အတ္တလန်တစ်ရှာပုံတော် (၇၃)
10 Sep 2010 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၃၅)
ဒေါက်တာ တီမိုသီ ဖရန့်၏ စကားအဆုံးတွင် အားလုံးသည် စကားမပြောနိုင်ပဲ အတွေးကိုယ်စီဖြင့်ငြိမ်သက်နေကြ သည်။ ဒတ်ပစ်သည် နကဿခတဿတေဗဒ ပညာရှင်ကြီးကို အကဲခတ်နေ၏။ ထိုသူသည် သူပြောသည့်စကားကို သူတာဝန်ယူ နိုင်ကြောင်း ပှေါလွင်လွန်းလှသည်။
တီမိုသီက ဆက်၍-
“ခင်ဗျားတို့ ပြောပြောနေတဲ့ ဒုတိယကြယ်တံခွန်ဆိုတာ၊ သူ့နာမည်က ဘှောဒဝင်တဲ့ဗျ၊ စတွေ့ခဲ့တဲ့ အပျှောတမ်းသမား တစ်ယောက်ရဲ့ နာမည်ပေါ့”
“အဲဒီ ဘှောဒဝင်နဲ့ အားမီးနီးစ်မှတ်တမ်းထဲက ဒုတိယကြယ်တံခွန်ဟာ တူတူပဲဆိုတာ သေချာလားဆရာ” ပစ်က ထပ်မေးလိုက်၏။
“သိပ်သေချာတာပေါ့၊ မစဿစတာပစ်၊ ကျွန်တှောတို့တွက်တာ နှစ်ပေါင်းနှစ်ရာလောက် အပိုအလိုရှိနိုင်ပေမဲ့၊ ဒီထက်တော့ မပိုဘူး၊ ဒီရက်ပိုင်းအတွင်း ကြယ်တံခွန်ဝင်တိုက်မယ်ဆိုတာ ရယ်စရာပဲ”
လိုရမ်သည် နှုတ်ခမ်းကို ကိုက်၍ စဉ်းစားနေသည်။
“ဆရာပြောတဲ့ ဒီသတင်းအချက်အလက်တွေဟာ ဝုဖ်လို လိုတရအဖွဲ့ဆီမှာလည်း ရှိမှာပဲ၊ ဒါဖြင့်သူတို့ဟာ ဒီမဖြစ် နိုင်တဲ့ကိစဿစနဲ့ ဘာဖြစ်လို့ ပိုင်ဆိုင်မှုအားလုံးရောင်းချပြီး သဘေဿငာပှေါတက်နေကြတာလဲ၊ အဓိပဿပါယ်တော့ သိပ်မရှိဘူး နှော။ ဒီလူတွေ ဒီလောက်မရူးဘူး၊ အလည်းမအဘူး”
“သူတို့မိသားစုတင်မကဘူးလိုရမ်၊ သူတို့ကို သစဿစာခံကြတဲ့ လူပေါင်း (၇၅ဝဝဝ) လဲပါသေးတယ်၊ ပြီးတော့ သူတို့အားလုံးဟာ ဒီဖြစ်ရပ်ကြီး ဖြစ်ကိုဖြစ်မယ်လို့ အရူးအမူးယုံကြည်နေကြတယ်” အယ်လ်က ဖြည့်စွက်၍ ပြောလိုက် သည်။
“ဟုတ်တယ်ရှင့်၊ သူတို့ကို သူတို့ ခေတ်သစ် နောဧတွေလို့ အသေအချာယုံကြည်နေကြတယ်” ပက်ထရစ်ရှာကလည်း သူမ၏ အတွေ့အကြုံနှင့် အမြင်ကိုတင်ပြသည်။
ဆန်ဒက်ကာက ခေါင်းယမ်းလိုက်၏။
“ကျုပ်အဖို့တော့ ဒီကိစဿစဟာအတှောနားလည်ရခက်နေတယ်”
ပစ်က လက်ထောင်လိုက်ပြီး-
“ဝုဖ်တွေမှာ အကြောင်းရင်းတစ်ခုခုရှိကိုရှိရမယ်။ ကမဿဘာေပါှမွာရွိတဲ့ သက္ရွိသတဿတဝါမွန္သမ်ွ သေကြေပျက်သုဉ်း ပြီးသူတို့သာ အသက်ရှင်ကျန်ရစ်ရမယ်ဆိုတဲ့အကြောင်း၊ ဘယ်သူမှ မသိနိုင်တဲ့အကြောင်းတစ်ခုခုပေါ့” ဟု စဉ်းစဉ်းစား စားပြောလိုက်၏။
ဒေါက်တာ တီမိုသီ ဖရန့်က ခေါင်းခါရင်း-
