သားကောင် (၁)

(၁)

၂ဝဝဂ ခုနှစ် ဒီဇင်ဘာ (၁) ရက်၊ တနလဿငာနေ့ မနက် ၄ နာရီ မိနစ် ၂ဝ
နယူးယောက် မြို့တှော

Medical Clipart ဂျက် စတက်ပ် လီတန် သည် နိုးတစ်ဝက် ခြောက် အိပ်မက် ဆိုးများမှ ချက်ချင်း နိုးထ လာခဲ့သည်။ သူသည် လမ်း အမြင့်ပိုင်း တစ်နေရာ မှ ထိန်းမနိုင် သိမ်းမရ ထိုးဆင်း လာသော ကားတစ်စီး ပှေါရောက် နေသည်။ ရှေ့တွင် လက်ချင်းဆက်၍ လမ်းဖြတ်ကူး နေကြသော မူကြို ကလေးငယ်များ။ ကားလာ နေသည် ကို လုံးဝ သတိ ပြုမိ ပုံ မပှေါ။

ဘရိတ်ကို အဆုံးထိ ဖိနင်း လိုက်သှောလည်း အကြောင်း မထူး။ ကုန်းလျှော ပှေါမှ ဆင်းလာသော ကားသည် အရှိန် ပိုမြန် လာ၏။ ကလေးငယ်များကို အသံကုန် ဟစ်အှော၍ သတိပေး လိုက် စဉ် မှာပင် သူသည် နယူးယောက် မြို့တှော အနောက်ပိုင်း ၁ဝ၆ လမ်းရှိ သူ့အိမ် မှ အိပ်ယာ ထဲတွင် ရောက် နေမှန်း သတိပြု မိသည်။ ကုန်းလျှော လည်း မရှိ၊ ကားလည်း မရှိ၊ ကလေးတွေ လည်း မရှိ။ သူအတွက် တော့ နောက်ထပ် ခြောက် အိပ်မက် ဆိုး တစ်ခု သာ။

အသံကုန် ဟစ်အှော နေစဉ် အိပ်မက် မှ လန့်နိုး လာသဖြင့် အပြင်မှာ ရော အသံထွက် သွား မိ သလား။ မသိ။ မသေချာ။ တစ်အိပ်ယာ ထဲ အိပ် နေ သော သူ့ မိန်းမ လှောရေး နှစ်နှစ် ခြိုက်ခြိုက် အိပ်နေဆဲ ဖြစ်သည်ကို ကြည့်ခြင်း အားဖြင့် သူ မအှောမိ ဟု ယူဆ ရသည်။ လမ်းမီးများ ကြောင့် ခပ်မှိန်မှိန် လင်းနေ သော မျက်နှာကြက် ကို ကြည့်ရင်း အိပ်မက်ကို စားမြုံ့ပြန်၏။ တကယ်တော့ လည်း နှစ်ခါ ပြန် စဉ်းစား နေ စရာ မလို လောက်အောင် သူ့ဘဝ တွင် ထမင်းလုံး တစေဿဆ ချောက်သလို အမြဲတမ်း ချောက်လှန့် နေသော ချောက်အိပ်မက် ဆိုး တစ်ခု သာပါ။ ထို အိပ်မက်က မှုခင်း ဆရာ ဝန် အဖြစ် ဘဝ ကို အသစ် တဖန် စတင် နေသော ဂျက် ရှိရာ ချီကာဂိုသို့ အလည် လိုက်လာသည့် သူ၏ ပထမ ဇနီး နှင့် သမီးကလေး နှစ်ယောက် စလုံး လေယာဉ် ပျက်ကြ သည့် အထဲ ပါသွား ခဲ့သည့် ၁၉၉ဝ ပြည့်လွန် နှစ်များမှာ အစပြုခဲ့သည်။

