အတ္တလန်တစ်ရှာပုံတော် (ဂဝ)

(၄ဝ)

အဖြူရောင်တိမ်တိုက်များကြား အမြင့်ပေ ၃၅ဝဝဝ မှ တစ်နာရီမိုင် ၁၂ဝ နှုန်းဖြင့်ကျဆင်းလာသော ကလာရီသည် ခြေနှင့်လက်များကို ဆန့်တန်းနိုင်သမျှ ကားထုတ်ဆန့်တန်းထားလိုက်သည်။ လေယာဉ်ကို အတတ်နိုင်ဆုံး အရှိန်နှေး ပေးခဲ့သော စတက်ဖို့ဒ်၏ ကျေးဇူးကြွေးကိုတော့ ဒီနေ့ဒီရက်ဒီနေရာမှာ အသက်နှင့်ခနဿဓာမြဲခဲ့သည်ရှိသော် တစ်နေ့နေ့ ပြန်ဆပ်ရပေမည်။ ထိုသို့အရှိန်နှေးပေးခဲ့မှုကြောင့် သူတို့တပ်ဖွဲ့ဝင်များ စနစ်တကျ စုစုဝေးဝေး ဆင်းသက်နိုင် ခဲ့ခြင်းဖြစ်သည်။

ကလာရီသည် ဘယ်ဖက်လက်ကောက်ဝတ်တွင်တပ်ဆင်ထားသော အမ်အေ ၂-၃ဝ အမျိုးအစားအမြင့်ပြ ကိရိယာကို ကြည့်လိုက်သည်။ မြေပြင်မှပေပေါင်း ၃၃ဝဝဝ၊ အလွန်လျှင်မြန်သောနှုန်းဖြင့် ဆက်လက်ကျဆင်းလျှက်ရှိသည်။ သူ၏ ညာဖက်ပေ ၄ဝ အကွာတွင် သူ့တပ်ဖွဲ့ဝင်များဆောင်းထားသော ဂျန်းတက်စ်ဦးထုပ်မှ မှိတ်တုပ်မှိတ်တုပ်မီးအလင်း ရောင်လေးများကို ပိုးစုန်းကြူးလေးများသဖွယ်မြင်နေရသည်။

တကယ်တော့လည်း မည်မျှပင်ကြိုတင်ပြင်ဆင် တွက်ချက်ထားသည်ဆိုစေကာမူ သူတို့ရည်မှန်းသော ဆုံမှတ်သို့ တပ်ဖွဲ့ဝင်များအားလုံး တစုတဝေးတည်း ရောက်ရှိနိုင်မည့်အခွင့်အရေးမှာ ငါးဆယ်-ငါးဆယ်ထက်မပို။ လေယာဉ်မှူး ကြီး စတက်ဖို့ဒ်၏ အရည်အချင်းကိုသာ အားကိုး၍ မျက်စိမှိတ်ဆင်းလာကြခြင်းဖြစ်၏။ အမြင့်ပေ ၂၈ဝဝဝ ကိုရောက် ပြီ။ မူလသတ်မှတ်ချက်အရ အမြင့်ပေ ၂၅ဝဝဝ ရောက်သည်အထိ အလွတ်ခုန်ကြပြီးမှ လေထီးကို ဖွင့်ကြရမည်ဖြစ်သည်။ ကလာရီသည် လေထီးဖွင့်ရန် ပြင်ဆင်ထားလိုက်သည်။ သူ့အောက်တွင် မီးပွင့်ကလေးများ ပိုများလာသည်။ အမြင့်ပေ ၂၆ဝဝဝ ရောက်ပြီ။ သူ့နားတွင်တပ်ဆင်ထားသော မိုတာရိုလာ အသံဖမ်း၊ အသံလွှင့် ကိရိယာလေးမှ ဗိုလ်ဂါးနက်၏ အသံကို ကြားလိုက်ရသည်။

“မှောဆရာ၊ သံဖြူဆရာပြောနေတယ်၊ စစ်ဆေးပြီးဆက်လုပ်ခွင့်ပေးပါ၊ ဒါပဲ”

ကလာရီသည် လည်ချောင်းတွင်ကပ်ထားသော အသံဖမ်းကိရိယာမှတဆင့် အဖွဲ့ဝင်အားလုံးကို အမိန့်ပေးလိုက်သည်။

“အဖွဲ့ဝင်အားလုံးကို မှောဆရာပြောနေတယ်။ အခြေအနေသတင်းပို့၊ ဒါပဲ”

