အတ္တလန်တစ်ရှာပုံတော် (၇၆)

(၃၈)

ဖွေးဆွတ်နေသော အိပ်ယာခင်းပှေါတွင် သွေးဝနေသော အနီရောင်ကြမ်းပိုးတစ်ကောင် တရွေ့ရွေ့သွားနေသလို ပြာလဲ့သောကောင်းကင်အောက်ရှိ အဆုံးအစမဲ့သော ရေခဲပြင်ကြီးပှေါဝယ် နီရဲတောက်ပလှသည့်  ခရူဇာကား ကြီးသည် ပျောက်ကွဲအားကြီးမားလှသည့် ဧရာမဒီဇယ်အင်ဂျင်များမှ ထုတ်လွှတ်သည့် ပြာလဲ့လဲ့ အခိုးအငွေ့များကို အိတ်ဇောပိုက်များမှတဆင့် မှုတ်ထုတ်ရင်း မနားတမ်းခရီးနှင်နေသည်။ အလွန်ကြီးမားလှသော ဘီးလုံးကြီးများသည် ရေခဲပြင်ကို နင်းခြေလျှက် အားနှင့်မာန်နှင့် ခရီးနှင်နေသော ခရူဇာကိုသာ တီထွင်ထုတ်လုပ်သူ သောမတ်ပေါလ်တာနှင့် အဖွဲ့တွေ့မြင်နိုင်စွမ်းရှိခဲ့ကြလျှင် ပီတီသောမနဖြစ်ကြမည်မှာ ဧကန်အမှန်။

ပစ်သည် ခရူဇာကားကြီး တည့်တည့်မတ်မတ် ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်စေရန် အလို့ဌာ ဧရာမစတီယာ တိုင်ကြီးကို လက်အံသေမတတ်ထိန်းချုပ်ထားရသည်။ ပိုလာရွိုက်ဇ် နေကာမျက်မှန်ကိုလည်း မချွတ်တမ်းတပ်ဆင် ထားရ၏။ ဤနေရာ ဤဒေသများ၌ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်လုံးထိခိုက်တတ်၏။ ကံမကောင်းလျှင် ကန်းတောင်သွားနိုင်သည်။

ကားထဲတွင် အပူပေးစနစ်ကောင်းစွာအလုပ်လုပ်သဖြင့် နွေးနွေးထွေးထွေးရှိလှ၏။ သို့သှောလည်း အနဿတာတိကဆိုသည် က မမြင်ရသည့်အနဿတရာယ်များနှင့် အမြဲပြည့်နှက်နေသည့်နေရာ။ ရာသီဥတုကလည်း ခုတစ်မျိုးတှောကြာတစ်မျိုး၊  ဘယ်တော့မှ အစိုးမရ။

အခုလောလောဆယ် ပစ်၏ရည်ရွယ်ချက်မှာ ဝုဖ်တို့၏ သတဿတုစခန်း သို့တည်းမဟုတ် မဟာအကြံအစည်ဆိုးတို့၏ မူလ ဘူတ ရေသောက်မြစ် သို့တည်းမဟုတ် လူသားတို့ ပြုလုပ်ဖန်တီး လတဿတံဆဲဆဲသော ကမဿဘာဖျက်ကပ်၏ မြစ်ဖျားခံရာ ဒေသသို့ မြန်နိုင်သမျှ အမြန်ဆုံးရောက်ဖို့ပင်ဖြစ်သည်။ ဂျီပီအက်စ်ကလည်းမရှိ၊ လမ်းညွှန်ကွန်ပြူတာစနစ်လည်း နထဿထိ၊ အနဿတာတိကတွင် မည်သည့်စစ်ပွဲမှ ဖြစ်နိုင်ချေမရှိဟုယူဆသောကြောင့် မည်သည့်တိုင်းပြည်ကမှ သူလျှို၊ ဒလန်ဂြိုလ်တု များလည်းလွှတ်တင်မထားသောကြောင့် ကောင်းကင်ဓါတ်ပုံဆိုတာလည်း စိတ်မှန်းဖြင့်တောင်မရနိုင်သဖြင့် မဟာ လူသား၏ ကိုယ်စွမ်းကိုယ်စများကိုသာ ဆံမွှေးဖျားမှသည် ခြေသည်းကြားအထိ အစွမ်းကုန်ထုတ်သုံးနေရတော့သည်။

