သားကောင် (၂)

Medical Clipart သားလေးက အိပ်ပျှော နေရင်း ထငို တာတို့ ဘာတို့ မရှိ ဘူးနှော။ သိပ်ချစ် စရာ ကောင်းတဲ့ ကလေး” ရုတ်တရက် အမှောင် ထဲက စကားသံ တစ်ခု ထွက် လာ ၍ ဂျက်၏ အတွေးအာရုံ တို့ ပြတ်တောက် သွားခဲ့ သည်။ လှောရေး သူ့ဘေးမှာ လာရပ် နေသည် ကိုပင် မသိ နိုင် လောက်အောင် သူ မိန်းမော နေခဲ့သည်လေ။

“မောင် အနှောက် အယှက် ဖြစ်သွားလား ဟင်၊ ကျွန်မ တောင်းပန် ပါတယ်” လှောရေးက ဂျက်ကို ကြည့်ရင်း ခပ်တိုးတိုး ပြောသည်။

“ဘာဖြစ်လို့ ထလာ တာလဲ လှောရေး ရယ်။ ပြန်အိပ် လိုက် ပါဦးလား” ဂျက်သည် လှောရေး ကို ကြင်နာ စွာ ပြော လိုက်သည်။ သားလေး ဂျေဂျေ ကို နေ့မအား ညမနား ပြုစုရင်း လှောရေး အဘယ်မျှ ပင်ပန်း နေသည် ကို သူ အသိဆုံး ဖြစ်၏။

“မောင် မနိုးခင် ကတည်းက ကျွန်မ နိုး နေတာ။ မောင် အိပ်မက်ဆိုး မက်ပြန်ပြီ ထင်တယ်။ အသက် ရှုသံ က ပြင်းနေလို့ လေ”

“ဟုတ်တယ်။ ခါတိုင်း လိုပဲ ကားဘရိတ် ပေါက်တဲ့ ခြောက်အိပ်မက် ပဲပေါ့။ ခုတစ်ခေါက် တော့ လမ်းဖြတ် ကူး နေတဲ့ မူကြို ကလေးလေး တွေ အုပ်စု ကို တိုက်မိ မလို ဖြစ်တယ်။ တဖြည်းဖြည်း ပို ကြောက် စရာ ကောင်း လာ သလို ပဲ”

“မောင်ခံစား နေရ တာကို ကျွန်မ နားလည် ပါတယ် မောင်ရယ်”

“ဟုတ်မှာ ပေါ့လေ” ဂျက်သည် သူ့ အသံက လှောင်သံ နည်းနည်း ပါသွား သည် ထင်မိ၏။ စိတ် သရုပ်ခွဲ ပညာ ရှင် များလို သူများ၏ ခံစားချက်ကို နားလည် ပါတယ် ဟု လွယ်လွယ် ပြောတာ မျိုးကို သူ မကြိုက်။ သို့သှော လှောရေး က ထိုသို့ မဟုတ်။

လှောရေး သည် သူ၏ လက်မောင်း ကို ဖျစ်ညှစ် လိုက်ပြီး-

“မောင် ကိုယ့် ကိုယ် ကို အပြစ် တင် နေ တာ တွေကို ရပ် စေချင်ပြီ။ ဂျေဂျေ ခုလို ဖြစ်ရတာ မောင့် အပြစ် မဟုတ် ပါဘူး၊ မောင် နဲ့ ဘာမှ မဆိုင်ပါဘူး”

ဂျက်သည် အသက် ပြင်းပြင်း တစ်ချက် ရှုသွင်း လိုက်သည်။ မျက်ရည် များလည်း လည် လာ၏။ သူက ခေါင်း ကို ဖြည်းဖြည်းချင်း ခါယမ်းရင်း-

“အပြောတော့ လွယ်တာပေါ့ လှောရေးရယ်” ဟု ရေရွတ် ငြီးတွား လိုက်သည်။

“ဒါ အမှန် ပဲလေ မောင်ရယ်” လှောရေး က ပြောရင်း ချစ်လင်၏ လက်မောင်းကို ဆွဲယူ ဖျစ်ညှစ် လိုက်၏။