မူလက မျက်စိ အထူးကု ဆရာဝန် တစ်ဦး ဖြစ်သော ဂျက်သည် ပုဂဿဂလိက ကျန်းမာရေး အာမခံ ကုမဿပဏီများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ စီမံ ခန့်ခွဲမှု အတတ် ပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပါတ်သက်၍ မျက်စိကို မှိတ် နားကို ပိတ်ထားသော အစိုးရ အဆက်ဆက် နှင့် နေမထူး သေမထူး လူ့အဖွဲ့ အစည်း တည်းဟူသော ကျန်းမာရေး လောက၏ ဖျက်မြင်းကြီး လေးကောင် ကို ထပ်တလဲလဲ မြင်ပါ တွေ့ပါ များလာသော အခါ သူကျင်လည် ကျက်စား နေရ သည့် ကုသရေး လုပ်ငန်းကို စိတ်ကုန် လာခဲ့သည်။

ကုသရေး ဆေးပညာ ရှင် ဘဝ ကို စွန့်လွှတ် လိုက်လျှင် ဆေးပညာကို စတင် သင်ယူ စဉ်က သူ့ကို ညှို့ယူ ဖမ်းစား နိုင်ခဲ့သည့် ကြင်နာ သနားမှု နှင့် ဂရုဏာ တရား တို့ကို ပြန်လည် ရယူ နိုင်စွမ်း ရှိလိမ့် မည်ဟု ယူဆ မိသည်။

သူမျှောလင့် သလို ဖြစ်လာ လု နီးနီး အချိန် တွင် မိသားစု တစ်စု လုံး ဆုံးရှုံး လိုက်ရခြင်းကြောင့် သနား စရာ ဂျက် ခမျာ စိတ်ကျ ဝေဒနာ ကို အပြင်း အထန် ထပ်မံ ခံစား ရပြန် သည်။ ကလေးတွေကို ကားနှင့် တိုက်မိလု နီးနီး ဆိုသည့် ခြောက်အိပ်မက် သည် စိတ်ကျ ဝေဒနာ၏ လကဿခဏာ တစ်ခု ဖြစ်မှန်း သူ အသေ အချာ သိ၏။ လွန်ခဲ့ သည့် နှစ်ပေါင်း များစွာ ကတည်းက ပျောက်ကွယ် သွားခဲ့ပြီး ဖြစ်သော ထိုအိပ်မက် သည် အခု လ အနည်းငယ် အတွင်း သူ့ထံသို့ အလည် တစ်ခေါက် ပြန်ရောက် လာပြီကော။

ဂျက်သည် မျက်နှာကြက် ပှေါမှ အလင်းရောင် မှိန်ဖျော့ဖျော့ ကို စူးစိုက်ကြည့် နေမိသည်။ လမ်းမီးရောင် သည် သစ်ပင် များကြား မှ ဖြတ်လာပြီး အခန်း မျက်နှာကြက်တွင် လာရောက် ထင်ဟပ် ရခြင်းကြောင့် အလင်းရောင် က ယိမ်းထိုး လှုပ်ရှား လျှက် ရှိသည်။ အေးစက် မှောင်မိုက် တိတ်ဆိတ်ပြီး ဂရုဏာ ကင်းသော မရဏ ကမဿဘာမှာ သူ့တစ်ယောက်ထဲ ဟူသည့် ကျောချမ်းဖွယ် အတွေး နမိတ်ပုံများ သူ့အာရုံတွင် ထင်ဟပ် လာသည်။

ဂျက်သည် သူ့နဖူး သူပြန်စမ်း၏။ ချွေးထွက် မနေ။ သွေးခုန်နှုန်း စမ်းပြန်၏။ တစ်မိနစ် (၁၅ဝ) နှုန်း၊ ပြင်းပြင်း မှန်မှန် မြန်မြန်။ ကားဘရိတ်ပေါက်သည့် အိပ်မက်ကြောင့် သူ့ခနဿဓာကိုယ် တွင်းရှိ ဆင်ပသက်တစ် အာရုံကြော အဖွဲ့အစည်း တို့ အစွမ်းကုန် အလုပ်ရှုပ် နေ၏။ အပြင်း အထန် စိတ်လှုပ်ရှား နေ၏။ မတွေးချင် သှောလည်း အိပ်မက် အကြောင်း ပြန် တွေး နေ မိ သည်။

