မိစ္ဆာ (၂)
14 Aug 2011 3 Comments
၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်။
ဘန်ဘာ ခရိုင် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ လူဂါဆာ သည် ပြူတင်းပေါက် ကိုဖွင့်လိုက်၏။ နံနက်ခင်း နေရောင်အောက်ဝယ် တဖျတ် ဖျတ် တလက်လက် အရောင်တောက်နေသော ဇိုင်ယာမြစ် ကို လှမ်းမြင် နေရ သည်။ သူ့ စိတ်ထဲမှာတော့ ထိုမြစ်ကို ဇိုင်ယာမြစ်လို့ မခှေါချင်။ ဒဏဿဍာရီလာ စိတ်လှုပ်ရှားဖွယ် အမည် ဖြစ်သည့် ကွန်ဂို မြစ်ဟုသာ အမြဲတမ်း ခှေါချင်သည်။ မြစ်အကြောင်းတွေးနေသည့် ဒေါက်တာ လူဂါဆာ ၏ စိတ်သည် အလုပ် ဆီသို့ ပြန်ရောက်လာ၏။ သူသည် စာကို နောက်တစ်ခေါက်ပြန်ဖတ်လိုက်သည်။ ယမ်ဘူကူ သာသနာပြု ဆေးရုံ မှ စာ။ စာမှ တကယ့် ပြသဿသနာ စာ။ ဂျွန်နှောဒိုက် အမည်ရှိသော အမေရိကန်
ကျောင်းသား တစ်ဦး နှင့် အီဘိုလာ မြစ် နံဘေးက လယ်သမား တစ်ဦး ထူးဆန်းးစွာ သေဆုံးသည့် အကြောင်း။ သာသနာပြု ဆရာဝန်၏ အဆိုအရ ထိုဒေသတွင် ဘာမှန်းမသိသေးသည့် ကူးစက် ရောဂါ ဆိုး တစ်ခု အစပြု နေပြီ ဖြစ်၏။ ဂျွန်နှောဒိုက်နှင့် တစ်ခန်းထဲ ဆေးရုံတွင် နေခဲ့ရသည့် လူနာ နှစ်ဦး၊ လယ်သမား ကို ပြုစုသည့် လူနာစောင့် လေးဦး နှင့် ပြင်ပ လူနာ ဌာန သို့လာပြသော လူနာ ဆယ်ဦးမှာ အလားတူ ရောဂါ လကဿခဏာများ တွေ့နေရပြီ ဟု ဆို၏။
ဒေါက်တာ လူဂါဆာ အဖို့ ရွေးစရာ လမ်း နှစ်သွယ် ရှိ၏။ ပထမ တစ်လမ်းက ဉာဏ်ကြီးကြီး ဖြင့် ရွေးချယ် သောလမ်း ဟုဆိုနိုင်လောက်သည့် ဘာမှ မလုပ်ပဲ မသိလိုက် မသိဘာသာ နေဖို့။ သူ့ဘာသာ ခြုံပုတ်ထဲ နေနေ ကြသော ဒေသတွင်းမှ ရောဂါပိုးများကို ဘုရားမကြိုက် နတ်မကြိုက် သွားမဆွလေနှင့်။ အချိန်တန် တော့ သူ့ဖာသာ ပျောက်သွားလိမ့်မည်။ ဒုတိယလမ်းက သူ့အထက် ကျန်းမာရေး အာဏာပိုင် အဆင့်ဆင့်ကို မိုးထိအောင် ဗျူရိုကရေစီ လှေကားထောင်၍ မြို့တှော ကင်ရှာဆာ အထိ ဒီအကြောင်း သတင်းပို့၊ အပှေါဆုံး ရောက်သွားလျှင် အစည်းအဝေး ထိုင်တော့ မယောင်ယောင်၊ ချက်ချင်းပဲ နှိမ်နင်းတော့ မယောင် ယောင် လုပ်ပြီး နောက်ဆုံးတော့ ဘာမှ မလုပ်ပဲ နေကြလိမ့်ဦးမည်။
