ရာမ (၁၇)

အခန်း (၁၉)

မီးခဲ ဗုဒဿဓဟူး

Rama-16 ခုတစ်ခေါက် ကှောမတီအစည်းအဝေးကတော့ လူစုံတက်စုံဖြစ်၏။ ပိစိဖိတ် သမုဒဿဒယာကြမ်းပြင်ရှိ သတဿတုတူးဖှော ရေးလုပ်ငန်းကို သုတေသနလုပ်နေသော ပါမောကဿခဆှောလမွန်သည်လည်းကောင်း။ ရာမတွင် ဘာမှမရှိဟု ဆို သဖြင့် ကှောမတီကို စွန့်ခွာသွားခဲ့သော ဒေါက်တာတေလာသည်လည်းကောင်း ခပ်တည်တည်ဖြင့် အစည်းအဝေး လာတက်နေကြသည်။

သူ၏ တင်ကြိုခန့်မှန်းချက်မှန်သဖြင့် ပါရဲရားတစ်ယောက် မိုးမမြင် လေမမြင် ဖြစ်နေတော့မည်ဟု ဒေါက်တာဘို့စ်က ယူဆခဲ့သှောလည်း ပါရဲရားမှာ ထူးဆန်းစွာငြိမ်သက်နေ၏။ ကှောမတီဝင်များက သူ့အားချီးကြူးဂုဏ်ပြုနေကြ သည်ကိုပင် ရှက်နေသလိုလို။

အာကာသ ဇီဝဗေဒ ပညာရှင် ပါရဲရားသည် အမှန်တကယ်ပင် ရှက်နေ၏။ ရာမတွင် မုန်တိုင်းဝင်မည်ကို သိသှော လည်း ဆလင်ဒါပင်လယ်ပြင်၏ အပြောင်းအလဲကို တင်ကြို မမြင်နိုင်ခဲ့သည့် အတွက် သူ့ကိုယ်သူ သတ်သေချင် လောက်အောင်ရှက်မိသည်။ လေထုသည် ပူပြင်းလာလျှင် ရေခဲသည်လည်း ပူ၍အရည်ပျှောလာမည်။ အရည် ပျှောလာလျှင် ထုထည်ကျုံ့မည်။ ထိုမျှသောအချက်ကလေးကိုပင် မမြင်နိုင်သည့်အတွက် ငါနှင့်ငါသာနှိုင်းစရာဟု မိုးပှေါရောက်နေသော မာန်အနည်းငယ်ကျသွား၏။

ထို့ကြောင့် ဒေါက်တာဘို့စ်က သူ့ကို ရာမ၏ မိုးလေဝသနှင့်ပါတ်သက်၍ ဆွေးနွေးခွင့်ပေးသောအခါ-

"အားလုံးသိကြတဲ့အတိုင်း ရာမရဲ့ အခြားအရာတွေနည်းတူ မိုးလေဝသအခြေအနေဟာလည်း မှန်းရတော့ခက်လှ ပါတယ်။ နောက်ထပ်မုန်တိုင်းတိုက်စရာအကြောင်းတော့မရှိတော့ဘူးလို့ ထင်မိပါတယ်။ နေနားနီးလာတာနဲ့ အမျှ အပူရှိန်ကတော့ တက်လာမှာပဲ။ ရာမပှေါကနေ အားမာန်ထွက်ခွာသွားပြီးရင်တော့ သူ့ဟာသူ ပူရုံမကလို့ ကျက်ကျက်၊ ကျွန်တှောတို့နဲ့မဆိုင်တော့ပါဘူး" ဟု မယုတ်မလွန်သာ ပြောတော့သည်။

"ရာမလွင်ပြင်ထဲကို ပြန်ဆင်းလို့ရနိုင်ပြီလား ခင်ဗျာ"

"ဟုတ်ကဲ့၊ နောက် ၄၈ နာရီအတွင်း ဆင်းလို့ရနိုင်ကောင်းပါတယ်"

