အတ္တလန်တစ်ရှာပုံတော် (၇၁)
30 Aug 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဝုဖ်သည် အရူးတစ်ယောက်ဖြစ်သည်ဟု ပစ်ယုံမှတ်လိုက်ချင်သည်။ သို့သှော အရူးတစ်ယောက်ဖြစ်ဖို့ ထိုသူ၏ အသိဉာဏ်ပညာ၊ ဥစဿစာဓနနှင့် စီမံခန့်ခွဲမှုစသည့်အရည်အချင်းများက တှောလွန်း၊ ကောင်းလွန်းအားကြီးနေသည်။
ဝုဖ်၏ ကိုယ်ပိုင်အချိန်ဇယားအလိုအရ ယခုကမဿဘာပျက်ရန် သို့တည်းမဟုတ် ပစ်အတွက် ပြသဿသနာ၏အဖြေကိုရှာရန် လေးရက်နှင့် ဆယ်နာရီတိတိသာအချိန်ရတော့သည်။ ဝုဖ်သည်ဘာကြောင့်များဤနေ့ဤရက် အတိအကျကိုပြောသွား ခဲ့ပါလိမ့်၊ ပစ်သိသိမသိသိ ဂရုမစိုက်ဆိုသည့်သဘောနှင့်လား၊ သို့တည်းမဟုတ် ခုချိန်မှတော့ ဘယ်သူမှ ဘာမှမတတ် နိုင်တော့ဆိုသည့် ယူဆချက်နှင့်လား။ ပစ်ခေါင်းထဲတွင် လားပေါင်းများစွာနှင့် ချာချာလည်နေ၏။
ပစ်သည် စိတ်ရှုပ်ထွေးစွာဖြင့် အရက်ဘားရှိရာသို့လျှောက်လာခဲ့ပြီး အနီဂျို တာကွီလာ ကော့တေးတစ်ခွက် စပ်ခိုင်းပြီး ဖြည်းဖြည်းချင်း ဇိမ်ဆွဲသောက်နေလိုက်သည်။ အာဂျင်တီးနားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်ဟွန်းသည် သူ့နားလာရပ်၏။
“ဘယ့်နှယ့်လဲ၊ ကားလ်ဝုဖ်နဲ့စကားပြောလို့ အဆင်ပြေရဲ့လား”
“သိပ်တော့မပြေဘူးဗျ၊ သူက သူ့ကိုယ်သူ ဘုရားသခင်လောက်အောက်မေ့နေတာကိုး”
“ကားလ်ဝုဖ်ဟာ လူထူးလူဆန်းဗျ၊ ကျွန်တှောသိသလောက်တော့ ဘယ်သူမှ သူနဲ့နီးနီးကပ်ကပ် အတွင်းကျကျ ပေါင်းသင်းဆက်ဆံဖူးတဲ့လူ မရှိဘူး။ ကျွန်တှောလည်း လက်လှမ်းမီသလောက် တီးခေါက်ကြည့်ပါတယ်။ ကမဿဘာပှေါ ကြယ်တံခွန်ကျမယ်လို့ ပြောနိုင်တဲ့အထောက်အထားတော့ ဘယ်မှာမှ မတွေ့ရဘူးဗျ”
“သံအမတ်ကြီးရော သူ့အကြောင်းဘယ်လောက်သိထားသလဲခင်ဗျ”
“ဘာမှတော့သိပ်မသိပါဘူး၊ စီအိုင်အေ အစီရင်ခံစာတွေထဲဖှောပြသလောက်ပဲသိတာပါ။ သူ့အဘိုးက ဂျာမနီက ပြေးလာတယ်ဆိုတာရယ်၊ နာဇီအဆက်အနွယ်တွေဆိုတာရယ်၊ ခန့်မှန်းမရလောက်အောင် ချမ်းသာကြွယ်ဝတာရယ် ဒီလောက်ပါပဲ”
