အတ္တလန်တစ်ရှာပုံတော် (၇ဝ)
28 Aug 2010 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
စတုတဿထပိုင်း
ရေခဲမြို့တှော
ဧပြီလ ၁ဝ ရက်၊ ၂၀၀၁ ခုနှစ်
ဗျူနိုအေးရီး မြို့တှော၊ အာဂျင်တီးနား
(၃၂)
ဗျူနိုအေးရီးရှိ ဗြိတိသျှသံရုံးရှေ့ဝယ် ဇိမ်ခံဆလွန်းကားကြီးများစီတန်းရပ်နားထားသည်ကို မြင်တွေ့ရ၏။ ပွဲတက်ဝတ်စုံ ကိုယ်စီဖြင့် ဂုဏ်သရေရှိ အမျိုးကောင်းသားများ၊ အမျိုးကောင်းသမီးများဖြင့် ပျားပန်းခတ်စည်ကားလျှက်ရှိသည်။
ရွှေပွဲ လာဧည့်ပရိတ်သတ်အပေါင်းကို ဗြိတိသျှသံအမတ်ကြီး ချားလ်လက်ဇင်တန်နှင့် သံအမတ်ကြီးကတှော မာသာ လက်ဇင်တန်တို့သည် သံတမန်အပြုံးကိုယ်စီဖြင့် အပေါက်ဝမှ ဆီးကြိုနှုတ်ဆက်လျှက် ရှိကြသည်။ ယနေ့ဧည့်ခံပွဲသည် အယ်လစ်ဇဘတ် ဘုရင်မကြီး နှင့် သားတှော ချားစ်မင်းသားတို့ ပြန်လည်ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တစ် ကမဿဘာလုံးရှိ ဗြိတိသျှသံရုံးများတွင် ကျင်းပပြုလုပ်ရသည့် ညစာစားပွဲအခမ်းအနားဖြစ်၏။
အာဂျင်တီးနားလူ့မလိုင်အသိုင်းအဝိုင်းတစ်ခုလုံးကို ဖိတ်ကြားသောပွဲဖြစ်သည့်အားလျှောစွာ အာဂျင်တီးနားသမတ၊ အမျိုးသားကွန်ဂရက်ခေါင်းဆောင်များ၊ ဗျူနိုအေးရီး မြို့တှောဝန်၊ စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများနှင့် ဆယ်လီ ဘရစ်တီခှေါ နာမည်ကျှောကြားလူကြိုက်များသော အနုပညာရှင်များ၊ သူဋေဿဌးကြီးများစုံစုံညီညီတက်ရောက်ကြသည့် ရွှေပှေါမြတင် ဖိတ်ဖိတ်တောက်လက်လက်ထနေသည့် ထိပ်တန်းတကာ့ထိပ်တန်း ပွဲလမ်းသဘင် ဧကန်အမှန်ဖြစ် တော့သည်။
ဧည့်ခန်းမဆောင်သို့ ကားလ်ဝုဖ်နှင့် သူ၏ ညီမများဝင်လာချိန်တွင်မတော့ အတွင်းရှိ ရောက်နှင့်ပြီးသား လူ့မလိုင်များ အားလုံး ဖွဲနှင့်ဆန်ကွဲ သာသာဖြစ်သွားကြ၏။ ကောင်းကင်ယံတွင် ဝိုင်းဝန်းပြည့်ဝစွာထွန်းလင်းတောက်ပနေသော လမင်းကြီးကို မော့ကြည့်ရသကဲ့သို့ ကျန်ပရိသတ်များသည် သူတို့မောင်နှမကို ငေးမောကြည့်ရှုနေကြရသည်။ ဗြိတိသျှ သံအမတ်ကြီးဇနီးမောင်နှံကို နှုတ်ဆက်ပြီး ဧည့်ခန်းမထဲ တစ်လှမ်းချင်းဝင်လာကြသော ခေတ်သစ်ဇောတိက သူကြွယ်ကြီး ကားလ်ဝုဖ်နှင့် ညီမများသည် ယနေ့ည၏ တန်ဖိုးအရှိဆုံးဧည့်ကောင်းစောင်ကောင်းများအဖြစ် သံရုံးမှတ် တမ်းတွင် မှောကွန်းရေးထိုးရမည့်သူများတည်း။
