အတ္တလန်တစ်ရှာပုံတော် (၈၂)
21 Sep 2010 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ပစ်သည် ခရူဇာကို ဆက်လက်မောင်းနှင်လာ၏။ သူသည် လှိုဏ်ခေါင်းဘေးနံရံတွင် မြှုပ်ထားသော ပင်မပိုက်ကြီး တစ်ခုမှ ခွဲဖြာထွက်လာပြီး ရေခဲပြင်ထဲဝင်ရောက်ပျောက်ကွယ်သွားသော သေးငယ်သည့်ပိုက်လိုင်းကလေးများကို ကြည့်ရင်း-“အယ်လ်၊ ဒီပိုက်တွေကို ကြည့်စမ်း၊ ဘာလုပ်တာလဲ”
အယ်လ်သည် ကားထဲမှနေ၍ ကိုယ်တစ်ခြမ်းအပြင်ကို လှမ်းထွက်၍ ပိုက်များကို ကိုင်ကြည့်ရင်း-
“လျှပ်စစ်ဝါယာပိုက်တော့မဟုတ်ဖူး၊ ဘာလုပ်တဲ့ဟာလဲတော့ ခန့်မှန်းလို့မရသေးဘူး”
“ငါတစ်ခုစဉ်းစားနေတယ်”
“မင်းစဉ်းစားနေတာ ငါသိတယ်သူငယ်ချင်း၊ ရော့စ်ရေခဲပြင်ကို ခွဲထုတ်မဲ့ ကိစဿစတစ်ခုခုအတွက် အသုံးပြုမဲ့ပစဿစည်းတွေ လို့မင်းထင်နေတယ်မဟုတ်လား”
ပစ်သည် သူတို့လာရာလမ်းကို ခြသေဿင့လည်ပြန်ကြည့်လိုက်ပြီး-
“တကယ်လို့ငါထင်တဲ့အတိုင်းဟုတ်ခဲ့ရင် ဒီပိုက်တွေဟာ ဝုဖ်ရဲ့ သတဿတုစခန်းကနေ ရေခဲပြင်တစ်လျှောက် မိုင်ပေါင်း တစ်ထောင့် လေးရာလောက်သွယ်တန်းထားလိမ့်မယ်”
“ဒါဆို ဆန်ဖရန်စစဿစကိုကနေ ဖီးနစ်လောက်အထိ ရှည်တာပေါ့”
“မဖြစ်နိုင်ဘူးလို့ မင်းထင်လို့လား၊ ဝုဖ်ဆိုတဲ့ငနဲတွေက မဖြစ်ဖြစ်အောင်လုပ်မှာ”
“ခုငါတို့ ဒီပိုက်လိုင်းတွေကို ဖြတ်ပစ်လိုက်ရင် ဘယ်လိုဖြစ်မယ်ထင်လဲ”
“သွားမလုပ်နဲ့ အယ်လ်၊ ပိုဆိုးသွားနိုင်တယ်။ နောက်ဆုံးရွေးစရာမရှိတော့မှ ဒီပိုက်တွေကို ဖြတ်ဖို့စဉ်းစားမယ်”
လှိုဏ်ခေါင်းသည် မှောင်နှင့်မည်းမည်း ဖြစ်နေ၏။ ပေနှစ်ဆယ်အကွာတိုင်း ဟေလိုဂျင်မီးလုံးများတွေ့ရသှောလည်း ပါဝါဖြတ်တောက်ထားပုံရသည်။ ပစ်သည် ခရူဇာမှ ရှေ့မီးကြီးများကို ဖွင့်လိုက်သည်။ မီးရှစ်လုံး၏ အလင်းရောင်သည် လှိုဏ်ခေါင်းတစ်လျှောက်ဖွေးကနဲ ဖြာထွက်သွား၏။ ထို့နောက် ပစ်သည်ခရူဇာကို မိုင်ကုန်တင်၍ မောင်းတော့သည်။
အယ်လ်သည် ဒရိုင်ဘာဘေးထိုင်ခုံတွင်ထိုင်ရင်း ရိုင်ဖယ်ကိုအသင့်အနေအထားဖြင့်ကိုင်ဆောင်ထား၏။ ကားမီး အလင်းရောင်အောက်တွင်တွေ့ရသော လှုပ်ရှားမှုမှန်သမျှကို သတိကြီးစွာထား၍ ကြည့်နေ၏။
