ရာမ (၁၄)
06 Aug 2010 Leave a Comment
အခန်း (၁၆)
သူရဲကောင်း ဗိမာန်
သဘာပတိ ဒေါက်တာဘို့စ်သည် ပြုံးလိုက်၏။
"ဒေါက်တာ ပါရဲရားခင်ဗျား။ ဒေါက်တာ့စကားကြားရတာ ကျွန်တှောတို့အဖို့ ညောင်ဦးက ကမ်းပါးပြို၊ စမနဂိုရ် က နွားမက ပေါင်ကျိုးဆိုတာလိုမျိုး မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်သလို ဖြစ်နေပါတယ်။ ဆရာ့ရဲ့ မိုးလေဝသ ခန့်မှန်းချက်ကို အကြောင်းအကျိုးလေးနဲ့ သနားသဖြင့်ရှင်းပြပေးပါဦးခင်ဗျာ"
အာကာသ ဇီဝပညာရှင်သည် မျက်နှာတော့အတှောပြောင်သူဖြစ်၏။
"ကောင်းပါပြီ၊ ရှင်းပြရသေးတာပေါ့" တဲ့။ ပြောင်ပြောင်ပြဲပြဲ မရှက်မကြောက်ပဲပြော၏။
"ခုဆိုရင် နေရဲ့အပူရှိန်ဟာ ရာမအတွင်းကိုယ်ထည်ထဲကို ဖောက်ဝင်နေပြီ။ ဒါကြောင့်ရာမဟာ အပူရှိန်တက်စ ပြုပြီ။ ရေခဲမှတ်ကိုကျှောလာပြီမို့ မကြာခင်ရေခဲအရည်ပျှောတော့မယ်။ ဆိုတော့ အကုန်ခဲနေတဲ့ ဆလင်ဒါ ပင်လယ်တစ်ခုလုံး အရည်ပျှောတော့မှာပေါ့။ ဆလင်ဒါပင်လယ် အရည်ပျှောရင် ကမဿဘာပှေါကပင်လယ်တွေလို အပှေါကစပြီး ပျှောမှာမဟုတ်ဖူး၊ အောက်ကစပျှောမှာဗျ။ အပူရှိန်ကို စတင်ထိတွေ့တဲ့နေရာကစလို့ အရည်ပျှော ရစမြဲပဲ မဟုတ်လား။ အဲဒီအချိန်မှာ ရာမရဲ့ လေထုဟာ ဘာတွေပြောင်းလဲလာမလဲ"
"ပူလာတာနဲ့အမျှ ရာမရဲ့ လေထုဟာပွလာမယ်။ ပွလာရင် အပှေါတက်စမြဲပဲ မဟုတ်လား။ လေဟာ ရာမရဲ့ ဗဟို ဝင်ရိုးကို ဦးတည်ပြီးအပှေါတက်သွားမယ်။ ကျွန်တှောတို့ဖြစ်လာမဲ့ ပြသဿသနာဟာအဲဒါပဲဗျ။ လွင်ပြင်မှာတုန်းက လေဟာ ငြိမ်နေတယ်လို့ထင်ရပေမဲ့ တကယ်တော့ ရာမလည်နှုန်းအတိုင်း တစ်နာရီ ကီလိုရှစ်ရာနှုန်းနဲ့ လည်နေတာလေ။ ဝင်ရိုးကို တက်သွားတဲ့လေဟာ အဲဒီနှုန်းအတိုင်းဆက်လည်ဖို့ ကြိုးစားလိမ့်မယ်။ ရလာဒ်က တော့ လေပြင်းမုန်တိုင်းကျခြင်းပဲပေါ့။ တစ်နာရီကို ကီလိုမီတာ ၂ဝဝ ကနေ ၃ဝဝ လောက်အထိပြင်းထန်တဲ့ မုန်တိုင်းပဲ"
