အတ္တလန်တစ်ရှာပုံတော် (၇၈)

(၃၉)

မီးခိုးရောင် ဧရာမ မက်ဒေါနယ် ဒေါက်ဂလပ် စီ-၁၇ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးသည် အနဿတာတိက ကောင်းကင် ယံတွင် တိမ်ထုကဗဿဗလာဖြူဖြူကြားမှ အိနြေဿဒရရ ဖောက်ထွက်ပျံသန်းလာ၏။ အနဿတာတိကရှိ အမေရိကန် သုတေသနစခန်းများသို့ ရိကဿခာ၊ ပစဿစည်းပို့ရသည့် ဤလမ်းဤခရီးကို သွားနေကြဖြစ်သော ကပဿပတိန် လိုင်လီ စတက်ဖို့ဒ်အဖို့ လေယာဉ်မောင်းခန်းသည် သူ့အိမ်သူ့ယာအလားဖြစ်၏။ သို့သှောဒီတစ်ကြိမ်မှာတော့ ကပဿပတိန် စတက်ဖို့ဒ်သည် တင်နေကြ ရိကဿခာ ပစဿစည်းများအစား လက်နက်ကြီးငယ်များအပြည့်အစုံတပ်ဆင်ထားသော အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကို တင်ဆောင်လာရ၏။

ခပ်ပါးပါး မီးခိုးရောင်ဆံပင်များကို အသေအချာ ဖြီးသင်၍ လူမြင်လျှင် အရင်ပြုံးပြတတ်သော စတက်ဖို့ဒ်သည် လေယာဉ်မှူးတစ်ယောက်ထက် ပြည်သူ့ဆက်ဆံရေးအရာရှိတစ်ယောက်နှင့် ပိုတူ၏။ လေယာဉ်ခရီးတိုင်းမှာ စာအုပ် တစ်အုပ်ဖတ်မနေရလျှင် မနေနိုင်သော စတက်ဖို့ဒ်သည် ယခုလည်း သူ၏တွဲဖက်လေယာဉ်မှူး ရောဘတ် ဘရန်နန် ကလေယာဉ်ကိုထိန်းကြောင်းမောင်းနှင်နေစဉ် စာရေးဆရာ ခရိတ်ဒါဂို၏ အိုင်စတိုင်း အတုပဿပတဿတိကို ဖတ္လာခဲ့၏။

လေယာဉ်မှူးနှစ်ဦး၏ နောက်တွင်တော့ ဗိုလ်မှူး တွမ်ကလာရီသည် စိတ်ပူပင်သောကရောက်စွာထိုင်လျှက်ရှိသည်။ သူ၏ ရှေ့မှန်မှတဆင့် အပြင်သို့ စူးစိုက်ကြည့်နေသှောလည်း အမြင်အာရုံတွင် တိမ်ထုဖြူများမှတပါး အခြားမရှိ။

“ကျွန်တှောတို့အဖွဲ့ ဘယ်တော့ဆင်းရမလဲ”

တွမ် ကလာရီ၏ အမေးကို စတက်ဖို့ဒ်က ဂျီပီအက်စ်အညွှန်းကိန်းများကိုကြည့်ရင်း-

“နောက်တစ်နာရီအတွင်း ဗိုလ်မှူးတို့ဆင်းရမယ်။ ခင်ဗျားလူတွေ အသင့်ဖြစ်ပြီလား၊ စိတ်အားရော ထက်သန် ကြရဲ့လား” ဟုပြန်မေးလိုက်၏။

ကလာရီက ရယ်ရင်း-

“အသင့်တော့ဖြစ်ပါပြီ၊ စိတ်အားထက်သန်ကြသလားဆိုတာတော့ ကျွန်တှောလည်း ပြောရခပ်ခက်ခက်ပဲ လေယာဉ်မှူးရဲ့၊ အမြင့်ပေ သုံးသောင်းခွဲကနေ တစ်နာရီ မိုင်လေးရာနှုန်းသွားနေတဲ့ လေယာဉ်ပှေါက ခုန်ချရမှာ ဆိုတော့——-”

