အတ္တလန်တစ်ရှာပုံတော် (၇၇)

ခရူဇာကား၏ ရှေ့ဘီးလေးလုံးသည် ကားအတွင်းသို့ဝင်ရောက်သွားခဲ့သည်။ ကားကြီးသည် ရေခဲပေါက်အတွင်းသို့ ရှေ့ဘီးများမရှိသဖြင့် ဦးဖြင့်ထိုး၍ လျှောကနဲဆင်းလိုက်သည်။ နောက်ဘီးများက ကား၏အလေးချိန်ကို ကျားကန်ထား ကြသည်။ ဤသို့ဖြင့် တရွေ့ရွေ့သွားနေပြီး ရေခဲပေါက်၏ တစ်ဖက်နှုတ်ခမ်းစွန်းအရောက် ရှေ့ဘီးများပြန်ထွက်လာပြီး နောက်ဘီးများက အထဲဝင်သွားသည်။ ရှေ့ဘီးများ၏ ယက်အားဖြင့် ရေခဲပေါက်တွင်းမှ လမ်းပှေါသို့အောင်မြင်စွာ ပြန်တက်လိုက်နိုင်သည်။

ပစ်နှင့်အယ်လ်သည် ဝမ်းသာအားရဖြစ်နေကြ၏။ ဤရေခဲပေါက်ကျှောဖြတ်နည်းပညာကို မစမ်းသပ်မိသဖြင့် အရင် တွေ့ခဲ့သည်ရေခဲပေါက်များကို ကွေ့ပါတ်ကျှောဖြတ်၍ မူလလမ်းကြောင်းပှေါပြန်တက်ရသည်မှာ အချိန်ကုန်လှ ဘိခြင်း။

အယ်လ်သည် အူမြူးနေရာမှ စတီယာရင်အရှေ့မှ ဒိုင်ခွက်များကို ကြည့်၍ ရုတ်တရက်မျက်နှာတည်သွားသည်။ သူက ပစ်ကို- “အင်ဂျင်တွေအပူလွန်နေပြီကွ” ဟုပြောလိုက်သည်။

ပစ်ကြောင်သွား၏။ ရေခဲမှတ်အောက် နှစ်ဆယ်ဒီကရီ ဤရာသီဥတုတွင် မောင်မင်းကြီးသားအင်ဂျင်များက ဘောက်မဲ့ ကြောင့် အပူလွန်ရပါသနည်း။ အယ်လ်က တစ်ဆက်တည်းရှင်းပြလိုက်၏။

“ကားအင်ဂျင်တွေရဲ့အောက်မှာ ရေဒီရေတာတွေကို တပ်ထားတယ်လေ။ ရေဒီရေတာက အပူက အင်ဂျင်ကိုဟပ်ပြီး သူ့အပူနဲ့သူ လုံးချာလည်ပြီး အပူချိန်တက်လာတာပေါ့”

ပစ်သည် ကားကိုဆက်လက်မောင်းနှင်ရင်း ပစ်မှတ်ကိုရောက်သောအချိန်တွင် ညဖက်အမှောင်ထုကြောင့် ရန်သူတွေ သူတို့ကို မမြင်လျှင် ဘယ်လောက်ကောင်းမည်နည်းဟု စဉ်းစားနေမိသည်။ သို့သှောဤနေရာက တောင်ဝင်ရိုးစွန်း ဖြစ်၏။ (၂၄) နာရီပတ်လုံး နေမှမဝင် ပေကပဲ။ ဘယ်လိုလုပ်မှောင်စရာအကြောင်းရှိမလဲ။ ကိုယ့်ဖက်ကိုယ်ယက်၍ သာဖြစ်ချင်တာတွေ လျှောက်စဉ်းစားနေပေမဲ့ တကယ်တမ်းကြတော့ ဒီလောက်ကြီးမားပြီး မီးလျှံလို နီရဲတောက်ပ နေသည့် ကားကြီးကို ကိုယ်ရောင်ဖျောက်၍မှ မရပေပဲ။ ကဲပါလေ၊ ဒါတွေက နောက်တစ်နာရီခွဲနေမှ ကြုံတွေ့ရမဲ့ နောင်ခါလာ နောင်ခါဈေးကိစဿစတွေပါ။ တောင်ခြေမှာရှိနေတဲ့ ဝုဖ်စခန်းကို လှမ်းမြင်ရချိန်ကြမှသာ စဉ်းစားတော့မည်။

