အတ္တလန်တစ်ရှာပုံတော် (၇၅)

(၃၇)

အသုံးလုံး အထူးဂျက်လေယာဉ်ငယ်သည် တိမ်ထူထပ်လှသည့်ကြားမှ ရေခဲများဖုံးလွှမ်းနေသည့် လေယာဉ်ပြေးလမ်း သို့အောင်မြင်စွာသက်ဆင်းနိုင်ခဲ့သည်။ ၁၉၂၈ ခုနှစ်ကတည်းက ဗိုလ်ချုပ်ဗျာ့ဒ် တည်ထောင်ခဲ့သော အနဿတာတိကရှိ အမေရိကန်သုတေသနစခန်း အမှတ်ငါးသည် ရော့စ်ရေခဲပြင်အစွန်း ကိုင်နန်ပင်လယ်အှောအနီးတွင်တည်ရှိ၏။

သုတေသန အဆောက်အဦးရှေ့တွင်ရပ်နေသော လူတစ်ဦးသည် သူ၏နေကာမျက်မှန်ကိုချွတ်လိုက်ပြီး လေယာဉ်ပှေါ မှဆင်းလာသော ဒတ်ပစ်ကို ဆီးကြိုနှုတ်ဆက်လိုက်၏။

“ခင္ဗ်ားက မစဿစတာ ဒတ္ပစ္လား၊ မစဿစတာ အယ္လ္ဂ်ီယိုဒီနိုလား”

“က်ြန္ေတာှက ဒတ္ပစ္ပါ။ ခင္ဗ်ားက ဒီဋဿဌာနအျကီးအကဲ မစဿစတာဖရန့္ကက္ရွ္ ဖြစ်မယ်ထင်တယ်”

ကက်ရှ်က ခေါင်းညိတ်ပြလိုက်ပြီး-

“ကျွန်တှောက ခင်ဗျားတို့ နောက်နှစ်နာရီလောက်ကြာမှရောက်မယ် ထင်နေတာ”

“ဟုတ်တယ်။ ကျွန်တှောတို့ အလျှင်လိုနေလို့ မြန်မြန်မောင်းလာခဲ့ကြတာ”

ဂျီယိုဒီနိုက လေယာဉ်ပှေါမှဆင်းလာပြီး-

“ကျွန်တှောတို့နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် မစဿစတာကက်ရှ်ကို ကျေးဇူးတင်ပါတယ်။ ခုကိစဿစက အရေးပှေါမို့လို့ပါ” ဟု ပြောလိုက်၏။

“ခင်ဗျားတို့အပှေါ သံသယဖြစ်စရာတော့မရှိပါဘူးဗျာ၊ ဒါပေမဲ့ အထက်ကတော့ ဘာမှညွှန်ကြားချက်ရမထားဘူးဗျ”

ဗိုလ်ချုပ်ကြီးဆန်ဒက်ကာသည် အနဿတာတိကရှိ ဝုဖ်တို့၏ ပရဝုဏ်အတွင်းသို့ထိုးဖောက်ဝင်ရောက်ရန် တိုက်ခိုက်ရေး တပ်ဖွဲ့များအုံလိုက်ကျင်းလိုက်လွှတ်ရန်အတွက် သမတ၏ခွင့်ပြုမိန့်ကို တောင်းခံဆဲဖြစ်၏။ သို့သှော ဝါရှင်တန်ထက် စာလျှင် ပစ်မှတ်နှင့်မိုင်ငါးထောင်ပိုနီးသော ဗျူနိုအေးရီးသို့ ရောက်ရှိနေပြီးဖြစ်သည့် ပစ်နှင့်အယ်လ်က အခွင့်အရေးကို လက်လွတ်မခံနိုင်၊ ဝုဖ်အကြောင်း သူတို့ထက်ပိုသိသူ လောကမှာမရှိနိုင်။ ထို့ကြောင့်အားလုံးကို လက်တစ်လုံး ခြားလုပ်၍ အသုံးလုံး ဂျက်လေယာဉ်ကို အပိုင်စီးပြီးနှစ်ဦးသဘောတူ ထွက်လာကြခြင်းဖြစ်သည်။ ခုထိတော့ သူတို့ရောက်ရှိနေရာ စခန်းနှင့် မိုင်ခြောက်ဆယ်ခန့်ဝေးကွာသော ဝုဖ်ပရဝုဏ်အတွင်းသို့ ရေခဲပြင်ကြီးကိုကျှောလွှားပြီး သွားရောက်ရမည့်နည်းလမ်းကို နှစ်ဦးစလုံးမစဉ်းစားရသေး။

