ရာမ (၁၁)
23 Jul 2010 Leave a Comment
အခန်း (၁၃)
လွင်ပြင်
လှေကားလက်ရန်းတစ်လျှောက် လျှောချည်းဆင်းလာရသဖြင့် မြေပြန့်တွင် လမ်းလျှောက်ရသည်မှာ အရသာရှိ လှသည်။ အရှေ့တည့်တည့် မြေပြင်ကား ညီညာပြန့်ပြူးလျှက်၊ ဘေးဘယ်ညာနှစ်ဖက်တွင်တော့ လွင်ပြင်သည် အနည်းငယ်ကွေးတက်သွားသည်ကို အားနည်းသော မီးမောင်းအလင်းရောင်ဖြင့်မြင်နေကြရသည်။
ခုသူတို့၏ အနေအထားက အလွန်ကျယ်ပြန့်လှသည့် တောင်ကြားလမ်းကြီးတစ်ခုအတွင်း လျှောက်သွားနေရသလိုဖြစ်နေ သည်။ အမှန်တော့ သူတို့လျှောက်လှမ်းနေသော သတဿတုမြေပြင်သည် ဘေးတစ်ဖက်တစ်ချက်သို့ကွေးတက်သွား ပြီး ခေါင်းပှေါတွင်လာဆုံကာ ကောင်းကင်ဖြစ်သွားသည်ကို ယုံကြည်နိုင်ရန်ခဲယဉ်းလှသည်။
အားတက်သရော ရှေ့သို့လျှောက်လှမ်းနေကြသှောလည်း ဘာသံမှမကြားရသည့် ရာမ၏ချောက်ချားဖွယ် တိတ်ဆိတ်မှုက မကြာမီ သူတို့ကို ဖိစီးနှိပ်စက်လာခဲ့သည်။ စကားသံ၊ ခြေသံ အားလုံးသည် ရာမ၏ အတွင်းနယ် ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။ ကီလိုမီတာဝက်ခန့်လျှောက်လှမ်းပြီးသည့်အခါ ဂျိုးကားလ်ဗတ်သည် သည်းမခံနိုင်တော့။ သူ၏ အရည်အချင်းများအနက်တစ်ခုမှာ ကျကျနန ပယ်ပယ်နယ်နယ်လေချွန်တတ်ခြင်း ဖြစ်၏။ ရှေးရုပ်ရှင်ဟောင်းများထဲမှ စိတ်ဓါတ်တက်ကြွဖွယ်တေးသွားတို့ကို သူစတင်၍ လေချွန်တော့သည်။
ဝေါ့ဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်သည့် စနိုးဝှိုက်နှင့် လူပုလေးခုနှစ်ယောက်ဇာတ်ကားမှ လူပုများ လုပ်ငန်းခွင်ဝင်သောတေးသွား၊ ကွေးမြစ်ပှေါမှတံတား ရုပ်ရှင်မှ စစ်ချီတေးသွား၊ နပိုလီယန်ရုပ်ရှင်မှ စစ်ဗျူဟာခင်းသည့်တေးသွားများကို ဆက်တိုက်လေချွန်လိုက်သည်။ အကြောင်းမထူး၊ စိတ်ဓါတ်လည်း တက်ကြွ မလာ။ ဧကနဿတတော့ရာမသည် ဤတေးသွားများကို ကြိုက်ပုံမပှေါ။
ဂျိုးသည် ဘတ်ခ်ျ၊ ဘီသိုဗင်၊ ဆိုင်ဗီးလီးယပ်စ်၊ တွန်ဆွန်းတို့၏ ဂနဿတဝင်တေးသွားတို့ကိုလေချွန်ရန်ပြင်ဆင်နေစဉ် ယာဉ်မှူးနှောတန်က တားမြစ်အံ့ဆဲဆဲတွင် ဂျိုးသည် သူ့လုပ်ငန်း၏ အကြောင်းမထူးပုံကို မြင်ယောင်လာပြီး လေအချွန်ရပ်သွား၏။ တိတ်ဆိတ်မှုကတော့ ကြီးစိုးဆဲ။ ရာမသည် ပထမအချီမှာပင် သူတို့ကို ဒိုင်ပွဲရပ်ဖြင့် နိုင်လိုက်ချေပြီကော။
===============
ပါရီသည် အယ်လ်ဖာလှေကားခြေရင်းနှင့် ဆလင်ဒါပင်လယ်ကြားခရီးတစ်ဝက်တွင် တည်ရှိ၏။ ပါရီသို့သွားနေစဉ် သူတို့၏ ညာဖက်တစ်ကီလိုမီတာခန့်အကွာတွင် ထူးဆန်းသောအရာတစ်ခုကိုတွေ့လိုက်ရသဖြင့် သူတို့ခရီးစဉ် သည် မူလရည်မှန်းချက်မှ သွေဖီခဲ့ရသည်။ အနားသို့ရောက်သောအခါ ထိုအရာကား မီတာတစ်ရာကျယ်ပြီး မီတာ လေးဆယ်နက်သည့် ဖြောင့်စင်းသော မြောင်းရှည်ကြီးတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ဘာလုပ်လုပ် သုံးကြိမ်သုံးလီလုပ်တတ်သည့် ရာမ၏ အထာအတိုင်းပါပဲ။ လှေကားကြီးသုံးစင်းနည်းတူ မြောင်းရှည်ကြီးသုံးခု သည် ရာမ၏ လုံးပါတ်တစ်လျှောက် ညီညာစွာခွဲဝေတည်ဆောက်ထားသည်။
ထိုမြောင်းကြီးများကို ဘာအတွက်တည်ဆောက်ထားပါသနည်း။ ရာမ၏ရေပေးရေးစနစ်များလား။ မဖြစ်နိုင်။ အကြောင်းမူကား မြောင်းကြီးသုံးခုသည် ဆယ်ကီလိုမီတာမျှစီရှည်ကြပြီး ဆလင်ဒါပင်လယ်သို့ မရောက်မီ ဆုံးသွားသောကြောင့်ပင်။ ပင်လယ်နှင့်ဆက်မထားပဲ ဘယ်နှယ့်လုပ်ရေပေးမြောင်းဖြစ်နိုင်ပါမည်လဲ။ မီးမောင်းကို ပင်လယ်ကိုကျှော၍ ထိုးခိုင်းရာ ပင်လယ်၏တောင်ဖက်ကမ်းတွင်လည်း အလားတူ မြောင်းကြီးသုံးခု သည် ပင်လယ်နားမှသည် တောင်ဝင်ရိုးစွန်းထိ တည်ရှိနေသည်ကို ဝိုးတဝါးတွေ့ကြရသည်။
ဆယ့်ငါးမိနစ်မျှ လျှောက်လာကြပြီးနောက် နှောတန်တို့အဖွဲ့သည် မြောင်းရှည်
ကြီး၏ ကမ်းနဖူးပှေါသို့ရောက် လာကြ၏။ အတွင်းသို့ငုံ့ကြည့်ကြ၏။ နံရံများသည် ချောမွေ့ပြီး ၆ဝ ဒီကရီစီစောင်းနေသည်။ တက်၍ ဆင်း၍ ရသော အထစ်အဖုများမရှိ။ အောက်ခြေတွင်ရေခဲလိုလို အရာများကိုတွေ့ရသည်။ နမူနာတစ်ခဲလောက်ရလျှင် ဖြင့် များစွာလေ့လာနိုင်စရာအကြောင်းရှိ၏။
ဂျိုးနှင့်ဘောရစ်ကို ကြိုးများထိန်းခိုင်းပြီး နှောတန်ကိုယ်တိုင် မြောင်းထဲဆင်းတော့သည်။ အောက်ခြေသို့ရောက် သော်ချှောလဲမည်စိုးသဖြင့် သတိကြီးစွာထား၍ ဟန်ချက်ထိန်းလိုက်သည်။ သို့သှောသူထင်သလိုချောမနေချေ။ ပွတ်အားကောင်းစွာရှိသဖြင့် ခြေထောက်ကောင်းစွာထောက်နိုင်သည်။
