500 days in Dvaravati (22)
31 Aug 2010 2 Comments
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ရွာမှထွက်လေ၊ တောမှာသေ
ကျန်းမာရေး ဘောဂဗေဒ မဟာသိပဿပံတန်း စာသင်ခန်းသည် ပုစိကွေး သေးသေးကလေးဖြစ်၏။ ထိုစာသင်ခန်း ပေါက်စနလေးနှင့် မလိုက်ဖက်လှစွာပင် နှစ်ကောင်အား လေအေးပေးစက်ကြီး တပ်ဆင်ထားသောကြောင့် စာသင်ခန်းကား အမြဲတမ်း ရင်ထဲက ဆောင်းရာသီ ဖြစ်နေတော့သည်။ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းတွင် ပူပြင်းလှသည့် မနဿတလေးနွေကိုရှောင်၍ ရာသီဥတု အေးမြသာယာသော ပြင်ဦးလွင်သို့ နွေခိုရန်အ သွား နှစ်ဆယ့်တစ်မိုင်သို့အရောက် သာတောင့်သာယာရှိလှသည့် ရာသီဥတုနှင့် ဗြုန်းကနဲ အတွေ့ကို “နတ်ဘုံ နှင့် ငရဲကြား ၂၁ မိုင်သာခြား၏” ဟုရေးသားဖူးသည်ထင်၏။ မှား၏။ ၂၁ မိုင်မခြား။ ခု-နတ်ဘုံနှင့် ငရဲကြား မှန် တံခါး တစ်ချပ်သာခြား၏။ အအေးဓါတ် လွန်ကဲ လှသော အနှီ နတ်ဘုံ ကြောင့် နှာသီးဖျားတွေတောင် ထုံလာ၏။
အခန်းထဲတွင်တော့ ခုနက မိတ်ဆက်ပွဲတွင်တွေ့ခဲ့သည် ထိုင်းလေးဦးရောက်နှင့်နေပြီ။ သူတို့အချင်းချင်း လက်ပံ ပင်ဆက်ရက်ကျ သကဲ့သို့ စကားတွေဖောင်ဖွဲ့လျှက်။ သူနှင့်တော့ ပီတိ တစိမ်းပြင်ပြင်။ ဂျပန် ကျောင်းသား ဆိုသည့် ငနဲ မှာ ခုထိတော့ အရိပ် အယောင် ပင် မမြင် ရသေး။ သို့သှော အသက် ကြီးကြီး ကုလား မကြီး တစ်ဦး တော့ ဘာမဆိုင် ညာမဆိုင် အတန်းထဲ မှာ ထိုင် နေ သည်။ ဋဿဌာနေ ထိုင်း များ နှင့် ရော နှော သမှု မပြု ပဲ ခပ် ကြောင်ကြောင် ထိုင် နေ သော အနှီ ကုလား မကြီး သည် သူ့ကို ပြုံးပြ လေ၏။ ထို့ကြောင့်လည်း စကား စမြီ ပြော ရ ချေ သေး တော့ သည်။
လတ်စသတ်တော့ ထို ကုလားမကြီး မှာ လုဗဿဗနီ သာမော အင်ကြင်းတော ရှိရာ နီပေါမြေ မှ လာရ ရှာသကိုး။ နီပေါ မြို့တှော ခတဿတမန်ဒူ ရှိ သူနာပြု တကဿကသိုလ် မှ ကထိက အဆင့် ဆရာ မကြီး ဖြစ်၏။ ကမဿဘာ ကျန်းမာရေး အဖွဲ့ ၏ အထောက် အပံ့ ဖြင့် မဟာ သိပဿပံ သင်တန်း၏ ပထမ သုံးလ ကို သူတို့နှင့် အတူ တက်ရောက်မည့် သင်တန်း သူကြီး လည်း ဖြစ်၏။ သူနေထိုင်ရာ ရန်နန် အဆောက် အဦး မှာပင် နေထိုင် သဖြင့် ကျောင်း တူတူ သွားရမည့် ကျောင်းသွားဖှောကြီး လည်း ဖြစ်နေ သေးသည် ကိုး။
