ရာမ (၁၅)
07 Aug 2010 Leave a Comment
အခန်း (၁၇)
လေရူးထသော နွေဦးကာလ
ရာမ၏ ညများကား ညတာရှည်၍ အိပ်မက်များလှ၏။ စစချင်း ဘယ်သူမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျှောကြ။ အဆိုး ဆုံးကား ရာမ၏ အသံမဲ့တိတ်ဆိတ်မှု။ အသံတစ်ခုခုကို ကြားနေမှ နေသာထိုင်သာရှိသော လူ့သဘောအရ ဘာ သံမှမကြားရသည့်အခါ စိတ်၏ခြောက်လှန့်မှုကို ခံစားကြရသည်။ အာရုံမှား၍ ထင်မြင်လာသော ထူးဆန်းသည့် အသံများအကြောင်း ပြောဆိုကြသူတွေမနည်းမနော။ ဆေးမှူးလှောရာအန်းစ်က သာယာသည့်ဂီတသံများကို ဖန်တီးစေခြင်းအားဖြင့် ထိုကိစဿစအဆင်ပြေသွားသည်။
ဒီညအဖို့တော့ နှောတန့်အတွက် ထိုဆေးကမတိုးတော့။ အိပ်ယာတွင်လဲလျှောင်းရင်း မှောင်ထဲမှ အသံကို နားစွင့် နေမိသည်။ သူဘာကိုနားထောင်နေသလဲ။ သူနားစွင့်နေမိသည်က လေ၏အသံ။ လေ၏အှောသံကိုသာဖြစ်၏။ ပါးပြင်ကို လာတိုးသော လေပြေညှင်းကလေးများကို ခံစားသိရှိနေရပြီဖြစ်သှောလည်း ဟူးဟူးရားရားအှောဟစ် တိုက်ခတ်သည့် လေဆိုး လေသရမ်းနှင့် ခုထိတော့မကြုံရသေး။
ညသန်းခေါင်အရောက်တွင် နှောတန်အိပ်ပျှောသွား၏။ ဆက်သွယ်ရေးဝန်ထမ်းများမှအပ အဖွဲ့သားများအားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေစဉ် ထိုအဖြစ်အပျက်သည် ဆိုင်းမဆင့် ဗုံမပါရောက်၍လာတော့၏။
==================
စခန်းတစ်ခုလုံးကို တစ်ကြိမ်တည်းဖြင့် လှုပ်နိုးလိုက်သည့် ထိုအသံကား သူတို့မျှောလင့်ထားသည့် မုန်တိုင်းသံ၊ လေ၏ အှောသံမျိုးမဟုတ်။ မိုးပြိုသလိုမျိုး၊ ရာမကမဿဘာတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေသည့် အသံကျယ်ကြီး ဖြစ်၏။ ပထမဆုံး ဝရဇိန်လက်နက်၊ မိုးကြိုးစက်ဆိုသည့်စကားအတိုင်း ထစ်ချုန်းသံကြီးတစ်ခုကို အရင်ကြားရ၏။ ထို့နောက်တွင်ကား မှန်ချပ်ပေါင်း တစ်သန်းလောက်ဆက်တိုက် ကွဲကြေသံများ။ မိနစ်ပိုင်းလောက်သာကြာသော ထိုအသံများသည် အသံတိတ်ရာမကမဿဘာတွင် တစ်သက်လောက်ကြာသည်ဟု ထင်မှတ်ရ၏။ ထိုအသံများ တဖြည်းဖြည်းတိုးသွားသောအခါ နှောတန်သည် ဗဟိုချက်စခန်းကို ဆက်သွယ်တော့သည်။
"ဗဟိုစခန်း၊ ဘာဖြစ်တာလဲ"