"ရာမလွင်ပြင်ထဲကို ပြန်ဆင်းမှကိုဖြစ်လိမ့်မယ်" ဗုဒဿဓဟူးဂြိုလ်၏ ကိုယ်စားလှယ်တှောကြီးက ဝင်ပြောလိုက်၏။

"ခုကျွန်တှောတို့ ရာမအကြောင်းကို သိနိုင်သလောက်သိအောင်လုပ်ရလိမ့်မယ်။ အခြေအနေက လုံးဝပြောင်း သွားပြီ"

"သံအမတ်ကြီး ဆိုလိုတာက—————————"

"အရင်တုန်းက ရာမဟာ သက်မဲ့လောကသားတွေကြီးစိုးတဲ့ ယာဉ်ပျက်ကြီးလို့သတ်မှတ်ထားခဲ့ကြတယ်။ ခုအဲသလို မဟုတ်တော့ဘူး၊ ရာမကို ထိန်းချုပ်တဲ့စနစ်တစ်ခုရှိတယ်။ အဲဒီစနစ်ဟာလည်း ကောင်းကောင်း အလုပ်လုပ်နေတယ်။ ဆိုတော့ ကျွန်တှောတို့လူသားတွေမှာ စဉ်းစားစရာတွေရှိလာပြီ။ အရင်ဆုံးလုပ်ရမဲ့ အလုပ် ကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ"

အစည်းအဝေးခန်းမတစ်ခုလုံး ဝေါကနဲ ဆူညံသွား၏။ သဘာပတိ ဒေါက်တာဘို့စ်က လက်ကိုမြှောက်၍-

"သံအမတ်ကြီး ပြီးအောင်ပြောပါစေ" ဟုပွဲဝင်ထိန်း၏။

"သူ့အယူအဆကို ကျွန်တှောတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လေးလေးနက်နက်ထည့်သွင်း စဉ်းစားဖို့တော့လိုမယ်"

ကွန်းရတ်ဒ်တေလာ သည် တစ်စခန်းထလာ၏။ စကားပြောခွင့်ပြုရန် အတင်းလက်ထောင်နေသည်။ ဗုဒဿဓဟူးဂြိုလ် မှ သံအမတ်ကြီးကို ကြည့်ရင်း-

"လေးစားအပ်ပါသော သံအမတ်ကြီးခင်ဗျား" ဟု တစိုးတစိမှ လေးစားမှုမရှိသော ခနိုးခနဲ့ အသံနေအသံထားဖြင့် အစချီ၏။

"ရာမက ရန်ပြုမှာစိုးလို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုတယ်ဆိုတဲ့ ယူဆချက်ဟာ မနူးမနပ်အရွယ်တွေ ခလေးဆန် ဆန်သုံးသပ်သလိုဖြစ်နေပါတယ်။ ရာမသားတွေလို အဆင့်မြင့်တဲ့ သက်ရှိတွေအနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ ကိုယ်က
င့်တရားစံနှုန်းတွေရှိမှာပဲ၊ အဲသလိုမှမရှိခဲ့ရင်လည်း နှစ်ဆယ်ရာစုတုန်းက ကျွန်တှောတို့ကမဿဘာကြီး ပျက်စီးလုနီးနီးဖြစ်ခဲ့သလို ရာမဟာပျက်စီးမှာပဲ။ ဒီအကြောင်းတွေကို ကျွန်တှောရဲ့ နောက်ဆုံးထုတ်စာအုပ် ကိုယ်ကျင့်တရားစံနှုန်းများနဲ့ စကြာဝဠာမှာ အကျယ်တဝင်ဖှောပြထားပါတယ်။ သံအမတ်ကြီးဆီမှာ ဒီစာအုပ် ရှိလိမ့်မယ်လို့ ကျွန်တှောမျှောလင့်ပါတယ်ခင်ဗျား"