“ကဲဗျာ၊ ဘာပဲဖြစ်ဖြစ်၊ အထဲဝင်ကြ၊ တှောကြာရေခဲဖုံးပြီး ကျောက်ရုပ်ဖြစ်သွားလိမ့်မယ်”

သုတေသနအဆောက်အဦးငယ်သည် မြေပှေါတွင်ငါးပေသာ ထွက်ပှေါလျှက်ရှိ၏။ သို့သှောအတွင်းတွင် ခေတ်မီ အိမ်ထောင်ပရိဘောဂပစဿစည်း အပြည့်အစုံရှိသော အခန်းကျယ်ကြီးများဖြင့်ဖွဲ့စည်းထား၏။ ကက်ရှ်သည် သူတို့နှစ်ဦးကို ထမင်းစားခန်းသို့တန်းခှေါသွားပြီး အငွေ့တထောင်းထောင်းထနေသော နေ့လည်စာ နှင့်တည်ခင်းဧည့်ခံလေတော့၏။ ဒတ်ပစ်နှင့် အယ်လ်တို့သည် နှစ်ပေါင်းများစွာ ငတ်ပြတ်လာသူများကဲ့သို့ အားမနာ လျှာမကျိုး အားရပါးရ ပါးဖြဲနားဖြဲ စားသောက်နေကြ၏။

“ကောင်းလိုက်တာဗျာ၊ အိမ်ကိုရောက်နေတဲ့အတိုင်းပဲ” စားသောက်ပြီးသည့်အခါ အယ်လ်ကချီးကြူး၏။

“အိမ်လို့ပြောရလောက်အောင် ဒီနေရာက အေးလွန်းသဗျ၊ ဒါတောင်ဒီနေ့ရာသီဥတုက အတှောနွေးတာ၊ အပူချိန်က ရေခဲမှတ်အောက် ၁၅ ဒီကရီပဲရှိတယ်။ ဒါနဲ့ ခင်ဗျားတို့ အာဂျင်တီးနားကနေ ကျူပ်ဆီဆက်သွယ်ကြတုန်းက ရေခဲပြင် ကိုဖြတ်ပြီး ဟိုဖက်အိုကူးမားပင်လယ်အှောကို သွားချင်တယ်လို့ပြောခဲ့တယ်နှော၊ ဘယ်ကိုသွားကြမှာပဲ”

ကက်ရှ်၏ ပြောင်ကျသောမေးခွန်းကို ပစ်ကလည်းပြောင်ကျကျပင် ဖြေလိုက်၏။

“ကံကြမဿမာအင်တာပရိုက်စ်ရဲ့ သတဿတုတူးဖှောရေးစခန်းကိုဗျ”

ကက်ရှ်က ခေါင်းယမ်းရင်း-

“ဒီလူတွေက အလွန်လျှို့ဝှက်တယ်ဗျ။ လုံခြုံရေးတွေလည်း တင်းကြမ်းပဲ။ သူတို့စခန်းနဲ့ ဆယ်မိုင်ပါတ်လည်အတွင်း ဘယ်သူမှ အနားကပ်ခွင့်မရှိဘူး”

“ရပါတယ်ဗျ၊ ကျွန်တှောတို့က မိတ်ဟောင်းဆွေဟောင်းတွေပါ” အယ်လ်သည် ဗိုက်ပြည့်သွားသောအခါ အူရွှင်လာ၏။

“ထားပါတော့လေ။ ခင်ဗျားတို့ကို ဘာနဲ့ပို့ပေးရမလဲ။ ရဟတ်ယာဉ်တော့မရှိဘူးဗျ”