“ဂျေဂျေ့ ရောဂါ ရဲ့ အကြောင်းရင်း ကို ရှာဖွေဖို့ ကျွန်မ တို့ ပြောခဲ့တုန်းက ဟိုကင်ဆာ စင်တာ က ဆရာ ဝန် တွေ ပြောတာ မှတ်မိ တယ် မဟုတ်လား။ ရောဂါ ဖြစ်ရတဲ့ အကြောင်း တရားခံ ဟာ ဖြစ်ချင်း ဖြစ်ရင် မောင် မဟုတ်ဖူး၊ ကျွန်မ ဆိုတာလေ။ မှုခင်း ဓါတ်ခွဲခန်း မှာ ကျွန်မ ထိတွေ့ခဲ့တဲ့ ဓါတု ဗေဒ ပစဿစည်း တွေက ဂျေဂျေ ရောဂါ ရဲ့ တရားခံ ဖြစ်နိုင်တယ်တဲ့။ ကိုယ်ဝန် ရတုန်းက ဓါတု ပစဿစည်း တွေနဲ့ ဝေးနိုင် သမျှ ဝေး အောင် နေ ပေမဲ့ တကယ်တော့ မကင်း နိုင်ခဲ့ ဘူး မဟုတ်လား”

“ဓါတု ပစဿစည်း ပျှောရည် ကြောင့် နျူရို ဘလတ် စတိုးမား ဖြစ်ရတယ် ဆိုတာ မှန်းဆ ချက် ပါပဲ။ သက်သေ မပြ နိုင်သေး ပါဘူး”

“ဟုတ်ပါတယ်။ သက်သေ မပြ နိုင် သေး ပါဘူး။ ဒါပေမဲ့ ဒီဟာက ခုလို မောင် ဥပါဒ်ဒန် ကြောင့် ဥပါဒ်ရောက် နေရ တာထက် တော့ ပိုပြီး သိပဿပံနည်းကျ ကြောင်းကျိုး ဆက်စပ်မှု ရှိတယ် မဟုတ်လား မောင်ရယ်”

ဂျက် ခေါင်းညိတ် ပြလိုက်သည်။ သူ၏ ကျိန်စာနှင့် ပါတ်သက်၍ ဒီထက် ပိုပြီး စကား မဆက် လိုပေ။ သူ့တွင် စွဲကပ် နေသော ဥပါဒ်ဒန် သည် အခြောက်တိုက် စွဲမိ စွဲရာ ယုံကြည် စွဲလန်း နေခြင်း လည်း မဟုတ်။ ဘာသာရေး ဆိုင်ရာ အကြောင်း ရင်းခံ လည်း မဟုတ်မှန်း သူ့ကိုယ်သူသာ အသိဆုံး။ ထို့ကြောင့် ထို အကြောင်းကို လှောရင်း နှင့် မဆွေးနွေးလို။ သူ့အတွေးထဲမှာပင် ထာဝရ မျိုသိပ် ထားလို၏။

လှောရင်းက တော့ သူစိတ်သက်သာ လို သက်သာငြား ဆက်ပြော နေ၏။

“ကလေး ရချင်လွန်းလို့ ကျွန်မ သောက်ခဲ့တဲ့ ဆေးတွေ ကြောင့်လည်း ဖြစ်နိုင် တာပဲ လို့ ဆရာဝန် တွေ ပြော လိုက်တာ ရော မှတ်မိ သေးလား”

“မှတ်မိ ပါတယ်” ဂျက်က စကားနည်း ရန်စဲ ပြောလိုက်၏။

“အင်းလေ၊ တကယ့် အကြောင်းရင်းခံ ကတော့ ဘယ်သူမှ မသိနိုင်ဘူး ပေါ့လေ၊ လာပါ၊ ပြန်အိပ် ကြစို့ မောင် ရယ် နှော”