ယနေ့ည ဧည့်ခံပွဲသို့ ကားလ်ဝုဖ်နှင့်အတူ ဂီလီဝုဖ်၊ မာရီယာဝုဖ်၊ လူစီဝုဖ်နှင့် အမေရိကမှ သေကံမရောက်သက်မ ပျောက်ပဲ ပြန်ရောက်လာခဲ့သည့် အယ်လ်ဆီဝုဖ်တို့ ပါလာခဲ့သည်။ ဘူဖေးညစာစားပွဲဖြစ်သည့်အတွက် အဂဿငလန်မှ အကောင်းဆုံး စားတှောကဲများလက်စွမ်းပြချက်ပြုတ်ထားသည့် အကောင်းတကာ့အကောင်းဆုံးစားဖွယ်များကို ပန်းကန်ပြားများနှင့်ထည့်၍ ကားလ်ဝုဖ်နှင့် ညီမတစ်သိုက်သည် လွတ်နေသည့် စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင် လိုက်ကြသည်။
အယ်လ်ဆီသည် ချိစ်တုံးကလေးတစ်တုံးကို ခက်ရင်းဖြင့်ထိုးယူလိုက်ပြီး ပါးစပ်ထဲထည့်ရန် လက်အလှမ်း သူ့လက် သည်လေထဲမှာပင် ရပ်တန့်သွား၏။ သူ့ပါးစပ်သည် ပွင့်ဟလျှက်၊ မျက်နှာတွင် မယုံကြည်နိုင်လောက်အောင် အံ့အား သင့်သည့် အမူအယာက အထင်းသား။
ကားလ်သည် ရုတ်တရက်မူပျက်သွားသော သူ့ညီမ၏ မျက်နှာကို မြင်တွေ့ရသှောလည်း အကြောင်းရင်းကို မမေးသေး ပဲတည်ငြိမ်သွေးအေးစွာစောင့်ဆိုင်းနေလိုက်သည်။ မကြာပါ။ အသားညိုညို၊ အရပ်မြင့်မြင့်အမျိုးသားတစ်ဦးနှင့် အနီရောင်ဆံနွယ်များပိုင်ရှင် အမျိုးသမီးတစ်ဦး သူတို့စားပွဲသို့ ဦးတည်လျှောက်လှမ်းလာ၏။
အမျိုးသားသည် အနက်ရောက်တက်ဆူဒိုပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးကတော့ အနက်ရောင်ပိုးသား ဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ထား၏။ အမျိုးသာ
ကလှမ်း၍ စကားစပြောလိုက်သည်။
“ဟယ်လို အယ်လ်ဆီ၊ ကျန်းခန့်သာလို့ မာပါစ”
အယ်လ်ဆီ ဘာမှပြန်မပြောနိုင်မှီ အမျိုးသားသည် ကားလ်ဝုဖ်ဖက်သို့လှည့်၍-
“ခင်ဗျားကတော့ နာမည်ကျှောကြားတဲ့ သူကြွယ်ကြီး ကားလ်ဝုဖ်ဖြစ်လိမ့်မယ်ထင်တယ်။ ဟောဒီ အမျိုးသမီးကတော့ ဒေါက်တာ ပက်ထရစ်ရှာ အိုကွန်းနဲလ်ပါခင်ဗျား”
ကားလ်ဝုဖ်သည် ဒတ်ပစ်ကို ထုတ်ချင်းပေါက်သွားမတတ် စူးစူးစိုက်စိုက်ကြည့်နေ၏။ ပက်သည် ကားလ်ဝုဖ်ကို ကြည့် ပြီး ကျောထဲမှစိမ့်တက်လာ၏။ သူသည် အလွန်အင်မတန်မှ ချောမောခန့်ညားလှသည်မှန်သှောလည်း အကြည့်များက အေးစက်မာကျောလွန်းလှသည်။ ပက်၏ နာမည်ကိုကြားလိုက်သှော ကားလ်ဝုဖ်သည်ထိုင်ရာမှ ထလာ၏။