“တကယ်လို့ အဲသလိုအကြောင်းရှိခဲ့မယ်ဆိုရင်တောင် ကမဿဘာမြေအပြင်ဖက်ကလာမဲ့ အကြောင်းတော့ လုံးဝ မဟုတ်ဘူးဗျ၊ အာကာသနဲ့ နကဿခတ်ဗေဒမှာ ကျွန်တှောတို့ထက်ပိုပြီး ဘယ်သူမှ မသိနိုင်ဘူး” ဟုအပြတ် ပြောလိုက်သည်။
“ဒါဆို တစ်ခြားနည်းနဲ့ ကမဿဘာ့မြေလွှာကို ရွေ့လျားစေနိုင်သလား ဆရာ” ယယ်လဂါ၏ လက်တွေ့ကျသော မေးခွန်းကို ဒေါက်တာ တီမိုသီက-
“ဖြစ်နိုင်တယ်။ ကမဿဘာ့ဟန်ချက်ကို တိမ်းစောင်းစေမဲ့ ဖြစ်ရပ်တစ်ခုခုဖြစ်ခဲ့ရင်ပေါ့” ဟုဖြေလိုက်သည်။
“ဘယ်လိုဟာမျိုးလဲဆရာ”
“တောင်နဲ့ မြောက်ဝင်ရိုးစွန်းတစ်ခုခုက ရေခဲပြင်ကြီးကို ရွေ့အောင်လုပ်နိုင်မယ်ဆိုရင်ပေါ့”
ပစ် အရမ်းကို စိတ်ဝင်စားသွား၏။ ရေခဲပြင်ကိုရွေ့စေရင်————။
“ဘယ်လိုများလဲဆရာ”
“ဒီလိုဗျ၊ ကျွန်တှောတို့ကမဿဘာဟာ အားလုံးသိကြတဲ့အတိုင်း ၂၃.၄ ဒီကရီစောင်းပြီးဟန်ချက်ထိန်းကာ နေကို လှည့်ပါတ် နေတယ်မဟုတ်လား။ အဲသလို လည်ပါတ်နေရင်းက ကမဿဘာဟာ မသိမသာလေး တုန်ခါနေတယ်ဗျ၊ အကယ်၍များ ကမဿဘာ့ဟန်ချက်နှစ်ခုဖြစ်တဲ့ တောင်နဲ့မြောက်ဝင်ရိုးစွန်းတစ်ခုခုမှာ အလေးချိန်အလွန်အင်မတန်များလာခဲ့မယ်ဆိုရင် မသိမသာကနေ သိသိသာသာ အဆမတန်တုန်ခါလာပြီးတော့ ခုနက ကြယ်တံခွန်ဝင်တိုက်သလို ကမဿဘာ့မြေလွှာ ရွေ့လျားခြင်းဖြစ်တတ်တယ်။ တစ်ခုထူးဆန်းတာကတော့ အဲသလိုဖြစ်ရပ်မျိုးဟာ နှစ်ပေါင်း ခြောက်ထောင်ကနေ ရှစ်ထောင်ကြားမှာ တစ်ခါ အချိန်မှန်ဖြစ်လေ့ရှိတာပဲ”
ပစ်ခေါင်းထဲတွင် အတွေးတစ်ခု ဝင်းကနဲ လက်သွား၏။
“နောက်ဆုံးဖြစ်ခဲ့တာ ဘယ်တုန်းကလဲဆရာ”
“နောက်ဆုံးဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်က”
လူအားလုံး သူမျက်နှာကို ဝိုင်းကြည့်နေကြစဉ် ဒေါက်တာတီမိုသီက ခေါင်းညိတ်ပြလိုက်ပြီး-
“ဟုတ်ပါတယ်၊ အဲဒါက ကြယ်တံခွန်ဝင်တိုက်တာနဲ့ တစ်ချိန်တည်းဖြစ်ခဲ့တာပဲ” ဟု ပြောလိုက်လေတော့သည်။
++++++++++++++++++
“ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်က ကြယ်တံခွန်ဝင်တိုက်တာနဲ့ ကမဿဘာ့ဟန်ချက်ရွေ့လျားတာဟာ တစ်ချိန် တည်းလိုလို ဖြစ်ခဲ့တဲ့အတွက် ကမဿဘာဟာ ဗြဟဿမာ့တံခိုးနဲ့ နှစ်ဆတိုးပြီး ပျက်စီးခဲ့ရတာပေါ့” ပစ်က ပြောလိုက်သည်။ သူ တစ်ခုခုကို သတိရသွား၏။
“ဆရာပြောသလိုဆိုရင် ကမဿဘာ့ဟန်ချက်ရွေ့ဖို့ဟာ အချိန်တောင်လွန်နေပြီပေါ့”
