အတ္တလန်တစ်ရှာပုံတော် (၇၉)
18 Sep 2010 Comments Off
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
လေယာဉ်မောင်းခန်းထဲတွင် ကပဿပတိန် စတက်ဖို့ဒ်သည် ကွန်ပြူတာပရိုဂရမ်သွင်းထားသော လမ်းကြောင်းနှင့် အထူး တပ်ဖွဲ့ဝင်များဆင်းသက်ရမည့်နေရာတို့ကို တွေ၍စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို အသေအချာစဉ်းစားလျှက်ရှိသည်။ သူသည် စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် အလိုအလျှောက်ထိန်းချုပ်စနစ်ကို ပိတ်ပစ်လိုက်ပြီး ဘရန်နန်ကိုပြောလိုက်၏။
“ပုံမှန်လမ်းကြောင်းကနေ တစ်ဒီကရီတိမ်းစောင်းပျံသန်းမယ်”
“ဆရာ!” ဘရန်နန်သည် သူ့ဆရာကို အလန့်တကြားလှမ်းကြည့်လိုက်သည်။
“ဆရာတွေ၊ ဆရက်တွေလာလုပ်မနေနဲ့၊ တံခါးဖွင့်မဲ့ကောင်တွေ အသင့်ဖြစ်ပြီလားမေးစမ်း”
ဘရန်နန်သည် သူ့ဆရာကို နားမလည်သလိုကြည့်နေသည်။ တစ်ဒီကရီတိမ်းစောင်းလျှင် ပုံမှန်လမ်းကြောင်းမှ ဆယ် မိုင်ခန့် ဝုဖ်ပိုင်နက်ထဲသို့ကျွံဝင်သွားမည်။ ဘာတွေလုပ်နေပါလိမ့်။
“တပ်ကြပ်ကြီး ဟန်းဒရစ် အသင့်ဖြစ်ပါပြီ ကပဿပတိန်”
“ကှောပိုရယ် ဂျိုကွင်း အသင့်ဖြစ်ပါပြီ ကပဿပတိန်”
ကပဿပတိန် စတက်ဖို့ဒ်သည် လေယာဉ်ကြီးကို တစ်နာရီ မိုင်နှစ်ရာနှုန်းအထိအရှိန်လျှော့ချလိုက်ပြီး သူ့ကို နားမလည်သ လိုတွေကြည့်နေသော ဘရန်နန်အား-
“အားလုံးကြားရမဲ့ ရေဒီယိုလှိုင်းကိုချိန်ပြီး တို့စခန်းက ရေဒီယိုစတေရှင်ကို အင်ဂျင်ပြသဿသနာဖြစ်နေလို့ အရှိန်လျှော့ ရမဲ့အတွက် အရောက်နောက်ကျမယ်လို့ သတင်းပို့စမ်း” ဟုပြောလိုက်သည်။
ဘရန်နန်သည် ကပဿပတိန်၏ ရည်ရွယ်ချက်ကို ခုမှသေချာနားလည်တော့သည်။ အထူးခြေမှုန်းရေးတပ်ဖွဲ့ဝင်များ ဆင်းသက်ရာတွင် ဆုံမှတ်ကို အတိကျဆုံးနှင့် အထိအခိုက်အနည်းဆုံးဖြစ်စေရန် ကပဿပတိန်သည် အထက်အမိန့်ကို ဖီဆန်ပြီး ရန်သူကိုလှည့်စားခြင်းအလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ဆောင်ရွက်နေသည်ကိုး။
“ဆုံမှတ်ရောက်ရန် တစ်မိနစ်”
“လေယာဉ်ဝမ်းဗိုက်တံခါးဖွင့်ပြီးပါပြီ” တပ်ကြပ်ကြီး ဟန်းဒရစ်၏ တည်ငြိမ်သောအသံထွက်ပှေါလာသည်။
