ရာမ (၁၆)

အခန်း (၁၈)

အရုဏ်တက်ချိန်

အလင်းရောင်သည် တောက်ပလွန်းအားကြီးလှသဖြင့် တစ်မိနစ်လုံးလုံး မျက်စိကိုအတင်းပိတ်ထားရ၏။ ထို့ နောက်တွင်တော့ နှောတန်သည် မျက်စိကို မှေး၍ မရဲတရဲဖွင့်ကြည့်လိုက်သည်။ တွဲရရွဲခိုလိုက်ရှိသော မျက်ရည်ဥ တို့လွင့်စဉ်သွားအောင် ကြိမ်ဖန်များစွာ မျက်စိကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ ရာမ၏ အရုဏ်မြင်ကွင်းကို ရှုစားလိုက်သည်။ထိုမြင်ကွင်းကို စကဿကန့်အနည်းငယ်သာကြည့်နိုင်၏။ မျက်စိများကို ပြန်ပိတ်လိုက်ရပြန်သည်။ အလင်းရောင် ကိုမခံနိုင်သောကြောင့်မဟုတ်၊ ပထမဆုံးအကြိမ်အဖြစ် ထင်ထင်ရှားရှားမြင်လိုက်ရသော ရာမကမဿဘာတွင်း မြင်ကွင်း၏ ညှို့ချက်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ဘာမြင်ရမည်ကို သိထားပြီးဖြစ်သည့်တိုင် မြင်ကွင်း၏ ညှို့အားက နှောတန့်ကို ရူးမတတ်သွက်သွက်ခါ သွားစေ သည်။ သူတစ်ကိုယ်လုံး တုန်လာ၏။ ရေနစ်သူ အသက်ကယ်ကြိုးကို မလွတ်တမ်းဆုပ်ကိုင်ထားသလို သူ့လက် များသည် လှေကားထစ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။ လက်မောင်းကြွက်သားများရော ခြေသလုံး ကြွက်သားများပါ ပျော့ခွေလာကြသည်။ ရာမတွင်သာ ဆွဲငင်အားကြီးမားခဲ့လျှင် ဦးစိုက်ကျွမ်းပြန်ပြီး ပြုတ်ကျမည် မှာမြေကြီးလက်ခတ်မလွဲ။

နှောတန်၏ နှစ်ပေါင်းများစွာလေ့ကျင့်ထားသော လေ့ကျင့်ခန်းများက ဤတွင်အစွမ်းပြလာ၏။ သူသည် မျက်စိ များကိုမှိတ်ထားဆဲ မလှုပ်မရှက်အနေအထားဖြင့် ဝင်သက်ထွက်သက်ကို အကြိမ်ပေါင်းများစွာရှုရှိုက်၏။ အဆုပ် ထဲတွင် အောက်စီဂျင်ပြည့်လာသည်နှင့်အမျှ တစ်ကိုယ်လုံးပျံနှံလျှက်ရှိသော ကြောက်သွေးများတဖြည်းဖြည်း လျှောကျလာတော့သည်။

ခုတော့ ကြောက်ဇောနှင့် အမောများအတှောသက်သာသွားခဲ့ပြီ။ မျက်စိပြန်မဖွင့်သေးခင် လုပ်စရာတစ်ခုရှိသေး ၏။ လှေကားထစ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်နှစ်ဖက်အနက် ညာဖက်လက်ကို လွှတ်လိုက်ဖို့ ဦးနှောက်က စေခိုင်း၏။ ညာဖက်လက်က ခလေးဆိုးသဖွယ် ခံတန်တန်လုပ်နေသဖြင့် တှောတှောနှင့်လွှတ်မရ။ အတန်ကြာမှ သတိဖြင့်လွှတ်လိုက်သည်။ လက်ကို ခါးအထိလျှောချလိုက်ပြီး ခါးတွင်ပါတ်ထားသော လုံခြုံရေး ကြိုးမှ ချိတ်တစ်ချောင်းကို ဆွဲဆန့်၍ အနီးဆုံး လှေကားထစ်တွင်ချိတ်ထားလိုက်သည်။ သူဘယ်လိုမှ ပြုတ်မကျ နိုင်တော့။

ဝင်သက်၊ ထွက်သက်ကို ကြိမ်ဖန်များစွာရှုပြန်သည်။ မျက်စိကို မဖွင့်သေးပဲ အပှေါမှ အဖွဲ့ဝင်များကို ရေဒီယိုဖြင့် ဆက်သွယ်သည်။ ဘုရားသိကြားမလို့ အသံတုန်ကြီး ထွက်မသွားပါစေနှင့်။