"ဟုတ်ကဲ့ပါ ဒေါက်တာ့စာအုပ် ကျွန်တှော့မှာရှိပါတယ်။ အလုပ်များလို့ နိဒါန်းကနေကို မတက်သေးဘူးဗျ။ သို့သှော ဒေါက်တာ့ ဆိုလိုရင်းကိုတော့ အကြမ်းဖျင်းသဘောပေါက်ပါတယ်။ ကျွန်တှောတို့အနေနဲ့လဲ သူ့ဖာသာ သူနေတဲ့ ပဒူအုံကို တုတ်နဲ့ထိုးချင်စိတ်မရှိပါဘူး။ ဒါပေမဲ့ အဲဒီပဒူအုံပှေါတည့်တည့်မှာ အိမ်ဆောက်ချင်တယ် ဆိုရင်တော့———————-"

"သံအမတ်ကြီးရဲ့ အယူအဆက ပန်ဒိုရာဂိုဏ်းသားတွေထက်တောင်ဆိုးသေးတယ်။ ဧည့်သည်ကြောက်ရောဂါ ပုံစံမျိုးဖြစ်နေတယ်"

"လူကြီးမင်းတို့ ပြောနေတာ လိုရင်းမရောက်ဖူးဖြစ်နေပါတယ်။ သံအမတ်ကြီးပြောတာ မပြီးသေးဘူးထင်ပါတယ်။ ဆက်ပြောပါ"

"ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။ ရာမဟာ အနဿတရာယ်မပေးနိုင်ဘူးဆိုတာ ဟုတ်ကောင်းဟုတ်ပါလိမ့် မယ်။ ကျွန်တှောတို့လို ဗုဒဿဓဟူးဂြိုလ်မှာ မှီတင်းနေထိုင်ကြသူတွေ အတွက်ကတော့ ရာမဟာ အနဿတရာယ်လို့ ပိုပြီး ယူဆချင်ပါတယ်"

"ဘာဖြစ်လို့ပါလဲ"

"အခြေအနေ အချိန်အခါ နဲ့အနေအထားအရပေါ့။ ခုဆိုရင် ရာမဟာ ကျွန်တှောတို့ရဲ့ ဗုဒဿဓဟူးဂြိုလ်ပါတ်လမ်း ထဲကို ရောက်နေပြီ။ နေကိုပါတ်ပြီး စကြာဝဠာထဲပြန်ထွက်သွားမယ်ဆိုတာ မှန်းဆချက်သက်သက်ပဲ။ တကယ်လို့ ပြန်မထွက်ပဲ ရာမဟာ ကျွန်တှောတို့နေစကြာဝဠာထဲမှာပဲ အရှိန်သတ်လိုက်မယ်ဆိုရင် ဒီနေ့ကစလို့ ရက်ပေါင်း သုံးဆယ်အတွင်း နေနားရောက်တော့မယ့်ရာမဟာ နေနဲ့ ကီလိုမီတာ ၂၅ သန်းအကွာကနေ ပါတ်လမ်းယူထား လိမ့်မယ်။ ဒီအခါမှာ ကျွန်တှောတို့ရဲ့ နဂါးငွေ့တန်းနေစကြာဝဠာရဲ့ ပဲ့ကိုင်ရှင်ဟာ ရာမဖြစ်လာလိမ့်မယ်"

ကွန်းရတ်ဒ်တေလာအပါအဝင် ကှောမတီတစ်ခုလုံး စကားမပြောနိုင်ပဲ ငြိမ်သက်နေကြသည်။ ဪ- မီးခဲလို ဆတ်ဆတ်ကြဲ ဗုဒဿဓဟူးဂြိုလ်သားတွေကို သူတို့မေ့နေမိတာကိုး။

ငရဲပြည်ကို အရှင်လတ်လတ်တွေ့မြင်ချင်ပါသလား၊ ဗုဒဿဓဟူးဂြိုလ်ကိုသွားဟူသည့် စာဆိုနှင့်အညီ ထိုဂြိုလ်လေး ပှေါတွင်နေလိုသော လူသားမရှိ။ ဗုဒဿဓဟူးဂြိုလ်သားတွေကတော့ ခြွင်းချက်ဖြစ်၏။ တစ်ရက်တွင် နေနှစ်ခါထွက်၍ နှစ်ခါဝင်သော၊ ပွက်ပွက်ဆူသော သတဿတုရည်များစီးဆင်းရာ မြစ်ချောင်းအင်းအိုင်များရှိသော၊ အငွေ့ပျံမတတ်ပူ ပြင်းသော သူတို့ဂြိုလ်သည်သာလျှင် အကောင်းဆုံးတဲ့။