+++++++++++++++++

မျက်စိတစ်မှတ်၊ လျှပ်တပြက်အတွင်းဆိုသည့် စကားလုံးသည် အနဿတာတိကရာသီဥတုအတွက် တမင်တီထွင်ထားသော စကားလုံးများလေလား။ နောက်ထပ်တစ်မိနစ်အကြာတွင် တရွှီရွှီအှောမြည်တိုက်ခတ်လာသော လေသံကို စတင်ကြား ရပြီး ရှစ်ခွင်တိုင်းသည် အဖြူရောင်နှင်းတံတိုင်းဖြင့် ကာရံခြင်းခံလိုက်ရသည်။ ကောင်းကင်နှင့် နေမင်းသည် မြင်ကွင်းမှ ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ။

ပစ်သည် မူလသတ်မှတ်ထားသောလမ်းကြောင်းတည့်တည့်ကိုမှန်းဆလျှက် အံကြိတ်ပြီး လီဗာကို အဆုံးထိဖိနင်း လိုက်သည်။ အချိန်မရွေး ဖောက်လွှဲဖောက်ပြန်ဖြစ်တတ်သော ဝင်ရိုးစွန်းရာသီဥတုသည် သူတို့ကို ကူညီနေသည်လား၊ နှောက်ယှက်လေသည်လား မခန့်မှန်းတတ်တော့။

ဘယ်သန်နှင့် ညာသန်တို့သည် သူတို့သန်ရာကိုဆွဲလေ့ရှိသည့်အလျှောက် ညာသန်ဖြစ်သောပစ်သည် အဘယ်မျှပင် စတီယာတိုင်ဘီးကို တည့်မတ်အောင်ကြိုးစားပါသှောလည်း ကားသည်မသိမသာ ညာဖက်သို့ဆွဲသွား၏။ လူခြေထောက် နှစ်ဖက်သည် အတိုအရှည်မညီသကဲ့သို့ ကားဘီးများမှာလည်း လုံးဝဥသဿသုံအချိုးညီမျှမှုမရှိသဖြင့် ဟူးဟူးရားရားတိုက်ခတ်စပြုသည့် နှင်းမုန်တိုင်းကြားတွင် ခရူဇာသည် ရှေ့တည့်တည့်သွားရမည့်အစား ဝိုင်းကြီး ပါတ်ပါတ် ဒူဝေဝေဖြစ်စပြုလာပြီ ဖြစ်၏။

ထိုအခိုက်အင်ဂျင်ခန်းထဲမှ အယ်လ်၏အစွမ်းကုန်အှောပြောလိုက်သောအသံကို မုန်တိုင်းကြားဝယ်ခပ်သဲ့သဲ့ ကြားလိုက် ရ၏။

“အင်ဂျင်တွေ အပူလွန်ပြီးအငွေ့တွေထွက်နေပြီဟေ့”

ပစ်သည် ဒိုင်ခွက်များကိုကြည့်လိုက်၏။ ဆီဂိတ်က ပုံမှန်၊ အပူချိန်မှ ဒိုင်ခွက်မှာတော့ ရေဆူမှတ်အနီရောင်မျဉ်းကို ကျှော၍ ရှေ့တလံလောက်ရောက်နေသည်ကိုတွေ့လိုက်ရသည်။ အင်ဂျင်ပှေါ ဒီအတိုင်းကြက်ဥ ဖောက်တင်လိုက် လျှင် ကျက်ယုံမက၊ ကျွမ်းသွားမည့်အပူချိန်။ ပစ် ဆုံးဖြတ်ချက်ချလိုက်ပြီး အယ်လ့်အား အသံကုန်အှောပြောလိုက် သည်။

“အနွေးထည်တွေအကုန်ထပ်ဝတ်ထား အယ်လ်။ အင်ဂျင်အပူချိန်လျော့အောင် ငါကားတံခါးကို ဖွင့်လိုက်တော့မယ်”

“ဟေ့ကောင်ရ၊ ကားတံခါးတွေဖွင့်လိုက်ရင် မင်းရေခဲရိုက်ပြီးသားဖြစ်သွားမှာပေါ့”