“သူတို့ မိသားစုအကြောင်းရော”
သံအမတ်ကြီးသည် မာတီနီတစ်ခွက်ကို မှာလိုက်ပြီး-
“ဒါလည်း ကောလာဟာလလောက်ပဲဗျ၊ ကျွန်တှောရဲ့ အာဂျင်တိုင်း မိတ်ဆွေတစ်ချို့ပြောစကားအရတော့ အော့ဇဝစ် လူသတ်သမားလို့နာမည်ကြီးခဲ့တဲ့ ဒေါက်တာ ဂျိုးဆက် မင်ဂလာဟာ ဝုဖ်မျိုးဆက်တည်ထောင်ဖို့ အရေးကြီးတဲ့နေရာ ကပါဝင်ခဲ့တယ်လို့ဆိုတယ်။ မျိုးရိုးဗီဇ သုတေသနလုပ်ငန်းကနေ—–” သံအမတ်ကြီးသည် ဘေးဘီကို ကြည့်ပြီး အသံကို တိုးလျှက်-
“ဟစ်တလာရဲ့ ဖိုမျိုးရည်တွေကို ဝုဖ်အမျိုးသမီးတွေဆီ ထိုးသွင်းပြီး သနေဿဓအောင်စေတယ်လို့ဆိုကြတယ်”
“သံအမတ်ကြီးရော အဲဒီသတင်းတွေကို ယုံသလား”
“ကျွန်တှော မယုံချင်ဘူးဗျာ။ ဒါပေမဲ့—” သံအမတ်ကြီးဟွန်းသည် မာတီနီကို တစ်ကျိုက်စုပ်လိုက်သည်။
“ကျွန်တှောသံရုံးက ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူး စတိဖ်မေလာက ကွန်ပြူတာပှေါမှာ ဟစ်တလာ့ဓါတ်ပုံနဲ့ ဝုဖ်မျိုးဆက်တွေရဲ့ဓါတ်ပုံကို ခွဲခြမ်းစိတ်ဖြာပြတော့မှ မျက်လုံးနဲ့ ဆံပင်အရောင်ကလွဲလို့ မျက်နှာတည်ဆောက်ပုံက အတှော့ကို တူတာသွားတွေ့ရတယ်”
ပစ်သည် သူ၏လက်ကို သံအမတ်ကြီးကို ဆန့်ထုတ်ကမ်းပေးပြီး-
“ခုလို ကျွန်တှောတို့ကို ကူညီတဲ့အတွက်ရော၊ ကာကွယ်စောင့်ရှောက်ပေးတဲ့အတွက်ပါ သံအမတ်ကြီးကို ကျေးဇူးတင် လှပါတယ်ခင်ဗျာ၊ အထူးသဖြင့်တော့ ကားလ်ဝုဖ်နဲ့တွေ့ရအောင် ချက်ချင်းစီစဉ်ပေးနိုင်တဲ့အတွက်ပေါ့”
ဂျွန်ဟွန်းသည် ပစ်၏လက်ကို တင်းတင်းဆွဲညှစ်ရင်း-
“ဝုဖ်တွေ ဒီပွဲတက်ဖြစ်လို့ ကျွန်တှောတို့ ကံကောင်းသွားတာဗျ။ ဒါပေမဲ့လည်း ကျွန်တှောကျေနပ်တယ်ဗျာ၊ အခုလို ပွဲကြီးပွဲကောင်းမျိုးကို ကျွန်တှောတို့လို ပျားရည်နဲ့ဝမ်းခ
ျရတဲ့ သံတမန်တွေအဖို့ ဘယ်နည်းနဲ့မှ ဆင်နွှဲပိုင်ခွင့်မရှိဘူးလေ”
“သူပြောတဲ့အတိုင်းဆို ဟိုအချိန်ရောက်ဖို့ လေးရက်နဲ့ ဆယ်နာရီပဲကျန်တော့တယ်ဆိုပဲ၊ မကြာခင် သူတို့တွေ သဘေဿငာပှေါတက်တော့မယ်ထင်တယ်”
