ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၇)
14 Jul 2011 2 Comments
in အက်ဆေး, ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်
“ကမဿဘာကျှော ဆရာဝန်ကြီးတွေရဲ့ ဒီသုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီကြီး က ထုတ်လုပ်လိုက်တဲ့ ထူးမခြားနားဆေးဟာ အခြားမျိုးတူဆေးတွေထက် အာနိသင် အပြတ် အသတ်သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင်ကိုယ်တွေ့ ပါပဲ ခင်ဗျ”
စာရွက် စာတမ်း တစ်ထပ်ကြီးကို ပြရင်း ပါးစပ်က ပေါက်ပေါက်ဖောက်သလို တရစပ် ပြောနေသော ဆေး ကုမဿပဏီ မှ ဆေးကြှောငြာ အရောင်းသမားလေးကို သူငေးကြည့်နေမိ၏။ ဆေးတကဿကသိုလ်မှ ကျောင်းပြီးစ ဆရာဝန် ငယ်လေး၊ နုပျိုမှု၊ တက်ကြွလန်းဆန်းမှု၊ လူငယ်တို့၏ အားမာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်း သား မြင်နေရသည်။ ဆေးကျောင်းစာမေးပွဲတိုင်းကိုသာ ဒင်း ဒီလို ကရားရေလွှတ် တက်တက်ကြွကြွ ဖြေနိုင် လို့ကတော့ ထွက်လိုက်မဲ့ ဂုဏ်ထူးတွေ အနတဿတဂဿဂမ။
“အခုဆိုရင် အခြားအခြားသော ဖွတ်ကျား ကုမဿပဏီ တွေက ထုတ်လုပ်တဲ့ အမျိုးသာတူပြီး အာနိသင်ခြင်း တစ်ခြားစီ ဖြစ်တဲ့ ဆေးပုတ်၊ ဆေးယုတ် တွေထက် အဖက်ဖက်က သာလွန်ကောင်းမွန်ပြီး ဆေးအာနိသင်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ဈေးနှုန်းချိုသာတဲ့ ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီရဲ့ ဆေးကို ဆရာကြီးတို့လို နိုင်ငံကျှော ဆရာဝန်ကြီးတွေ အရမ်းကို တန်ဖိုးထားသုံးစွဲလာကြပါပြီ ခင်ဗျား”
အလို- အဖက်ဖက်က သာလွန် ကောင်းမွန်တယ် ဆိုပဲ။ အရာ ခပ်သိမ်းထက် သာလွန်သော ချောမွေ့မှု ဆိုတဲ့ ကြှောငြာတစ်ခုကို ဘာမဆိုင်၊ ညာမဆိုင် သတိရလိုက်မိသေးသည်။ ကိုယ်ကောင်းဖို့ အခြား တစ်ခု က အမြဲ ညံ့ပေး နေရတော့မှာလား။ ကမဿဘာကျှောဆရာဝန်ကြီးတွေရဲ့ သုတေသန ဆိုတာကော၊ ဘယ် ကမဿဘာ ကို ဘယ်လို ကျှောတာလဲ၊ ကွဲကွဲပြားပြား မသိ။ အခြားဆေးတွေထက်သာလို့ ဆရာဝန်ကြီးတွေ အရမ်း သုံးကြ တာလား၊ ဆရာဝန်ကြီးတွေ အရမ်းသုံးကြလို့ အခြားဆေးတွေထက်သာသွားတာလား။ ဘာပဲ ဖြစ်ဖြစ် ဆရာကြီးတို့လို နိုင်ငံကျှော ဆရာဝန်ကြီးတွေ ဆိုပဲ။ ငါ နိုင်ငံ တောင် ကျှောနေပါပေါ့လား။ ငါ့ကိုယ်ငါ တောင် သူပြောမှ နိုင်ငံကျှော ဖြစ်နေမှန်း သိရသကိုး။
