ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၆)

ဆေးကြှောငြာသံ ဘယ်သူ့ထံ

အခြား ကုန်ပစဿစည်းမှာ ထုတ်လုပ် ရောင်းချသူက ဝယ်ယူ သုံးစွဲသူဆီ တိုက်ရိုက် သတင်း အချက် အလက် တွေပေးပြီး ရောင်းရအောင် ကြိုးပမ်းလေ့ရှိပေမဲ့ ဆေးဝါး ကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဆေးဝါး ဆိုတာကို အနောက်တိုင်း သို့မဟုတ် ဆေးသိပဿပံ အတတ်ပညာ အရ တီထွင်ဖှောထုတ်ထားတဲ့ ဆေးဝါးများလို့ မှတ်ယူစေချင်ပါတယ်။ တိုင်းရင်းဆေးဝါးများ၊ ဆေးမြီးတိုများကို မဆိုလိုပါ။ ဆေးဝါးဟာ အမျိုး အစား နှစ်မျိုးရှိပါတယ်။

အိုတီစီ (OTC- Over the counter) ဆေးဝါးများဆိုတာက ဆေးပညာရှင် ဆရာဝန် ရဲ့ ဆေးညွှန်းမလိုပဲ သုံးစွဲသူက မိမိ သဘောနဲ့ ဆေးဆိုင်များမှာ ဝယ်ယူသုံးစွဲလို့ ရတဲ့ ဆေးဝါး အမျိုး အစားမျိုး ဖြစ်ပါတယ်။ ဒီ အိုတီစီ ဆေးဝါးတွေကို ထုတ်လုပ် ဖြန့်ဖြူးသူက သုံးစွဲသူဆီ တိုက်ရိုက် ကြှောငြာလေ့ ရှိကြတယ်။ ရုပ်မြင်သံကြားကြှောငြာတွေမှာ အမြဲတွေ့ရတဲ့ အကိုက်အခဲပျောက်ဆေး၊ တုပ်ကွေး အအေးမိ ပျောက်ဆေး၊ ဗီတာမင် ဆေးဝါး များ၊ ကိုယ်ဝန်ဆောင် အားတိုးဆေးများဟာ အိုတီစီ ဆေးအမျိုးအစားထဲ ပါပါတယ်။ အိမ်သုံးဆေးဝါးများ လို့လည်း ခှေါကြတယ် ထင်တယ်။ တစ်ခါတစ်လေ အဲဒီ ဆေးကြှောငြာတွေကို ဆရာဝန်ဘွဲ့ရထားတဲ့ အနုပညာရှင်တွေက အားတက်သရော ကြှောငြာပေးနေတာ ကို လည်း အံ့အားသင့် ဖွယ် တွေ့မြင်ရပါသေးတယ်။

ဒုတိယ အမျိုးအစားကတော့ ဆရာဝန်ရဲ့ ဆေးညွှန်းပါမှ ဝယ်ယူသုံးစွဲရတဲ့ Prescription drug လို့ ခှေါပါ တယ်။ ပဋိဇီဝဆေး (Antibiotics) အမျိုးမျိုး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး အထွေထွေ၊ ကင်ဆာဆေး အပြားပြား၊ သွေးကျဆေးများ၊ ဆီးချိုထိန်းဆေးများ တို့ဟာ ဒီအမျိုးအစား ဆေးဝါးတွေပဲ။  မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးများ (Essential Drugs) ဆိုတာ အဲဒီ ဒုတိယ အမျိုးအစား ဆေးဝါးတွေ အများဆုံး ပါဝင်ပါတယ်။ ဒီဆေးအမျိုးအစားတွေကို ကြှောငြာတဲ့ နည်းလမ်းကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးရမဲ့ ဆေးဝါး အမျိုးအစားလို့ ဆိုထားတဲ့ အတွက် ဒီဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူတွေဟာ ဝယ်ယူအားပေးသူ မိတ်သဟာ အပေါင်းဖြစ်တဲ့ လူနာတွေကို တိုက်ရိုက် ကြှောငြာ ရောင်းချလို့ မရစကောင်း။ ဒီတော့ကာ အဆိုပါ ဆေးဝါးများကို ကြှောငြာ ရောင်းချဖို့ ပစ်မှတ်ဟာ ဆေးညွှန်း ရေးပေးမဲ့ ဆရာဝန်ကြီးတွေ ဖြစ်လာပါတော့တယ်။ ဆေးကြှောငြာသံ ဆရာဝန့်ထံ ပေါ့ခင်ဗျာ။

