အတ္တလန်တစ်ရှာပုံတော် (၆၉)

ဟိုဇဖဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

“တောင်ဝင်ရိုးစွန်းမှာ ဂျာမန် ယူဘုတ်တစ်စီး လှုပ်ရှားနေတယ်လို့တော့ ကြားတယ်။ လက်စသတ်တော့ ယူ ၂ဝ၁၅ ကိုး”

ထိုအချိန်တွင် တယ်လီဖုန်းသံမြည်လာ၏။ ဆန်ဒက်ကာသည် ကမန်းကတန်းကောက်ကိုင်လိုက်သည်။

“ပီဇာလာပို့ပြီ။ လမ်းမှာရောက်နေပြီ၊ ဒါပေမဲ့ လမ်းအရမ်းပိတ်နေတယ်” ပစ်၏ အသံကို သူတို့သုံးယောက်လုံးကြား လိုက်ရ၏။ ဆန်ဒက်ကာ မျက်နှာပျက်သွားသည်။ ဖုန်းကိုချလိုက်၏။

“သူတို့ ကောင်းကင်ကားနဲ့ ထွက်လာကြပြီ”

“ဒါဆို လွတ်ပြီပေါ့” ရွန်လစ်တဲလ်က ဝမ်းသာအားရပြောလိုက်သည်။

ဆန်ဒက်ကာက ခေါင်းယမ်းပြရင်း-

“လေကြောင်းတိုက်ခိုက်မှု အနဿတရာယ်နဲ့ ကြုံနေရသတဲ့ဗျာ” ဟု လေးလေးတွဲ့တွဲ့ပြောလိုက်သည်။

++++++++++++++++++

မိုလာ အမ် ၄ဝဝ ကောင်းကင်ကားကလေးသည် ကွန်ပြူတာထိန်းချုပ်စနစ်ဖြင့် မြေပြင်မှပျံတက်လာခဲ့၏။ ပွန်တာ အန်ထရာနာဒါရှိ အသုံးလုံးသဘေဿငာပှေါသို့ ရောက်အောင်ရေခဲတောင်များကို ဖြတ်ကျှောပျံသန်းရမည့် မိုလာသည် ကောင်းကင်ခရီးကို အပေါင်းအဖှောများနှင့် တပျှောတပါးသွားရမည့်ပုံပှေါ၏။ အူးရစ်ဝုဖ်၏ ကုန်းပါတ်ပှေါမှ ပျံတက် လာခဲ့သော ဘို ၁ဝ၅ အယ်လ်-အက်စ်-၇ အမျိုးအစား ဟယ်လီကှောပတာလေးစီးသည် တစ်စီးလျှင် လက်နက်ကိုင် နှစ်ယောက်စီတင်၍ မိုလာနောက်သို့အပြင်းလိုက်လာခဲ့၏။ တစ်နာရီ ၂၈၅ မိုင်နှုန်းမောင်းနှင်နိုင်သော ဘိုလ်ကောလ် ကှောပိုးရေးရှင်းထုတ် ထိုရဟတ်ယာဉ်သည် ထောက်ပံ့ပို့ဆောင်ရေးယာဉ်ဖြစ်သည့်အတွက် လက်နက်တော့ များများစားစားမပါ။ ထိပ်တွင်တပ်ဆင်ထားသော ၂ဝ မီလီမီတာ ဆုံလည်စက်သေနတ်တစ်လက်စီသာပါသည်။ သို့သှောလည်း ထိုစက်သေနတ်များက မိုလာ့အား တစ်စစီ ဖြစ်အောင်လုပ်နိုင်စွမ်းကောင်းကောင်းကြီးရှိ၏။

အယ်လ်သည် ပိုင်းလော့နေရာတွင်ထိုင်ပြီး ပစ်က ဘေးတွင်ငြိမ်သက်ပကတိ။ နောက်ခန်းတွင်တော့ ပက်ထရစ်ရှာတို့ သားအမိ။

ပစ်သည် ရေဒါတွင်ပှေါနေသော ရဟတ်ယာဉ်များကို အသေးစိတ်လေ့လာနေစဉ် အယ်လ်က-

“ဒီခွေးမသားတွေဟာ ငါတို့ကို တလိုက်တည်းလိုက်နေတော့တာပဲကွ” ဟု ငြီးငြီးငြူငြူပြော၏။

“အေး၊ ဒီတစ်ခါတော့ အုံလိုက်ကျင်းလိုက်ကို လွှတ်လိုက်တာပဲကွ။ ကြည့်ရတာ တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုတဲ့ ပုံမျိုးပဲ ကိုယ့်လူ”

“ဒုံးကျည်တွေပါရင်တော့ သောက်ခွပဲ”

“ကြည့်ရတာ ပါပုံမရဘူး၊ စက်သေနတ်လောက်ပဲပါလိမ့်မယ်”

