Hiriautatpa » သင့်လူ
မိစ္ဆာ (၂)
၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်။
ဘန်ဘာ ခရိုင် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ လူဂါဆာ သည် ပြူတင်းပေါက် ကိုဖွင့်လိုက်၏။ နံနက်ခင်း နေရောင်အောက်ဝယ် တဖျတ် ဖျတ် တလက်လက် အရောင်တောက်နေသော ဇိုင်ယာမြစ် ကို လှမ်းမြင် နေရ သည်။ သူ့ စိတ်ထဲမှာတော့ ထိုမြစ်ကို ဇိုင်ယာမြစ်လို့ မခှေါချင်။ ဒဏဿဍာရီလာ စိတ်လှုပ်ရှားဖွယ် အမည် ဖြစ်သည့် ကွန်ဂို မြစ်ဟုသာ အမြဲတမ်း ခှေါချင်သည်။ မြစ်အကြောင်းတွေးနေသည့် ဒေါက်တာ လူဂါဆာ ၏ စိတ်သည် အလုပ် ဆီသို့ ပြန်ရောက်လာ၏။ သူသည် စာကို နောက်တစ်ခေါက်ပြန်ဖတ်လိုက်သည်။ ယမ်ဘူကူ သာသနာပြု ဆေးရုံ မှ စာ။ စာမှ တကယ့် ပြသဿသနာ စာ။ ဂျွန်နှောဒိုက် အမည်ရှိသော အမေရိကန်
ကျောင်းသား တစ်ဦး နှင့် အီဘိုလာ မြစ် နံဘေးက လယ်သမား တစ်ဦး ထူးဆန်းးစွာ သေဆုံးသည့် အကြောင်း။ သာသနာပြု ဆရာဝန်၏ အဆိုအရ ထိုဒေသတွင် ဘာမှန်းမသိသေးသည့် ကူးစက် ရောဂါ ဆိုး တစ်ခု အစပြု နေပြီ ဖြစ်၏။ ဂျွန်နှောဒိုက်နှင့် တစ်ခန်းထဲ ဆေးရုံတွင် နေခဲ့ရသည့် လူနာ နှစ်ဦး၊ လယ်သမား ကို ပြုစုသည့် လူနာစောင့် လေးဦး နှင့် ပြင်ပ လူနာ ဌာန သို့လာပြသော လူနာ ဆယ်ဦးမှာ အလားတူ ရောဂါ လကဿခဏာများ တွေ့နေရပြီ ဟု ဆို၏။
ဒေါက်တာ လူဂါဆာ အဖို့ ရွေးစရာ လမ်း နှစ်သွယ် ရှိ၏။ ပထမ တစ်လမ်းက ဉာဏ်ကြီးကြီး ဖြင့် ရွေးချယ် သောလမ်း ဟုဆိုနိုင်လောက်သည့် ဘာမှ မလုပ်ပဲ မသိလိုက် မသိဘာသာ နေဖို့။ သူ့ဘာသာ ခြုံပုတ်ထဲ နေနေ ကြသော ဒေသတွင်းမှ ရောဂါပိုးများကို ဘုရားမကြိုက် နတ်မကြိုက် သွားမဆွလေနှင့်။ အချိန်တန် တော့ သူ့ဖာသာ ပျောက်သွားလိမ့်မည်။ ဒုတိယလမ်းက သူ့အထက် ကျန်းမာရေး အာဏာပိုင် အဆင့်ဆင့်ကို မိုးထိအောင် ဗျူရိုကရေစီ လှေကားထောင်၍ မြို့တှော ကင်ရှာဆာ အထိ ဒီအကြောင်း သတင်းပို့၊ အပှေါဆုံး ရောက်သွားလျှင် အစည်းအဝေး ထိုင်တော့ မယောင်ယောင်၊ ချက်ချင်းပဲ နှိမ်နင်းတော့ မယောင် ယောင် လုပ်ပြီး နောက်ဆုံးတော့ ဘာမှ မလုပ်ပဲ နေကြလိမ့်ဦးမည်။
ဒုတိယ လမ်းကို ရွေးလိုက်ခြင်း အားဖြင့် အခုချက်ချင်း သူ့အတွက် ရလာမည့် ဆိုးကျိုးကတော့ အခုလို အင်မတန် ပူအိုက် စိုစွတ် သော အချိန်တွင် ယမ်ဘူကူသို့ ခရီးကြမ်းနှင်ရခြင်း ဖြစ်မည်မှာ မြေကြီး လက်ခတ် မလွဲ။
ဒေါက်တာ လူဂါဆာသည် သက်ပြင်းရှိုက်ရင်း အမှိုက်ပုံးထဲသို့ စာကို ပစ်ထည့်လိုက်သည်။
၁၉၇၆ ခုနှစ် စက်တင်ဘာ (၂၃) ရက်
တစ်ပါတ်အကြာတွင် ဒေါက်တာ လူဂါဆာသည် ဘန်ဘာလေဆိပ်တွင် မတ်တပ်ရပ်ရင်း အိုမင်းလှပြီ ဖြစ်သော ဒီစီ-၃ လေယာဉ်ပျံ ဆင်းသက်လာသည်ကို တုန်လှုပ်စွာ ကြည့်နေရ၏။ လေယာဉ်ပှေါမှ ပထမဆုံး ဆင်းလာသူမှာ ကင်ရှာဆာမှ သူ့အထက် အရာရှိ ဒေါက်တာ ဘူးချတ်ဒ် ဖြစ်၏။ မနေ့ကပဲ သူ ဒေါက်တာ ဘူးချတ်ဒ်ကို ယမ်ဘူကူ သာသနာပြု ဆေးရုံမှ ကူးစက် ရောဂါ ဆိုး အကြောင်း တယ်လီဖုန်း ဆက်လိုက် သည်။ အခုတော့ ထိုရောဂါမှာ ဆေးရုံ ဝန်ထမ်းများကိုပါ ကူးစက် လာပြီ ဖြစ်၏။ လွန်ခဲ့သော တစ်ပါတ် က  ထိုအကြောင်း သတင်းပို့ထားသည့် စာ ကို သူရခဲ့သည် ဆိုခြင်းကိုတော့ ထည့်မပြော။
ဆရာဝန် နှစ်ဦး ဖက်လဲ တကင်း နှုတ်ဆက်ကြပြီးနောက် ဒေါက်တာ လူဂါဆာ၏ တိုရိုတာ ကိုရိုလာ ကားပှေါ သို့ တက်လိုက်ကြသည်။
ခရီးရောက်မဆိုက် ဒေါက်တာ ဘူးချတ်ဒ်က ယမ်ဘူကူ သတင်းမေး၏။ ဒေါက်တာ လူဂါဆာ စိတ်မသက်မသာ ဖြစ်သွားသည်။ ဒီနေ့မနက်ရောက်သည့် သတင်းအရ ရွာသူ ရွာသား တစ်ရာ့ လေးဆယ် နှင့် ဆေးရုံ ဝန်ထမ်း (၁၁) ယောက် သေပြီးခဲ့ပြီ။ ဆေးရုံလည်း ပိတ်လိုက် ပြီ ဟု ဆို၏။
ဒေါက်တာ ဘူးချတ်ဒ်က ဘန်ဘာ ခရိုင် တစ်ခုလုံးကို ကွာရန်တင်း လုပ်ရန် ဆုံးဖြတ်ချက်ချ လိုက်သည်။ ကွာရန်တင်း ဆိုသည်က ထိုဒေသ တစ်ခုလုံးရှိ လူများကို ရောဂါ ဖြစ်နိုင်ချေ ရှိသူများဟု သတ်မှတ်၍ အခြား ဒေသများသို့ ပြောင်းရွေ့ခွင့် ပိတ်ပင် တားဆီးလိုက်ခြင်း ဖြစ်၏။ အနုနည်းနှင့် တား၍ မရလျှင်၊ ပစ်ခတ် သတ်ဖြတ်၍ အကြမ်းနည်းဖြင့် တားရလိမ့်မည်။
ဘူးချတ်ဒ် သည် ကင်ရှာဆာသို့ ဖုန်းအကြိမ်ကြိမ်ခှေါပြီးနောက် မနက်ဖြန် ယမ်ဘူကူ သွားဖို့ အသင့်ပြင် ထား ရန် ဒေါက်တာ လူဂါဆာကို ညွှန်ကြား၏။ အခြေအနေကို မျက်မြင် ကိုယ်တွေ့ တွေ့ရမှ ဖြစ်မည်။
၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်
ခြောက်ချားဖွယ် တိတ်ဆိတ်လျှက် ရှိသည့် ယမ်ဘူကူ သာသနာပြု ဆေးရုံသည် ဆရာဝန် နှစ်ဦးကို အေးစက် တုန်လှုပ်ဖွယ် ကြိုဆိုလျှက် ရှိသည်။ အပုပ်နံ့လှိုင်နေသည့် ဆေးရုံ။ အဝင်ဝတွင် ဟိုသည် လျှောက် ပြေး နေ သော ကြွက်တစ်ကောင်သာ ရှိ၏။ လန်ရိုဗာ ကားပှေါမှ လက်ကိုင်ပုဝါ ကိုယ်စီ နှာခေါင်းစီးပြီး ဆင်းခဲ့ ကြသော ဆရာဝန်ကြီး နှစ်ဦးသည် အနီးဆုံး အဆောက်အဦးထဲသို့ မရဲတရဲ ချောင်းကြည့် လိုက်ကြသည်။ အထဲ တွင် ပုပ်သိုးစ ပြုနေသော အလောင်း နှစ်လောင်း။ တတိယမြောက် အဆောက်အဦးထဲတွင်တော့ မျှောလင့် မထားသော မြင်ကွင်း တစ်ခုကို သွားတွေ့ကြ၏။ သေအံ့မူးမူး အဖျားတက်နေသော သူနာပြု ဆရာမ တစ်ဦး။ ဆရာဝန် နှစ်ဦးသည် ခွဲစိတ်ခန်းသို့ အမြန်ပြေးသွားပြီး ဝတ်ရုံ၊ နှာခေါင်းစည်း နှင့် လက်အိတ်များကို အမြန် ဝတ်ကြပြီး ထို သူနာပြု ဆရာမ ကို အမြန် သယ်ထုတ်သည်။ နောက်ထပ် အသက်ရှင်သူ ရှိလို ရှိငြား လိုက်ရှာသည်။ သုံးဆယ် ခန့်သော အလောင်းများကြားတွင် သေလုသေခင် လူနာ လေးယောက်ကို ထပ်တွေ့လိုက်ကြရ၏။
ဒေါက်တာ ဘူးချတ်ဒ်သည် ကင်ရှာဆာသို့ ရေဒီယိုဆက်သွယ်ရေးဖြင့် အားချင်း ဆက်သွယ်ပြီး လူနာများအား မြို့တှော ဆေးရုံသို့ ပို့ရန် ဇိုင်ယာ လေတပ် ၏ လေကြောင်း အကူအညီကို တောင်းခံလေတော့သည်။ လေကြောင်းခရီးဖြင့် သယ်ဆောင်ရာတွင် စိတ်ချရသည့် ကာကွယ်ရေး အစီအမံများ အတွက် တကဿကသိုလ် ဆေးရုံ ကူးစက်ရောဂါ အထူးကု ဋဿဌာနမှ ညွှန်ကြားချက်များ နာခံ အပြီးတွင် လူနာငါးယောက် အနက် ဘယ်လ် ဂျီယမ် သူနာပြု တစ်ဦးသာ အသက်ရှင် ကျန်ရစ် တော့သည်။ အကာအကွယ် စီမံချက်များ မလုပ်၍ မဖြစ်၊ ဒေါက်တာ ဘူးချတ်ဒ်၏ အဆို အရ အလွန် ကူးစက် လွယ်ပြီး အင်မတန် အသေမြန်သော ရောဂနဿတရ ကပ် ကြီး နှင့် သူတို့ နဖူးတွေ့ ဒူးတွေ့ တွေ့နေကြပြီ ဖြစ်သည်။
၁၉၇၆ ခုနှစ် စက်တင်ဘာ (၃ဝ) ရက်
ကင်ရှာဆာသို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ခဲ့သော ဘယ်လ်ဂျီယမ် သူနာပြုသည် နံနက် (၃) နာရီတွင် အနိစဿစ ရောက်သွားခဲ့ပြီ။ ခြောက်ရက်မျှ အပြင်းအထန် အားသွန် ခွန်စိုက် ကုသ သှောငြားလည်း ဘာရောဂါ ဟု နာမည် မတပ်နိုင်ခဲ့။ သူ့ အလောင်းကို ခွဲစိတ်ပြီးနောက် သွေး၊ အသည်း၊ ဘေလုံး နှင့် ဦးဏှောက် အသားစ နမူနာ များကို ဘယ်လ်ဂျီယမ် နိုင်ငံ အန်ဝပ်ရှိ အပူပိုင်း ဆေးပညာ တကဿကသိုလ်သို့ လည်းကောင်း၊ အမေရိကန် နိုင်ငံ၊ အတဿတလန်တာ ရှိ ဗဟို ရောဂါ ထိန်းချုပ်ရေး ဋဿဌာန (ဗ ရ ဋဿဌ) သို့ လည်းကောင်း၊ အဂဿငလန် နိုင်ငံ ပှေါတွန် ဒေါင်း ရှိ မိုက်ခရုပ် ပိုးမွှား သုတေသန ဌာနသို့ လည်းကောင်း အသီးသီး ပို့လိုက်၏။ ယမ်ဘူကူ တစ်ဝိုက်တွင် ရောဂါ ဖြစ်ပွားသူ နှစ်ရာ ကိုးဆယ့် လေးယောက် အထိ ရှိလာပြီး ရောဂါဖြင့် သေဆုံးနှုန်း က (၉ဝ) ရာခိုင်နှုန်း အနည်းဆုံး။
၁၉၇၆ ခုနှစ် အောက်တိုဘာ (၁၃) ရက်
အပြည်ပြည် ဆိုင်ရာ ဓါတ်ခွဲခန်း သုံးခု က တစ်ပြိုင်နက်ထဲ နီးပါး ယမ်ဘူကူ ရောဂါ ဆိုး၏ တရားခံ လက်သည် မှာ ဗိုင်းရပ်စ် ဖြစ်ကြောင်း ဖှောထုတ်နိုင်ခဲ့ကြသည်။ ယူဂနဿဓာမျောက်များကို ကိုင်တွယ်ရာမှ တဆင့် ဓါတ်ခွဲခန်း လုပ်သားများတွင် ဖြစ်ပွားခဲ့ပြီး ၁၉၆၇ ခုနှစ်က ဖှောထုတ်နိုင်ခဲ့သည့် မာဘတ်ခ် ဗိုင်းရပ်စ် နှင့် ပုံသဏဿဍာန်ချင်း ခပ်ဆင်ဆင်။ သို့သှော မာဘတ်ခ်ထက် အများကြီး ပို၍ ဆိုးရွား သောင်းကျန်းပုံ ရ၏။ သူ့ ကို နာမည် ပေးရတော့မည်။ ဘန်ဘာ ခရိုင် အီဘိုလာမြစ်၏ မြောက်ဖက်မှာ စတင် တွေ့ရှိခဲ့သည်ကို အစွဲပြု ၍ သူ့နာမည် အီဘိုလာ ဗိုင်းရပ်စ် ဖြစ်လာခဲ့သည်။ အကြိတ်ပုလိပ် ကပ်ဆိုး ပြီးနောက် အဆိုးဆုံး ဟု ယူ ဆ ရ သော လူသတ်သမား လက်သစ် တစ်ကောင် ပှေါထွက် လာချေပြီ။
( ဇော်ဂျီ ၂၀၀၉ ဖြင့် ရေးသည်)
မိစ္ဆာ (၁)
အမှာ
(၁)
ဤဝတဿတုသည် နာမည်ကျှော အမေရိကန် စာရေး ဆရာ (သူတို့ ဆီမှာတော့ story teller ဟုသုံးသည်၊ ပုံပြောဆရာ၊ ဇာတ် ကြောင်းပြော ဆရာ၊ ကွက်စိတ် ဆရာ ဟုများ ဘာသာပြန်ရမည်လားမပြောတတ်) ရှောဘင်ကွတ်ခ်၏ Outbreak ကို ဘာသာပြန် ထားခြင်း ဖြစ်သည်။
(၂)
စာရေး ဆရာ၏ အမည်ရင်းမှာ ရှောဘင် ဝီလီယမ် အာသာ ကွတ်ခ် ဖြစ်သည်။ ၁၉၄ဝ ခုနှစ် တွင် မွေးဖွားသည်။ ဆေးပညာ ကို သင်ကြားကာ အမ်ဒီ (MD) ဘွဲ့ရသည်။ ဘော့စတွန် တွင် ဆေးဝါးကုသ အသက်မွေးဝမ်းကျောင်း လျှက် ရှိစဉ် စာပေရေးသားခြင်း အလုပ်ကို တွဲဖက် လုပ်ဆောင်ခဲ့သည်။ နတ်နွယ် ဘာသာပြန်သော တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ရသည့် ကိုမာ (Coma) အပါအဝင် အောင်မြင်ကျှောကြား သော ဆေးပညာ နောက်ခံ ဝတဿတုပေါင်းများစွာ ရေးသားခဲ့သည်။ သူ့ဝတဿတု များစွာသည် ဟောလီးဝုဒ် ၏ လူကြိုက်များသော ရုပ်ရှင်ကားများ ဖြစ်လာခဲ့သည်။ ယခု ဖလှောရီဒါ တွင် နေထိုင်ကာ စာပေ ဆက်လက် ရေးသား နေဆဲ၊ ဆေးကုသခြင်း အလုပ်ကို လုပ်နေဆဲ ဆရာဝန် စာရေး ဆရာကြီး တစ်ဦး ဖြစ်သည်။
(၃)
ရှောဘင်ကွတ်ခ်က ဆေးပညာ နောက်ခံ သူ့ ဝတဿတုများကို Faction ဟု စကားလုံးသစ် ထွင်၍ အမည် ပေး ၏။ အချက်အလက် (Facts) နှင့် စိတ်ကူးယဉ် (Fiction) တို့ ကို ရောသမမွှေ ထားခြင်း ဟု ဆိုသည်။ ရှောဘင်ကွတ်ခ်သည် ဆရာဝန် တစ်ဦး ဖြစ်သည့် အားလျှောစွာ ဆေးပညာဆိုင်ရာ အချက်အလက်များကို  ဗဟိုပြု၍ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေများနှင့် စိတ်ကူးယဉ် ပေါင်းစပ် ရောသမမွှေ ရာတွင် အလွန် ထူးချွန်သူ ဖြစ်၏။
(၄)
ဤဝတဿတု မိစဿဆာ သည် ရှောဘင်ကွတ်ခ်၏ အခြား အခြား သော ဝတဿတုများ နှင့် ကွဲပြားခြားနား၏။ အမှန်တကယ် ရှိခဲ့သည် ကပ်ရောဂါ တစ်ခု ဖြစ်သော အီဘိုလာကပ်ရောဂါ ကို အရင်းတည်ကာ အမေရိကန် ဆေးလောက တစ်ခုလုံးကို မွှေနှောက် ခြောက်ချားအောင် ဇာတ်အိမ်တည်ထားပြီး ကပ်ရောဂါ ဗေဒ (Epidemiology) ပညာရပ်၊ ပြည်သူ့ ကျန်းမာရေး ပညာရပ် (Public Health)၊ အမေရိကန် ပုဂဿဂလိက ဆေးရုံ ဆေးခန်း များ နှင့် ကြိုတင်ငွေပေး ကျန်းမာရေး အာမခံ စနစ် (Pre-paid health insurance plan) တို့ကို အချိုးကျကျ မွှေနှောက် ကာ ရေးသားထား၏။ ဆေးပညာရပ်ကို ဈေးကွက်အတွင်း သွတ်သွင်းခြင်း (Commercialization of medicine) ၏ နောက်ဆက်တွဲ ဖြစ်ရပ်များ အကြောင်း ကို ဇောင်းပေး ရေးသား ထားသည် ဆိုလျှင် မှားအံ့ မထင်။
(၅)
တစ်ကမဿဘာလုံး ဈေးကွက်စီးပွားရေးကို ကျင့်သုံးလာသည့် ခုချိန် ကာလ သမယ ဝယ် ဈေးကွက်အလိုကျ ဆေးကွက် စီးပွားရေးသည်လည်း ကမဿဘာ့ နိုင်ငံ အသီးသီး တွင် ဖြစ်ထွန်း လာကြ၏။ မြင်ရုံနှင့် ရင်တုန် လောက်သည့်၊ ပုဂဿဂလိက ဆေးရုံကြီးများ ဆေးခန်းကြီးများ အပြိုင်း အရိုင်း ပှေါထွန်းလာကြ၏။ ထိုအခါဝယ်——————————-။
(၆)