“အားလုံး အခြေအနေကောင်းကြရဲ့လား။ ယာဉ်မှူးပြောနေပါတယ်”

တစ်ဦးချင်းစီကို နာမည်ခှေါ၍ မေး၏။ အားလုံးက ပြန်ထူး၏။ အားလုံးလိုလို အသံများက တုန်နေသည်။ အားလုံး ဘေးမသီရန်မခ ရှိမှန်းသိရသောအခါ နှောတန်သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုလာသည်။ ခုချိန်မှာ သူ၏ ဦးဆောင်မှုကို အားလုံးက အလိုရှိနေကြ၏။

“ကိုယ်စိတ်ကိုယ်နိုင်တဲ့အထိ မျက်စိပိတ်ထားကြပါ။ မြင်ကွင်းရဲ့ ညှို့အားက သိပ်ကြီးလွန်းတယ်။ စိတ်မခိုင်တဲ့ လူတွေ ရာမဖက်ကို လုံးဝလှည့်မကြည့်ကြနဲ့၊ လှေကားဖက်ကို မျက်နှာမူပြီးဆက်တက်ကြပါ။ မကြာခင် ဆွဲငင်အားမဲ့နယ်မြေကို ရောက်တော့မယ်။ ဘယ်လိုနည်းနဲ့မှ ပြုတ်မကျနိုင်ဘူးဆိုတာမြဲမြဲမှတ်ထားကြ”

နှောတန်သည် ပြုတ်မကျနိုင်ဘူးဆိုသော စကားကို ကိုယ်တိုင်က လှေကားထစ်တွင်ကြိုးချည်ကာ ခါးတွင်ချိတ်ပြီး ပြောနေခြင်းဖြစ်သည်။ ပုံမှန်အခြေအနေတွင် ကျင့်သားရ အာကာသယာဉ်ဝန်ထမ်းများအတွက် ထိုမျှထိပြောရန် မလိုပါ။ သို့သှော ခုလိုအခြေအနေမှာတော့ပြောမှဖြစ်မည်။ စကဿခုအာရုံ၏ စေခိုင်းချက်ကို ရှောင်လွှဲရန်ခက်လှ သည်။ မည်သို့ပင်ဆွဲအားမဲ့သည်ဆိုစေ၊ လှည့်ကြည့်လိုက်သည်နှင့်တပြိုင်နက် ဟိုးအောက်ဖက် ရှစ်ကီလိုမီတာ အကွာရှိ ရာမလွင်ပြင်ကြီးက မတ်စောက်သော မျဉ်းဖြောင့်လှေကားကြီးပှေါရှိ သူတို့ကို ဆွဲချတော့မတတ် ခံစားနေရ၍ဖြစ်သည်။ သို့သှောလည်း ယာဉ်မှူးတစ်ဦးတွင်ရှိရမည့် မိမိကိုယ်မိမိယုံကြည်မှု၊ သိကဿခာတရားနှင့် မာနတို့အတွက် အနည်းဆုံး သူ့တစ်ယောက်ကတော့ဖြင့် မျက်စိကြီးပိတ်ပြီး လှေကားကိုကုန်းရုန်းတက်၍ မဖြစ်။ ရာမကို မျက်နှာချင်းဆိုင်၍ ရဲရဲဝံ့ဝံ့ ကြည့်ကိုကြည့်ရလိမ့်မည်။  နှောတန်သည် ကိုယ့်ကိုယ်ကို ကြိုးစားထိန်းသိမ်း၍ လှေကားကိုဆုပ်ထား သောလက်နှစ်ဖက်ကို ဆတ်ကနဲလွှတ်လိုက်သည်။ လက်သီးဆုပ်များကို ဆုတ်ချီ ဖြန့်ချီလုပ်သည်။ ထို့နောက် မျက်စိကိုဖွင့်လိုက်သည်။ ခေါင်းကိုဖြည်းဖြည်းချင်းလှည့်၍ ရာမကို ရဲရဲကြီးမျက်နှာချင်းဆိုင်လိုက်တော့သည်။

ပြာသည်။ တစ်လောကလုံး ပြာနေသည်။ ရာမလောကတစ်ခုလုံးကို အပြာရောင်လွှမ်းမိုးနေသည်။ မြေကမဿဘာမှ နေရောင်ခြည်လို အဝါရောင်မဟုတ်။ အပြာရောင်ဖန်မီးချောင်း တစ်သန်းလောက်တစ်ပြိုင်နက် စုထွန်းထားသလို မြင်လေရာပြာနေခြင်းဖြစ်၏။ နှောတန်၏ အကြည့်က တစ်နေရာရောက်သွား၏။

