သားကောင် (၅)

(၃)
၂ဝဝဂ ခုနှစ် ဒီဇင်ဘာ (၁) ရက်၊ တနလဿငာနေ့ မနက် ၆ နာရီ ၅ မိနစ်
နယူးယောက် မြို့တှော
(ကိုင်ရို စံတှောချိန် နေ့လည်း ၁ နာရီ ၅ မိနစ်)

“ဘယ်လိုဗျ၊ ခင်ဗျားက ဆရာဝန်၊ ဟုတ်လား”

ရဲအရာရှိ သည် ပါးစပ်ကြီး ဟောင်းလောင်း ဖြစ်နေ၏။ ဒုတိယ ရိပ်သာ အနောက်ဖက်ခြမ်းမှ မောင်းနှင် လာသော ရဲကားသည် သူတို့ နောက်တွင် ရပ်နေ၏။ ဘေးခုံတွင် လိုက်ပါ လာသော ရဲကြီးက ကားပှေါမှ မဆင်း၊ ကှောဖီ ပင် အသောက် မပျက်။ ဂျက်၏ စက်ဘီး အသစ် ကလေး ကတော့ ရဲကား ရှေ့တွင် ပိုးလိုး ပက်လက် လန်လျှက်။ လှောရေး မီးဖွားခွင့် ယူစဉ် ကတည်းက ရုံးနှင့် အိမ် စက်ဘီးဖြင့် အသွား အပြန် လုပ် နေခဲ့သည်လေ။

ဂျက်သည် ရဲအရာရှိကို ခေါင်းညိတ် ပြလိုက်သည်။ စောစောတုန်းကထက် ပိုမို တည်ငြိမ်လာပြီ ဖြစ်သှော လည်း သူ့စက်ဘီးကို နောက်မှ အတင်းကျှောတက်ပြီး ရှေ့တွင် ရုတ်တရက် ဘရိတ်ဆောင့်အုပ်ခဲ့သော တကဿကစီ ယာဉ်မောင်းကို ဒေါပွ နေဆဲ။ ထိုသို့ သရမ်းသောကြောင့် တကဿကစီဖင်ပိုင်း ကို သူ့စက်ဘီးဖြင့် တိုက်မိ ပြီး ဂျက် စက်ဘီး ပှေါမှ ပြုတ်ကျခဲ့ ရသည်။ စည်းမရှိ၊ ကမ်းမရှိ ခရီးသည် တင်သော တကဿကစီ ကို ဒေါပွပွ ဖြင့် ဆောင့်ကန် မိသည်။ ထိုအချိန်တွင် ရဲကား ရောက်လာခြင်း ဖြစ်၏။

“ခင်ဗျား ဒေါသ ဖြေလျှော့နည်း သင်တန်း လေး ဘာလေး တက်ဖို့ ကောင်းတယ်”

ဂျက် သောင်းကျန်း နေသည်ကို မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရသော ရဲ အရာ ရှိက ဆိုလိုက်၏။

“ကောင်းပါပြီ။ ခင်ဗျား အကြံပေးတာကို ကျုပ် စဉ်းစားပါ့မယ်” ဂျက်သည် ဒေါသ မပြေသေး သဖြင့် ရဲကို ဘုတော လိုက်၏။ သူလွန်မှန်း သိသှောလည်း အလျှော့ မပေးချင်။ ရဲအရာရှိ က တကဿကစီ သမားကို သွားခွင့် ပြုလိုက်သည်။ လိုင်စင် ပင် မတောင်း။ ဂျက် လွန်သည်ကို သူတို့ မျက်ဝါး ထင်ထင် မြင်တွေ့ပြီး သည်ကိုး။

“ဒီမှာ ဆရာဝန်၊ ခင်ဗျားက စက်ဘီး ပှေါက လူနှော။ နာစရာရှိ ခင်ဗျားပဲ နာမယ်။ နယူးယောက် တကဿကစီ တွေ အကြောင်းလည်း သိသားနဲ့ဗျာ”