ဂျွန်ဟွန်း မျက်လုံးပြူးသွား၏။
“ဘုရားရေ၊ တကယ်လားဗျ၊ နေဦး၊ ကျွန်တှောသိသလောက်တော့ ကားလ်ဝုဖ်ဟာ သဘက်ခါမှာ အနဿတာတိက သွားဖို့ရှိတယ်။ သူတို့မိုင်းတွင်းအခြေအနေကို လေ့လာဖို့လို့ အတွင်းသတင်းတစ်ခုမှာတွေ့ရတယ်”
ပစ် မျက်မှောင်ကြုတ်သွား၏။
“ဒါစဉ်းစားစရာပဲ သံအမတ်ကြီး၊ ဒီပရောဂျက်ကို စီအိုင်အေက အတွင်းကျကျမသိဘူးဗျ၊ သံအမတ်ကြီး ဘယ်က သိတယ်တော့မဆိုနိုင်ဘူး၊ ဒါပေမဲ့ စီအိုင်အေထက်တော့ အများကြီးသာတယ်”
ဂျွန်ဟွန်းသည် ပြုံးပြုံးကြီးလုပ်နေ၏။
ပစ်သည် တာကွီလာကော့တေးခွက်ထဲမှ ရေခဲတုံးကလေးများကို စိုက်ကြည့်ရင်းအတွေးနယ်ချဲ့နေ၏။ အနဿတာတိကကို ဘာကိစဿစမ်ား ကားလ်ဝုဖ်ဟာအလောတကြီးသွားမှာပါလိမ့်။ အဲဒီကို သဘက်ခါသွား၊ အသွားအပြန် နှစ်ရက်တော့ကြာမယ် ဆိုရင် သူပြောတဲ့ ကမဿဘာပျက်မယ့်နေ့ရောက်ပြီပေါ့၊ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ တစ်ခုခု တော့အကြီးအကျယ် လွဲနေချေပြီ။
+++++++++++++++++++++++
(၃၃)
နောက်တစ်နေ့တွင် ကံကြမဿမာအင်တာပရိုက်စ်၏ ပဲ့ကိုင်ရှင်များ၊ သို့တည်းမဟုတ် စတုတဿထဂျာမန်အင်ပါယာ၏ အနာဂါတ် အရှင်သခင်များဖြစ်သည့် ဝုဖ်မိသားစု၏ ထိပ်တန်းစီမံခန့်ခွဲသူ (၂၇) ယောက်သည် ကံကြမဿမာ အင်တာပရိုက်စ်၏ ရုံးခန်း တစ်ခုဝယ် စုဝေးတွေ့ဆုံခဲ့ကြ၏။ ပေလေးဆယ်ရှည်သော ပိတောက်သား ဘဲဥပုံအစည်းအဝေး စားပွဲကြီး၏ ထိပ်နံရံ တွင်တော့ အနက်ရောင် အက်စ်အက်စ် ယူနီဖောင်းဝတ်ထားသော ကျေးဇူးရှင်ကြီး အူးရစ်ဝုဖ် ၏ ဆီဆေးပန်းချီ ကားကြီးကို တခမ်းတနားချိတ်ဆွဲထား၏။
မနက် ဆယ်နာရီ တိတိတွင် ဥကဿကဋဿဌျကီး ကားလ်ဝုဖ်ကြွချီလာပြီး ထိပ်ဆုံးတွင်နေရာယူ၏။ သူ၏ ဘယ်ဖက်တွင် ဖခင် ဖြစ်သူ မက်စ်ဝုဖ်၊ ညာဖက်တွင် ဘရူနိုဝုဖ်တို့ရှိကြ၏။ ကြည့်ရသည်မှာ ကားလ်ဝုဖ်သည် ပျှောရွှင်တက်ကြွနေပုံပှေါ၏။ သူက စတင်၍ စကားပြော၏။