သူဘာပြန်ပြောရမည်နည်း။ တီဗွီထဲ မြင်နေကြ မှောဒယ်လ် ကောင်မလေးတွေလို ငါးပူတင်းပြုံးလေး ပြုံးပြီး ကျေးဇူးပဲ ပေါ့နှော လို့ နှုတ်ခမ်းလေး စူကာ စူကာ ပြန်ပြောလို့တော့ မဖြစ်ရေးချ မဖြစ်။
“ဒါက ဆရာကြီး အတွက် တစ်ဗူးကို ငါးသိန်းတန် ထူးမခြားနား ဆေးနမူနာ နှစ်ဘူးပါ။ ကျွန်တှောတို့ ကုမဿပဏီ ကြီးရဲ့ မေတဿတာလက်ဆောင်ပါ ခင်ဗျ။ ဆရာကြီး အလိုရှိလို့ အားပေးချင်တယ်၊ လူနာတွေ သုံးဖို့ ညွှန်းပေးချင်တယ် ဆိုရင် ဒီမှာ ကျွန်တှော့ လိပ်စာကဒ်ပါ။ ဟန်းဖုန်းလေးသာ ကျေးဇူးပြုပြီး ဆက်လိုက်ပါ ဆရာ။ ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းနဲ့ ဆရာကြီး အတွက် ကျွန်တှောတို့ စပါယ်ရှယ် စီစဉ်ထားပါတယ်”
စားပွဲပှေါတင်လိုက်သော ဆေးဘူးလေး နှစ်ဘူးကို သူငေးကြည့်နေမိသည်။ တန်ဖိုးအားဖြင့် ဆယ်သိန်း တန် သော ထိုဆေးနှစ်ဘူး။ အခု နမူနာတဲ့၊ အလကားပေးတာတဲ့။ သူ့လိုပဲ အခြားအခြားသော နာမည်ကြီး ဆရာ ဝန်ကြီးများလည်း ဒီဆေးတွေကို ဒီလို ရကြလိမ့်ဦးမှာပဲ။
လောကဿ၌ အလကားရသည်ဆိုသော ပစဿစည်းသည် မရှိ။ ကြှောငြာတဲ့ အနေနဲ့ သူတို့လို ဆရာဝန်ကြီး တွေကို ဆေးနမူနာ လျှောက်ဝေတဲ့ ကုန်ကျစရိတ် သိန်းပေါင်းများစွာကို ဒီဆေးကုမဿပဏီက ဘယ်သူ့ဆီက ပြန်တောင်း မှာလဲ။ လိုအပ်လို့ ဆေးမှာချင်ရင် ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းဆိုတာက ပါလိုက်သေး။ သဘောကတော့ ငါးဘူးဝယ်ရင် တစ်ဘူး အလကားပေးမယ်ပေါ့။ အဲဒီ အလကားပေးတဲ့ တစ်ဘူးဖိုးကရော ဘယ်သူက စိုက်ပေးမှာလဲ။
ဒီဆေးကို တကယ်သုံးမဲ့လူဟာ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလို ရောဂါ ဝေဒနာ ခံစား နေရတဲ့ လူနာပဲ။ ကြှောငြာခတွေ၊ အထူးနှုန်းတွေရဲ့ ကုန်ကျ စရိတ် အားလုံးဟာ လူနာ့ အိတ်ထဲက ဆေးဖိုး အဖြစ်ထွက်သွားမဲ့ ငွေတွေပဲပေါ့။ ဆေးအတွက် ကုန်သမျှ စရိတ်တွေ အပြင် အမြတ်ပါ တင်လိုက်ပြီး အဲဒါကို လူနာက ပေးဆိုတော့။
သူ့ခေါင်းထဲမှာ အတွေးတွေ တရစပ်၊ နှုတ်ကတော့ ဘာမှ ပြန်မပြောမိသေး။ အရောင်းသမားလေးက သူ့ကို အကဲခတ်သလို ကြည့်နေသည်။
