အတ္တလန်တစ်ရှာပုံတော် (၈၁)
20 Sep 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၄၁)
အစောပိုင်းက ဟူးဟူးရားရားတိုက်ခတ်နေသော လေသည်လုံးလုံးငြိမ်သက်မသွားသေးသှောလည်း ဆိုးဆိုးဝါးဝါး အားအင်များဖြင့် တိုက်ခတ်နိုင်ခြင်းမရှိတော့။ နောက်ဆုံးလုံးဝငြိမ်သက်သွားချိန်မတော့ လေနတ်သား၏ ဒေါမာန်များ ကြောင့် ခေတဿတမျှ ပုန်းရှောင်နေရသော နေမင်းသည် ပြန်လည်ထွန်းလင်းလာ၏။ လေအဝှေ့တွင် တရွေ့ရွေ့လိမ့်ပါခဲ့ သော ရေခဲတုံး၊ ရေခဲမှုန်များသည် နေရောင်အောက်ဝယ် စိန်တုံး၊ စိန်ပွင့်များသဖွယ် တဖြတ်ဖြတ်လက်နေသည်မှာ ပြေးကောက်ချင်စရာ။ အော့နှလုံးနာစရာကောင်းသော မဲပုတ်ပုတ်ကောင်းကင်သည် နှစ်လို့ဖွယ် အပြာရောင်အဆင်း သို့ပြန်ပြောင်းလာချိန်ဝယ် ခရူဇာကားကြီးကတော့ ရေခဲပြင်ပှေါဝယ် အားနှင့်မာန်နှင့် ပြေးလွှာနေဆဲဖြစ်၏။
ခနဿဓာကိုယ်က အင်ဂျင်အပူငွေ့များကို စုပ်ယူပြီးနောက်ဆုံးမှာတော့ ပစ်သည် ယခင်အခြေအနေအတိုင်း အားအင် ပြန်လည် ပြည့်ဝလာ၏။ သူသည် ယာဉ်မောင်းသူနေရာကို အယ်လ့်ထံမှ ပြန်လည်လွှဲယူလိုက်၏။ အယ်လ်က ကားတွင်းနှင့် ကားမှန်ပှေါတွင်တင်ကျန်နေသော ရေခဲမှုန်များကို ရှင်းလင်းသုတ်သင်လိုက်သဖြင့် မှန်သည်ကြည်လင် တောက်ပလာ၏။ သူတို့ကားကြီး၏ ရှေ့တည့်တည့်တွင် ရော့ကီဖဲလားတောင်တန်းကြီးကို အနီးကပ်မြင်တွေ့နေရပြီ။ ပစ်က သူတို့၏ ဘယ်ဖက်ရှိ အဆောက်အဦးအစုအဝေးများကို လက်ညှိုးထိုးပြရင်း-
“ငါတို့ ရောက်တော့မယ်” ဟုပြောလိုက်၏။
အယ်လ်က ခေါင်းတညိတ်ညိတ်ဖြင့်-
“ဒါဆို မုန်တိုင်းမိတုန်းက ငါတို့မူလလမ်းကြောင်းကနေ တစ်မိုင်လောက်ပဲ ဘေးချှောသွားခဲ့တာပေါ့၊ မဆိုးဘူးပဲ” ဟု ဆိုလိုက်၏။
“လေးမိုင်လောက်ပဲ လိုတော့တယ် ဆိုတော့ နောက်ထပ် မိနစ်နှစ်ဆယ်လောက်ဆိုရောက်ပြီ”
“ဘယ်လိုဝင်ကြမလဲ”
“အခြေအနေအရပေါ့ကွာ၊ မီးစင်ကြည့် ကကြတာပေါ့”
ပစ်မှတ်နှင့် နီးကပ်လာသောအခါ သူတို့သည် ပင်မ ရော့စ်ရေခဲပြင်ကြီးမှ ရှောင်ဖယ်ခွဲထွက်ခဲ့ပြီး တောင်စဉ်တောင်တန်း များတလျှောက် သတိကြီးစွာမောင်းနှင်လာခဲ့သည်။ ခရူဇာကားကြီးသည် လှိုင်းထသလို အမို့အမောက် အကွေ့အ ကောက်များလှသည့် တောင်ခြေသို့ရောက်ရှိလာပြီ။ ပစ်သည် ကားကြီးကို ဒုတိယဂီယာထိုးလိုက်သည်။ ကားတံခါးတွေကို တင်ကြိုဖွင့်ထားလိုက်သဖြင့် အင်ဂျင်အပူလွန်မည်ကို စိုးရိမ်စရာမရှိတော့။