နာမည်ကျှော မင်းသား (The prince) ကျမ်းပြုစုသူ မကဿကရာ ဗယ်လီ၏ ပြောစမှတ်ပြုလောက်သည့် စကား တစ်ခွန်း ရှိသည်။ The end justifies the means- လူသားသည် ဆိုးရွား၏။ ထို ဆိုးရွားသော လူသားတို့ စံပါယ်ရာ ဆိုးညစ် ပုတ်ပွ လူ့လောက ကို စိုးမိုး အုပ်ချုပ်ရန် အာဏာကို ရယူ ထိန်းသိမ်း ရာတွင် မည်သည့်နည်းနှင့် ရရ၊ ရခြင်း သည်သာ ပဓာန။ ကြောင်ဖြူတာ မည်းတာ သာမည၊ ကြွက်သေဖို့သာ အဓိက ဟု ဆို၏။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် ငွေကြေး အကျိုး အမြတ် ရလိုစိတ်အားကြီးပြီး ကြောင်ဖြူ တာ မည်းတာ သာမည၊ ကြွက်သေဖို့သာ အဓိက ဆိုသော အထက်ပါ သဘော တရား အတိုင်း ကျင့်သုံး လာ ကြ သော အခါ- မိစဿဆာ ကဲ့သို့ သော ဖြစ်ရပ်များ ပှေါပေါက် လာလေ တော့သည်။
သင့်လူ
မိစဿဆာ
OUTBREAK BY ROBIN COOK
အစ
၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၇) ရက်
အာဖရိက၊ ဇိုင်ယာ နိုင်ငံ
အသက် (၂၁) နှစ်သား ယေး တကဿကသိုလ် ဇီဝ ဗေဒ ကျောင်းသား ဂျွန်နော်ဒိုက်သည် ဇိုင်ယာ နိုင်ငံ၊ ဘန်ဘာ ဒေသ မြောက်ဖက် အစွန်အဖျားရှိ ရွာကလေး တစ်ရွာတွင် အိပ်ပျှောနေရာမှ ရုတ်တရက် လန့်နိုးလာသည်။ အချိန်က ဝေလီ ဝေလင်း။ ချွေးများဖြင့် နစ်နေသော အိပ်ယာပှေါတွင် လူးလိမ့်နေရင်း ဂျွန်သည် သူ၏ နိုင်လွန် ရွက်ဖျင်တဲ ခေါင်မိုးကို ငေးကြည့်နေ၏။ အပူပိုင်း မိုးသစ်တော၏ အသံ ဗလံများ၊ နိုးထစ ပြုလာသော ကျေးရွာမှ အသံများကို နားထဲတွင် ကြားနေ၏။ လေညှင်း တစ်ချက် နော့လေ သော အခါ သူ့ နှာခေါင်းထဲတွင် နွားချေးနံ့များနှင့် မီးခိုးနံ့ များ ရလာ၏။
ဂျွန်သည် ကြိုးစားပြီး ထထိုင်လိုက်၏။ လူက ကိုင်ရိုက်ထားသလို နုံးချည့်ပြီး တစ်ကိုယ်လုံး အားအင် ကုန်ခမ်း နေသလို ခံစားနေရသည်။ အခြေအနေက ညတုန်းကထက် ပိုဆိုး၏။ ညစာစားပြီး တစ်နာရီ ခန့် အကြာတွင် သူ ကောက်ခါ ငင်ခါ ဆိုသလို ချမ်းတုန်ဖျား လာ၏။ ဒီလောက် ကလိုရိုကွင်းတွေ ဂရုတစိုက် သောက်နေတဲ့ ကြားက ဌက်ဖျား ငါ့ကို တွယ်ပဟ လို့ အဲဒီတုန်းက သူ့ စိတ်ထဲ ဖြစ်မိသေးသည်။ တွယ်ချင် လည်း တွယ်ပေ မပေါ့။ အင်မတန် နက်လှ ခေါင်လှသည့် ဤတောကြီး မျက်မည်းထဲတွင် ဟို တစ်ခု ဒီ တစ်ခု ပြန့်ကြဲ နေသည့် ရေအိုင်ငယ် လေးများမှ တပ်ထောင်တာ ဗိုလ်ထုဖြင့် ချီတက်လာကြသည့် ခြင် ခေါဘဏီတပ်ကြီးကို လွတ် အောင်ရှောင်ဖို့ရန် ခက်လှသည် မဟုတ်လား။
တုံ့နှေးနှေး ခြေလှမ်းများဖြင့် သူရွာထဲသို့ လျှောက်လှမ်းသွားပြီး အနီးဆုံး ဆေးကုခန်း ကို စုံစမ်းသည်။ တိုင်းရင်းသား ဘုန်းကြီး တစ်ပါးဆီက အရှေ့ဖက် ကီလို မီတာ အနည်းငယ် အကွာရှိ ယမ်ဘူကူ မြို့တွင် ဘယ်လ်ဂျီယမ် သာသနာပြု ဆေးရုံ ရှိမှန်း သိခဲ့ရသည်။ နေမကောင်းသဖြင့် သာခွေယိုင် နေသော ဂျွန် သည် ချက်ချင်း သူ့ပစဿစည်းတွေ သိမ်းဆည်းပြီး ယမ်ဘူကူ သို့ ခရီးထွက်ခဲ့သည်။
ဂျွန်တစ်ယောက် ကောလိပ်မှ ခွင့် ခြောက်လ ယူ၍ ဇိုင်ယာ လို နိုင်ငံကို ရောက်နေရခြင်း အကြောင်း အရင်း မှာ မျိုးတုန်း ပျောက်ကွယ် လုဆဲဆဲ တောင်ပှေါ မျောက်ဝံ လို အာဖရိကန် သတဿတဝါ မျိုးစိတ်များ အကြောင်း ဓါတ်ပုံ မှတ်တမ်း ရိုက်ကူးရန် ဖြစ်သည်။ ဆယ့်ကိုးရာစုနှစ်က လူစွန့်စား ခရီးသွားများကဲ့သို့ အာဖရိက လို ဒေသ မျိုးကို စွန့်စားလာရောက်ရန် ကိစဿစမှာ သူ၏ ကလေး ဘဝ ထဲက အိပ်မက် ဖြစ်သည်။
ယမ်ဘူကူမှာ သူနေခဲ့သော ရွာထက် မဆို စလောက်လေးသာ ကြီး၏။ သာသနာပြုဆေးရုံ ဆိုသည် မှာ လည်း တွန့်လိမ် နေသော သွပ်များ မိုးထားပြီး စုတ်ပြတ် ယိုင်ယွဲ့ နေသော အဆောက် အဦး ဟောင်း များ သာ ဖြစ်သည်။ လျှပ်စစ်မီးလည်း မရှိ။ အထင်ကြီးစရာလည်း တစ်ကွက်မှ မမြင်။
ပြင်သစ်စကား တစ်မျိုးသာ ပြောတတ်သော ဘယ်လ်ဂျီယမ် မယ်သီလရှင် တစ်ပါးက သူ့ကို အနည်းငယ် မေးမြန်းပြီးနောက် ဆရာဝန် အလာကို တသီ တတန်းကြီး စောင့်နေကြသော တိုင်းရင်းသား လူနာ များ၏ နောက်တွင် သူ တန်းစီ ရ၏။ အခြား အခြားသော ဝေဒနာရှင် လူနာများကဲ့သို့ပင် သူ့မှာ ဖြစ်နေသည့် ရောဂါ သည် သူထင်သည်ထက် အများကြီး ပိုဆိုးမှန်း ထိုအချိန်က သူ သတိမထားမိ။
နောက်ဆုံးတော့ အဂဿငလိပ်စကား အနည်းငယ် ပြောတတ်သော၊ အမြဲ ပျာယာခတ်နေတတ်သော ဘယ်လ်ဂျီ ယမ် ဆရာဝန် နှင့် သူတွေ့ခွင့် ရပြီ။ ဆရာဝန်က ခပ်မြန်မြန် စမ်းသပ်ပြီး သူထင်သည့် အတိုင်း ဌက်ဖျားဟု ရောဂါ အမည် တပ်၏။ ကလိုရိုကွင်း ထိုးဆေး တစ်လုံး ခပ်သွက်သွက် ထိုးရန် ညွှန်ကြားသည်။ နောက်နေ့ မသက်သာ လျှင် ပြန်လာခဲ့ဟု ညွှန်ကြားသည်။
ဂျွန်သည် ဆေးထိုးဖို့ တန်းစီ စောင့်ဆိုင်းရပြန်၏။ အလိုလေး- ဆေးထိုးနေပုံကိုလည်း ကြည့်ပါဦး။ သူနာပြု ဆရာမ သည် ဆေးထိုးပြွန် သုံးချောင်းကို တစ်လှည့်စီ သုံး၍ ဆေးထိုးအပ်များကို ဘာပိုးမှ မသတ်ပဲ တစ်ပြွတ်ပြွတ် ထိုးနေ၏။ သူ့အလှည့်ရောက်သှော ဆေးထိုးအပ်များ ပိုးသတ်ဆေးနှင့် နည်းနည်း စိမ်ရန် ပြောချင်သှောလည်း ပြင်သစ် စကားဖြင့် ဘယ်လို ပြောရမှန်း မသိသည့် အတွက်ကြောင့် လည်းကောင်း၊ အရေးတကြီး ဆေးထိုးဖို့ လိုနေသည်ဟု ထင်၍ သှောလည်းကောင်း ဒီအတိုင်းသာ အထိုးခံ လိုက်ရသည်။
သူ့ရောဂါသည် နောက် ရက်အနည်းငယ် အတွင်း သက်သာလာသည်။ သို့သှော ယမ်ဘူကူမြို့မှ သူ မပြန် သေး။ ဘက်ဒ်ဇာ လူမျိုးစုများကို လှည့်ပါတ် ဓါတ်ပုံ ရိုက်နေသည်။ အာဖရိက မုဆိုးများ ဖြစ်သော ဘက်ဒ်ဇာ တွေကလည်း လူဖြူ တစ်ဦး သူတို့ကို ဓါတ်ပုံ လာရိုက်နေသည်ကို မြူးတူး ပျှောပါးစွာ ကိုယ်ဟန်ပြ နေကြသည်။
ယမ်ဘူကူ ရောက်ပြီး တတိယနေ့တွင် ဟင်နရီ စတန်လေ သွားခဲ့ သလို ဇိုင်ယာမြစ် တစ်လျှောက် ခရီးသွား ရန် ပြင်ဆင်ဆဲ မှာပင် ကျန်းမာရေး အခြေအနေ သည် ရုတ်တရက် ပြန်ဆိုး လာခဲ့ သည်။  ပထမဆုံး သူ စ သတိ ထားမိ သည်က ကွဲထွက်တော့ မတတ် ခေါင်းကိုက်ခြင်း ဖြစ်၏။ ထို့နောက်တွင်တော့ ခိုက်ခိုက် တုန် အောင် ချမ်းခြင်း၊ အဖျားတက်ခြင်း၊ ပျို့ခြင်း နှင့် ဝမ်းလျှောခြင်းတို့ ဖဝါး ခြေထပ် လိုက်ပါလာကြ၏။ မနက် ကျရင် ကောင်းသွားမှာပါလေ ဟုတွေးရင်း အိပ်ယာ ဝင်၏။ အိမ်မှ သန့်ရှင်း သပ်ယပ် မွှေးကြိုင်သော သူ့ အိပ်ခန်း ကလေးကို အိပ်မက် မက်သည်။ မနက် လင်းအားကြီးတွင် ပိုဆိုးလာသည်။ အန်ရလွန်းအားကြီး သဖြင့် ရေဓါတ် ခန်းခြောက် လာသည်။ ဘယ်လိုမှ မနေနိုင်တော့ သဖြင့် ပစဿစည်းတွေ သိမ်းဆည်းပြီး သာသနာပြု ဆေးရုံကို သွားသည်။ ဆေးရုံ အဝင် မှာ ဝေါကနဲ အန်ချ လိုက်သည်။ ပူနွေး နီရဲ ပျစ်ချွဲသော သွေးများ။ သူ သတိမေ့ သွားသည်။
နောက် တစ်နာရီ အကြာ သူ သတိပြန်ရလာတော့ ဆေးရုံ တွင်းရှိ အခန်း တစ်ခု ထဲတွင် ရောက်နေသည်။ သူ့အခန်းထဲတွင် ဆေးမတိုးသော ဌက်ဖျားရောဂါ ခံစား နေရသည့် အခြား လူနာ နှစ်ယောက် လည်း ရှိ နေ ၏။
ဂျွန့်ကို ပထမအကြိမ်က စမ်းသပ် စစ်ဆေးခဲ့သော ဆရာဝန် ကိုပျာယာ ရောက်လာသည်။ ဂျွန်၏ ဆိုးရွား သော အခြေ အနေကို တွေ့လိုက်ရသဖြင့် ပို၍ ပျာယာခတ် သွားသည်။ အသေးစိတ် စမ်းသပ်သည်။ ဂျွန်၏ ခနဿဓာကိုယ်တွင် ဆန်းပြားသော လကဿခဏာ အချို့ကို သူတွေ့ရှိရသည်။ ရင်ဘတ်ပှေါမှ အစက် အပြောက်များ နှင့် မျက်လုံးထဲတွင် သွေးခြည်ဥ နေခြင်းများ။ သို့သှော ဘာပဲ ဖြစ်ဖြစ် ဆရာဝန်၏ နောက်ဆုံး ကောက်ချက် မှာ ဌက်ဖျားသာ ဖြစ်၏။ ပုံမှန် မဟုတ်သော ပုံမှား ဌက်ဖျားဟု သူကောက်ချက် ချ၏။ သို့သှော ဆယ်ရေး တစ်ရေး ကိုးရေး တစ်ရာ တိုက်ဖွိုက် အူယောင် ငန်းဖျား ကို ကာကွယ်ဖို့ရန် ကောင်ကလေးကို ကလိုရမ် ဖန်နီကောလ် ပေးမည်ဟု ဆရာဝန်က ဆုံးဖြတ်ချက် ချလိုက်သည်။
( ဇော်ဂျီ ၂၀၀၉ ဖြင့် ရေးသည်)
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၇)
“ကမဿဘာကျှော ဆရာဝန်ကြီးတွေရဲ့ ဒီသုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီကြီး က ထုတ်လုပ်လိုက်တဲ့ ထူးမခြားနားဆေးဟာ အခြားမျိုးတူဆေးတွေထက် အာနိသင် အပြတ် အသတ်သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင်ကိုယ်တွေ့ ပါပဲ ခင်ဗျ”
စာရွက် စာတမ်း တစ်ထပ်ကြီးကို ပြရင်း ပါးစပ်က ပေါက်ပေါက်ဖောက်သလို တရစပ် ပြောနေသော ဆေး ကုမဿပဏီ မှ ဆေးကြှောငြာ အရောင်းသမားလေးကို သူငေးကြည့်နေမိ၏။ ဆေးတကဿကသိုလ်မှ ကျောင်းပြီးစ ဆရာဝန် ငယ်လေး၊ နုပျိုမှု၊ တက်ကြွလန်းဆန်းမှု၊ လူငယ်တို့၏ အားမာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်း သား မြင်နေရသည်။ ဆေးကျောင်းစာမေးပွဲတိုင်းကိုသာ ဒင်း ဒီလို ကရားရေလွှတ် တက်တက်ကြွကြွ ဖြေနိုင် လို့ကတော့ ထွက်လိုက်မဲ့ ဂုဏ်ထူးတွေ အနတဿတဂဿဂမ။
“အခုဆိုရင် အခြားအခြားသော ဖွတ်ကျား ကုမဿပဏီ တွေက ထုတ်လုပ်တဲ့ အမျိုးသာတူပြီး အာနိသင်ခြင်း တစ်ခြားစီ ဖြစ်တဲ့ ဆေးပုတ်၊ ဆေးယုတ် တွေထက် အဖက်ဖက်က သာလွန်ကောင်းမွန်ပြီး ဆေးအာနိသင်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ဈေးနှုန်းချိုသာတဲ့ ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီရဲ့ ဆေးကို ဆရာကြီးတို့လို နိုင်ငံကျှော ဆရာဝန်ကြီးတွေ အရမ်းကို တန်ဖိုးထားသုံးစွဲလာကြပါပြီ ခင်ဗျား”
အလို- အဖက်ဖက်က သာလွန် ကောင်းမွန်တယ် ဆိုပဲ။ အရာ ခပ်သိမ်းထက် သာလွန်သော ချောမွေ့မှု ဆိုတဲ့ ကြှောငြာတစ်ခုကို ဘာမဆိုင်၊ ညာမဆိုင် သတိရလိုက်မိသေးသည်။ ကိုယ်ကောင်းဖို့ အခြား တစ်ခု က အမြဲ ညံ့ပေး နေရတော့မှာလား။ ကမဿဘာကျှောဆရာဝန်ကြီးတွေရဲ့ သုတေသန ဆိုတာကော၊ ဘယ် ကမဿဘာ ကို ဘယ်လို ကျှောတာလဲ၊ ကွဲကွဲပြားပြား မသိ။ အခြားဆေးတွေထက်သာလို့ ဆရာဝန်ကြီးတွေ အရမ်း သုံးကြ တာလား၊ ဆရာဝန်ကြီးတွေ အရမ်းသုံးကြလို့ အခြားဆေးတွေထက်သာသွားတာလား။ ဘာပဲ ဖြစ်ဖြစ် ဆရာကြီးတို့လို နိုင်ငံကျှော ဆရာဝန်ကြီးတွေ ဆိုပဲ။ ငါ နိုင်ငံ တောင် ကျှောနေပါပေါ့လား။ ငါ့ကိုယ်ငါ တောင် သူပြောမှ နိုင်ငံကျှော ဖြစ်နေမှန်း သိရသကိုး။
သူဘာပြန်ပြောရမည်နည်း။ တီဗွီထဲ မြင်နေကြ မှောဒယ်လ် ကောင်မလေးတွေလို ငါးပူတင်းပြုံးလေး ပြုံးပြီး ကျေးဇူးပဲ ပေါ့နှော လို့ နှုတ်ခမ်းလေး စူကာ စူကာ ပြန်ပြောလို့တော့ မဖြစ်ရေးချ မဖြစ်။
“ဒါက ဆရာကြီး အတွက် တစ်ဗူးကို ငါးသိန်းတန် ထူးမခြားနား ဆေးနမူနာ နှစ်ဘူးပါ။ ကျွန်တှောတို့ ကုမဿပဏီ ကြီးရဲ့ မေတဿတာလက်ဆောင်ပါ ခင်ဗျ။ ဆရာကြီး အလိုရှိလို့ အားပေးချင်တယ်၊ လူနာတွေ သုံးဖို့ ညွှန်းပေးချင်တယ် ဆိုရင် ဒီမှာ ကျွန်တှော့ လိပ်စာကဒ်ပါ။ ဟန်းဖုန်းလေးသာ ကျေးဇူးပြုပြီး ဆက်လိုက်ပါ ဆရာ။ ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းနဲ့ ဆရာကြီး အတွက် ကျွန်တှောတို့ စပါယ်ရှယ် စီစဉ်ထားပါတယ်”
စားပွဲပှေါတင်လိုက်သော ဆေးဘူးလေး နှစ်ဘူးကို သူငေးကြည့်နေမိသည်။ တန်ဖိုးအားဖြင့် ဆယ်သိန်း တန် သော ထိုဆေးနှစ်ဘူး။ အခု နမူနာတဲ့၊ အလကားပေးတာတဲ့။ သူ့လိုပဲ အခြားအခြားသော နာမည်ကြီး ဆရာ ဝန်ကြီးများလည်း ဒီဆေးတွေကို ဒီလို ရကြလိမ့်ဦးမှာပဲ။
လောကဿ၌ အလကားရသည်ဆိုသော ပစဿစည်းသည် မရှိ။ ကြှောငြာတဲ့ အနေနဲ့ သူတို့လို ဆရာဝန်ကြီး တွေကို ဆေးနမူနာ လျှောက်ဝေတဲ့ ကုန်ကျစရိတ် သိန်းပေါင်းများစွာကို ဒီဆေးကုမဿပဏီက ဘယ်သူ့ဆီက ပြန်တောင်း မှာလဲ။ လိုအပ်လို့ ဆေးမှာချင်ရင် ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းဆိုတာက ပါလိုက်သေး။ သဘောကတော့ ငါးဘူးဝယ်ရင် တစ်ဘူး အလကားပေးမယ်ပေါ့။ အဲဒီ အလကားပေးတဲ့ တစ်ဘူးဖိုးကရော ဘယ်သူက စိုက်ပေးမှာလဲ။