ဖတ်ဖူးသော သုတေသန စာတမ်း တစ်စောင်ကို ဖျတ်ကနဲ သတိရလိုက်မိသည်။ ထိုစာတမ်းက ဆေးဝါး အတွက် ကုန်ကျစရိတ်သည် သူတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံများမှ သုံးစွဲသူ လူနာများအတွက် မနိုင်ရင်ကာ များလွန်း သည် ဟု ဖှောထုတ်ထားသည်။ ထုတ်လုပ်သော ကုမဿပဏီ နာမည် ကျှောကြားလေလေ၊ ဆေးအတွက် သုတေသန စရိတ်များလေလေ၊ ဆေးတန်ဖိုးကြီးလေ ဖြစ်ရသည်က လက်ခံနိုင်သေး၏။ ထို စရိတ်များ ထဲတွင် သဘေဿငာတင်စရိတ်၊ အကောက်ခွန် စရိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်များကို ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မူလ ကုမဿပဏီ ထုတ်ဈေးထက် အတှောပိုသွားပြီ ဖြစ်၏။ ထိုအထဲသို့ ကလေးကျောင်းစရိတ်၊ အိမ်စရိတ်၊ ကျောင်းဒကာ ကျောင်းအမ ဖြစ်ဖို့ ကျောင်းအလှူစရိတ်၊ ကားစရိတ်၊ မယားစရိတ် စသည့် ကိုယ့် တွက်ကိန်း နှင့်ကိုယ်၊ ကိုယ့်လောဘ နှင့်ကိုယ်၊ အသီးသီး အသက က အဆင့်ဆင့် တင်သော အမြတ်များ ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မျက်လုံး မျက်ဆန် ပြူးစရာ ကောင်းလောက်အောင် များလာသည်။ မူလ တန်ဖိုးထက် အဆပေါင်းများစွာ တက်လာသည်။
တကယ်တော့ ဆေးဝါးဆိုသည်မှာ ကုမဿပဏီက စိတ်ကြိုက်နာမည်ပေး၍ မူပိုင်ယူထားသော Brand Name Drug များသာ ရှိသည် မဟုတ်။ သုံးစွဲသူတို့ အဖိုးနှုန်းချိုသာရေးကို ရှေ့ရှု၍ နိုင်ငံပိုင် ဆေးဝါး စက်ရုံများ၊ ကမဿဘာ့ကျန်းမာရေး အဖွဲ့နှင့် နှီးနွယ် အဖွဲ့အစည်းများမှ ဆေးမျိုးရင်းနာမည်ဖြင့် ထုတ်လုပ်သော Generic Drug များလည်း ရှိသည်ပင်။ ပါရာစီတမောလ် ဆိုသည့် အကိုက်အခဲ ပျောက်ဆေး ဆိုပါစို့၊ ပါရာစီတမောလ် သည် မျိုးရင်း နာမည်။ နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ ပါရာစီတမောလ် ဆိုသည့် နာမည်ဖြင့်သာ ထုတ်လုပ်ရောင်းချသည်။ အလွန်ဈေးသက်သာသည်။ တစ်လုံးမှ ၁ဝ ကျပ်လောက်သာ ကျမည်။ အဆိုပါ ပါရာစီ တမောလ်ကို ပင် ဦးထိပ်သီးနှင့်သားများ ဆေးကုမဿပဏီမှ ပါရာသီး ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၅ဝ ကျပ် ကျမည်။ ဦးနံပြားနှင့် မယားများ ဆေးကုမဿပဏီမှ ပါရာပြား ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၁ဝဝ ကျပ် ကျမည်။ ထိုသို့ ဈေးကွာခြားသွားခြင်းမှာ ထိပ်သီး နှင့် နံပြား တို့၏ ပါရာစီတမောလ်က အာနိသင် ပိုရှိ၍ မဟုတ်။ အခြေခံ ဖှောမြူလာ အတူတူ၊ သုံးစွဲသည့် ဓါတ်ပေါင်း အတူတူ ထုတ်လုပ်သည့် ဆေးကို သူရို့က ဘာကိစဿစ ထူးပြီး ပိုပြီး အာနိသင် ပိုရှိရမတုန်း။ ပါရာစီတမောလ် ဆိုတာက အများသိသည့် မျိုးရင်းနာမည်။ ပါရာသီးတို့ ပါရာပြားတို့က ကုမဿပဏီ နှစ်သက်ရာ ပေးထားသည့် ကုမဿပဏီ နာမည်။ ပါရာသီးကို သောက်သော သူသည် ပါရာစီတမောလ် ၁ဝ ဖိုးသောက်၍ ပါရာသီး ဆိုသည့် နာမည်ကို ၄ဝ ဖိုးသောက်ရသကဲ့သို့ ငွေပိုကုန်ခြင်းသာ အကျိုးထူးသည်။
ဆရာဝန် တစ်ဦး အနေဖြင့် လူနာကို ဆေးဝါး၏ မျိုးရင်း နာမည်ဖြင့်သာ ဆေးညွှန်း ပေးအပ်သည်။ ဦးထိပ်သီး က လက်ဆောင်တွေ နင်းကန် ပေးထားလို့ လူနာကို ပါရာသီး ကိုသာ သောက်ပါဟု မပြောအပ်။ ဦးနံပြား က မယား ညီအကို မို့လို့ လူနာကို ပါရာပြားကလွဲရင် ဖွဲနဲ့ ဆန်ကွဲ လို့ မတိုက်တွန်းအပ်။ ဒါက ဆရာဝန် တွေ လိုက်နာ သင့်သည့် အခြေခံ ကျင့်ဝတ်။
သို့သှောလည်း၊ သို့သှောလည်း ပေါ့လေ။ ဈေးကွက်စီးပွားရေးခေတ်မှာ သူ့လို ဆရာဝန်ကြီးတွေဟာ ကိုယ့် ကိုယ်ကို ဘာလုပ်မိမှန်း သတိမထားလိုက်မိခင်မှာပဲ ကုမဿပဏီ နာမည်နဲ့ ဆေးတွေကို သွက်သွက်ကြီး ဆေးညွှန်း ရေးပေးနေမိ ပါပကော။
“ဆရာကြီး ကျွန်တှော နောက်အပါတ်ကျ ထပ်လာခဲ့ပါဦးမယ်။ နမူနာလေးတွေ သုံးကြည့်ပေးပါနှော၊ ခွင့်ပြု ပါဦး ခင်ဗျာ”
သူ ခေါင်းညိတ်ပြလိုက်သည်။ အရောင်းသမားလေး ပြန်မှာကို ခွင့်ပြုတဲ့ သဘောနဲ့လား။ သူပေးခဲ့တဲ့ တန်ဖိုး ကြီး ဆေးနမူနာတွေကို ညနေ ဆေးခန်းထိုင်ရင် တွင်တွင်ကြီး ညွှန်းဖို့ ကတိ ကဝတ်ပြုတဲ့ အနေနဲ့လား။ နောက်အပါတ် ပြန်လာဦးမှာကို စောင့်ကြိုနေပါ့မယ် ဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြမိ တာလား။ သူ့ဟာ သူပင် သေသေချာချာ မသိ။