"ခုကျွန်တှောပြောတဲ့ကိစဿစတွေဟာ အထူးအဆန်းမဟုတ်ဘူးဗျ၊ အခြေခံပထဝီ သင်ခန်းစာတွေပဲ။ ကမဿဘာရဲ့ အီကွေတာပှေါမှာ ရှိတဲ့လေဟာလည်း ကမဿဘာလည်တဲ့အတိုင်း တစ်နာရီ ကီလိုမီတာ ၁၆ဝဝ နှုန်းနဲ့လည်တာပဲ။ အဲသည်လေ ပူပြီးပွလာခဲ့လို့ရှိရင် အထက်ကိုဆန်ပြီး တောင်နဲ့မြောက်ဝင်ရိုးစွန်းတွေကို စီးဆင်းသွားခဲ့ရင် ဒါမျိုး ဖြစ်တာပဲလေ"
"အင်း-ကျုပ်မှတ်မိပြီ။ အဲဒါကို ကုန်သည်လေ လို့ခှေါတယ်မဟုတ်လား"
"အစစ်ပဲ ဆာရောဘတ်ရေ။ ရာမမှာ အခု ကုန်သည်လေတိုက်ဖို့အားယူနေပြီဗျား။ အလွန်အင်မတန်ပြင်းထန်မဲ့ စူပါ ကုန်သည်လေနှော။ ဒါပေမဲ့ ကြာကြာတော့တိုက်မယ်မထင်ဘူး။ မျှခြေရောက်သွားရင် ပြန်ငြိမ်သွားလိမ့်မယ်။ ဒါပေမဲ့လေတိုက်နေချိန်မှာ ရာမထဲမှာရှိနေရင် အနဿတရာယ်ရှိမယ်။ ဒါကြောင့် အမြန်ဆုံးထွက်ကြစေချင်တယ်။ ယာဉ်မှူးနှောတန်ဆီကို ကျွန်တှောပါးချင်တဲ့အမှာစကားကတော့ ဒါပါပဲခင်ဗျာ"
++++++++++++++++
ယာဉ်မှူးနှောတန်သည် အာရှ ဒါမှမဟုတ် တောင်အမေရိက၏ တောစခန်းတစ်နေရာတွင် ညအိပ်စခန်းချနေသည် ဟု စိတ်ကူးနေမိသည်။ အနီးတွင် အိပ်ယာလိပ်များ၊ ခေါက်စားပွဲ ကုလားထိုင်များ၊ မီးစက်၊ မီးချောင်းများ၊ လျှပ်စစ် အိမ်သာများနှင့် သိပဿပံပစဿစည်းများရှိနေ၏။ အောက်စီဂျင်ဘူးမပါပဲ လှုပ်ရှားနေကြသော ယာဉ်အမှုထမ်းများ ကြောင့်လည်း ကမဿဘာပှေါရောက်နေသည်ဟု စိတ်ကူးယဉ်ချင်စရာဖြစ်နေသည်။
သူတို့သည် အယ်လ်ဖာထောက်ပို့စခန်းကို ခက်ခဲပင်ပန်းစွာတည်ဆောက်ခဲ့ကြရသည်။ အားမာန်ထဲမှ ပစဿစည်းများ ကို ကျောပိုး၍ ရာမ ဗဟိုချက်စခန်းထိသယ်။ ပြီးတော့ ဗဟိုချက်မှနေ၍ လေထီးချိတ်ပြီး လှေကားလက်ရန်း ပှေါတင်၍ အောက်သို့တွန်းချ။ အဆင်မသ
င့်ပဲ တစ်ကီလိုမီတာလောက် လိမ့်ဆင်းသွားသော ပစဿစည်းများကို ပြေးကောက်။ ပင်ပန်းလိုက်သည့်ဖြစ်ခြင်း။
ထိုပစဿစည်းများကား မပြန်လမ်းသို့ မြန်းရပေလိမ့်မည်။ သူတို့ပြန်သောအခါ အားလုံးချန်ထားခဲ့ရပေလိမ့်မည်။ ရှက်စရာတော့ အကောင်းသား။ ဘဇာကြောင့်ရှက်ရပါသနည်း အချင်းနှောတန်ဟု မေးလာလျှင်တော့ သူ့မှာ တိကျသည့်အဖြေမရှိ။ သူ့အနေဖြင့် လူသားတို့၏ အမှိုက်သရိုက်နှင့် အညစ်အကြေးများကို