ဒီဆေးကို တကယ်သုံးမဲ့လူဟာ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလို ရောဂါ ဝေဒနာ ခံစား နေရတဲ့ လူနာပဲ။ ကြှောငြာခတွေ၊ အထူးနှုန်းတွေရဲ့ ကုန်ကျ စရိတ် အားလုံးဟာ လူနာ့ အိတ်ထဲက ဆေးဖိုး အဖြစ်ထွက်သွားမဲ့ ငွေတွေပဲပေါ့။ ဆေးအတွက် ကုန်သမျှ စရိတ်တွေ အပြင် အမြတ်ပါ တင်လိုက်ပြီး အဲဒါကို လူနာက ပေးဆိုတော့။
သူ့ခေါင်းထဲမှာ အတွေးတွေ တရစပ်၊ နှုတ်ကတော့ ဘာမှ ပြန်မပြောမိသေး။ အရောင်းသမားလေးက သူ့ကို အကဲခတ်သလို ကြည့်နေသည်။
ဖတ်ဖူးသော သုတေသန စာတမ်း တစ်စောင်ကို ဖျတ်ကနဲ သတိရလိုက်မိသည်။ ထိုစာတမ်းက ဆေးဝါး အတွက် ကုန်ကျစရိတ်သည် သူတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံများမှ သုံးစွဲသူ လူနာများအတွက် မနိုင်ရင်ကာ များလွန်း သည် ဟု ဖှောထုတ်ထားသည်။ ထုတ်လုပ်သော ကုမဿပဏီ နာမည် ကျှောကြားလေလေ၊ ဆေးအတွက် သုတေသန စရိတ်များလေလေ၊ ဆေးတန်ဖိုးကြီးလေ ဖြစ်ရသည်က လက်ခံနိုင်သေး၏။ ထို စရိတ်များ ထဲတွင် သဘေဿငာတင်စရိတ်၊ အကောက်ခွန် စရိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်များကို ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မူလ ကုမဿပဏီ ထုတ်ဈေးထက် အတှောပိုသွားပြီ ဖြစ်၏။ ထိုအထဲသို့ ကလေးကျောင်းစရိတ်၊ အိမ်စရိတ်၊ ကျောင်းဒကာ ကျောင်းအမ ဖြစ်ဖို့ ကျောင်းအလှူစရိတ်၊ ကားစရိတ်၊ မယားစရိတ် စသည့် ကိုယ့် တွက်ကိန်း နှင့်ကိုယ်၊ ကိုယ့်လောဘ နှင့်ကိုယ်၊ အသီးသီး အသက က အဆင့်ဆင့် တင်သော အမြတ်များ ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မျက်လုံး မျက်ဆန် ပြူးစရာ ကောင်းလောက်အောင် များလာသည်။ မူလ တန်ဖိုးထက် အဆပေါင်းများစွာ တက်လာသည်။
တကယ်တော့ ဆေးဝါးဆိုသည်မှာ ကုမဿပဏီက စိတ်ကြိုက်နာမည်ပေး၍ မူပိုင်ယူထားသော Brand Name Drug များသာ ရှိသည် မဟုတ်။ သုံးစွဲသူတို့ အဖိုးနှုန်းချိုသာရေးကို ရှေ့ရှု၍ နိုင်ငံပိုင် ဆေးဝါး စက်ရုံများ၊ ကမဿဘာ့ကျန်းမာရေး အဖွဲ့နှင့် နှီးနွယ် အဖွဲ့အစည်းများမှ ဆေးမျိုးရင်းနာမည်ဖြင့် ထုတ်လုပ်သော Generic Drug များလည်း ရှိသည်ပင်။ ပါရာစီတမောလ် ဆိုသည့် အကိုက်အခဲ ပျောက်ဆေး ဆိုပါစို့၊ ပါရာစီတမောလ် သည် မျိုးရင်း နာမည်။ နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ ပါရာစီတမောလ် ဆိုသည့် နာမည်ဖြင့်သာ ထုတ်လုပ်ရောင်းချသည်။ အလွန်ဈေးသက်သာသည်။ တစ်လုံးမှ ၁ဝ ကျပ်လောက်သာ ကျမည်။ အဆိုပါ ပါရာစီ တမောလ်ကို ပင် ဦးထိပ်သီးနှင့်သားများ ဆေးကုမဿပဏီမှ ပါရာသီး ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၅ဝ ကျပ် ကျမည်။ ဦးနံပြားနှင့် မယားများ ဆေးကုမဿပဏီမှ ပါရာပြား ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၁ဝဝ ကျပ် ကျမည်။ ထိုသို့ ဈေးကွာခြားသွားခြင်းမှာ ထိပ်သီး နှင့် နံပြား တို့၏ ပါရာစီတမောလ်က အာနိသင် ပိုရှိ၍ မဟုတ်။ အခြေခံ ဖှောမြူလာ အတူတူ၊ သုံးစွဲသည့် ဓါတ်ပေါင်း အတူတူ ထုတ်လုပ်သည့် ဆေးကို သူရို့က ဘာကိစဿစ ထူးပြီး ပိုပြီး အာနိသင် ပိုရှိရမတုန်း။ ပါရာစီတမောလ် ဆိုတာက အများသိသည့် မျိုးရင်းနာမည်။ ပါရာသီးတို့ ပါရာပြားတို့က ကုမဿပဏီ နှစ်သက်ရာ ပေးထားသည့် ကုမဿပဏီ နာမည်။ ပါရာသီးကို သောက်သော သူသည် ပါရာစီတမောလ် ၁ဝ ဖိုးသောက်၍ ပါရာသီး ဆိုသည့် နာမည်ကို ၄ဝ ဖိုးသောက်ရသကဲ့သို့ ငွေပိုကုန်ခြင်းသာ အကျိုးထူးသည်။
ဆရာဝန် တစ်ဦး အနေဖြင့် လူနာကို ဆေးဝါး၏ မျိုးရင်း နာမည်ဖြင့်သာ ဆေးညွှန်း ပေးအပ်သည်။ ဦးထိပ်သီး က လက်ဆောင်တွေ နင်းကန် ပေးထားလို့ လူနာကို ပါရာသီး ကိုသာ သောက်ပါဟု မပြောအပ်။ ဦးနံပြား က မယား ညီအကို မို့လို့ လူနာကို ပါရာပြားကလွဲရင် ဖွဲနဲ့ ဆန်ကွဲ လို့ မတိုက်တွန်းအပ်။ ဒါက ဆရာဝန် တွေ လိုက်နာ သင့်သည့် အခြေခံ ကျင့်ဝတ်။
သို့သှောလည်း၊ သို့သှောလည်း ပေါ့လေ။ ဈေးကွက်စီးပွားရေးခေတ်မှာ သူ့လို ဆရာဝန်ကြီးတွေဟာ ကိုယ့် ကိုယ်ကို ဘာလုပ်မိမှန်း သတိမထားလိုက်မိခင်မှာပဲ ကုမဿပဏီ နာမည်နဲ့ ဆေးတွေကို သွက်သွက်ကြီး ဆေးညွှန်း ရေးပေးနေမိ ပါပကော။
“ဆရာကြီး ကျွန်တှော နောက်အပါတ်ကျ ထပ်လာခဲ့ပါဦးမယ်။ နမူနာလေးတွေ သုံးကြည့်ပေးပါနှော၊ ခွင့်ပြု ပါဦး ခင်ဗျာ”
သူ ခေါင်းညိတ်ပြလိုက်သည်။ အရောင်းသမားလေး ပြန်မှာကို ခွင့်ပြုတဲ့ သဘောနဲ့လား။ သူပေးခဲ့တဲ့ တန်ဖိုး ကြီး ဆေးနမူနာတွေကို ညနေ ဆေးခန်းထိုင်ရင် တွင်တွင်ကြီး ညွှန်းဖို့ ကတိ ကဝတ်ပြုတဲ့ အနေနဲ့လား။ နောက်အပါတ် ပြန်လာဦးမှာကို စောင့်ကြိုနေပါ့မယ် ဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြမိ တာလား။ သူ့ဟာ သူပင် သေသေချာချာ မသိ။
အရောင်းသမားလေး ပြန်သွားတော့ အတွေးမျှင် ဆက်တန်းနေမိသည်။ ဆေးဝါးတို့၏ ဈေးနှုန်းသည် လူနာ တတ်နိုင်သည့် အဖိုးအခ မျှသာ ဖြစ်သင့်သည်တဲ့။ တတ်နိုင်၊ မတတ်နိုင် ဆိုခြင်းကို အနိမ့်ဆုံး လုပ်ခ လစာ ရ နေ့စား အလုပ်သမား တစ်ဦးရဲ့ တစ်ရက်ဝင်ငွေ ကို စံပြု၍ တိုင်းတာကြသည်တဲ့။ ကိုင်း- အခု ဒီဆေးကို လူနာ့ ကို ပေးတော့မယ် ဆိုပါစို့၊ ငါးသိန်းတန် ဒီ ဆေးတစ်ဘူးမှာ ဆေးအလုံး ခြောက်ဆယ် ပါတယ်။ ရောဂါ ကုဖို့ အတွက် တစ်ရက်ကို ဆေး (၂) လုံး နဲ့ ဆယ်ရက် သောက်ရမယ်။ အလုံး ၂ဝ။ ရောဂါပျောက်ဖို့ ငွေ တစ်သိန်း ခြောက်သောင်း ကုန်သွားပြီ။ အဲဒါ ဆေးဖိုး သက်သက်။ ဝင်ငွေ အနည်းဆုံး နေ့စား အလုပ် သမား တစ်ယောက်ဟာ တစ်ရက်ကို ငွေ တစ်ထောင်ရတယ် ဆိုပါတော့။ သူ့ရောဂါ ပျောက်ဖို့ အတွက် ဒီဆေးကို စားရရင် ဆယ်ရက် ဆေးစားဖို့ အတွက် ရက်ပေါင်း (၁၆ဝ)၊ ခြောက်လ နီးပါးလောက် အလုပ်လုပ်ပြီး ဆေးဖိုး ရှာရမလို ဖြစ်နေတော့မယ်။ စားဖို့၊ သောက်ဖို့၊ သူ့ကို မှီခိုနေတဲ့ မိသားစုတွေကို ကျွေးဖို့ မွေးဖို့ မတတ်နိုင် တော့ဘူး။ ဒီဆေးနဲ့ အလားတူ Generic drug ဆိုရင် အလုံး နှစ်ဆယ်မှ ငွေ လေးထောင်ပဲ ကျမယ်။ ဒါဆို ဆေးဝယ်နိုင်ဖို့ လေးရက်ပဲ အလုပ်လုပ်ရမယ်။ ဒီတော့——-။ သူတွက်ဆ နေမိသည်။ ခေါင်းတညိတ်ညိတ်။
“ဆရာကြီး၊ ကျွန်တှော့ကို ဝင်ခွင့်ပြုပါ ခင်ဗျာ”
သူ့အခန်း ခန်းဆီး ကလေးကို လှပ်ရင်း လိုအပ်သည်ထက်ပို၍ ညွှတ်တွား ခယကာ ဝင်ရောက်လာသော ဆေးကြှောငြာ အရောင်းသမားလေးကို တွေ့လိုက်ရမှ တစ်ပါတ်တောင် ပြည့်သွားပြီကိုးဟု သတိရမိသည်။
ထိုင်ပါ ဟူသော သူ့အပြောကို အသေအချာ စောင့်စားပြီးမှ သူ့ရှေ့က ဆိုဖာ ကုလားထိုင်ပှေါတွင် ထိုင်တယ် ဆိုရုံ ကြုံ့ကြုံ့ရုံ့ရုံ့လေး ထိုင်လိုက်သည်။ အနေအထိုင် ပိပြား သေသပ် လိုက်လေခြင်း။ လွယ်လာသော ဧရာမ သားရေအိတ် အမဲကြီးထဲမှ တစ်စုံ တစ်ရာကို ရိုရိုသေသေ ထုတ်ယူနေသည်။ ပြီးတော့ သူ့စားပွဲပှေါ အသာ တင်လိုက်သည်။ အလို- ပြောင်လှ၊ ဝင်းလှ ချေလား။
“မနက်ဖြန် ဆရာကြီးတို့ ဇနီးမောင်နှံ ရဲ့ ဒန်ရတု နှစ်ပါတ်လည် မဂဿငလာနေ့ မဟုတ်လား ဆရာကြီး။ မမ နဲ့ ဆရာကြီး တို့ အတွက် ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီ၊ ထူးမခြားနား ဆေးရဲ့ ကျေးဇူးတင် ဂါရဝပြု လက်ဆောင် ပစဿစည်းလေးတွေပါ ခင်ဗျာ။ ဇနီးမောင်နှံ ရာသက်ပန် စုံတွဲ ဝတ်ဖို့ ဆွဇ် မိတ် နာရီ စုံတွဲ ကလေး ပါ။ ဆရာကြီးတို့ ဇနီးမောင်နှံ ကို ဝတ်စေချင်လွန်းလို့ တစ်တွဲကို (၅၆) သိန်းနဲ့ ပေးဝယ်ခဲ့တာပါ။ ကျေးဇူးပြု ပြီး လက်ခံပေးပါနှော ဆရာကြီး”
အရောင်းသမားလေးသည် သူ့ကို စကားပြောချိန်မပေး။ နောက်ထပ် အရာ ဝတဿတု တစ်ခုကို အိတ်မဲကြီး ထဲမှ မျက်လှည့်ပြသလို ဘွားကနဲ ပှေါလာစေသည်။ သားရေဖိုင်တွဲ တစ်တွဲ။
“နောက်လဆန်း စင်ကာပူ မှာ တစ်ပါတ်ကြာ ကျင်းပမဲ့ ဆရာကြီးတို့ရဲ့ ဘာသာရပ် ဆိုင်ရာ ညီလာခံ ကို ကျွန်တှောတို့ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အထူးကု ဆရာဝန်ကြီး အနေနဲ့ ဆရာကြီးတက်ရောက်နိုင်ဖို့ ကျွန်တှောတို့ ဆန်းပြား ကုမဿပဏီက အသွားအပြန် Business class လေယာဉ်လက်မှတ်၊ ကြယ်ငါးပွင့် ဟိုတယ် တည်းခို စရိတ်နဲ့ နေ့စဉ်သုံး စရိတ် အားလုံးကို ကျခံပေးမဲ့ စာရွက်စာတမ်းတွေပါဆရာ။ မမ ကို လည်း အလည် ခှေါသွားနိုင်အောင် နှစ်ယောက်စာ လုပ်လာခဲ့ပါတယ်”
စာရွက် စာတမ်းများကို သူ့ရှေ့ အသာထိုးပေးပြီး သူ့ကို ကြည့်နေသည်။ အရောင် တလက်လက် ထွက်နေ သော အကြည့်။ ဘာကို ကိုယ်စားပြု ဖှောညွှန်းတဲ့ အကြည့်လေလဲ။ အရောင်းသမားလေး၏ ပြုံးယောင်ယောင် နှုတ်ခမ်းများ၊ လိုအပ်သည်ထက် ပို၍ ညွှတ်ကိုင်းထားသော ခါးများ။ သူပြန်ပြော လိုက်သည်။
“အေးလေ၊ ထုံးစံ အတိုင်း သွားတာပေါ့ကွာ၊ မင့် မမ ကတောင် ဟိုတစ်နေ့က စင်ကာပူ မရောက်ဖြစ်တာ ကြာပြီနှောလို့ ပြောနေသေးတယ်။ မင်းလည်း ပူမနေပါနဲ့။ ထုံးစံ အတိုင်း မင့်ဆေးကို ကိုယ်သုံးပေးမှာပေါ့”
သူ့ နှုတ်ခမ်းများလည်း ပြုံးယောင်သမ်းလျှက်။
သင့်လူ
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၆)
ဆေးကြှောငြာသံ ဘယ်သူ့ထံ
အခြား ကုန်ပစဿစည်းမှာ ထုတ်လုပ် ရောင်းချသူက ဝယ်ယူ သုံးစွဲသူဆီ တိုက်ရိုက် သတင်း အချက် အလက် တွေပေးပြီး ရောင်းရအောင် ကြိုးပမ်းလေ့ရှိပေမဲ့ ဆေးဝါး ကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဆေးဝါး ဆိုတာကို အနောက်တိုင်း သို့မဟုတ် ဆေးသိပဿပံ အတတ်ပညာ အရ တီထွင်ဖှောထုတ်ထားတဲ့ ဆေးဝါးများလို့ မှတ်ယူစေချင်ပါတယ်။ တိုင်းရင်းဆေးဝါးများ၊ ဆေးမြီးတိုများကို မဆိုလိုပါ။ ဆေးဝါးဟာ အမျိုး အစား နှစ်မျိုးရှိပါတယ်။
အိုတီစီ (OTC- Over the counter) ဆေးဝါးများဆိုတာက ဆေးပညာရှင် ဆရာဝန် ရဲ့ ဆေးညွှန်းမလိုပဲ သုံးစွဲသူက မိမိ သဘောနဲ့ ဆေးဆိုင်များမှာ ဝယ်ယူသုံးစွဲလို့ ရတဲ့ ဆေးဝါး အမျိုး အစားမျိုး ဖြစ်ပါတယ်။ ဒီ အိုတီစီ ဆေးဝါးတွေကို ထုတ်လုပ် ဖြန့်ဖြူးသူက သုံးစွဲသူဆီ တိုက်ရိုက် ကြှောငြာလေ့ ရှိကြတယ်။ ရုပ်မြင်သံကြားကြှောငြာတွေမှာ အမြဲတွေ့ရတဲ့ အကိုက်အခဲပျောက်ဆေး၊ တုပ်ကွေး အအေးမိ ပျောက်ဆေး၊ ဗီတာမင် ဆေးဝါး များ၊ ကိုယ်ဝန်ဆောင် အားတိုးဆေးများဟာ အိုတီစီ ဆေးအမျိုးအစားထဲ ပါပါတယ်။ အိမ်သုံးဆေးဝါးများ လို့လည်း ခှေါကြတယ် ထင်တယ်။ တစ်ခါတစ်လေ အဲဒီ ဆေးကြှောငြာတွေကို ဆရာဝန်ဘွဲ့ရထားတဲ့ အနုပညာရှင်တွေက အားတက်သရော ကြှောငြာပေးနေတာ ကို လည်း အံ့အားသင့် ဖွယ် တွေ့မြင်ရပါသေးတယ်။
ဒုတိယ အမျိုးအစားကတော့ ဆရာဝန်ရဲ့ ဆေးညွှန်းပါမှ ဝယ်ယူသုံးစွဲရတဲ့ Prescription drug လို့ ခှေါပါ တယ်။ ပဋိဇီဝဆေး (Antibiotics) အမျိုးမျိုး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး အထွေထွေ၊ ကင်ဆာဆေး အပြားပြား၊ သွေးကျဆေးများ၊ ဆီးချိုထိန်းဆေးများ တို့ဟာ ဒီအမျိုးအစား ဆေးဝါးတွေပဲ။  မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးများ (Essential Drugs) ဆိုတာ အဲဒီ ဒုတိယ အမျိုးအစား ဆေးဝါးတွေ အများဆုံး ပါဝင်ပါတယ်။ ဒီဆေးအမျိုးအစားတွေကို ကြှောငြာတဲ့ နည်းလမ်းကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးရမဲ့ ဆေးဝါး အမျိုးအစားလို့ ဆိုထားတဲ့ အတွက် ဒီဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူတွေဟာ ဝယ်ယူအားပေးသူ မိတ်သဟာ အပေါင်းဖြစ်တဲ့ လူနာတွေကို တိုက်ရိုက် ကြှောငြာ ရောင်းချလို့ မရစကောင်း။ ဒီတော့ကာ အဆိုပါ ဆေးဝါးများကို ကြှောငြာ ရောင်းချဖို့ ပစ်မှတ်ဟာ ဆေးညွှန်း ရေးပေးမဲ့ ဆရာဝန်ကြီးတွေ ဖြစ်လာပါတော့တယ်။ ဆေးကြှောငြာသံ ဆရာဝန့်ထံ ပေါ့ခင်ဗျာ။
