အလွမ်းဇာတ်

အလွမ်းဇာတ်

စိမ်းစိမ်းစိုစိုဖြစ်ဖို့…

ဟေ့..အဲဒီ အသံတွေကို ဆုပ်ကိုင်မထားနဲ့လေ…
စကြဝဋ္ဌာအနှံ့ ကျဲပက်လိုက်စမ်းပါ့…

လေထု၊ မြေထု၊ ရေထုနဲ့ နေမှုကြားမှာ
လူဟာ…
ပေါင်မုန့်လှီးတတ်ဖို့ လိုမယ်…
ငါးမျှားတတ်ဖို့လိုမယ်
အရောင်အဆင်း၊ အနံ့၊ အရသာမရှိတဲ့
ရေစစ်စစ်ကိုသောက်တတ်ဖို့လိုမယ်၊
အထူးတန်းက ကြည့်တတ်ဖို့လိုမယ်၊
ကျော်တက်တတ်ဖို့လိုမယ်၊
အခံ၊ အတိုက်၊ အပွင့်ဓါတ်တွေကို
နားလည်ထားဖို့လိုမယ်၊
ကျော့ကွင်းတွေကို
ချည်တတ်ဖို့ရော… ဖြည်တတ်ဖို့ပါ… လိုမယ်။

ကြယ်တွေ… အုပ်စုဖွဲ့…
ခမ်းခမ်းနားနား… ပျံသန်းသွားကြပြီ၊
အဲဒီ မိုးပြာရောင် ညနေခင်းကြီးတစ်ခုထဲမှာပေါ့…

ကျွန်ုပ်၏ သစ်ပင်တွင် ချိတ်ဆွဲဖို့
လရောင်ဖြင့်ယက်လုပ်သော လေညှင်းကို ဖိတ်ခေါ်ပါသည်၊
အလင်းပေးတော်မူပါ…

အဖြူအမဲပြကွက်တွေနဲ့
မှတ်တမ်းရုပ်ရှင်ကားမှာ…
အသံပါမလာခဲ့ဘူး။ ။

ဗမင်းနွေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2011
M T W T F S S
« May   Jul »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.