အထူးခြေမှုန်းရေးတပ်ဖွဲ့ဝင်များသည် ထိုင်ရာမှထလိုက်ကြပြီး ပစဿစည်းများအားလုံးနေသားတကျ ရှိမရှိ နောက်ဆုံး အကြိမ်စစ်ဆေးနေကြ၏။ ပထမ ဒယ်လ်တာ၊ ဒုတိယ- ဆီးလ်၊ တတိယ-ရက်ကွန်း တပ်ဖွဲ့ဝင်များသည် စတီးကြိုး ဆိုင်းများကို ကိုင်ထားရင်း ကလာရီ၏အမိန့်ကိုစောင့်ဆိုင်းနေကြသည်။
လေယာဉ်သည် သိသိသာသာနှေးသွားသည်ကို ကလာရီသတိထားမိလိုက်၏။ ဆယ့်ငါးစကဿကန့်အလိုတွင် ကလာရီ သည်လက်မြှောက်ပြလိုက်ပြီး မီးနီကလေးကိုစိုက်ကြည့်လျှက်ရှိသည်။
အချိန်ကျပြီ။ မီးနီကလေးငြိမ်းသွားပြီး မီးစိမ်းကလေး လင်းလာ၏။ ကလာရီ၏ မြှောက်ထားသောလက် အောက်သို့ကျ သည်နှင့်တပြိုင်နက် ဗိုလ်ကြီးရှပ်ဘတ်ဦးဆောင်သော ဒယ်လ်တာအဖွဲ့သည် တပြိုင်နက်ခုန်ဆင်းလိုက်ကြ၏။ ထို့နောက်တွင်တော့ ဂျက်ဘ်ကော့နှင့် သူ၏ဆီးလ်အဖွဲ့၊ ဂါးနက်နှင့် သူ၏ ရက်ကွန်းအဖွဲ့။ နောက်ဆုံးက ကလာရီ။
တပ်ကြပ်ကြီး ဟန်းဒရစ်နှင့် ကှောပိုရယ် ဂျိုကွင်းတို့သည် အထူးတပ်ဖွဲ့ဝင်များမြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေကြပြီးမှ ကပဿပတိန် စတက်ဖို့ဒ်ကို သတင်းပို့လိုက်သည်။ လေယာဉ်ဝမ်းတံခါးကိုပိတ်၊ လေဖိအားကို ပြန်တင်၊ အောက်စီဂျင်လွှတ်၊ အပူငွေ့ပေးစသည့်လုပ်ငန်းများကို ဇယ်ဆက်သလိုလုပ်လိုက်ကြပြီး လေယာဉ်အမြန် နှုန်းကို တစ်နာရီမိုင်လေးရာသို့ပြန်တင်ကာ အလိုလျှောက်ထိန်းချုပ်စနစ်ကို ပြန်လည်အသက်သွင်းလိုက်၏။ ကပဿပတိန် စတက်ဖို့ဒ်သည် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး-
“ငါတို့လုပ်စရာရှိတာတော့ အကောင်းဆုံးလုပ်ပေးခဲ့ပြီ။ ခုတော့သူတို့ ကံကောင်းပါစေလို့ ဆုတောင်းရုံပဲ ရှိတော့တယ်” ဟုလေးလေးတွဲ့တွဲ့ပြောလိုက်လေတော့သည်။
++++++++++++++++++
ကံကြမဿမာအင်တာပရိုက်စ်၏ ရေခဲပြင်ခွဲစီမံကိန်း ထိန်းချုပ်ခန်းနှင့်ကပ်လျှက် ရေဒါခန်းမှအှောပရေတာသည် ရေဒါမျက် နှာပြင်ကို စိုက်ကြည့်ရင်း လုံခြုံရေးခန်းသို့ ဖုန်းဆက်လိုက်၏။ မိနစ်အနည်းငယ်အကြာတွင် ဟူဂိုဝုဖ်ကိုယ်တိုင်ရောက်ရှိ လာ၏။