ဂျက် ခေါင်းခါ လိုက်သည်။

“မောင် ပြန် အိပ် လို့ မရ တော့ဘူး လှောရေး၊ ခုပဲ ငါးနာရီ ထိုးတော့မယ်၊ မုတ်ဆိတ်ရိတ်၊ ရေချိုး၊ ခေါင်းလျှော ပြီးရင် အလုပ် စောစော သွား လိုက် မယ်လေ။ ခုချိန်မှာ စိတ်မအား လူ မအား ဖြစ်နေတာ မောင့် အတွက် အကောင်း ဆုံး ပဲ လို့ ထင်တယ်”

လှောရေး က လှိုက်လှိုက် လှဲလှဲ ပြုံးလိုက်၏။

“ကောင်းတယ် မောင်၊ ကျွန်မ လဲ ဒီလိုပဲ လုပ်မယ် စိတ်ကူးတယ်”

“မောင်တို့ ဒီအကြောင်း ဆွေးနွေး ခဲ့ပြီး ပြီနှော။ အလုပ် ပြန်လုပ် ပါလား အချစ်ရယ်။ သားလေး အတွက် စပါယ်ရှယ် နတ်စ် ဋဿဌားလို့ ရပါတယ်။ အဲဒါ လှောရေး အတွက် ပိုကောင်းလိမ့်မယ်”

ဒီတစ်ကြိမ် ခေါင်းခါ သူက လှောရေး။

“ကျွန်မ မလုပ် နိုင်ဘူး မောင်။ အဲသလို ဆိုရင် ကျွန်မ ကိုယ့်ကိုယ်ကို ခွင့်လွှတ် နိုင်မှာ မဟုတ်ဘူး”

ဝိုးတဝါး ညအိပ် မီးရောင် အောက်ဝယ် ငြိမ်းချမ်းစွာ အိပ်မော ကျ နေ သော ဂျေဂျေ့ကို ကြည့်လိုက်သည်။ သားလေး၏ မသိ မသာ ပြူးပြီး ဖောင်းထွက် နေပြီ ဖြစ်သော မျက်ဝန်းအိမ် များကို မမြင်ရ သဖြင့် ကျေးဇူး တင် မိ သည်။ လှောရေးသည် သက်ပြင်း တစ်ချက် ရှိုက်လိုက်သည်။ တကယ်တမ်း အလွန် အမင်း ကလေး လိုချင် ခဲ့သည်က သူပင်။ သူ့ကလေး သည် ခုလို အရွယ်နှင့် မမျှ အောင် ဝေဒနာ ပြင်းစွာ ခံစား ရလိမ့်မည် ဟု အိပ်မက် ထဲပင် ထည့် မမက် ခဲ့ဖူး။ သားလေးသည် ခုမှ လူ့သက်တမ်း လေးလ သာ ရှိရှာ သေးသည်။ ကလေး မရရအောင် ယူခဲ့မိ သည့် သူ့ကိုယ်သူ အပြစ်တင် မှုသည် တကယ်တော့ ဂျက်ထက် မသာလျှင် သာ ရှိမည်။ လျော့တော့ မလျော့။ သို့သှော လှောရေး က ဂျက်လို ကူကယ်ရာမဲ့ မဟုတ်။ ငယ်စဉ် ကတည်း က ဘာသာ တရား ကိုင်းရှိုင်းသော ကက်သလစ်ကောင်း တစ်ဦး အဖြစ် ကြီးပြင်း ခဲ့ရ သည့် အတွက် သူ့မှာ အားကိုး စရာ ဘုရား သခင် ရှိသည်။ ခုချိန်တွင် ဘုရား သခင် ကို နက်နက် ရှိုင်းရှိုင်း လှိုက်လှိုက် လှဲလှဲ ယုံ ကြည် လိုက်ချင်သည်။ သို့သှော ဂျေဂျေ အတွက် ဘုရားမှာ ဆုတောင်း မိသည့် အချိန်တိုင်း ဘုရား သခင် လို ဘုန်းတှော အနနဿတဿ၊ ကံေတာှ အနနဿတဿ၊ ဉာဏ္ေတာှ အနနဿတဿ ကို ပိုင္သ ေတာှ မူသော ဖန်ဆင်းရှင် သည် အဘယ့်ကြောင့် များ အပြစ်ကင်းမဲ့ ရှာသည့် ကလေး ငယ်လေးအား မာရ်နတ် လို ဆိုးယုတ် လှသည့် နျူရို ဘလတ် စတိုးမား လို ရောဂါဆိုးကြီး ကို ခံစား စေရန် ခွင့်ပြု တှော မူ ခဲ့ ရ သနည်း ဟု မဝံ့ မရဲ တွေး နေ မိ ရှာ သည်။