ဪ- ခုမှပင် ဆလင်ဒါပင်လယ်၏ မြောက်နှင့်တောင်ဖက် လွင်ပြင်ရှိ မြောင်းရှည်ကြီးသုံးစင်းစီ၏ ရည်ရွယ်ချက် ကို ပြည့်ပြည့်ဝဝနားလည်ရတော့သည်။ ခုမြင်တွေ့ရသည် ရာမ၏ ဆုံးစမဲ့ အပြာရောင်သည် ထိုမြောင်းကြီး ခြောက်ခုထဲမှ ထွက်ပှေါလာခြင်းပါတကား။ လက်စသတ်တော့ ရေသွင်းမြောင်းဟု ထင်ထားသည့်ဟာကြီးများ သည် ရာမ၏ နေမင်းများပါတကား။ နေခြောက်စင်း၏ အလင်းပြာဖြင့် မှောင်ကိုခွင်းကာ အရုဏ်လာသည့် ဆန်းကြယ်လောက အိုရာမ ပါတကား။

=================

နှောတန်သည် နေခြောက်စင်းကို ကြည့်ရင်း အတွေးပှေါလာသည်။ ရာမ၏ အလင်းနှင့်အမှောင်၊ နေ့နှင့်ည ကို မည်သူ ဖန်ဆင်းသနည်း။ ထိုနေများကို ထွန်းလင်းအောင်မည်သူလုပ်ခဲ့သနည်း။

ရာမတွင်သက်ရှိလုံးဝမရှိကြောင်း အကြိမ်ကြိမ်အခါခါ လုပ်ခဲ့သည့် စမ်းသပ်မှုများက အဖြေထုတ်ပေးခဲ့သှောလည်း ခုကိစဿစကို ဘယ်သူက ဘယ်လိုဖြေရှင်းမည်နည်း။ သက်ရှိမရှိပေမဲ့ ရာမသည် သူ့အလိုလိုသိသည့် စကေဿကာမ ယာဉ်ကြီးတစ်စီးပေလား။ နှစ်တစ်သန်းမျှ အိပ်မောကျနေသည့် စက်ရုပ်တွေများနိုးထလာကြသလား။ ငြိမ်းခါနီး ဆီမီးခွက်ထတောက်သလို နေမင်း၏အပူရှိန်ကြောင့် ရာမရှိစက်ကိရိယာများ သွေးရူးသွေးတန်းဖြင့်အလုပ်ထလုပ် ကြခြင်းလေလား။

တကယ်တော့ ဘယ်လိုအဖြေမျိုးမှ မမှန်နိုင်ပါ။ ရာမသည် တစ်ကွက်ချင်းဆက်ရသည့် အရုပ်ကားဆက်ကစား နည်းကြီးတစ်ခုဖြစ်၏။ အကွက်စေ့ပြီး အဖြေပှေါရန် အများကြီးကျန်သေးသှောလည်း ရုပ်လုံးတော့ပှေါသင့်သ လောက်ပှေါခဲ့ပြီ။ ရာမ၏ သစ်လွင်ခြင်း၊ ရာမ၏ လျှို့ဝှက်ခြင်း။

ထိုအတွေးများသည် ကြောက်ရွံ့ထိပ်လန့်မှုကို ပေးစွမ်းမည့်အစား နှောတန့်အတွက် အားရကျေနပ်မှုနှင့် တက်ကြွ မှုတို့ကို ပေးစွမ်းကြ၏။ နေနှင့်ဦး ရာမ၊ အချင်းရာမ၊ အလင်းရောင်ပျောက်မသွားနှင့်ဦး၊ အလင်းပြာအောက်ဝယ် သင့်အားစူးစမ်းပါရစေဦး။ ရာမကှောမတီကလူတွေ ဒီကိစဿစကို မြင်ကြ၊ ကြားကြရင် ဘယ်လိုများဖြစ်သွားကြမယ် မသိဘူး- နှောတန်သည် သူ့ကိုယ်သူပြန်ပြောလိုက်၏။ ကြာလေ၊ ရဲလေဖြစ်လာသော နှောတန်သည် ရာမ အတွင်းလောက၏ ဗဟိဒဿဓိပုံပန်းသဏဿဍာန်များကို အသေအချာကြည့်ရှုနေမိတော့သည်။