"ဆရာ ခဏလေးစောင့်ဦး၊ အသံတွေက ပင်လယ်ဖက်ကလာတာ၊ ကျွန်တှောတို့ မီးမောင်းထိုးပြမယ်"
ရှစ်ကီလိုမီတာအမြင့်ရှိ ဗဟိုချက်စခန်းမှ မီးမောင်းအလင်းကွက်ကြီးသည် ရာမလွင်ပြင်တစ်လျှောက်ပြေးသွား၏။ ဆလင်ဒါပင်လယ်ကို ပါတ်ပါတ်လည် လျှောက်ထိုးကြည့်၏။ အသံလာရာဒေသကား ပင်လယ်၏ အထက်ပိုင်း။ ခေါင်းပှေါရောက်နေသောအပိုင်း။ မိုးကောင်းကင်ဟုထင်ရသော အပှေါပိုင်းဆီမှဖြစ်သည်။
ကောင်းကင်ပင်လယ်သည် ပွက်ပွက်ဆူနေ၏။ ပင်လယ်၏ တစ်ကီလိုမီတာမျှကျယ်သော နေရာတစ်ခုတွင် အဖြူ စင်းကြီးတစ်ခုက ပင်လယ်ရှိရေခဲပြင်တစ်လျှောက်ရွေ့လျားနေ၏။ ကြည့်နေတုန်းမှာပင် မီတာ ၂၅ဝ မျှရှည်သော ရေခဲပြားကြီးတစ်ချပ်က ကောင်းကင်ပင်လယ်ပြင်မှာ တံခါးပေါက်ပွင့်သလို ပွင့်အာလာသည်။ မီးရောင်အောက် တွင်ပြိုးပြိုးပျက်ပျက်ဖြင့် လှနေသော ထိုရေခဲပြားကြီးသည် အောက်သို့ဝုန်းကနဲ ပြုတ်ကျလာမည်လားဟု ရင်တထိတ်ထိတ်နှင့် ကြည့်နေကြဆဲမှာပင် ကောင်းကင်ပင်လယ်ထဲသို့ ပြန်လည်နစ်မြုတ်ပျောက်ကွယ်သွား၏။
ခုမှပင် ဘာဖြစ်နေသလဲဆိုသည်ကို နှောတန်ကောင်းစွာသဘောပေါက်တော့သည်။ လက်စသတ်တော့ ဆလင်ဒါ ပင်လယ်ကြီးရှိရေခဲများအရည်ပျှောကြနေခြင်းပါတကား။ ရာမ၏ ရှည်လျားလှသော ဆောင်းရာသီက ကုန်ဆုံး သွားခဲ့ချေပြီ။
=======================
ရာမကှောမတီ၏ သတိပေးချက်ကားသွေးထွက်အောင်မှန်လှသည်။ ပြီးခဲ့သည့် ရက်များအတွင်း နေ၏ အပူရှိန်ကို စုပ်ယူထားသော ရာမ၏ သတဿတုကိုယ်ထည်နှင့်ကပ်နေသည့် ပင်လယ်၏အတွင်းပိုင်းသည် ဖြည်းဖြည်းချင
း အရည် ပျှောနေခဲ့၏။ နှောတန်သည် လှိုင်းသံ၊ လေသံများကြားမှ ဆက်တွေးနေမိသည်။ ရေသည် ရေခဲထက် ထုထည် သေးသဖြင့် အပှေါယံလွှာရှိ ရေခဲထုနှင့် အောက်ရှိအရည်ပျှောလာသော ရေထုတို့တဖြည်းဖြည်း အလှမ်းကွာ ဝေးလာခဲ့၏။ နောက်ဆုံး ထောက်တိုင်များမရှိတော့သည် တံတားကြီးကျိုးကျသလို ဆလင်ဒါပင်လယ်၏ အပှေါရံ လွှာရေခဲထုသည် အစိတ်စိတ်အမွှာမွှာ ကျိုးပျက်ခဲ့ရတော့သည်။ အခုဆိုလျှင် ပင်လယ်ပြင်သည် ရာပေါင်းများစွာ သော ရေခဲတုံးကြီးများဖြင့် ပြည့်နှက်နေပေပြီ။ ထိုရေခဲတုံးကြီးများသည် အချင်းချင်းတွန်းကြတိုက်ကြရင်း အရည်ပျှောဦးတော့မည်။