“ကျုပ်တို့ချင်းတစ်ခါမှ မတွေ့ဖူးပေမဲ့ ခင်ဗျားကျုပ်ကို သိနေတယ်ဆိုတာ ကျုပ်သိပါတယ်ဗျာ” ပစ်သည် ကမဿဘာ့ထိပ်တန်း သူကြွယ်ကြီးကို လမ်းဘေးမှ ဟမ်ဘာဂါရောင်းသူနှင့်စကားပြောသကဲ့သို့ ခပ်အေးအေး၊ ခပ်ရွှင်ရွှင်ပြောနေ၏။
“ခင်ဗျား ဘယ်သူဆိုတာ ကျွန်တှောမသိတာအမှန်ပဲဗျ” ကားလ်ဝုဖ်က ပြန်ပြောလိုက်သည်။ သူ့အဂဿငလိပ်စကားက အပြစ်ပြောစရာမရှိအောင် ပီသကြည်မြလွန်းသည်။
ပစ်က ခပ်သဲ့သဲ့ရယ်လိုက်ပြီး-
“ကျုပ်က ခင်ဗျားတို့ရဲ့ ဖောက်သည်ကြီးလေဗျာ၊ ကျုပ်နာမည် ဒတ်ပစ် လို့ခှေါတယ်”
ကားလ်ဝုဖ်၏ မျက်လုံးများ စကဿကန့်အနည်းငယ်မျှ တင်းမာသွား၏။ နှုတ်ကတော့-
“ဪ- ဒတ်ပစ်ဆိုတာခင်ဗျားကိုး” ဟုအေးစက်စွာပြောလိုက်သည်။
ပစ်က ကားလ်ဝုဖ်ကို ဂရုမစိုက်တော့ပဲ အယ်လ်ဆီ့ဖက်လှည့်၍-
“ဟေ့-အယ်လ်ဆီ ခင်ဗျားက ကျုပ်ကိုနှုတ်တောင်မဆက်ပဲ ဝါရှင်တန်က ထွက်သွားတာကိုးဗျ” ဟုတရင်းတနှီး နှုတ်ဆက်လိုက်သည်။
အယ်လ်ဆီသည် ပစ်ကို စားမတတ်၊ ဝါးမတတ်ကြည့်နေရာမှ-
“ရှင်အခုဘယ်ကလာတာလဲ” ဟုမေးလိုက်မိသည်။ ပစ်ကလည်း ဒီမေးခွန်းကိုစောင့်နေခြင်းဖြစ်၏။
“ခု ခင်ဗျားတို့ရဲ့ အူးရစ်ဝုဖ်ဆိုတဲ့သဘေဿငာပှေါက လည်ပါတ်ပြီးပြန်လာတာလေ။ ခင်ဗျားညီမ ရိုဆာနဲ့တွေ့လို့ သူက တောင် သဘေဿငာအကြောင်းရှင်းပြလိုက်သေးတယ်။ အပြန် ခင်ဗျားတို့သဘေဿငာပှေါမှာ နေရတာပျင်းတယ်လို့ပြောလို့ ဒေါက်တာအိုကွန်းနဲလ်တို့ သားအမိကို ဝင်ခှေါပြီး ဗျူနိုအေးရီးအရောက် ဒီည ဒီပွဲမှာခင်ဗျားတို့ရှိတယ်ကြားလို့ နှုတ်ဆက်ရအောင်ဝင်လာတာလေ”
အယ်လ်ဆီသည် ပစ်တစ်ကိုယ်လုံး ပြာကျမတတ် ဝင်းဝင်းတောက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ တစ်ကိုယ် လုံးလည်း တဆတ်ဆတ်တုန်နေ၏။ သူက သွားကြားမှထွက်လာသောလေသံဖြင့်-
“ဒီမှာ- ရှင်တို့ကို ကျွန်မတို့ အခုသတ်ပစ်လိုက်လို့ရတယ် သိလား” ဟုပြောလိုက်၏။
ပစ်က မခိုးမခန့် ပြုံးလိုက်ပြီး-
“ခင်ဗျားတို့ အခါပေါင်းများစွာကြိုးစားပြီးပြီပဲ။ တစ်ခါမှ မအောင်မြင်ဘူးမဟုတ်လားဗျ၊ အခုတော့မကြိုးစားနဲ့ဦးဗျ၊ တှောကြာ ဗြိတိသျှ သံရုံးရဲ့ ပွဲလမ်းသဘင်ဆင်ယင်ကျင်းပနေတုန်း ဧည့်ပရိသတ်အများကြီးကြားထဲမှာ ဝုဖ်မိသားစုက လူသတ်ခြင်းဆိုတဲ့ စာလုံးမည်းကြီးတွေနဲ့ သတင်းထဲပါသွားရင် မဟာအရှက်တှောကြီးတွေ ဟက်တက်ကွဲကုန်ကြပါ ဦးမယ်။”
