ရာမ (၁၉)
13 Sep 2010 Leave a Comment
အခန်း (၂၁)
မုန်တိုင်း အလွန်
အခုအခါ ရိုးနေပြီ ဖြစ်သော အယ်လ်ဖာ လှေကားတစ်လျှောက် ဆင်းလာရင်း ခုလို မအောင့်နိုင်ပဲ ရာမထဲ ပြန်ဆင်း လာကြ သည်မှာ စောလွန်း နေသလား ဟု နှောတန် စဉ်းစား နေမိသည်။ သူတို့သည် အားမာန် ပှေါတွင် ကုပ်၍ ၄၈ နာရီ လုံးလုံး၊ ရွှေထက် အဖိုးတန်သော အချိန် နှစ်ရက်လုံးလုံး စောင့်ခဲ့ပြီးပြီ။ ရာမတွင် ဘာမှ အနဿတရာယ် မရှိကြောင်းကို တွေ့ကြရသည့် အတွက် ပြန်သွားကြတော့မည်။ အခု သူတို့၏ ပြသဿသနာက ပိန်းနေ အောင်ပိတ်နေသည့် မြူသာဖြစ်၏။
ဗဟိုချက်စခန်းသို့ သူတို့ပြန်ရောက်ချိန်တွင် ပထမဦးဆုံး သတိထားမိသည်က ရာမ၏ အလင်းရောင်ကို ဖြစ်၏။ ရာမ၏ နေရောင်ပြာကား စစချင်းတုန်းကလို မျက်စိကျိန်းလောက်အောင် မတောက်ပတော့၊ လှလှပပ နူးနူး ညံ့ညံ့ ကလေး။ ချစ်စရာတောင် ကောင်းသေးတော့။ ရာမသည် အခုအခါတွင် ဝင်ရိုးတစ်လျှောက် တောင်ဝင်ရိုးစွန်း ရှိ ဧရာမ ဆူးကြီးများ ကိုမြင်တွေ့ ရသည် အထိ အဖြူရောင် တောက်တောက် ဥမင် လှိုဏ်ခေါင်း သဖွယ် အသွင်ကို ဆောင်နေ ပြန်ချေပြီ။ ရာမ လွင်ပြင် ပါတ်ပါတ်လည်ကို တိမ်များက ပိန်းပိတ်နေအောင် ဖုံးကွယ် ထား၏။ ဝင်ရိုး တစ်လျှောက် ငါးကီလို၊ ခြောက်ကီလို မီတာပါတ်လည်တွင် သာတိမ်ကင်းစင် နေသဖြင့် ထုလုံးရှည် ကမဿဘာကြီး ထဲမှ ထုလုံးရှည် ကမဿဘာလေး ဖြစ်နေသည်။
ထိုတိမ်များသည် ရာမ၏ အပြာရောင် နေခြောက်စင်း၏ အလင်းကြောင့် တောက်ပလျှက်ရှိသည်။ မြောက်ဖက် ခြမ်းရှိ နေသုံးချောင်းကို ကောင်းစွာ မြင်ရသှောလည်း တောင်ကမဿဘာခြမ်းမှ နေသုံးစင်းကား တိမ်များကြောင့် မပီ ဝိုးတဝါး။
