ရာမ (၁၃)

အခန်း (၁၅)

ကမ်းစပ်

Rama-16 ခုတော့ရာမအတွင်းတွင် အားမာန်အာကာသသုတေသနယာဉ်မှ ယောကဿငျား၊ မိန်းမ အဖွဲ့သားများ နှစ်ဆယ်ကျှော ရောက်နေကြပြီ။ ခြောက်ယောက်က ကင်းထောက်၊ ကျန်သူများက ထောက်ပို့အလုပ်ကို လုပ်နေကြသည်။ အာကာသယာဉ်ပှေါတွင် လူမကျန်သလောက်ဖြစ်နေပြီ။ အားမာန်အာကာသယာဉ်ကို စူပါမျောက်များနှင့် သူတို့ သခင် အန်ဒရူးတို့ကြီးစိုးနေပြီး ဝါဝါဝင်းကို ယာယီယာဉ်မှူးခန့်ထားသည်ဟု တိတ်တခိုးရယ်သွမ်းသွေးနေကြသည်။

လွင်ပြင် ကင်းထောက်လုပ်ငန်းအတွက် နှောတန်ချမှတ်ထားသော စည်းကမ်းများမှာ-

၁။ ကင်းထောက်အဖွဲ့တိုင်းတွင် ယခင် ကင်းထောက်အတွေ့အကြုံရှိသူ အနည်းဆုံးတစ်ဦးပါရမည်။

၂။ အတွေ့အကြုံရှိသူ တစ်ဦးထက်လည်းပိုမပါရ။ လူတိုင်းကို ရာမကင်းထောက်အတွေ့အကြုံရစေရမည်- ဟူသတတ်။

ခု ဆလင်ဒါပင်လယ်သို့သွားကြသော ကင်းထောက်အဖွဲ့သည်ထိုစည်းကမ်းနှင့် တင်းပြည့်ကြပ်ပြည့်ညီညွတ်၏။ ဆေးမှူးလှောရာအန်းစ်က ဦးဆောင်သှောလည်း အတွေ့အကြုံရှိသူ ဘောရစ်ရိုဒရီဂိုပါသွား၏။ တတိယအဖွဲ့ဝင် တပ်ကြပ်ကြီး ပီတာရူးဆိုးသည် ဗဟိုချက်စခန်းမှ အရံအဖွဲ့ဝင်ဖြစ်၏။ သူက အာကာသသုံးပစဿစည်းများနှင့် ပါတ်သက်၍ ပါရဂူမြောက်ကျွမ်းကျင်သူဖြစ်၏။ သို့သှော ဘာပစဿစည်းမှပါမသွား၊ သူ့မျက်လုံးနှင့် မှန်ပြောင်းလေး တစ်လက်ကိုသာအားကိုး၍ ခုခရီးကို သွားရရှာသည်။

အယ်လ်ဖာလှေကားခြေရင်းရှိ ထောက်ပံ့ရေးစခန်းမှ ဆလင်ဒါပင်လယ်အထိခရီးသည် ၁၅ ကီလိုမီတာရှိသည်။ မြေကမဿဘာ ဆွဲအားအတိုင်းဆိုလျှင် ရှစ်ကီလိုမီတာ။ လှောရာအန်းစ်သည် ကြံ့ခိုင်ရေးမှူးဖြစ်သည့်အားလျှောစွာ ခြေလှမ်းကြဲကြီးများဖြင့် ထိုခရီးကို အားရှိပါးရှိ ကြဲနေသည်။ ခရီးတစ်ဝက်တွင် မိနစ်သုံးဆယ်နား၏။ ဤသို့ဖြင့် တရမန်းကြမ်းကြိတ်လိုက်ရာ သုံးနာရီအကြာတွင် လိုရာရောက်ကြတော့သည်။

အမှောင်ကမဿဘာဖြစ်သည့် ရာမတွင် ဗဟိုချက်စခန်းမှထိုးပေးသော မီးမောင်း၏အလင်းကွက်အတွင်းမှသာ လျှောက် လှမ်းနေရခြင်းသည် အမှန်တကယ်တော့ပျင်းရိဖွယ်ကောင်းလှသည်။ မီးမောင်းသည် သူတို့ကိုလိုက်ထိုးရင်း ဘဲဥပုံဘဝမှ တဖြည်းဖြည်း ရှည်လျှားပြီးကျဉ်းမြောင်းလာခဲ့သည်။ ထိုမီးမောင်းအလင်းရောင်ပြောင်းလဲမှုသည်သာ သူတို့ဘယ်ရွေ့ဘယ်မျှ ခရီးပေါက်ပြီကို ပြနိုင်သော တစ်ခုတည်းသောအရာလည်းဖြစ်၏။ ဗဟိုစခန်းမှသာ ပြောမပေးလျှင် ဘယ်နှစ်ကီလိုမီတာရောက်ပြီဆိုခြင်းကို ဘယ်နည်းနှင့်မှ မသိနိုင်။