ကားလ်သည်မနေနိုင်တော့။ သူတို့လို လူတကာဝတ်တွားခယရသည့် မိသားစုကို စီးစီးပိုးပိုးပြောဆိုနေသော ဤအကောင်ကို အစိမ်းလိုက်ဝါးစားချင်စိတ်များပှေါလာသည်။
“ဒါကျွန်တှော့တိုင်းပြည်ပါ မစဿစတာပစ်၊ ခင်ဗျားရဲ့ အမေရိကမဟုတ်ဘူး။ ဒီခန်းမထဲကနေ ခြေတစ်လှမ်းအပြင်ရောက် တာနဲ့ ခင်ဗျားအသက်နဲ့ကိုယ် အိုးစားကွဲပြီသာအောက်မေ့ပါ”
“အို-ခြိမ်းလှ၊ ချောက်လှပါလား မစဿစတာကားလ်ဝုဖ်ရဲ့။ ခင်ဗျားအဲသလိုလုပ်ရင် ကျုပ်နဲ့အတူပါလာတဲ့ အမေရိကန် သံအမတ် ဂျွန်ဟွန်းနဲ့ မရင်းတပ်ကတော့ ကြိုက်မယ်မထင်ဘူးဗျ”
အခြေအနေကိုကြည့်နေသော ကားလ်ဝုဖ်၏ သက်တှောစောင့်များထဲမှ တစ်ယောက်သည် ပစ်ကို ရ
်ပြုမည့်ဟန်ဖြင့် ရှေ့ထွက်လာသည်။ အယ်လ်ဂျီယိုဒီနိုသည် ရုတ်တရက်မိုးပှေါမှကျလာသလို ပှေါလာပြီးထိုသက်တှောစောင့်၏ ရှေ့မှ ပိတ်ရပ်လိုက်၏။ အယ်လ့်ထက် ပေါင်ငါးဆယ်မျှ ပိုလေးပြီး အရပ်ဆယ်လက်မမျှ ပိုရှည်သည့် ဝုဖ်၏ သက်တှော စောင့်သည် အယ်လ်၏အပှေါမှ မိုးနေသည်။ သူက-
“ဟေ့-အကောင်သေးကလေး။ မင်းကိုယ်မင်း ဘာထင်နေသလဲ” ဟုခပ်ရင့်ရင့်မေးလိုက်၏။
အယ်လ်က မော့ကြည့်လိုက်ပြီး-
“အဲဒီအကောင်သေးကလေးက မင်းလိုမျိုး ဝုဖ်နောက်လိုက်ခွေး တစ်ဒါဇင်လောက်သတ်ပြီးပြီဆိုတာ မင်းသိရော သိရဲ့လား” ဟုပြန်မေးလိုက်၏။
သက်တှောစောင့်၏ မျက်နှာသည် ငရုတ်ဆီပုလင်းဖြင့် အပက်ခံလိုက်ရသကဲ့သို့ ရဲတွတ်သွား၏။ နောက်ပဲပြန် ဆုတ်ရမလို၊ ရှေ့မှပိတ်ရပ်နေသည့် အယ်လ့်ကိုပဲ ကိုင်ပေါက်ရတော့မလို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေစဉ် သူ့ သခင် ကားလ်က လက်ယမ်းပြလိုက်သဖြင့် နောက်ဆုတ်သွား၏။ ကားလ်က-
“အူးရစ်ဝုဖ်ပှေါကနေ အသက်ရှင်ရက်ပြန်လွတ်လာတာကိုတော့ ခင်ဗျားတို့ကို ကျွန်တှောချီးကြူးပါတယ်။ ကျွန်တှော့ လုံခြုံရေးတွေ ညံ့သေးတယ်လို့ပဲမှတ်လိုက်ပါမယ်”
“မညံ့ပါဘူး၊ ခင်ဗျားလူတွေတှောကြပါတယ်။ ကျုပ်တို့ ကံကြီးလွန်းလို့လွတ်လာတာပါ” ပစ်သည် ဒီတစ်ခါတော့ တကယ်အမှန်ကိုပြောခြင်းဖြစ်သည်။
ကားလ်ဝုဖ်သည် ပစ်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ သူ့အရပ်သည် ပစ်ထက် နှစ်လက်မခန့်ပိုမြင့်၏။ ပင်လယ်ပြာ ရောင်တောက်နေသော မျက်လုံးပြာများဖြင့် ပစ်ကိုစေ့စေ့ကြည့်ပြီး-
