သားကောင် (၃)
07 Sep 2010 Leave a Comment
(၂)
၂ဝဝဂ ခုနှစ် ဒီဇင်ဘာ (၁) ရက်၊ တနလဿငာနေ့ မွန်းတည့် (၁၂) နာရီ
ကိုင်ရို မြို့တှော၊ အီဂျစ်
(နယူးယောက် စံတှောချိန် နံနက် ငါး နာရီ)
ရှောင် ဒေါ့ထရီ စီးနင်း လာသည့် အီဂျစ် အဌားကား၏ ယာဉ်မောင်းသည် (၁၆) ရာစုနှစ် အီဂျစ်ပြည်ကို အှောတိုမန် အင်ပါယာ လက်အောက် ကျရောက်စေခဲ့သည့် ဘုရင် မန်းလုခ်၏ ဂူသချဿငိုင်းရှိရာ အယ်လ်-ဂူရီ ပြတိုက် ရှေ့တွင် ကားကို ငြင်သာစွာ ရပ်လိုက်သည်။ လွန်ခဲ့သည့် ဆယ်နှစ်လောက်က ရှောင်သည် ဤ နေရာ ကို သူ၏ တတိယမြောက် မိန်းမနှင့် အတူ လာခဲ့ဖူး၏။ အခု တစ်ခေါက် တွင် တော့ ဤခရီးကို သူက ဦးဆောင်သူ မဟုတ်။ သူ၏ ပဥဿစမ မြောက် မိန်းမ ဖြစ်သော ဆာနာ နှင့် ကပ် လိုက် လာခြင်း ဖြစ်သည်။ ကိုင်ရို တွင် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ မျိုးရိုး ဗီဇ ပညာရှင်များ ကွန်ဖရန့် တွင် ဆဲလ် အတွင်းရှိ မိုက်တို ကွန်ဒရီးယား၏ ဗီဇ ကို အထူးကျွမ်းကျင်သည့် ထင်ရှားသော မှောလီ ကြူလာ ဇီဝ ဗေဒ ပညာရှင် တစ်ဦး ဖြစ်သည့် ဆာနာ သည် ထို ကွန်ဖရင့်၏ အထင်ရှားဆုံး ဟောပြောသူ တစ်ဦး ဖြစ်ပေမည်။ သူတို့ လင်မယား နှစ်ဦး အတွက် ခရီးစဉ် အစ အဆုံး စပွန်ဆာ ပေးသော ဤခရီးကို မလိုက်လျှင် ရှောင် သည် ငါးကြှော မကြိုက်သော ကြောင်မိုက် ဖြစ်သွား လိမ့်မည်။ တိုင်း၍ ယက်သည့် ပကဿကလာ၊ မိုးရွာ သည်နှင့် အခန့်သင့် ဆို သကဲ့သို့ ရှောင့် အတွက်လည်း ကိုင်ရိုတွင် ကျင်းပ နေသည့် အပြည်ပြည် ဆိုင်ရာ ရှေးဟောင်း သုတေ သန ပညာရှင်များ ကွန်ဖရန့်စ် ကို အချိန်မီ တက်ရောက် နိုင်ခဲ့ရာ ဒီနေ့ ဆိုလျှင် နောက်ဆုံးနေ့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။
ရှောင်သည် ကားပှေါမှ ဆင်းလိုက်ပြီး ဖုန်ထူသော၊ ပူလောင်သော၊ အချိန် မရွေး ယာဉ်ကြော ပိတ်ဆို့ နေတတ်သော အယ်လ် အာဇား လမ်းမကြီး အတိုင်း လျှောက်လှမ်း လာခဲ့သည်။ လက်တွန်းလှည်း များ၊ စည်းမရှိ ကမ်းမရှိ ထင်သလို လမ်းဖြတ်ကူး နေသူများ၊ ကားများမှ တပွမ်ပွမ် တတီတီ ကျယ်လောင်စွာ တီး နေသော ဒေါမနသဿသ ဟွန်းသံ များဖြင့် လမ်းမကြီး မှာ ရှုတ်ထွေး ဆူညံ ပွက်လောရိုက် လျှက် ရှိသည်။ ကိုင်ရို ၏ ယာဉ်ကြော ပိတ်ဆို့မှုက ကြောက်ခမန်း လိလိ။ ရှောင် မရောက်ဖြစ် ခဲ့သည့် ဆယ်နှစ်တာ ကာလ အတွင်း ဤ ဒဏဿဍာရီ မြို့တှောကြီး တွင် မှီတင်း နေထိုင်ကြသော လူဦးရေ သည် ၁၈.၇ သန်း အထိ တိုးတက် လာခဲ့ သည်။