ဤရာမကမဿဘာတွင် ထားပစ်ခဲ့ရမည်ကို ရှက်မိသည်ကား တကယ်တော့ ယုတဿတိမဲ့လှသည်။ ရာမသားတို့နိုးလာလျှင် တွေ့သွားမည်ကို စိုးသည်လား။ နောင်နှစ်သန်းပေါင်းများစွာအကြာတွင် သူတို့ကဲ့သို့ အခြားဧည့်သည်များ ရာမပှေါရောက်လာလျှင် လူတို့၏ စည်းကမ်းမဲ့မှုကို ကဲ့ရဲ့မည်စိုးခြင်းလား။ မဝေခွဲနိုင်။ ဘာပဲဖြစ်ဖြစ် ရာမမှအပြန် အချိန်လုပြီး သန့်ရှင်းရေး လုပ်ခဲ့ရန် စိတ်ကူးမိသည်။
ခုလောလောဆယ်ဖြေရှင်းရမည့် ပြသဿသနာက အယ်လ်ဖာထောက်ပို့စခန်းကိစဿစမဟုတ်။ ကမဿဘာနှင့် အဂဿငါဂြိုလ်ရှိ ဇနီး မယား နှစ်ဦးထံမှ လွန်ခဲ့သည့် နှစ်ဆယ့်လေးနာရီ အတွင်း တပြိုင်နက်လိုလိုရောက်လာသော သဝဏ်လွှာများ ဖြစ်၏။ နှောတန်ကား ကာလဝိဘက် နောက်ပိုးတက်ချေပြီ။ ချစ်ဇနီးနှစ်ယောက်ထံ တစ်မျိုးတည်းပို့လိုက်သည့် သူ၏ တူးအင်ဝမ်း အမှာစကားကို လက်တုံ့ပြန်ကြခြင်းပေလား။ သူတို့နှစ်ဦး၏ စကားက တစ်လေသံတည်း။ နာမည်ကြီးနေသဖြင့် ဘဝင်လေမဟပ်ဖို့၊ မိသားစုကို စောင့်ရှောက်ဖို့နှင့် အမှာစကားပါးဖို့၊ ဘာဖို့၊ ညာဖို့။
နှောတန်သည် ခေါက်ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ အလင်းကွက် အပြင်ရှိ အမှောင်ထုထဲလျှောက်သွားလိုက် သည်။ စခန်းကိုကျောပေး၍ ထိုင်လိုက်သည်။ ဤသည်သာလျှင် သူ၏ တစ်ခုတည်းသော ပုဂဿဂလိက လွတ်လပ်မှု ကိုပေးစွမ်းနိုင်သည့် နေရာဖြစ်တော့သည်။ ရှုပ်ပွနေသော ထောက်ပို့စခန်းကို မမြင်ရသဖြင့်စိတ်လည်းချမ်းသာ၏။ သဝဏ်လွှာအတွက် သူစကားစပြော၏။
"မြေကမဿဘာနှင့် အဂဿငါဂြိုလ်သို့ ပို့ပေးရန် ကိုယ်ရေးကိုယ်တာ သဝဏ်လွှာ"
"မဂဿငလာပါ အချစ်ရေ၊ နေကောင်းတယ်နှော၊ ကိုယ်လည်းပြီးခဲ့တဲ့ တစ်ပါတ်လုံးလုံး ယာဉ်ပှေါကို လုံးဝပြန်မ ရောက်ဖူး၊ လုပ်စရာအလုပ်တွေက များလွန်းလို့၊ ယာဉ်ပှေါမှာလည်း အစောင့်နည်းနည်းပါးပါးပဲ ကျန်ရစ်ခဲ့တယ်။ အကုန်လုံး ရာမပှေါရောက်နေကြတယ်လေ။ အခုဆိုရင် အဖွဲ့သုံးဖွဲ့ခွဲပြီး ရာမလွင်ပြင်ကို ကင်းထောက် နေကြတယ်။ ခြေထောက်ပဲအားကိုးပြီး လုပ်နေကြရလို့ လုပ်ငန်းမတွင်ကျယ်ဘူး။ နှေးတယ်။ လျှပ်စစ်စက်ဘီး လေးတွေရှိရင် သိပ်ကောင်းမှာပဲ"