သူ့ အိပ်မက်၏ ထူးခြားချက် က ကလေး များ ဖြစ် သည်။ ထိုအချက် ကပင် သူ၏ ပုဂဿဂလိက ခံစားချက် နှင့် ဝေဒနာ တို့ကို ကောင်းစွာ ထင်ဟပ် စေသည်။ အမြဲတမ်း ထပ်ကာ တလဲလဲ မက်သော အိပ်မက်တိုင်းမှာ ဘရိတ်ပေါက် နေသော သူ့ကား ဦးတည်ရာက ကလေးများ။

စားပွဲတင် နာရီ ကို ကြည့် လိုက်သည်။ မနက် လေးနာရီ ကျှောပြီ။ ဒီလို နှလုံးခုန်မြန် ပုံမျိုး နှင့် ဘယ်လို မှ ပြန် အိပ်၍ ရမည် မဟုတ်ကြောင်း သူသိ၏။ လှောရေး ကို အနှောက် အယှက် မဖြစ် စေလို သောကြောင့် ခုတင် ပှေါမှ အသာ လျှောဆင်း၏။ ဝက်သစ်ချသား ကြမ်းပြင် သည် ကျောက်စရစ်ပြား ကဲ့သို့ အေးခဲ မာတောင့် နေသည်။

မတ်တပ်ရပ်ရင်း အညောင်းဆန့် လိုက်သည်။ ကြွက်သားများ တောင့်တင်း နာကျင် ကိုက်ခဲ နေကြောင်း သတိထား မိ၏။ အသက် ငါးဆယ်တွင်း ချင်းနင်း ဝင်ရောက် လာပြီ ဖြစ်သှောလည်း ဂျက်သည် အခါ အခွင့်သင့်တိုင်း ဘက်စကက်ဘော ကစား လေ့ ရှိသည်။ သူစိတ် ဝေဒနာ များ သက်လာ လိမ့်နိုး ဖြင့် မနေ့ ညနေ ကတော့ ခြေကုန် လက်ပန်း ကျသည် အထိ ကစား ပစ် ခဲ့ သည်။ ထိုဒဏ်ကို မနက် ကျလျှင် ခံရ လိမ့်မည် ဟု သူမှန်း ထားခဲ့ သည်မှာ ခုတော့ မှန်လေပြီ။

ခြေဖဝါး များကို ကြမ်းပြင် တွင် အပြားလိုက် ချနင်းရင်း တောင့်တင်း နေသော ခနဿဓာကိုယ် ကို အကြော လျှော့၏။ ပြီးတော့ ကလေး အကြောင်း စဉ်းစားရင်း ရေချိုးခန်း ဝင်သည်။ ကလေး၊ ဟုတ်သည်။ သူနှင့် လှောရေး တို့က ဂျေဂျေ ဟု ချစ်စနိုး ခှေါသော သူတို့၏ သားကလေး။ ပြီးခဲ့သည့် ဩဂုတ်လ ကမှ ခန့်မှန်း သည်ထက် ရက်သတဿတပါတ် အနည်းငယ် စော၍ လူ့လောကထဲ ရောက်လာသည့် ရင်နှစ် သည်းချာ သားလှ ရတနာ ကလေး။

အချိန် မတန်ပဲ မွေးသဖြင့် ဘယ် ဆေးရုံ၊ ဆေးခန်း မှ မသွား နိုင်ပဲ ဂျက် ကိုယ်တိုင် ပင်ပန်း ကြီးစွာ မွေးဖွား ပေးခဲ့ ရသော သား။ ကွယ်လွန် သွားခဲ့ ပြီ ဖြစ်သော သမီး နှစ်ယောက် မွေးစဉ်က သူ ကူညီ ခဲ့ဖူး သှောလည်း ထို အတွေ့ အကြုံ သည် မည်မျှ စိတ်ပင်ပန်း ဆင်းရဲ စေသည် ကို သူ မေ့ နေ ခဲ့ ပြီ။ အမေ ရော သားပါ ကျန်းမာ ပကတိ၊ ချမ်းသာ အတိ ရှိ သော အခါ တွင်မှ သူ ဟင်း ချ နိုင် ခဲ့သည်။