အရောင်းသမားလေး ပြန်သွားတော့ အတွေးမျှင် ဆက်တန်းနေမိသည်။ ဆေးဝါးတို့၏ ဈေးနှုန်းသည် လူနာ တတ်နိုင်သည့် အဖိုးအခ မျှသာ ဖြစ်သင့်သည်တဲ့။ တတ်နိုင်၊ မတတ်နိုင် ဆိုခြင်းကို အနိမ့်ဆုံး လုပ်ခ လစာ ရ နေ့စား အလုပ်သမား တစ်ဦးရဲ့ တစ်ရက်ဝင်ငွေ ကို စံပြု၍ တိုင်းတာကြသည်တဲ့။ ကိုင်း- အခု ဒီဆေးကို လူနာ့ ကို ပေးတော့မယ် ဆိုပါစို့၊ ငါးသိန်းတန် ဒီ ဆေးတစ်ဘူးမှာ ဆေးအလုံး ခြောက်ဆယ် ပါတယ်။ ရောဂါ ကုဖို့ အတွက် တစ်ရက်ကို ဆေး (၂) လုံး နဲ့ ဆယ်ရက် သောက်ရမယ်။ အလုံး ၂ဝ။ ရောဂါပျောက်ဖို့ ငွေ တစ်သိန်း ခြောက်သောင်း ကုန်သွားပြီ။ အဲဒါ ဆေးဖိုး သက်သက်။ ဝင်ငွေ အနည်းဆုံး နေ့စား အလုပ် သမား တစ်ယောက်ဟာ တစ်ရက်ကို ငွေ တစ်ထောင်ရတယ် ဆိုပါတော့။ သူ့ရောဂါ ပျောက်ဖို့ အတွက် ဒီဆေးကို စားရရင် ဆယ်ရက် ဆေးစားဖို့ အတွက် ရက်ပေါင်း (၁၆ဝ)၊ ခြောက်လ နီးပါးလောက် အလုပ်လုပ်ပြီး ဆေးဖိုး ရှာရမလို ဖြစ်နေတော့မယ်။ စားဖို့၊ သောက်ဖို့၊ သူ့ကို မှီခိုနေတဲ့ မိသားစုတွေကို ကျွေးဖို့ မွေးဖို့ မတတ်နိုင် တော့ဘူး။ ဒီဆေးနဲ့ အလားတူ Generic drug ဆိုရင် အလုံး နှစ်ဆယ်မှ ငွေ လေးထောင်ပဲ ကျမယ်။ ဒါဆို ဆေးဝယ်နိုင်ဖို့ လေးရက်ပဲ အလုပ်လုပ်ရမယ်။ ဒီတော့——-။ သူတွက်ဆ နေမိသည်။ ခေါင်းတညိတ်ညိတ်။
=============
“ဆရာကြီး၊ ကျွန်တှော့ကို ဝင်ခွင့်ပြုပါ ခင်ဗျာ”
သူ့အခန်း ခန်းဆီး ကလေးကို လှပ်ရင်း လိုအပ်သည်ထက်ပို၍ ညွှတ်တွား ခယကာ ဝင်ရောက်လာသော ဆေးကြှောငြာ အရောင်းသမားလေးကို တွေ့လိုက်ရမှ တစ်ပါတ်တောင် ပြည့်သွားပြီကိုးဟု သတိရမိသည်။
ထိုင်ပါ ဟူသော သူ့အပြောကို အသေအချာ စောင့်စားပြီးမှ သူ့ရှေ့က ဆိုဖာ ကုလားထိုင်ပှေါတွင် ထိုင်တယ် ဆိုရုံ ကြုံ့ကြုံ့ရုံ့ရုံ့လေး ထိုင်လိုက်သည်။ အနေအထိုင် ပိပြား သေသပ် လိုက်လေခြင်း။ လွယ်လာသော ဧရာမ သားရေအိတ် အမဲကြီးထဲမှ တစ်စုံ တစ်ရာကို ရိုရိုသေသေ ထုတ်ယူနေသည်။ ပြီးတော့ သူ့စားပွဲပှေါ အသာ တင်လိုက်သည်။ အလို- ပြောင်လှ၊ ဝင်းလှ ချေလား။
“မနက်ဖြန် ဆရာကြီးတို့ ဇနီးမောင်နှံ ရဲ့ ဒန်ရတု နှစ်ပါတ်လည် မဂဿငလာနေ့ မဟုတ်လား ဆရာကြီး။ မမ နဲ့ ဆရာကြီး တို့ အတွက် ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီ၊ ထူးမခြားနား ဆေးရဲ့ ကျေးဇူးတင် ဂါရဝပြု လက်ဆောင် ပစဿစည်းလေးတွေပါ ခင်ဗျာ။ ဇနီးမောင်နှံ ရာသက်ပန် စုံတွဲ ဝတ်ဖို့ ဆွဇ် မိတ် နာရီ စုံတွဲ ကလေး ပါ။ ဆရာကြီးတို့ ဇနီးမောင်နှံ ကို ဝတ်စေချင်လွန်းလို့ တစ်တွဲကို (၅၆) သိန်းနဲ့ ပေးဝယ်ခဲ့တာပါ။ ကျေးဇူးပြု ပြီး လက်ခံပေးပါနှော ဆရာကြီး”