"ဆေးမှူးလှောရာအန်းစ်ကို သိတယ်မဟုတ်လား" နှောတန်သည် ပြောရင်းတန်းလန်း ရပ်သွား၏။ နေဦး၊ နေဦး၊ လော်ရာသည် သူ့ဇနီးတစ်ဦးဦးနှင့် တွေ့ခဲ့ဖူးသည်။ နောက်ဇနီးတစ်ဦးက သူနှင့်လှောရာတို့၏ ဇာတ်လမ်းကို သိနေသည်။ ဘယ်ဇနီးကတွေ့ဖူးပြီး ဘယ်ဇနီးက သိမှန်းမမှတ်မိ၊ စဉ်းစား၍မရ။ တှောပြီ။ ဆင်ဆာဖြတ်။
နှောတန်သည် ထိုအကြောင်းကို ပြန်ဖျက်လိုက်ပြီး အသစ်ထပ်ပြော၏။
"ဆေးမှူးနဲ့ အဖွဲ့ဟာ ဒီစခန်းကတော့ ၁၅ ကီလိုမီတာဝေးတဲ့ ဆလင်ဒါပင်လယ်ကို ပထမဆုံးသွားလေ့လာခဲ့ကြ တယ်။ ကိုယ်တို့ထင်ထားတဲ့အတိုင်းပဲ ဆလင်ဒါပင်လယ်ဟာ ကမဿဘာကပင်လယ်တွေလို ရေရှိတယ်။ ခဲတော့ နေတာပေါ့လေ။ ဒါပေမဲ့ ဒီရေကို သောက်လို့မဖြစ်ဖူး။ ဆေးမှူးကြီးကတော့ အှောဂဲနစ် တုန့်ယမ်းဟင်းချိုလို့ ရေကို နာမည်ပေးချင်နေတယ်။ ဟုတ်လည်းဟုတ်တယ်။ ရေထဲမှာ ဖော့စဖိတ်ဆား၊ နိုက်ထရိတ်ဆားနဲ့ အခြားဓါတ်ဆား တစ်ဒါဇင်လောက်ပါနေတယ်။ ကာဗွန်ဒြပ်ပေါင်းတွေကတော့ အများကြီးပဲ၊ သက်ရှိဆိုလို့ ဆဲလ်တစ်လုံးတောင် မတွေ့ရဘူး။ ဒါကြောင့်မို့ ရာမသားတွေရဲ့ ဇီဝဓါတုရုပ် ဖြစ်ပျက်ပြောင်းလဲမှုနဲ့ပါတ်သက်လို့ ခုထိ ဘာမှမသိရသေး ဘူး။ ကိုယ်
အထင်လူနဲ့သိပ်ကွာမယ်မထင်ဘူး"
တစ်စုံတစ်ရာက သူ့ဆံပင်များကို ညင်သာစွာ ပွတ်တိုက်ဆွဲငင်လိုက်သလို ခံစားရသည်။ အလုပ်တွေရှုပ်လွန်းလို့ ဆံပင်တောင်အတှောရှည်နေပြီ။ အောက်စီဂျင်ပေးတဲ့ အလုံပိတ်ခေါင်းစွပ် ပြန်မစွပ်ခင်တော့ဆံပင်ညှပ်ဦးမှဟု နှောတန်တွေးလိုက်သည်။
"ပင်လယ်ရဲ့ မြောက်ဖက်ကမ်း၊ ကိုယ်တို့နေတဲ့အခြမ်းက မြို့တွေဖြစ်တဲ့ ပါရီ၊ လန်ဒန်၊ ရောမနဲ့ မှောစကိုရဲ့ ပုံရိပ်တွေကို ရုပ်သံစက်ပှေါမှာတွေ့ပြီးပြီမဟုတ်လား။ မြို့လို့နာမည်ပေးလိုက်တာ မှားသွားတယ်။ ဒီမြို့ထဲက အဆောက်အဦးတွေမှာ သက်ရှိသတဿတဝါတစ်မျိုးမျိုးနေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အဖြစ်နိုင်ဆုံးကတော့ စက်ရုံ အစုအဝေးတွေပဲ။ ပါရီက ကုန်လှောင်ရုံစု၊ လန်ဒန်က ရေပေးရေးစက်ရုံစု၊ အဆောက်အဦးအားလုံးဟာ အောက်ခံသတဿတုမြေပြင်နဲ့ တသားတည်းဖြစ်နေလို့ လေဆာနဲ့ ဒါမှမဟုတ် ဖောက်ခွဲရေး ကိရိယာတွေနဲ့မှ အတွင်း ကိုဝင်လို့ရမယ်။ နောက်ဆုံးရွေးချယ်စရာမရှိမှသာ ဒီကိစဿစကို လုပ်မယ်လို့စိတ်ကူးတယ်။ ရောမနဲ့ မှောစကို ဆိုရင်———————————-"
"ဆရာ၊ ဆရာ၊ အရေးပှေါ သတင်းစကားရောက်လာပါတယ်"
ဘာလဲကွာ။ မိသားစုအတွက် အချိန်လေးတစ်မိနစ်၊ နှစ်မိနစ်တောင် မပေးရတော့ဘူးလား။ နှောတန်သည် အနည်းငယ်စိတ်ပျက်မိ၏။ တပ်ကြပ်ကြီးထံမှ သတင်းသဝဏ်လွှာကို ယူပြီး အမြန်ဖတ်လိုက်သည်။ နောက်တစ် ခေါက်။ ဖြည်းဖြည်းချင်းဖတ်သည်။ နောက်တစ်ခေါက်၊ တစ်လုံးချင်းဖတ်သည်။
ရာမေကာှမတီမွ သဝဏ္လြွာဆိုပဲ။ ရာမေကာှမတီဆိုတာ ဘာကောင်တွေလဲ။ သူတစ်ခါမှ မကြားဖူး။ ဂြိုလ်များ ပှေါရှိ အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်များက အကြောင်းအမျိုးမျိုးပြ၍ သူနှင့်ဆက်သွယ်ဖို့ ကြိုးစားနေကြောင်းတော့ သူသိသည်။ တစ်ချို့ကလည်း လေးလေးနက်နက်၊ တစ်ချို့ကတော့ အပြောင်အပျက်။ ထိုသို့ဆက်သွယ်ရန်ကြိုးစားမှုများအားလုံးကို အာကာသအကြံပေးကောင်စီ ရာမလှုပ်ရှားမှု ထိန်းချုပ်ရေးဋဿဌာန မှ စီစစ်ထိန်းချုပ်ထား၏။ ထိန်းချုပ်ရေးဋဿဌာနကို ဖြတ်ကျှော၍ ဤသဝဏ်လွှာရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် အမှန်တကယ်အရေးကြီးသည့် သတင်းစကားမှန်းတော့ သူသိသည်။ သို့သှော အကြောင်းအရာက-
"ရုတ်ချည်းတိုက်ခတ်လာနိုင်သော တစ်နာရီ ကီလိုမီတာ ၂ဝဝ နှုန်းလေမုန်တိုင်း" တဲ့။ ဒီလို တိတ်ဆိတ်ငြိမ်သက် နေသော ရာမ၏ မဟူရာညအမှောင်ထဲတွင် လေမုန်တိုင်းချက်ချင်းတိုက်ခတ်မယ်တဲ့။ အလုပ်အတှောလေး တွင်ကျယ်လာသောအခါကျမှ ဒီစကားလေးတစ်ခွန်းကြောင့် ရာမကိုချက်ချင်းစွန့်ခွာထွက်ပြေးရမယ်တဲ့လား။ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော။ ရင်ဘတ်နောက်ကကျော။