“ဟုတ်တယ်။ အချိန်လွန်နေပြီ။ ဒါကြောင့် ဖြစ်မယ်ဆိုရင် အချိန်မရွေးထဖြစ်နိုင်တယ်၊ ဖြစ်နိုင်ချေလည်း အရမ်းကို များတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက အနဿတာတိကရဲ့ ရေခဲပြင်ဖြစ်နှုန်းက တပြေးညီမရှိဘူး၊ နှစ်စဉ်နှစ်တိုင်း ရေခဲတန်ချိန် ဘီလီယံငါးထောင်လောက်ဟာ ရော့စ်ရေခဲပြင်ပှေါမှာ ပုံလာတယ်။ ဒါကြောင့်လည်း ကမဿဘာဟာ ပိုပိုပြီးတော့ တုန်ခါလာနေတယ်”
“ဘယ္လိုအခ်ိန္မ်ိုးမွာ ဒီကိစဿစျဖစ္သြားနိုင္သလဲ”
“ရော့စ်ရေခဲပြင်ကြီးဟာ အနဿတာတိကတိုက်ကနေ ရုတ်တရက်ကွဲထွက်သွားပြီး ပင်လယ်ထဲမျောသွားခဲ့ရင်ပေါ့။ အဲဒီ အခါမှာ တောင်ဝင်ရိုးစွန်းဟာ မြောက်ဖက်၊ မြောက်ဝင်ရိုး စွန်းဟာ တောင်ဖက်ကို လည်သွားပြီး အားမီးနီးစ် တွေခံစား ခဲ့ရသလို ဖြစ်ရပ်မျိုးတွေ တသဝေမတိမ်းဖြစ်မှာပဲဗျ၊ တစ်ခုပဲရှိတယ်။ လွန်ခဲ့တဲ့ နှစ်ကိုးထောင်က တစ်ကမဿဘာလုံး မှာ စုစုပေါင်း လူဦးရေ တစ်သန်းပဲ ရှိတယ်။ ခု သန်းခုနှစ်ထောင်ဆိုတော့ သေကြေပျက်စီးမဲ့ ဦးရေဟာ စဉ်းစားသာ ကြည့်ကြပါတော့”
“ဘယ်လောက်အရှိန်နဲ့လဲ”
“ပင်လယ်ထဲကို သုံးဆယ့်ခြောက်နာရီအတွင်း မိုင်ခြောက်ဆယ်လောက်ရွေ့သွားခဲ့ရင်ပေါ့”
“တားနိုင်တဲ့နည်းလမ်းရှိသလား ဆရာ”
“နျူကလီးယားဗုံးအလုံးတစ်ထောင်လောက် တပြိုင်နက်ခွဲပစ်ပြီး ရေခဲတွေကိုချက်ချင်းအရည်ပျှောအောင် လုပ်နိုင်ရင် တော့ ဖြစ်နိုင်ဖွယ်ရှိတယ်။ ဒါကလည်းသီအိုရီသက်သက်ပါပဲ”
ပစ်က လိုရမ်ကို စိုက်ကြည့်ရင်း-
“ဝုဖ်တွေရဲ့ နာနိုနည်းပညာစခန်းဟာ ရော့စ်ရေခဲပြင်နဲ့ဘယ်လောက်ဝေးသလဲ”
“ဘယ်လောက်မှ မဝေးဘူး၊ အဲဒီ ရော့စ်ရေခဲပြင်အစွန်းမှာပဲ၊ ဘာဖြစ်လို့လဲ”
ပစ်၏ မျက်လုံးအကြည့်ထဲမှ အဓိပဿပါယ်ကို အားလုံးသဘောပေါက်သယောင် ခံစားလိုက်ကြရ၏။ ပစ်သည် ဒေါက်တာ တီမိုသီကို လှမ်းကြည့်လိုက်ပြီး-
“ရော့စ်ရေခဲပြင်ဟာ ဘယ်လောက်ကျယ်သလဲ ဒေါက်တာ”
“ကျွန်တှောသိသလောက် ကမဿဘာ့အကြီးဆုံးရေခဲပြင်ပဲဗျ၊ ဘယ်လောက်ကျယ်သလဲတော့ မသိဘူး”
“ခဏနေကြဦးဗျ”
ဟီရမ် ယယ်လဂါသည် သူ့ခရီးဆောင်ကွန်ပြူတာကို ထုတ်၍ အသုံးလုံး ကွန်ရက်နှင့်ချိတ်ဆက်လိုက်၏။ များမကြာမီ လိုအပ်သော သတင်းအချက်အလက်များရလာ၏။