“နှင်းတောစီး တစ်ယောက်ထိုင် ကားလေးတွေရှိတယ်မဟုတ်လား”

“ခြောက်စီးရှိတယ်။ လေးစီးက သိပဿပံပညာရှင်တွေယူသွားတယ်။ နောက်သုံးရက်နေမှ ပြန်ရောက်ကြမယ်။ နှစ်စီးက ပျက်နေတယ်။ ပြင်ဖို့ ပစဿစည်းမှာထားတုန်း”

“တခြားဘာမှ မရှိတော့ဘူးလား”

“နှင်းကှောတဲ့ ဘူဒိုဇာကြီးတော့ရှိတယ်”

“အမလေး၊ အဲဒါကြီးတော့မလုပ်ပါနဲ့၊ တခြားဟာ စဉ်းစားပါဦး”

ကက်ရှ်သည် သူတို့နှစ်ဦးကို စူးစိုက်ကြည့်လိုက်ပြီး-

“ခင်ဗျားတို့နှစ်ယောက် ဒီလောက်အလောတကြီးဖြစ်နေရအောင် သေရေးရှင်ရေးမို့လို့လား” ဟုမေးလိုက်၏။

အယ်လ်က-

“ဟုတ်တယ်ဗျ၊ တကဲ့ကို သေရေးရှင်ရေးကိစဿစပဲ၊ အသေးစိတ်တော့မသိချင်ပါနဲ့ဗျာ၊ ခင်ဗျားကို အလကားနေရင်း စိတ်ဒုကဿခမရောက်စေချင်ဘူး”

ကက်ရှ်သည် ကှောဖီသောက်ရင်း ခဏမျှစဉ်းစားသည်။ ထို့နောက်-

“ဒီစခန်းကို စတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ဗျာ့ဒ် အတွက် အထူးထုတ်လုပ်ခဲ့တဲ့ လေးဘီးယက် ခရူဇာကားကြီးနဲ့ ဆိုရင်တော့——”

“ဘယ်နှစ်ခုနှစ်ထုတ်ကားလဲ”

“၁၉၃၃ ခုနှစ်ထုတ်ဗျ၊ အလျား ငါးဆယ့်ခြောက်ပေ၊ အနံ ပေ နှစ်ဆယ်၊ ရှိပြီး အချင်း ဆယ်ပေ၊ ဗျက် သုံးပေရှိတဲ့ တာယာ ရှစ်လုံးတပ်ထားတာ၊ ကိရိယာအပြည့်အစုံ တပ်ဆင်ပြီးရင်း ၃၇ တန်လေးတဲ့ ဧရာမကားကြီးဗျ”

ပစ်နှင့်အယ်လ်သည် အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြ၏။ ကက်ရှ်၏ ကားဋီကာက မပြီးသေး။

“ဒီကားကို ဝင်ရိုးစွန်းစူးစမ်းရှာဖွေသူ အင်ဂျင်နီယာ သောမတ်ပေါလ်တာက တောင်ဝင်ရိုးစွန်းခရီးအတွက် တီထွင် ထုတ်လုပ်ခဲ့တာဗျ။ ဒရိုင်ဘာခန်း၊ နောက်မှာ သိပဿပံပညာရှင်တွေနေဖို့အခန်း၊ ဓါတ်ပုံဆေးခန်း၊ စတိုခန်းတွေအပြည့် အစုံထည့်သွင်းထားတယ်။ ဓါတ်ဆီသာ လုံလောက်လို့ကတော့ မိုင်ငါးထောင်ခရီးကို မနားတမ်းသွားနိုင်တယ်။ ခေါင်မိုးပှေါမှာ နှစ်ယောက်စီးလေယာဉ်လေး တစ်စီးတင်နိုင်လောက်အောင်ကိုကြီးတာ”

“အင်ဂျင်ပါဝါဘယ်လောက်ရှိသလဲ” ကက်ရှ်၏ ကားကြီးကို အလွန်အမင်းစိတ်ဝင်စားနေပြီဖြစ်သော ပစ်က စိတ်အား ထက်သန်စွာ မေးလိုက်၏။