ဒုတိယ လမ်းကို ရွေးလိုက်ခြင်း အားဖြင့် အခုချက်ချင်း သူ့အတွက် ရလာမည့် ဆိုးကျိုးကတော့ အခုလို အင်မတန် ပူအိုက် စိုစွတ် သော အချိန်တွင် ယမ်ဘူကူသို့ ခရီးကြမ်းနှင်ရခြင်း ဖြစ်မည်မှာ မြေကြီး လက်ခတ် မလွဲ။
ဒေါက်တာ လူဂါဆာသည် သက်ပြင်းရှိုက်ရင်း အမှိုက်ပုံးထဲသို့ စာကို ပစ်ထည့်လိုက်သည်။
—————————
၁၉၇၆ ခုနှစ် စက်တင်ဘာ (၂၃) ရက်
တစ်ပါတ်အကြာတွင် ဒေါက်တာ လူဂါဆာသည် ဘန်ဘာလေဆိပ်တွင် မတ်တပ်ရပ်ရင်း အိုမင်းလှပြီ ဖြစ်သော ဒီစီ-၃ လေယာဉ်ပျံ ဆင်းသက်လာသည်ကို တုန်လှုပ်စွာ ကြည့်နေရ၏။ လေယာဉ်ပှေါမှ ပထမဆုံး ဆင်းလာသူမှာ ကင်ရှာဆာမှ သူ့အထက် အရာရှိ ဒေါက်တာ ဘူးချတ်ဒ် ဖြစ်၏။ မနေ့ကပဲ သူ ဒေါက်တာ ဘူးချတ်ဒ်ကို ယမ်ဘူကူ သာသနာပြု ဆေးရုံမှ ကူးစက် ရောဂါ ဆိုး အကြောင်း တယ်လီဖုန်း ဆက်လိုက် သည်။ အခုတော့ ထိုရောဂါမှာ ဆေးရုံ ဝန်ထမ်းများကိုပါ ကူးစက် လာပြီ ဖြစ်၏။ လွန်ခဲ့သော တစ်ပါတ် က ထိုအကြောင်း သတင်းပို့ထားသည့် စာ ကို သူရခဲ့သည် ဆိုခြင်းကိုတော့ ထည့်မပြော။
ဆရာဝန် နှစ်ဦး ဖက်လဲ တကင်း နှုတ်ဆက်ကြပြီးနောက် ဒေါက်တာ လူဂါဆာ၏ တိုရိုတာ ကိုရိုလာ ကားပှေါ သို့ တက်လိုက်ကြသည်။
ခရီးရောက်မဆိုက် ဒေါက်တာ ဘူးချတ်ဒ်က ယမ်ဘူကူ သတင်းမေး၏။ ဒေါက်တာ လူဂါဆာ စိတ်မသက်မသာ ဖြစ်သွားသည်။ ဒီနေ့မနက်ရောက်သည့် သတင်းအရ ရွာသူ ရွာသား တစ်ရာ့ လေးဆယ် နှင့် ဆေးရုံ ဝန်ထမ်း (၁၁) ယောက် သေပြီးခဲ့ပြီ။ ဆေးရုံလည်း ပိတ်လိုက် ပြီ ဟု ဆို၏။
ဒေါက်တာ ဘူးချတ်ဒ်က ဘန်ဘာ ခရိုင် တစ်ခုလုံးကို ကွာရန်တင်း လုပ်ရန် ဆုံးဖြတ်ချက်ချ လိုက်သည်။ ကွာရန်တင်း ဆိုသည်က ထိုဒေသ တစ်ခုလုံးရှိ လူများကို ရောဂါ ဖြစ်နိုင်ချေ ရှိသူများဟု သတ်မှတ်၍ အခြား ဒေသများသို့ ပြောင်းရွေ့ခွင့် ပိတ်ပင် တားဆီးလိုက်ခြင်း ဖြစ်၏။ အနုနည်းနှင့် တား၍ မရလျှင်၊ ပစ်ခတ် သတ်ဖြတ်၍ အကြမ်းနည်းဖြင့် တားရလိမ့်မည်။
ဘူးချတ်ဒ် သည် ကင်ရှာဆာသို့ ဖုန်းအကြိမ်ကြိမ်ခှေါပြီးနောက် မနက်ဖြန် ယမ်ဘူကူ သွားဖို့ အသင့်ပြင် ထား ရန် ဒေါက်တာ လူဂါဆာကို ညွှန်ကြား၏။ အခြေအနေကို မျက်မြင် ကိုယ်တွေ့ တွေ့ရမှ ဖြစ်မည်။
———————-
၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်
ခြောက်ချားဖွယ် တိတ်ဆိတ်လျှက် ရှိသည့် ယမ်ဘူကူ သာသနာပြု ဆေးရုံသည် ဆရာဝန် နှစ်ဦးကို အေးစက် တုန်လှုပ်ဖွယ် ကြိုဆိုလျှက် ရှိသည်။ အပုပ်နံ့လှိုင်နေသည့် ဆေးရုံ။ အဝင်ဝတွင် ဟိုသည် လျှောက် ပြေး နေ သော ကြွက်တစ်ကောင်သာ ရှိ၏။ လန်ရိုဗာ ကားပှေါမှ လက်ကိုင်ပုဝါ ကိုယ်စီ နှာခေါင်းစီးပြီး ဆင်းခဲ့ ကြသော ဆရာဝန်ကြီး နှစ်ဦးသည် အနီးဆုံး အဆောက်အဦးထဲသို့ မရဲတရဲ ချောင်းကြည့် လိုက်ကြသည်။ အထဲ တွင် ပုပ်သိုးစ ပြုနေသော အလောင်း နှစ်လောင်း။ တတိယမြောက် အဆောက်အဦးထဲတွင်တော့ မျှောလင့် မထားသော မြင်ကွင်း တစ်ခုကို သွားတွေ့ကြ၏။ သေအံ့မူးမူး အဖျားတက်နေသော သူနာပြု ဆရာမ တစ်ဦး။ ဆရာဝန် နှစ်ဦးသည် ခွဲစိတ်ခန်းသို့ အမြန်ပြေးသွားပြီး ဝတ်ရုံ၊ နှာခေါင်းစည်း နှင့် လက်အိတ်များကို အမြန် ဝတ်ကြပြီး ထို သူနာပြု ဆရာမ ကို အမြန် သယ်ထုတ်သည်။ နောက်ထပ် အသက်ရှင်သူ ရှိလို ရှိငြား လိုက်ရှာသည်။ သုံးဆယ် ခန့်သော အလောင်းများကြားတွင် သေလုသေခင် လူနာ လေးယောက်ကို ထပ်တွေ့လိုက်ကြရ၏။
ဒေါက်တာ ဘူးချတ်ဒ်သည် ကင်ရှာဆာသို့ ရေဒီယိုဆက်သွယ်ရေးဖြင့် အားချင်း ဆက်သွယ်ပြီး လူနာများအား မြို့တှော ဆေးရုံသို့ ပို့ရန် ဇိုင်ယာ လေတပ် ၏ လေကြောင်း အကူအညီကို တောင်းခံလေတော့သည်။ လေကြောင်းခရီးဖြင့် သယ်ဆောင်ရာတွင် စိတ်ချရသည့် ကာကွယ်ရေး အစီအမံများ အတွက် တကဿကသိုလ် ဆေးရုံ ကူးစက်ရောဂါ အထူးကု ဋဿဌာနမှ ညွှန်ကြားချက်များ နာခံ အပြီးတွင် လူနာငါးယောက် အနက် ဘယ်လ် ဂျီယမ် သူနာပြု တစ်ဦးသာ အသက်ရှင် ကျန်ရစ် တော့သည်။ အကာအကွယ် စီမံချက်များ မလုပ်၍ မဖြစ်၊ ဒေါက်တာ ဘူးချတ်ဒ်၏ အဆို အရ အလွန် ကူးစက် လွယ်ပြီး အင်မတန် အသေမြန်သော ရောဂနဿတရ ကပ် ကြီး နှင့် သူတို့ နဖူးတွေ့ ဒူးတွေ့ တွေ့နေကြပြီ ဖြစ်သည်။
————————–
၁၉၇၆ ခုနှစ် စက်တင်ဘာ (၃ဝ) ရက်
