ကြီးတွေကို ကုန်တင်လေယာဉ်အဖြစ်အသွင်ပြောင်းထား တာ။ ရေခဲပြင်ပှေါဖောက်ထားတဲ့ လေယာဉ်ပြေးလမ်းဆိုတာများ ဖြူးနေတာပဲ။”
“ဒီလောက်လူတွေအများကြီး စခန်းဆောက်နေတော့ အပူဒဏ်ကြောင့်ရေခဲတွေ အရည်ပျှောပြီး ပြိုကြမကုန်ဘူးလား ဗျာ” ရွန်လစ်တဲလ်က မေးလိုက်၏။
ဟိုဇဖဲက ခေါင်းခါရင်း-
“အဲဒါတွေလည်း ကြိုတင်စဉ်းစားထားပြီးသားဗျ၊ အင်ဆူလေတာ စနစ်တွေတပ်ထားတယ်”
“ဗိုလ်ချုပ်ပြောတာတွေစဉ်းစားကြည့်လိုက်တော့ နာဇီတွေဟာ ကမဿဘာစစ်မတိုင်မှီ နှစ်ပေါင်းများစွာကတည်းက ဒီ စီမံကိန်းကို အကောင်အထည်ဖှောခဲ့ကြတယ်။ ပြီးတော့ စစ်အတွင်း လူသိမခံခဲ့ဘူး၊ ဒီလိုနဲ့ စစ်ရှုံးသွားခဲ့တယ်။ ဆိုတော့ ဒီစီမံကိန်းဟာ စစ်အတွက်မဟုတ်ဘူးလို့အဓိပဿပါယ်ပေါက်နေတာပေါ့”
“ကျွန်တှောနားလည်သလောက်ပြောရရင် ဒီစီမံကိန်းဟာ စစ်ရှုံးသွားခဲ့ပြီးနောက်ပိုင်း အခြေအနေအတွက်ပြင်ဆင် ထားခဲ့တာပဲ။ ဒါ့ကြောင့်လည်း ဝုဖ်မိသားစုရဲ့ အနာဂါတ်ကံကြမဿမာသစ်ဆိုတဲ့ အဖွဲ့ရဲ့ စတုတဿတဂျာမနီအင်ပါယာဆိုတာနဲ့ ခုခင်ဗျားတို့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေကြရတာပေါ့”
“ဗိုလ်ချုပ် အဲဒီစခန်းမှာ ဘယ်လောက်ကြာကြာနေခဲ့ရလဲ”
“နှစ်လပါ။ အဲဒီကနေထွက်လာပြီး ကျွန်တှောလက်နက်ချခဲ့တာပဲ။ နောက်လေးလကြာတော့ စစ်ကြီးပြီးတာပဲလေ။ ကျွန်တှောတို့ကို ဗြိတိသျှနဲ့ အမေရိကန်ထောက်လှမ်းရေးတွေက ခြောက်ပါတ်လောက် တိုက်ပိတ်စစ်ဆေးတယ်။ နောက်တော့ လွတ်လာခဲ့တာပဲ”
ရွန်လစ်တဲလ်က ပြုံးလိုက်ပြီး-
“ထောက်လှမ်းရေးတွေကို ဖြေဖို့အတှောဇာတ်တိုက်ခဲ့ရမှာပေါ့”
ဟိုဇဖဲက အသံထွက်အောင် ရယ်လိုက်ပြီး-
“ဒါပေါ့ဗျ၊ အနဿတာတိကကနေ အာဂျင်တီးနားကိုလာတဲ့လမ်းမှာ သုံးပါတ်လုံးလုံးလေ့ကျင့်ခဲ့ရတာပေါ့”
“ယူ ၂ဝ၁၅ ကရော ဘာဖြစ်သွားသလဲ”
“အဲဒါတော့ကျွန်တှောမသိဘူးဗျ”
ဆန်ဒက်ကာက ကျေနပ်စွာပြုံးလိုက်သည်။ အနည်းဆုံးတော့ ထိုနာဇီငနဲအိုကြီး မသိသည့်ထိုတစ်ချက်ကို သူကောင်းကောင်း သိသည် မဟုတ်ပါလား။
“ဗိုလ်ချုပ်ရဲ့မိတ်ဆွေကြီး ယူ ၂ဝ၁၅ ဟာပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ အမေရိကန် ညူစွမ်းအင်သုံးရေငုတ်သဘေဿငာ လက်ချက်နဲ့ အနဿတာတိကမှာ မြုပ်သွားပါသဗျာ”
+++++++++++++++++

Jul 20, 2010 @ 21:59:07
အောင်မယ်လေး…
အခုမှပဲပှောလာတော့တယ်ကွယ်။