“မြင်းကောင်ရေ ၁၅ဝ အားဒီဇယ်အင်ဂျင်နှစ်လုံးတပ်ထားတယ်။ ၇၅ ကောင်အား လျှပ်စစ်မှောတာလေးလုံးနဲ့ ချိတ် ဆက်ထားတယ်။ ဘီးတွေကိုရှေ့တိုးနောက်ငင် လုပ်ပြီးမြစ်ကိုတောင်ဖြတ်ကျှောနိုင်တယ်။ ဘီးတစ်လုံးချင်းစီကပဲ ပေါင်ခြောက်ထောင်အလေးချိန်ရှိတယ်”

“ကြိုက်ပြီ၊ ဘယ်မလဲ၊ ခင်ဗျားကား” အယ်လ်က ဖြတ်မေးလိုက်၏။

“ဒါပေမဲ့၊ ဒီကားကို ခင်ဗျားတို့ ရချင်မှရမယ်။ တကယ်လို့ရခဲ့မယ်ဆိုရင်တောင် ခင်ဗျားတို့သွားချင်တဲ့ မိုင်ခြောက်ဆယ် ခရီးကို သွားနိုင်ချင်မှသွားနိုင်မယ်”

“ဟင်-ခုနက ခင်ဗျားပြောတော့ ဆီသာလုံလောက်ရင် မိုင်ငါးထောင်မရပ်မနားသွားနိုင်တယ်ဆို”

“ဟုတ်ပါတယ်။ ကျွန်တှောပြောတာဆုံးအောင်နားထောင်ကြပါဦး။ သောမတ်ပေါလ်တာဟာ ဒီကားကိုဆင်ပြီးတဲ့ အခါ ဒီစခန်းနဲ့သိပ်မဝေးတဲ့ သုတေသနစခန်းအမှတ်သုံး ဆီကိုသယ်ဆောင်လာခဲ့တယ်။ ပေါလ်တာဟာ တကယ့် အင်ဂျင်စက်အကြီးစားတွေကို တပ်ထားပြီးတစ်ကားလုံး အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံးတီထွင်နိုင် ခဲ့ပေမဲ့ ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုသလို ဂီယာအချိုးကို အတွက်မှားသွားခဲ့လို့ မြေပြင်ပှေါမှာဆို သူ့ကို ပြိုင်နိုင်တဲ့ကား မရှိပေမဲ့ ရေခဲပြင်ပှေါရောက်တော့ ကားကြီးက တစ်နာရီ မိုင်သုံးဆယ်လောက်ပဲ တရွေ့ရွေ့ သွားနိုင် တော့တယ်၊ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ ဒီအတိုင်းပစ်ထားလိုက်တာ နှစ်ပဋိစေတ ကြာလာတော့ ကားကြီးလဲ နှင်းခဲတွေဖုံးပြီး ဘယ်သူမှ ဒီဟာကြီးကိုသတိမရကြတော့ဘူး”

အောင်မယ်လေး၊ သွားပါပြီ။ ပစ်နှင့်အယ်လ်သည် ကက်ရှ်၏ မစားရအညှောခံဇာတ်လမ်းကို နားထောင်ပြီးပက်လက် လန်မတတ်ဖြစ်သွား၏။

“ဆိုတော့အခု ရေခဲပြင်အောက်မှာပေါ့”

ကက်ရှ်က ပြုံး၍ ခေါင်းယမ်းလိုက်၏။

“မဟုတ်သေးဘူးဗျ၊ ချမ်းသာတဲ့ သတဿတုတွင်းအင်ဂျင်နီယာတစ်ယောက်က ဒီစခန်းနဲ့ နှစ်မိုင်အကွာမှာ ဒါကြီးကို ရေခဲထု အောက်ကပြန်တွေ့ခဲ့တယ်။ သူ့အဖွဲ့က ပေသုံးဆယ်လောက်ရေခဲထဲနစ်နေတဲ့ ဒီကားကြီးကိုသုံးပါတ်လောက် ခက်ခက်ခဲခဲ ဖှောယူပြီး ပြင်စရာရှိတာတွေပြင်လိုက်ကြတာ၊ ခုမောင်းလို့တောင်ရနေပြီ။ သူတို့က ဒါကြီးကို အမေရိက ပြန်ပို့ပြီး ပြတိုက်လှူမလို့တဲ့”