ဆရာဝန်ကြီးတွေဆီကို ဘယ်ပုံ ဘယ်နည်း ကြှောငြာမလဲ။ တီဗွီမှာ ကြှောငြာလို့ကတော့ အကျိုးထူးလိမ့် မယ် မထင်။ ဆရာဝန်ကြီးတွေဟာ အဲဒီ ကြှောငြာတွေကို အချိန်ပေးပြီး ကြည့်ဖို့ နေနေသာသာ၊ ယားရင်တောင် ယားတဲ့ နေရာ ထုံးတို့ မှတ်ထားပြီး အားမှ ကုတ်မယ်လို့ တေးမှတ်ထားရလောက်အောင် အချိန် ဆင်းရဲ ရှာတဲ့ ပုဂဿဂိုလ်တွေကိုး။ အဲသလို အဲဒီလောက် အလုပ်များကြတဲ့ ဆရာဝန်ကြီးတွေထံကို ကိုယ့်ပစဿစည်း၊ ကိုယ့်ဆေး အရောက် ပို့ဆောင်နိုင်ဖို့ အတွက် ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရေး ကုမဿပဏီများ၊ ဆေးဝါး လက်ကား လက်လီ အရောင်းဆိုင်ကြီးများဟာ ဆေးကြှောငြာအရောင်းသမားတွေကို တီထွင် ဖန်တီး ထုတ်လုပ်ခဲ့ကြတယ်။ Sales Medical Representative လို့ခှေါတဲ့ ဆေးကြှောငြာ အရောင်းသမား။ စတိုင်လ်ကျတယ်၊ သပ်ယပ် လှပ တင့်တယ်တယ်၊ လစာကောင်းတယ်၊ သူ့ရဲ့ ဦးထိပ်ထားရမဲ့ တာဝန်ကတော့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းအားဖြင့် ဖြစ်စေ၊ ဝယ်သူရအောင်လုပ်ဖို့နဲ့ မြဲအောင်လုပ်ဖို့၊ ကုမဿပဏီအတွက် ဆီးသီးလုံး လောက်ရှိတဲ့ ငွေမိုးကြီးတွေ တဝေါဝေါ ရွာသွန်းစေဖို့ လုပ်ပေးရမဲ့ Rainmaker၊ သူ့ရဲ့ ဝါဒ လမ်းစဉ်က ဝယ်သူ ကို အချိန်တိုင်းရင်ဝယ်ပိုက်ထွေးထားဖို့၊ ဖောက်သည် အကြီးစားကြီးတွေ ရှိနိုင်တဲ့ ငါးကြီးတွေ ရှိနိုင်တဲ့ နေရာ မှာ ငါးမျှားတတ်ဖို့၊ ဝယ်သူ အမြဲမှန် လုပ်တတ်ဖို့၊ ဝယ်သူ့ လိုအင်ကို အစွမ်းကုန် ဖြည့်ဆည်းဖို့၊ ဝယ်လိုက်ရတဲ့ ပစဿစည်းဟာ အလွန်အင်မတန် “တန်” ပါတယ် ဆိုတာကို ဝယ်သူကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံ နိုင်ဖို့၊ ဝယ်သူ မျှောလင့်တာထက်ပိုပြီး အပိုဆောင်းလေး ထည့်ပေးဖို့၊ ဝယ်သူ့ကို အားနာပြီး ကွေးကောက် သွားလောက်အောင် မငြင်းနိုင်တဲ့ လက်ဆောင်ပစဿစည်းတွေလည်းပေး၊ ကျေးဇူးတင် စကားတွေလည်း ခဏ ခဏ ပြောဖို့၊ ဝယ်သူ အခြား ရောက်မသွားအောင် နည်းမျိုးစုံနဲ့ တားဆီးဖို့၊ နောက်တစ်ကြိမ် ထပ်ဝယ်ဖို့ တိုက်တွန်း လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။
အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဆေးကြှောငြာ အရောင်းသမားကို အနှီ ကုမဿပဏီကြီးတွေ ဘယ်က သွားရှာကြသလဲ။ ဘယ်ကမှ သွားမရှာကြပါ။ စီးပွားရေး လောက မှာ ကျင်လည် ကျက်စားနေတာ ကြာပြီ ဖြစ်တဲ့ ဆေးကုမဿပဏီကြီးတွေဟာ ငါးကြင်းဆီ နဲ့ ငါးကြင်းကြှော ဆိုသလို ဆရာဝန်ကြီးတွေကို မြှူဆွယ် ဆေးရောင်း ဖို့ တာဝန်ကို ဆေးကျောင်းဆင်းပြီးစ ဆရာဝန် ပေါက်စကလေးတွေကို ပေးလိုက်ကြပါ တော့တယ်။
လစာကလေး စို့စို့ ပို့ပို့လည်းရ၊ လူအထင်ကြီးလောက်အောင်လည်း ဝတ်စား ဆင်ယင် သွားလာ နေထိုင်ရ၊ ဆိုတော့ အချို့ ဆရာဝန် ကလေးများဟာ ဆေးကုမဿပဏီကြီးတွေရဲ့ တှောကောက်ခြင်းကို မငြင်းနိုင်ကြတော့ ပဲ အရှင်မွေးတော့ နေ့ချင်းကြီးတဲ့ ဆေးကြှောငြာ အရောင်းသမားလေးတွေ ဖြစ်လာကြပါတယ်။ အဲဒီ ဆရာဝန် ကလေးများဟာ ဆေးကျောင်းတုန်းက တစ်ခါဘူးမှ သင်ကြားခဲ့ရခြင်းမရှိတဲ့ အရောင်းပညာ၊ မားကက်တင်း ပညာများကို လက်ပူတိုက်လေ့လာပြီး သကာလ သူတို့ကို ဆရာဝန် ဖြစ်အောင် စာသင် ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေဆီကို ဆေးရောင်းဖို့ သွားကြရပါတယ်။
ဆေးကုသဆောင် တစ်ခုရဲ့ ရာထူး အကြီးဆုံး၊ လုပ်ပိုင်ခွင့် အရှိဆုံး ဆရာဝန်ကြီးများဟာ အဲဒီ ဆေးကြှောငြာ သမားတွေရဲ့ အရောင်းပစ်မှတ် ဖြစ်တယ်။ အဲဒီလို ဆေးကြှောငြာ သမား ဆရာဝန် ကလေး တစ်ယောက် က ချဉ်းကပ် လာတဲ့အခါ ဝါရင့် သမဿဘာရင့် ဆရာဝန်ကြီးက ဘယ်လို့ တုန့်ပြန် လိမ့်မလဲ။ မြင်ကွင်းလေး တစ်ခု ကို စိတ်ကူးနဲ့ စဉ်းစားကြည့်ချင်လိုက်တာ။
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၅)
စုံစီနဖာ ကျှောအောင်ညာ
များသောအားဖြင့် ဆေးဝါး ကုမဿပဏီ တစ်ခုကနေ ထုတ်လုပ် ရောင်းချလိုက်တဲ့ ဆေးဝါး တွေကို သုံးစွဲကြရတဲ့ ဝေဒနာရှင် အပေါင်းဟာ မူလ ထုတ်လုပ် ရောင်းချ လိုက်တဲ့ ကုမဿပဏီဈေးထက် အဆပေါင်းများစွာ ကြီးမြင့်တဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူ သုံးစွဲရစမြဲပါ။ ဆေးဈေးနှုန်းတွေဟာ ဘယ်နေရာတွေ မှာ ဘာကြောင့် ဘယ်လို ထပ်ထပ်တင် လိုက်ရတယ် ဆိုတာကို ဘယ်သူကမှ၊ ဘယ်တုန်းကမှ ကြေငြာလေ့မရှိပါဘူး။ ဘုရားရှင် ဗျာဒိတ်ပေးထားသလို ကိုယ်ရောင်းချင်တဲ့ ဈေးနဲ့ တင်ချင် သလို တင်ပြီး ရောင်းချင်သလို ရောင်းကြတာပါပဲ။
ဆေးဝါး တင်သွင်း ဖြန့်ဖြူး ရောင်းချတဲ့ အခါ အခြား ကုန်ပစဿစည်းတွေနဲ့ အကြီးအကျယ် ခြားနားတဲ့ အချက်ကြီး တစ်ချက် ရှိနေပါတယ်။ အခြား  ကုန်ပစဿစည်းတွေမှာ ဖြန့်ဖြူး ရောင်းချသူက ဝယ်ယူအားပေးသူ ဆီ တိုက်ရိုက် ကြှောငြာ ရောင်းချ လေ့ရှိပါတယ်။ မားကက်တင်း လုပ်တယ် လို့ သုံးနှုန်း တတ်ကြပါတယ်။ ကိုယ့်ပစဿစည်း ရောင်းရဖို့၊ ဈေးကွက် ဝေစု များများရဖို့ သုံးစွဲသူ အမူအကျင့် (Consumer Behaviour) ဆိုတဲ့ ဝယ်သူကို ဘယ်လို မြှူမလဲ ဆိုတဲ့ အတတ်ပညာ၊ သစဿစာရှိသော ဝယ်ယူအားပေးသူများ (Loyal Customer) ဖြစ်အောင် လုပ်နည်း နိသဿသရည်းများ၊ ဈေးကွက်ကို ပထဝီ မြေနေရာ အနေ အထားအရ၊ ဝယ်ယူအားပေးသူတို့၏ အသက် အရွယ်၊ လိင်အမျိုးအစားအရ၊ ပညာရေး၊ စီးပွားရေး ကျောထောက်နောက်ခံ အနေအထားအရ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အာရုံအရ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအရ ခွဲဝေ ပိုင်းခြားခြင်း နည်းပညာများ (Market Segmentation) ဆိုတာတွေကို အတတ်ပညာ တစ်ခု အနေနဲ့တောင် စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းတွေမှာ အားပါးတရ သင်ပေးကြပါသေးတယ်။
များသော အားဖြင့်တော့ အထိရောက်ဆုံး မားကက်တင်းဟာ ကြှောငြာပေါ့။ ဇာတ်လမ်းကောင်းနေတုန်း ကြားဖြတ်ဝင်ရင် လူတွေ တောက်တခေါက်ခေါက် ဖြစ်တတ်ကြပေမဲ့ စီးပွားရေး သမားတွေ အတွက်တော့ ကြှောငြာဟာ မရှိမဖြစ်၊ သည်းခြေကြိုက် ဖြစ်ပါတယ်။ မားကက်တင်း သမားတို့ရဲ့ ခေါင်းကိုင်အဖ ဖီးလစ် ကော့တလာ ကတော့ “ကြှောငြာကောင်းတို့ မည်သည် တီထွင် ဖန်တီးနိုင်မှု စွမ်းအား နှင့် ပြည့်စုံရုံမျှ မက သူတို့ ကိုယ်တိုင်ပင်လျှင် ပစဿစည်းရောင်းနိုင်စွမ်းရှိသည်” ဆိုပြီး ကြှောငြာကို အလွန်အကြူး အမွှန်းတင်ပါတယ်။ ဘယ်လိုဟာမျိုးတဲ့တုန်း။ ကော့တလာကတော့ မာလ်ဘိုရို စီးကရက် ကြှောငြာဟာ အဲသလို ကြှောငြာ အမျိုးအစားမျိုးပါတဲ့။ ကောင်းဘွိုင်တစ်ယောက် မြင်းစီးနေတာကို ဘယ်နေရာမှာပဲ မြင်မြင် မာလ်ဘိုရိုကို သတိရလာအောင်၊ သောက်ချင်စိတ်ပှေါလာအောင်၊ ဝယ်ချင်စိတ်ပှေါလာအောင် ထိရောက် ထက်မြက်တဲ့၊ သောက်ကျိုးနည်း ကောင်းတဲ့၊ သူ့ထက်ကောင်းတာတွေတောင် သူ့လောက် မကောင်းတဲ့ မဟာ့ မဟာ ကြှောငြာကောင်းတဲ့။
ကြှောငြာဆိုတာ ကုန်ပစဿစည်း တစ်မျိုးမျိုး အတွက် အချက်အလက် ဗဟုသုတကို ပေးရတာမျိုး မဟုတ်၊ သုံးစွဲ သူ အပေါင်း ဘဝင်ကျစရာ အိပ်မက်ချိုချို တစ်ခုကို ရောင်းချရတဲ့ အနုပညာတဲ့။ ရက်ဗလွန် နှုတ်ခမ်းနီ သူဋေဿဌး ချားလ် ရက်ဗ်ဆွန်က လည်း “ကျွန်တှောတို့ စက်ရုံတွေက နှုတ်ခမ်းနီတွေကို ထုတ်လုပ်တယ်။ ကျွန်တှော တို့ရဲ့ ကြှောငြာတွေကတော့ ပျိုမေ မဒီတို့ အတွက် မျှောလင့်ချက်တွေကို ရောင်းတယ်” လို့ ကြှောငြာကို ကြှောငြာဝင်ပြန်ပါသေး။
ကြှောငြာဟာ အိပ်မက်ချိုချိုဆိုပဲ။ ဆောင်းတွင်းအိပ်မက် ဂယောက် ဂယက်ရော မဖြစ်နိုင်ဘူးလား။ နာမည်ကြီး မင်းသားကြီးနဲ့ ကြှောငြာတဲ့ လက်ပါတ်နာရီကို ဝယ်ပါတ်လို့ ရုပ်ရှင်မင်းသား အှောတိုမက်တစ် ဖြစ်သွားလိမ့်မယ်လို့ လူတွေ တကယ်ပဲ ယုံကြည်ကြသလား။ ဟာသပညာရှင် စတီဖင် လီးကော့ခ် ကတော့ “ကြှောငြာဆိုတာ ကြှောငြာ အေဂျင်စီတွေ ပိုက်ဆံ ရနေသမျှ ကာလပါတ်လုံး လူတွေရဲ့ အသိဉာဏ်ကို စနစ် တကျ ဖမ်းဆီး ချုပ်နှောင်တတ်တဲ့ သိပဿပံဆိုင်ရာ အတတ်ပညာ တစ်ခု” လို့ ကြှောငြာအပှေါ ခပ်လှောင်လှောင် ပြောင်ထားတယ်။
တကယ်တော့ ကြှောငြာ အများစုဟာ ကြှောငြာချင်တဲ့ ကုန်ပစဿစည်း အကြောင်းကို လူတွေကို အသိပေးရုံ လောက်သာ တတ်နိုင်ကြတာပါ။ ရတတ်သမျှ စကဿကန့်ပိုင်းလောက် အချိန်လေး အတွင်း ကိုယ့် ပစဿစည်းရဲ့ အားသာချက်ကို စက်သေနတ်နဲ့ ပစ်သလို တရစပ် နင်းခွ ကြှောငြာလေ့ရှိကြတယ်။ တစ်ခါတစ်လေလည်း သီချင်းတွေ ဝုန်းဒိုင်းကြဲဖွင့်ပြီး အခြောက်တိုက် ကခုန်၊ တဟီဟီ တဟားဟား နဲ့ ဟီလာတိုက်ပြနေတဲ့ ကြှောငြာတွေကိုလည်း တွေ့ဖူးကြမှာပေါ့။ ပစဿစည်းကြှောငြာတာလား၊ လူကို ကြှောငြာတာလား မခွဲခြားနိုင် လောက်အောင် စိတ်ပျက်စရာ၊ အော့နှလုံးနာစရာ ကြှောငြာတွေလို့ ပြောရင် စိတ်ဆိုးကြမှာ အမှန်ပဲ။ သီချင်း ဆို၍ ငိုရသည် ဆိုတာ အဲသလို ကြှောငြာတွေကို ကြည့်ချင်ချင် မကြည့်ချင်ချင် ထိုင်ကြည့်ရတဲ့ သနားစရာ လူတွေကိုများ ရည်ညွှန်းလေသလား။
အဲသလို ညံ့သော၊ တုံးသော၊ ဖျင်းသော၊ ငြီးငွေ့ဖွယ် ကောင်းသော သီချင်းပဒေသာ ကြှောငြာတွေဟာ ကြှောငြာရှင်တို့ အလိုကျ လိုက်လုပ်ကြရတာများလား။ ကောင်းလှပါပြီ လူကြီးမင်းတို့၊ ကြှောငြာ တစ်ခုကို မစီမံ မဖန်တီးခင် ကိုယ့်ကိုယ်ကို ဒီလို မေးကြည့်ကြဖူးပါသလား။
“ကြှောငြာအသုံးစရိတ် ဟာ ပစဿစည်း အရည် အသွေး ပိုကောင်းအောင် လုပ်ဖို့၊ စားသုံးသူ အတွက် ပိုပြီးကောင်းတဲ့ ဝန်ဆောင်မှုကို ပေးဖို့ အသုံးစရိတ်ထက် ဝယ်သူကို ပိုပြီး စိတ်ကျေနပ်မှု ပေးနိုင်ပါသလား”
တကယ်တော့ ဘယ်ပေးနိုင်လိမ့်မတုန်း၊ ဒါပေမဲ့လည်း ခုခေတ် ဈေးကွက် စီးပွားရေးမှာ သိကြတဲ့ အတိုင်း ကြှောငြာမှ ကြှောငြာ ဆိုတဲ့ ကြှောငြာ ခရေဇီ တွေက ဒုနဲ့ဒေးကိုး။ အဲဒီ ပုဂဿဂိုလ်တွေကတော့-
“ကြှောငြာ မပါသော လုပ်ငန်း၊ မကြှောငြာသော စီးပွားရေး လုပ်ငန်းသည် လမိုက်ည သန်းခေါင်ယံ အချိန် တွင် လမ်းမီးများ ပျက်နေတုန်း ကုလားမလေး တစ်ယောက်ကို မျက်စိမှိတ်ပြမိသလို အဖြစ်မျိုး ကြုံတွေ့ရ လိမ့်မည် ဖြစ်ကြောင်းကို တွံ- အသင် စီးပွားရေး လုပ်ငန်းရှင်သည် ဂဏာဟိ- မှတ်လေလော့။ သင်ဘာလုပ်မိ မှန်း သင့်ကိုယ်သင် သိချင် သိမည် ဖြစ်သှောလည်း အခြား ဘယ်သူမှ မသိ” လို့ ကြုံးဝါး ကြွေးကြှောကြပြီး ကြှောငြာဖက်က အစွမ်းကုန် ရှေ့နေ လိုက်ကြတော့တာကိုး။ အဲသလို ဆိုတော့လည်း စုံစီ နဖာ ကြှော အောင် ငြာ ကြပေါ့ ခင်ဗျား။
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၄)
အခန်း (၂)
မြွေကိုက်လို့ အှောတဲ့ ဖား
ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းရဲ့ ကုန်ကျ စရိတ်တွေဟာ စီးပွားရေး စနစ် လွတ်လပ်လေလေ၊ အပြိုင် အဆိုင် အနိုင်ကြဲကြတဲ့ ပုဂဿဂလိက ကျန်းမာရေး စောင့်ရှောက်မှု တွေ ထွန်းကားလာလေလေ၊ တစ်ထစ်ပြီး တစ်ထစ် တစ်ရစ်ပြီး တစ်ရစ် မြင့်တက်လာလေ ဆိုတာကို အထက်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ အဲသလို မိုးထိ အောင် လှေကားထောင်နေတဲ့ ကျန်းမာရေး ဆိုင်ရာ ကုန်ကျ စရိတ်များကို ဆေးကုမဿပဏီကြီးများက တစ်တပ် တစ်အား ပါဝင် ကူညီ ကြပြန်ပါတယ်။ ဈေးကွက် စီးပွားရေး ခေတ်မှာ မည်သူ မဆို ဈေးကွက် အတွင်း လွတ်လပ်စွာ ဝင်ရောက် ရောင်းဝယ် ဖောက်ကား ပြီး ထင်တိုင်းကြဲ နိုင်သည်လို့ ဆိုထားလေတော့ အဲဒီ အထဲမှာ နိုင်ငံခြား ဆေးကုမဿပဏီ တွေက ဆေးဝါး များ မပါလို့ ပိတ်ပင် တားဆီးလို့ ဘယ်ရလိမ့်မလဲ။ ဒီတော့ ဆေးကွက် စီးပွားရေး ဘာလဲ၊ ဘယ်လဲ ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာပါတော့တယ်။