“ရော့စ်ရေခဲပြင်ရဲ့ ထုထည်ဟာ စတုရန်းမိုင်ပေါင်း နှစ်သိန်းတစ်သောင်းရှိတယ်။ တက်စ်ဆက်ပြည်နယ်လောက်ပေါ့။ အရှည်က မိုင်တစ်သောင်းလေးထောင်၊ ပေပေါင်း တစ်ထောင့်တစ်ရာ ကနေ နှစ်ထောင့်သုံးရာအထိ ထူတယ်၊ ဒါကတော့ အားလုံးသိထားရမယ့် အခြေခံအချက်အလက်တွေပဲ၊ တခြားအသေးစိတ်အချက်အလက်တွေ သိချင်ရင် လည်းရသေးတယ်” ယယ်လဂါက အားလုံးကို ကြည့်ရင်း ပြောလိုက်သည်။
ပစ်သည် သက်ပြင်းချလိုက်ပြီး-
“သက်သေ သကဿကာရ အတိအကျမပြနိုင်သေးပေမဲ့ ဝုဖ်မျိုးဆက်သုံးဆက်လုံး အားသွန်ခွန်စိုက်လုပ်ဆောင်နေတာ အား လုံးဟာ ရော့စ်ရေခဲပြင်ကိုခွဲပြီး ကမဿဘာ့ဟန်ချက်တိမ်းစောင်းအောင်လုပ်ဖို့ပဲ”
အယ်လ်က ခေါင်းညိတ်ရင်း-
“ဂျစ်ဆော အရုပ်ကားဆက်သလို ခုတော့ ရုပ်လုံးပှေါလာပြီပေါ့”
ပစ်က ဆက်ပြောလိုက်၏။
“ဟုတ်တယ်။ ဘယ်လိုနည်းလမ်းကိုပဲ သုံးရသုံးရ၊ ဝုဖ်တွေဟာ ရော့စ်ရေခဲပြင်ကို ရအောင်ခွာထုတ်လိမ့်မယ်။ ဒီလိုနဲ့ ကမဿဘာ့ဟန်ချက်တိမ်းစောင်းသွားပြီး မြေလွှာတွေရွေ့လျားလို့ ဒုကဿခကပ်ကြီးဆိုက်တာကို သဘေဿငာလေးစီးပှေါကနေ ရှုစားတှောမူကြလိမ့်မယ်။ နောက်ဆုံးမှာ လူပေါင်းသန်းခုနှစ်ထောင်ရဲ့ အလောင်းတွေပှေါနင်းပြီး စတုတဿထအင်ပါယာ ရဲ့အရှင်သခင်များအဖြစ်ခံယူကြမှာပေါ့”
ထရပ်ကားပှေါမှ လူအားလုံးစကားမပြောနိုင်ကြတော့ပဲ ကြက်သေသေကုန်ကြ၏။ အလွန်အင်မတန် ယုတ်မာပက် စက် ရိုင်းစိုင်း အောက်တန်းကျလှသော ကမဿဘာ့ထိပ်ခေါင်တင် ရာဇဝတ်မှုကြီးကို သူတို့နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့နေရ ချေပြီ။
“ဗိုလ်ချုပ်ကြီး၊ သမတ ကိုအကြောင်းကြားဖို့အချိန်တန်ပြီ” ပစ်က ဆန်ဒက်ကာကို ပြောလိုက်၏။
“ဟုတ်တယ်၊ ဆရာသမားမြန်မြန်လေးလုပ်ပါ”
ဟု အယ်လ်ကလည်း တိုက်တိုက်တွန်းတွန်းပြော၏။
ဆန်ဒက်ကာသည် လေပူကြီးမှုတ်ထုတ်လိုက်ပြီး-
“ငါ့အနေနဲ့ သမတရုံးက သူ့အပါးတှောမြဲ ဂျိုးဖလင်းကိုတော့ ဒီအကြောင်းပြောထားခဲ့ပြီးပြီ။ ကြည့်ရတာ တို့ဖက်က လုပ်နိုင်တာ တွေကို မြန်နိုင်သမျှ အမြန်ဆုံးလုပ်ရတော့မယ်နဲ့တူတယ်။ ဘာကြောင့်လဲဆိုတော့ ဝုဖ်မိသားစုရဲ့ မဟာ အကြံအစည်ဆိုးကြီးကို အကောင်အထည်ဖှောဖို့ အချိန်က သုံးရက်ပဲရှိတော့တယ် မဟုတ်လား”

Sep 11, 2010 @ 13:21:47
ကောင်းခန်းတွေ ရောက်လာပြီ.. အားပေးလျက်ဗျို့
Sep 14, 2010 @ 01:17:51
ဟုတ်တယ်..ကောင်းခန်းတွေရောက်နေပြီး..မြန်မြန်တင်ပေးနော်…ဟီး..