ပထမဆုံး စသင်ရမည့် ဘာသာရပ် မှာ အသုံးချ မိုက်ခရို ဘောဂဗေဒ နှင့် ကျန်းမာရေး ဆက်စပ်မှု ဆိုပဲ။ သင်ကြားရေး တာဝန်ခံ က ဒေါက်တာ ပစ်ဆနိန်း PhD ဆိုပဲ။ ဟော- လာပါပြီ။ ဗိုက်ကလေး ရွှဲနေသော လူပုပု တစ်ယောက်။ ဒေါက်တာ ပစ်ဆနိန်း ဆိုတာ ကျွန်တှောပါ ဟု စတင် မိတ်ဆက်၍ စာသင်ကြားခြင်း ကို အစပြု ချေပြီ။
ခက်ကပြီ။ ခုထိတော့ မိုက်ခရို ဘောဂဗေဒ အကြောင်း တွေကို သာ နင်းကန် တွန်းပြော နေ၏။ ကျန်းမာရေး နှင့် ဘာမှ အဆက် အစပ် မရှိသေး။ ရှိလာမည့် အရိပ် အယောင်လည်း မတွေ့ရသေး။ ကျန်းမာရေး ဆိုသည့် စာလုံး တစ်လုံး တောင် မပါ။ ဘောဂဗေဒ ဆိုင်ရာ မိုဒယ်များ (Economic Models) ကို တခမ်း တနား ပြော နေ ၏။ အဂဿငလိပ် လို ရှင်းရှင်း လင်းလင်း ပြော နိုင် သည်။ နားထဲ ဝင်သည်။ သို့သှော နားဝင် မချိုပါ။ သူသိချင် သည်က အဆိုပါ မိုဒယ် များသည် ကျန်းမာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့အတွက် ဘယ်လို အသုံးကြ မလဲ။ ဘယ်လို အသုံးချ မလဲ။ ခုထိ တော့ ဘာမှ ဆက်စပ်မှု မရှိသေး။ မဆိုင်သည့် အပေါက်ကို ဂလိုင်နှင့် ခေါက် နေ ရ သလို ရှိ၏။
ဒီလိုနှင့် မနက်ပိုင်း စာသင်ချိန် ပြီး၍ နေ့လည်စာ စားချိန် သို့ရောက်ခဲ့ပြီ။ အားလပ်ချိန် တစ်နာရီ ရ၏။ သူ့အတွက် တစ်နာရီ သည် များလွန်း နေ၏။ အချိန် ပိုလွန်း နေ၏။ ရှေးယခင် အကြို သင်တန်း မှာတုန်းကလို ဒုတိယ ထပ်ရှိ စားသောက်ခန်း တွင် နေ့လည်စာ အလကား တီး၍ မရတော့။ ကိုယ့်ငွေ ကိုယ်ပေး၍ ကြိတ်ရတော့မည်။ ဒါက ကိစဿစ မရွိ။ ကိစဿစ ရွိသည္က ဘယ္လို မွာမလဲ။ အလကား စားရ စဉ် တုန်းကတော့ ဘာမှ မှာနေ စရာ မလို။ အဆင် သင့် ပြင်ထားသော စားတှောပွဲ များကို အသင့် ယူငင် မျိုဆို့ ယုံသာ။ ခုတော့ မြေညီထပ်ရှိ ကန်တင်း တွင် စားသောက် စရာ များကို သွားရောက် မှာယူ ကျသင့် ငွေ ကို ရှင်းလင်း ၍ စားရမည် ဆိုခြင်းကြောင့် ဒုကဿခ အကြီး အကျယ် ရောက် ရ တော့ သည်။ မမှာတတ်၍ ငတ် ရ တော့ မည် လော။ မမေးတတ်၍ ဆွေးရ တော့မည် လော။ ရွာမှ ထွက်လေ တောမှာသေ ဆိုသည့် ကိန်းတော့ ဆိုက် ချေ ပြီ။

Sep 18, 2010 @ 08:38:55
wow, really glad to read this post. which has been long time to wait since last one. Anyway willingness to read rest of the posts. But honestly no 22 is too short to read. Cheers.
Sep 19, 2010 @ 18:10:51
@nyimuyar: Thanks for your comment, bro.