အသက်ရှုသံ ကို နားထောင် ခြင်း အား ဖြင့် လှောရေး၏ စိတ် အစဉ် ပြောင်းလဲ နေပုံ ကို ဂျက် ခန့်မှန်း မိ သည်။ ဒီတစ်ခေါက် သူ နှစ်သိမ့် ရမည့် အလှည့်။ ဂျက်သည် လှောရေး ၏ ပုခုံး ကလေး ကို ခပ်တင်းတင်း ဖက် လိုက် သည်။

လှောရေး က မျက်ရည်စ များကို သိမ်းရင်း-

“ကျွန်မ တို့ ကြိုးစား သမျှ အဟော သိကံ ဖြစ်ပြီလား ဆိုတဲ့ အတွေးက ဒီအချိန်မှာ ကျွန်မ ကို အနှိပ်စက် ဆုံး ပဲ မောင် ရယ်။ ခုလို ဘာဆေး မှ မပေးရ ပဲ ထိုင်စောင့် နေရတဲ့ အခြေ အနေ မျိုးကို ဘယ်လိုမှ ခံစား လို့ မရ ဘူး။ ကုထုံးသစ် စတဲ့ အချိန်တုံး ကတော့ အရမ်း ကို မျှောလင့် ခဲ့တာပေါ့။ ဂျေဂျေ့လို ကြီးထွားဆဲ ကလေး တစ်ယောက် အဖို့ ခီမို ဆေးသွင်း တာထက် တော့ သာလိမ့်မယ် လို့ ယူဆ ခဲ့တာ ပေါ့လေ။ မောင်သိတဲ့ အတိုင်း ခီမို ဆိုတာ မျိုးက ဆဲလ်အကောင်းရော၊ ကင်ဆာဆဲလ် ရော နားမလည်ဘူး အကုန်လုံး သတ်ပစ် တာကိုး။ ပဋိ ပစဿစည်း ကုထုံးကတော့ ကင်ဆာဆဲလ် ကိုပဲ ဦးတည် တိုက်ခိုက် တာဆိုတော့ မျှောလင့် မိတာ ပေါ့လေ”

ဂျက်သည် အားစေး ထည့် ထား သလို နှုတ်ဆွံ့ နေသည်။ လှောရေး ပြော သမျှ လိုက်လံ ခေါင်းညိတ် ထောက်ခံ နေ၏။ သူ့မှာ ဝင်ပြော စရာ စကား လည်း မရှိ။

“ခေတ်မီ လှ ပါ တယ်၊ တိုးတက် လှ ပါ တယ် ဆိုတဲ့ ကျွန်မ တို့ရဲ့ ဆေးပညာ ရဲ့ ကျရှုံးခန်း ကြီးကို ရင်နာနာ နဲ့ ထိုင်ကြည့် နေရ သလို ပါပဲ မောင်ရယ်” လှောရေး သည် စိတ်ခံစားမှု ကို ဖြည်းဖြည်းချင်း ထိန်းချုပ် လာနိုင် ခဲ့သည်။

“ကျွန်မတို့ သိပ် အထင်ကြီးခဲ့ ကြတဲ့ တွေ့ရှိချက် အခြေပြု ဆေးပညာကြီး လည်း ကျဆုံးရော၊ ဖိုးသူတှော လဲတော့ တောင်ဝှေး မကယ်နိုင် ဆိုတဲ့ ဘဝ မျိုးတွေ ဖြစ်ကုန် ကြတော့ တာပဲ မဟုတ်လား။ ဝေဒနာရှင် လူနာ တွေ၊ သောက မီး တောက်လောင် ရတဲ့ မိသားစုတွေ အားလုံးပေါ့”