ဆေးဝါး ထုတ်လုပ် ရောင်းချ မှုဟာ အရင်း အနှီးကြီးသလို အမြတ် အစွန်းလည်း အင်မတန် ကြီးတဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခုပါ။ အသိဉာဏ် ပညာဆိုင်ရာ မူပိုင်ခွင့် (Intellectual Property Right) ဆိုတဲ့ မိမိ တီထွင် ထုတ်လုပ်သော ပစဿစည်း ကို မိမိ စိတ်ကြိုက် စီမံ ခန့်ခွဲ ပိုင်ခွင့် ရထားတဲ့ အတွက် ဆေးဝါး ထုတ်လုပ်ရေးဟာ အခြား စီးပွားရေး လုပ်ငန်းတွေ ထက်ပိုပြီး အာမခံချက် ရှိတာလည်း အမှန်ပဲ။ သို့သှော အဲဒီ အခွင့်အရေး တွေကို အပြည့်အဝ ယူပြီး ငါတီထွင်တဲ့ ဆေး၊ ငါ့ဖာသာ ကြိုက်သလောက် ထုတ်လုပ်ပြီး ကြိုက်တဲ့ ဈေးနဲ့ ရောင်းမယ် ဆိုရင်တော့ စဉ်းစားစရာတွေ ဖြစ်လာပါလိမ့်မယ်။
တကယ်တမ်းက ဆေးဝါး ထုတ်လုပ်ရေး ကုမဿပဏီကြီးတွေမှာ Equitable Pricing Policy လို့ ခှေါတဲ့ သာတူ ညီမျှ ဈေးနှုန်းပှေါလစီ ဆိုတာရှိပါတယ်။ ဒီဆေးတစ်မျိုးတည်းကိုပဲ ချမ်းသာတဲ့ နိုင်ငံ၊ တတ်နိုင်တဲ့ လူတန်းစား တွေကို ဈေးတစ်မျိုး၊ ဆင်းရဲတဲ့ နိုင်ငံ၊ မတတ်နိုင်တဲ့ လူတန်းစား တွေ အတွက် ဈေးတစ်မျိုး ထားပြီး ရောင်းချပေးခြင်းကို ဆိုလိုတာပါ။ ဒါပေမဲ့ ဒီပှေါလစီကို တကယ်တမ်း လက်တွေ့ကျင့်သုံးတဲ့ ကုမဿပဏီ ကတော့ လက်ချိုးရေတွက်လို့ ရပါသတဲ့။
စီးပွားရေး လုပ်ငန်း လုပ်ရာမှာ ကောင်းမွန် မှန်ကန်တဲ့ ကျင့်ဝတ် တရား (Business Ethics) ရှိဖို့ လိုအပ်ပါတယ်။ ကျင့်ဝတ်တရားနဲ့ ညီတဲ့ စီးပွားရေး လုပ်ငန်းများဟာ ပြည်သူ့ အတွက် တာဝန်သိတတ်မှု (Corporate Social Responsibility) ဆိုတဲ့ စကားလုံး ကြီးကြီး ကို သုံးလေ့ရှိတယ်။ ဒီလိုပြောတော့ တို့က စီးပွားရေး လုပ်နေတာ၊ ပရဟိတ လုပ်နေတာ မဟုတ်ဖူး လို့ စောဒက တက်ချင်လည်း တက်ကြပါ လိမ့်မယ်။ စီးပွားရေး နဲ့ စီမံခန့်ခွဲမှု ပညာရှင်အချို့ ကလည်း ဘိဇနက် ဆိုတာ အတဿတဟိတ သဘော၊ ကျင့်ဝတ် တရား ဆိုတာ ပရဟိတ သဘော၊ ဒီနှစ်ခု ဟာ ပဋိပကဿခ သဘောကို ဆောင်တယ် လို့ မီးလောင်ရာ လေပင့်ကြပါသေး။ တကယ်ပဲ ပရိဟိတ နဲ့ အတဿတဟိတ ဟာ ယှဉ်တွဲ လို့ မရတဲ့ အရာတွေလား၊ ပျားလည်းစွဲသာ ရှဉ့်လည်း လျှောက်သာ ဆိုတဲ့ လမ်း မရှိတော့ဘူးလား။
၁၉၇ဝ ပြည့်လွန်နှစ်များတုန်းက အာဖရိက နဲ့ လက်တင် အမေရိက အပူပိုင်း ဒေသတွေက မြစ်နား ကမ်းနားမှာ နေတဲ့ ရွာသူ ရွာသား (၁၈) သန်း လောက်ကို ခြိမ်းချောက်နေတဲ့ ရောဂါဆိုး တစ်ခု ရှိခဲ့တယ်။
အဲဒီ ရွာသား တွေဟာ မြစ်ကမ်းစပ် က ညစ်ပါတ်တဲ့ ရေထဲမှာ ပေါက်ဖွားတဲ့ ယင်မည်းရိုင်းကြီးတွေ ရဲ့ ကိုက်ခဲခြင်းကို မကြာခဏ ခံရလေ့ရှိတယ်။ ယင်ကောင်ကိုက်ခံရတာလောက်များ၊ ဝါးဟားဟား လို့ မထင်လေနဲ့။ ဒီယင်ကောင်တွေရဲ့ ခနဿဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ ရှိတယ်။ လူကို ကိုက်လိုက်ရင် အဲဒီ ကပ်ပါးကောင်တွေ ဟာ လူ့ခနဿဓာကိုယ်ထဲ ဝင်သွားပြီး အရေပြားအောက်မှာ တဖြည်းဖြည်း ကြီးထွား လာလိုက်တာ တစ်ခါ တစ်လေ (၂) ပေလောက် အထိ ရှည်လာတယ်။ အဲဒီ ကပ်ပါးကောင်တွေ ခွေနေတဲ့အတွက် အရေပြားမှာ တစ်လက်မ ပါတ်လည်လောက် ရှိတဲ့ ဘုလုံးကြီးတွေ ထလာတယ်။ မခံမရပ် နိုင်အောင် ယားတယ်။ တစ်ခါ တစ်လေ မျက်လုံးထဲ ဝင်သွားပြီး မျက်စိကန်းသွားတတ်လို့ ဒီရောဂါကို မြစ်နား ကမ်းနား မျက်ကန်း ရောဂါ လို့ အမည်ပေး ကင်ပွန်းတပ်ထားကြတယ်။
သက်ဆိုင်ရာ ကျန်းမာရေး အာဏာပိုင် တွေဟာ ဒီရောဂါကို အမြစ်ပြတ်အောင် ဘယ်လို လုပ်ရမှန်းကို မသိ ခဲ့ကြဘူး။ ကပ်ပါးကောင်တွေကို နှိမ်နင်းနိုင်တဲ့ ဆေးတွေ ရှိပေမဲ့ အလွန် ဈေးကြီးတယ်။ ဆေးရုံ ရက်ရှည် တက်ပြီး အသည်း အသန် ကုသမှ ပျောက်မယ်။ ဘေးထွက် ဆိုးကျိုး တွေလည်း များတဲ့ အတွက် အနဿတရာယ် လည်း မကင်းဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ယာသမား ကိုင်းသမား တွေအဖို့ ဆေးရုံ ရက်ရှည်တက်ပြီး ဆေးကုသမှုခံယူ ဖို့ ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟဿမာ့ပြည်က အပ်တစ်စင်း ထိရသလောက်ကို ခက်ခဲ ကြရရှာတယ်။
ကပ်ပါးကောင်တွေကို သယ်ဆောင်တဲ့ ယင်မည်းရိုင်းတွေကို ပိုးသတ်ဆေးတွေနဲ့ နှိမ်နင်း ပြန်တော့လည်း မကြာခင်မှာပဲ ယင်ကောင်တွေဟာ ပိုးသတ်ဆေး ယဉ်ကုန်ပြီး ပိုးသာကုန် မောင်ပုံ စောင်း မတတ် ဖြစ်ရ ပြန်တယ်။
ဒီလိုနဲ့ မြစ်ကမ်းဘေးမှာနေတဲ့ လူတွေဟာ ဒီရောဂါဆိုးရဲ့ နှိပ်စက်မှုကို ကြောက်လို့ ကုန်းတွင်းပိုင်းကို ပြောင်းရွေ့ နေထိုင်ကြ၊ မြေဆီ ဩဇာ မကောင်းတဲ့ ကုန်းတွင်းပိုင်းမှာ စိုက်ရေး ပျိုးရေး ကခက်၊ ဝမ်းရေး ပြသဿသနာတွေဖြစ်၊ မြစ်ဘေး ပြန်ပြောင်း၊ ရောဂါ ရဲ့ ဒဏ်ကို ခံရနဲ့ ကျောက်စရစ်တော နွေခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။
၁၉၇၉ ခုနှစ်မှာ အမေရိကန် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ မာ့ခ် (Merck) ကုမဿပဏီက သုတေသန ပညာရှင် ဒေါက်တာ ဝီလီယမ် ကမ်းဘဲလ် နဲ့ အဖွဲ့ဟာ ကုမဿပဏီက ထုတ်လုပ်တဲ့ ရောင်းအားမြင့် တိရိစဿတာန် ဆေးဝါး တစ်မျိုး ဖြစ်တဲ့ အိုင်ဗာမက်တင် (Ivermectin) ဟာ ခုနက မြစ်နား ကမ်းနား မျက်ကန်း ရောဂါ ရဲ့ လက်သည် ကပ်ပါးကောင် ကို နှိမ်နင်းနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ကြတယ်။ ပြသဿသနာ တစ်ခု က အိုင်ဗာ မက်တင် ဆေးဟာ တိရိစဿဆာန် ရောဂါ တွေ အတွက်ပဲ ထုတ်လုပ်ထားတာ ဖြစ်တယ်။ လူတွေ အတွက် ထုတ်လုပ်ထားတာ မဟုတ်ဖူး။ ဒေါက်တာ ကမ်းဘဲလ် နဲ့ အဖွဲ့ဟာ အိုင်ဗာမက်တင်ကို လူတွေ အတွက် ထုတ်လုပ်ခွင့် ပြုဖို့ မာ့ခ် ကုမဿပဏီ ဥကဿကဋဿဌ ဒေါက်တာ ပီ ရွိုင်း ဗက်ဂျီလို့စ် ကိုတင်ပြကြတယ်။
မာ့ခ်ရဲ့ ထိပ်တန်း အဆင့် စီမံခန့်ခွဲသူ အရာရှိကြီးများ အားလုံးအနေနဲ့ ဒီကိစဿစဟာ ဓါးတောင်ကို ကျှောပြီး မီးပင်လယ်ကို ဖြတ်ရမဲ့ ကိစဿစမှန်း သဘောပေါက်ကြပါတယ်။ ထုတ်လုပ်ထားပြီးသား တိရိစဿဆာန်ဆေးကို လူမှာ သုံးဖို့ တစ်ခါတည်း တန်းပြောင်းလို့ ရတဲ့ ကိစဿစ မဟုတ်ဘူး။ အဆင့်ဆင့်သော ဆေးသုတေသန တွေ လုပ်ကြည့်ရမယ်။ စမ်းသပ်မှု အမျိုးမျိုး ကို ကျှောဖြတ်ရမယ်။ ခွင့်ပြုချက် အထွေထွေကို တောင်းခံရမယ်။ အဲဒါတွေ အားလုံး အတွက် ကုန်ကျစရိတ်ဟာ အနည်းဆုံး ဒှေါလာ သန်း တစ်ရာ ကျှော။ တစ်ခါ လူမှာသုံးလို့ ဘေးထွက် ဆိုးကျိုး မဖွယ်မရာ တစ်ခုခု ဖြစ်သွားရင် အင်မတန် ရောင်းကောင်းတဲ့ တိရိစဿဆာန်ဆေး အရောင်းပါကျသွားဦးမယ်။ အဲဒီ အတွက် တစ်နှစ်ကို ဒှေါလာ သန်း သုံးရာလောက် နစ်နာ စရာ အကြောင်းရှိသေးတယ်။
ဒီဆေးကို သုံးမဲ့ လူတွေ ကြည့်တော့ အမွဲတကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီး ပေါက်ကရော့ ဆိုလောက် အောင် စီးပွားရေး ချူချာတဲ့ လူတွေ။ ဆေးဖိုးကို ဘယ်လိုနည်းနဲ့မှ တတ်နိုင်စရာ အကြောင်း မမြင်၊ တကယ်လို့ တတ်နိုင်တယ် ဆိုဦးတော့ အင်မတန် ခေါင်လှတဲ့ မြစ်ဘေးမှာ နေတဲ့ ဒီလူတွေမှာ ဆရာဝန် မရှိ၊ ကျန်းမာရေး ဋဿဌာနမရှိ၊ ဆေးပေးခန်း မရှိ၊ ဆေးရုံ နတဿထိ၊ ဆေးရောက်အောင် ပို့ပေးဖို့ ဆိုတာ ကိုက မြင့်မိုရ်တောင် တက်ရသလောက် ခက်ခဲတဲ့ ကိစဿစဖြစ်နေတယ်။ တစ်ခါ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမို့လို့ အနဿတရာယ်မကင်းတဲ့ ဆေးတွေကို လာစမ်းသပ်နေသလား ဆိုတဲ့ ဆိုင်ရာ အာဏာပိုင်များရဲ့ ရွှေစိတ်တှော ငြိုငြင်မှုကိုလည်း ခံကောင်း ခံရလိမ့်ဦးမယ်။ မာ့ခ်ကုမဿပဏီက လူတွေကို တိရိစဿဆာန်သဖွယ် စမ်းသပ်နေပါတယ် ဆိုတဲ့ သတင်းထွက်သွားပြန်ရင် အနှစ်နှစ် အလလ ထူထောင်ထားရတဲ့ နာမည် တစ်လုံးဟာ အများ တံထွေးခွက်မှာ မှောက်ခုံ၊ ပက်လက် မျောလိမ့်ဦးမယ်။ မထုတ်လုပ်ပဲ ထားလိုက်ပြန်ရင်လည်း ဒီလောက် လူတွေ သေကြေပျက်စီးနေတဲ့ ရောဂါဆိုးကို ကယ်တင်နိုင်စွမ်း ရှိပါလျှက်နဲ့ မကယ်တင်ပဲ ခွေးစားစား၊ ကျီးထိုးထိုး ပစ်ထားရက်တဲ့ မုဆိုးတစ်ပိုင်း ဝိသမ လောဘသား လူအရိုင်းတွေလို့ အပြောခံရလိမ့်ဦးမယ်။ မတတ်နိုင်တဲ့ လူတွေမို့ ဈေးပေါပေါနဲ့၊ ဒါမှ မဟုတ် အလကား ပေးလိုက်ပြန်ရင် မာ့ခ် ကထုတ်တဲ့ တိရိစဿတာန်ဆေး အိုင်ဗာမက်တင် ဟာ အလွန့် အလွန် ဈေးကြီးတဲ့ အတွက် လူတွေသုံးဖို့ အိုင်ဗာ မက်တင်ကို တိရိစဿဆာန် ဆရာဝန်တွေကို ပြန်ရောင်းပြီး အိုင်ဗာမက်တင် မှောင်ခို ဈေးကွက်ကြီး ပှေါလာပြန်ရင် ခက်ရချည့်။
ဒီလိုနဲ့ မာ့ခ်ရဲ့ စီမံခန့်ခွဲသူများဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် အကျပ်ရိုက်ခဲ့ကြပါတယ်။ မာ့ခ် အနေနဲ့ ကမဿဘာတစ်ဝှမ်းမှာ တစ်နှစ်ကို ဒှေါလာ နှစ်ဘီလျှံဘိုးလောက် အထိ ရောင်းအားကောင်းတဲ့ ဂှေါဇီလာ ဆေးကုမဿပဏီကြီး ဖြစ်ပေမဲ့ ဆေးဝါး အသစ်တွေ အတွက် သုတေသန ကုန်ကျ စရိတ်နဲ့ ထုတ်လုပ် မှုဆိုင်ရာ ကုန်ကျ စရိတ်တွေကြောင့် အသားတင် အမြတ်ငွေဟာ ကျဆင်းနေတဲ့ အချိန်ကာလ ဖြစ်နေ ပါတယ်။ တစ်ပူပှေါ နှစ်ပူဆင့် ဆိုသလိုပဲ အဲဒီ အချိန်မှာ အမေရိကန် အစိုးရဟာ အများပြည်သူ အကျိုး အတွက် ကုမဿပဏီကြီးတွေက မူပိုင်ခွင့် ရထားတဲ့ ဆေးဝါး ဖှောမြူလာတွေကို ဈေးချိုချို၊ မျိုးရင်းနာမည်နဲ့ ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ကုမဿပဏီလေးတွေကို ဖြန့်ဖြူးပေးရမယ်ဆိုတဲ့ ဆေးဝါး ထိန်းချုပ်ရေး အက်ဥပဒေ ကို ပြဋဿဌာန်းဖို့ စိုင်းပြင်းဆဲကာလမို့ မာ့ခ်လို ဆေးကောင်းကောင်းကို နာမည်ကြီး တံဆိပ်တပ်ပြီး ဈေးကောင်း ကောင်းနဲ့ ရောင်းတဲ့ ကုမဿပဏီကြီးတွေမှာ ရှေ့လျှောက် အမြတ်ငွေ နည်းသထက် နည်းသွားစရာ အကြောင်း က ရှိနေပြန်ရော။ အဲသလို အခြေအနေမျိုးမှာ ဘာမှ စီးပွားရေး အရ အကျိုး အမြတ်မရှိပဲ အကျိုးယုတ် ဖို့သာ ရှိတဲ့ မြစ်နား ကမ်းနား မျက်ကန်းရောဂါ ကုသဆေးကို ဒှေါလာသန်း ရာချီရင်းပြီး ထုတ်လုပ်ပေးရဦးမယ် ဆိုတော့———————။
ဒါပေမဲ့ ဥကဿကဋဿဌ ဗက်ဂျီလို့စ် နဲ့ မာ့ခ် ထိပ်တန်း စီမံ ခန့်ခွဲသူများဟာ အကြိမ်ကြိမ် ဒူးတိုက်ဆွေးနွေးပြီးတဲ့ နောက် မာ့ခ် အနေနဲ့ မြစ်နားကမ်းနား မျက်ကန်းရောဂါ ကုသဆေး အဖြစ် အိုင်ဗာမက်တင် ကို ထုတ်လုပ်နိုင်စွမ်း ရှိပါလျှက်နဲ့ ကိုယ်နဲ့ မဆိုင်သလို ဘေးထွက်ထိုင်နေပြီး လျစ်လျှူရှုနိုင်စွမ်း မရှိပါလို့ ထုတ်ပြန် ကြေငြာခဲ့ကြ ပါတယ်။ ကုန်ကျ စရိတ်များလွန်းပြီး အကျိုးအမြတ် မမျှောမှန်းနိုင်လောက်အောင် နည်းပါးမှန်း သိရဲ့သားနဲ့ ကို ၁၉ဂဝ ခုနှစ်မှာ အိုင်ဗာမက်တင်ကို လူသားတွေ အသုံးပြုနိုင်တဲ့ ဆေးအဖြစ် ထုတ်လုပ်ဖို့ ဘတ်ဂျက် ချပေး ခဲ့ကြပါတယ်။
(၇) နှစ်တိတိ ပင်ပန်းကြီးစွာ အကြိမ်ကြိမ် သုတေသန ပြုခဲ့ကြပြီး နောက်ဆုံးမှာ လူတွေ အသုံးပြုနိုင်တဲ့ အိုင်ဗာ မက်တင် ကို ထုတ်လုပ်နိုင်ခဲ့ကြတယ်။ မာ့ခ်ရဲ့ အိုင်ဗာမက်တင်ဟာ ဘယ်လောက် အစွမ်းထက် သလဲ ဆိုရင် ဆေးတစ်လုံး ကို တစ်ကြိမ်တည်း သောက်ရုံနဲ့ စွဲကပ်နေတဲ့ မြစ်နား ကမ်းနား မျက်ကန်း ရောဂါ ပိုးကို ထာဝရ ပျောက်ကွယ်သွားစေနိုင်သလို၊ မစွဲကပ်သေးတဲ့ လူတွေ အတွက်လည်း နောင် တစ်သက်လုံး အဲဒီ ရောဂါ မစွဲကပ်အောင် ကာကွယ်နိုင်စွမ်းရှိခဲ့တယ်။