မည်သည့်လှုပ်ရှားမှုမှမတွေ့ရ၊ ဤမျှတိတ်ဆိတ်ငြိမ်သက်နေပုံထောက်လျှင် ဤနေရာတွင်လုပ်စရာအလုပ်မရှိတော့ သောကြောင့်သာဖြစ်လိမ့်မည်။ ဝုဖ်တွေ ထွက်ခွာသွားကြပြီလား၊ ပစ်သည် လီဗာကို ကြမ်းခင်းမှ မကြွတမ်းဖိနင်းထား ၏။ သူစိတ်ပူလာသည်။ ငါတို့နောက်ကျသွားပြီလား။ သူနာရီကိုကြည့်လိုက်သည်။
ဗျူနိုအေးရီးတွင် ကားလ်ဝုဖ်သူ့ကိုပြောလိုက်သောအချိန်မှစ၍ လေးရက်နှင့်ဆယ်နာရီတိတိ သူအချိန်မှတ်ထားခဲ့သည်။ ယခုအချိန်ရောက်ရန် တစ်နာရီနှင့် မိနစ်နှစ်ဆယ်လိုသေးသည်။ သတဿတုစခန်းသို့ရောက်ရန် တစ်မိုင်၊ တစ်မိုင်ခွဲမျှ လိုသေးသည်ဟုထင်ရသည်။ မည်သည့်အချက်အလက်မျှ သူတို့လက်ဝယ်တွင်မရှိသောကြောင့် အတွေ့အကြုံနှင့် အာရုံသိကို အရင်းတည်၍ ရမ်းချ၊ မှန်းချနေရသည်ဆိုသှော မှားအံ့မထင်။ အထူးခြေမှုန်းရေးတပ်ဖွဲ့ဝင်များ ရောက်နေ ကြပြီလား၊ တိုက်ပွဲတွေ ဖြစ်နေပြီလား၊ ဘာမှ ရေရေရာရာမသိ။
နောက်ထပ် (၁၈) မိနစ်ကြာသှော သူတို့သည် လမ်းဆုံတစ်ခုသို့ရောက်လာခဲ့သည်။ ထိုနေရာမှ စ၍လှိုဏ်ခေါင်းသည် လမ်းကြောင်းငါးခုခွဲထွက်သွား၏။ ဘယ်ဖက်သို့လိုက်မည်နည်း။ အကယ်၍ မှားယွင်းသွားခဲ့လျှင် အမှားပြင်ဆင်ရန် သူတို့မှာ အချိန်မရှိတော့။
အယ်လ်သည် ကားပှေါမှဆင်းလိုက်ပြီး ရှေ့သို့တိုးသွား၏။ ခဏအတွင်းပြန်ရောက်လာသည်။
“ညာဖက်လှိုဏ်ခေါင်းအတိုင်း ဂိုက်နှစ်ရာလောက်သွားရင် အခန်းကျယ်ကြီးတစ်ခုထဲရောက်မယ်”
ပစ်သည် ခေါင်းညိတ်လိုက်ပြီး ကားကြီးကို ညာဖက်လှိုဏ်ခေါင်းသို့ ဦးတည်လိုက်သည်။ ကားမီးအလင်းရောင်ဖြင့် နံရံတွင်တွေ့ရသော အရာများမှာ အမြင်ဆန်းနေ၏။ ဘာမှန်းတော့သေချာမသိ။ အယ်လ်ပြောသလိုပင် လှိုဏ်ခေါင်း သည် တဖြေးဖြေးကျယ်လာပြီး နောက်ဆုံးအခန်းကျယ်ကြီးတစ်ခုအတွင်းရောက်ရှိသွား၏။