=====================

ထိုသို့ကြည့်နေရင်းက သူစိတ်ဒုကဿခရောက်လာပြန်၏။ သူ့စိတ်ထဲတွင် ရာမကို နိမိတ်ပုံအမျိုးမျိုးဖြင့် မြင်လာသည်။ ထိုနိမိတ်ပုံများကို ပုံဖှောနေသောသူ့စိတ်အာရုံတွင် ရာမသည် သဏဿဍာန်အမျိုးမျိုးဖြင့် အသုံးတှောခံနေ၏။

ထိုနိမိတ်ပုံများအနက် စိတ်အချရဆုံးပုံစံအရ ယခုသူသည် ၁၆ ကီလိုမီတာကျယ်ပြီး ကီလိုမီတာ ၅ဝ ရှည်သည့် ဧရာမ ရေတွင်းကြီးတစ်ခု၏ အောက်ဆုံးကြမ်းခင်း အလယ်ကောင်တည့်တည့်နားသို့ရောက်နေသည်။ ဆူးကြီး များထွက်လျှက်ရှိသော တောင်ဝင်ရိုးစွန်းသည်ရေတွင်းအဝဖြစ်၏။ ထိုပုံစံကို စိတ်အချရဆုံးဟုပြောရခြင်းသည် အကြောင်းရှိ၏။ ရာမကို ထိုနိမိတ်ပုံအရ ပုံဖှောကြည့်ရှုခြင်းအားဖြင့် သူသည် အောက်ဆုံးသို့ရောက်နေသော ကြောင့် ထိုမှတဆင့် အောက်ထပ်ပြုတ်ကျရန် အကြောင်းမရှိတော့။ သို့သှောလည်း အားနည်းချက်အချို့က ရှိနေဆဲ။

လွင်ပြင်၏ မြောက်ဖက်နှင့် တောင်ဖက်ကမ်းတွင် ပြန့်ကျဲလျှက်ရှိသော မြို့များကို ရေတွင်းနံရံတွင် သေချာစွာ ချိတ်ကပ်ထားသောအရာများဟု အာရုံယူ၍ရသည်။ ဘယ်လိုမှ အာရုံယူမရသည်က ဆလင်ဒါပင်လယ်ပင်ဖြစ်၏။

ဆလင်ဒါပင်လယ်ရှိရေပြင်သည် ပြာလဲ့နေ၏။ ရေခဲတုံးများပေါလောမျောနေသည်ကိုပင်မြင်ရသေးသည်။ ခုနက အာရုံပြုထားသော ရေတွင်းဟူသောအသိအရ ရေတွင်းကြီး၏အလယ်ကောင် နံရံပါတ်ပါတ်လည်တစ်လျှောက် နှစ်ဆယ်ကီလိုမီတာရှိသည့် ဒေါင်လိုက်ပင်လယ်ပြင်ကြီး လှည့်ပါတ်လှုပ်ရှားနေခြင်းကို စိတ်ကလက်ခံနိုင်ဖို့ခဲယဉ်း လှသည်။ နောက်နိမိတ်ပုံတစ်ခု ယူဦးမှပဲ။

နှောတန်သည် စိတ်အာရုံမြင်ကွင်းကို ၉ဝ ဒီကရီလှည့်လိုက်သည်။ ရေတွင်းကြီးသည် ခုနှစ်ဖက်ပိတ် ဥမင်လှိုဏ် ခေါင်းဖြစ်သွားခဲ့ပြီ။ အောက်ဖက်သည် ခုသူတက်နေသော လှေကားစောင်းတန်းဖြစ်၏။ နှောတန်သည် ရာမ၏ ပိသုကာများကို လက်ဖျားခါမိသည်။ ထိုနိမိတ်ပုံအရ ယခုအခါ သူသည် ဥမင်လှိုဏ်ခေါင်း မြောက်ဖက်အပိတ် ၏အောက်ခြမ်းမှတဆင့် အလယ်ဗဟိုချက်ပှေါသို့ လှေကားမှတဆင့် တွယ်တက်နေသည်။ ဗဟိုချက်မှ အပှေါရှစ် ကီလိုမီတာထိ ကွေးတက်သွားပြီး ကောင်းကင်ခုံးဖြစ်သွား၏။ သူအခုကပ်နေရသော ပေတံသဖွယ်မတ်စောက် သည့်လှေကားသည် အောက်မီတာ ၅ဝဝ အထိဆင်းသွားလျှင် ပထမပလက်ဖောင်းသို့ရောက်၏။ ထိုနေရာမှ စ၍ လျှောစောင်းလှေကား စောင်းတန်းစတင်သည်။ အောက်ရောက်လေ၊ လှေကားသည်ပြေလာလေဖြစ်၏။ ထိုသို့ ငါးဆစ်ဆင်းသွားပြီးလျှင် လွင်ပြင်ကိုရောက်ပြီဖြစ်၏။ နှောတန်သည် ကမဿဘာပှေါတွင်အမြင့်ဆုံးဆိုသည့် ဧဝရက်တောင်နှင့် လှေကားစောင်းတန်းကို နှိုင်းယှဉ်ကြည့်နေမိသည်။ နေရစ်တော့ ဧဝရက်၊ ကြီးကျယ်ခန်းနား မြင့်မား မတ်စောက် ဘယ်အချက်ကြည့်ကြည့် အယ်လ်ဖာလှေကားက အပြတ်အသတ်သာသည်။

