ရာမ (၁၂)
24 Jul 2010 Leave a Comment
အခန်း (၁၄)
မုန်တိုင်း
ဂြိုလ်ပေါင်းစု ကုလသမဂဿဂဌာနချုပ်ရှိ ရာမကှောမတီအရေးပှေါအစည်းအဝေး၏ အဖွင့်အမှာစကားကို သဘာပတိ ဒေါက်တာဘို့စ်က ပြောကြားလျှက်ရှိသည်။
"လူကြီးမင်းများခင်ဗျား၊ အခုအရေးပှေါအစည်းအဝေးကျင်းပရခြင်းအကြောင်းရင်းကတော့ ဒေါက်တာပါရဲရားရဲ့ ရာမနဲ့ပါတ်သက်လို့ အရေးကြီးတဲ့ကိစဿစကြီးတစ်ခုကို တင်ပြဆွေးနွေးဖို့အတွက်ပါပဲ။
ဒေါက်တာပါရဲရားက ကျွန်တှောတို့ ရာမကှောမတီအနေနဲ့ ယာဉ်မှူးနှောတန်ကို ပလန်းနက်ကွန်ရဲ့ အထူးဆက်သွယ်ရေးလမ်းကြောင်း ကိုသုံးပြီး အမြန်ဆုံးတိုက်ရိုက်ဆက်သွယ်ဖို့တိုက်တွန်းနေပါတယ်။ ဒေါက်တာပါရဲရားရဲ့ နည်းပညာဆန်တဲ့ တွေ့ရှိချက်တွေကို မတင်ပြခင် ဒေါက်တာသယ်လ်မာပရိုက်စ်ရဲ့ တွေ့ရှိချက်တွေကို ကျွန်တှောတို့အရင်ဆုံး ကြားနာကြရအောင်။ ဆာလူးဝစ်ဆန်းဒ်ကတော့ ကွန်ဖရင့်စ်တစ်ခုကို သဘာပတိလုပ်နေရလို့ ဒီနေ့အစည်း အဝေး မတက်ရောက်နိုင်ပါဘူး။ ဒေါက်တာတေလာကတော့ ကိုယ်ရေးကိုယ်တာကိစဿစတစ်ခုကြောင့်ခွင့်တိုင်ထား ပါတယ်"
တကယ်တော့ ကွန်းရတ်ဒ်တေလာသည် ခွင့်တိုင်ခြင်းမဟုတ်၊ ရာမကှောမတီမှ နှုတ်ထွက်သွားခြင်းဖြစ်သည်။ ရာမတွင် ဘာမှမရှိဆိုသည့်အကြောင်းကို ကြားပြီးကတည်းက တေလာသည် ရာမအပှေါစိတ်ဝင်စားခြင်းမရှိ တော့။ တဏှာပေမ ထိတိုင်းကြွသော ထိုငနဲသည် ရာမသားတို့၏ အညှီအဟောက်ဇာတ်လမ်းများကို ရေးခွင့် မရတော့သဖြင့် ရာမကှောမတီတွင် သူ့အတွက်နေရာမရှိတော့။ ဒေါက်တာဘို့စ်ကတော့ သူမရှိတော့သည့် အတွက် စိတ်ချမ်းသာမိ၏။
ဒေါက်တာ သယ်လ်မာပရိုက်စ်ကတော့ မရှိတာကို အရှိလုပ်၍ စိတ်ဝင်စားတတ်သူပီပီ ရာမတွင်ဘာမှမရှိဟူသော သတင်းစကားကို ကြားရကာမှ ရာမအပှေါတိုး၍ တိုး၍ စိတ်ဝင်စားမိသည်။
"အခုဆိုရင် ယာဉ်မှူးနှောတန်နဲ့အဖွဲ့ဟာ ရာမလွင်ပြင်ကို ကီလိုမီတာသုံးဆယ်လောက် ခရီးနှင့်ခဲ့ကြပြီးပြီ။ ခုထိ တော့ ဘာပြသဿသနာမှမတွေ့သေးဘူးလို့ဆိုတယ်။ ဓါတ်ပုံမှာ မြင်ကြရတဲ့ မြောင်းရှည်ကြီးတစ်ခုထဲကိုလည်း ဆင်းပြီးလေ့လာခဲ့တယ်။ ခုထိတော့ အဲဒီမြောင်းကြီးတွေကို ဘာအတွက်တူးထားသလဲဆိုတာ မသိသေးဘူး။ သူတို့အဖွဲ့ဟာ မြောက်ဝင်ရိုးစွန်းကနေ အရှေ့ဖက်စူးစူးကို မူတည်ပြီး ပါရီအထိရောက်အောင် ဆက်လျှောက်ခဲ့ ကြတယ်။ ဒီဟာကတော့ ပါရီရဲ့ ဓါတ်ပုံမြင်ကွင်းပါ"