“အေးဗျာ၊ စိတ်မကောင်းပါဘူး၊ ကျွန်တှောတို့လည်း ဒီထက်ပိုပြီး အောက်နှိမ့်ပျံပေးလို့မရဘူး၊ ကျွန်တှော့ကို ပေးထား တဲ့အမိန့်အရ ပုံမှန်ပျံသန်းတဲ့လမ်းကြောင်းအတိုင်း တစ်ဆံခြည်တောင်ရွေ့လို့မရဘူးလို့ ဆိုထားတာကိုး၊ ဒါတောင် ကျွန်တှော ကပ်နိုင်သမျှ ကပ်ပြီးပျံပေးတာပါ။ ဒါမှပဲ ဝုဖ်လုံခြုံရေးတွေသံသယမရှိမှာကိုး ဗိုလ်မှူးရဲ့”

လက်ထောက်လေယာဉ်မှူး ဘရန်နန်က-

“လေက ပင်လယ်ဖက်ကတိုက်နေတယ်။ တိမ်ကလည်း အရမ်းထူတယ်ဆိုတော့ ဗိုလ်မှူးတို့လူတွေအတွက် ကောင်းပါတယ်” ဟုဝင်ပြောလိုက်သည်။

ကလာရီက ခေါင်းညိတ်ရင်း-

“ဟုတ်ပါတယ်လေ။ ဝုဖ်စခန်းက ရေဒါသမားမှာ မျက်လုံးလေးလုံးရှိမှပဲ ကျွန်တှောတို့ကို မြင်နိုင်လိမ့်မယ်” ဟုပြန်ပြော လိုက်၏။

စတက်ဖို့ဒ်က ကလာရီကို လှည့်ကြည့်ရင်း-

“သတိတော့ထားဗိုလ်မှူး၊ အင်မတန်နွေးပြီး သက်တောင့်သက်သာရှိတဲ့လေယာဉ်ပှေါကနေ ရေခဲမှတ်အောက် ၂ဝ ဒီကရီလောက်ရှိတဲ့ လေထဲကိုချက်ချင်းရောက်သွားမှာနှော၊ ခင်ဗျားလူတွေကို ကြိုပြောထား”

“ခင်ဗျား သိပ်မပြောနဲ့ဗျာ၊ တှောကြာကျုပ်တို့ မဆင်းချင်ပဲ ဖြစ်ကုန်လိမ့်မယ်”

သူတို့ သုံးဦး တသိမ့်သိမ့်ရယ်လိုက်ကြ၏။ ကလာရီက အရယ်ရပ်လိုက်ပြီး-

“ကျွန်တှော့လူတွေက ဒီလိုစစ်ဆင်ရေးတွေအတွက် အထူးလေ့ကျင့်ထားတဲ့ ဒေါင်ဒေါင်မြည် လက်ရွေးစင်တွေပါ၊ လေယာဉ်မှူးတို့ စိတ်မပူကြပါနဲ့၊ ကဲ ကျွန်တှောနောက်ခန်းကို သွားတော့မယ်”

“ကောင်းပါပြီဗိုလ်မှူး၊ ခဏနေရင် ကျွန်တှော နောက်ခန်းထဲက အောက်ဆီဂျင်ကို လေထုထဲရောက်ရင် ကြုံတွေ့ရမဲ့ ပမာဏအထိ လျှော့ချပါမယ်။ ဆယ်မိနစ်တစ်ခါ သတိပေးမယ်။ အချိန်ရောက်ဖို့ နှစ်မိနစ်အလိုမှာ လေယာဉ်တံခါး ဖွင့်ပေးမယ်”

“နားလည်ပါပြီ”

“အားလုံး တစ်ခါတည်း ခုန်ချရမှာနှော”

“ဟုတ်ကဲ့ပါ”

စတက်ဖို့ဒ်သည် ထိုင်ခုံမှထလိုက်ပြီး ကလာရီ၏ လက်ကို တင်းတင်းဆွဲညှစ်လိုက်သည်။

“ကဲ-ကံကောင်းပါစေ ဗိုလ်မှူး”

ကလာရီသည် ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး စတက်ဖို့ဒ်ကို လက်ဆွဲနှုတ်ဆက်ရင်း-

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်၊ ခုလို ကျွန်တှောတို့ကို လိုက်ပို့တဲ့အတွက်” ဟု ပြန်ပြောလိုက်ပြီးနောက်ခန်းတွင်း ဝင်ရောက်သွားတော့သည်။