နောက်ဆုံးတော့ မှေးမှိန်နေပြီဖြစ်သော မီးမောင်း၏ ဝိုးတဝါးအလင်းရောင်အောက်တွက် မိုးကုပ်စက်ဝိုင်းကို မြင်လိုက်ကြရသည်။ ထိုအခါတွင်မှ ရာမလွင်ပြင်၏ မြောက်ဖက်ခြမ်းဆုံးသွားမှန်းသိရသည်။ ဆလင်ဒါပင်လယ် ကမ်းစပ် နှင့်နီးပါပကော။

"မီတာတစ်ရာပဲလိုတော့တယ်။ ဖြည်းဖြည်းလျှောက်ကြ" ဗဟိုစခန်းမှ လှမ်း၍သတိပေး၏။

သူတို့သတိမပေးခင်ကတည်းက လှောရာနှင့်အဖွဲ့သည် လျှောက်နှုန်းကိုလျှော့ပြီးဖြစ်၏။ မလျှော့၍လည်းမရ။ ရှေ့တွင် မီတာငါးဆယ်နက်သော ဆလင်ဒါပင်လယ်ကမ်းစပ် ချောက်ကမ်းပါးကြီးက ဆီးကြိုနေသည်။

ပင်လယ်။

ဒါဟာ ပင်လယ်ပဲ။

ရာမမှာ ဘာကိုမှ ပုံသေသတ်မှတ်၍ မရဟု နှောတန်က သတိပေးလိုက်သှောလည်း ကင်းထောက်အဖွဲ့ဝင်တိုင်း ကတော့ ထိုအရာကို ရေခဲနေသောပင်လယ်ဟုသာ သတ်မှတ်လိုက်ကြ၏။ သို့သှောလည်း ထိုပင်လယ်ကား—————————————————။

+++++++++++++++++++

ရာမသည် သူ၏ တန်ခိုးပြာဋီကာတို့ကို ဆလင်ဒါပင်လယ်တွင် အစွမ်းကုန်ပြသထားချေသည်။ သူတို့ ရပ်နေသော ဆလင်ဒါပင်လယ်၏ မြောက်ဖက်ကမ်းပါးသည် မီတာငါးဆယ်မြင
့သှောလည်း လှမ်းမြင်နေရသော တောင်ဖက် ကမ်းပါးကမူ မြောက်ဖက်ကမ်းပါးထက် ဆယ်ဆ (မီတာငါးရာ) ပိုမြင့်၏။ ထိုအချင်းအရာက အံ့ဩဖွယ်ကောင်း လှပြီဖြစ်သှောလည်း ကင်းထောက်အဖွဲ့ဝင်များမှာ အချိုးမညီသည့် ကမ်းပါးများကို စိတ်မဝင်စားနိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော သူတို့သည် မြောက်ဖက်ကမ်းပါးစွန်း၌ရပ်မိသောအခါ မြင်လိုက်ရသော ပင်လယ်မြင် ကွင်းမှာ သည်းအူပြတ်မတတ်သူတို့ကို စိတ်ချောက်ချားစေသောကြောင့်ဖြစ်၏။

ရာမ၏ လွင်ပြင်ခါးလည်ပိုင်းတစ်လျှောက် ပါတ်ပါတ်လည်တည်ရှိနေသော ပင်လယ်မြင်ကွင်း။ ထိုပင်လယ်သည် သူတို့၏ ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် ကွေးတက်သွားပြီး အပှေါသို့မော့ကြည့်လိုက်သောအခါ ခေါင်းပှေါ တွင် ပင်လယ်ပြင်ကရောက်နေ၏။ ထက်၊ အောက်၊ ဘယ်၊ ညာ ကြည့်လေရာမြင်နေရသော ပင်လယ်မြင်ကွင်း သည် အဘယ်သူ၏ စိတ်ကို ညွတ်နူးကြည်နူးနိုင်စေလိမ့်မည်နည်း။ ချောက်ချားဖွယ် ဘယာနက ရသကိုသာ ပေးနိုင်စွမ်း၏။