တကယ်တော့လည်း နေပူရှိန်ကို ကမဿဘာထက် ဆယ်ဆပိုခံရသော ဗုဒဿဓဟူးဂြိုလ်သည် သတဿတု ပေါင်းစုံဖြင့် ပြည့်နှက် နေသော ရတနာသိုက်ကြီးဖြစ်၏။ မကုန်ခမ်းနိုင်သည့် စွမ်းအင်နှင့် မြေပှေါမြေအောက် သယံဇာတများပိုင်ရှင်။ ဟာမီယန်ဟုခှေါကြသော ဗုဒဿဓဟူးဂြိုလ်သားများသည် ကျန်ဂြိုလ်များကို သတဿတုရောင်း၏။ စွမ်းအင်ရောင်း၏။ သိပဿပံ ပညာထွန်းကားတိုးတက်ရေးအတွက် တစ်ချိန်လုံး ကြံဆနေကြ၏။ အခုဆိုလျှင် ဗုဒဿဓဟူးဂြိုလ်၏ လေဆာ စွမ်းအင် သည် အေးခဲနေသော ဂျူပီတာခှေါကြာသာပတေးဂြိုလ်တစ်ခုလုံးကို အရည်ပျှောသွားအောင် လုပ်နိုင်စွမ်းရှိသည် အထိ အင်အားကြီးလာပြီဖြစ်၏။ ဗုဒဿဓဟူးဂြိုလ်သားများသည် သွက်၏၊ ထက်၏၊ မာကြော၏၊ အကြောက်အလန့် ကင်း၏။ ဤကားဗုဒဿဓဟူးဂြိုလ်နှင့်ပါတ်သက်သည့် အကောင်းဖက်လှည့်တွေးသော အမြင်များဖြစ်သည်။ တစ်ချိန် တည်းမှာပင် ဗုဒဿဓဟူးဂြိုလ်သားများသည် မီးခဲ၊ ရန်လို၏၊ သံသယစိတ်များ၏၊ ရန်ကိုရန်ချင်းတုံ့နှင်းလို၏။ ထို့ကြောင့် ဤဂြိုလ်စုမှာ သူတို့သည် သင်းကွဲမျောက်များဖြစ်၏။ နောက်တ
်ခုက ဗုဒဿဓဟူးဂြိုလ်သားများသည် နေကို သူတို့ ဘိုးဘွားပိုင်ပစဿစည်းကဲ့သို့ သဘောထားကြသည်ဆိုသည့် အပြောင်အပျက်စကားသည် တကယ်တမ်း မှာမှန်၏။ ဗိုက်ကင်းတွေက ပင်လယ်ကိုချစ်သလို၊ နီပေါလူမျိုးတွေ ဟိမဝနဿတာကိုချစ်သလို၊ အက်စ်ကီးမိုးတွေ တန်ဒရာ ရေခဲကနဿတာရကို ချစ်သလို ဗုဒဿဓဟူးဂြိုလ်သားတို့က နေမင်းကိုချစ်၏။ မယားထိ ဓါးကြည့်ဆိုသလို နေနှင့် ပါတ်သက်လျှင် ဆတ်ဆတ်ထိမခံနိုင်သော ထိုဗုဒဿဓဟူးဂြိုလ်သားတို့၏ အသည်းစွဲနေမင်းကို ရစ်သီရစ်သီလာလုပ် နေသော ရာမကိုမှ ထိုဂြိုလ်သားတို့ သံသယမများလျှင် ဘယ်သူ့များရဦးမည်နည်း။

သဘာပတိဒေါက်တာဘို့စ်သည် အတန်ကြာအောင်တိတ်ဆိတ်နေပြီးမှ-

"ဟာမီယန် သံအမတ်ကြီးပြောသွားတဲ့အထဲမှာ ဆွေးနွေးစရာတွေ အများကြီးပဲ။ နောက်ထပ်များဆက်တင်ပြစရာ ရှိပါသေးလား" ဟုမေးလိုက်သည်။