မောင်မင်းကြီးသား ကက်ရှ်၏ ကားဇာတ်လမ်းကို နားထောင်ရသည်မှာ ရိုလာကိုစတာစီးရသလို သည်းထိပ်ရင်ဖို ရှိလှပါဘိ။

“ဒါဆို ဒီကားခုထိ ရှိသေးတာပေါ့၊ ကျွန်တှောတို့ ဋဿဌားလို့ရမလား”

“မေးလိုက်မယ်လေ။ ဘာခက်တာလိုက်လို့၊ ခင်ဗျားတို့မှာ အအေးဒဏ်ခံမဲ့ ဝတ်စုံတွေပါရဲ့လား”

“ပါပါတယ်။ လေယာဉ်ပှေါမှာ”

“သွားယူပြီး ဝတ်ထားကြ၊ ကျွန်တှောတို့ နောက်နာရီဝက်နေရင် သွားကြမယ်”

“ဒါနဲ့နေပါဦး၊ အဲဒီကားရှာတွေ့တဲ့ လူကနာမည်ဘာတဲ့လဲ”

ကက်ရှ်သည် ခဏမျှတွေပြီးစဉ်းစားနေ၏။ ပြီးမှ-

“ကျွန်တှောလည်း သေချာမသိဘူးဗျ၊ သူ့အဖွဲ့သားတွေကတော့ သူ့ကို အဖေကြီးလို့ခှေါကြတာပဲ”

+++++++++++++++++++

ကက်ရှ်၏ ဦးဆောင်မှုဖြင့် သူတို့သုံးယောက်သည် ရေခဲပြင်ပှေါတွင် တစ်နာရီမျှလမ်းလျှောက်ခဲ့ကြပြီးနောက် အပြာရောင်နှင့် လိမေဿမှာရောင် ရွက်ဖျင်တဲစုများရှိရာနေရာသို့ရောက်လာကြ၏။ အပြာရောင်တဲကြီးအတွင်းသို့ ဝင်လျှင် ဝင်ချင်း ကက်ရှ်ဋီကာဖွဲ့ခဲ့သည့် နှင်းတောစီးခရူဇာကြီးကို နဖူးတွေ့ဒူးတွေ့တွေ့လိုက်ကြရသည့် ပစ်နှင့်အယ်လ် တို့မှာ အူးရစ်ဝုဖ်သဘေဿငာကြီးကို စတင်မြင်လိုက်ရသကဲ့သို့ ရင်သပ်ရှုမော အံ့ဩဘနန်းဖြစ်ကြရပြန်၏။ တကဲ့ ကားတကာ့ ထိပ်ခေါင်၊ ကားဘီလူးကြီးဖြစ်၏။ ကားတစ်စီးလုံး အနီရောင်တောက်တောက်ဆေးသုတ်ထားပြီး ဘေးတစ်ဖက်တစ် ချက်တွင် လိမေဿမှာရောင်လိုင်းစင်းများခြယ်သထား၏။

ကားကို ပြင်ဆင်နေကြသော သူများကို မီးခိုးရောင်ဆံပင်၊ မီးခိုးရောင်မုတ်ဆိပ်များပိုင်ရှင် အဖိုးကြီးတစ်ဦးက ညွှန်ကြား နေ၏။ ဧကနဿတ အဖေကြီးဆိုသူမှာ ဤငနဲကြီးပင်ဖြစ်ချိမ့်မည်။

အဖေကြီးသည် သူတို့သုံးဦးကို တွေ့မြင်သွားပြီး ကက်ရှ်အားလက်လှမ်းပြလိုက်သည်။ ပြီးတော့အခန်းလေးတစ်ခန်းထဲ ဦးဆောင်ခှေါသွားခဲ့သည်။