ဂျက်သည် ခေါင်းညိတ် လိုက်ပြန်၏။ ဒီတစ်ခါ တော့ စိတ်ပါ လက်ပါ ညိတ်ခြင်း ဖြစ်သည်။ လှောရေး ပြော နေ သည် က သူတို့ ဆေးပညာ လောက၏ မငြင်းနိုင်သော အမှန် တရား များ ဖြစ် နေ သည် ကိုး။

“ဂျေဂျေ့အတွက် တစ်ခြား အနောက်တိုင်း ဆေးပညာ မဟုတ်တဲ့ ကုထုံး တွေများ စဉ်းစားမိ သေးလား မောင်။ ဒီ ပဋိပစဿစည်း ကုထုံး ပှေါပဲ ယုံပြီး ပုံအပ် လိုက်ကြ ရ တော့ မှာလား ဟင်”

ဂျက်သည် လှောရေး ကို အံ့ဩ တကြီး ကြည့် လိုက်၏။ အနောက်တိုင်း ဆေးပညာ မဟုတ်တဲ့ အခြား ကုထုံး တဲ့လား။

“လှောရေး တကယ် ပြောနေ တာလား”

လှောရေး က ခေါင်းညိတ် လိုက်သည်။

“တကယ်တော့လည်း ဖတ်ဖူး ကြားဖူး တာသာ ရှိတာပါ။ အဲဒါတွေ အကြောင်း လည်း သိပ်တော့ မသိ ပါဘူး။ ဗူးဒူး မှောပညာ လို အတတ်ဆန်း တွေပေါ့လေ”

“မောင်လည်း ဒီလိုပဲ တွေးမိ ပါတယ်။ ဒီကုထုံး တွေ အားလုံး ဟာ စိတ်ကို လှည့်စားပြီး တဒဂဿင သက်သာရာ ရစေ တာပါပဲ။ များသော အားဖြင့် တော့ ယုံလွယ်သူတွေ၊ ဆောက်တည် ရာမရ အောင် ကူကယ်ရာမဲ့ ဖြစ် နေ သူ တွေကို ယုံလောက် အောင်ပြောပြီး လိမ်တာက များပါတယ် လှောရေး ရယ်”

“ကျွန်မတို့လည်း ကူကယ်ရာမဲ့ အခြေ အနေ ပဲလေ မောင်ရဲ့”

မှောင်ထဲမှာ လှောရေး၏ မျက်နှာ ပှေါမှ အမူ အရာကို ဖတ်ကြည့်ရန် ဂျက်ကြိုးစား သှောလည်း မအောင်မြင်။ သူတို့ အခြေ အနေ မှာ ကူကယ် ရာမဲ့ တဲ့လား။ တကယ် ပြော နေ တာ လား။ မှောဆရာ တွေကို အားကိုး ကြည့် ရလောက်အောင်ပင် သူတို့က ကူကယ်ရာမဲ့ ဖြစ် နေ ပြီလား။

“ဒီလိုပဲ စိတ်ကူးမိ တာတွေ ကို ပြောတာ ပါမောင်ရယ်။ သားလေး ကို တစ်ခုခု လုပ်ပေး ချင်တယ်။ ဒီ နျူရို ဘလတ် စတိုးမား ကင်ဆာဆဲလ် တွေ သားလေး ခနဿဓာကိုယ်ထဲမှာ ထင်ရာစိုင်း နေကြတာကို ကျွန်မ ဒီထက် ပို ကြည့် မနေ နိုင် တော့ ဘူး”

+++++++++++++++++++++++

Advertisement

One Comment (+add yours?)

  1. mrbooker2002
    Sep 06, 2010 @ 14:47:18

    ဒီဘာသာပြန်လေးကိုလဲ ဆက်ပါအုံးဗျို့ ……….

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.