"ရှိပါတယ် သဘာပတိကြီးခင်ဗျာ။ ခုကျွန်တှောတို့ ရာမနဲ့ပါတ်သက်လို့ ရနိုင်သမျှ သတင်းအချက်အလက်တွေ အားလုံးကို လိုချင်ပါတယ်၊ ကျွန်တှောအဓိကသိလိုတာကတော့ ရာမကို ရွေ့လျားစေတဲ့ စွမ်းအင်ကိုပါပဲ။ ဒေါက်တာ ပါရဲရားရဲ့အမြင်ကလေးများသိရမလားခင်ဗျာ"

"ဟုတ်ကဲ့ပါ သံအမတ်ကြီးခင်ဗျား၊ ကျွန်တှောလည်းဒီကိစဿစကို စဉ်းစားခဲ့တာကြာပါပြီ။ ရာမဟာ ခရီးစတင်ချိန်တုန်း ကတော့ ကျွန်တှောတို့ အာကာသယာဉ်တွေလို ပစ်စင်တစ်ခုခုက တွန်းတင်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ ရာမ ကိုယ်ထည်ထဲမှာတော့ သူ့ကို ရွေ့လျှားစေတဲ့ တွန်းအားပေးစနစ်တစ်မျိုးမျိုး ကိုခုထိတော့ ရှာမတွေ့သေးဘူး"

"လျှို့ဝှက်ထားတာ ဖွက်ထားတာ မဖြစ်နိုင်ဘူးလား"

"အင်း- အကယ်၍သာ ရှိမယ်ဆိုရင် ဆလင်ဒါပင်လယ်ရဲ့ တောင်ဖက်ကမ်းမှာပဲဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီကို သွားဖို့ မဖြစ်နိုင်ဘူး။ ဆယ်ကီလိုမီတာကျယ်တဲ့ ပင်လယ်ပြင်ကြီးကိုဖြတ်ဖို့၊ မီတာ ငါးရာမြင့်ပြီး ဘာမှ တွယ်စရာ မရှိတဲ့ ကမ်းပါးစောက်ကြီးကို တက်ဖို့ ယာဉ်မှူးနှောတန်တို့ တတ်နိုင်မှာမဟုတ်ဖူး၊ ဓါတ်ပုံတွေ ကြည့်ကြည့်လေ"

"ဟုတ်မှာပါ။ တကယ်လို့ ရာမမှာ တွန်းအားပေးစနစ် တစ်ခုခု ရှိခဲ့မယ် ဆိုရင်လည်း ကျွန်တှောတို့ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ အာကာသ တွန်းအားပေး စနစ် ဆိုတဲ့ အကြောင်းကို လူတွေ ပြောခဲ့တာ အနှစ် နှစ်ရာ လောက်ရှိခဲ့ပြီ"

"ဒါဆို သံအမတ်ကြီးက ရာမမှာ အာကာသ တွန်းအားပေး စနစ် မရှိဘူးဆိုတာ မယုံဖူးပေါ့"

"မယုံဘူး၊ တွန်းစနစ် တစ်ခုခုတော့ ရှိကိုရှိလိမ့်မယ်။ တကယ်လို့ ရှိကြောင်းပြနိုင်ခဲ့ရင် ဒါဟာ တကယ့်တွေ့ရှိချက် ကြီးတစ်ခုပဲ။ အနည်းဆုံးတော့ အာကာသတွန်းစနစ်ဟာ စိတ်ကူးသက်သက် မဟုတ်ပဲ အဟုတ်တကယ် ရှိကြောင်း သက်သေပြနိုင်တာပေါ့"

"ခဏလေး နေကြပါဦး၊ ခင်ဗျားတို့ ဘာတွေပြောနေတာလဲ။ အာကာသတွန်းစနစ် ဆိုတာကရော ဘာကြီးလဲ" ကမဿဘာမြေ ကိုယ်စားလှယ်တှောကြီး ဆာရောဘတ်က မေးလိုက်၏။