ပစ်သည် ရုတ်တရက် ကားကိုရပ်လိုက်၏။
“ဘာဖြစ်လို့လဲ” အယ်လ်က စိုးရိမ်တကြီးမေးလိုက်သည်။
ပစ်က အောက်ဖက်သို့ လက်ညှိုးထိုးပြရင်း-
“ဟိုတောင်ကြားအဝင်လမ်းကို ကြည့်စမ်း၊ နှင်းကြောင် ခြေရာတွေမဟုတ်လား”
အယ်လ်သည် ပစ်ပြရာသို့ သေချာစူးစိုက်ကြည့်လိုက်ပြီး-
“မင်းအတှောအမြင်စူးတဲ့ကောင်ပဲ၊ ဟုတ်တယ်၊ နှင်းကြောင်ခြေရာတွေပဲ၊ မြင်တယ်ဆိုရုံလေးမြင်ရတာ” ဟု ပြန်ပြော လိုက်၏။
သူတို့ပြောသော နှင်းကြောင်ဆိုသည်က နှင်းတောထဲနေသော သက်ရှိကြောင်ကိုဆိုလိုခြင်းမဟုတ်ပါ။ သံချပ်ကာကား ကဲ့သို့ ချိန်းကြိုးဘီးများပါဝင်သော ရေခဲပြင်စီး ယာဉ်တစ်မျိုးဖြစ်၏။ နှင်းကြောင်ခြေရာဆိုသည်ကလည်း ထိုယာဉ်၏ ချိန်းရာ၊ ဘီးရာများရေခဲပြင်တွင်ထင်ကျန်နေသည်ကို ဆိုလိုခြင်းဖြစ်သည်။
“ခြေရာတွေ လောလောလတ်လတ်ကျန်နေပုံထောက်ရင် မုန်တိုင်းပြီးမှ ဒီနေရာကဖြတ်သွားတဲ့ပုံပဲ”
“နှင်းကြောင်က တောင်ကြားထဲဝင်သွားပုံထောက်ရင် ဒီတောင်ကြားဟာ ဝုဖ်သတဿတုစခန်းကို ဝင်လို့ရတဲ့ နောက်ထပ် ဝင်ပေါက်တစ်ခုများလား”
အယ်လ်က ပစ်ကို ကြည့်လိုက်ရင်း-
“ကိုယ့်လူ၊ စဉ်းစားမနေနဲ့၊ ဘာပဲဖြစ်ဖြစ်ဝင်သာဝင်၊ မြင်မြင်သမျှ တက်ကြိတ်လိုက်” ဟု မြှောက်ပေးလိုက်၏။
ပစ်ကလည်း နှစ်ခါထပ်ပြောစရာမလိုပဲ ခရူဇာကို တောင်ကြားဆီသို့ ဦးတည်မောင်းနှင်လိုက်တော့သည်။ တောင်စွယ် တောင်စွန်းများက တောင်ကြားလမ်းကလေး၏အပှေါသို့ မြင့်မားစွာထိုးထွက်လျှက်ရှိသည်။ တောင်ကြားလမ်းသည် ထင်ထားသလောက်မသေးငယ်သည့်အတွက် ကြီးမားလှသည့် ခရူဇာကားသည် ရှေ့ဆက်ခရီးနှင်နိုင်ဆဲ။ ပစ်သည် မောင်းနှင်နေရင်း ဘယ်အချက်ကျောက်နံရံကြီး သူတို့ရှေ့ကပိတ်ကာထားသည်ကို မြင်တွေ့ရမလဲဆိုသည်ကို တွေးတောရင်း ပူပန်နေ၏။ ဤသို့ဆိုလျှင် သူတို့မှာ ထောင်ချောက်ထဲရောက်နေသော ကြွက်သဖွယ် ဒုကဿခအကြီး အကျယ်ရောက်မည်ဖြစ်၏။ ဘယ်နည်းနှင့်မှ ဤကျဉ်းမြောင်းသော တောင်ကြားလမ်းကလေးထဲတွင် ခရူဇာကို ပြန်လှည့်၍ မရနိုင်။