ထိုတိမ်များအောက်ရှိ ရာမလွင်ပြင် သည်ခုအခါ ဘယ်လိုရှိနေပါ မည်လဲ။ မုန်တိုင်းသည် မရှိတော့။ လေလုံးဝ ငြိမ်သွားပြီ။ ဆင်းချင်လှပြီ။ ဆင်းကြတော့မည်။ ပထမဆုံးအကြိမ် အယ်လ်ဖာလှေကားကို ဆင်းခဲ့ကြသော ဒု-ယာဉ်မှူး မာစာတို့ အဖွဲ့သည် ဆင်းရန်ပြင်နေကြပြီ။ တပ်ကြပ်ကြီး မိုင်ရွန်သည်လည်း ကျန်းမာ ကြံ့ခိုင်လာပြီ။ မာစာ၊ ကားလ်ဗတ်နှင့် မိုင်ရွန်တို့ လှေကားတစ်လျှောက် ဆင်းသွားကြသည်ကို စောင့်ကြည့်ရင်း နှောတန် သည် ခုတစ်ခေါက်နှင့် အရင်တစ်ခေါက် လှေကားဆင်းရခြင်း၏ ကွာခြားချက်များကို စဉ်းစားနေမိသည်။ ယခင်က ဆင်းသက်ခဲ့သော ရာမကမဿဘာသည် မှောင်မဲ၊ အေးစက်၊ တိတ်ဆိတ်သော သက်မဲ့ကမဿဘာ၊ ယခုတစ်ခေါက်တွင် တော့ ပူနွေး၊ တောက်ပ၊ လင်းလက်သော ကမဿဘာဖြစ်နေပြီ။ ရာမ၏ ဝိဉာဉ်သည် နိုးထခဲ့ပြီးပြီ။ ဘောရစ်၏ စကား မှန်များမှန်နေမလား။
အယ်လ်ဖာလှေကား၏ မတ်စောက်သော အပိုင်းကို ဆင်းပြီး၍ ဆင်ခြေလျှောအပိုင်းကို စတင်ဆင်းသက်ရန် ပထမ ပလက်ဖောင်းသို့ အရောက်တွင် မာစာသည် ရာသီဥတုကို စူးစမ်း၏။ မည်သည့်ကိစဿစ ကိုမှ စုံစမ်း စစ်ဆေး ခြင်းမပြုပဲ လက်မခံတတ်သည့် သူ၏ သေချာချင်သော ဉာဉ်ကြောင့်ဖြစ်သည်။ လူ၏ အာရုံသိသည် ယုံစား၍ မရ၊ မနေ့တစ်နေ့ တုန်းက ရာမမှာ သူတို့ အားပါးတရ ရှုခဲ့သော လေသည် ဒီနေ့မှာ အဆိပ်အတောက် ဖြစ်နေ နိုင်သည်။ အသက်တစ်ရှိုက် မှာ မရဏ ကမဿဘာသို့ ရောက်သွားနိုင်သည်။
မီတာတံကို ကြည့်လိုက်ပြီးနောက်-
“သောက်ကျိုးနည်း”ဟု အာမေဋိတ်သံ ထွက်သွားမိသည်။
“ဘာဖြစ်လို့လဲ” ကားလ်ဗတ်က မေးလိုက်သည်။
“စက်များ ပျက်နေ ရော့သလား။ နေဦး၊ တစ်ခြားတစ်ခု နဲ့ စမ်းကြည့် ဦးမယ်”
စက်မပျက်ပါ။ ဘယ်လိုစမ်းစမ်း အောက်စီဂျင် ပါဝင်မှု ရာခိုင်နှုန်းက အရင်ကထက် များစွာပိုနေ၏။ မာစာသည် ဗဟိုချက် စခန်းသို့ သတင်းပို့၏။
“အောက်စီဂျင် ပါဝင်နှုန်းကို တစ်ချက်ကြည့်စမ်းပါ ယာဉ်မှူး”
နှောတန့် ဆီမှ အသံထွက်လာသည်။
“များလွန်းတယ်၊ စက်များ ပျက်နေ သလား”
“ငါးဆယ် ရာခိုင်နှုန်း တောင် တက်နေတယ် မဟုတ်လား”
“ဟုတ်တယ် မာစာရေ၊ ဘာသဘောလဲ”
မာစာ့ မျက်နှာ ပှေါတွင် အပြုံး ပှေါလာ၏။