“သိတယ်လေ၊ သိလို့ပဲ လမ်းဘေး ကပ်နင်း တာပေါ့ဗျ၊ ဒါကို လမ်းဘေး ထိုးပြီး ရုတ်တရက် ဆောင့်ရပ် တော့ ကျုပ်က ဘာလုပ် ရမလဲ”

“ကဲ-သွားပါတော့ဗျာ။ တှောကြာ ရုံးမရောက်ပဲ ရင်ခွဲရုံ ရောက်နေမယ်”

ရဲအရာရှိသည် ဘုချည်း တော နေသော ဂျက်ကို ကျွဲမြီးတို လာသဖြင့် မနိုင်နိုင်အောင် ပိတ်ပြောပြီး လစ်ထွက် သွားတော့သည်။

ဂျက်လည်း လဲနေသော စက်ဘီးကို ထူပြီး နင်းထွက် လာခဲ့သည်။ စိတ်ကတော့ တိုမြဲ။ မကြာပါ။ ရေခဲ တမျှ အေးစက်လှသော လေအေးကြောင့် ပူနေသော သွေးများ အေး သွား ခဲ့သည်။ တစ်နာရီ မိုင်နှစ်ဆယ် နှုန်းဖြင့် စက်ဘီး ကိုနင်းရင်း ၄၂ လမ်း အထိ မီးနီ လွတ်အောင် နင်းနိုင်ခဲ့သည်။ သွေးအေးသွားတော့မှ ရဲအရာရှိ ပြောသည်မှာ မှန်ကြောင်း သူတွေးမိ၏။ ခရီးသည်ကို ဒေါင်းတောက်အောင် ရှာနေရ ရှာသော တကဿကစီ ယာဉ်မောင်း များမှာ ပါတ်ဝန်းကျင်ကို ဂရုမပြုမိကြ။ ဤကိစဿစ တွင် သူလွန်သည်။ အို- ဤကိစဿစ မှ မဟုတ်၊ ဘယ်ကိစဿစ ဖြစ်ဖြစ် သူက အမြဲတမ်း လွန်သည်ချည်း။ ဇနီးနှင့် သမီးလေး နှစ်ယောက် ဆုံးပါး သွားချိန် ကစ၍ ဂျက်၏ မောင်သောင်းကျန်း ဇာတ်လမ်းက စခဲ့သည်။ ဒီလို လုပ်နေ၍ မဖြစ်မှန်းလည်း သိသည်။ သူ့မှာ လှောရေး နှင့် ဂျေဂျေ တို့ ရှိသေးသည်။ သူထင်ရာစိုင်း နေ၍ မဖြစ်။ ပြင်မှ၊ ပြင်ဦးမှ တှောမည်။

တောင်တောင် အီအီ စဉ်းစားရင်း ပထမ ရိပ်သာ လမ်းနှင့် လမ်း (၃ဝ) ထောင့်ရှိ မှုခင်းရုံးသို့ ရောက်လာ ခဲ့ သည်။ ဂျက်သည် စက်ဘီးကို ဂိုဒေါင်ထဲ ထည့်၍ ရုံးသို့ လျှောက်လာ ခဲ့၏။ မှုခင်းရုံးသည် ၂ဝဝ၁ စက်တင်ဘာ (၁၁) အရေး အခင်း ပြီးကတည်းက အကြီးစား ပြန်လည် မွန်းမံ ထား၏။ အရင်တုံးက သူတို့ ကြုံတွေ့ ခဲ့ရသော အစားဆင်းရဲ၊ အနေဆင်းရဲ၊ ဘတ်ဂျက် မလောက်ဌ သည့် မှုခင်းရုံးဟောင်းသည် အတိတ်တွင် ကျန်ရစ် ခဲ့ပြီ။ ကမဿဘာကျှော အကြမ်းဖက်မှုကြီး ဖြစ်ပြီး ကတည်းက မှုခင်းရုံး၏ တန်ခိုး အာနုဘှော ကြီးထွား လာခဲ့သည်။ ခုဆိုလျှင် ပထမ ရိပ်သာ လမ်း အတွင်း အသစ်ဆောက် နေသော ရုံးသစ်ကြီးပင် ဖွင့်ပြီးပြီ။ ထို ရုံးသစ်ရှိ ဒီအန်အေ ဓါတ်ခွဲခန်း ကား တစ်နိုင်ငံ လုံးတွင် အကောင်းဆုံးဟု ဆိုနိုင်သည်။