“ဆရာ၊ အမေရိကန် ကုန်တင်လေယာဉ်ဟာ အမြန်နှုန်းချက်ချင်းနှေးသွားလို့ သတင်းပို့တာပါ”
“အေး၊ ငါသိပြီးပြီ၊ သူတို့အင်ဂျင်ချို့ယွင်းသွားလို့ အရှိန်နည်းနည်းနှေးသွားပြီး အရောက်နောက်ကျမယ်လို့ ရေဒီယို ကနေသတင်းပို့တာကို ကြားဖြတ်ဖမ်းယူလို့ရတယ်”
“နောက်ပြီး သွားနေကြလမ်းကြောင်းကနေ ဆယ်မိုင်လောက်အတွင်းကိုရောက်နေတယ်၊ ကျန်တာတော့ ဘာမှ မထူးခြားပါဘူး”
ဟူဂိုသည် ရေဒါအှောပရေတာ၏ ပခုံးကိုပုတ်လိုက်ပြီး-
“မင်းတှောတယ်၊ သေချာဆက်စောင့်ကြည့်ထား” ဟုပြောရင်း ပြန်လည်ထွက်ခွာသွားသည်။
++++++++++++++++
အမေရိကန် ကြည်း၊ရေ၊လေ တပ်မတှောအသီးသီးမှ စစ်ဦးစီးဗိုလ်ချုပ်ကြီးများသည် ပင်တာဂွန်စစ်ရုံးချုပ်၏ အခန်းတစ်ခု အတွင်းမှ စားပွဲရှည်တစ်လုံး၌ ခေါင်းချင်း ဆိုင်နေကြ၏။ နံရံတစ်ဖက်တွင် ချိတ်ဆွဲထားသော စကရင် အကြီးစားကြီးပှေါမှာတော့ အိုကူးမားပင်လယ်အှောရှိ ကံကြမဿမာအင်တာပရိုက်စ်၏ ဓါတ်ပုံများကို ပြသထားသည်။ နောက်ထပ် စကရင်တစ်ခုပှေါမှာတော့ အမေရိကန် သမတနှင့် ကက်ဘီနက်ခေါင်းဆောင်ခြောက်ဦး အိမ်ဖြူတှောတွင် ဆွေးနွေးညှိနိုင်းနေကြပုံကို ဗွီဒီယို ကွန်ဖရန့်စ် တိုက်ရိုက်ထုတ်လွှင့်ထား၏။
အိမ်ဖြူတှောအစည်းဝေးခန်းထဲ၌ လိုရမ်စမစ်ရှိနေပြီး ပင်တာဂွန်တွင်တော့ ဆန်ဒက်ကာ၊ ရွန်လစ်တဲလ်နှင့် ကန်ဟိန်း တို့ရှိနေကြသည်။ အစည်းဝေးခန်းနှစ်ခုတွင်ရှိနေကြသူအားလုံးသည် ကမဿဘာပျက်စီမံချက်ဟု လောလောလတ်လတ် အမည်ပေးထားသော အကြောင်းခြင်းရာအတွက် အကြိတ်အနယ်ဆွေးနွေးနေကြ၏။
“အချိန်ကျဖို့ ဘယ်လောက်လိုသေးသလဲ၊ ဗိုလ်ချုပ်ကြီး” အိမ်ဖြူတှော အစည်းဝေးခန်းမှ သမတက ပင်တာဂွန် အစည်း ဝေးခန်းမှ တပ်ပေါင်းစုခေါင်းဆောင် ဗိုလ်ချုပ်ကြီးအေမို့စ်ဆောက် ကိုလှမ်းမေးလိုက်သည်။
“တစ်နာရီနဲ့ မိနစ်လေးဆယ်ပါ၊ သမတကြီး”
ဝုဖ်မိသားစု၏ ရော့စ်ရေခဲပြင်ကြီးကို အနဿတာတိက ကုန်းမကြီးမှ ခွဲထုတ်၍ ကမဿဘာ့ဟန်ချက်ကို တိမ်းစောင်းနေပြီး ကမဿဘာကို ဖျက်ဆီးမည့်အချိန်ကို ဆိုလိုနေကြခြင်းဖြစ်၏။