ဪ- ဒီဆံပင်စက မျက်စိထဲဝင်ပြန်ပြီ။ ဆံစကို ဖယ်ပစ်ရန်လက်မြှောက်လိုက်သည်။ မြှောက်သောလက်သည် လမ်းခုလတ်မှာပင် ရပ်သွား၏။
လေ။
တကယ်တော့ သူ့ဆံပင်တွေကို ဖရိုဖရဲဖြစ်အောင်လုပ်နေတာ လေဖြစ်၏။
ပြီးခဲ့သည့်တစ်နာရီ အတွင်းဤဖြစ်ရပ်မျိုးအကြိမ်ကြိမ်ဖြစ်ခဲ့သှောလည်း သူသတိမထားမိ။ သတိထားမိရအောင် လည်းသူက အာကာသယာဉ်မှူးဖြစ်၏။ မာလိန်မှူးမဟုတ်။ အကယ်၍သာ ဤနေရာမှာ သူ့သူရဲကောင်းကြီးသာ ဖြစ်နေခဲ့လျှင် ဘာများလုပ်မည်နည်း။
ဤကား မည်သူမှမသိသည့် နှောတန်၏ လျှို့ဝှက်ချက်ဖြစ်၏။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အရေးကြုံလာ တိုင်းသူ့ကိုယ်သူ ပြန်မေးလေ့ရှိသည့် မေးခွန်းတစ်ခု။
အားမာန် အာကာသယာဉ်၏ ဦးစီးယာဉ်မှူးဖြစ်လာပြီးသည့်နောက် နှောတန်သည် ရှေးရှေးတုန်းက အားမာန်ဟု အလားတူအမည်ပေးခဲ့သည် ယာဉ်များ၏ ရာဇဝင်ကို စိတ်ဝင်စားလာခဲ့သည်။ မှတ်တမ်းမှတ်ရာများကို လေ့လာ ဆည်းပူးခဲ့သည်။ သူတွေ့ရှိရသလောက် အားမာန်တကာ့ အားမာန်တို့၏ ဘိုးအေမှာ လွန်ခဲ့သည့်နှစ်ပေါင်း လေးရာတုန်းက ကပဿပတိန် ဂျိမ်းစ်ကွတ်ခ်ဦးစီးသည့် တ
်ချိန် ၃၇၀ ရှိသော အဂဿငလိပ်ရွက်သဘေဿငာဖြစ်နေ၏။ ကွတ်ခ်သည် ထိုအားမာန်ဖြင့် ခရစ်သကဿကရာဇ် ၁၇၆၈ မှ ၁၇၇၁ အတွင်းကမဿဘာပါတ်ခဲ့သည်။ ထိုအချိန်မှစ၍ နှောတန်သည် ကွတ်ခ်အပှေါစိတ်ဝင်စားလာခဲ့သည်။ သူနှင့်ပါတ်သက်သည့် စာအုပ်စာတမ်းများစွာကို ရှာဖွေ ဖတ်ရှုရင်း ကွတ်ခ်သုတေသီတစ်ပိုင်းဖြစ်ခဲ့ရသည်။ နှစ်တွေကြာလာတော့ နှောတန်သည် ကွတ်ခ်နှင့်ပါတ်သက်၍ ပါရဂူတစ်ဦးဖြစ်လာခဲ့သည်။ ကွတ်ခ်အကြောင်း အူမချေးခါးမကျန် သူသိသည်လေ။
ခေတ်မှီပစဿစည်းကိရိယာ မရှိ၊ ဗလာနထဿထိဖြင့် ကမဿဘာပါတ်ရဲသော ကပဿပတိန်ကွတ်ခ်သည် နှောတန့်အတွက် အံ့ဖွယ် သရဲ ထူးကဲသော သူရဲကောင်းကြီးတစ်ဦးဖြစ်သည်။ ထိုပုဂဿဂိုလ်သည် ပင်လယ်ပျှော ရေသူရဲကြီးတစ်ဦးဖြစ်၍ ပင်လယ်ကို ထုံးလို မွှေ၊ ရေလိုနှောက်ကျွမ်းကျင်သော ရေကြောင်းရှာပုဂဿဂိုလ်တစ်ဦးဖြစ်ယုံမျှမက၊ သိပဿပံပညာရှင် တစ်ဦးလည်းဖြစ်၊ လူသားဆန်လွန်းသည့် စာနာသနားတတ်သည့်နှလုံးသားပိုင်ရှင်တစ်ဦးလည်းဖြစ်နေသေး သည်။ သူဆိုက်ကပ်သည့် ကျွန်းများပှေါမှ သူတို့ကို ရန်ပြုတတ်သည့် လူရိုင်းများကိုပင်လျှင် စာနာစိတ်ဖြင့် ဆက်ဆံတတ်သူကြီးဖြစ်၏။