မြောင်းအောက်ကြမ်းပြင်ရှိအရာများသည် ဖန်လိုလို ပုံဆောင်ခဲများဖြစ်နေ၏။ လက်ဖြင့်ကိုင်ကြည့်သောအခါ အေးစက် မာတောင့်နေ၏။ အတွင်းသို့ ချောင်းကြည့်သောအခါ ဘာမှထင်ထင်ရှားရှားမတွေ့ရ။ အလင်းပြန်သှော လည်း အလင်းမပေါက်နိုင်သောပစဿစည်းဖြစ်နေ၏။ အကယ်၍သာ ဤအရာသည် ခဲနေသောပစဿစည်းတစ်ခုခုဖြစ်ခဲ့ လျှင် ရေခဲအရည်ပျှောမှတ်ထက် မြင့်မားသော အရည်ပျှောမှတ်ရှိသည့်ပစဿစည်းမျိုးဖြစ်ပေလိမ့်မည်။
အိတ်ထဲတွင်အသင့်ပါလာသည့် တူအသေးလေးဖြင့် ခပ်ဆတ်ဆတ်တစ်ချက်ရိုက်ကြည့်သည်။ ဒန့် ဟူသောအသံ ဖြင့် တူသည်ပြန်ကန်တက်လာသည်။ အားစိုက်၍ နောက်တစ်ချက်ရိုက်ကြည့်သည်။ ထူးမခြားနား။ အားကုန်သုံး ၍ခွဲရန် တူကိုလက်နှစ်ဖက်ဖြင့် မြှောက်လိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရ၍ လက်ပြန်ချလိုက်ရသည်။ ထိုပစဿစည်း ကိုခွဲဖို့မလွယ်။ အကယ်၍ခွဲလို့ရတော့ရော ဘာအကျိုးရှိမည်နည်း။ သူ့အဖြစ်က အိမ်ကြီးရှင်များကို မနာလို မရှုစိမ့် ၍ ပြတင်းပေါက်မှန်ကို ခဲနှင့်ချောင်းထုသူလိုဖြစ်နေ၏။ နေပါစေတော့။ နောက်ထပ်ဒီထက်ပိုကောင်းသည့် အရာများကို အများအပြားတွေ့နိုင်သေးသည်မဟုတ်လော။ အခုလောက်သိရလျှင်ပင် ကျေနပ်သင့်ပြီ။
မြောင်းထဲသို့ဆင်းလိုက်တော့မှ ရေပေးမြောင်းမဟုတ်ဟူသော အယူအဆသည် ပိုမိုခိုင်မာလာ၏။ ရေမှော၊ ရေညှိ၊ ဒိုက်ဖတ်နှင့်အနယ်အနှစ်များ ဘာတစ်ခုမှမရှိသော ရေပေးမြောင်းဟူ၍ လောက၌မရှိနိုင်။ မနေ့တစ်နေ့က မှဆောက်လုပ်ခဲ့သည့်အတိုင်း အသစ်စက်စက်ထိုမြောင်းကြီးသည် ဘာတာဝန်ကိုထမ်းဆောင်သနည်း။
နှောတန်သည် ဦးနှောက်အရည်ပျှောမတတ်စဉ်းစားသှောလည်း အဖြေကားရှာမတွေ့။ ရာမ၏ဖွက်ထားသော ပဟေဠိကို သူအဖြေမညှိနိုင်ပါ။ ရာမသည် ရိကဿခာကုန်ဆုံး၍ ဂေဟစနစ်ဖောက်ပြန်သွားသော ယာဉ်ပျက်ကြီးတစ် စင်းတဲ့လား။ ထိုသို့သော အသစ်ချတ်ချွတ်ယာဉ်ပျက်ကြီးမျိုး တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးခဲ့။
အတွေးနယ်ချဲ့ရင်း မြောင်းတစ်လျှောက်နှောတန်လမ်းလျှောက်၏။ ဂျိုးနှင့်ဘောရစ်တို့က သူ့ခါးတွင်ချည်ထား သောကြိုးစကိုဆွဲရင်း မြောင်းဘောင်တစ်လျှောက် လိုက်လာ၏။