"ကျွန်တှောတို့ရဲ့ အာကာသယာဉ် တွေကို ပျံသန်းနိုင်အောင် လက်ရှိ အသုံးပြုနေတဲ့ စနစ်က ဒုန်းပျံ နည်းပညာ ကို အခြေခံတယ်။ ဆွဲငင်အားကို ဆန့်ကျင်ပြီး တက်ရတာ။ တွန်းစနစ်ကတော့ သူနဲ့ ဆန့်ကျင်ဖက် နည်းပညာ တစ်ခု လို့ပဲ အကြမ်းဖျင်း ပြောပါရစေ ဆာရောဘတ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို စနစ်မျိုး ကျွန်တှောတို့ မတီထွင် နိုင်သေးဘူး။ တစ်ချို့ သိပဿပံပညာရှင် တွေကတော့ ဒီလိုစနစ်မျိုး လုံးဝမရှိနိုင်ဘူးလို့ ယူဆကြတယ်"

ပါမောကဿခ ဒေးဗစ်ဆင်က လက်ထောင်လိုက်ပြီး-

"ယူဆတာ မဟုတ်ဖူးဗျ၊ ရှိကို မရှိတာ၊ ဖြစ်ကို မဖြစ်နိုင်တာ၊ ဒီကိစဿစကို သိပဿပံပညာရဲ့ ပရမတဿတ သစဿစာျဖစ္တဲ့ နယူတန် ရဲ့ တတိယ နိယာမ ကဖြေရှင်းခဲ့ပြီးသား။ ဒီစနစ်ဟာ အဓိပဿပါယ်မရှိ စိတ်ကူးယဉ် စနစ်ပဲ"

"ပါမောကဿခ ဒေးဗစ်ဆင် ပြောတာ မှန်ဖို့များပါတယ်" ဒေါက်တာပါရဲရားသည် ဒေးဗစ်ဆင်၏ ရ
်စကားကို အေးဆေးစွာ တုန့်ပြန်၏။

"ဒါပေမဲ့ ရာမမှာ အဲဒီတွန်းစနစ်မှ မရှိရင် တန်ခိုးရှင် တစ်ပါးပါးက သွားစေ ဆိုပြီး ပျံသန်းခိုင်း တာပဲ ဖြစ်တော့မယ်။ ဘာကြောင့်လည်း ဆိုတော့ ရာမမှာ ကျွန်တှောတို့ ယာဉ်တွေလို လောင်စာဆီ သိုလှောင်ဖို့ တိုင်ကီတွေ၊ သိုလှောင်ခန်းတွေ ဘာမှ မရှိလို့ပဲ"

"တွန်းစနစ်နဲ့ ရာမလို ကမဿဘာတစ်ခုလုံးကို ရွေ့လျားအောင် တွန်းမယ်ဆိုတာ စဉ်းစားကြည့်ဖို့ ခက်သားပဲ။ အထဲမှာ ရှိတဲ့ ပစဿစည်းတွေကို မရွေ့အောင် ဘယ်လိုထားမလဲ။ ဂဟေဆှော ထားရမှာလား" ဒင်းနစ် ဆှောလမွန်က တွေးတွေးဆဆ ဝင်ပြောလိုက်၏။

"အဲဒါတွေထက်ကို တကယ့်အရေးက ပင်လယ်ပဲ ဆရာရဲ့။ ပင်လယ်ကို———————————"

ဒေါက်တာပါရဲရားသည် ပြောရင်းတန်းလန်းရပ်သွားပြီး မျက်လုံးများ ကြောင်စီစီဖြစ်နေ၏။ တက်များနေသလား၊ ဝက်ရူးများပြန်သလား၊ နှလုံးသွေးကြောများ ရုတ်တရက်ပိတ်သွားသလား၊ ဦးနှောက်သွေးကြော များပြတ်လေ သလား။ အားလုံးက စိုးရိမ်တကြီး ထအကြည့် ချက်ချင်းသတိပြန်ရလာပြီး စားပွဲကို ဝုန်းကနဲ ထုရင်း အသံနက် ကြီးဖြင့် အှောလိုက်၏။