ခုဆိုလျှင် ဂျက်ကဲ့သို့ မှုခင်း ဆရာဝန်ပေါင်း (၃ဝ) ထက်မနည်း ရှိနေပြီ။ ဆရာဝန် မဟုတ်သော မှုခင်း အရာရှိ များ၏ အရေ အတွက် လည်း တိုးလာသည်။ မှုခင်း ဆိုင်ရာ မနုသဿသ ဗေဒ ပညာရှင်များနှင့် သွားဖက် ဆိုင်ရာ ပညာရှင် များလည်း မနည်း မနော။

ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ မှုခင်းရုံး တန်ခိုးကြီး လာခြင်းသည် ဂျက်အတွက်လည်း အကျိုးရှိ၏။ ဇီဝ ဗေဒ ဆိုင်ရာ ဌာနများ ရုံးသစ်သို့ ရွေ့ပြောင်းသွားခြင်းကြောင့် သူတို့ ရုံးဟောင်းသည် နေရာလွတ် များစွာ ရလာ၏။ မှုခင်း ဆရာဝန် တစ်ယောက် အတွက် ကိုယ်ပိုင် ရုံးခန်း၊ ကိုယ်ပိုင် ဓါတ်ခွဲခန်း တို့ကို ပေးထား နိုင်၏။ အများနှင့် ရောနှော အလုပ်လုပ် စရာ မလိုတော့။

ဂျက်သည် ဓါတ်လှေကား ကို မစောင့်ပဲ လှေကားမှ တက်လာခဲ့သည်။ ကလေးသူငယ် ရုတ်တရက် သေဆုံးမှု စုံစမ်း စစ်ဆေးရေး ဌာန နှင့် မှတ်တမ်း ဌာန များကို ကျှောဖြတ်လာခဲ့သည်။ မနက် ၇:၃ဝ တွင် နေ့ဆိုင်း နှင့် ညဆိုင်း ဂျူတီ လဲရမည် ဖြစ်သဖြင့် ညဆိုင်း တာဝန်ကျ မှုခင်း ဆရာဝန် များ အစီရင် ခံစာ များနှင့် အလုပ်ရှုပ် နေကြသည်။ ဂျက်သည် ညဆိုင်း တာဝန် ကျနေသော သူ့သူငယ်ချင်း ဂျန်းနိုက်စ် ဂျယ်လ်ဂါ ကို လက်ပြ နှုတ် ဆက် လိုက်သည်။

ဂျာကင် ကို ချွတ်၍ သူ့ထိုင်ခုံ နောက်တွင် ချိတ်လိုက်သည်။ တစ်နေ့တာ လုပ်ငန်းကို ဤသို့ ဤနှယ် အစပြု လာခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့။ စားပွဲ ပှေါတွင် ညဆိုင်း သမားများ တင်ခဲ့သော အစီရင်ခံစာ များ တောင်လို ပုံနေ၏။ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ မတှော တဆ မှုဖြင့် သေခြင်း၊ သူများသတ်၍ သေခြင်း၊ ရုတ်တရက် အကြောင်းမဲ့ သေဆုံးခြင်း၊ သေနည်း အမျိုးမျိုးဖြင့် သေခဲ့ ရသူများကို ပဏာမ စစ်ဆေး ထား သည့် သေခြင်း ဆိုင်ရာ အစီရင်ခံစာများ။  ရုံးမရောက်ပဲ ရင်ခွဲရုံ ရောက်နေမယ် ဆိုသည့် ရဲအရာရှိ၏ စကားကို ပြန် သတိရ သဖြင့် ပြုံးမိ သေးသည်။ သူ့ရုံးသည် ရင်ခွဲရုံပင် ဖြစ်ကြောင်း သည်ငနဲ များ မသိရှာ။