ဂျေဂျေ သည် တစ်လ မပြည့်မီ အချိန် အထိ ကတော့ ပီတိ အကောင်း အတိုင်း ဖြစ်ခဲ့၏။ လှောရေး သည် မီးဖွားခွင့် ယူပြီး ဂျေဂျေ့ နားမှာ အချိန် ပြည့် ရှိ နေ ခဲ့သည် ကိုး။ သို့သှော ကလေး ကို အရိပ် တကြည့်ကြည့် လုပ်နေသော ဂျက်သည် သူ့သား၌ မွေးရာပါ မျိုးရိုး ဗီဇ ဆိုင်ရာ ပြသဿသနာ တစ်ခုခု ဖြစ်နေ သည် ဟူသော သံသယ တစ်ခု ဝင်နေ၏။

ဂျက်သည် ကလေး၏ မျက်နှာ၊ ခြေ၊ လက် များကို အထပ်ထပ် အခါခါ စစ်ဆေး ကြည့်ရှု၏။ သမီး နှစ်ဦး ကို ဆုံး ရှုံး ပြီး ကတည်းက နောက်ထပ် မွေးသော ကလေးသည် ဒုကဿခိတ ကလေး ဖြစ်နေ ခဲ့ပါလျှင် သူ မိဘ တာဝန် ကျေပွန် နိုင်ပါ့ မလား ဟူသော အတွေးက သူ့အား တရစပ် နှိပ်စက် ဖိစီး လျှက်ရှိသည်။ လှောရေး၏ စိတ်ရှည် သည်းခံမှု နှင့် အားပေး နှစ်သိမ့် မှုကို မရရှိခဲ့ပါလျှင် နောက်ထပ် အိမ်ယာ သစ် ထူထောင် ခြင်း အမှု ကို သူပြုဖြစ်ခဲ့ လိမ့်မည် မထင်။ သူချစ်ခင် မြတ်နိုး ရသူ တိုင်း အတွက် သူသည် ဒုကဿခအိုးကြီး တစ်လုံး၊ သောက၊ ဗျာပါဒ နှင့် ပူလောင်မှု များကို ယူဆောင် လာသည့် ဂြိုလ်ဆိုး တစ်ခု ဟု သူ့ကိုယ်သူ ယုံကြည် ယူမှတ် လျှက် ရှိသည်။

ရေချိုးခန်း ထဲတွင် ချိတ်ထားသော ရေချိုးခန်းသုံး ဝတ်စုံ ကို ယူ၍ ဂျေဂျေ့ အခန်းသို့ အသာလေး ခြေဖျား ထောက် ဝင် သွား၏။ မည်သူ့ ကိုမှ မပေးဖူးသည့် ကြီးစွာ သော ချစ်ခြင်း မေတဿတာ တို့ကို မြေးငယ် အပှေါ စုပုံ ပေးအပ်၍ ဂျေဂျေ့ကို စောင့်ရှောက်လျှက် ရှိသော သူ၏ ယောကဿခမ ကြီး ဒှေါရိုသီ မောင်ဂို မာရီ ကိုလည်း လှိုက်လှိုက် လှဲလှဲ ကျေးဇူး တင် နေ မိ သည်။