“ငါတို့ တောင်တွေကြားရောက်သွားရင်တော့လွတ်မှာပဲ”

အယ်လ်ပြောသည်မှာမှန်၏။ တစ်နာရီ မိုင် ၃၅ဝ နှုန်းပျံသန်းနိုင်သည့် မိုလာ၏အမြန်နှုန်းကို ဘယ်ရဟတ်ယာဉ်မှ လိုက်မမှီ။

“ဟုတ်တယ်။ တောင်တွေကြားမရောက်ခင် ပစ်ချခံရမှာကိုကြောက်တာ။ အယ်လ်၊ မင်း ကွန်ပြူတာထိန်းချုပ်စနစ် ကို ဖြုတ်လိုက်တော့၊ ကိုယ်တိုင်မောင်းမှဖြစ်မယ်”

နောက်ခန်းတွင်တော့ အခြေအနေကိုမသိသော မီဂန်သည် ကလေးပီပီ အူမြူးနေ၏။

“ကောင်းလိုက်တာ၊ ဒါလေးစီးရတာ ရိုလာကိုစတာ စီးရသလိုပဲနှောမေမေ”

ပက်ကတော့ အနဿတရာယ်ရှိမှန်းသိသဖြင့် မီဂန်မြူးသလို လိုက်မမြူးနိုင်။

“စကားသိပ်မများနဲ့ သမီး” ဟု ဟောက်လိုက်သည်။

“လာကြပဟေ့” ရေဒါ၏ ကိုးနာရီအမှတ်အသားထောင့်စွန်းမှ ဝင်ရောက်လာသည့် ရဟတ်ယာဉ်များကို ကြည့်ရင်း အယ်လ်က သတိပေးလိုက်သည်။

ရဟတ်ယာဉ်မောင်းသမားများသည် အချွန်အတက်ပေါလှသည့် တောင်စွယ်တောင်ကြားထဲတွင် မိုလာနှင့်အပြိုင် လိုက်တမ်းပြေးတမ်းကစားရန် စိတ်မဝင်စားကြ။ ပစ်တွက်ဆခဲ့သည့်အတိုင်း ထူးဆန်းသည့် ကောင်းကင်ကားကလေး ကို ပစ်ချရန်သာကြိုးစားနေကြသည်။ ၂ဝ မီလီမီတာ ဆုံလည်စက်သေနတ်လေးလက်မှ စုပြုံထွက်လာသည့် ကျည်ဆန်များသည် မိုလာကိုကျှောဖြတ်၍ တောင်ကြားထဲကျရောက်ထိမှန်နေသည်။

“အယ်လ်၊ အရှိန်မြှင့်”

အယ်လ်သည် ပစ်မပြောခင်ကထဲက မိုလာ၏ အမြင့်ပျံသန်းရှိန်ကို ဆွဲမြှင့်လိုက်သည်။ မိုလာသည် အလွန်လျှင်မြန် သောနှုန်းဖြင့် ကျဉ်းမြောင်းသောတောင်ကြားထဲမှ ကောင်းကင်သို့ တရိပ်ရိပ်ပျံတက်နေသည်။ စက်သေနတ်ကျည်ဆန် များသည် ပျားမည်းရိုင်းများသဖွယ် မိုလာ၏ အောက်မှ တရွှီရွှီဖြတ်သန်းသွားကြသည်။

ရဟတ်ယာဉ်လေးစီးသည် ရှေ့နောက်ညှပ်၍ မိုလာကို ဝိုင်းဝန်းပစ်ခတ်ရန်အရှိန်ယူနေကြသည်။

အယ်လ်သည် တာဘို အင်ဂျင်ခလုတ်ကို နှိပ်လိုက်ပြီး အရှိန်မြှင့်တံကို အဆုံးထိ တွန်းချလိုက်သည်။ မိုလာသည် အမြင့်သို့ တက်နေရာမှ တာလွှတ်လိုက်သော အပြေးသမားသဖွယ်ရှေ့သို့ ဝှီးကနဲ ပျံထွက်၏။ အုပ်စုဖွဲ့၍ ဝိုင်းဝန်းပစ်ခတ်လိုက်ကြသည့် ကျည်ဆန်များသည် မိုလာ၏အထက်မှ တထွေးကြီးလွဲချှောသွား၏။

နောက်တစ်ကြိမ်ပစ်ခတ်ရန် နေရာယူပြီးသောအခါတွင်မူ မဲမှောင်နေသောတောင်တန်းများဆီသို့ ဝှီခှေါအောင်ပျံသန်း သွားသောမိုလာကောင်းကင်ကားသည် ရဟတ်ယာဉ်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားချေပြီတကား။

+++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2010
M T W T F S S
« Jun   Aug »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.