“လာကြ၊ လာကြ၊ ဒီမှာတိတ်ဆိတ်တယ်” ကုလားထိုင်များပှေါတွင် ထိုင်လိုက်ပြီးသောအခါ အဖေကြီးကပြောလိုက်၏။

“ဒါက အမျိုးသားအဏဿဏဝါဗေဒ အေဂျင်စီက ဒတ်ပစ်နဲ့ အယ်လ်ဂျီယိုဒီနိုပါ။ အလွန်အရေးကြီးတဲ့ ကိစဿစကြောင့် အရေးပှေါ ဒီကိုရောက်လာပြီး အကူအညီတောင်းရတာပါ”

အဖိုးကြီးကပြုံးလိုက်ပြီး-

“ရပါတယ်။ ဒီမှာတော့ ကျုပ်ကို အဖေကြီးလို့ပဲခှေါကြတယ်။ မင်းတို့လည်းဒီလိုပဲခှေါကြပေါ့၊ ကျုပ်ဘာလုပ်ပေးရမလဲ”

ဒတ်ပစ်သည် အဖိုးကြီးကို စူးစိုက်ကြည့်ရင်း-

“အဖေကြီးကို ကျွန်တှောမြင်ဖူးသလိုပဲ” ဟုဆိုလိုက်၏။

“ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ကျုပ်က ခြေထောက်မှာဗွေပါသဗျ” ဟု အဖိုးကြီးက ခပ်မြူးမြူးလေးဆိုလိုက်သည်။

“အဖေကြီး ခုပြင်နေတဲ့ ခရူဇာကြီးဟာ ရေခဲပြင်မှာမောင်းလို့ရပြီလား” ပစ်သည် လိုရင်းကိုပြောလိုက်၏။

“ဒါကြီးက အဲဒီအတွက်ရည်ရွယ်ပြီးလုပ်ထားခဲ့တာပဲ ငါ့သားရဲ့၊ ဒါပေမဲ့ ပြီးခဲ့တဲ့အပါတ်ကအထိ ဒီမေးခွန်းကို မေးခံခဲ့ရ ရင် ကျုပ်ကတော့ ဟင့်အင်းလို့ဖြေရမှာပဲ၊ ခုကျုပ် ဆယ့်ခြောက်ချက်ပါတဲ့ ဂီယာတစ်စုံထဲ့ပြီး အင်ဂျင်ကို သ လိုက်တဲ့ အခါကျတော့ သောမတ်ပေါလ်တာရည်ရွယ်တဲ့ အခြေအနေမျိုးရောက်သွားပြီလို့ပြောလို့ရတယ်။ မိုင်ငါးထောင် မရပ်မနားဆိုတဲ့ အခြေအနေပေါ့၊ နောက်တစ်နာရီနေရင် လက်တွေ့စမ်းသပ်တော့မယ်”

“ကျွန်တှောတို့သိရသလောက်တော့ အဖေကြီးဟာ ဒီကားကြီးကို အမေရိက ပြန်ပို့မလို့ဆို” အယ်လ်က အဖိုးကြီးကို မေးလိုက်၏။

“ဟုတ်တယ်လေ၊ သဘေဿငာတောင်မှာထားပြီးပြီ၊ ဘာဖြစ်လို့လဲ”

“ကျွန်တှောတို့ ဒီကားကြီးကို နှစ်ရက်လောက်ဌားလို့ရမလား” ပစ်က ဒဲ့ဒိုးပြောချလိုက်၏။

အဖိုးကြီးသည် ရုတ်တရက်ကြောင်သွား၏။ ပြီးတော့ ကက်ရှ်ကို ကြည့်ရင်း-

“ဒီမှာ မောင်ရင်၊ ဒီသူငယ် ကျုပ်ကို လာနောက်နေတာလား”

ကက်ရှ်က ခေါင်းယမ်းပြရင်း-

“မနောက်ပါဘူးခင်ဗျာ၊ တကယ်ပြောနေတာပါ။ သူတို့ဟာ ကံကြမဿမာအင်တာပရိုက်စ်ရဲ့ သတဿတုထုတ်လုပ်ရေး စခန်းကို အရေးပှေါသွားစရာ ကိစဿစရှိနေလို့ပါ”