မိုင်ဝက်မျှ မောင်းနှင်လာပြီးနောက် ရေခဲနံရံကြီးတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ဘရိတ်ကိုဆောင့်နင်းလိုက် ရသည်။ ခုတော့ ပစ်စိုးရိမ်သည့် အနေအထားနှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရချေပြီ။
ပစ်နှင့်အယ်လ်သည် ကားပှေါမှဆင်းလိုက်ကြပြီး ထူထဲလှသည့်ရေခဲနံရံကြီးကို မျက်စိတဆုံးမော့ကြည့်မိကြ၏။ ရေခဲ ထုက ထူထပ်လှသည်။ မည်သည့်နည်းနှင့်မျှ နှင်းကြောင်သည် ထိုနံရံကြီးကို ဖောက်ဝင်သွားနိုင်စရာအကြောင်းမရှိ။
“ငါတော့ သိပ်မသကဿငာချင်ဘူး ကိုယ့်လူ၊ ဒါလည်းလှည့်ကွက်တစ်ခုဖြစ်နိုင်တယ်” အယ်လ်က နံရံကြီးကို ရှုံ့မဲ့ကြည့်ရင်း ပြောလိုက်၏။
ပစ်သည် ရေခဲနံရံနှင့် နှာခေါင်းထိမတတ် အနားသို့တိုးသွား၏။ မျက်စိကို လက်နှစ်ဖက်ဖြင့် အုပ်ရင်း နံရံကို အသေ အချာကြည့်၏။ ရေခဲ၏ ဟိုမှာဖက်တွင် အရိပ်တစ်ခုတွေ့နေရသလိုလို။
“အထဲမှာ တံခါးလိုမျိုးတစ်ခုခုရှိတယ် အယ်လ်”
အယ်လ်က မျက်လုံးပြူးပြရင်း-
“အဲဒီတော့ ငါတို့က ဘယ်လိုလုပ်ရမလဲ၊ ရွှေတံခါးကြီးဖွင့်ပါဦးလို့ စကားဝှက်အှောရင် ပွင့်မှာလား”
“မင်းစကားဝှက်က မှားမှာသေချာပါတယ်ကွာ”
အယ်လ်သည် နံရံနားသို့တိုးကပ်၍ အသေအချာလေ့လာစူးစမ်းလိုက်ပြီး-
“အနည်းဆုံး သုံးပေလောက်တော့ ထူမယ်ကွ” ဟုခပ်ပြုံးပြုံးပြောလိုက်၏။
အယ်လ့်အပြုံးကို မြင်ရသော ပစ်က-
“ဘာလဲ၊ မင်းလဲ ငါလုပ်မလို့ စိတ်ကူးထားတာမျိုး လုပ်မှာလား”
အယ်လ်က ခေါင်းညိတ်လိုက်ပြီး-
“ကားထဲက ဘုရှ်မာစတာ ရိုင်ဖယ်ပစ်ပေးလိုက်၊ ငါအပြင်ကနေ ကာဗာလုပ်မယ်” ဟုပြောလိုက်သည်။
သူတို့နှစ်ယောက်အဖို့ ဒီလောက်ပြောလျှင် လုံလောက်ပြီဖြစ်သည်။
ပစ်သည် ခရူဇာကို ဘက်ဂီယာထိုး၍ နောက်သို့ပေငါးဆယ်မျှဆုတ်လိုက်သည်။ စတီယာရင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားပြီး ကိုယ်ကိုအောက်သို့အနည်းငယ်လျှောထားလိုက်သည်။ ထို့နောက် ပထမဂီယာကို ဆတ်ကနဲ ထိုး၍ လီဗာကို ကြမ်းပြင်ထိအောင် အစွမ်းကုန်နင်းချလိုက်သည်။
ခရူဇာ၏ အိပ်ဇောမှ ကျယ်လောင်လှသော အသံကြီးထွက်လာပြီး ကားကြီးသည် ဇောင်းမှလွှတ်လိုက်သောမြင်းကဲ့သို့ ရှေ့သို့အရှိန်ပြင်းစွာထိုးထွက်လာပြီး ရေခဲနံရံကြီးကို ဝုန်းကနဲ တိုက်ခွဲလိုက်သည်မှာ အယ်လ်ရပ်နေသော မြေပြင်ပင် သိမ့်သိမ့်တုန်သွား၏။