+++++++++++++++++++++++

လေယာဉ်နောက်ခန်းထဲတွင်တော့ လက်နက်အပြည့်အစုံ တတ်ဆင်ပြီး လျှပ်စစ် အနွေးပေးဝတ်စုံများ ဝတ်ဆင်ထား သော လူပေါင်းခြောက်ဆယ့်ငါးယောက်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လျှက်ရှိကြသည်။ သူတို့သည် အမေရိကန် တပ်မတှော ဌာနခွဲအသီးသီးမှ ခေါင်းခေါက်ရွေးချယ်ထားသောလက်ရွေးစင်တပ်စုဖြစ်၏။ သူတို့ထဲတွင် ရေတပ်၏ ဆီးလ်တပ်ဖွဲ့ဝင်များ၊ ခြေလျှင်တပ်၏ ဒယ်လ်တာတိုက်ခိုက်ရေးအဖွဲ့ဝင်များနှင့် မရိန်းတပ်၏ ရက်ကွန်းတပ်သား များပါဝင်သည်။ အားလုံးသည် စစ်ရေးအတွေ့အကြုံပြည့်ဝပြီးသား ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားများဖြစ်ကြ၏။

အမေရိကန် စစ်ဋဿဌာနချုပ် ပင်တာဂွန်သည် အနဿတာတိကရှိ ဝုဖ်သတဿတုစခန်းကို တိုက်ခိုက်ချေမှုန်းရန်အမိန့်ကို အိမ်ဖြူတှော မှရရှိသည့်အခါ ထိုအမိန့်ကိုအကောင်အထည်ဖှောရန် အဓိကအခက်အခဲမှာ အချိန်ဖြစ်ခဲ့လေသည်။ အမေရိကမှ အဖွဲ့ဝင်ထောင်ချီပါသော အထူးတပ်ဖွဲ့ကို အနဿတာတိက အိုကူးမား ပင်လယ်အှောသို့ သုံးနာရီအတွင်းစေလွှတ်ရန် ဆို သည်မှာ ဘုရားသခင်ကူညီမှသာ ဖြစ်နိုင်ပေလိမ့်မည်။ လေကြောင်းတိုက်ပွဲဆင်နွဲပြီး ဒုံးကျည်ဖြင့်တိုက်ခိုက်ဖို့ဆိုသည် ကလည်း သတင်းအချက်အလက်ဘာမှမရှိ၍ မလုပ်ဝံ့၊ ဆေးအတွက်ကြောင့်လေးမည်ကို စိုးရသည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးများသည် ခဏကြာခေါင်းချင်းဆိုင်ဆွေးနွေးကြပြီး ခုကဲ့သို့သော တပ်ဖွဲ့ငယ်ကို ချက်ချင်းစေလွှတ်လိုက် ခြင်းဖြစ်၏။

အဖွဲ့ဝင်များသည် ဆယ်ပေါင်လေးသော နယူးစပါတန် ကျူ-၉၉ ချေမှုန်းရေးလက်နက်များကိုင်ဆောင်ထားကြသည်။ ထိုလက်နက်သည် ၁၂ ဂိတ်နှစ်လုံးပြူး၊ ၅.၅၆ မီလီမီတာ စနိုက်ပါ ပါဝင်သော အှောတိုမက်တစ်ရိုင်ဖယ်နှင့် တင့်ကား ဖျက်၊ အဆောက်အဦးဖျက် ဒုံးကျည်များပါဝင်သော အမေရိကန်တပ်မတှော၏ နောက်ဆုံးပှေါလက်နက်ဖြစ်၏။ ထို့အပြင် ကျည်ကပ်များ၊ ပစဿစတိုများ၊ လက်ပစ်ဗုံးများ၊ အရေးပှေါ အသက်ကယ်ကိရိယာများ အားလုံးပေါင်းလျှင် တစ်ယောက်ကို ပေါင်နှစ်ဆယ်စီမျှသော အလေးချိန်ကို သယ်ဆောင်ဝတ်ဆင်ထားကြရသည်။

ဒယ်လ်တာတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး ဒန်ရှပ်ဘတ်၊ ရက်ကွန်းအဖွဲ့ခေါင်းဆောင် ဗိုလ် ဝါရင်းဂါးနက် နှင့် ဆီးလ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုင်းစ်ဂျက်ဘ်ကော့တို့သည်ခေါင်းချင်းဆိုင်လျှက်ရှိကြသည်။ အမေရိကန်စစ်သမိုင်းတွင် ယခုကဲ့သို့ သော ချေမှုန်းရေးတပ်များစုပေါင်းတိုက်ခိုက်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၏။