အမိုးမှ ရေခဲများသည် ပန်းဆိုင်းများသဖွယ်လှပစွာ တွဲရရွဲကျနေ၏။ အမိုးရှိ အပေါက်များမှ အလင်းရောင်ကောင်းစွာ ဝင်နိုင်၍ တစ်ခန်းလုံး လင်းနေသည်။ ပစ်သည် ကားကိုရပ်လိုက်သည်။ သူတို့နှစ်ယောက် စကားမပြောနိုင်ကြပဲ ဘေးပါတ်ဝန်းကျင်တွင်မြင်နေရသောအရာများကို ပါးစပ်အဟောင်းသားငေးမောကြည့်နေမိကြသည်။ မထင်မှတ်ပဲ သူတို့ရောက်ရှိလာသောနေရာသည် အတဿတလန်တစ် ဟုလူတွေပါးစပ်ဖျားမှာရေပန်းစားခဲ့သော၊ အားမီးနီးစ်တို့၏ ပျောက်ကွယ် သွားခဲ့သည် ရေခဲမြို့တှော၏ အဝင်ဝဖြစ်နေသည်တကား။
++++++++++++++
(၄၃)
လေတိုက်နှုန်းက တစ်နာရီငါးမိုင်သာရှိတော့သည်။ ကလာရီသည် နှင်းမုန်တိုင်းရပ်စဲသွားသောအခါ ကိုယ်တုံးလုံးချွတ် ပြီးလမ်းပှေါထွက်ရပ်နေမိသလို လုံခြုံမှုမရှိဟု ခံစားလိုက်ရ၏။ သူ့အဖွဲ့ဝင်များအားလုံးသည် မုန်တိုင်းစဲသွားသည်နှင့် တပြိုင်နက် မိကျောင်းတွားသွားပြီး ပစ်မှတ်သို့ချီတက်နေကြသည်။
ကလာရီနှင့် အဖွဲ့သည် သူတို့တိုက်ခိုက်ရန်ချီတက်နေကြသော ‘ပစ်မှတ်’ အကြောင်းကို ဘာဆိုဘာမှ မသိခဲ့ရ။ ထွက် ဆိုလိုသာထွက်လာခဲ့ရသည်။ မည်သူကမှ သူတို့ပစ်မှတ်နှင့် ပတ်သက်သည့် တိကျသောသတင်းအချက်အလက်များ ကို ရေရေရာရာမပေးနိုင်၊ ထို့ကြောင့် သူတို့၏ စစ်ဆင်ရေးဗျူဟာမှာ “မဲမဲမြင်ရာအကုန်ရှင်းလင်း၊ မြန်နိုင်သမျှ မြန်မြန် ပစ်၊ ပြေးနိုင်သလောက်ပြေး” ဖြစ်၏။ မည်သည့် ရူပ်ထွေးမှုမှမပါ၊ အလွန်ရှင်းလင်းပြတ်သားလှသည်။ သူတို့နောက်မှ တစ်နာရီခြား၍ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်နှစ်ရာလည်း စေလွှတ်လိုက်ပြီဟု သိရသည်။
အသုံးလုံးအဖွဲ့မှရရှိသော သတင်းအချက်အလက်များအရ ဝုဖ်၏လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ တစ်ကမဿဘာလုံးရှိ တိုက်ခိုက် ရေးအဖွဲ့များမှ လက်ရွေးစင်များကို ခေါင်းခေါက်ရွေးချယ်ထားသည်ဟုဆို၏။ အသုံးလုံးသည် စီအိုင်အေမဟုတ်၊ သူတို့ရသည့်သတင်းကို အတည်ယူ၍ရမရ မသေချာ၊ ကလာရီ့စိတ်ထဲမှာတော့ ဝုဖ်တပ်ဖွဲ့ဝင်များသည် သူ့အဖွဲ့ဝင်တွေကို ယှဉ်နိုင်မည်ဟု နည်းနည်းမှ မထင်။
သို့သှောလည်း သူမသိသည့်အချက်တစ်ချက်မှာ ဝုဖ်လုံခြုံရေးအဖွဲ့ဝင်များသည် သူ၏ ခြေမှုန်းရေးအဖွဲ့ဝင်များထက် အရေအတွက် သုံးဆခန့်များပြားနေသည်ဆိုသည်ကိုပင်။