“ဒီနေ့ နောက်ဆုံးအစည်းအဝေးကို မစခင် ကျွန်တှော့အနေနဲ့ တာဝန်တွေအားလုံးကို အချိန်တိုအတွင်း ပြီးစီးအောင် ကိုယ်ကျရာ အခန်းကဏဿဍကနေ လုပ်ဆောင်ခဲ့ကြတဲ့ မိသားစုဝင်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါတယ်”
အစည်းဝေးခန်းမတစ်ခုလုံး လက်ခုပ်သံများဖုံးလွှမ်းသွားသည်။
မက်စ်ဝုဖ်က ပြုံးရွှင်စွာဖြင့်-
“ဒီနေ့ဒီအချိန်ကစပြီး ငါတို့ရဲ့ ဘိုးဘေးတွေ မျှောမှန်းခဲ့ကြတဲ့ စတုတဿထနိုင်ငံတှောကို ငါ့သားကြီး ကားလ်ဝုဖ်ရဲ့ ဦးဆောင်မှုနဲ့ ပီပီပြင်ပြင် အကောင်အထည်ဖှောဆောင်ရွက်နိုင်တော့မယ်။ ခေါင်းဆောင်ကြီးရဲ့ သွေးတွေ မင်းတို့သွေး ကြောထဲမှာ စီးဆင်းနေသ၍ ဂျာမန်နိုင်ငံတှောအဓွန့်ရှည်မယ်ဆိုတာ အားလုံးမြဲမြဲမှတ်ထားကြပါ”
လက်ခုပ်သံများ ပိုမို ကျယ်လောင်စွာထွက်ပှေါလာပြန်သည်။ မက်စ်ဝုဖ်မှ တစ်ပါးအားလုံးသည် တစ်ပုံစံတည်း၊ ချွတ်စွပ်နီးပါးရုပ်ဆင်းအဂဿငါများ တူညီကြသည်မှာ တစိမ်းတယောက်အတွက်ဆိုလျှင် တကယ့် ထူးထွေသည့်အံ့ရာသှော ကိစဿစကြီးဖြစ်ပေလိမ့်မည်။
ကားလ်သည် ဘရူနိုဖက်သို့ လှည့်၍-
“ကျန်တဲ့မိသားစုဝင်တွေ အူးရစ်ဝုဖ်ပှေါရောက်ကြပြီလား”
ဘရူနိုဝုဖ်က ခေါင်းညိတ်၍-
“အားလုံးရောက်ကြပြီ ကားလ်”
“ထောက်ပံ့ရေး ပစဿစည်းတွေရော”
ဝေလ်ဟိန်းဝုဖ်သည် လက်ထောင်ပြလိုက်ပြီး-
“သဘေဿငာလေးစီးလုံးမှာ စားနပ်ရိကဿခာအပြည့်တင်ပြီးပါပြီ။ ထောက်ပံ့ရေးပစဿစည်းနဲ့ လျှပ်စစ်ပစဿစည်းအားလုံးလည်း အသင့်တပ်ဆင်ထားပြီးပါပြီ။ ကျွန်တှောတို့ပဲ ကျန်ပါတော့တယ်”
ကားလ်က ပြုံးလိုက်ပြန်ရင်း-
“ခင်ဗျားတို့ သွားနှင့်ကြပါ၊ ကျွန်တှောနောက်က လိုက်ခဲ့မယ်။ အိုကူမားပင်
ယ်အှောမှာ နောက်ဆုံးစီစဉ်စရာ ရှိတာစီစဉ်ဖို့ သွားရဦးမယ်”
“နောက်တော့မကျနဲ့နှော အကို၊ နောက်ကျနေရင် ကျွန်မတို့က အကို့ကို မစောင့်ပဲ ထားပစ်ခဲ့မှာ” အယ်လ်ဆီက ခပ်မြူးမြူးပြော၏။
ကားလ်က စိတ်ချပါ ဟုပြောလိုက်၏။