ရှောင်သည် အယ်လ်-မူဇလိ-ဒန်-အလာရ် လမ်း ထဲသို့ ချိုးဝင် လိုက်ပြီး ခန်း-အယ်လ်-ခါလီလီ ဈေးလမ်းကြား သို့ ဦးတည် လိုက်သည်။ ၁၄ ရာစု ကတည်းက တည်ရှိသော ဤလမ်းမြှောင် ကလေးထဲမှ ဝကဿငပါ ဈေး သည် ရောင်းလို့ ရတာ မှန်သမျှ အကုန်ရောင်း၏။ လိုချင် တာ အားလုံး ရနိုင်၏။ ရှောင်သည် ထိုဈေးတွင် ရောင်းချ သော ပစဿစည်းများကို စိတ်မဝင်စားပါ။ သူဦးတည် နေသည်က အန်တီကာ-အဗဿဗဒူ ဟုခှေါသော ရှေးဟောင်း ပစဿစည်း အရောင်း ဆိုင်ကလေး ဖြစ်၏။ နောက်ဆုံး တစ်ခေါက် ကိုင်ရို ရောက်ခဲ့ စဉ်က ထိုဆိုင်လေး သည် ဤ ဈေး တစ်ဝိုက်တွင် ရှိကြောင်း သူမှတ်မိ၏။
အသက် (၅၄) နှစ် ရှိပြီ ဖြစ်သော ရှောင်သည် နယူးယောက် မက်ထရို ပိုလစ်တန် ရှေးဟောင်း ပြတိုက်ရှိ အရှေ့တိုင်း ရှေးဟောင်း ယဉ်ကျးမှု ဋဿဌာန၏ ဋဿဌာနမွူး ဖြစ်ပြီး ဝါရင့်၊ သဗဿဗာရင့် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦး လည်း ဖြစ်သည်။ သမဿမာကျမ်းစာ နှင့် ပါတ်သက်သည့် ရှေးဟောင်း သုတေသန သမား ဖြစ်သော ရှောင်သည် အရှေ့ အလယ်ပိုင်း နှင့် အေးရှား မိုင်းနား ရှိ လက်ဘနွန်၊ အစဿစရေး၊ ဆီးရီးယား၊ ဂျှောဒန်၊ အီရန် တို့မှ ရှေးဟောင်း သုတေ သန လက်ရာ များနှင့် ပါတ်သက်၍ အထူး ကျွမ်းကျင်သူ တစ်ဦး လည်း ဖြစ်သည်။ နောက်ဆုံး တစ်ခေါက် အန်တီကာ-အဗဿဗဒူ သို့ရောက်ခဲ့စဉ်က ဆိုင်၏ ဖုန် အလိမ်းလိမ်း ကပ် နေသော ပြူတင်းပေါက် နားရှိ အလွန် လှပသော ကောက်ကြောင်း များရေးခြယ် ထားသော နှစ် ခြောက်ထောင် သက်တမ်းရှိ လဘက်ရည် ခရားအိုး တစ်လုံးကို သူ အရူးအမူး ဖြစ်ခဲ့သည်။
နယူးယောက် ရှိ သူ့ပြတိုက်တွင် ရှေး အီဂျစ် လက်ရာ အလားတူ ထို ပစဿစည်းမျိုး ရှိသှောလည်း အန်တီကာ-အဗဿဗဒူ ရှိ ပစဿစည်းက သူ့စိတ်ကို ပိုမို ဆွဲဆောင် နိုင်စွမ်း ရှိသည်။ ပန်းကနုတ် လက်ရာ တွင်သာ သာသည် မဟုတ်၊ မကွဲ မပျက်ပဲ နဂိုနေ အပျိုရည် မပျက် ရှိနေခြင်း ကိုက နယူးယောက်မှ အိုးထက် အဆပေါင်း များစွာ သာနေပြီ။ သူတို့ ပြတိုက်မှ ပစဿစည်းက တစ်စစီ ပြန်ဆက် ထားရခြင်း ဖြစ်သည်။
ရှောင်သည် အိုးကို မခွဲ နိုင်၊ မခွာရက် ဖြစ်နေ ခဲ့သည်။ နာရီပေါင်း များစွာ ကြည့်နေ ခဲ့သည်။ ထိုစဉ်က အတူ လိုက်ပါ ခဲ့သော ဇနီးသည် ဂလို ရီရာ မှာ ဒေါသ အိုး ပေါက်ကွဲ ခဲ့ရသည်။ ဟိုတယ် သို့ ပြန်ရောက် သော အခါ သူတို့ လင်မယား အကြီး အကျယ် စကား များ ကြသည်။ နောက်တစ်နှစ် အကြာတွင် ဂလို ရီရာ နှင့် ကွာ ရှင်း ခဲ့ရ ခြင်း၏ အဓိက လက်သည် တရားခံမှာ ထိုအိုးကြောင့် ဆိုလျှင် မမှား။