တကယ်တမ်း ထုတ်လုပ်ပြီးတဲ့ အခါမှာလည်း ကနဦးက စိုးရိမ်ခဲ့ကြသလိုပဲ သူတို့ဆေးကို ဝယ်မဲ့သူ တစ်ယောက်မှ ပှေါမလာခဲ့ဘူး။ မာ့ခ် ကုမဿပဏီ အရာရှိတွေ အနေနဲ့ ရောင်းရလို၊ ရောင်းရငြား ဆိုပြီး ကမဿဘာ့ ကျန်းမာရေး အဖွဲ့၊ အမေရိကန် အစိုးရနဲ့ ရောဂါပျံ့နှံ့ရာ အာဖရိက နဲ့ လက်တင် အမေရိက အစိုးရ ဆီကို ရောဂါ ရနိုင်ချေ ရှိတဲ့ လူပေါင်း ၈၅ သန်းကို ကယ်တင်နိုင်တဲ့ ဆေးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံဖို့ အင်မတန် ထိုက်တန်တဲ့ ဆေးဖြစ်ကြောင်း အိုင်ဗာ မက်တင် ကြှောငြာတွေ ဝင်ခဲ့ကြပေမဲ့ ဘယ်သူမှ တုပ်တုပ် မလှုပ်ကြ၊ ကန်တော့ပါသေးရဲ့ လို အပြောမခံရတာတောင် ကံကောင်းလှပြီလို့ ဆိုရလောက်အောင် အိုင်ဗာ မက်တင် ကို စိတ်မဝင်စားချင် ယောင်ဆောင် နေခဲ့ကြတယ်။ တကယ်တော့ စိတ်မဝင်စားကြလို့ မဟုတ်ပါဘူး။ ရင်းနှီး မြှုပ်နှံဖို့ မဝံ့ရဲကြလို့ပါ။ မာ့ခ်လို ထိပ်ထိပ်ကြဲ ဆေးဝါးတွေကို ထုတ်လုပ်တဲ့ ကုမဿပဏီရဲ့ နှစ်ရှည်လများ သုတေသန ပြုပြီး ထုတ်လုပ်လိုက်တဲ့ ဆေးဟာ အင်မတန် ကောင်းမယ်မှန်း သိကြသားပဲ။ ဆေးကောင်း သလို ဈေးလည်း ကောင်းမယ် ဆိုတာ သိကြတဲ့ အတွက် ကုန်ကျ စရိတ်ကို တစ်ပြားမှ မပေးနိုင်တဲ့ တိုင်းသူ ပြည်သားများအတွက် အစိုးရက ဝင်ပြီး အကုန် အကျ ခံရမှာကို တွန့်နေကြတယ်။ တစ်ကမဿဘာလုံးက ကျန်းမာ ရေး ပြသဿသနာ မှန်သမျှ ငါနဲ့ ဆိုင်သကွ ဆိုတဲ့ ကမဿဘာ့ကျန်းမာရေး အဖွဲ့အတွက်တောင် အိုင်ဗာ မက်တင် ဟာ ဆွတ်ချင်ပေမဲ့ မလှမ်းဝံ့အောင် ဈေးကြီးတဲ့ မဥဿဇူသက နတ်ပန်း ဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ပဲ သူ့အိတ်ထဲက ထွက်နိုးနိုး၊ ကိုယ့်အိတ်ထဲက ထွက်နိုးနိုးနဲ့ ထောင်ပေါင်း သောင်းပေါင်း များစွာသော အာဖရိကန် နဲ့ လက်တင် အမေရိကန် မြစ်ဝ ကျွန်းပှေါသားများရဲ့ စကဿခုအာရုံနဲ့ ဇီဝိန် တွေဟာ မြစ်နား ကမ်းနား မျက်ကန်း ရောဂါ အတွက် ပေးဆပ်နေရတာကို မြင်ကြရတဲ့ အခါ မာ့ခ်ရဲ့ စီမံခန့်ခွဲသူများဟာ ဆုံးဖြတ်ချက် တစ်ခု ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ကြပါတော့တယ်။
အိုင်ဗာမက်တင်ဆေးကို ရောဂါ ရနိုင်ချေ ရှိသူများ အားလုံးနဲ့ ရောဂါ ဖြစ်ပွားနေသူ အားလုံးကို တစ်ပြားမှ မယူပဲ အလကား ပေးဝေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်။ ဒီလို ဆုံးဖြတ်ပြီးတာတောင် ပြသဿသနာက မပြီးသေးဘူး။ ဆိုခဲ့ပြီးတဲ့ အတိုင်း အဲဒီ ဒေသက လူတွေမှာ ဆေးရုံ၊ ဆေးခန်း မရှိ၊ ဆရာဝန် မရှိ ဆိုတဲ့ အတွက်ကြောင့် ဆေးကို သူတို့ လက်ဝယ်ရောက်အောင် ဘယ်လို ဖြန့်ဖြူးမလဲ။ နောက်ဆုံးတော့ မာ့ခ်ဟာ အိုင်ဗာမက်တင် ကို ပို့မဲ့ပို့ ကူးတို့ ရောက်အောင် ပို့ဖို့ စီမံလိုက်ကြပါတော့တယ်။
မာ့ခ်ဟာ ငွေကြေးစိုက်ထုတ်ပြီး အပြည်ပြည်ဆိုင်ရာ ကှောမတီ တစ်ခု ဖွဲ့တယ်။ ကမဿဘာ့ကျန်းမာရေး အဖွဲ့ နဲ့ အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ကတစ်ဆင့် သန်းပေါင်းများစွာသော အိုင်ဗာမက်တင် လိုအပ်သူများ အားလုံးကို ဆေးအလကား ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကို ၁၉၉၆ ခုနှစ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဘာဖြစ်လို့များ ဓါးခုတ်ရာ လက်ဝင်လျှိုချင်ရတာလဲ၊ ‘အ’ ရန်ကော၊ ‘ညံ့’ ရန်ကော ဆိုတဲ့ ဘဝတူ ဆေးကုမဿပဏီတွေရဲ့ ကဲ့ရဲ့ သဂြဿငိုလ် အတင်းဆိုသံတွေကို ဥကဿကဋဿဌ ျဖစ္သူ  ဒေါက်တာ ပီ ရွိုင်း ဗက်ဂျီလို့စ် က အခုလို တုန့်ပြန်ခဲ့ပါတယ်။
“ကျွန်တှောတို့ အကြိမ်ကြိမ် စဉ်းစားခဲ့ကြပါတယ်။ သန်းပေါင်းများစွာသော လူသားတွေ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို ပျောက်ကင်းအောင် လုပ်နိုင်စွမ်း ရှိတဲ့ အရာကို ပြုလုပ်နိုင်စွမ်း ရှိရဲ့သားနဲ့ မလုပ်မိခဲ့ဘူး ဆိုရင် ကျွန်တှောတို့ ကုမဿပဏီ အနေနဲ့ တစ်သက်လုံး နောင်တ ရလို့ ဆုံးမှာ မဟုတ်ပါဘူး ခင်ဗျာ။ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်တုန်းက ကျွန်တှော ဂျပန် ကို ရောက်ခဲ့တယ်။ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ကျွန်တှော့ ကို ဘာပြော သလဲ ဆိုရင် ဒုတိယ ကမဿဘာစစ်အပြီး သူတို့ တိုင်းပြည် ပြာပုံထဲရောက်နေစဉ်တုန်းက ဘူးလေးရာ ဖရုံဆင့် ဆိုသလို တီဘီ ရောဂါရဲ့ နှိပ်စက်မှုကို အကြီးအကျယ် ခံနေခဲ့ကြရတယ်တဲ့။ အဲဒီတုန်းက မာ့ခ် ကုမဿပဏီက လှူဒါန်းခဲ့တဲ့ စထရက်တိုမိုင်စင် (Streptomycin) ထိုးဆေးတွေကြောင့် ဂျပန်လူမျိုးတွေ တီဘီ ကို အနိုင်ယူနိုင်ခဲ့တာ သူတို့ အမြဲတမ်း သတိရနေမှာပါတဲ့။ အဲဒီတုန်းကလည်း ကျွန်တှောတို့ အကျိုးအမြတ် ရယ်လို့ တစ်ပြားမှ မရခဲ့ပါဘူး။ ရကောင်းစေရယ်လို့လည်း မမျှောမှန်းခဲ့ပါဘူး။ ဒါပေမဲ့ ခုဂျပန်မှာ အကြီးဆုံး အမေရိကန် ဆေးဝါး ကုမဿပဏီဟာ မာ့ခ် ဖြစ်နေတာကတော့ တိုက်ဆိုင်မှု သက်သက် မဟုတ်ဖူးပေါ့လေ။ ခုလည်း တတိယ ကမဿဘာကို ကျွန်တှောတို့ အလှူအတန်း တစ်ခု လုပ်လိုက်ပြန်ပြီ။ အကျိုးလိုလို့ ညောင်ရေ လောင်းခဲ့တာ မဟုတ်ပေမဲ့ နောင်တစ်ချိန်မှာ ကျွန်တှောတို့ ကုမဿပဏီ အနေနဲ့ အဲဒီ ဒေသမှာ အကျိုး အမြတ် ရှိလာမယ် ဆိုတာ ကျွန်တှောပြောရဲပါတယ်။ မေတဿတာဟာ အသွား အပြန် ရှိတယ်လေ”
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၃)
ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်
လွတ်လပ်တဲ့ ဈေးကွက်ဆိုတာ တကယ်တော့ အဓိက ဇာတ်ဆောင် နှစ်ဦးထဲနဲ့ ပွဲထွက်လာတဲ့ တစ်ခန်းရပ် ပြဇာတ် တစ်ခုပါပဲ။ ရောင်းလို့၊ ဝယ်လို့၊ လဲလှယ်လို့ရတဲ့ ပစ္စည်းတစ်ခုကို ရောင်းမဲ့သူ (Seller) နဲ့ ဝယ်မဲ့သူ (Buyer) တို့နှစ်ဦး သဘောတူတဲ့ ဈေးနှုန်း တစ်ခုနဲ့ အရောင်း အဝယ် ဖြစ်ရင် ကိစ္စပြီးပြီ။ ဒီနေရာမှာ ဈေးကွက်ကို တွန်းအားပေးတဲ့ အဓိက အချက်ဟာ ရောင်းသူဖက်က ရောင်းလိုအား (Supply) နဲ့ ဝယ်သူဖက်က ဝယ်လိုအား၊ တောင်းဆိုအား (Demand) ဆိုတဲ့ နှစ်ချက်တည်းရှိပါတယ်။ ဘယ်လိုဈေးကွက်မျိုးပဲဖြစ်ဖြစ် supply and demand တို့ရဲ့ သဘော သဘာဝကို သိရင် အလုပ်ဖြစ်ပြီလို့ စမစ် နောက်လိုက် များက အသေအကြေယုံကြည်ကြတယ်လေ။
ဒါဖြင့် အဲဒီရောင်းလိုအား၊ ဝယ်လိုအားတွေကို ဘယ်သူထိန်းချုပ်သလဲ။ အစိုးရက ထိန်းချုပ်ရမယ်ဆိုတဲ့ အယူအဆက တော့ တစ်လမ်းသွားဗဟိုဦးစီးစနစ် မာ့ခ်၊ လီနင်၊ မှောစီတုန်း စီးပွားရေးမူဝါဒပေါ့။ ကောင်း၊ မ ကောင်း ကတော့ ရွှေအကြောင်း ဖယောင်းသက်သေထူပြီးပါပြီ။ ကျွန်တော်တို့ဆီမှာလည်း အနှစ်နှစ်ဆယ် လောက် သုံးကြည့်လိုက်တော့ ဈေးကွက်ကို အစိုးရထိန်းချုပ်ခြင်းရဲ့ အရသာတွေကို အီနေ၊ ဆိမ့်နေအောင် ခံစား ဖူးကြပြီလို့ဆိုရမယ်။ လူကြီးမင်း ဘာအလို ရှိပါသလဲ။ အိမ်ထောင်စု တစ်စု ကို တစ်အုပ်ရတဲ့ ကုန်ဝယ် စာအုပ်နဲ့ အတူ သမဝါယမ လူသုံးကုန် ပစဿစည်းဆိုင်သို့ကြွ၊ ကြိုက်တဲ့ ပစဿစည်းကို ကိုယ့်စိတ်ကြိုက် ဝယ်ပစ်မယ် ဆိုတဲ့ စိတ်ကလေးကို ခနဿဓာကိုယ်ထဲက ခဏ ဖြစ်ဖြစ် ရွာပြင်ထုတ်ထား၊ သင့်တှော သလို ခွဲတမ်း ချပေးတဲ့ ပစဿစည်းကို ဝယ်ခွင့်ရမယ်၊ ဒီပစဿစည်း လိုချင်ရင် ဟိုဖက်က အရောင်းထိုင်း ပစဿစည်းကိုပါ မဝယ်မနေရ တွဲဝယ်မှ ရလိမ့်မယ် ဆိုတာ နှလုံးသွင်းထား၊ တစ်ကိုယ်တည်း အပျိုကြီး မမ က နို့ဆီ တစ်ဗူး ဝယ်ချင်လို့ မဝယ်မနေရ ယောကဿငျားဝတ် စွတ်ကျယ် အကဿငျီကြီးကို အောင့်သက်သက်နဲ့ ဝယ်လား ဝယ်ရ၊ သကြားတစ်ပိသာ လိုချင်လို့ သူနဲ့ တွဲရောင်းတဲ့ နို့သီးခေါင်းကြီး ကို ဂယောင် ဂယင်နဲ့ ဝယ်လာရပြီး ဘာလုပ်ရမှန်း မသိတဲ့ လူပျိုကြီး တွေ ဗရပွ၊ အဲဒါဟာ အစိုးရက အလုံးစုံ ထိန်းချုပ်တဲ့ ဗဟို ဦးစီး စနစ်ရဲ့ အနှစ်သာရ။
စမစ်ရဲ့ သဘော အရ ဆိုရင် အစိုးရကို စီးပွားရေးမှာ ခပ်ခွာခွာလေးနေစမ်းပါလို့ အမြဲတမ်း ကြုံတိုင်း ထည့်ထည့် ပြောတာ တွေ့ရတယ်။ ဈေးကွက်ဆိုတာကို အဓိပ္ပါယ်ဖွင့်တာတောင်-
A market is simply an adjustment mechanism for supply and demand which permits the exchange of goods and services between consumers and producers without the need for government intervention လို့ အပြတ်ပြောထား၊ ရေးထားတယ်။
ဒီလိုပြောခဲ့ရေးခဲ့ပေမဲ့ ၂ဝဝ၈ နှစ်လည်ပိုင်းကစခဲ့တဲ့ ၂၁ ရာစု စီးပွားပျက်ကပ်ဆိုးကြီးက ဈေးကွက်ကို ပွဲသိမ်းဒူးနဲ့ တိုက်မယ်တကဲကဲလုပ်လာတော့ အမေရိကန်အစိုးရက AIG တို့၊ Citigroup တို့လို ဘဏ်ကြီးတွေကို ဒေဝါလီ ခံသွားမှာစိုးလို့ ငွေထုတ်ချေးကျားကန်ပေးရတာကို အကြောင်းပြုပြီး ဈေးကွက်မှာ အစိုးရရဲ့ ပါဝင်ပါတ်သက်မှု တစ်စုံတစ်ရာ ပါရင်ကောင်းတယ်လို့ ပြောလာကြ ပြန်ပြီ။ ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ဒါသည် ပင်လျှင် ခါးသီးတဲ့ အတွေ့အကြုံပေါ်မူတည် သင်ခန်းစာယူရတဲ့ ပြောင်းလဲခြင်း (Empirical based reform) ပဲမဟုတ်လား။
ကဲ-ထားပါ။ ခုနက စကားပြန်ဆက်ရရင် အဒမ်စမစ်က ရောင်းလိုအား၊ ဝယ်လိုအားတွေကို ဘယ်သူမှ သီးသန့် အထွေ အထူး ထိန်းနေချုပ်နေစရာ မလိုပါဘူး၊ ဈေးကွက်က သူ့သဘောသူဆောင်၊ သူ့ဖာသာ ကြည့်လုပ် သွားပါ လိမ့်မယ်။ ဘေးကသာ အသာလေး ထိုင်ကြည့် နေစမ်းပါ လို့ပြောတယ်၊ ရေးတယ်။ ဒါကိုမှ မကျေနပ်ရင်တော့ ဈေးကွက်ကို ထိန်းချုပ်နေတဲ့ အရာကို မမြင်ရတဲ့ ကိုယ်ပျောက်လက် (Invisible hand) လို့သာ ခေါ်ကြပါတော့တဲ့။
ဘာတုန်း ကိုယ်ပျောက်လက်။ စမစ်ရဲ့ အလိုအရ မမြင်ရတဲ့လက် သို့တည်း မဟုတ် ကိုယ်ပျောက် လက်ဆိုတာ ပစ္စည်းဈေး နှုန်း နဲ့ အရေအတွက်၊ ကုန်ပစဿစည်း အမျိုးအစားဆိုတဲ့ အရာတွေ ပါပဲတဲ့။ အဲဒီ အရာတွေကနေ ဝယ်လိုအား၊ ရောင်းလိုအား ကို ထိန်းချုပ် ထားလို့ အချိန်တန်ရင် ဈေးကွက်တစ်ခုဟာ သူ့ဆရာနဲ့ သူ့ဒကာ အလိုလို ပြေလည်စမြဲ ဆိုတာတွေကို ဥပမာ၊ ဥပမေယျ တွေလှိုင်လှိုင်ကြီးပေးပြီး အားပါး တရ ရှင်းပြပါတယ်။
ကိုင်း- အခု ကျန်းမာရေး စောင့်ရှောက်မှု ကို ဈေးကွက်ထဲ သွတ်သွင်းလိုက်ပြီ။ ဘယ်လို ဈေးကွက် မျိုးထဲ ဝင်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့  ထိပ်ခေါင်တင် ဖြစ်တဲ့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။
ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ဝယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ဝန်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ဝန်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။
တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားအခြားသော ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကို တွေ့လာ ကြရ တယ်။ အခြားသော ဝန်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ အောက်ကျို့ ခယပြီး ကိုယ်ရောင်းချင်တဲ့ ပစဿစည်း၊ ကိုယ်ပေးချင်တဲ့ ဝန်ဆောင်မှု ကို အစွံ ထုတ်ရတယ်။ တစ်နည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲ ရောက်ဖို့ အတွက် လူ့အောက်ကျို့ လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ဝန်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် က အထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ “များလိုက်တာ ဆရာရယ်၊ လျှော့ပါဦး၊ ဒစ်စကောင့် မပေးဘူးလား၊ ဘာညာ” ဆိုပြီး စောကဒ တက်ရိုး ထုံးစံ မရှိ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ဝန်ဆောင်မှု ဟာနားမလည် နိုင်စရာ ဝန်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ ခယ ပြီး ဝန်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။
ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဟာ ဘယ်လိုဟာကြီးလဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန တွေ လျှောက် လုပ်ကြည့် ကြတယ်။ ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-
(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည် ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏ ဝိသေသ လက္ခဏာ များနှင့် ဖီလာကန့်လန့် ဆန်ကျင်သည်၊ ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကို ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်- ရယ်လို့ ဖြစ်ပါတယ်။
ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ လူတစ်ယောက်ဟာ Laptop ကွန်ပြူတာလေး တစ်လုံး ဝယ်ချင် တယ်ဆိုပါစို့။ ဘယ် ကွန်ပြူတာ အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ဝန်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေ လေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး၊ အကောင်းဆုံး နဲ့ ကိုယ်ပေးရတဲ့ ငွေနဲ့ အတန်ဆုံး ဆိုတဲ့ ပစဿစည်း ကိုမှ ရွေးချယ် ဝယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ဝယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။
အဲ-လူတစ်ယောက် နှလုံး ရောဂါ ရလို့ နှလုံး အထူးကု သမားတှောကြီး နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို ဆေးခန်းစာရေး ဆီ မေးလို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည်မှာလား၊ အွန်လိုင်း ပေါ်တက်ပြီး ဈေးသက်သာ၊ အပြောချိုသာ၊ ကုသမှု ကောင်းတဲ့ သမားတော် ကို စိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ဝန်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီး ဈေးမဆစ် စတမ်း ကျသလောက်ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ဝယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ ကိုယ် ဝယ်ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို ရောင်းသူ ဆရာဝန် က ဝယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။
ဆိုတော့ အဒမ် စမစ် ရဲ့ အလိုအရ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို ကိုယ်ပျောက်လက်က ကြည့်ထိန်းသွားလိမ့်မယ် ဆိုတဲ့ အယူအဆ ဟာ ဆေးကွက် စီးပွားရေး မှာ ဘယ်နည်းနဲ့မှ မမှန်နိုင်ပါ။ ကိုယ်ပျောက်လက်ကိုသာ ထိန်းခိုင်းထားရင် ဈေးကွက်ထဲ ဝင်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ လိုဘ နဲ့ အာလျှ ကို မထိန်းနိုင်ပဲ ကိုယ်ရဖို့အရေး ပြူးပြဲ ရှာဖွေနေကြတဲ့ ဇီးကွက် စီးပွားရေး ဖြစ်ကုန်ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ဈေးကွက်ထဲ ဇွတ်အတင်းဝင်လာတဲ့ ဆေးကွက် စီးပွားရေးရဲ့ ထူးထွေသည့် အံ့ရာသှောဝ် ဝိသေသ  များကြောင့် ပစဿစည်းမှန်ရင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားလို့ ရရမယ် ဆိုတဲ့ စမစ်ရဲ့ အယူ အဆဟာ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်တဲ့ အခြေ အနေနဲ့ ရင်ဆိုင်ရပါတော့တယ်။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်
သို့သှော ဘာပဲ ပြောပြော ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ဝါးမျို ပစ်လိုက် တယ်။ အိုဘာမား ကြီးက ဒါကို မြေလှန် ပြောင်းလဲ ပစ်မယ် ဆိုတဲ့ ကြွေးကြှောသံ နဲ့ သမတ ဖြစ်လာသူပေါ့။ ခုတော့ မြေလည်း မလှန်နိုင်၊ ပြောင်းလဲ မပြောင်းနိုင်ပဲ နှာခေါင်း ကျည်ပွေ့ တွေ့နေရှာပြီ။ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက် မှာပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ စတင် ရိုက်ခတ်တဲ့ ၁၉၉ဝ ပြည့်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှ ပူစရာ မလိုတဲ့ လုပ်ငန်း မျိုးကိုး။
ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ ဒီဈေးကွက်ကြီး ငါ့တစ်ယောက်ထဲ ကြိတ်ပစ် မယ် ဆိုပြီး လက်ဝါးကြီး အုပ် (Monopolize) ထားလို့ မရတဲ့ အတွက် အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့် ဆေးရုံ၊ ဆေးခန်း ကို ဝင်လာမစဲ တသဲသဲ ဖြစ်ဖို့၊ နေအထွက်မှာ ရွှေခွက်နဲ့ ငွေ အပြည့် ခပ်နိုင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ၊ မာယာ တစ်သိန်း အပလိန်း အနနဿတနဲ့ ကြှောငြာတွေကို  သုံးလာကြရ ပြီပေါ့။ ပြည်တွင်း ဆေးရုံ၊ ဆေးခန်း တွေတင် ကြှောငြာရတာ အားမရလို့ ခုနောက်ပိုင်း ထိုင်း၊ စင်ကာပူ၊ အိနဿဒိယ တို့က ဆေးရုံ ဆေးခန်း မျိုးစုံ ရွှေပြည်ကြီးမှာ ခြေချင်းလိမ်အောင် စုံစီ နဖာ လာကြှောငြာ ကြတာ မတွေ့ချင်မှ အဆုံး မဟုတ်လား။ ဆရာဝန်တွေ ရှောင်ကြဉ်အပ်တဲ့ မသူတှော တရား ခြောက်ပါးမှာ ကြှောငြာဝင်ခြင်း (Advertising) ကို ထိပ်ဆုံး က ထည့်သွင်းပြီး ဟစ်ပိုကရေးတီးကြီး ကိုယ်တိုင် ရှုံ့ချ ထားပေမဲ့ ဈေးကွက် စီးပွားရေး ခေတ်မှာ အဲဒီ ဆရာဝန်ကြီးတွေ ကိုယ်တိုင်ပဲ သူရို့ ဆေးရုံ၊ ဆေးခန်းများ လူဝင်များစေရန် အလို့ဌာ မေတဿတာ တရား ရှေ့ထားလို့ ကြှောငြာဝင်ခြင်း အလုပ်ကို ပြုကြရရှာပါတယ်။ ဒေသနာ အာပါတ် လို့ သဘောထားပြီး နောက်မှ အာပါတ် ပြန်ဖြေကြမယ် ထင်ပါရဲ့။
ဒီလို ကြှောငြာ ကြတဲ့ အခါ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာလဲ သေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန်ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ ခုထိ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ စုံစီ နဖာ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ဝန်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့————–။
“အကျွန်ုပ် တို့၏ တာဝတိံသာ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိုသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများ၏ အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ ရာဂေါ ဝါဒနေ ထွာထွာရေ ကို အကြောင်း မညီညွတ်၍ ဘောင်းဘီကျွတ် မတတ် ခံစား နေရသော မိတ်ဆွေ၏ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကို ဆေးရုံ ဝန်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ ခံစားနေရ သောဝေဒနာ အားလုံးကို ပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ဝါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ ဖိတ်ဖိတ်တောက်၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့် အားမနာ စတမ်း စိတ်ကြိုက် ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ဝန်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များက မိတ်ဆွေ ကို ဖရဏ ပီတိ ဂွမ်းဆီထိ သလို အကြောပေါင်း တစ်ထောင် ပြေလျှော့စေဖို့ အသင့် စောင့်ကြို နေပါရစေ။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း သက်သာစွာ အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့်————————”
ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ဝန်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ဝန်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ်ရယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Escalated cost) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။
ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘော ပေါက် နားလည်ပြီးသား။
ဈေးကွက်ဝင် ကျန်းမာရေး စောင့်ရှောက်မှု ဟာ ကြိုက်သလောက် သုံး၊ ကျသလောက် ပေး စနစ်ဆိုတော့ လူနာတွေကို ဆွဲဆောင်ဖို့အတွက် လိုလို မလိုလို လုပ်ထားတဲ့ အပို ဝန်ဆောင်မှု စရိတ် စက တွေ အားလုံး ကို အချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ၀ါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့  အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး စတား ရုပ်ရှင် ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲရှေ့ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန်ဟာ သုံးစွဲသူ လူနာ မိတ်ဆွေထံ မှာရှိနေ သည်မဟုတ် ပါလား။
(အခန်း ၂ ဆက်ရန်)
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၂)
မေဆန်ကို ခြေကန်၊ လိုက်ခဲ့တော့ အာရောဂျံ၊ ဈေးကွက်ရဲ့ ခှေါသံ
ခုချိန်ကာလ သမယ။
နိုင်ငံရဲ့ အရေးကို လုပ်ရင် နိုင်ငံရေးပဲဟေ့ လို့ ခံယူကြတဲ့ နိုင်ငံရေး သမား ဆိုသူများ၊ နိုင်ငံရေး ပါတီ များက ပြည်သူ လူထုရဲ့ ကျန်းမာရေး အခြေ အနေ ကို မြှင့်တင်၊ ကျန်းမာရေး စောင့်ရှောက်မှု များကို အဆင့်မြှင့် ပြီး ရှေး ပဝေသဏီ က ကျင့်သုံးခဲ့တဲ့ အခမဲ့၊ အလကား၊ တစ်ပြားမှ မပေးရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ပြန်လည် ကျင့်သုံးဖို့ ကျယ်ကျယ်လောင်လောင် ပြောနေကြ။
စာနယ်ဇင်းတွေက သတင်းလွတ်လပ်ခွင့် ဆိုတာကြီးရဲ့ အသီး အပွင့် အရွက် အဖူး များကို ခံစားရင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ရဲ့ ချို့ယွင်းမှုတွေ၊ ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ပြည်သူ လူထု ကြုံတွေ့ ခံစားနေရတဲ့ အထွေထွေ အဆင် မပြေမှု တွေ၊ ကျန်းမာရေး စောင့်ရှောက်သူ၊ အထူးသဖြင့် ဆရာဝန် များရဲ့ ပေါ့ဆမှုကြောင့် လူနာမှာ နစ်နာရတာတွေကို စက်ရပ် သတင်း အဖြစ် စာလုံးမည်းကြီးများနဲ့ ကျယ်ကျယ် ပြန့်ပြန့် အားပါးတရ ဖှောပြ နေကြ။
ယူချင်ချင် မယူချင်ချင် သမိုင်းပေး တာဝန် အရ လူအများရဲ့ ကျန်းမာရေး ကို တာဝန် ယူထားရတဲ့ ဆရာဝန် အမှူးပြုသော ကျန်းမာရေး စောင့်ရှောက်သူတွေဟာ အစောင့်ရှောက်ခံ ပြည်သူ လူထုရဲ့ တစ်နေ့ တစ်ခြား တိုးပွားလာသော လိုအင်တွေ၊ အဆင့်မြင့် ဝန်ဆောင်မှု တွေကို ဖြည့်ဆည်း ရန် အတွက် ရှိသမျှ အတတ် ပညာ အင်အား များနဲ့ မဆုတ် မနစ် ကြိုးပမ်း ဆောင်ရွက် နေပါ သှောလည်း အတိုင်ခံရ၊ အတောခံရ ဂျာနယ်မှာ အရေးခံ ကြရပြီး ရှေ့တိုး လည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ် ဖြစ်ကာ မျက်နှာ မရ ခြေထောက်ရ ဖြစ်နေကြ။
မီဒီယာ မျိုးစုံ ကလည်း ကျန်းမာရေး နဲ့ ပါတ်သက်တဲ့ အသိပညာ၊ ဗဟုသုတ တွေကို ပြည်သူလူထု ထံ စေတနာ ဗလပွ နဲ့ မဟားတရား ဇွတ်အတင်း ထိုးနှိပ် ဖိသိပ် ထည့်ပေး။ ကျန်းမာရေး ပြခန်းတို့၊ ကျန်းမာရေး စကား ပလဿလင်တို့၊ ကျန်းမာရေး ဘာညာ သာရကာတို့ တောင်တောင် အီအီ ရှည်ရှည်လျှားလျှား ပြသ၊ ပြောဆို၊ ရေးသားကြ၊ အကျိုးဆက် အားဖြင့် ကျန်းမာရေး အသိပညာများ အလွန် အမင်း ထွန်းကား ပွင့်လင်း လာတဲ့ ပြည်သူ လူထုဟာ ရာဂေါ ဝါဒနေ ထွာထွာရေ အတွက် နိုင်ငံခြား ဆေးရုံ၊ ဆေးခန်း များကို အစွမ်းကုန် အားကိုးရင်းက ဆေးဖိုး ဝါးခ စရိတ်ထောင်းလို့ နွားရောင်းရ၊ အိမ်ပေါင်ရနဲ့ ခါးကျိုး နလန် မထူ ဖြစ်သူတွေလည်း ဖြစ်ကြ။
အို- အချင်း မေဆန်
“ကျွန်တှော အေ ဂျေ ကရိုနင် ရဲ့ The Citadel ဝတဿတုကြီး အကြောင်း တစ်စွန်း တစ်စ ပြောချင်မိပါတယ်။ အဲဒီ ဝတဿတု ကြီး ကို ကျွန်တှော ကြိုက်လွန်းလို့ ရဲတိုက် လို့ အမည်ပေးပြီး ဘာသာပြန် ခဲ့တာပါ။ ၁၉၈၃ ခုနှစ် တဝိုက်က လူငယ်တွေ (တကဿကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ ဆေးကျောင်းသား၊ ကျောင်းသူ တွေနဲ့ ဆရာဝန် ပေါက်စတွေ) ကြားမှာ အတှောကလေး အပြောများခဲ့တဲ့ နိုင်ငံ တကာ စာပေ စာရင်းဝင် ထင်ရှားခဲ့တဲ့ ဘာသာပြန် ဝတဿတု တစ္ပုဒ္ပါ။