"လူကြီးမင်းတို့ တွေ့ကြတဲ့အတိုင်း ပါရီဟာ လမ်းကျယ်ကြီးတွေရှိပြီး အဆောက်အဦးတွေ ရာပေါင်းများစွာရှိ တယ်။ သက်ရှိသတဿတဝါတွေနေဖို့ မြို့အဖြစ်သာတည်ဆောက်ထားရိုးမှန်ရင် ရာမရဲ့ပါရီဟာ ကမဿဘာပှေါက ပါရီ ရူးသွားလောက်အောင်ကို ဆန်းကြယ်တဲ့မြို့ပဲ။ အဆောက်အဦးတွေအားလုံးဟာ ပြူတင်းပေါက်လည်းမရှိ၊ တံခါး လည်းမရှိတဲ့ ထောင့်မှန်စတုဂံပုံတွေချည်းပဲ။ အားလုံး ၃၅ မီတာစီ မြင့်ကြတယ်။ အဆောက်အဦး အားလုံးဟာ ရာမရဲ့ သတဿတုလွင်ပြင်ကနေ ပြူထွက်လာတဲ့ပုံမျိုးတွေ့ရတယ်။ ရာမကို စတည်ကတည်းက ဒီအဆောက်အဦးတွေကို တစ်ခါတည်း သွန်းလုပ်ခဲ့ပုံပှေါတယ်။ အောက်ခြေနဲ့ တသားတည်းဖြစ်နေတယ်။ ဘာ အဆက်ရာမှ မတွေ့ရဘူး"
"ကျွန်မသဘောကတော့ ဒီအဆောက်အဦးတွေကို အိမ်ယာတွေလို့မထင်ဘူး။ ဂိုဒေါင်တွေလို့ထင်မိတယ်။ ဒီပုံကို ကြည့်ကြပါ"
"ရာမရဲ့ လမ်းတိုင်းမှာ ငါးစင်တီမီတာလောက်ရှိတဲ့ မြောင်းချိုင့်ကလေးတွေကို တွေ့တယ်မဟုတ်လား။ အဲဒီ မြောင်းကလေးတွေဟာ အဆောက်အဦးတိုင်းရဲ့ နံရံထဲကိုဝင်သွားတယ်။ ရှေးခေတ်နှစ်ဆယ်ရာစုအစောပိုင်းတုန်း က သုံးခဲ့တဲ့ ဓါတ်ရထားလမ်းတွေနဲ့ မတူဘူးလား။ ဒါကြောင့်ကျွန်မက ဒီဟာတွေကို သယ်ယ
ူပို့ဆောင်ရေးစနစ် တစ်ခုလို့ ကောက်ချက်ချမိတယ်။ သို့သှောလည်း ဓါတ်ရထားဟာ အိမ်ပေါက်စေ့လိုက်ပြီး လူတွေတင်တယ်လို့ တစ်ခါမှ မကြားဖူးဘူး။ အခု ရာမရဲ့ဓါတ်ရထားလိုင်းကတော့ အဆောက်အဦးတိုင်းကို ရောက်ပုံထောက်ရင် ဒါဟာ ပစဿစည်းသယ်တဲ့ စနစ်တစ်ခုပဲဖြစ်ရမှာပေါ့"
"ကျုပ်တစ်ခုမေးပါရစေ" ကမဿဘာပှေါမှ သံအမတ်ကြီးက ဝင်ပြောလိုက်၏။
"ဟုတ်ကဲ့ မေးပါ ဆာရောဘတ်"
"ေနာှတန္က အဲဒီအေဆာက္အဦးတစ္ခုခုထဲကို ဝင္မျကည့္ခဲ့ဘူးလား"
"မဝင်ဘူးရှင့်၊ သူ့အစီရင်ခံစာကို နားထောင်ကြည့်ရင် ပထမတော့ သူဝင်ကြည့်ဖို့အပြင်းအထန်ကြိုးစားခဲ့သေး တယ်။ ပါရီရဲ့ ဓါတ်ရထားလမ်းတွေကို မြင်ပြီးတဲ့နောက် သူစိတ်ကူးပြောင်းသွားတယ်။ နောက်တစ်ခုက ဒီအဆောက်အဦးတွေထဲကို ဝင်ချင်ရင် ဖောက်ခွဲဖျက်ဆီးပြီးမှ ဝင်နိုင်မယ်။ တစ်ခြားနည်းမရှိတော့မှ ဖောက်ခွဲတဲ့ အလုပ်ကို လုပ်မယ်လို့ သူစဉ်းစားပုံရတယ်ရှင့်"
သိပဿပံသမိုင်းပညာရှင် ဒင်းနစ် ဆှောလမွန်သည် တစ်ချိန်လုံးငြိမ်နေရာမှ-
"ဟုတ်ပြီ။ ဒါပဲ။ ဒါဟာ ပိုးအိမ်စနစ်ပဲ" ဟုအလန့်တကြားထအှောသဖြင့် အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားကြ သည်။