“အင်ဂျင်အပူချိန်ကျသွားတဲ့အထိ နည်းနည်းတော့ သည်းခံရမှာပေါ့ကွာ”

အနွေးထည်များကို အထပ်ထပ်ဝတ်ပြီးသောအခါ ပစ်သည် ဖိုးဝရုပ်ကြီးလို လုံးလုံးဖောင်းဖောင်းကြီးဖြစ်နေသဖြင့် စတီယာရင်ကို ထိန်းရသည်မှာ ပိုမိုခက်ခဲလာ၏။ အအေးဒဏ်နှင့် တိုက်ပွဲဆင်နွှဲရန် သူတို့နှစ်ဦးလုံး အသင့်ဖြစ်ကြသော အခါ အယ်လ်သည် ကားတံခါးများကို ဖွင့်ချလိုက်တော့သည်။

ယာဉ်မောင်းခန်းထဲသို့ အရိုးကွဲမတတ်အေးစိမ့်နေသော လေအေးများသည် အတားအဆီးမရှိတိုးဝင်လာကြ၏။ ကားတွင်းရှိ အပူချိန်သည် မယုံနိုင်စရာကောင်းလောက်အောင် စကဿကန့်သုံးဆယ်အတွင်း ရှစ်ဆယ်ဒီကရီ ထိုးကျသွား၏။ တစ်မိနစ်မျှသော အချိန်ကလေးအတွင်းတွင် ဤမျှ အနွေးထည်များ အထပ်ထပ်ဝတ်ထားပါလျှက်နှင့် သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်တက်လာကြသည်။ အအေးဓါတ်က သူ့ခနဿဓာကိုယ်၏ အပူချိန်များကို သွေးစုပ် ဖုတ်ကောင်ကဲ့သို့ လျှင်မြန်စွာ စုပ်ယူသွားခဲ့ချေပြီ။

အင်ဂျင်ခန်းရှိ အင်ဂျင်ပူကြီး နှစ်လုံးကြားတွင် ထိုင်နေသော အယ်လ်ကတော့ အအေးဒဏ်ကိုသိသိသာသာ မခံစားရ။ အယ်လ်သည် ထိုင်နေရင်းက ဒီအင်ဂျင်တွေအေးသည့်အထိ ပစ်တောင့်ခံနိုင်ပါ့မလားဆိုသည်ကို သံသယဖြစ်မိသည်။ တဝှီးဝှီးအှောမြည်တိုက်ခတ်နေသည့် လေသံကြောင့် အင်ဂျင်ခန်းနှင့် ယာဉ်မောင်းခန်းသည် ခှေါမကြား အှောမကြား ရှင်ခန်းပြတ်သည့် အခြေအနေကိုရောက်နေသည်။

ထိုအချိန် ဒရိုင်ဗာထိုင်ခုံပှေါရှိပစ်အဖို့ကတော့ အချိန်သည် တစ်မိနစ်၊ တစ်ကမဿဘာထင်ရလောက်အောင် ကုန်ခဲလွန်းလှ သည်။ အအေးဒဏ်မျိုးစုံကို ခံစားခဲ့ဖူးသောသူ့အဖို့ တစ်သက်နှင့်တစ်ကိုယ် ဤမျှဆိုးရွားပြင်းထန်သော အအေးဒဏ် မရှိခဲ့။ နှင်းကာနေကာ မျက်မှန်အောက်မှ ပိတ်မတတ်ဖြစ်နေသော မျက်လုံးများကို အားစိုက်၍ အပူချိန်ပြဒိုင်ခွက်ကို ကြည့်လိုက်သည်။ အင်ဂျင်အပူချိန်သည် တရွေ့ရွေ့ကျဆင်းနေ၏။ ကားထဲရှိ ပစဿစည်းမှန်သမျှ ရေခဲများကပ်၍ အေးခဲ စပြုနေပြီ။ သူ့တစ်ကိုယ်လုံး အပ်ပေါင်းတစ်သန်းခန့် တပြိုင်နက်အစိုက်ခံရသလို ခံစားနေရသည်။