ရိုဆာဝုဖ်က လက်ထောင်ပြရင်း-
“နေဦး၊ ကျွန်မတစ်ခုမေးချင်လို့၊ ဟိုအမေရိကန် ပညာရှင်က အားမီးနီးစ်သကေဿငတတွေ အားလုံးကို ဘာသာပြန်ပြီး သွားသလား”
ကားလ်က ခေါင်းယမ်းရင်း-
“အဲဒါတစ်ခုတော့ တို့များရဲ့ ဆုံးရှုံးမှုပဲ ညီမရဲ့၊ ဒေါက်တာ အိုကွန်းနဲလ်ဟာ သူလုပ်ခဲ့တဲ့အလုပ်မှန်သမျှ အားလုံးယူ သွားခဲ့တယ်၊ ခုအမေရိကန်က မျက်စေ့ဒေါက်ထောက်ကြည့်နေပြီဆိုတော့ သူ့ကို ပြန်ရဖို့မလွယ်တော့ဘူး၊ ဒါပေမဲ့ ခုမှတော့ ကိစဿစမရှိတော့ပါဘူးလေ။ အချိန်ရောက်တော့မှာပဲ”
အယ်လ်ဘတ်ဝုဖ်ဆိုသည့် ဂေဟဗေဒပညာရှင်က-
“အိုကွန်းနဲလ် ဘာသာပြန်နေတာ ကမဿဘာပျက်ကပ်အပြီးဖြစ်ခဲ့တဲ့အကြောင်းတွေမဟုတ်လား၊ အဲဒါတွေကို ပြည့်ပြည့်စုံစုံ သိရရင်တော့ ပိုပြီးအကျိုးရှိမယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တှောတို့ ကွန်ပြူတာခန့်မှန်းချက်တွေလည်း အားကိုးရမယ်လို့ ထင်ပါတယ်”
အယ်လ်ဆီက ဝင်ပြောပြန်၏။
“အဓိကအချက်က ကျွန်မတို့သဘေဿငာတွေ ရေထဲရောက်ရင် လှိုင်းဒဏ်၊ ရေဒဏ်၊ လေဒဏ်ကို ခံနိုင်ဖို့ပဲ”
“ဒီအတွက်တော့ စိတ်ချ အယ်လ်ဆီ၊ တို့သဘေဿငာတွေဟာ ဘယ်ဒဏ်ကိုမဆိုခံနိုင်အောင် အထပ်ထပ်အခါခါ စစ်ဆေးပြီးသား”
အင်ဂျင်နီယာ ဘရန့်ဝုဖ်က ဝင်ပြောလိုက်၏။
“စိတ်ချရတဲ့အချိန်ကျရင် ကျွန်မတို့ ကပ်ရမဲ့ကမ်းကို ရွေးထားပြီးပြီလား” မာရီယာဝုဖ်၏ အမေးကို အယ်လ်ဘတ်ဝုဖ်က-
“အဲဒီအတွက် သတင်းအချက်အလက်တွေ စုနေတုန်းပဲ။ တကယ်ဖြစ်ပြီးတဲ့အချိန်နဲ့ တွက်ထားချက်ထားတာနဲ့ နည်းနည်း လွဲနိုင်ခြေရှိနေလို့ မဆုံးဖြတ်ရသေးဘူး”
ကားလ်ဝုဖ်က-
“ဟုတ်တယ်။ ခုထိတွက်ထားပြီးသလောက်ဆိုရင် ဥရောပတစ်တိုက်လုံးနီးပါးရေလွှမ်းမယ်။ ဆာဟာရသဲကနဿတာရ ဟာ ပင်လယ်ပြင်ဖြစ်လာမယ်။ အမေရိကန်နဲ့ ကနေဒါဟာ ရေခဲပြင်ဖြစ်သွားမယ် ဆိုတော့ ကမဿဘာသစ်အတွက် စောင့်ရဦးမှာ ပေါ့” ဟုဆိုလိုက်၏။
“သဘေဿငာပှေါမှာ ဘယ်လောက်ကြာမယ်ထင်လဲ” ပညာရေး ပါရဂူ ဂါဒါဝုဖ်ကမေးလိုက်သည်။