အဖေကြီးက သူ၏ ဝိုင်ဖန်ခွက်ကို ထပ်ဖြည့်ရင်း ပစ်ကို တစ်ချက်ကြည့်လိုက်၏။

“နေကြပါဦး၊ ကျုပ်အနေနဲ့ ဒီကားကြီးကို ရေခဲပြင်အောက်ကနေဆွဲထုတ်ပြီး ခုလိုအခြေအနေဖြစ်အောင် တစ်စစီ ပြန်ဆင်ထားရတဲ့ ကုန်ကျစရိတ်ကိုက ဒှေါလာ သုံးသိန်းကျှောရှိတယ်။ အားလုံးလည်းပြီးလို့ သမိုင်းဝင်စက်ပစဿစည်း တစ်ခုကို ဝါရှင်တန်က စမစ်ဆိုနီယန် ရှေးဟောင်းပြတိုက်ကိုပို့ပြီး ကိုယ်လုပ်ခဲ့တဲ့အလုပ်ကလေးကို တစိမ့်စိမ့်ဂုဏ်ယူ မယ်ကြံနေတုန်း၊ ဘယ်ကမှန်းမသိတဲ့ တစိမ်းနှစ်ယောက်က ရေခဲပြင်အပျှောခရီးအတွက် ကားလေးခဏဌားပါဦး ဆိုတော့ ကျုပ်က ဘာပြန်ပြောရမှာတုန်း”

ဟုတ်လည်းဟုတ်သည်။ သူတို့အခြေအနေက အဖိုးကြီးပြောလည်း ပြောချင်စရာဖြစ်နေ၏။

“ကျွန်တှောတို့ အပျှောခရီးထွက်ဖို့မဟုတ်ပါဘူး အဖေကြီး၊ ပြောရရင် နည်းနည်းကြီးကျယ်သလိုဖြစ်မှာစိုးလို့ပါ။ တစ်ကမဿဘာလုံးနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခု မဖြစ်ပွားခင် အချိန်မှီတားလို့ ရလိုရငြား ဒီခရီးကိုသွားကြမှာပါ” ပစ်သည် လေးလေးနက်နက်ပြောလိုက်၏။

အယ်လ်က သူ့အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ စားပွဲပှေါချပြလိုက်သည်။

“ကျွန်တှောတို့ အဖေကြီးကို အခုဇာတ်လမ်းတစ်ပုဒ်ပြောပြတော့မယ်။ ဒီဇာတ်လမ်းဟာ ကျွန်တှောတို့နှစ်ယောက် စိတ်ကူးယဉ်ပြီး ပေါက်တတ်ကရ ကလိမ်စေ့ငြမ်းဆင်ပြီးပြောတာမဟုတ်ဖူး၊ တကယ့်ဖြစ်ရပ်မှန်ဆိုတာကို ဒီစာအုပ်ထဲမှာပါတဲ့ ဖုန်းနံပါတ်တွေကို ဆက်ပြီးမေးကြည့်ပါ။ အမေရိကန်သမတ၊ အိမ်ဖြူတှော လုံခြုံရေးမှူးချုပ်၊ ပင်တာဂွန် စစ်ဦးစီးမှူးချုပ်၊ အသုံးလုံးညွှန်ကြားရေးမှူးနဲ့ အောက်လွှတ်တှောဥကဿကဌတို့က ကျွန်တှောတို့ဇာတ်လမ်း အမှန်တကယ်ဖြစ်ကြောင်း အဖေကြီးကို သက်သေခံပါလိမ့်မယ်”

အဖေကြီးသည် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်မက်နေသလို ဇဝေဇဝါဖြစ်နေ၏။  လူသူမနီးသည့် အနဿတာတိက ရေခဲတောအလယ်တွင် ဒီသူငယ်နှစ်ယောက်မထှောမနမ်း ဘာတွေပြောနေပါလိမ့်ဟူသော မျက်နှာပေးဖြင့် အူကြောင် ကြောင်ဖြစ်နေရှာသည်။ ထို့နောက် ပစ်က ဇာတ်လမ်းကို စတင်ပြောပြပါလေတော့သည်။