ရှေ့တည့်တည့်သို့ကြည့်မှာသာ ပုံမှန်ပြန့်ပြူးသော မြင်ကွင်း၊ အာရုံက လက်ခံနိုင်သော မြင်ကွင်းကိုတွေ့ရ၏။ ထို့ ကြောင့်သူတို့သည် အထက်၊ အောက်၊ ဘယ်၊ ညာကို မကြည့်ရဲကြ၊ ရှေ့တည့်တည့်သို့သာ စူးစိုက်ကြည့်နေကြ ရသည်။ ရှေ့တွင်တော့ ပင်လယ်ထဲမှ နယူးယောာက်ကျွန်းကို ဝိုးတဝါးတွေ့မြင်ကြရသည်။

"ဗဟိုစခန်း၊ ရှေ့က နယူးယောက်ကျွန်းကို မီးမောင်းထိုးပေးပါ" လှောရာအန်းစ်က စခန်းကို တောင်းဆိုလိုက် သည်။

မီးမောင်းအလင်းကွက်သည် သူတို့ပှေါမှရွေ့လျှားသွားသည်နှင့်တပြိုင်နက် ရာမက မဟူရာဝတ်ရုံဖြင့် သူတို့ကို လွှမ်းခြုံလိုက်၏။ ကမ်းပါးစွန်းတည့်တည့်တွင် ရပ်နေမိသော သူတို့သည် နောက်သို့ ဒရောသောပါး ဆုတ်လိုက် ကြသည်။ နယူးယောက်၏ မျှောစင်လို အဆောက်အဦးများက မီးမောင်း၏အလင်းရောင်အောက်ဝယ် သူတို့ကို ကိုယ်ထင်ပြချေပြီ။

ရာမ၏ နယူးယောက်ကား မြေကမဿဘာ မန်ဟက်တန်ကျွန်းပှေါမှ နယူးယောက်နှင့် လားလားမျှ မတူ။ တကယ့် နယူးယောက်အစစ်ကား စတည်ကတည်းက ခုထိ မပြီးသေးသောပန်းချီကားတစ်ချပ်ဖြစ်သည်။ အဆောက်အဦး တွေကို ဆောက်လိုက်၊ ပြိုလိုက်၊ အသစ်ဆောက်လိုက်နှင့် ကမဿဘာဆုံးတိုင်ဖွံ့ဖြိုးဆဲရှိဦးမည်။ ရာမ၏ နယူးယောက် ကား အသင့်ဆွဲပြီးသား ပြခန်းတက်ချိတ်ထားသည့် ပန်းချီကားတစ်ချပ်။ ရာမ ဖန်ဆင်းရှင်ပိသုကာများကား နယူးယောက်စီမံကိန်းကို အစမှအဆုံးတိုင် အကောင်အထည်ဖှောပြီးသား။ ဆက်လက်ဖွံ့ဖြိုးကြီးထွားရန် အကြောင်းမရှိတော့။

နယူးယောက်ကျွန်းပှေါမှ မျှောစင်များ၊ လိပ်ခုံးသဏဿဍာန် အဆောက်အဦးများ၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက် ထားသော စက်လုံးများ ပိုက်ပြွန်များကို မီးရောင်အောက်တွင် အထင်းသားမြင်နေရသည်။ ကြည့်နေရင်းက ကျွန်း ပှေါမှ သက်ရှိတစ်ဦးဦး ဘွားကနဲပှေါထွက်လာပြီး သူတို့ကို လက်ပြလိုက်မည်လားဟု ရင်တထိတ်ထိတ်ဖြစ်နေကြ သည်။ သို့သှော နယူးယောက်က ငြိမ်သက်မြဲ ငြိမ်သက်ဆဲဖြစ်၏။ ဘယ်သူမှ ကိုယ်ထင်မပြ။ မိနစ်အနည်းငယ် အကြာတွင် မီးမောင်းကို သူတို့ပှေါပြန်ထိုးပေးရန် ပြောလိုက်ရသည်။ မီးရောင်ပြန်လာသောအခါ ကမ်းခြေတစ်လျှောက် အရှေ့ဖက်သို့လျှောက်ကြ၏။ မီတာငါးဆယ်မြင့်သော ဤကမ်းပါးကြီး၏ တစ်နေရာတွင် တော့ ပင်လယ်ထဲသို့ဆင်းမည့် လှေကား ဒါမှမဟုတ် ဆင်ခြေလျှောတစ်ခုခုရှိရလိမ့်မည်။ ဒါက မြေကမဿဘာတွင် ရွက်လွှင့်ဘူးသော သူတို့အဖွဲ့ထဲမှ အမျိုးသမီးတပ်ကြပ်ကြီး ရူဘီဘန်း၏ စိတ်ကူး။