"ဘာများလဲရှင်၊ ဘာကိုဆိုလိုတာပါလဲ"
"ပိုးအိမ်စနစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က တီထွင်ခဲ့တဲ့ နည်းပညာတစ်မျိုးပါ။ တစ်ခုခုကို ရေရှည်ခံ အောင်၊ မပျက်စီးအောင် ထိန်းသိမ်းထားချင်ရင် အဲဒီပစဿစည်းကို ပလတ်စတစ်စကြီးကြီးနဲ့ ထုပ်ပိုးပြီး ဘာနဲ့မှ ဓါတ်မပြုနိုင်တဲ့ မြေရှားဓါတ်ငွေ့တစ်မျိုးမျိုးကိုထည့်ပြီး သိမ်းလေ့ရှိတယ်။ အရင်ခေတ် စစ်ပွဲတွေတုန်းက စစ်လက်နက်ပစဿစည်းတွေကို ဒီလိုပဲသိမ်းကြတယ်။ သဘေဿငာကြီးတွေတောင် ဒီနည်းနဲ့ ထုပ်ပိုးသိမ်းဆည်းထားလို့ ရတယ်။ ခုခေတ်မှာတောင် ပြတိုက်တွေမှာ ဒီနည်းကိုသုံးနေတုန်းပဲ။ စမစ်ဆိုနီယန် ပြတိုက် မြေအောက်ခန်းမှာ ရှိတဲ့ ပိုးအိမ်တွေဆိုရင် နှစ်ပေါင်းတစ်ရာကျှောပြီး အထဲမှာဘာရှိလဲဆိုတာ ဘယ်သူမှ အတိအကျမသိဘူး"
ဒေါက်တာ ကာလစ်စလီး ပါရဲရားသည် ဘာမဟုတ်သည့် အပရိကတွေကို အချိန်ကုန်ခံ၍ ဆွေးနွေးနေကြသည်ကို သည်းမခံနိုင်တော့။
"သဘာပတိကြီးခင်ဗျား၊ အခုဆွေးနွေးသွားတာတွေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တှော ဆက်တင်ပြပါရစေ၊ အရေးပှေါကိစဿစမို့လို့ပါ"
"ကောင်းပါပြီ။ ဒေါက်တာပါရဲရားပြောပါ"
ကွန်းရတ်ဒ်တေလာနှင့်ဆန့်ကျင်ဖက်၊ ဒေါက်တာပါရဲရားသည် အစထဲက ရာမမှာ ဘာမှမရှိဟူသော အယူကို လက်ခံထားသူဖြစ်၏။ သို့သှောလည်း ရာမသားတို့၏ ရုပ်အကြွင်းအကျန်ကလေးများကိုတော့ တွေ့နိုင်သေး သည်ဟု တိတ်တခိုးမျှောလင့်ထားသူလည်းဖြစ်၏။ ရာမသည် နေသရဖူအတွင်းသို့ မဝင်ခင် ရာမပှေါမှ အချိန်မီ ထွက်ခွာကြရမည်ဖြစ်သောကြောင့် ရာမကို စူးစမ်းရန် အချိန်က နည်းလွန်းသည်။ အကယ်၍သာ သူ့တွက်ချက်မှု များမှန်ခဲ့လျှင် အခြေအနေက ရေနစ်သူ ဝါးကူထိုးသကဲ့သို့ရှိလိမ့်မည်။ တကယ်တော့လည်း ထိုအချက်မှာ သိသိ သာသာ ထင်ထင်ရှားရှားကြီးပင်ဖြစ်၏။ ထင်ရှားလွန်လွန်းအားကြီးလှသဖြင့် သတိမမူ၊ ဂူမမြင် ဖြစ်ခဲ့ရခြင်းသာ။
ဒေါက်တာပါရဲရားသည် သူ၏ တင်ပြချက်ကို စတင်လိုက်၏။
"ကျွန်တှောတို့ နောက်ဆုံးရထားတဲ့ သတင်းအရ အယ်လ်ဖာလှေကားရဲ့ခြေရင်းမှာ ထောက်ပို့အခြေစိုက်စခန်း တစ်ခုတည်ပြီး အဖွဲ့တစ်ဖွဲ့ဟာ ဆလင်ဒါပင်လယ်ဆီသွားနေတယ်လို့ဆိုတယ်။ အခြေစိုက်စခန်းတည်ပြီးသွားရင် စုံစမ်းရေးအဖွဲ့နှစ်ဖွဲ့ဟာ နေရာနှစ်နေရာကို တပြိုင်နက်သွားရောက်စုံစမ်းကြလိမ့်မယ်။ နှောတန်ဟာ ရှိတဲ့လူနဲ့ ရတဲ့အချိန်ကို အကောင်းဆုံးစီမံခန့်ခွဲနေတာထင်ရှားတယ်"