မေးချင်းရိုက်စပြုနေသောကြောင့် ပစ်သည် အံကိုပြုတ်ထွက်တော့မတတ် ကြိတ်ထား၏။ ဒီအချိန်ရေခဲပေါက်တစ်ခုခု တွေ့ခဲ့လျှင်တော့ ခရူဇာနှင့်အတူ သူတို့နှစ်ယောက် အနဿတာတိကရေပြင်အောက် ထာဝရအနားယူဖို့သာရှိတော့သည်။ ပစ်၏ ညာဖက်ခြေထောက်သည် အထိအတွေ့ကိုမသိနိုင်လောက်အောင် ထုံနေသှောလည်း လီဗာပှေါတွင် မလွတ် တမ်းဖိနင်းထားလျှက်ရှိ၏။

အခုအချိန်မှတော့ပြန်လမ်းမရှိတော့၊ သေချင်သေ၊ ရှင်ချင်ရှင်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ရှေ့ကိုသာဆက်သွား ရတော့မည်။ အင်ဂျင်အပူချိန်သည် အနီမှတ်အောက်ကျသွားခဲ့ပြီ။ သို့သှော သူတို့ခရီးဆုံးရောက်ဖို့ရန် အပူချိန်သည် နောက်ထပ် နှစ်ဆယ်ဒီကရီခန့်ကျဆင်းသွားရန်လို၏။

ပစ်တစ်ကိုယ်လုံး ထုံသွားပြီဖြစ်၏။ မျက်နှာ၊ လက်၊ ခြေ၊ ခနဿဓာကိုယ်တစ်ခုလုံး မည်သည့်အထိအတွေ့ကိုမှ မသိတော့။ ခနဿဓာကိုယ်သည် သူပိုင်ပစဿစည်းမဟုတ်တော့သကဲ့သို့ သူ့စိတ်၏ အမိန့်ပေးမှုများကို ဖီဆန်လာခဲ့ပြီ။ ပစ်သည် အသက် ကောင်းကောင်းရှု၍ မရတော့။ အအေးဓါတ်က သူ့အဆုပ်များကို ခြောက်သွေ့ ရှုံ့တွစေခဲ့ပြီ။ သွေးကြောထဲတွင် စီးဆင်းနေသော သူ့သွေးများကို ပြစ်ခဲစေခဲ့ပြီ။ သူ့အသားများကို ဓါးဖြင့်မွှန်းခံရသလို နာကြင်ရာမှ ထုံကြင်လာစေခဲ့ပြီ။ အေးခဲပြီးသေရခြင်းဆိုသည်မှာ ဤမျှမြန်ဆန်သည်ဟု သူမထင်ခဲ့ရိုးအမှန်ပါ။ နောက်မိနစ်အနည်းငယ်ကြာလျှင် သူရေခဲတုံးဖြစ်သွားတော့မည်။ ယခုထက်ထိတော့ သူ့လက်များသည် ကားစတီယာရင်ကို မြဲမြဲကိုင်ထားဆဲ။ သူ့ခြေ ထောက်သည် လီဗာကို ဖိနင်းထားဆဲ။

ပစ်သည် သတိလစ်လုမတတ်ဖြစ်နေရာမှ နှင်းကာမျက်မှန်ပှေါတွင် အဆုပ်လိုက်ကပ်နေသော ရေခဲမှုန်များကို သပ်ချ လိုက်ပြီး အပူချိန်ပြဒိုင်ခွက်ကို ကြိုးစားကြည့်လိုက်ချိန်တွင် ရုတ်တရက်မိုက်ခနဲ မှောင်ကြသွားတော့သည်။

++++++++++++++++++++

အင်ဂျင်ခန်းမှ မုန်တိုင်းထန်နေသော ယာဉ်မောင်းခန်းသို့ တက်လာသော အယ်လ်သည် စတီယာရင်ပှေါတွင်မှောက် ရက်ကြီးဖြစ်နေသော ပစ်ကိုမြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြာကနဲဖြစ်သွား၏။ သူသည် ပစ်ကို ဘေးထိုင်ခုံသို့ ‘မ’ ရွေ့ပြီး ကားတံခါးများကို လျှင်မြန်စွာပိတ်လိုက်သည်။ ဟူးဟူးရားရားလေသံများ လုံးဝတိတ်သွားသည်။ ကားတွင်း အပူပေးစက်ခလုတ်ကို အမြင့်ဆုံးတင်လိုက်၏။