ကားလ်က ခေါင်းခါပြလိုက်၏။ ခုထိသူ့မှာ ထိုမေးခွန်းအတွက်အဖြေမရှိ။
“အသက်ရှင်ကျန်နိုင်တဲ့ တောင်ပှေါသားတွေအတွက် ဘယ်လိုစီမံထားလဲ” မာရီယာဝုဖ်က မေးလိုက်ပြန်သည်။
“အသက်ရှင်မဲ့လူက လက်တစ်ဆုပ်စာလောက်ရှိမှာပါ၊ သူတို့ထိုက်နဲ့ သူတို့ကံပေါ့” ဘရူနိုဝုဖ်က ဆိုလိုက်၏။
မက်စ်ဝုဖ်က-
“ဟုတ်တယ်ကွ၊ အဲဒီအချိန်ရောက်ရင် တို့စတုတဿထအင်ပါယာကလွဲလို့ အသိဉာဏ်ရှိတဲ့ လူသားမျိုးနွယ် မျိုးတုံး သွားလောက်ပြီလေ။ သန်စွမ်းသူသာ ရှင်သန်ရာ ဆိုတဲ့ ဒါဝင်ရဲ့သီအိုရီအတိုင်းပေါ့။ ခေါင်းဆောင်ကြီး ကနေ ဆင်းသက်တဲ့ အရှင်သခင်မျိုးနွယ်သာကျန်ရစ်ခဲ့ရတော့မယ်”
“ခဏလေး၊ ဦးလေး၊ ကျွန်တှောပြောပါရစေ” ဖဲလစ်ဝုဖ်ဆိုသူက ထပြောလိုက်၏။
“သဘောတရားအရတော့ ကျွန်တှောတို့ဟာ ဟစ်တလာ့သွေးပါတယ်ဆိုတာမှန်ပါတယ်။ ခေါင်းဆောင်ကြီး ဟစ်တလာရဲ့ အမြင်နဲ့ စီမံခန့်ခွဲနိုင်စွမ်းကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တှောတို့ဟာ ဘိုးဘေးလက်ထက်က နာဇီပါတီဝင်တွေမဟုတ်သလို အလကားနေရင်း ဟေး-ဟစ်တလာ ထိုင်အှောနေမဲ့လူတွေလည်း မဟုတ်ဘူး၊ ကျွန်တှောတို့ဟာ လူသာမန်တွေထက်တစ်ဆင့်မြင့်တဲ့ မျိုးဆက်တစ်ဆက်ဖြစ်တဲ့အတွက် နာဇီခေတ်က ဒုစရိုက်မှုတွေ နဲ့ ခြစားမှု၊ အသုံးမကျမှုတွေကိုထားပစ်ခဲ့တော့မှာဖြစ်တယ်”
တစ်ချိန်လုံးငြိမ်နေသည့် အှောတိုဝုဖ်က-
“သိပ်ကောင်းတယ်။ ဖဲလစ်ပြောတာ ကျွန်တှောတို့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက် အနှစ်ချုပ်ပါပဲ” ဟုပြောလိုက်၏။
အားလုံးငြိမ်သွားကြချိန်ဝ
် ကားလ်ဝုဖ်သည် လက်နှစ်ဖက်ကို ယှက်ရင်းနိဂုံးချုပ်စကားကို ဆိုလိုက်တော့သည်။
“နောက်နှစ်ဒီအချိန်ရောက်ရင် ကျွန်တှောတို့ သဘေဿငာပှေါကနေပြီး လူတစ်ယောက်မှ မရှိမဲ့ သက်မဲ့ကမဿဘာကို မြင်ရတော့မှာနှော၊ စိတ်ကူးနဲ့ စဉ်းစားကြည့်ရင်ကို အတှောစိတ်ဝင်စားစရာကောင်းတဲ့ကိစဿစပဲ”

Recent Comments