"ဟုတ်မှ ဟုတ်ပဲ၊ တောင်ဖက်ကမ်းပဲ၊ ရှင်းနေတာပဲ"

"ကျွန်တှောတို့တော့ နည်းနည်းမှ မရှင်းဘူး ဒေါက်တာ၊ ဒေါက်တာ ဘာတွေပြောနေတာလဲ" လကမဿဘာမှ သံအမတ်ကြီးက ပြောလိုက်သည်။ တကယ်တော့ သူပြောသည်မှာ အားလုံး၏ သဘောထား အမှန်ပင် ဖြစ်တော့သည်။

ပါရဲရားသည် သူ၏ မြေပုံလိပ် တစ်ခုကို ဖြန့်လိုက်သည်။

"ဒါက ရာမရဲ့ ဘေးတိုက် ဖြတ်ပိုင်းပုံစံ၊ ဆလင်ဒါပင်လယ်ကို မြောက်ကမ်းပါးနဲ့ တောင်ကမ်းပါး နှစ်ခုက အနားသတ် ထားတာ တွေ့ကြတယ်နှော။ မြောက်ကမ်းပါးက မီတာ ငါးဆယ် မြင့်ပြီး တောင်ကမ်းပါးက မီတာ ငါးရာ မြင့်တယ်။ ဆယ်ဆတောင်ကွာတယ်။ ဘာကြောင့် ကွာသလဲ ဆိုတာ မသိကြရဘူး၊ ခုတော့ ကျွန်တှော သိပြီ ထင်တယ်"

"တကယ်လို့ ရာမမှာ အလိုလျှောက် တွန်းစနစ်ရှိလို့ သူ့ကိုယ်သူ တွန်းလိုက်ပြီဆိုပါစို့၊ မြောက်ဖက်ပိုင်းက စတွန်းရင် ဒီအားအရှိန်ဟာ တောင်ဖက်ကို သွားမှာမဟုတ်လား။ ပင်လယ်ရေတွေဟာ တောင်ဖက်ကမ်းကို သွားရိုက်မယ်။ တောင်ဖက်ခြမ်းကို ရေမရောက်ချင်ရင် ဘာလုပ်မလဲ။ တောင်ဖက်ကမ်းပါး ကို ခုလို မြှင့်ထား လိုက်ရုံပေါ့၊ ခဏလေး"

ပါရဲရားသည် တစ်စုံ တစ်ခုကို အပြင်းအထန် တွက်ချက် နေသည်။ စကဿကန့်နှစ်ဆယ် ခန့်ကြာသှော ပါရဲရားသည် အောင်ပွဲရ စစ်သူကြီး ပမာ ခန့်ညားသော အပြုံးကို ပြုံးလာနိုင်ပြီ။

"ကမ်းပါး အမြင့်တွေ ကိုသိထားလို့ ရာမရဲ့ အရှိန်နှုန်း အမြင့်ဆုံး ဘယ်လောက်ဖြစ်မယ် ဆိုတာကို တွက်ကြည့်နေ တာပါ၊ ရာမဟာ ဘယ်သူမှ ထင်မထားတဲ့ အမြန်ဆုံးနဲ့ သွားနိုင်တယ်၊ အဲဒါ ကျွန်တှောတို့ ဒုန်းစနစ်နဲ့ ကွာတဲ့ တွန်းစနစ်ရဲ့ အကျိုးကျေးဇူးပဲပေါ့"

ဗုဒဿဓဟူးဂြိုလ် သံအမတ်ကြီးက ပထမဆုံး စကားစပြော၏။

"ဒေါက်တာပါရဲရားကို အရမ်းကျေးဇူးတင်ပါတယ်၊ ဒေါက်တာ က ကျွန်တှောတို့ကို ဦးနှောက်မုန်တိုင်း ဆင်လိုက် တာပဲ၊ သဘာပတိကြီးခင်ဗျား၊ ရာမရဲ့ တောင်ဝင်ရိုးစွန်းကို လေ့လာဖို့ ယာဉ်မှူးနှောတန်ကို တိုက်တွန်းစေ့ချင် ပါတယ်"