ပစ်သည် အခုထက်ထိမြေပုံကို ကြည့်နေဆဲဖြစ်သော အယ်လ့်ကို-

“ကျွန်တှောမျိုးသွားရမဲ့နေရာကလေး အမိန့်ရှိတှောမူပါဦး သခင်ကြီး” ဟု ရွဲ့ပြောလိုက်၏။

“ဟိုမှာ မြင်နေရတဲ့အမြင့်ဆုံးတောင်တန်းကြီးတွေကို မျက်နှာမူပြီး မောင်မင်းတည့်တည့်သွားပါလေ။ အိမ်း- စိတ်ထဲမှာ အထူးသတိချပ်ဖို့ကတော့ ပင်လယ်ကို မောင်မင်းရဲ့ဘယ်ဖက်မှာပဲအမြဲတမ်း ရှိနေပါစေ” တဲ့။

“အဲသလိုသွားရင်းနဲ့ မျက်စိနဲ့မမြင်ရတဲ့ ရေခဲပေါက်ကြီးတွေထဲကျွံကြသွားရင် နင်ရောငါပါ မာလကီယားမှာနှော”

“ဒီကားက တှောရုံရေခဲပေါက်လောက်ကိုတော့ ကျှောနိုင်တယ်လို့ နင့်အဖေကြီးက ပြောလိုက်တယ်မဟုတ်လား၊ တကယ်လို့ ကံဆိုးမိုးမှောင်ကျပြီး တွင်းပေါက်ထဲပြုတ်ကျသွားတော့လည်း မင်းနဲ့ငါဟာ အမေရိကန်ခလေးငယ်တွေရဲ့ အိပ်ယာဝင်ပုံပြင်ထဲက လူစွမ်းကောင်းတွေ ဖြစ်ကရောပေါ့”

ပစ်ကထူထဲလှသော ကားလေကာမှန်မှတဆင့် အပြင်ကိုကြည့်ရင်း-

“ညနေစောင်းပြီကွ၊ နည်းနည်းတောင်မှောင်လာသလိုပဲ၊ ခုတစ်နာရီ နှစ်ဆယ့်တစ်မိုင်နှုန်း ခရီးပေါက်နေတော့ တို့ နောက်ထပ် နှစ်နာရီအတွင်းပစ်မှတ်ကို ရောက်မယ်ထင်တယ်”

သူတို့ရောက်ကိုရောက်ကြမှ ဖြစ်ပါလိမ့်မည်။ ခုထိ ဘယ်သောင်ဘယ်ကမ်းကပ်နေမှန်းမသိရသေးသော အမေရိကန် အထူးနှိမ်နင်းရေးတပ်ဖွဲ့ကြီး ပှေါမလာ အတှောကြာဇာတ်ခင်းသွားပါက ဝုဖ်မိသားစု၏ စတုတဿထအင်ပါယာဇာတ်ပွဲ ကိုပျက်အောင်ဖျက်နိုင်မည့်သူက သူတို့နှစ်ယောက်သာဖြစ်ချိမ့်မည်။ သို့သှောလည်း ပစ်အနေဖြင့် သိပ်ကြီးတော့ အကောင်းမြင်မထားမိပါ။ ရှေ့ခရီးမှာ အခက်အခဲ အတားအဆီးများက အနမတဂဿဂ ရှိနေသေး၏။ ခုလောလောဆယ် ပစ်အကြောက်ဆုံး မှာ အပှေါရံတင်းနေသော ရေခဲလွှာပါးပါးလေးများအောက်မှ ရေခဲတွင်း၊ ရေခဲပေါက်ကြီးများဖြစ်၏။ ထိုအပေါက်ကြီးများကို ဘာထောက်လှမ်းရေးပစဿစည်းကိရိယာနှင့်မှ ကြိုတင်သိမြင်ခြင်းဌာမစွမ်းသာသည့်အတွက် မျက်လုံး နှစ်လုံးကိုသာ အစွမ်းကုန် ပြူးဖြဲထားရလေသည်။