“ဘာသဘောလဲ ဆိုတော့ ကျွန်တှောတို့ အသက်ရှု ကိရိယာတွေ မလိုတော့ဘူး ဆိုတဲ့ သဘောပေါ့ ဆရာ၊ မကောင်း ဘူးလား”
“ကောင်းတယ် မာစာ၊ သံသယ ဖြစ်ရလောက်အောင် ကိုကောင်းလွန်းတယ်”
မာစာသည် ဦးထုပ်ခေါင်းစွပ် ကိုချွတ်၍ အသက်တစ်ချက် ရှုစမ်းကြည့်၏။ အို——၊ ရာမ၏ လေသည် မရဏ အနံ့ နှင့် အငွေ့အသက် များကင်းစင် သွားပါပကော။
====================
လေထုသည် လတ်ဆတ်၏။ စိုထိုင်းဆ (၈ဝ) ရာခိုင်နှုန်း ရှိ၏။ အပူပိုင်း ပင်လယ်ကမ်းစပ် တစ်နေရာမှာ နွေညနေခင်း တစ်ခု၏ လေကို ရှုရသကဲ့သို့ အရသာ ရှိလှသည်။ ရာမသည် သူတို့ကို မျက်လှည့်ပြချေ ပြန်ပြီ။ ပင်လယ် အရည်ပျှောသဖြင့် စိုထိုင်းဆ တက်လာသည်ကို ရှင်းပြနိုင်သှောလည်း အောက်စီဂျင် ဘာကြောင့် များလာမှန်း တော့မသိနိုင်သေး။
မာစာသည် လှေကားကို ဆင်းရင်း ထို ပြသဿသနာ ကို အဖြေရှာနေမိသည်။ တိမ်ထုထဲ တိုးဝင်မိသှောလည်း မဖြေကား ရှာမတွေ့။ ရာမ၏ အပြောင်း အလဲ ကို လှေကားပှေါမှာပင် စတင် ကြုံတွေ့ကြ ရတော့သည်။ လှေကားမှ လျှောဆင်းကြရင်း ဗြုံးကနဲ တိမ်ဖုံးသွားသဖြင့် အရှေ့ကို မီတာအနည်းငယ်သာ မြင်တွေ့ကြရသည်။
မာစာသည် တုန့်ကနဲ ရပ်လိုက်၏။ နောက်မှ ကပ်လိုက်လာသော ဂျိုး ကားလ်ဗတ်သည် မာစာ့ကို တိုက်မိ မတတ် ဖြစ်သွားပြီး မနည်း ဘရိတ်ဖမ်းလိုက်ရသည်။ မိုင်ရွန်ကတော့ အရှိန်မထိန်းနိုင်ပဲ ကားလ်ဗတ်ကို ဝင်တိုက်မိသည်။ ကံကောင်း၍သာ ကားလ်ဗတ်တစ်ယောက် လွင့်စဉ် မကျခြင်းဖြစ်သည်။
“ဖြည်းဖြည်းဆင်းမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ခွာထားကြ၊ ကပ်မလိုက်ကြနဲ့။ အရှိန်လည်း သိပ်မမြန် စေနဲ့၊ ဗြုံးစားကြီး ရပ်ချင် ရပ်ရမှာ”
တစ်ယောက်နှင့် တစ်ယောက် ဆယ်မီတာ ခွာပြီး လက်ရန်းလျှောစီးကြပြန်၏။ ခုတစ်ခေါက် ဆင်းရသည်မှာ ပထမ တစ်ခေါက်ထက် ပိုခက်၏။ မှောင်ထဲမှာ တုန်းက မီးမောင်းထိုးပေး၍ ရသည်။ ခု မြူထဲမှာ ဘာမောင်းမှ ထိုးပေး၍ မရ၊ ထို့ကြောင့် ခရီးမည်မျှ ပေါက်နေပြီမှန်း ခန့်မှန်း ၍ မရ။ ရှေ့ဆုံးမှ ဆင်းနေသော မာစာ ရုတ်တရက် ရပ်လိုက်ပြန် သောအခါ ကားလ်ဗတ်က လှေကား၏ စတုတဿတအဆစ် လောက်ရောက်နေပြီ ဟုခန့်မှန်း၏။ သုံးဦး လုံးစုမိကြသောအခါ မာစာက လေသံကလေးဖြင့်-