ကလာရီသည် သူ့လူများကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်ရှုလိုက်၏။ ဒန်ရှပ်ဘတ်နှင့် ဒယ်လ်တာတပ်ဖွဲ့ကတော့ အစက တည်းက သူ၏လက်အောက်ခံများမို့ အကြောင်းသိပြီးသား၊ ဂါးနက်နှင့် ဂျက်ဘ်ကော့တို့ကိုတော့ သူမသိ၊ သို့သှော ကိစဿစမရှိ၊ ရက်ကွန်းနှင့် ဆီးလ်ဆိုသည်ကလည်း ကမဿဘာ့ထိပ်တန်း ထိပ်ထိပ်ကြဲ ချေမှုန်းရေးတပ်များသာ။

“ဘယ်တော့လဲ ဗိုလ်မှူး” ရှပ်ဘတ်က တိုတိုပြတ်ပြတ်မေးလိုက်သည်။

“နောက်တစ်နာရီ”

ကလာရီက ပြန်ဖြေလိုက်ပြီး တပ်ဖွဲ့အလယ်ကောင်တည့်တည့်တွင်ထိုင်ကာ လိုအပ်သောညွှန်ကြားချက်များကိုစတင် ပေးတော့သည်။ သူတို့၏ မြေပြင်ဆုံမှတ်က ဝုဖ်သတဿတုစခန်း အပြင်ဖက်က ရေခဲပြင်။ ထိုနေရာတွင်ဆင်းသက်ခြင်း သည် အကျအဆုံးအနည်းဆုံးဖြစ်မည်ဟု စစ်ရေးပါရဂူများက တွက်ချက်ပေးလိုက်ကြသည်လေ။

ကလာရီသည် ဝတ်စုံပြည့်ဝတ်ဆင်လိုက်၏။ အောက်ဆီဂျင်မျက်နှာဖုံးကို တပ်ဆင်ပြီး မိုတာရိုလာရေဒီယိုစက်ကိုဖွင့် လိုက်သည်။

“လေယာဉ်မှူး၊ အဖွဲ့ခေါင်းဆောင်ပြောတာကြားလား”

“ကြားတယ်၊ အားလုံးအသင့်ဖြစ်ပြီလား”

“ဖြစ်ပြီ၊ နောက်ခန်းက အောက်ဆီဂျင်လျှော့ချလို့ရပြီ”

ကလာရီသည် တပ်ဖွဲ့ဝင်အားလုံးကို ခြေဟန်လက်ဟန်ဖြင့် အချက်ပြလိုက်သည်။ ယခုအချိန်မှစ၍ စစ်ဆင်ရေး လုပ်ငန်းစဉ်အရ အချက်ပြသကေဿငတများသာသုံးကြတော့မည်။ တပ်ဖွဲ့ဝင်အားလုံး အောက်ဆီဂျင်မျက်နှာဖုံးများတပ် ဆင်လိုက်သည်။ ဂျင်းတက်စ်ခေါင်းဆောင်းများဆောင်းလိုက်ကြသည်။ လျှပ်စစ်အပူပေးကိရိယာများကို ဖွင့်လိုက်ကြ သည်။ များမကြာမီ လေယာဉ်ခန်းတွင်း အောက်ဆီဂျင်ဓါတ်ပြတ်တောက်သွားတော့သည်။

++++++++++++

“ဆရာ၊ ကျွန်တှောတို့ ရောက်တော့မယ်” ဘရန်နန်က စတက်ဖို့ဒ်ကို ပြောလိုက်သည်။

“ဗိုလ်မှူး ခင်ဗျားတို့အားလုံးအသင့်ဖြစ်ပြီလား” စတက်ဖို့ဒ်သည် အင်တာကွန်းမှတစ်ဆင့် နောက်ခန်းသို့ ဆက်သွယ် လိုက်၏။

“အားလုံးအဆင်သင့်ပါပဲ”

+++++++++++++++

“ဆုံမှတ်ကိုရောက်ရန် မိနစ်နှစ်ဆယ်”

လေယာဉ်နောက်ခန်းသည် လေဖိအားကိုလျှော့ချထားသောကြောင့် ပြင်ပလေထု၏ အပူချိန်အတိုင်းရှိနေသည်။ လျှပ်စစ် အနွေးပေးဝတ်စုံကိုယ်စီဝတ်ထားသည့်ကြားမှ အအေးဒဏ်က စူးကနဲ။

“ဆုံမှတ်ရောက်ရန် ဆယ်မိနစ်”

++++++++++++++++

“ဆုံမှတ်ရောက်ရန် ခြောက်မိနစ်”

+++++++++++++++

“ဆုံမှတ်ရောက်ရန် နှစ်မိနစ်”

+++++++++++++++

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.