“ကျွန်တှော့ကို ဆန့်ကျင်တာ ခင်ဗျားအဖို့ မဟာအမှားကြီးပဲ မစဿစတာပစ်၊ ခင်ဗျားမှတ်ထားဖို့က ကျွန်တှောဟာ တစ်ကမဿဘာလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်တုန်းကလို ပြန်လည်သန့်စင်အောင်လုပ်မယ်ဆိုတာကိုပဲဗျ၊ မည်သည့် တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ၊ မဖြစ်ဖြစ်အောင်ကို လုပ်မှာ”
ပစ်သည် နောက်မဆုတ်တော့။ ကားလ်ဝုဖ်၏ မျက်လုံးပြာများကို အေးစက်သောအငွေ့အသက်များယှက်သန်းနေ သည့်သူ၏ မျက်လုံးစိမ်းများဖြင့် စေ့စေ့ကြည့်ရင်း-
“ခင်ဗျားတို့ မိသားစုကြောင့် လူပေါင်းများစွာ ဒုကဿခရောက်ခဲ့ရပြီးပြီ၊ ဒီညတော့ စကြာဝဋဿာရဲ့ အရှင်သခင် အဖြစ် ကိုယ့်ကိုယ်ကို မှတ်ထင်နေတဲ့ခင်ဗျားဟာ ဘယ်လိုကောင်မျိုးလဲဆိုတာ ကျုပ်မျက်စိနဲ့ မြင်ရအောင်လာကြည့်တာပဲဗျ” ဟုပြန်ပြောလိုက်သည်။
“အခုတွေ့ပြီ မဟုတ်လား”
“တွေ့တော့လည်း ခင်ဗျားဟာ မုန့်ဆီကြှောကဘယ်နားနေမှန်းမသိသေးဘူး၊ နှုတ်ခမ်းနာနဲ့ မတည့်ဘူးလို့ အှောနေတဲ့ လူနဲ့တူသဗျ၊ နေစမ်းပါဦး၊ အားမီးနီးစ်တွေပြောခဲ့တဲ့ ဒုတိယကြယ်တံခွန်ဟာ နောက်လထဲမှာ ကမဿဘာကို ဝင်တိုက်လိမ့်မယ်လို့ ဘာကြောင့်များ အင်မတန်သေချာနေရတာလဲ”
ကားလ်ဝုဖ်က မဟာဆန်ဆန်ပြုံးလိုက်၏။
“ခင်ဗျားပြောတာနည်းနည်း လိုနေတယ် မစဿစတာပစ်၊ တကယ်က နောက်လမဟုတ်ဘူး၊ အတိအကျပြောရရင် နောက်လေးရက်နဲ့ ဆယ်နာရီအကြာမှာကို အဲဒီကိစဿစကြီးဖြစ်တော့မှာ”
ပစ်တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွား၏။ နောက်ငါးရက်အတွင်းဆိုပါလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ထိုအချိန်တွက် ပက်ထရစ်ရှာကဝင်၍-
“ရှင်တို့က ဒီကိစဿစကို မိသားစုပိုင်၊ ဘိုးဘွားပိုင် လျှို့ဝှက်ကိစဿစလို သဘောထားတယ်ပေါ့လေ။ ကျန်တဲ့ တစ်ကမဿဘာလုံး ခွေးသေဝက်သေ သေကြပါစေ၊ ငါ့သား၊ ငါ့တူ၊ ငါ့ညီများလွတ်ရင်ပြီးရောပေါ့၊ စိတ်ဓါတ်အောက်တန်းကျလိုက်ကြတာ ရှင်။ တကဲ့တိရိစဿဆာန်သာသာတွေပါပဲ”
ပက်၏ စကားများသည် အယ်လ်ဆီ့ကို အကြီးအကျယ်ဒေါသူပုန်ထစေ၏။
“ရှင် ကျွန်မတို့မိသားစုကို စှောကားဝံ့သလား”
ပစ်သည် ပက်ထရစ်ရှာ၏ ခါးကလေးကို ဖက်ရင်း-
“အို-ပက်ရဲ့၊ အဲသလို မပြောရဖူးလေ။ သူတို့က အောက်တန်းကျတာမဟုတ်ပါဘူး၊ ခံစားချက်မရှိတာပါ၊ ဒီမှာ အယ်လ်ဆီ