“နားထောင်ကြစမ်း၊ အသံ တစ်ခုခု ကြားသလား” ဟုမေးလိုက်သည်။
မိုင်ရွန်က တစ်မိနစ်မျှ နားစိုက်ထောင် ပြီးနောက်-
“ဟုတ်တယ်။ လေတိုးသံ နဲ့တူတယ်” ဟု မှတ်ချက် ပေး၏။
ကားလ်ဗတ်ကတော့ ထိုသို့ မထင်မိ၊ သူသည် ဦးခေါင်းကို ဘယ်ညာ ယိမ်းပြီး အသံလာရာဆီသို့ မှန်းဆကြည့်၏။ သို့သှော အကျိုး မထူး။
လျှောဆင်းခဲ့ကြပြန်၏။ စတုတဿတ ပလက်ဖောင်းကို ကျှောခဲ့ပြီး နောက်ဆုံး အဆစ်အပိုင်းကို ဆင်းနေစဉ်မှာပင် အသံသည် ပို၍ ကျယ်လောင်လာ၏။ မိုင်ရွန်က လှမ်းအှော လိုက်သည်။
“ဘာသံလဲ ဆိုတာ သိကြ ပြီလား”
အမှန်တော့ သူတို့ အစောကြီး ကတည်းက သိသလိုလို ရှိခဲ့ပါသည်။ ဒီအသံမျိုး ဤကမဿဘာလောက တွင် ရှိနိုင်မည် မထင်သောကြောင့် မပြောခဲ့ကြခြင်း ဖြစ်သည်။ အခုတော့ အသံက ထင်ရှားလွန်းလှပြီ။ အမြင့်တစ်နေရာမှ တဝေါဝေါ အသံပေး၍ စီးဆင်းနေသော ရေကျသံ ဖြစ်၏။
သူတို့ကို လွှမ်းခြုံထားသော တိမ်ထု ကဗဿဗလာသည် ချက်ချင်းပျောက်ကွယ်သွား၏။ မိနစ်အနည်းငယ်မျှ လျှောဆင်း ပြီးသှော သူတို့သည် တိမ်ထုထဲမှ ရုတ်တရက် ထွက်ပြီး ရာမလွင်ပြင်၏ အလင်းရောင်ထဲသို့ ဗြုံးစား ကြီးရောက်ရှိ လာကြ၏။ ခုတစ်ခေါက်တွင် ရာမလွင်ပြင်၏ ကွေးတက်သွားသော အပိုင်းကို တိမ်များက ဖုံးကွယ် ထားသဖြင့် မြေကမဿဘာပှေါမှ လွင်ပြင် တစ်ခုနှင့်ပို၍ တူလာ၏။ ပါတ်ပါတ်လည် ရှိနေသော ဆလင်ဒါ ပင်လယ်၏ ပြန့်ပြူးသော ရှေ့တည့်တည့် မြင်ကွင်းကိုသာ မြင်ရသည့်အတွက် စိတ်သက်သာရ ရမိကြသည်။
ပဥဿစမအဆစ် ပလက်ဖောင်းတွင် ခဏနားပြီး သူတို့တွေ့ရသည့် မြင်ကွင်း အကြောင်းကို ဗဟိုစခန်းသို့ သတင်း ပို့၏။ ရာမသည် အံ့တစ်ပါးကို ဖန်တီးထားပြန်ပြီ။