“ဒီအဖျက်လုပ်ငန်းကြီးကို ဝုဖ်မိသားစုက ဗယ်လ်ဟဲလားစီမံကိန်းလို့ ခှေါကြတယ်ခင်ဗျ၊ ပျက်စီးဆုံးရှုံးနိုင်ချေကတော့ အားလုံးပြောကြသလို ကမဿဘာပျက်ကပ်အဆင့်ပါပဲ” ရွန်လစ်တဲလ်က သမတကို ရှင်းပြလိုက်၏။
ကန်ဟိန်းက ဝင်ပြောပြန်သည်။
“ကျွန်တှောတို့ အက်ဖ်ဘီအိုင်အနေနဲ့လည်း ဝုဖ်မိသားစုဟာ နာနိုနည်းပညာကိုသုံးပြီး ဒီကမဿဘာဖျက်ကပ်ကို စီမံဖန် တီးကြိုးကိုင်တယ်ဆိုတာကို အတည်ပြုပြီးပါပြီ”
သမတသည် စကရင်ပိတ်ကားပှေါတွင်တွေ့မြင်နေရသော ဗိုလ်ချုပ်ကြီးဆောက်ကိုကြည့်ရင်း-
“ကျွန်တှောကတော့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တစ်စင်း လွှတ်လိုက်စေချင်တာပဲ” ဟုပြောလိုက်၏။
“အဲဒါကို နောက်ဆုံးအချိန်၊ တခြားရွေးချယ်စရာမရှိမှပဲ လုပ်ပါလို့ မေတဿတာရပ်ခံပါတယ် သမတကြီးခင်ဗျား၊ အနဿတရာယ် ကြီးတဲ့ကိစဿစမို့လို့ပါ”
ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မှောတွန်အယ်ဒရစ်က ဝင်ရောက်ဆွေးနွေး၏။
“ဝုဖ်ရေဒါစခန်းက အလွန်အဆင့်မြင့်ပါတယ် သမတကြီး၊ ကျွန်တှောတို့ လေထဲကသှောလည်းကောင်း၊ ရေထဲက သှောလည်းကောင်း ဒုံးကျည်ပစ်လွှတ်လိုက်မယ်ဆိုရင် သူတို့အနည်းဆုံး သုံးမိနစ်ကြိုသိနိုင်ပါတယ်။ ဒီအခါမှာ သူတို့ အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖှောလိုက်ရင် အားလုံးဒုကဿခရောက်ကြမှာပါ”
“ခင်ဗျားပြောသလို သူတို့ရေဒါတွေအင်မတန် အဆင့်မြင့်တယ်ဆိုရင် ခင်ဗျားတို့လွှတ်လိုက်တဲ့ လေယာဉ်နဲ့ သူက ထုတ်လွှင့်တဲ့ အချက်ပြစနစ်တွေကို ဖမ်းယူနိုင်မှာပေါ့”
ဗိုလ်ချုပ်ကြီး အယ်ဒရစ်နှင့် ဗိုလ်ချုပ်ကြီး ကိုဘန်းသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီးမှ အယ်ဒရစ်က-
“ဒီကိစဿစက ထိပ်တန်းလျှို့ဝှက်ပါ သမတကြီး၊ ကျွန်တှောတို့ရဲ့နောက်ဆုံးပှေါရေဒါစနစ်လှိုင်းကွန်ရက်ကို ကမဿဘာပှေါက ဘယ်ရေဒါဖမ်းစက်ကမှ ဖမ်းမမိနိုင်ပါဘူး”
ဗိုလ်ချုပ်ကြီးဆောက်က သမတကို-
“တကယ်လို့ ခြေမှုန်းရေးတပ်တွေ မအောင်မြင်ခဲ့ရင်တော့ နောက်ဆုံးအနေနဲ့ ကျွန်တှောတို့ရဲ့ နျူကလီးယား စွမ်းအင် သုံးရေငုတ်သဘေဿငာ တက်ခ်ဆန်က ဒုံးကျည်လွှတ်ဖို့စီမံထားပါတယ်”
သမတသည် အံ့အားသင့်သွားပြီး-