ကပဿပတိန်ကွတ်ခ်သွားခဲ့သောလမ်းကြောင်းအတိုင်း၊ သူအသုံးပြုခဲ့သလို ရွက်သဘေဿငာဖြင့်ကမဿဘာပါတ်ကြည့်ရန် မဖြစ်နိုင်မှန်းသိလျှက်နှင့် နှောတန် အိပ်မက်မက်ခဲ့သည်မှာကြာပြီ။ တစ်ခါတုန်းကတော့ ဝင်ရိုးစွန်းသွားခရီးစဉ် တစ်ခုတွင် ကွင်းစလန်ကျွန်းပှေါဖြတ်ပျံစဉ်က ကြည်လင်သာယာသော ရာသီဥတုကြောင့် သနဿတာကျောက်တန်းကြီး ကို ကီလိုမီတာ ၄ဝဝ အကွာကောင်းကင်မှ ကောင်းစွာမြင်တွေ့ခဲ့ရဖူးသည်။ မူလ အားမာန် ရွက်သဘေဿငာဖြင့် ကပဿပတိန်ကွတ်ခ် ပင်ပန်းကြီးစွာသွားခဲ့ရရှာသော ကီလိုမီတာ ၂ဝဝဝ ကျှောခရီးကို ဖြတ်ပျံရန် နှောတန်သည် ငါးမိနစ်မျှသာ အချိန်ယူခဲ့ရသည်။ ထိုသနဿတာကျောက်တန်းများပှေါတွင် သောင်တင်သဖြင့် သေမလိုဖြစ်ခဲ့ကြသော နေရာတွင် ကွတ်ခ်၏အမည်ဖြင့်တည်ထားသော ကွတ်ခ်တောင်း မြို့ရှိ၏။ ထိုမြို့ကို မှန်ပြောင်းဖြင့်သာကြည့်ခဲ့ ရသည်။
နောက်တစ်နှစ်အကြာ ဟာဝိုင်ယီကျွန်းရှိ အာကာသထောက်လှမ်းရေး ဋဿဌာနသို့အရောက်တွင်တော့ သူ့အတွက် တစ်သက်မမေ့နိုင်စရာနေရာတစ်ခုသို့ မထင်မှတ်ပဲရောက်ခဲ့ရသည်။ ဟာဝိုင်ယီ၏ နာမည်ကြီးလှသော ကေယာလာကေကူကာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြစဉ် ရေစပ်၌ ရေညှိများတက်လျှက်ရှိသော မထင်မရှားဗိမာန်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။ နှောတန်သည် ငုံ့ကြည့်လိုက်သောအခါ ဗိမာန်တွင် စာလုံးအချို့ထွင်းထုထား၏။
ဤနေရာတွင် ၁၇၇၉ ခုနှစ် ဖေဖှောဝါရီ ၁၄ ရက်နေ့တွင် ကပဿပတိန် ဂျိမ်းစ်ကွတ်ခ်ကျဆုံးခဲ့သည်။ မူလ သချိုင်းဂူ သည် ၁၉၂၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က ပျက်စီးခဲ့သဖြင့် ၂၀၇၉ ခုနှစ်ဖေဖှောဝါရီ ၁၄ တွင် ကွတ်ခ်အမှတ်တရ ကှောမရှင်မှ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်။