မီတာပေါင်း တစ်ဒါဇင်ခန့်လျှောက်လှမ်းပြီးသောအခါ တစ်စုံတစ်ရာက ဆောင့်ဆွဲလိုက်သလို တုန့်ကနဲရပ်သွား၏။ သူဒီနေရာကို သိသလိုလို၊ ရောက်ဖူးနေသလိုလို၊ ရင်းနှီးနေသလိုလို စိတ်ထဲတွင်ခံစားလိုက်ရ၍ဖြစ်သည်။ နှောတန်သည် သူလျှောက်လှမ်းနေသော ပုံဆောင်ခဲကြမ်းပြင်ကို တွေတွေကြီးစိုက်ကြည့်နေမိသည်။ ဘယ်လူ သားမှ ခြေမချဘူးသော ရာမကို သူဘာကြောင့် ရင်းနှီးသလိုခံစားနေရသည်နည်း။
အတန်ကြာအောင် မိန်းမောနေရာမှ တစ်စုံတစ်ခုကို ဖျတ်ကနဲသတိရမိသည်။ ဪ-ဒါ ဒီဂျာဗူး ဖြစ်စဉ်ပဲ။ မကြုံဖူး၊ မတွေ့ဖူးသော အစိမ်းသက်သက်နေရာတစ်ခုကိုရောက်လျှင် ထိုနေရာနှင့် ရင်းနှီးသလိုလို၊ အတိတ်ကပဲ ရောက်ခဲ့ဖူးသလိုလို၊ အနာဂါတ်မှာရောက်မည့်နေရာလိုလို အာရုံလှည့်စားတတ်သော စိတ်၏ဆန်းကြယ်သော ဖြစ်ရပ်တစ်ခု။ နှောတန်သည် ဒီဂျာဗူးမှိုင်းမိနေရာမှ လွတ်မြောက်လာသည်။ ပစဿစုပဿပန် ပစဿစကဿခအခြေအနေသို့ပြန် ရောက်လာခဲ့သည်။
"ဘြာ
စ်လို့လဲ ဆရာ၊ တစ်ခုခုတွေ့လို့လား"
နှောတန်မှင်သက်ငေးမောနေသည်ကို မြင်သော ဘောရစ်ရိုဒရီဂိုက စိုးရိမ်တကြီးမေးလိုက်သည်။
နှောတန်သည် ခေါင်းခါပြလိုက်သည်။ ရာမသည် အမှန်တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်လှ၏။ ပညတ်သွားရာ ဓါတ်သက်ပါသလို သူနာမည်ယူထားသော ဟိနဿဒူနတ်ဘုရား ရာမကဲ့သို့ တန်ခိုးထွားလှ၏။ သို့သှောလည်း ရာမ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ကြောက်နေ၍မဖြစ်၊ အနိုင်ပေး၍မဖြစ်။ ရာမကို ကြောက်နေလျှင် နောက်ဆုံး "ရာမဆို လို့၊ မြင်းမိုရ်တောင်လောက် တန်ခိုးမောက်၊ ငါကြောက်သဟဲ့ မိဂဗဿဗီရဲ့" ဟုကြွေးကြှောရသော ဒသဿသဂီရိကဲ့သို့ လူသားသည် ရာမနှင့်ပါတ်သက်လာလျှင် ထာဝရအရှုံးသမားဖြစ်ချိမ့်မည်။ ရာမရဲ့ လွှမ်းမိုးမှုကို မခံမိစေနှင့်။ ရာမ ၏ လေးညှို့အောက်ကို မဝင်မိစေနှင့်။ ရာမကို အရှုံးမပေးနှင့်။ နှောတန် ကပြန်ပြောလိုက်သည်။
"ဘာမှမတွေ့ပါဘူး ဘောရစ်ရယ်။ ကျွန်တှော့ကို မြောင်းထဲကဆွဲတင်ပေးပါဦး။ ပြီးရင် ပါရီကိုခရီးဆက်ရဦးမယ်"
++++++++++++++++++

Recent Comments