“ကျွန်တှောတို့ ရေငုတ်သဘေဿငာက အနဿတာတိကမှာရှိနေတယ်၊ ဟုတ်လား”
ဗိုလ်ချုပ်ကြီး အယ်ဒရစ်က ဝင်ဖြေလိုက်သည်။
“ဟုတ်ပါတယ်သမတကြီး၊ တက်ခ်ဆန်ဟာ အသုံးလုံးသုတေသနသဘေဿငာ ဝင်ရိုးစွန်းမုန်တိုင်းကို တိုက်ခိုက်နေတဲ့ ယူ ၂ဝ၁၅ ကို ပစ်ခတ်နှစ်မြှုပ်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာရဲ့အကြံပေးချက်အရ ကျွန်တှော တက်ခ်ဆန်ကို အိုကူးမားပင်လယ်အှောတစ်ဝိုက်မှာပဲ လှုပ်ရှားခိုင်းထားပါတယ်”
“ဒါဖြင့်လေကြောင်းတိုက်ခိုက်ရေးကိစဿစကိုရော ဘယ်လိုစီမံထားသလဲ”
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးကိုဘန်းက-
“လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စတဲ့လ် ဗုံးကြဲလေယာဉ်နှစ်စီးလွှတ်ထားပြီးပါပြီ။ နောက်တစ်နာရီ နဲ့ဆယ်မိ နစ်ဆိုရင် ပစ်မှတ်နဲ့ မိုင်ကိုးဆယ်အကွာမှာအသင့်အနေအထားနဲ့ စောင့်ကြည့်နေကြမှာပါ”
သမတ၏ မျက်နှာသည် အနည်းငယ်ရွှင်လန်းလာ၏။
“ဒါဆိုကျွန်တှောတို့မှာ ရေကြောင်း၊ လေကြောင်းစစ်ကူအဆင်သင့်ဖြစ်နေပြီပေါ့”
“ဟုတ်ပါတယ် သမတကြီးခင်ဗျား” သေနာပတိချုပ် ဗိုလ်ချုပ်ကြီးဆောက်က သမတကို အဖြေပေးလိုက်သည်။
“ဗိုလ်မှူးကလာရီနဲ့ သူ့တပ်ဖွဲ့အခြေအနေရောဘယ်လိုလဲ”
ဗိုလ်ချုပ်ကြီးဆောက်က ဒစ်ဂျစ်တယ်နာရီကို တစ်ချက်မော့ကြည့်လိုက်ပြီး-
“နောက်မိနစ်အနည်းငယ်ဆိုရင် သူတို့မြေပြင်ပှေါရောက်ပါပြီ။ မကြာခင် တိုက်ပွဲစပါတော့မယ်”
“ဒီတိုက်ပွဲသတင်းကို ကျွန်တှောသိချင်တယ်”
“ကျွန်တှောတို့မှာ ဗိုလ်မှူးကလာရီနဲ့ တိုက်ရိုက်အသံဆက်သွယ်ရေးစနစ် ရှိပါတယ် သမတကြီး၊ တိုက်ပွဲစတာနဲ့ တိုက်ရိုက် အသံလွှင့်စနစ်ကို စတင်ပါမယ်”
သမတက ထိုင်ခုံဆိုဖာနောက်မှီပှေါမှီလိုက်ပြီး-
“ဒါဆို ခုလောလောဆယ်ကျွန်တှောတို့လုပ်ရမှာက ထိုင်စောင့်ဖို့ပဲပေါ့”
အစည်းဝေးခန်းမနှစ်ခုလုံး အသံတိတ်ဆိတ်သွား၏။ သမတ၏ နှုတ်မှတိုးတိုးလေးရွတ်ဆိုလိုက်သည့် စကားသံကို တော့မည်သူမှ မကြားလိုက်။
“လူသားမျိုးနွယ်တစ်ရပ်လုံး ဒီဖြစ်ရပ်ဆိုးကြီးကနေ လွတ်မြောက်အောင် ကယ္မေတာှမူပါ ဘုရား”
+++++++++++++++++

Recent Comments