ဂျက်သည် ထိုင်လိုက်ပြီး စားပွဲပှေါမှ အစီရင်ခံစာ များကို လှန်လော ဖတ်ရှု လိုက်သည်။ တကယ်တော့ သူ့ ထုံးစံ အတိုင်း ခက်ပေ့၊ ရှုပ်ပေ့ ဆိုသည့် အမှုတွဲ ကို ရွေးနေခြင်း ဖြစ်သည်။ မှုခင်း ဆေးပညာ ကို သူ နှစ်သက် သည်က လည်း ထိုသို့သော အမယ်ဘုတ် ချည်ခင် များ မကြာ ခဏ တွေ့ရခြင်း အတွက်ကြောင့် ဖြစ်သည်။ သူများ မကိုင်ချင်သည့် အမှုတွဲများကိုချည်း ရွေးကိုင်သောကြောင့် ဂျက်ကို အခြား မှုခင်း ဆရာဝန် များကလည်း သဘောကျ ကြ၏။ သူတို့ သက်သာ သည်ကိုး။

နေ့ဆိုင်း တာဝန်ကျ မှုခင်း ဆရာဝန် တစ်ဦး၏ နိစဿစ ဓူဝ အလုပ်မှာ မနက် (၇) နာရီ ထက် နောက် မကျ ပဲ ရုံးကိုလာ၊ ညက ရောက်လာသည့် သေမှု သေခင်း အစီရင် ခံစာ များကို စစ်ဆေး၊ လိုအပ်မည် ထင်လျှင် ရင်ခွဲ စမ်းသပ်၊ ပြီးလျှင် အစီရင်ခံစာ ရေးတင်။ နှစ်ပေါင်း များစွာ လုပ်ခဲ့ သောကြောင့် ည အစီရင်ခံစာ များ ထဲက ခက်ပေ့ ဆိုသည့် ကေ့စ်များ ကို ဂျက်ချက်ချင်း တွေ့၏။ အရှေ့ပိုင်းရှိ ပုဂဿဂလိက ကျောင်းတစ်ခုမှ ဦးနှောက် အမြှေးပါး ယောင် ရောဂါ ဖြင့် သေဆုံးသည်ဟု သံသယ ဖြစ်ဖွယ် ဆယ်ကျှောသက် ယောကဿငျားလေး အမှု။ ဂျက်ကို ဤရုံးတွင် ကူးစက်ရောဂါ ဂုရုကြီးဟု ခှေါတွင် ကြသည်။ ကူးစက် ရောဂါ နှင့် ပါတ်သက်၍ တိကျ မှန်ကန်သော ရောဂါ ရှာဖွေ တွေ့ရှိမှု များကို လုပ်နိုင်ခဲ့ သောကြောင့် ဖြစ်သည်။ ခုလည်း ထို အမှုကို ဂျက် အသေးစိတ် ဖတ်ရင်း စိတ်ဝင်စား လာသည်။ သူများ ရွံသော၊ မလုပ်ချင်သော ကူးစက် ရောဂါ ကြောင့် လူသေမှု၊ ဂျက်ကတော့ လုံးဝ ဂရု မစိုက်။ ကူးလေ ကြိုက်လေ ဟု သဘောထား သလားတောင် ထင် ရ သည်။