နယူးယောက်ကျွန်းကို လမ်းလျှောက်သွားမည်ဟု သူတို့ကြံစည်ခဲ့ကြသေးသည်ကို သတိရမိ၍ ခြေဖျားလက်ဖျား များအေးလောက်အောင် ကြောက်သွေးတက်မိသည်။
သို့သှောလည်း ထိုရေနှင့် ထိုရေခဲတို့၏ စစ်ပွဲသည် ခဏမျှသာပါ။ နေထဲတိုးဝင်လေလေ ရေကနိုင်လေလေ ဖြစ်ရဦးမည်။ မကြာခင်ပင်လယ်ပြင်တစ်ခုလုံး အရည်ပျှောလိမ့်မည်။ သို့သှောလည်း နေကိုပါတ်၍ စကြာဝဠာ ခရီးရှည်ပြန်စသည်နှင့်တပြိုင်နက် ပင်လယ်ပြင်သည် ရေပြန်ခဲလိမ့်ဦးမည်။ ရေရှည်တွင်တော့ ရေခဲသည်သာ အောင်နိုင်သူ ဖြစ်ချိမ့်မည်။
နှောတန်သည် ခုမှသာ အသက်ပြန်ရှုရန်သတိရမိသည်။ သတိရသည်နှင့်တပြိုင်နက် ဆလင်ဒါပင်လယ်နားတွင် စခန်းချထားသည့် အဖွဲ့အတွက် စိုးရိမ်စိတ်က ငယ်ထိပ်တက်ဆောင့်၏။ ဘောရစ်ရိုဒရီဂိုက သူ့ဆက်သွယ်ချက် ကိုချက်ချင်းပြန်ဖြေတော့မှ စိတ်သက်သာရာရသွားသည်။ ပင်လယ်ရေလှိုင်းသည် ကမ်းကိုကျှောပြီးတက်မလာ။
ဘောရစ်က တည်တည်ငြိမ်ငြိမ်ပင် ပြော၏။
"ကမ်းပါးကို ဘာလို့အမြင့်ကြီးလုပ်ထားသလဲဆိုတာ ခုတော့ကျွန်တှောတို့ သိပြီဆရာ" တဲ့။ ကောင်းလှပါသည်။ သို့သှော ဘာကြောင့်များ တောင်ဖက်ကမ်းပါးကြီးက သူတို့ရှိသည့် မြောက်ဖက်ကမ်းပါးထက် ဆယ်ဆမျှပိုမြင့်ရ သနည်း။ မသိ။ ခုထိတော့ အဖြေမရှိ။
ဗဟိုချက်စခန်းမှ မီးမောင်းသည် ရာမကမဿဘာတစ်ခုလုံးကို လှည့်ပါတ်ထိုးနေ၏။ ပင်လယ်သည် ဒေါမာန် တဖြည်းဖြည်းလျော့လာပြီ။ လှိုင်းခေါင်းဖြူကြီးများဆူပွက်မှုမရှိတော့။ ၁၅ မိနစ်ခန့်အကြာတွင် သူတို့ကို နှလုံးသွေး ရပ်မတတ် တုန်လှုပ်စေခဲ့သော အသံကြီးငြိမ်သက်သွားခဲ့သည်။
သို့သှော ရာမသည် အသံမဲ့ကမဿဘာတစ်ခုမဟုတ်တော့။ အမှောင်အိပ်ယာ ကဗဿဗလာမှ နိုးထလာခဲ့ပြီ။ ရေသံများဖြင့် စည်စည်ကားကားဖြစ်လာခဲ့ပြီ။ ဆောင်းအကုန်နွေအကူး။ လေရူးထသည့် နွေဦးကာလသို့ရောက်ပြီပေါ့။ အရောက်နောက်ကျလေခြင်း။
ရာမ၏ နွေဦးမှ လေရူးက နော့လှ၊ သရမ်းလှ၏။ မသိမသာမှ သိသိသာသာ အားကောင်းမောင်းသန်ဖြစ်လာ သည်။ ရာမနတ်ဘုရားကြီး၏ တန်ခိုးပြာဋီကာတို့က သူတို့ကို ထွက်ခွာဖို့သတိပေးနေပြီ။ သွားရတော့မည်။ သွားကြတော့မည်။