နှစ်တွေလည်းကြာညောင်းပြီး ကီလိုမီတာသန်းရာပေါင်းများစွာကွာဝေးနေသှောလည်း ကပဿပတိန်ကွတ်ခ်၏ ဝိညာဉ် သည် သူ့အနားမှာ လိုက်ပါစောင့်ရှောက်ပေးနေသည်ဟု နှောတန်ကအမြဲယူဆခဲ့သည်။ သူ့စိတ်၏ အတွင်းထောင့် တစ်နေရာတွင် ကပဿပတိန်ကွတ်ခ်ကို သူမေးနေ၏။ ဘာလုပ်ရမလဲ။ ကျေးဇူးပြုပြီး အကြံပေးပါ။ သူ၏ သူရဲကောင်းကြီးသည် အမြဲမှန်ကန်သည်ကိုသာ ဆုံးဖြတ်တတ်သည် မဟုတ်ပါလော။ နောက်ဆုံး သူကျဆုံးသည့် ကေယာလာကေကူကာ ကမ်းခြေထိ မှန်ကန်သောဆုံးဖြတ်ချက်ကို ချသွားခဲ့သည်။
တပ်ကြပ်ကြီးသည် မှောင်ထဲ၌ မလှုပ်မရှက်ကျောက်ရုပ်လို ရပ်နေသော နှောတန့်ကို စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သည်။ သူတို့နှင့် လေးကီလိုမီတာစီဝေးသော ရာမလွင်ပြင် နေရာနှစ်ခုတွင် ကင်းထောက်အဖွဲ့များ၏ မီးရောင် ကလေးများကို မြင်တွေ့နေကြရသည်။ နှောတန်သည် တပ်ကြပ်ကြီးဖက်သို့လှည့်ပြီး-
"ခုချက်ချင်း သဝဏ်လွှာပြန်ဖို့ ပြင်ဆင်ပါ။ ဒီလိုရေးမယ်"
"ရာမကှောမတီမှ သတိပေးအကြောင်းကြားစာရရှိပါသည်။ အကြံပေးချက်အတိုင်း ချက်ချင်းလုပ်ဆောင်ပါမည်။ ချက်ချင်းဆိုတာကို မျဉ်းသားပေးလိုက်၊ လေးစားစွာဖြင့် နှောတန်၊ ယာဉ်မှူး၊ အားမာန် အာကာသသုတေသန ယာဉ်"
တပ်ကြပ်ကြီးထွက်ခွာသွားပြီးနောက် ဇနီးများထံသို့ သဝဏ်လွှာကို ဆက်လက်အသံသွင်းရန်ကြိုးစားသှောလည်း အာရုံကမရတော့။
ကပဿပတိန်ကွတ်ခ်၏ သနားသဖွယ် ဇနီးသည် အဲလစ်ဇဘက်ကွတ်ခ်ဆိုလျှင် အိမ်ထောင်သက် (၁၆) နှစ်အတွင်း ယောကဿငျားနှင့်မျက်နှာချင်းဆိုင်ဆုံတွေ့ရချိန်က လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးလွန်းလှသည်။ ယခု အလင်း၏ အမြန်နှုန်းဖြင့် ဆယ်မိနစ်လောက်သာကြာသော ဆက်သွယ်ရေးစနစ်ရှိနေမင့်ဟာကို။ သူ့ဇနီးနှစ်ဦး သည် သဝဏ်လွှာအရောက်နောက်ကျသည့်အတွက် နားပူနားဆာ မလုပ်တန်ကောင်း။
နောက်မှပဲ ပို့တော့မည်။ အကယ်၍ သူသက်ရှိထင်ရှားရှိနေခဲ့သေးလျှင်ပေါ့။
++++++++++++++++++++++

Recent Comments