ကလာရီ၏ တပ်ဖွဲ့သည် နှစ်ထပ်ဆင့်ကာရံထားသော ဝုဖ်စခန်း၏ လုံခြုံရေးစည်းရိုးနားရောက်လာခဲ့ကြသည်။
ဂျာမန်လိုရေးထားသော-
“အခွင့်မရှိ၊ မဝင်ရ” ဟူသည့်ဆိုင်းဘုတ်ကြီးကို ထင်းကနဲတွေ့လိုက်ကြရသည်။
ခြံစည်းရိုးသည် ဝါယာကြိုးများကို လိမ်ပတ်ယက်ရှယ်ထားသော ရိုးရိုးစည်းရိုးမျှသာဖြစ်သည်။ ခုနှစ်ပေမျှသာ မြင့်သည့် အတွက် ခြေဖြင့်တစ်ချက်နင်းပြီး အလွယ်တကူခုန်ဝင်နိုင်၏။ ကလာရီနှင့်အဖွဲ့သည် နှစ်ထပ်စည်းရိုးကို အခက်အခဲမရှိ ဖြတ်ကျှောပြီးသောအခါ ပြူတင်းပေါက်မရှိသော အလုံပိတ်အဆောက်အဦးများစွာကို အတွဲလိုက်တွေ့လိုက်ရ၏။ ကလာရီသည် တပ်ဖွဲ့ဝင်များကို ရပ်တန့်ရန်အချက်ပြလိုက်ပြီး မိုတာရိုလာရေဒီယိုကိုဖွင့်လိုက်သည်။
“သံဖြူဆရာ”
“ပြောပါ မှောဆရာ” ဗိုလ်ဂါးနက်၏ အသံက သူ့နားထဲတွင်ပီသစွာကြားရ၏။
“အဖွဲ့ခွဲမယ်။ ရက်ကွန်းအဖွဲ့ကို ဦးဆောင်၊ ရှေ့ကသွား၊ ကံကောင်းပါစေ”
ဂါးနက်နှင့် ရက်ကွန်းအဖွဲ့၏ တာဝန်မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ရှာဖွေဖျက်ဆီးရန်ဖြစ်၏။
“ကျီးကန်း”
“ရှိ”
“ဆီးလ်အဖွဲ့ကို ဦးဆောင်၊ ဆက်လုပ်”
ဆီးလ်အဖွဲ့သည် ထိန်းချုပ်ခန်းကို ရှာဖွေဖျက်ဆီးရမည် ဖြစ်၏။
“ျခေသဿင့”
“ရွိ”
“ေမွာှဆရာနဲ့ အတူသွားမယ်”
“ဟုတ်”
ကလာရီကတော့ သူနှင့်နှစ်ပေါင်းများစွာလက်တွဲလာသော ဒယ်လ်တာအဖွဲ့နှင့်အတူ လုံခြုံရေးများကိုရင်ဆိုင်ရမည် ဖြစ်သည်။
တပ်ဖွဲ့သုံးဖွဲ့သည် တိတ်ဆိတ်စွာခွဲထွက်သွားကြ၏။ ကလာရီသည် ရက်ကွန်းမရိန်းတပ်နှင့် ဆီးလ်တပ်များလှုပ်ရှားနေ သည်ကို ခဏစောင့်ကြည့်နေ၏။
“သံဖြူဆရာ၊ သတင်းပို့ပါ”
“ပစ်မှတ်နှင့် ကိုက်သုံးရာအကွာ၊ လမ်းကြောင်းရှင်း”
“ကျီးကန်း”
“ပစ်မှတ်ကို ရှာဖွေဆဲ”
ကလာရီ၏ ဒယ်လ်တာအဖွဲ့သည် သတိကြီးစွာထားပြီး ချီတက်ခဲ့ကြသည်။ အဆောက်အဦးတစ်ခုလုံးမှာ တိတ်ဆိတ် လျှက်ရှိသည်။ မည်သည့်လှုပ်ရှားမှုမှမတွေ့ရ။ တိတ်ဆိတ်လွန်းလှသည်။ တိတ်ဆိတ်လွန်းအားကြီးနေ၏။
++++++++++++++++

Sep 23, 2010 @ 10:17:01
“ကျီးကန်း” “ကျီးကန်း” အော် ပြီးတော့မှာမို့လို့ ဖြည်းဖြည်းချင်းဖတ်နေ့ မှ့ တိုတိုလေးဂျာ
း-))