ပစ်သည် ဟိုက်ပိုသားမီးယားဖြင့် သေလုအံ့ဆဲဆဲ ဖြစ်နေ၏။ အယ်လ်သည် ကားကို ခဏရပ်လိုက်ပြီး ကယောင် ကတမ်း ဖြစ်နေသောပစ်ကို ထူမပြီး အင်ဂျင်ခန်းထဲဆင်းလိုက်၏။ ခိုက်ခိုက်တုန်နေသော ပစ်ကို အပူငွေ့တွေတရှိန်ရှိန် ထွက်နေသည့် အင်ဂျင်ကြီးနှစ်လုံးကြားတွင် လှဲလျှောင်းစေသည်။ အအေးဒဏ်ကို သေကောင်ပေါင်းလဲခံနေရသော သေဖှောရှင်ဖက်သူငယ်ချင်းကိုကြည့်ရင်း အယ်လ်သည် မျက်ရည်များစို့လာသည်အထိ ရင်ထုမနာဖြစ်ရသည်။ ပစ်၏ ရေခဲများကပ်နေသော ဆံပင်များကို အသာအယာဆွဲဖွရင်း-

“မင်းဒီမှာ နာရီဝက်လောက် အပူနဲ့ ပေါင်းတင်ပြီး ဇိမ်ယူလိုက်သူငယ်ချင်း” ဟု ငြင်သာစွာပြောလိုက်သည်။

ပစ်သည် ယောင်ကိုင်းနေသည့် နှုတ်ခမ်းများကို ကြိုးစားဖွင့်ရင်း-

“ကားက ညာဖက်ကို နည်းနည်းဆွဲတယ်၊ သတိထားမောင်း” ဟုပြော၏။

အယ်လ်သည် ပြုံးပြုံးကြီးဖြစ်သွား၏။ ဒီလောက်ဆိုလျှင် ပစ်အခြေအနေ စိတ်ချရမှန်း သူသိသည်။

“သေချင်းဆိုး၊ ပူမနေနဲ့၊ ဒီကားကို နင်မောင်းသလောက်တော့ ငါလည်းမောင်းတတ်တယ်” ဟု ပြန်ပြောလိုက် လေတော့သည်။

စကဿကန့်ခြောက်ဆယ်အတွင်း ခရူဇာကားကြီးသည် တစ်နာရီ ၂၄ မိုင်နှုန်းဖြင့် သူ၏ မပြီးသေးသော မာရသွန် ခရီးရှည်ကြီးကို ဆက်လက်ထွက်ခွာလာခဲ့သည်။

သူတို့ကို ဒုကဿခအကြီးအကျယ်ပေးခဲ့သော ဒီဇယ်အင်ဂျင်များသည် ခုတော့စည်းချက်ညီညီ သံမှန်ထွက်ရင်း အလုပ်လုပ် လျှက်ရှိသည်။ တဖြည်းဖြည်းပြန်လည် ပူနွေးလာသောပစ်သည် မျက်စိကိုမှိတ်ထားရင်း အင်ဂျင်သံကို အှောပရာသံစုံ တီးဝိုင်းမှ ဂီတသံအလားအရသာခံနားထောင်ရင်း လိုက်ပါလာသည်။ သူ၏ တစ်ဝက်ခန့်အေးခဲနေပြီးသားခနဿဓာကိုယ် သည် အင်ဂျင်မှ အပူငွေ့များကို လောဘတကြီးစုပ်ယူရင်း ပုံမှန်အနေအထားသို့ ဖြည်းဖြည်းချင်းပြန်ရောက်လာသည်။

ပစ်သည် နာရီဝက်ခန့် လဲလျှောင်းနေရင်းက သူ့အတွေးများသည် လာရင်းကိစဿစဆီသို့ပြန်ရောက်သွားခဲ့သည်။

ငါတို့ ပစ်မှတ်ဆီကို အချိန်မီရောက်နိုင်ပါ့မလား။

ငါတို့ရဲ့ အထူးတပ်ဖွဲ့တွေရော အနဿတာတိကကို ရောက်ပြီလား။

ရောက်ခဲ့ရင်ရော ခုလိုနှင်းမုန်တိုင်းကြားမှာ အကြောင်းဆိုးနေကြပြီလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.