နောက် တစ်နာရီခွဲအကြာတွင် ဖရန့်ကက်ရှ်၊ အဖေကြီးနှင့် သူ၏အဖွဲ့သားများသည် အနီရောင်ဘီလူးကြီးတစ်ကောင် ကဲ့သို့ ရေခဲပြင်ပှေါတွင် တဝုန်းဝုန်းမောင်းထွက်သွားသော ခရူဇာကားကြီး၏ အိပ်ဇောမီးခိုးများကို ငေးကြည့်ရင်း လက်ပြကျန်ရစ်ခဲ့ကြရှာသည်။

ပစ်သည် အဝေးပြေးခရီးသည်တင်ကားကြီးများ၏ စတီယာတိုင်လက်ကိုင်ဘီးထက်ပင်ကြီးမားသော ခရူဇာ၏ စတီယာ တိုင်ကြီးကို သတိထားကိုင်တွယ်ရင်း ရေခဲပြင်ပှေါတွင်ကားကြီးကိုမောင်းနှင်နေသည်။ ဂျီယိုဒီနိုက ပစ်နောက်တွင်ရပ် လျှက် အနဿတာတိက၏ မြေပုံကြီးကို စူးစူးစိုက်စိုက်လေ့လာနေ၏။ ပစ်က ကားမောင်းနေရင်းက-

“အဖေကြီးဆိုတဲ့ အဖိုးကြီးကိုတော့ကျေးဇူးတင်သကွာ၊ သူ့ကားကြီးကို ဘေးမသီ၊ ရန်မခပြန်ပို့နိုင်ပါစေလို့ပဲ ငါဆု တောင်းပါတယ်” ဟုပြောလိုက်၏။

“တကယ်လို့ ပျက်စီးသွားတော့လည်း တို့အဖေကြီး ဆန်ဒက်ကာဆီကို ငွေတောင်းခံလွှာပို့ခိုင်းလိုက်ယုံပေါ့ကွ၊ ဒါကို အသာထားဦး၊ ခုတို့မှာ ဂျီပီအက်စ်လဲမပါဘူး၊ ရေဒါလည်းမရှိဘူး၊ ဘာကွန်ပြူတာစနစ်မှလည်းမရှိဘူး၊ မျက်လုံးပဲ အားကိုးပြီးသွားရမှာနှော”

“မျက်လုံးလောက်စိတ်ချရတဲ့ နည်းပညာဘယ်ရှိမလဲကွ၊ အခု တစ်နာရီမိုင်နှစ်ဆယ်နှုန်းဆိုတော့ တို့ခရီးစဉ်က အကြမ်း ဖျင်း သုံးနာရီလောက်တော့ကြာမယ်။ အမေရိကန်နှိမ်နင်းရေးတပ်မလာခင် တို့အရင်ဆုံးရောက်မှဖြစ်မယ်။ တှောကြာ ကားလ်ဝုဖ်က မထူးဇာတ်ခင်းလိုက်ရင် အားလုံးဒုကဿခရောက်လိမ့်မယ်”

“ငါတော့ ရင်ထဲတစ်မျိုးကြီးပဲ ပစ်ရာ၊ သဘေဿငာပှေါမှာတုန်းကလို့ တို့ကံမကောင်းလောက်ဖူးထင်တယ်”

“ကံကောင်းမှဖြစ်မယ် သူငယ်ချင်း။ တို့ကံမကောင်းရင် လူတွေအများကြီးဒုကဿခရောက်ကြရလိမ့်မယ်”

One Comment (+add yours?)

  1. mrbooker2002
    Sep 15, 2010 @ 02:19:46

    ပစ်..တို့ ကံကောင်းမကောင်းတော့ မသိဘူး..လောလောဆယ်တော့ ငါ ကံမကောင်းဘူး..ကောင်းခန်းမှ ရပ်သွားလို့ .

    ဗျဲ..ဟဲ..ဟဲ..

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.