ပစ်စိုးရိမ်သည့် ရေခဲပေါက်လေးငါးပေါက်ခန့်ကို လမ်းခရီးတွင်တွေ့ရသှောလည်း သတိကြီးစွာထားနေသောကြောင့် ကြိုတင်ရှောင်ရှားလိုက်နိုင်သည်။ တစ်ကြိမ်မှာတော့ အတွေ့နောက်ကျသဖြင့် ဘရိတ်ကမန်းကတန်းအုပ်လိုက်ရာ ရေခဲပေါက်၏ နှုတ်ခမ်းစွန်းရောက်မှ ရပ်တန့်လိုက်နိုင်သည်။ ထိုဖြစ်ရပ်ကြောင့် ကျောရိုးတစ်လျှောက်စိမ့်တက်လာမှုကို ဖှောပြရန် ပစ်သည် စကားလုံးရှာမရခဲ့။

ကားအမြန်နှုန်းသည် တစ်နာရီလျှင် (၂၄) မိုင်နှုန်းအထိတက်လာ၏။ ပစ်သည် ဤကဲ့သို့ အကျပ်အတည်း နှင့်တွေ့နေ ချိန်ဝယ် အယ်လ်သည် အင်ဂျင်ခန်းထဲ၌ ဧရာမ ဒီဇယ်အင်ဂျင်ကြီး နှစ်လုံးနှင့် နှာခေါင်းကျည်ပွေ့တွေ့နေ၏။ အဖေကြီး နှင့်အဖွဲ့ မည်မျှပင်ကြိုးစားပန်းစားပြင်ဆင်ထားစေကာမူ ဤတစ်ကြိမ်တွင်မှ တကယ့်ရေခဲပြင်ပှေါတွင် နဖူးတွေ့ ဒူးတွေ့ ပွဲကြီးပွဲကောင်းနွှဲရသော ကားကြီးမှာ ဆီအလိုက်မမှန်သေး။ ထို့ကြောင့် တတ်သမျှ မှတ်သမျှ အစွမ်းကုန်ကြဲ နေရ၏။

ရှေ့တွင်တမျှောတခှေါမြင်နေရသော ရေခဲကနဿတာရကြီးမှာ ခုနေခါငြိမ်သက်နေသှောလည်း ဘာကိုမှအစိုးမရသည့် ဝင်ရိုးစွန်း ရာသီဥတုသည် သူတို့ကို တစ်မျိုးမျိုးတော့ မရိုးရအောင် နှိပ်စက်လိမ့်ဦးမည်ဟု ပစ်စိတ်ထဲထင်နေမိသည်။ ပစ်သည် ကားကိုဘရိတ်ဆောင့်နင်းလိုက်သည်။ ရှေ့ပေတစ်ရာခန့်အကွာတွင် ရေခဲပေါက်တစ်ခုတွေ့လိုက်ရ၍ ဖြစ် သည်။

ပစ်သည် ကားတံခါးကိုဖွင့်၍ လှေကားမှတစ်ဆင့် အောက်သို့ဆင်းသွားပြီး ရေခဲပေါက်ကိုသွားကြည့်၏။ ရေခဲပေါက် က အချင်းပေနှစ်ဆယ်ခန့်ရှိသော တကယ့်ဧရာမကြီးဖြစ်၏။ ပစ်သည် ကားဆီသို့ပြန်လာပြီး အဖေကြီးထည့်ပေးလိုက် သော ခရူဇာကား၏ ရေခဲပေါက်ကျှောလွှားမောင်းနှင်နည်း နိသဿသရည်းစာအုပ်ကို ဖတ်နေ၏။ အယ်လ်က အင်ဂျင်ခန်း ထဲမှတက်လာပြီး-

“ဘာဖြစ်လို့လဲ” ဟုမေးလိုက်သည်။

ပစ်က ရေခဲပေါက်ကြီးကို မေးငေါ့ပြလိုက်သည်။ ပြီးတော့ ကားကို လီဗာတင်လိုက်လေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.