ဆရာဝန်ကြီးတွေဆီကို ဘယ်ပုံ ဘယ်နည်း ကြှောငြာမလဲ။ တီဗွီမှာ ကြှောငြာလို့ကတော့ အကျိုးထူးလိမ့် မယ် မထင်။ ဆရာဝန်ကြီးတွေဟာ အဲဒီ ကြှောငြာတွေကို အချိန်ပေးပြီး ကြည့်ဖို့ နေနေသာသာ၊ ယားရင်တောင် ယားတဲ့ နေရာ ထုံးတို့ မှတ်ထားပြီး အားမှ ကုတ်မယ်လို့ တေးမှတ်ထားရလောက်အောင် အချိန် ဆင်းရဲ ရှာတဲ့ ပုဂဿဂိုလ်တွေကိုး။ အဲသလို အဲဒီလောက် အလုပ်များကြတဲ့ ဆရာဝန်ကြီးတွေထံကို ကိုယ့်ပစဿစည်း၊ ကိုယ့်ဆေး အရောက် ပို့ဆောင်နိုင်ဖို့ အတွက် ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရေး ကုမဿပဏီများ၊ ဆေးဝါး လက်ကား လက်လီ အရောင်းဆိုင်ကြီးများဟာ ဆေးကြှောငြာအရောင်းသမားတွေကို တီထွင် ဖန်တီး ထုတ်လုပ်ခဲ့ကြတယ်။ Sales Medical Representative လို့ခှေါတဲ့ ဆေးကြှောငြာ အရောင်းသမား။ စတိုင်လ်ကျတယ်၊ သပ်ယပ် လှပ တင့်တယ်တယ်၊ လစာကောင်းတယ်၊ သူ့ရဲ့ ဦးထိပ်ထားရမဲ့ တာဝန်ကတော့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းအားဖြင့် ဖြစ်စေ၊ ဝယ်သူရအောင်လုပ်ဖို့နဲ့ မြဲအောင်လုပ်ဖို့၊ ကုမဿပဏီအတွက် ဆီးသီးလုံး လောက်ရှိတဲ့ ငွေမိုးကြီးတွေ တဝေါဝေါ ရွာသွန်းစေဖို့ လုပ်ပေးရမဲ့ Rainmaker၊ သူ့ရဲ့ ဝါဒ လမ်းစဉ်က ဝယ်သူ ကို အချိန်တိုင်းရင်ဝယ်ပိုက်ထွေးထားဖို့၊ ဖောက်သည် အကြီးစားကြီးတွေ ရှိနိုင်တဲ့ ငါးကြီးတွေ ရှိနိုင်တဲ့ နေရာ မှာ ငါးမျှားတတ်ဖို့၊ ဝယ်သူ အမြဲမှန် လုပ်တတ်ဖို့၊ ဝယ်သူ့ လိုအင်ကို အစွမ်းကုန် ဖြည့်ဆည်းဖို့၊ ဝယ်လိုက်ရတဲ့ ပစဿစည်းဟာ အလွန်အင်မတန် “တန်” ပါတယ် ဆိုတာကို ဝယ်သူကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံ နိုင်ဖို့၊ ဝယ်သူ မျှောလင့်တာထက်ပိုပြီး အပိုဆောင်းလေး ထည့်ပေးဖို့၊ ဝယ်သူ့ကို အားနာပြီး ကွေးကောက် သွားလောက်အောင် မငြင်းနိုင်တဲ့ လက်ဆောင်ပစဿစည်းတွေလည်းပေး၊ ကျေးဇူးတင် စကားတွေလည်း ခဏ ခဏ ပြောဖို့၊ ဝယ်သူ အခြား ရောက်မသွားအောင် နည်းမျိုးစုံနဲ့ တားဆီးဖို့၊ နောက်တစ်ကြိမ် ထပ်ဝယ်ဖို့ တိုက်တွန်း လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။

အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဆေးကြှောငြာ အရောင်းသမားကို အနှီ ကုမဿပဏီကြီးတွေ ဘယ်က သွားရှာကြသလဲ။ ဘယ်ကမှ သွားမရှာကြပါ။ စီးပွားရေး လောက မှာ ကျင်လည် ကျက်စားနေတာ ကြာပြီ ဖြစ်တဲ့ ဆေးကုမဿပဏီကြီးတွေဟာ ငါးကြင်းဆီ နဲ့ ငါးကြင်းကြှော ဆိုသလို ဆရာဝန်ကြီးတွေကို မြှူဆွယ် ဆေးရောင်း ဖို့ တာဝန်ကို ဆေးကျောင်းဆင်းပြီးစ ဆရာဝန် ပေါက်စကလေးတွေကို ပေးလိုက်ကြပါ တော့တယ်။

လစာကလေး စို့စို့ ပို့ပို့လည်းရ၊ လူအထင်ကြီးလောက်အောင်လည်း ဝတ်စား ဆင်ယင် သွားလာ နေထိုင်ရ၊ ဆိုတော့ အချို့ ဆရာဝန် ကလေးများဟာ ဆေးကုမဿပဏီကြီးတွေရဲ့ တှောကောက်ခြင်းကို မငြင်းနိုင်ကြတော့ ပဲ အရှင်မွေးတော့ နေ့ချင်းကြီးတဲ့ ဆေးကြှောငြာ အရောင်းသမားလေးတွေ ဖြစ်လာကြပါတယ်။ အဲဒီ ဆရာဝန် ကလေးများဟာ ဆေးကျောင်းတုန်းက တစ်ခါဘူးမှ သင်ကြားခဲ့ရခြင်းမရှိတဲ့ အရောင်းပညာ၊ မားကက်တင်း ပညာများကို လက်ပူတိုက်လေ့လာပြီး သကာလ သူတို့ကို ဆရာဝန် ဖြစ်အောင် စာသင် ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေဆီကို ဆေးရောင်းဖို့ သွားကြရပါတယ်။

ဆေးကုသဆောင် တစ်ခုရဲ့ ရာထူး အကြီးဆုံး၊ လုပ်ပိုင်ခွင့် အရှိဆုံး ဆရာဝန်ကြီးများဟာ အဲဒီ ဆေးကြှောငြာ သမားတွေရဲ့ အရောင်းပစ်မှတ် ဖြစ်တယ်။ အဲဒီလို ဆေးကြှောငြာ သမား ဆရာဝန် ကလေး တစ်ယောက် က ချဉ်းကပ် လာတဲ့အခါ ဝါရင့် သမဿဘာရင့် ဆရာဝန်ကြီးက ဘယ်လို့ တုန့်ပြန် လိမ့်မလဲ။ မြင်ကွင်းလေး တစ်ခု ကို စိတ်ကူးနဲ့ စဉ်းစားကြည့်ချင်လိုက်တာ။

+++++++++++++

Advertisement

One Comment (+add yours?)

  1. khinmyathla
    Jul 28, 2011 @ 01:40:55

    Like it ! Right it! How poor our fresh graduates!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2011
M T W T F S S
« Jun   Aug »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.