ဗိုလ်ကြီး ရှပ်ဘက်၏ အသံကို ပထမဆုံးကြားရသည်။

“မှောဆရာ၊ ခြသေဿင့ပြောနေတယ်။ အမြင်ပေ ၂၃ဝဝဝ ရောက်ပြီ။ အဖွဲ့သားအားလုံးကို မြင်ရ၊ နှစ်ယောက် ဆုံမှတ်ရောက်ခါနီး၊ ဒါပဲ”

“ခြသေဿင့ ဆက်လုပ်”

ဗိုလ်ဂျက်ကော့ဘ်ထံမှလည်း သတင်းပို့လာသည်။

“မှောဆရာ၊ ကျီးကန်းပြောနေတယ်။ အမြင့်ပေ ၂၄ဝဝဝ၊ အဖွဲ့သားအားလုံး မြင်တွေ့၊ ဒါပဲ”

“မှောဆရာ၊ သံဖြူဆရာ ပြောနေတယ်။ အဖွဲ့သားအားလုံးမြင်တွေ့”

အမြင့်ပေ ၂၅ဝဝဝ ရောက်ပြီ။ ကလာရီသည် လေထီးခလုတ်ကို ဘယ်ညာစုံဆွဲ၍ ဖွင့်လိုက်သည်။ အမ်တီ- ၁၂ အမျိုး အစားလေထီးသည် အခက်အခဲမရှိ ငြင်သာညက်ညောစွာပွင့်ပြီး သူ့ကိုအပှေါသို့ဆွဲတင်သွား၏။ အကယ်၍သာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဆုံမှတ်ကို ဆင်းသက်နိုင်ကြမည်ဆိုလျှင် ဝုဖ်သတဿတုစခန်း၏ လုံခြုံရေးအဆောက် အဦးနှင့် မလှမ်းမကမ်းရှိ ရေခဲပြင်ပှေါသို့ သူတို့အားလုံးရောက်ရှိကြမည်ဖြစ်သည်။ မြေပှေါရောက်သည်နှင့် တိုက်ပွဲစရ မည်မှာ မြေကြီးလက်ခတ်မလွဲ။

အမြင့်ပေ ၁၉ဝဝဝ၊ တိမ်များကင်းစင်စပြုပြီ။ သူ့အောက်တွင် လေထီးကလေးများကို အစီအရီမြင်တွေ့နေရသည်။ ကြမ်းတက်ခက်ထန်မည်ဟုထင်ရသော သူတို့၏ စစ်ဆင်ရေးသည် ခုထိတော့ အဆင်ပြေချော့မွေ့လွန်းနေ၍ ဟုတ်မှ ဟုတ်ရဲ့လားဟုတောင် ကလာရီ့စိတ်ထဲတွင် သံသယ ဖြစ်မိသည်။ ထိုအချိန်တွင် ဂါးနက်၏ အသံထွက်ပှေါလာ သည်။

“မှောဆရာ၊ သံဖြူဆရာ အုပ်စုက လူတစ်ယောက်ပျောက်၊ ဒါပဲ”

“သံဖြူဆရာ၊ သူဘာလက်နက်ကိုင်ထားလဲ”

“ဖောက်ခွဲရေး ပစဿစည်းတစ်စုံနဲ့ တင့်ကားဖျက်လက်နက်နှစ်ခု”

အနှောက်အယှက်၊ အဟန့်အတားက စလာပြီဖြစ်၏။ ကလာရီသည် ထိုအဖွဲ့ဝင်လေထီးဖွင့်မရပဲ မြေပှေါကျရောက် သေဆုံးလိမ့်မည်ဟု မထင်။ အပိုလေထီးများပါပြီးသားဖြစ်၏။ သို့သှော တင့်ကားဖျက်လက်နက်က အားလုံးပေါင်းမှ လေးခုသာပါသည်။ စီ-၄ အမျိုးအစား ပလတ်စတစ်ယမ်းပျော့ဖောက်ခွဲရေးပစဿစည်းကတော့ အဖွဲ့ဝင်တိုင်းတွင်ပါ၍ ကိစဿစ မရှိ။ ကလာရီသည် အဖွဲ့ဝင်အားလုံးကို အမိန့်ပေးလိုက်သည်။

“အားလုံးကို မှောဆရာပြောနေတယ်။ ဆုံမှတ်နဲ့နီးလာပြီ၊ မီးတွေပိတ်ပါ၊ ရေဒီယိုတွေပိတ်ပါ၊ ခုချိန်ကစပြီး အဆက် အသွယ်ရပ်ပြီ။ ဒါပဲ”