=========================
အယ်လ်ဖာလှေကားစောင်းတန်းရှည်ကြီး၏ အတက်ခရီးတစ်ဝက်ကျိုးသောအခါ ယာဉ်မှူးနှောတန်သည် သူတက် လာခဲ့သည့် လှေကားထစ်ပေါင်း တစ်သောင်းကျှော၊ ရှေ့ဆက်တက်ရဦးမည့် လှေကားထစ်ပေါင်းတစ်သောင်း ကျှောကို မမြင်ရအောင်ကွယ်ထားပေးသည့် အမှောင်ထုကို အတိုင်းအဆမရှိ ကျေးဇူးတင်နေမိ၏။ လှေကားကို ဒုတိယံပိ တက်ခြင်းဖြစ်သည့်အတွက် ပထမအကြိမ်တုန်းက အမှားများကို သင်ခန်းစာယူနိုင်၏။ အပှေါရောက် လေ ဆွဲအားနည်းလေ ဖြစ်သည့်အားလျှောစွာ ရောက်ချင်ဇောဖြင့် ခုန်ပျံကျှောလွားတက်ချင်စိတ်က ပှေါလာ တတ်၏။ ထိုသို့များတက်မိလို့ကတော့ အထစ်တစ်ထောင်လောက်တက်ပြီးလျှင် ခြေသလုံးနှင့် ပေါင်ကြွက်သား များကိုက်ခဲလာမည်။ တဖြည်းဖြည်း တက်ချိန်ထက် နားချိန်ကများလာမည်။ ပထမအကြိမ်တုန်းက ကြွက်တက် လိုက်သည်မှာ နှစ်ရက်လောက် အိပ်ယာထဲလဲနေ၏။
ထို့ကြောင်ပင် ယခုတစ်ကြိမ်မှာတော့ အဖိုးကြီးအိုကဲ့သို့ ဖြေးဖြေးသာတက်ခဲ့သည်။ နှောတန်သည် နော
က်ဆုံး ထွက်ခွာသူဖြစ်၏။ သူ့အဖွဲ့သားများသည် သူ့အထက် ကီလိုမီတာတစ်ဝက်မျှအကွာတွင် လှေကားကြီးကို တန်းစီ တက်နေကြ၏။
ရာမလေ့လာရေးကို ဤမျှနှင့် နိဂုံးကမဿပတ်အဆုံးသတ်ခဲ့ရသည်ကို တွေးမိတိုင်းရင်နာမိ၏။ ထိုးမည့်ဆင် နောက် တစ်လှမ်းဆုတ်ရသလို ယခုဆုတ်ခွာခြင်းသည် ယာယီမျှသာဖြစ်ပါစေဟုဆုတောင်းနေမိသည်။ အကယ်၍သာ ယာယီက ကမဿဘာတည်ခဲ့မည်ဆိုလျှင်တော့———————-။
ဗဟိုချက်စခန်းတွင် ရာသီဥတုအခြေအနေကောင်းသွားသည်အထိ စောင့်မည်ဟု အခိုင်အမာဆုံးဖြတ်ထား၏။ ရာမတွင် မည်မျှပင်မုန်တိုင်းထန်စေဦး။ မုန်တိုင်း၏ ဗဟိုချက်နှင့်တူသည့် သူတို့၏ ဗဟိုချက်စခန်းကတော့ နဘယံ ဘေးမရှိဟု ယူဆသည်။
တကယ်တော့လည်း နှောတန်သည် ရာမ၏ မိုးလေဝသကို ကမဿဘာ့စံနှုန်းများဖြင့် ချိန်ထိုးတွက်ချက်နေခြင်းသာ ဖြစ်၏။ သူတို့တစ်သက်လုံးလေ့လာခဲ့ကြသော ကမဿဘာ့မိုးလေဝသခန့်မှန်းချက်များသည်ပင် ရာနှုန်းပြည့်မှန်ကန်မှု မရှိသည့်အတွက် ရာမလို အစိမ်းသက်သက်ကမဿဘာတစ်ခုမှာ သူ့ခန့်မှန်းချက်များသည် အရာရောက်ပါမည်လား။ မုန်တိုင်းကြီးမလာသေးသှောလည်း ရှေ့တှောပြေးလေကြမ်းများကတော့ ရှစ်ခွင်တိုင်းမှ တိုက်ခတ်လာချေပြီ။