အရောင်းသမားလေးသည် သူ့ကို စကားပြောချိန်မပေး။ နောက်ထပ် အရာ ဝတဿတု တစ်ခုကို အိတ်မဲကြီး ထဲမှ မျက်လှည့်ပြသလို ဘွားကနဲ ပှေါလာစေသည်။ သားရေဖိုင်တွဲ တစ်တွဲ။
“နောက်လဆန်း စင်ကာပူ မှာ တစ်ပါတ်ကြာ ကျင်းပမဲ့ ဆရာကြီးတို့ရဲ့ ဘာသာရပ် ဆိုင်ရာ ညီလာခံ ကို ကျွန်တှောတို့ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အထူးကု ဆရာဝန်ကြီး အနေနဲ့ ဆရာကြီးတက်ရောက်နိုင်ဖို့ ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီက အသွားအပြန် Business class လေယာဉ်လက်မှတ်၊ ကြယ်ငါးပွင့် ဟိုတယ် တည်းခို စရိတ်နဲ့ နေ့စဉ်သုံး စရိတ် အားလုံးကို ကျခံပေးမဲ့ စာရွက်စာတမ်းတွေပါဆရာ။ မမ ကို လည်း အလည် ခှေါသွားနိုင်အောင် နှစ်ယောက်စာ လုပ်လာခဲ့ပါတယ်”
စာရွက် စာတမ်းများကို သူ့ရှေ့ အသာထိုးပေးပြီး သူ့ကို ကြည့်နေသည်။ အရောင် တလက်လက် ထွက်နေ သော အကြည့်။ ဘာကို ကိုယ်စားပြု ဖှောညွှန်းတဲ့ အကြည့်လေလဲ။ အရောင်းသမားလေး၏ ပြုံးယောင်ယောင် နှုတ်ခမ်းများ၊ လိုအပ်သည်ထက် ပို၍ ညွှတ်ကိုင်းထားသော ခါးများ။ သူပြန်ပြော လိုက်သည်။
“အေးလေ၊ ထုံးစံ အတိုင်း သွားတာပေါ့ကွာ၊ မင့် မမ ကတောင် ဟိုတစ်နေ့က စင်ကာပူ မရောက်ဖြစ်တာ ကြာပြီနှောလို့ ပြောနေသေးတယ်။ မင်းလည်း ပူမနေပါနဲ့။ ထုံးစံ အတိုင်း မင့်ဆေးကို ကိုယ်သုံးပေးမှာပေါ့”
သူ့ နှုတ်ခမ်းများလည်း ပြုံးယောင်သမ်းလျှက်။
++++++++++++
သင့်လူ

Jul 15, 2011 @ 11:32:53
သေချာမသိသေးတဲ့ အကြောင်းတရားတွေကို သိလိုက်ရလို့ ကျေးဇူးအထူးပါ ကိုသင့်လူ
လောကပါလ တရားဆိုတာ ဒီခေတ်မှာ ရှိကောင်းပါသေးရဲ့လို့ တွေးမိပါတယ်
Jul 16, 2011 @ 13:03:53
ဆရာကိုသင့်လူ
စာရေးကောင်းလှပါပေတယ်။အဲဒီလိုမျိုးရေးတတ်ချင်လိုက်တာလို့တောင်အားကျမိပါတယ်။
ကိုယ်လေ့လာသင်ယူခဲ့ရသမျှကို ရသပါပါထိထိရောက်ရောက်ပြန်လည်ဝေငှနိုင်စွမ်းကိုချီးကြူးပါတယ်။
အားပေးလာတာလဲကြာပါပြီ။
ရှေ့ဆက်လာမှာတွေကိုမျှော်လင့်လျက်ပါ။