ကလေးငယ်၏ အိပ်ခန်း သည် ညအိပ် မီးလုံး များစွာ ထွန်း ထား ၏။ ဂျက်သည် သားငယ် ကို နှိုး၍ ချော့မြှူ ချင်စိတ် ပြင်းပြ စွာ ဖြစ်ပှေါ မိ၏။ သို့သှော ကလေးကို ပြန်သိပ် ရ သည် မှာ ဓါးတောင်ကျှော၍ မီးပင်လယ် ဖြတ် ရ သလောက် ခက်ခဲ နိုင်သည်။ ညအိပ်မီးရောင် အောက်တွင် ဂျေဂျေ သည် လက်သီးနှစ်ဖက် ဆုပ်ရင်း ခြေကားယား၊ လက်ကားယား မှောက်ခုံကြီး အိပ်မောကြ နေ ရှာ သည်။ နဖူးလေး ပှေါသို့ မီးရောင် ဖြာ ကြ နေ သှော လည်း မှိတ်ထားသော မျက်လုံး များကို သဲကွဲစွာ မမြင်ရ။ သို့သှော မျက်ကွင်းများ ညို နေ မည် မှန်း ဂျက် သိသည်။ ကလေး၏ တဖြည်းဖြည်း ညိုမောင်း လာသော အသား အရောင် ကို စတင် သတိ ထား မိ သူက သူတို့ လင်မယား နှစ်ယောက် မဟုတ်ပဲ ယောကဿခမကြီး ဒှေါရိုသီ ဖြစ်၏။ ထို့နောက် တွင် တော့ ရောဂါ၏ နိမိတ်ပြ လကဿခဏာ များ သည် ဖြည်းဖြည်းချင်း တစ်ခု ပြီး တစ်ခု ပှေါ လာ ခဲ့ သည်။

ကလေး အထူးကု ဆရာ ဝန် တပ်လိုက်သော ရောဂါ အမည် ကို ကြားကြားခြင်း ဂျက်သည် ဝမ်းဗိုက်ကို ဘော့စ်ဘော ဘှောလုံး ပြင်းထန်စွာ ထိမှန် လိုက် သကဲ့သို့ အရုပ် ကြိုးပြတ် ဖြစ်သွား ခဲ့သည်။ ဦးနှောက်တွင်း သွေး စီး ဆင်း နှုန်း မြင့်မား လွန်း သဖြင့် ကုလားထိုင် လက်တန်းကို မြဲမြဲ မဆုတ်ကိုင် ထားမိလျှင် ကြမ်းပြင် ပှေါ လဲကျ သွားမည် မှာ သေချာ လှ၏။ ကမဿဘာ ပှေါတွင် သူ စိတ် အပူ ဆုံး အရာ၊ သူသည် သူချစ် ရ သူ များ အတွက် ကျိန်စာဆိုး ဖြစ်သည် ဟူသော သူ၏ အယူ အဆ မှာ မှန် နေ လေ ပြီ။

ဂျေဂျေ မှာ နျူရို ဘလတ် စတိုးမား ဦးနှောက် ကင်ဆာ ရောဂါ ဖြစ် နေ ပြီ။ ကလေး ကင်ဆာ ရောဂါ သေဆုံး မှု အားလုံး၏ ၁၅ ရာခိုင်နှုန်း ရှိသော နျူရို ဘလတ် စတိုးမား။ ဦးနှောက် တပြင်လုံး နှင့် အရိုး များပါ မကျန် ကင်ဆာ ဆဲလ် များက ပြန့်နှံ့ လျှက် ရှိ ချေပြီ။ တကယ့် အပြင်းစား ကင်ဆာ။

နောက်လ များကား ဂျေဂျေ ၏ အသစ် စက်စက် မိဘ နှစ်ပါး အတွက် ငရဲ ကျသည့် ကာလ များသာ။ ကလေး အမေ လှောရေး က စိတ်ဓါတ် ကြံ့ခိုင် မှု ရှိ သဖြင့် တှောသေးသည်။ ဂျက်ကတော့ ယခင် ကတည်း က အပြင်း အထန် ခံစား ခဲ့ရသည့် စိတ်ဝေဒနာ နှင့် နဘန်း လုံး နေ ရ ၏။ သို့သှော သူ့စိတ်ကို သူ ကြိုးစား ၍ ဖြေရှာသည်။ ဂျေဂျေ နှင့် လှောရေး၏ ရှေ့တွင် စိတ်ဓါတ် ကြံ့ခိုင် စွာ ဖြင့် သူ မားမား ရပ်ပေး မှ ဖြစ်မည်။ ဒေါသ နှင့် ပရိ ဒေဝ မီးများကို တွန်းအား အဖြစ် ပြောင်းလဲ နိုင်ရန် သူ အစွမ်းကုန် ကြိုးစား သည်။