အခြားလှေကားနှစ်စင်းဖြစ်သည့် ဘီတာနှင့် ဂမ်မာတို့ကိုတော့ မကြည့်ရဲ။ ထိုလှေကားနှစ်စင်းသည် သူ့ခေါင်းပှေါမှကျှော၍ မိုးပှေါတက်သွားသောကြောင့် သူတို့ရှိနေသည်ကို မေ့ထားမှ အကျိုးများလိမ့်မည်။ ဟော- အခုပင် လှေကားများကို ကြည့်မိ၍ သူမမြင်လို၊ မတွေ့လို၊ မတွေးလိုသော တတိယနိမိတ်ပုံသည် အာရုံထဲသို့ ဇွတ်အတင်း အဓမဿမဝင်လာခဲ့ပြီ။ ထိုနိမိတ်ပုံအရ နှောတန်သည် ရေတွင်းထဲရောက်နေပြန်၏။ ဒီတစ်ခါမှာတော့ ရေတွင်းကြမ်းခင်းမှာ မဟုတ်၊ ထိပ်ဝ အဖုံးပှေါတွင် မျက်နှာကြက်တွင် ယင်ကောင်နားသကဲ့သို့ ဦးစိုက်ပြောင်းပြန် တွယ်ကပ်နေခြင်းဖြစ်သည်။ သူ့အောက်တွင် ကီလိုမီတာ ငါးဆယ်နက်သော တွင်းနက်ကြီး။ အောက်သို့ ပြုတ်ကျ ပါက ထိုးစိုက်ရန် ဆူးကြီးများက အောက်ဖက်အခင်းတွင် အသင့်ထောင်လျှက်။ မတွေးမိအောင် အတန်တန်ကြိုး စားသည့်ကြားက ထိုနိမိတ်ပုံပှေါလာသောအခါ ကြောက်သွေးက ငယ်ထိပ်တက်ဆောင့်သဖြင့် လှေကားထစ်များ ကို ပြန်လည်ဆုပ်ကိုင်လိုက်ရသည်။

မကြာမီ ထိုကြောက်စိတ်များပျောက်သွားမည်ကို သူသိပါ၏။ အာကာသယာဉ်မှူးများအနေဖြင့် ရာမ၏ ဆန်းကြယ် မှုများ၊ ကိုယ်ထင်ပြမှုများကို စိုးရွံ့နေ၍မဖြစ်။ သူ့ စိတ်ထဲတွင် တစ်သက်မျှကြာသည်ဟုထင်နေသှောလည်း ရာမ လင်း လာကတည်းက ခုချိန်ထိ အချိန်နှစ်မိနစ်သာကြာ၏။ နှောတန်သည် လှေကား၏ မီတာ ရာပေါင်း အနည်း ငယ်သောနောက်ဆုံးပိုင်းကို ဖြည်းလေးစွာတက်၏။ ဗဟိုစခန်းသို့ ရောက်ခါနီးတွင် ရာမ၏အတွင်းမြင်ကွင်းကို သမင်လည်ပြန် လှည့်ကြည့်မိပြန်၏။

ဟယ်- ရာမ၏ နွေဦးကာလမှာ မြူထနေပါပကော။ မြူတို့သည် ပင်လယ်မှတဆင့် တက်လာကြပြီး မြူထုမှာ ရာမ ဝင်ရိုးလည်ပါတ်သည့်ဖက်ကို တိမ်းစောင်းနေလေသည်။ လေသည် ဟူးဟူးရားရားတိုက်ခတ်လာပြီ။ ရာမ၏ ကုန်သည်လေများ အရှိန်ရနေပြီ။ ခန့်မှန်းနိုင်စွမ်းမရှိသည့် သက်တမ်းတစ်ခုအတွင်း ရာမ၌ အပူပိုင်းမုန်တိုင်းတစ်ခု တိုက်ခတ်ရန် အားယူနေပါပကော။

+++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.