ဆိုလိုသည်က မှောဆရာ၊ ခြသေဿင့၊ သံဖြူဆရာနှင့် ကျီးကန်း ခေါင်းဆောင်လေးယောက်မှတပါး မည်သူမှ ရေဒီယို ဆက်သွယ်ရေးသုံးခွင့်မရှိ။

နောက်ထပ်ဆယ့်ငါးမိနစ်တိတိ သူတို့လေထီးဖြင့်ဆင်းနေဆဲ။ သူတို့သည် သတ်မှတ်ချိန်ထက် အနည်းငယ်စောနေ၏။ လေက သူတို့နောက်မှတိုက်ပေးနေသဖြင့် အဆင်းခရီးသည် အဆင်ပြေနေ၏။ အဖွဲ့ဝင်များသည် လှေကားထစ်များ သဖွယ် ဆုံမှတ်ကို အဆင့်ဆင့် ဆင်းသက်နေကြသည်ကို ကြည့်ရင်း ကလာရီကျေနပ်နေ၏။ အမြင့်ပေ ၈ဝဝဝ သို့ရောက်ပြီ။

ဝုဖ်သတဿတုစခန်းတစ်ခုလုံးကို ထင်ထင်ရှားရှားမြင်လာရပြီ။

အမြင့်ပေ ၇၀၀၀ နှင့် ၂ဝဝဝ ကြားတွင် လေရူးနှောက်၍ အနည်းငယ်ကသောင်းကနင်းဖြစ်ရသည်ကလွဲ၍ အားလုံး သည် စီစဉ်ထားသည့်အတိုင်း။ သတဿတုစခန်းအပူပေးပိုက်များမှ မှုတ်ထုတ်လိုက်သည့် ပူနွေးသောလေကလေးကိုပင် ခံစား၍ ရလာပြီ။ ထိုစဉ်သူမျှောလင့်နေသော အသံကိုကြားလိုက်ရ၏။

“မှောဆရာ၊ ခြသေဿင့အဖွဲ့ မြေပြင်ရောက်ပြီ” ကလာရီသည် စိတ်လက်အတှောပေါ့ပါးသွား၏။

အမြင့်ပေ ၅ဝဝ၊

ကလာရီသည် ရှပ်ဘတ်နှင့် ဒယ်လ်တာအဖွဲ့၊ ဂျက်ကော့ဘ်နှင့် ဆီးလ်အဖွဲ့၊ ဂါးနက်နှင့် ရက်ကွန်းအဖွဲ့များ ဆုံမှတ်သို့ အသီးသီးဆင်းသက်သွားကြသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။ သတင်းပို့စရာမလိုတော့။ အခုသူဆင်းရမည့် အလှည့်ရောက်ပြီ။

အမြင့်ပေ ၂ဝဝ၊

ရေခဲပြင်ကြီးသည် သူ့ထံပြေးလာသလို ခံစားရ၏။

အမြင့်ပေ ၁ဝဝ၊

ကလာရီသည် မြေပြင်ပှေါသို့အောင်မြင်စွာဆင်းသက်နိုင်ပေပြီ။

ရေခဲပြင်နှင့်ထိလျှင်ထိခြင်း ကလာရီသည် လှိမ့်ပစ်လိုက်ပြီး သူ၏လေထီးကိုလျှင်မြန်စွာချွတ်ပစ်လိုက်သည်။ ထို့နောက် ဒူးထောက်ရင်း နယူး စပါတန် ကျူ ၉၉ ခြေမှုန်းရေးလက်နက်ကြီးကို ပစ်ခတ်ရန်အသင့်အနေအထားပြင်ဆင်လိုက်၏။

စကဿကန့်သုံးဆယ်အတွင်း သူ့ဘေးသို့ အဖွဲ့သုံးဖွဲ့၏ အဖွဲ့ဝင်များဝိုင်းရံလာကြသည်။ ပစဿစည်းများအားလုံးစုံမစုံ စစ်ဆေးပြီး သောအခါ ကလာရီသည် အဖွဲ့ဝင်များအားလုံးကို ဝုဖ်သတဿတုစခန်းသို့ ချီတက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ ဘာမှ ပုန်းလျှိုးကွယ်လျှိုးလုပ်နေစရာမလိုတော့။ ဗြောင်ဝင်၍ ဗြောင်ပင်တိုက်တော့မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2010
M T W T F S S
« Aug   Oct »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.