ဂျေဂျေ့ကို စလိုရန်-ကီတာရင်း အမှတ်တရ ကင်ဆာ စင်တာ၏ နျူရို ဘလတ် စတိုးမား သုတေသန ကုသ ရေး အစီ အစဉ် သို့ လွှဲပြောင်း ကုသ မှု ခံယူ စေသော အခါ လင်မယား နှစ်ယောက်မှာ မျှောလင့်ချက် အသစ် များ ရှင်သန် ဖူးပွင့် လာခဲ့သည်။ လပေါင်းများစွာ အတွင်း ကလေး သည် မရေ မတွက် နိုင်သော ကင်ဆာဆေး ကုထုံး များကို ခံယူခဲ့ရသည်။ ဘေးထွက် ဆိုးကျိုး များကြောင့် ကင်ဆာ ကုထုံး ခံယူ တိုင်းလည်း ဆေးရုံ နှင့် အိမ်ဦး ကြမ်းပြင် ဖြစ်ခဲ့ ရသည်။ ပုံမှန် ကင်ဆာဆေး ကုထုံး ကို ပညာရှင် များ စိတ်ကျေနပ် လောက်သည့် အထိ ခံယူ ပြီးသော အခါ တွင်တော့ ဂျေဂျေ့ အတွက် အထူး စပါယ်ရှယ် စီမံ ထားသော ကုထုံး သစ်ကို စတင် တော့သည်။

3F8 ဟု ယာယီ အမည် ပေး ထားသော၊ ကြွက်မှ တဆင့် မွေးယူသည့် နျူရို ဘလတ် စတိုးမား ကင်ဆာ ဆဲလ်ကို အထူး တိုက်ဖျက် နိုင်သော ပဋိ ပစဿစည်း၊ ခနဿဓာကိုယ်၏ ကိုယ်ခံ စွမ်းအား စနစ် အတွင်း ကင်ဆာ တိုက်ဖျက်ရေး ဆဲလ်များကို ကူညီ နိုင်မည့် ပဋိ ပစဿစည်း။ သီအိုရီ အရ တော့ ဟာကွက် မရှိ၊ ပြီးပြည့်စုံ သည့် ကုထုံး။

ထိုပဋိ ပစဿစည်းကို အကြောထဲ ထိုးသွင်းရမည်။ နှစ်ပါတ် ဆက်တိုက်သွင်း ပြီးလျှင် နှစ်ပါတ်နား။ ဤသို့ဖြင့် လ ပေါင်း များစွာ၊ နှစ်ချီ ကြာချင် လည်း ကြာ မည်။ သို့သှော ကုထုံးသစ် စပြီး သိပ် မကြာမီ မှာပင် ရပ် နား ခဲ့ ရ သည်။ ပုံမှန် ခီမို ကင်ဆာ ဆေး ကုထုံး ကို ခံယူ ထားသော ဂျေဂျေ၏ ကိုယ်ခံ စွမ်းအား စနစ် က အသစ် သွင်း လိုက် သော ကြွက်၏ ပဋိ ပစဿစည်းကို လက်မခံ၊ ဆိုးဆိုး ရွားရွား တုံ့ပြန် ခဲ့သည်လေ။

ထို့ကြောင့် ကုထုံးသစ်ကို နှစ်လ ခန့် ရပ်နားပြီး စောင့်ကြည့်ပြီ။ ကိုယ်ခံအား စနစ်၏ တုံ့ပြန်မှု လျှော့နည်း သွားလျှင် ပြန်စမည်။ ထိုမှ တပါး အခြား လည်း မရှိ။ ဂျေဂျေလေး၏ ရောဂါ အခြေ အနေ မှာ ပင်မဆဲလ် ကုထုံး၊ ခွဲစိတ် ကုထုံး၊ ဓါတ်ရောင်ခြည် ကုထုံး တို့ဖြင့် ကုသ၍ မရ နိုင်တော့။ ဂိတ်ဆုံး နေပြီ။

================

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.