ခင်ဗျားနဲ့ ခင်ဗျားညီမတွေရဲ့ ယောကဿငျားတွေကို ကျူပ်တော့သနားမိတယ်ဗျ၊ သိလား၊ ရေခဲတုံးကြီးတွေနဲ့ အတူအိပ်ရသလိုနေကြရှာမှာပဲနှော”
အယ်လ်ဆီသည် ဒေါသမွှန်ပြီး ပစ်ကို ပါးရိုက်ရန် လက်မြှောက်လိုက်၏။ ပက်က အယ်လ်ဆီလက်ကို ဆောင့်တွန်းပစ် လိုက်သည်။ အယ်လ်ဆီသည် ရုတ်တရက် လန့်သွား၏။ သူမကို မည်သူတစ်ဦးတစ်ယောက်ကမှ ကြမ်းကြမ်းတမ်း တမ်းမဆက်ဆံခဲ့ဖူးချေ။
ပက်က ပစ်နှင့် အယ်လ်ဖက်သို့ လှည့်၍ပြုံးပြီး-
“ပျင်းလိုက်တာ၊ သွားကကြရအောင်” ဟုပြောလိုက်သည်။
ပက်နှင့် အယ်လ်တို့ ကပွဲခန်းမသို့ ထွက်ခွာသွားသောအခါ ပစ်သည် ကားလ်ဝုဖ်ဖက်သို့ပြန်လှည့်၍-
“ကြယ်တံခွန် ဝင်တိုက်မဲ့ရက်ကို ရှေ့ကိုတိုးနိုင်လောက်တဲ့ အစွမ်းသတဿတိခင်ဗျားမှာရှိလို့လား” ဟုမေးလိုက်၏။
ကားလ်ဝုဖ်က မဲ့ပြုံးပြုံးရင်း-
“ဒါကတော့ လျှို့ဝှက်ချက်၊ မစဿစတာပစ်ရဲ့၊ ခင်ဗျားကို ပြောပြလို့မရဘူး”
ပစ်သည် စကားလမ်းကြောင်းလွှဲလိုက်၏။
“ခင်ဗျားတို့သဘေဿငာတွေက တည်ဆောက်ပုံကတော့ အံ့မခန်းပဲဗျ၊ နှောမန် နစ်ဆွန်ရဲ့ ပင်လယ်မြို့တှောပရောဂျက် ကိုတောင်သတိရမိသေးတယ်”
“ဟုတ်ပါတယ်၊ မစဿစတာပစ်၊ ကျွန်တှောတို့ နှောမန် နစ်ဆွန်ရဲ့ ဒီဇိုင်းအတှောများများကို သုံးထားပါတယ်”
“တစ်ခုပဲရှိတယ်။ ဒီသဘေဿငာတွေ ရေပှေါတကယ်ပှေါနိုင်ပါ့မလား”
“ဒါကတော့ အချိန်တန်ရင် အဖြေပှေါမှာပါ”
“အဖြေက ခင်ဗျားထင်သလိုမဟုတ်ခဲ့ရင် ဘာလုပ်မလဲ”
ကားလ်ဝုဖ်မျက်နှာကို အကဲခတ်နေသောပစ်သည့် သူ့မေးခွန်းကို ဖြေရန် ကားလ်မှာအဖြေမရှိကြောင်း ကောင်းကောင်းသိလိုက်ရသည်။သို့သှော ကားလ်ကချက်ချင်းပင်-
“ကျွန်တှောတို့ မှန်းထားတဲ့အတိုင်းပဲ ကိစဿစတွေဟာဖြစ်လာမှာပါမစဿစတာပစ်။ ဒီကိစဿစနဲ့ပါတ်သက်ပြီး ခင်ဗျားတို့နဲ့ ကျွန်တှောတို့ဟာ အမြင်မတူကြဘူးဗျာ၊ ခင်ဗျားတို့က ဒီကိစဿစကို အဆုံးလို့မြင်တယ်၊ ကျွန်တှောတို့က အရာအားလုံးရဲ့ အစလို့မြင်တယ်။ ကဲ-ကောင်းသောညပါမစဿစတာပစ်၊ ကျွန်တှောတို့ကို ခွင့်ပြုပါဦး”
ထိုသို့ပြောဆိုပြီးနောက် ကားလ်ဝုဖ် သည် သူ့ညီမများ၊ သူ့ကိုယ်ရံတှော သက်တှောစောင့်များကို ဦးဆောင်လျှက် ထွက်တှောမူ နန်းကခွာသွားလေတော့၏။

Aug 30, 2010 @ 12:03:17
ကောင်းပါတယ်ဗျာ အရေးအသားတွေ နည်းနည်းစောင့်ရာတော့ ရှိတာပေါ့လေ
အေးဆေးပေါ့