ရှုတ်ထွေး ပွေလီ လှသော အီဂျစ်ဈေး အတွင်း အတု အပ ဖြစ်သော အဂဿဿငုလိ ရှေးဟောင်း လက်ရာ တို့သည် ရိုက်သတ်၍ မကုန်အောင် ပေါများ လှသည်။ ဆိုင်ရှင် ရာဟူးက မည်သို့ပင် အစစ် အမှန် ရှေးဟောင်း လက်ရာ ဖြစ်ကြောင်း ကျိန်တွယ် ပြောစေ ကာမူ ထိုစကားကို သူကိုယ်တိုင် ရော၊ ဝယ်သူ ရှောင် ပါ မယုံ ခဲ့ကြချေ။ ထို့ကြောင့် လည်း အချိန် ကြာမြင့်စွာ ဈေးစကား ပြောပြီး ကြသော အခါ ရာဟူး ၏ ဆိုဈေး တစ်ဝက် မျှသာ ဖြစ်သော အီဂျစ်ငွေ ပေါင် နှစ်ရာ သာသာ ဖြင့် ထိုအိုးကို ရှောင် ဝယ်ယူနိုင်ခဲ့သည်။
နယူးယောက် ပြန်ရောက်၍ သူ့ မိတ်ဆွေ အီဂျစ် ပညာ ဋဿဌာန မှူး အန်ဂျီလာ ဒစ်တမာ ကို ပြသပြီးသော အခါ ရှောင်သည် တုန်လှုပ် ချောက်ခြား သွားခဲ့ ရသည်။ အိုးကို အသေအချာ လေ့လာပြီး နောက် အန်ဂျီလာ က ထို ပစဿစည်း သည် အတု မဟုတ်၊ အမှန် တကယ် နှစ်ခြောက်ထောင် သက်တမ်း ရှိသော တကယ့် အစစ် အမှန် ရှေးဟောင်း ပစဿစည်းဟု အဖြေထုတ်လိုက် သောကြောင့် ပင်။ ထို အချိန်မှ စ၍ ရှောင် သည် သူ့ ကိုယ်သူ အပြစ် ရှိသလို ခံစား လာရသည်။ အိုးကို ပြတိုက်သို့ လှူဒါန်း ခဲ့သော်လည်း အီဂျစ်၏ အဖိုးတန် ရတနာ တစ်ပါးကို ပြည်ပ သို့ ခိုးထုတ် လာသူ ကဲ့သို့ သူ့ကိုယ်သူ ယူဆပြီး ခွင့် မလွတ် နိုင်အောင် ဖြစ်ခဲ့ ရသည်။
ရှောင်သည် လမ်းကြား လမ်းမြှောင် ကလေးများ ထဲလျှောက်လှမ်း လာရင်း ဈေး အတွင်းပိုင်း သို့ ရောက် လာ၏။ လမ်းကျဉ်း လမ်းပိန် ကလေးများထဲရှိ ကျပ်ညပ် နေသော အဆောက် အဦး များရှေ့တွင် ကှောဇော များခင်းပြီး ပစဿစည်း ပေါင်းစုံ ကို ခင်းကျင်း ပြသ ရောင်းချ နေ၏။ ယင်တလောင်းလောင်း နှင့် သိုးသား များ၊ အနံ့ပြင်း သော အာရပ် ကှောဖီများ၊ အနံ့ဆိုး အနံ့ကောင်း ထွေးရော ယှက်တင် ဖြစ်နေ၏။
လမ်းလျှောက် နေရာ မှ ရှောင် ရပ်လိုက်၏။ လွန်ခဲ့သော ဆယ်နှစ် ကလိုပင် ဈေးထဲမှာ သူ လမ်းပျောက် နေပြန်ပြီ။ အပ်ချုပ်ဆိုင် တစ်ဆိုင် ရှေ့တွင် ရပ်ပြီး အဖြူရောင် သံပုရာခွံ ဦးထုတ် ကလေး ဆောင်းထားသော အညိုရောင် ဝတ်စုံဝတ် အာရပ် အဘိုးကြီး တစ်ယောက်ကို လမ်းမေး နေ၏။
မိနစ် အနည်း ငယ် အကြာ တွင် ရှောင်သည် အန်တီကာ-အဗဿဗဒူ ဆိုင်ရှေ့ သို့ တန်းတန်း မတ်မတ် ရောက် လာ၏။ ဆယ်နှစ် ဆယ်မိုး ကြာမြင့် သည့်တိုင် ဆိုင်ရှိ နေသေး သည် ကိုတော့ မအံ့ဩ မိပါ။ ဆိုင်ရှင် ရာဟူးက သူ့ ဘိုးဘေး ဘီဘင် လက်ထက် ထဲက စတင် တည်တောင်လာ ခဲ့သည် ဤဆိုင် သက်တမ်းသည် အနည်းဆုံး နှစ်ပေါင်း တစ်ရာ ကျှောခဲ့ပြီ ဟု ပြောခဲ့သည် မဟုတ်ပါလား။

Recent Comments