"ဒါပေမဲ့ ခုကျွန်တှောတို့ ယာဉ်မှူးနှောတန်နဲ့အဖွဲ့ကို ၁၂ နာရီအတွင်းရာမကို စွန့်ခွာဖို့သတိပေးမှဖြစ်လိမ်
မယ်။ ဘာဖြစ်လို့လဲဆိုတာ ခုရှင်းပြပါ့မယ်။ ကျွန်တှောတို့ဟာ အချက်တစ်ချက်ကို မေ့နေကြတယ်။ ခုဆိုရာမဟာ သောကြာဂြိုလ်ရဲ့ ပါတ်လမ်းထဲကိုရောက်နေပြီ။ အဲဒီနေရာလောက်မှာ နေရောင်နဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အရာမှန်သမျှ အပူချိန် ငါးရာဒီကရီကျှောရှိလေ့ရှိပေမဲ့ ရာမရဲ့ အတွင်းပိုင်းဟာ အေးခဲနေတုန်းပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပူချိန်မရသေးလို့ပဲ။ စကြာဝဠာ ခရီးစဉ်တစ်လျှောက် ရေခဲမှတ်အောက် ၂၇၀ ဒီကရီအထိကျဆင်းခဲ့တဲ့ အအေးဓါတ်ဟာ ခုထိရာမကို လွှမ်းမိုးထားတုန်းမို့လို့ပဲ။ ဒါပေမဲ့ ခုဆိုရာမဟာ ကျွန်တှောတို့ရဲ့ နေနဲ့ နီးသထက် နီးလာပြီ။ ခုချိန်မှာ ရာမရဲ့အပြင်ခွံဟာ ခဲတွေအရည်ပျှောလောက်အောင်ပူလောင်နေပြီ။ ဒါပေမဲ့အတွင်းပိုင်းကို အပူမရောက်သေးဘူး။ ရာမရဲ့ အခွံထုထည်က တစ်ကီလိုမီတာလောက်တောင် ထူတဲ့အတွက် အပြင်အပူဟာ အထဲကို ရုတ်တရက်မရောက်နိုင်သေးဘူး"
"ကျွန်တှောတို့ ဂြိုလ်ပေါင်းစုကုလသမဂဿဂ ညစာစားပွဲတွေမှာ အင်မတန် ခေတ်စားတဲ့ အလာစကာ ရေခဲမုန့်ကြှော ဆိုတာကို လူကြီးမင်းတို့စားဖူးကြတယ်မဟုတ်လား၊ ရေခဲမုန့်ကို အပြင်က အကြှောမှုန့်တွေသုတ်ပြီးကြှောထား တာလေ။ ရာမဟာ ခုရေခဲမုန့်ကြှောဖြစ်နေပြီ။ ဒီတစ်ပါတ်၊ နှစ်ပါတ်အတွင်း နေမင်းရဲ့အပူရှိန်ဟာ ရာမရဲ့ အတွင်း လောကကို ထိုးဖောက်ဝင်ရောက်လာလိမ့်မယ်။ ရေခဲမုန့်အရည်ပျှောလိမ့်မယ်။ နာရီပိုင်းအတွင်းကို အပူရှိန်တက် လာလိမ့်မယ်။ ဒါပေမဲ့ ဒါကလည်း ပြသဿသနာမဟုတ်ပါဘူး။ ကမဿဘာပှေါက အပူပိုင်းဒေသရဲ့ အပူချိန်လောက်ပဲ ရှိမှာ မို့ နေမယ်ဆိုနေလို့ရပါတယ်"
"ဒါဆို ဘာဖြစ်လို့ သူတို့ကို ရာမထဲက ထွက်ခိုင်းရမှာလဲ"
မေးခွန်းထုတ်လိုက်သော ဒေါက်တာဘို့စ်ကို ကြည့်ရင်း ဒေါက်တာပါရဲရားက လေးနက်စွာပြန်ဖြေလိုက်သည်။
"မထွက်လို့မရဘူး သဘာပတိကြီးခင်ဗျား၊ မကြာခင် ရာမမှာ မုန်တိုင်းအကြီးအကျယ်ကျလိမ့်မယ်"
+++++++++++++++++

Recent Comments