ကင်ရှာဆာသို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ခဲ့သော ဘယ်လ်ဂျီယမ် သူနာပြုသည် နံနက် (၃) နာရီတွင် အနိစဿစ ရောက်သွားခဲ့ပြီ။ ခြောက်ရက်မျှ အပြင်းအထန် အားသွန် ခွန်စိုက် ကုသ သှောငြားလည်း ဘာရောဂါ ဟု နာမည် မတပ်နိုင်ခဲ့။ သူ့ အလောင်းကို ခွဲစိတ်ပြီးနောက် သွေး၊ အသည်း၊ ဘေလုံး နှင့် ဦးဏှောက် အသားစ နမူနာ များကို ဘယ်လ်ဂျီယမ် နိုင်ငံ အန်ဝပ်ရှိ အပူပိုင်း ဆေးပညာ တကဿကသိုလ်သို့ လည်းကောင်း၊ အမေရိကန် နိုင်ငံ၊ အတဿတလန်တာ ရှိ ဗဟို ရောဂါ ထိန်းချုပ်ရေး ဋဿဌာန (ဗ ရ ဋဿဌ) သို့ လည်းကောင်း၊ အဂဿငလန် နိုင်ငံ ပှေါတွန် ဒေါင်း ရှိ မိုက်ခရုပ် ပိုးမွှား သုတေသန ဌာနသို့ လည်းကောင်း အသီးသီး ပို့လိုက်၏။ ယမ်ဘူကူ တစ်ဝိုက်တွင် ရောဂါ ဖြစ်ပွားသူ နှစ်ရာ ကိုးဆယ့် လေးယောက် အထိ ရှိလာပြီး ရောဂါဖြင့် သေဆုံးနှုန်း က (၉ဝ) ရာခိုင်နှုန်း အနည်းဆုံး။
——————-
၁၉၇၆ ခုနှစ် အောက်တိုဘာ (၁၃) ရက်
အပြည်ပြည် ဆိုင်ရာ ဓါတ်ခွဲခန်း သုံးခု က တစ်ပြိုင်နက်ထဲ နီးပါး ယမ်ဘူကူ ရောဂါ ဆိုး၏ တရားခံ လက်သည် မှာ ဗိုင်းရပ်စ် ဖြစ်ကြောင်း ဖှောထုတ်နိုင်ခဲ့ကြသည်။ ယူဂနဿဓာမျောက်များကို ကိုင်တွယ်ရာမှ တဆင့် ဓါတ်ခွဲခန်း လုပ်သားများတွင် ဖြစ်ပွားခဲ့ပြီး ၁၉၆၇ ခုနှစ်က ဖှောထုတ်နိုင်ခဲ့သည့် မာဘတ်ခ် ဗိုင်းရပ်စ် နှင့် ပုံသဏဿဍာန်ချင်း ခပ်ဆင်ဆင်။ သို့သှော မာဘတ်ခ်ထက် အများကြီး ပို၍ ဆိုးရွား သောင်းကျန်းပုံ ရ၏။ သူ့ ကို နာမည် ပေးရတော့မည်။ ဘန်ဘာ ခရိုင် အီဘိုလာမြစ်၏ မြောက်ဖက်မှာ စတင် တွေ့ရှိခဲ့သည်ကို အစွဲပြု ၍ သူ့နာမည် အီဘိုလာ ဗိုင်းရပ်စ် ဖြစ်လာခဲ့သည်။ အကြိတ်ပုလိပ် ကပ်ဆိုး ပြီးနောက် အဆိုးဆုံး ဟု ယူ ဆ ရ သော လူသတ်သမား လက်သစ် တစ်ကောင် ပှေါထွက် လာချေပြီ။
———————–
( ဇော်ဂျီ ၂၀၀၉ ဖြင့် ရေးသည်)

Aug 25, 2011 @ 12:15:36
Robin Cook ရဲ့ ဝတ္တုတွေကို ကြိုက်တယ်.. ဒီဝတ္တုကိုလည်း အရမ်း စိတ်ဝင်စားပါတယ်..
ပြီးတဲ့ အထိ စောင့်ဖတ်မယ်နော်..
Sep 01, 2011 @ 14:06:39
Why don’t you post new one?
Oct 10, 2011 @ 12:53:40
ဟုတ်ကဲ့။ ပြီးတဲ့အထိစောင့်ဖတ်ဖို့အားခဲထားသူတွေထဲမှာ၊ ကျွန်တော်လဲပါသပေါ့ဗျာ။
ဒါပေမယ့် ဆရာသမားက ဘာမှဆက်ပြီး မဘာ လေတော့၊ အင်း “၀” ကံပဲလေ လို့ ငြီးရတော့မှာပေါ့။