"ပင်လယ်ရှိရင် ဆိပ်ကမ်းရှိမယ်။ ဆိပ်ကမ်းရှိရင် သဘေဿငာသို့မဟုတ် လှေလဲရှိရမှာပဲ။ လှေသဘေဿငာတွေ့လို့ ဒါကို လေ့လာနိုင်ရင် ရာမရဲ့ယဉ်ကျေးမှုအချို့တစ်ဝက်ကို သိရမှာပဲ" ဟုမြှောက်ပေး၏။

ဤသို့ဖြင့် ဆင်းစရာလှေကား၊ ဆင်ခြေလျှောကို လိုက်ရှာကြသည်။ ဘယ်လိုရှာရှာ မတွေ့သည့်အတွက် လက်မြှောက်ပြီး ကြ
ုးဖြင့်ဆင်းတော့မည့်ဆဲဆဲတွင် ဘောရစ် ရိုဒရီဂိုသည် လှေကားကျဉ်းလေးတစ်စင်းကို တွေ့သွားခဲ့သည်။ မီးမှိန်မှိန်အောက်တွင် အလွယ်တကူပျောက်၍နေသော ထိုလှေကားကျဉ်းကလေးသည် မီတာ ငါးဆယ်နက်သော ကမ်းပါးစောက်ကြီးထဲသို့ ဖြောင့်တန်းစွာဆင်းသွား၏။ ကိုင်စရာလက်ရန်းလည်းမရှိ။ ခေါင်းဆောင်းဦးထုတ်မီးအလင်းရောင်ဖြင့် အကြိမ်ကြိမ်ထိုးကြည့်သည်။ လှေကားသည် ပင်လယ်ထဲသို့ နစ်မြုပ် ပျောက်ကွယ်သွား၏။ အခြားဘာမှမတွေ့ရ။ အနဿတရာယ္ရွိမည့္ပံုလည္းမေပါှ။

လှောရာအန်းစ်သည် နှောတန့်ထံဆက်သွယ်ပြီးဆင်းခွင့်တောင်း၏။ နောက်တစ်မိနစ်အကြာတွင် လှောရာသည် ဆလင်ဒါပင်လယ်၏ ခဲနေသောမျက်နှာပြင်ကို သတိကြီးစွာဖြင့် စမ်းသပ်နေတော့သည်။ ပင်လယ်မျက်နှာပြင်တွင် ပွတ်အားမရှိ၊ ခြေထောက်များသည် ချှောထွက်နေသည်။ ရေခဲပြင်နှင့်တူလှသည်။ အို- ရေခဲပြင်ပါပဲ။ သေချာပါ တယ်။

တူဖြင့်ဆတ်ကနဲ ရိုက်ချလိုက်သောအခါ ရေခဲအက်ကြောင်းဖြာသလို ဖြာထွက်သွားသည်။ ရေခဲကွဲသလိုပင် အလွယ်တကူကွဲသွားသည်။ လှောရာသည် နမူနာပစဿစည်းထည့်သည့်ပုလင်းထဲသို့ ရေခဲတုံးများကို ကောက်ထည့် သည်။ တချို့အတုံးများမှာ အရည်ပင်ပျှောလာပြီ။ ရေက နောက်ကျိလျက်ရှိသည်။ ပုလင်းဝကို နှာခေါင်းတွင်တေ့ ၍ တစ်ချက်ရှုကြည့်လိုက်သည်။

"ဒေါက်တာ သတိထား၊ စိတ်ချရပါ့မလား" ဘောရစ်က စိတ်လှုပ်ရှားစွာဖြင့်သတိပေး၏။

"စိတ်ချပါ ဘောရစ်ရယ်။ ရာမမှာ ရောဂါပေးနိုင်တဲ့ ပိုးမွှားမရှိဘူး။ ကျွန်မတို့မသိတဲ့ ပိုးမွှားရှိခဲ့ရင်လည်း လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက ကျွန်မတို့အားလုံး သေနေလောက်ပြီ"