"သူလည်း ရှိသမျှ အင်အားနဲ့ အကောင်းဆုံး ကြိုးစားနေပါတယ်၊ ခုရေယာဉ်တစ်မျိုး တည်ဆောက်နေတယ်၊ ပင်လယ်ကို ဖြတ်ဖို့၊ အနည်းဆုံး နယူးယောက်ကျွန်း ကိုတော့ လေ့လာနိုင်ပါလိမ့်မယ်"

"နယူးယောက်ထက် တောင်ဝင်ရိုးစွန်းက ပိုအရေးကြီးပါတယ်၊ ဒီကိစဿစကို သဘာပတိ သဘောတူမယ်ဆိုရင် အထွေထွေ ညီလာခံမှာ တင်ပြလိုပါတယ်"

ကန့်ကွက်မည့်သူမရှိ၊ ကွန်းရတ်ဒ်တေလာပင် ထူးဆန်းစွာ ထောက်ခံ၏။ အစည်းအဝေး ရုပ်သိမ်းခါနီးတွင် ဆာ လူးဝစ်ဆန်းဒ်က လက်ထောင်လိုက်သည်။

ဤ ပညာရှင်ကြီးသည် စကားပြောခဲ၏။ ပြောလျှင်လည်း အားလုံးက ဂရုတစိုက် နားထောင်ကြရသည်။

"ခုရာမဟာ သက်ဝင်လှုပ်ရှာ
းလာပြီ၊ သူ့အစွမ်းတွေကို ပြလာပြီပေါ့၊ ရှေးခေတ်က စစ်တပ်တွေရဲ့ ဆိုရိုးစကား တစ်ခု ရှိတယ်၊ စွမ်းအားရှိတိုင်း ရည်ရွယ်ချက် ရှိတာမဟုတ်ဘူးတဲ့"

ဗုဒဿဓဟူးဂြိုလ် သံအမတ်ကြီးက ဝင်မေးလိုက်၏။

"ဒါဆို သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သိရဖို့ ကျွန်တှောတို့ ဘယ်လောက်ထိ ထပ်စောင့်ရ ဦးမှာလဲ ဆရာကြီး ခင်ဗျား၊ တစ်ခုခု လုပ်ဖို့ နောက်ကျသွားမှာ စိုးပါတယ်"

"အခုကိုပဲ နောက်ကျနေပြီ သံအမတ်ကြီးရဲ့၊ ကျွန်တှောတို့ဟာ ရာမနဲ့ ပါတ်သက်လို့ ဘာများလုပ်နိုင် ခဲ့သေး လို့လဲ"

"အဲသလိုလဲ မဟုတ်သေးဘူး ဆရာကြီး၊ တကယ် လိုအပ်လာရင် ကျွန်တှောတို့ လုပ်နိုင်တာ အများကြီး ရှိပါတယ်။ ပြသဿသနာက အချိန်ပဲ၊ ရာမဟာ ကျွန်တှောတို့ နေရဲ့ အနွေးဓါတ်ကို ဝပ်ကျင်း လာလုပ်တဲ့ ဥတစ်လုံးပဲ၊ အချိန်မရွေး သားထ ပေါက်နိုင်တယ်"

ဒေါက်တာဘို့စ် ပါးစပ်ဟ သွား၏။ သံတမန် သက်တမ်းကာလ တစ်လျှောက် တစ်ခါမှ ဒီလောက် အံ့အားမသင့် ဖူးခဲ့။ မာကျောသော ပြတ်သားသော ဟာမီယန် ဗုဒဿဓဟူး ဂြိုလ်သားတစ်ယောက်သည် လိုအပ်လာသည့် အခါ ကဗျာဆန်ဆန် နိမိတ်ပုံတွေကိုလည်း သုံးတတ်နေ သေးသည်ကိုး။

++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.