သူတို့နှင့် သုံး-လေး ကီလိုမီတာ အကွာတွင် တိမ်များကြားမှ ရေတံခွန်တစ်ခု စီးဆင်းနေ၏။ ရေတံခွန်မှ ကျသော ရေသည် တည့်တည့်မကျ၊ ကွေးနေသော ရာမကမဿဘာ၏ ရေတံခွန်မှာ ကွေး၍ စောင်း၍ ရေများ ကျဆင်း နေသဖြင့် မူလ ရေထွက်နှင့် ကီလိုမီတာပေါင်း များစွာ အကွာမှာ ရေကျဆင်းနေသည်။
မာစာသည် ထို ရေတံခွန်ဆန်း ကိုငေးကြည့်နေရင်းက-
“တကယ်လို့များ ဂယ်လီလီယိုကို ရာမ ကမဿဘာမှာ မွေးခဲ့ရင် ရွေ့လျားမှု နိယာမတွေကို ကြံဆရင်း ရူးများ သွားမလား မသိဘူး” ဟုမှတ်ချက် ပေးလိုက်၏။
“ဂယ်လီလီယို မပြောနဲ့၊ ရာမနဲ့ လက်ပွန်းတတီး ရှိနေတဲ့ ကျွန်တှောတို့တောင် ရူးချင်စိတ်ပေါက် နေတာပဲ မဟုတ်လား။ ပါမောကဿခ မိုင်ရွန်ရော ဘယ်လို သဘောရလဲ” ကားလ်ဗတ်က မေးလိုက်သည်။
“ကျွန်တှောကတော့ မရူးချင်ဘူး၊ ကိုရီရိုလစ် ဆွဲအားဆိုတာ ဒါမျိုးကွလို့ ကျောင်းသား တွေကို ခှေါပြ ချင်မိတာပဲ”
မာစာ၏ အကြည့်က ဆလင်ဒါ ပင်လယ်ဖက်သို့ ရောက်သွား၏။
“ရေပြင်မှာ ဘာတွေ ပြောင်းလဲ နေသလဲ၊ သတိထားမိလား”
“အင်း- အရောင်က မပြာတော့ဖူး၊ စိမ်းနေတယ်၊ ဘာဖြစ် လို့လဲ”
“ကမဿဘာ့ ဆင့်ကဲ ဖြစ်စဉ် တိုးတက်မှု လိုပါပဲ၊ ဒီရေကို လှောရာအန်းစ်က အှောဂဲနစ် တုန့်ယမ်း ဟင်းချိုလို့ ခှေါခဲ့ တာ မှတ်မိကြတယ် မဟုတ်လား။ အခု အဲဒီ ဟင်းချို အသက်ဝင်လာပြီ”
“နှစ်ရက်ထဲနဲ့ ဒီလို ဖြစ်စရာလား၊ ကမဿဘာ့ ဆင့်ကဲဖြစ်စဉ်မှာ ဒီအဆင့်ရောက်ဖို့ နှစ်သန်းပေါင်းများစွာ အချိန်ယူ ခဲ့ရတယ်”
“ဟုတ်တယ်။ အတိအကျပြောရရင် ၃၇၅ သန်း၊ အခုတော့ အောက်စီဂျင် ဘာလို့များလာလဲ ဆိုတာ သိပြီပေါ့၊ ရာမ ဟာ ကမဿဘာဖြစ်စဉ်မှာ နှစ်ပေါင်း ၃၇၅ သန်းအချိန်ယူခဲ့ရတဲ့ အောက်စီဂျင်မဲ့ ဓါတ်ပြုခြင်း (Anaerobic stage) ကနေ အလင်းဖွဲ့ဓါတ်ပြုခြင်း (Photosynthetic stage) ကို လေးဆယ့်ရှစ်နာရီ အတွင်း ပြီးအောင် လုပ်သွား ခဲ့တယ်၊ မနက်ဖြန်ဆို သူဘာတွေများ လုပ်ပြလိမ့်ဦး မလဲ”

Recent Comments