သို့သှော ဘောရစ်မှန်၏။ ဘယ်လိုပဲ စစ်ဆေးထားသည်ဆိုစေ ဤရေသည် အဆိပ်ဖြစ်နိုင်သေးသည်။ အမျိုးအမည်မသိသည့် ရောဂါများကို ပေးစွမ်းနိုင်သေးသည်။ သို့သှောအချိန်ကမရှိ။ လုပ်စရာတွေက တောင်လို ပုံနေသည်။ အနဿတရာယ်နှင့် အသိပညာ ဗဟုသုတကို စွန့်စားလဲလှယ်ရလိမ့်မည်။

လှောရာသည် လုံးဝအရည်ပျှောသွားပြီဖြစ်သည့် ပုလင်းထဲမှ အရည်ကိုကြည့်ရင်း-

"ဒါရေအစစ်ပဲ။ သို့သှော သောက်ဖို့တော့မဖြစ်နိုင်ဘူး။ ရေညှိတွေမွေးထားတဲ့ ကန်ထဲက ရေနဲ့တူနေတယ်။ ဓါတ်ခွဲခန်းပို့ပြီး ဓါတ်ခွဲကြည့်ချင်လှပြီ"

"ရေခဲပြင်က လမ်းလျှောက်လို့ရလား"

"ရပါ့၊ မာလိုက်သမှ ကျောက်ခဲအတိုင်းပဲ"

"ဒီလိုဆို နယူးယောက်ကို သွားကြပါစို့လား"

"အမလေး ပီတာ၊ သွားနေတုန်း ဝုန်းကနဲ ရေခဲတွေအရည်ပျှောသွားရင် ဘယ်နှယ့်လုပ်မလဲ"

ဘောရစ်က စဉ်းစားရင်း-

"ဟုတ်တယ်။ အခုနည်းနည်းပူလာပြီ။ အပူချိန်က ရေခဲမှတ်ကိုကျှောနေပြီ။ ဒီပင်လယ်ဟာ အချိန်မရွေး အရည်ပျှောတော့မှာ။ သွားနေတုန်းအရည်ထပျှောရင် လေးကီလိုမီတာရှည်တဲ့ ဘာမှန်းမသိတဲ့ ထက်အောက် ဘယ်ညာ ကြည့်လေရာမြင်နေရတဲ့ ပင်လယ်ကြီးထဲမှာ ရေကူးနိုင်လို့လား"

ဒေါက်တာအန်းစ်သည် ဘောရစ်ပြောလိုက်မှ ကြောက်လန့်ပြီး ကပျာကယာပြန်ပြေးတက်လာသည်။ လက်ထဲတွင် ရေပုလင်းလေးကိုင်လျှက်။

"ဒီရေလေးနည်းနည်းရဖို့အတွက် သေမတတ်လမ်းလျှောက်ခဲ့ရတယ်။ ဒါပေမဲ့ ခုထိရာမဆီက ရသမျှထဲမှာ ဒီရေ ဟာ အဖိုးအတန်ဆုံးပဲ။ ကဲ ကျွန်မတို့အိမ်ပြန်ကြစို့"

အပြန်ခရီးစခဲ့ပြီ။ ပေါ့ပါးသောခြေလှမ်းများဖြင့် အသော့နှင်ခဲ့ကြသည်။ ဆလင်ဒါပင်လယ်၏ အလယ်ကောင်က လျှို့ဝှက်လှသော နယူးယောက်ကို သမင်လည်ပြန်ကြည့်မိကြသေးသည်။ တစ်ကြိမ်မှာတော့ လှောရာသည် ပါးပြင်ထက်သို့ အေးကနဲလာဟပ်သော လေပြေကလေးတစ်ချက်၏ အထိအတွေ့ကိုခံစားလိုက်မိသလို ဖြစ်မိသည်။ သို့သှောလည်း နောက်တစ်ကြိမ်ထပ်မဖြစ်တော့သည့်အတွက် အပြန်ခရီးအတွက် စိတ်စောနေသော ဆေးမှူးသည် ထိုကိစဿစကိုမေ့သွားလေတော့သည်။

+++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2010
M T W T F S S
« Jun   Aug »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.