နောက် တစ်မှု၊ အသက် (၂၇) နှစ် မိန်းကလေး၊ အရေးပှေါ ဆေးကု ဋဿဌာန သို့ ခြေလက် များ တောင့်တင်း၍ ရောက်လာပြီး ချက်ချင်း ကိုမာ ရကာ သေဆုံး သွားခဲ့သည် ဆိုပဲ။ ဖျားခြင်း နာခြင်း မအီ မသာ ဖြစ်ခြင်း လုံးဝ မရှိခဲ့။ သူ့ သူငယ်ချင်း များ အဆို အရ ထို မိန်းမပျိုသည် ကျန်းမာရေး လိုက်စားသူ ဖြစ်၏။ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါး ဝေရာ မဏိ ရှောင်ကျဉ်၏။ ခုလည်း သူ့ သူငယ်ချင်း များ ကော့တေးလ် အရက် သောက်၊ သူက အချိုရည် သောက်၍ စကားပြောနေကြစဉ် ရုတ်တရက် ထဖြစ်ခြင်းတဲ့။

“ဟာ- သောက်ကျိုး တော့ နည်းပြီ”

ရုတ်တရက် ထွက်လာသော အသံကြီး ကြောင့် ဂျက် ခေါင်းထောင် ကြည့်မိသည်။

သတင်းစာ ချိုင်းကြားညှပ် လာသော ရင်ခွဲရုံ လက်ထောက် ဗင်နီ အမန်ဒိုလာ က သူ့ကို မျက်လုံးကြီး ပြူး၍ ကြည့်နေသည်။ ခြေထောက်များက နောက်ပြန် ဆုတ်ရန် အသင့်။

“ဘာဖြစ်တာတုံး၊ အလန့် တကြားနဲ့”

ဗင်နီ က အဖြေမပေး၊ ဂျက် စားပွဲ ရှေ့ တည့်တည့်တွင် လက်ပိုက်ရပ်ရင်း-

“ကျွန်တှော့ ကို လာ မခြောက်နဲ့ ဆရာ၊ ဆရာ အရင် လို ပြန်လုပ် ဦးမှာလား ဟင်” ဟု သူ့ကို ပြန်မေး လိုက်သည်။

ဂျက် ရယ်ချင် လာ၏။ လက်စသတ်တော့ ဗင်နီသည် သူ့ကို မြင်၍ ကြောက် နေ တာ ကိုး။ ဂျေဂျေ မမွေးခင် တုန်းက ဂျက်သည် ရုံးကို အစောကြီးလာ၊ ဗင်နီ့ ကို တရွတ်တိုက်ဆွဲ၍ ရင်ခွဲရုံ တံခါး ဖွင့်ခိုင်းပြီး ဇွတ် အတင်း အဓမဿမ အလုပ်လုပ် ခိုင်း ခဲ့ သည် ကိုး။ ရုံးကို အစောဆုံး လာရလေ့ ရှိသည့် ဗင်နီ သည် ဂျက် ၏ အနိုင်ကျင့် မှု ကို အမြဲ ခံရ လေ့ရှိသည်။ ဂျက် ရှိနေလျှင် သူအလွန် ကြိုက်သည့် ကှောဖီ ကလေး ကို သောက်၍ သတင်းစာမှ အားကစား ကဏဿဍ လေးကို ပင် ဖြောင့်အောင် မဖတ်ရ။ ဒီနေ့ လည်း မနက်ခင်း ကှောဖီ ကလေး နှင့်၊ သတင်းစာ ကလေး နှင့် နှပ်မည် ဟု ကြံကာ ရှိသေး ကမ်းကုန်အောင် အခိုင်း ပက်စက်သော ဂျက် ကို မြင်ရုံဖြင့် ဗင်နီ တစ်ယောက် ဖင်တုန် နေပြီ။

Advertisement

One Comment (+add yours?)

  1. သိင်္ဂါကျော်
    Aug 08, 2011 @ 16:45:20

    ဆက်ပြီးတော့ ပြန်ပါဦးနော်..

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.