မူလက အယ်လ်သည် ဤမျှထူသောရေခဲနံရံကို အကြိမ်ပေါင်းများစွာကားဖြင့်တိုက်ခွဲရလိမ့်မည်ဟု စိတ်ထဲတွင် မှတ်ထင်ထား၏။ သို့သှော ပထမအကြိမ်မှာပင် ခရူဇာသည် ရေခဲနံရံကို အပေါက်ကြီးဖြစ်သွားစေပြီး အတွင်းသို့ဝင် ရောက်ပျောက်ကွယ်သွား၏။ အယ်သည် ရိုင်ဖယ်ကိုအသင့်အနေအထားကိုင်လိုက်ပြီး ခရူဇာနောက်မှ ပြေးလိုက်သွား ၏။
တစ်ဖက်တွင်တော့—–
သူတို့သည် အလွန်ကျယ်ဝန်း၍ လူသူမရှိသော ရေခဲလှိုဏ်ဂူ တစ်ခုအတွင်းရောက်ရှိနေကြသည်။
ပစ်၏ မျက်နှာတွင်သွေးများစီးကြနေ၏။ ချွန်မြသော ရေခဲများက သူ့ပါးတွင်တစ်ချက်၊ နဖူးတွင်တစ်ချက် ဓါးဖြင့်ခွဲသလို ထိုးခွဲသွားကြသည်။ သိပ်တော့မနက်။ သို့သှော ကားပှေါသို့တက်လာသော အယ်လ်သည် မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြစ်နေသော ပစ်ကိုကြည့်၍ လန့်သွား၏။
“ဟာ မင်းအခြေအနေဆိုးတယ်” အယ်လ်သည် ပစ်ကို ဒရိုင်ဘာထိုင်ခုံမှ ထူမပေးရန်ကြိုးစားနေ၏။
ပစ်က အယ်လ့်ကို အသာအယာပြန်တွန်းလိုက်ရင်း-
“ဘာမှမဖြစ်ဘူး၊ အပှေါရံ အရေပြားကို ရှသွားတာ၊ ကားနောက်ခန်းမှာ ဆေးသေတဿတာရှိမယ်ထင်တယ်၊ သွားယူချည်” ဟုခိုင်းလိုက်၏။
အယ်လ်သည် နောက်ခန်းတွင်းသို့လျှင်မြန်စွာပြေးဝင်သွားပြီး အရေးပှေါဆေးသေတဿတာတစ်လုံးကိုဆွဲ၍ ပြန်ဝင်လာ သည်။ ထိုဆေးသေတဿတာသည် ၁၉၄ဝ ခုနှစ်ထဲက ခုချိန်ထိ တစ်ခါမှ အသုံးမပြုရသေး။ အယ်လ်သည် ပစ်၏ ဒဏ်ရာ ကို ပိုးသတ်ဆေးများဖျန်း၏၊ ပြီးတော့ ဂွမ်းများ၊ ပတ်တီးများဖြင့် သူလုပ်ချင်သလိုလုပ်လိုက်ပြီးနောက် ပစ်ကိုကြည့်ရင်း-
“အနဿတာတိကရဲ့ သမားအေက်ာှအေမာှ ဒေါက်တာ ဂျီယိုဒီနိုရဲ့ စွမ်းစွမ်းတမံ ကုသချက်ကို ကြည့်ချင်သလား” ဟုမေး လိုက်သည်။
ပစ်သည် ခရူဇာ၏ ဘေးမှန်မှတဆင့် သူ့မျက်နှာကို ကြည့်လိုက်သည်။ ဘုရားရေ၊ သူလန့်သွား၏။
“ဟေ့ကောင်၊ မင်းငါ့ကို မံမီဖြစ်အောင်လုပ်ထားတာလား”
သတဿတဝါနှင့် လက်နက်မမျှ၊ ဒဏ်ရာကသေးသေး၊ ပတ်တီးကများများဖြစ်နေ၏။
အယ်လ်က ခပ်တည်တည်လုပ်ရင်း-
“စိတ်ချရဖို့အရေးကြီးတယ်ကွ၊ လှဖို့ကအဓိကမဟုတ်ဘူး” ဟုပြောလိုက်လေ၏။

Recent Comments