လှေကားကို ငါးကီလိုမီတာတက်ခဲ့ပြီးပြီ။ ဗဟိုချက်စခန်းသို့ရောက်ရန် သုံးကီလိုမီတာအကွာတွင် တစ်နာရီ နားကြ ၏။ တောင့်တင်းနေသော သလုံးသားများကို နှိပ်နယ်ပွတ်ခြေကြ၏။ စိတ်ဓါတ်တက်လာစေရန် စကားလေးပြော၊ အစာလေးစား လုပ်ကြ၏။ ဤနေရာမှစ၍ အောက်စီဂျင်တပ် အလုံပိတ်ခေါင်းစွပ်များကို ပြန်သုံးကြရတော့မည်။
နောက်တစ်နာရီအကြာတွင် သူတို့သည် အယ်လ်ဖာလှေကား၏ အမတ်စောက်ဆုံး၊ အမြင့်ဆုံးသော အတက်ပိုင်း ဖြစ်သည့် ပထမအဆစ် ပလက်ဖောင်းသို့ရောက်ကြပြီ။ ထောင်ထားသော ပေတံကဲ့သို့ တသမတ်တည်း မတ်စောက် သည့်အပိုင်း။ ထို့ကြောင့် နာရီဝက်နားကြပြန်၏။ အောက်စီဂျင် အခြေအနေကို စစ်ဆေးကြ၏။ ကဲ- တက်လိုက်ကြဦးစို့ရဲ့။
တစ်ဦးနှင့်တစ်ဦး မီတာ (၂ဝ) စီခြား၍ တက်ကြသည်။ ထုံးစံအတိုင်းနှောတန်က နောက်ဆုံး။ ဖြည်းဖြည်း မှန်မှန် တက်ရသည့် ထိုအတက်သည် ငြီးငွေ့ဖွယ်အကောင်းဆုံးဖြစ်၏။ လှေကားထစ်များကို စိတ်ဖြင့်ရေတွက်ရင်း တက်ရလျှင်ကောင်းမည်။ တစ်၊ နှစ်၊ တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ။
ပထမပလက်ဖောင်းမှ လှေကားထစ် ၁၂၅ဝ သို့အရောက်နှောတန်သည် တစ်စုံတစ်ခုတော့ အကြီးအကျယ် မှားယွင်းနေကြောင်း ရုတ်တရက်သိလိုက်သည်။ သူ့မျက်စိရှေ့ သတဿတုလှေကားထစ်က အလွန့်အလွန်ကို လင်းနေ၏။ အရောင်တောက်လွန်းသည်။
နှောတန်သည် နောက်ခြေတစ်လှမ်းပင် လှမ်းချိန်မရလိုက်။ အပှေါမှသူ့လူများကိုလည်း သတိပေးချိန်မရလိုက်။ တစ်စကဿကန့်ဆိုသည့် တိုတောင်းလှသည့်အချိန်အတွင်း ထိုဖြစ်ရပ်အားလုံး ဖြစ်ပြီးသွားခဲ့ပြီ။ ဘုရားကယ်တှောမူပါ။ ရာမနတ်ဘုရားကြီးသည် နောက်တစ်ကြိမ်သူ၏ ဖြိုးမောက်လှသော တန်ခိုးတှောအနနဿတတို့ကို လှစ်ကာပြလိုက် ပြန်ချေပြီ။ ရာမတစ်ကမဿဘာလုံး ဘာသံမှမကြားပဲ ဝင်းဝင်းတောက်ကာ ထိန်ထိန်လင်းသွားခဲ့သည်။ နွေဦးတွင် ရာမသည် အရုဏ်တက်ခဲ့ပြန်ပြီတကား။
++++++++++++++++++

Recent Comments