ဒီဝတဿတုထဲက အင္ဒရူး မေဆန် ဟာ လူငယ်တွေ အတွက် (အထူး သဖြင့်) ဆရာဝန် တွေ အတွက် အားကျ စရာ လူပါ။ သူဟာ ငွေကြေး ချို့ချို့ငဲ့ငဲ့ နဲ့ ရုန်းကန် လှုပ်ရှားပြီး ဆရာဝန် ဘဝကို မရရအောင် ကြိုးပမ်း ရယူခဲ့သူပါ။ ပြီးတော့ အင်ဒရူးရဲ့ အခြေခံ ပင်ကိုယ် စိတ်ဓါတ်ဟာ မှန်တာကို ကြိုက်ပါတယ်။ လူတွေကို လိမ်ညာပြီး လမ်းမှားရောက်အောင် လုပ်တာမျိုးကို မကြိုက်ပါဘူး။ သူ့ဘဝ တည်မှီရာ ဆေးပညာ လောက တစ်ခုတည်းကိုသာ တိုးတက် စေချင်တာ မဟုတ်ပါဘူး။ လူ့ အဖွဲ့အစည်း တစ်ခုလုံးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက် စေချင်တဲ့လူပါ။
နောက်တစ်ချက်က ဆရာဝန် တစ်ယောက် အနေနဲ့ ငွေကြေး အဓိက ထားမှုကို မနှစ်မြို့ပါဘူး။ သူ့ယုံကြည်မှု ရှေ့မှာ ငွေကြေးကို ထားခြင်းဟာ မှားတယ် လို့ ယူဆတဲ့ လူပါ။ ဆရာဝန် ဆိုတာ ဘယ်လို ရပ်တည်သင့်တယ် ဆိုတဲ့ စဉ်းစား စရာ အချက် တစ်ချက် ကိုလည်း အင်ဒရူးက ထုတ်ဖှောပြသ သွားတဲ့ ပုဂဿဂိုလ်ပါ။ အင်ဒရူး မေဆန် ဟာ ဆေးပညာ လောက မှာ လမ်းသစ် ဖောက်ချင် သူပါ။ လမ်းဟောင်းက ယူသင့်တာတွေကို ယူပြီး ပယ်သင့်တာတွေကို ပယ်ချင်တဲ့ လူပါ။ သူ့ စိတ်နေ စိတ်ထား၊ သူ့ အပြု အမူ၊ သူ့ခံယူချက်နဲ့ သူ့ လုပ်ပုံ ကိုင်ပုံ ပြောပုံ ဆိုပုံ တွေဟာ၊ အားကျ ချင် စရာ၊ အတုယူချင် စရာတွေပါ”
အထက်ပါ စကားလုံးတွေဟာ ၂ဝဝ၅ ခုနှစ် မေလထုတ် ဗျူတီ မဂဿဂဇင်း မှာ ပါခဲ့တဲ့ လူငယ်နဲ့ နိုင်ငံ တကာ ရသ စာပေ ဆောင်းပါး ထဲက ဆရာ မောင်ထွန်းသူ နဲ့ အင်တာဗျူး ကို ကောက်နှုတ် တင်ပြ ထားတာပါ။
အေ ဂျေ ကရိုနင် ရဲ့ ဒေါက်တာ အင်ဒရူး မေဆန် က စလို့၊ ကျှောအောင် ရဲ့ နှလုံးလှ ဆရာဝန် ဒေါက်တာ နှောမန် ဗက်သွန်း၊ ဂျာနယ်ကျှော ဦးချစ်မောင်ရဲ့ ဒေါက်တာ မြင့်မောင် အလယ်၊ လကဿငာရည်ကျှော ရဲ့ ချင်းတောင်မှာ တောင်ပံ ခတ်တဲ့ ကြိုးကြာ ဒေါက်တာ လတ်ငြိမ်း အဆုံး အားလုံးဟာ သူတို့ရဲ့ အဓိက ဇာတ်ကောင် “ဆရာဝန်“ ဆိုတဲ့ ဘဝ ကို အားကျ ဂုဏ်ယူ ထိုက်တဲ့၊ ပီတိ ကို စားပြီး အားရှိကြတဲ့၊ လူသား နဲ့ ဘုရား ကြားက တန်ခိုးရှင် နတ်တစ်ပါး နီးနီး လောက် အစွမ်း အစရှိတဲ့ မဟာ လူသား အဖြစ် ဖန်တီး ခဲ့ကြတယ်။ လူ့အဖွဲ့အစည်း က ဆရာဝန်ကောင်း တစ်ယောက်ကို အကဲဖြတ်လိုက်တဲ့ စံတန်ဖိုးများ တွေ အားလုံး ထည့်သွင်းပြီး မဟာ လူသား ဆရာဝန်ကို အနုပညာရှင်တွေ ဖန်တီး ခဲ့ကြတယ်။ မေဆန် ဆိုတဲ့ ပေတံနဲ့ တိုင်းကြည့်လို့ ပေမီ၊ ဒေါက်မီ မှသာ ဆရာဝန် ဖြစ်စေ ဆိုတဲ့ သဘောပါပဲ။
ကျန်းမာရေး ဈေးကွက်
ဒီမျှောလင့်ချက်ကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က စတင် အသက် သွင်းပေးခဲ့ပါတယ်။ မာ့ခ်စ် စပြီး မီးမွှေးခဲ့တဲ ဘုံဝါဒ ကို ယုံယုံ ကြည်ကြည် အကောင် အထည် ဖှောခဲ့တဲ့ နိုင်ငံ တိုင်းမှာ နိုင်ငံသားများ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ဆိုတာကို ကျင့်သုံးခဲ့တယ်။ အဲဒီ ခေတ်၊ အဲဒီ စနစ် အောက်မှာ တိုင်းသူ ပြည်သား များရဲ့ ကျန်းမာရေး အတွက် အစိုးရက အပြည့် အဝ တာဝန်ယူ ခဲ့တယ်။ ပုဂဿဂလိက ပိုင်ဆိုင်မှု ဘာမှ ကြီးကြီးမားမား မရှိရပဲ ငွေကြေးလည်ပါတ် စီးဆင်းမှု အားလုံးကို အစိုးရက စီမံ ခန့်ခွဲတဲ့ ဗဟို ဦးစီး စီးပွားရေး စနစ် ဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှု အတွက်လည်း အစိုးရ က အစစ အရာရာ တာဝန်ယူ ပေးရတာ အင်မတန် သဘာဝကျတဲ့ ကိစဿစ တစ်ခုပါပဲ။ စေတနာ ဆရာဝန် ဆိုတဲ့ ပုဂဿဂိုလ်တွေဟာလည်း အဲဒီခေတ် ကျန်းမာရေး စောင့်ရှောက်မှုရဲ့ စံပြ ပြယုဂ် တွေ ဖြစ်ခဲ့တာပေါ့။ လက်ဝဲ ဩဇာကြောင့် ပေါက်ဖွားလာခဲ့တဲ့ ဇာတ်ရုပ်များလို့တောင် ပြောရ မလားပဲ။
အမှန်ကတော့ ဆရာဝန် တစ်ယောက်ဖြစ်ဖို့ လေ့ကျင့် သင်ကြားပေး လိုက်တဲ့ ဆေးပညာရဲ့ အခြေခံ ဒသဿသနဟာ ဟစ်ပို ကရေးတီးရဲ့ ကျင့်ထုံး အတိုင်း ဝေဒနာရှင် လူနာ ကို အဓိက ထားတဲ့ စနစ် ဖြစ်ပါတယ်။ ငွေကြေးဆိုတာ တစ်နွယ်ငင် လို့ တစ်စင် ပါလာတဲ့ သဘောပါပဲ။ ဒီလူနာကို ဒီလိုကုပေးလို့ ဒီရောဂါ ပျောက်သွားတဲ့ အတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီငွေကို ကန်တော့တယ်။ ဆရာဝန် နဲ့ လူနာ၊ နှစ်ယောက် တစ်အိပ်မက် ကမဿဘာထဲမှာ ငွေကြေးရဲ့ အခန်း ကဏဿဍ ဟာ ကျေးဇူး တရား အတွက် အတုန့် အလှည့် ပြုဖို့ရန် အသုံးချခံ ပစဿစည်း တစ်ခု လောက်ပါပဲ။
ခေတ် အဆက်ဆက် အနု ပညာ ရှင်များဟာ စေတနာ ဆရာဝန် ဆိုတဲ့ စံပြ ဇာတ်ရုပ်ကို ဖန်တီး ခဲ့ကြသလိုပဲ အသပြာ ဆရာဝန် လို့ သူတို့ သတ်မှတ်တဲ့ ဆရာဝန် လူတန်းစား ကိုလည်း ကောင်းကောင်းကြီး ဆှောပ လှောတီး ခဲ့ဖူး ပါတယ်။ ကာတွန်း ဆရာက အသပြာ ဆရာဝန် ဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ဆိုပြီး သရှော လှောင်ပြောင်၊ စာရေး ဆရာက မင်းသားလေးနဲ့ မင်းသမီးလေးရဲ့ ချစ်ခြင်း ကို ခွဲတဲ့ ဗီလိန် ဂုံးရုပ် အဖြစ် ဆရာဝန် ကို အသုံးချ၊ ရုပ်ရှင်တွေထဲမှာ မင်းသမီး ရဲ့ မိဘတွေက အူယားဖားယား သဘောတူ လွန်လွန်း အားကြီး လွန်လွန်းလို့ မင်းသမီးနား ကပ်ကပ်ပြီး နွားပြာကြီး အောက်သွား မရှိတဲ့ ရုပ်မျိုးနဲ့ တဟီဟီ လုပ်တဲ့ ဆရာဝန် ကိုလူပေါ ဇာတ်ရုပ် အဖြစ် စေတနာ ဗရပွနဲ့ ထည့်သွင်း ရိုက်ကူးပြ။
သမိုင်း ရဟတ် တစ်ပါတ်လည်ချိန် မှာတော့ လူတွေကို ဂုတ်ခွစီးပြီး ကောင်းကောင်းကြီး ပညာပေးခဲ့တဲ့၊ အခြေခံ လူသုံးကုန် ပစဿစည်းကလေးတွေ ကိုတောင် ခွဲတမ်း စနစ်နဲ့ ဝယ်ခွင့်ရဖို့ လျှာအလျားလိုက်ထွက်အောင် တန်းစီ တိုးစားရတဲ့၊ ရောင်းသူ အမြဲမှန် (Provider is always right) တဲ့ ဗဟိုဦးစီး စီးပွားရေး စနစ် ဆိုတာကြီးတွေဟာ ငါးသုံးလုံး စီးကရက် လောက်တောင် သက်တမ်း မရှည်တဲ့ မာ့ခ်စ် ဝါဒ နဲ့အတူ တစ်ကမဿဘာ လုံးမှာ ပါတ်စာခွာ ဖျာသိမ်းခဲ့ပြီး စားသုံးသူ အလိုကျ ဝယ်သူ အမြဲမှန် (Customer is always right) တဲ့၊ ဘယ်ပစဿစည်း မဆို လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား နိုင်တဲ့၊ အပြိုင်အဆိုင် ရောင်းကြ၊ ဝယ်ကြတဲ့ အဒမ် စမစ် ရဲ့ ဈေးကွက် စီးပွားရေး စနစ် ဆိုတာကြီး တစ်ကျော့ပြန် ခေတ်စား လာခဲ့တယ်။ အရင်တုန်းက အရင်းရှင် ကို အရင်ရှင်း ရမကွ လို့ ကြုံးဝါး ကြွေးကြှောခဲ့တဲ့ ဘုံဝါဒ ကတော့ ခုမြောင်းထဲ ရောက်သွား ခဲ့တယ်။ သူအရင်ရှင်းချင်တဲ့ အရင်းရှင် စနစ် တဖြစ်လဲ ဈေးကွက် စီးပွားရေး စနစ်ကတော့ အောင်ပန်းပန် ပြီး အောင်လံ လွှင့်လျှက်ပဲ။
ဈေးကွက်စီးပွားရေး စနစ်ရေစီးကြောင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ အထူးသဖြင့် Medical care လို့ ခှေါတဲ့ ကုသရေး လုပ်ငန်း ဟာ အလိုက်သင့် အလျှားသင့် စီးမျော လိုက်ပါ သွားခဲ့တယ်။ ပြည်သူ့ဆေးရုံတွေနဲ့ စင်ပြိုင် ပုဂဿဂလိက ဆေးခန်းကြီး၊ ဆေးရုံကြီးတွေ ဟောတစ်ခု၊ ဟောတစ်ခု ပှေါပေါက် လာခဲ့တယ်။ အစပိုင်းမှာတော့ မြေစမ်း ခရမ်းပျိုးနေရာက အချိန်တိုတို အတွင်းမှာပဲ အခြေခိုင် အသားကျ လာတယ်။ အခြား စီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဖွံ့ဖြိုးလာတယ်။ အလွန်ရိုးစင်းလှတဲ့ ဆရာဝန်နဲ့ လူနာ နှစ်ယောက် တစ်အိပ်မက် ကမဿဘာလေးဟာ ရုတ်တရက် ချက်ချင်းပဲ ဈေးကွက် ထဲ ဆိုင်းမဆင့် ဗုံမပါ ဝင်လာခဲ့တယ်။ ဝင်လွန်း အားကြီးလို့ ဆွဲတောင် ထုတ်လို့ မရတော့လောက်အောင် ဖြစ်လာခဲ့တယ်။ ဈေးကွက် စီးပွားရေး စနစ် ထဲမှာ အခြား လုပ်ငန်းတွေ ပြိုလဲတာ၊ ပျက်စီးတာ၊ မအောင်မြင်တာတွေ ရှိသင့် သလောက် ရှိခဲ့ကြပေမဲ့ Health care market လို့ ပြောင်ပြောင်တင်းတင်း ခှေါတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဈေးကွက် ကတော့ ကြံတိုင်းအောင် လို့ ဆောင်တိုင်းမြောက်ခဲ့တယ်။
ဒီလိုနဲ့ပဲ ပြိုလဲ သွားတဲ့ ဘာလင် တံတိုင်း၊  ဆိုဗီယက် ယူနီယံ နိဂုံး နဲ့ အတူစုတေ ခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ် စံနစ်၊ အမည်ခံ ကွန်မြူနစ် ရုံ နစ်ပြီး အစိုးရ ကိုယ်တိုင်က ဈေးကွက်ထဲ ဗြန်းဗြန်းကွဲအောင် ဝင်ကြဲကာ ကမဿဘာ့ ဒုတိယ စီးပွားရေး အင်ပါယာ ရာထူးကို ခပ်တည်တည် သိမ်းပိုက်ခဲ့တဲ့ ဆွေမျိုး ပေါက်ဖှော ရှောင်လင် သူရဲကောင်းများ၊ မိုက်ကရိုဆော့ဖ် ဝင်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူတာ၊ တတိယ လှိုင်းနဲ့ ကမ္ဘာပြားခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာမီ နဲ့ ဆဒန် ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်း နဲ့ အိုင်ပက်၊ အိုင်ပေါ့၊ အိုင်ဖုန်း၊ ဖေ့စ်ဘွတ်ခ် နဲ့ ဝီကီလိခ်၊ အယ်လ်နီညိုနဲ့ လာနီညာ၊ ဂျပန်ငလျှင်နဲ့ ကဒါဖီ စတဲ့ အပြောင်း အလဲ လှိုင်းလုံးကြီး တွေ တစ်လုံး ပြီး တစ်လုံး ခပ်ကြမ်းကြမ်း ရိုက်ခတ် ခဲ့ပြီးတဲ့နောက် ယခင် ကဂုဏ်ယူ ၀ံ့ကြွား စွာ ကမ္ဘာ့ ဒေသ အတော်များများ လက်ခံ ကျင့်သုံး ခဲ့ကြ တဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစံနစ် နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူး မေဆင်၊ ဒေါက်တာ မြင့်မောင်၊ ဒေါက်တာ လတ်ငြိမ်း တို့ အမှုးပြုတဲ့ စေတနာ ဆရာဝန်ကြီး များ ဈေးကွက် ပါရာဒိုင်း ရေစီးကြောင်း ထဲမှာ ပက်လက်ရော၊ မှောက်ခုံ ပါ မျောကုန် ကြတော့တယ်။
ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ (၂)
ဝေးလွင့် ကင်းကွာ နှစ်တစ်ရာ
အခန်း (၂) – ပထမပိုင်း
ဆယ့်ခြောက်ရာစု နှစ်တွင် ပင်လယ်ဓါးပြကြီး ဆာ ဖရန်စစ် ဒရိတ်က ရိုင်ယိုဟာချာ မြို့ကို ကျူးကျှော ချိန်ဝယ်၊ အာဆူလာ အီဂွာရန် ၏ ဘင်မကြီးသည် နားကွဲမတတ် ဆူညံသော အမြှောက်သံများနှင့် ငရဲပွက် သလို အှောဟစ်နေသော လူသံများ၊ အချက်ပေးခေါင်းလောင်းသံများကြောင့် အကြောက်ကြီး ကြောက်ပြီး လုပ်မိလုပ်ရာ မီးတောက်နေသော မီးဖို ပှေါသို့ ဖင်ထိုင်ချမိခဲ့သည်။ အကျိုးဆက်အနေဖြင့် အောက်ပိုင်း တစ်ပိုင်းလုံး မီးလောင်ခံလိုက်ရသော ထို မိန်းမကြီးသည် သူ့လက်ကျန် ဘဝတစ်လျှောက်လုံး သုံးစား၍ မရ သည့် အိမ်ထောင်ရှင်မ တစ်ဦး အဖြစ် စခန်း သွားခဲ့ရရှာသည်။ သူထိုင်ချင်ပြီ ဆိုလျှင် ခေါင်းအုံး များ ခံ ထား သော ထိုင်ခုံပှေါတွင် ဖင် တစ်ခြမ်းစောင်း၍ ထိုင်ရ၏။ အင်မတန် ရယ်စရာ ကောင်းလှသော လမ်းလျှောက် ဟန်ကြောင့် လူမြင်ကွင်းတွင် ဘယ်တော့မှ လမ်းမလျှောက်တော့။ လူမှုကိစဿစ အားလုံးကို စွန့်လွှတ်၍ အိမ်တွင်း ချည်း အောင်းနေတော့သည်။ သူ့နားကပ်လိုက်လျှင် အမြဲတမ်း ညှောနံ့လိုလို ရတတ်သေး၏။
အရုဏ်တက်လာလျှင် သူ့ကို အမြဲလိုလို အိမ်ဘေး မြေကွက်လပ်တွင် တွေ့ရ၏။ အနည်းဆုံးတော့ ထွက်ပြူ လာသော နေမင်းကို ကြည့်နေရခြင်းသည် အမြဲလိုလို မက်တတ်သည့် အိပ်မက်ထဲမှ သူ့အိပ်ခန်း ပြူတင်းကို ကျှောဝင်လာပြီး သူ့ကို အသေအကြေ ကိုက်ခဲရန် ကြိုးစားသည့် အဂဿငလိပ် ဓါးပြကြီး၏ ခွေးဆိုးကြီးများ အနဿတရာယ် မှ လွတ်ကင်းသည် မဟုတ်လား။
ဤဖြစ်ရပ်များ မဖြစ်ခင် ကတော့ သူ့ခင်ပွန်း ကုန်သည် အာရာဂိုနက်စ် အတွက် သူ ရင်သွေး နှစ်ဦး မွေးဖွား ပေးခဲ့ပြီး ဖြစ် သည်။ ခင်ပွန်းသည် ပိုင်ဆိုင်သော စည်းစိမ် တစ်ဝက်ခန့်မှာလည်း သူ့ဆေးဖိုး အဖြစ် ပြုတ်ပြုတ် ပြုန်းခဲ့ရပြီ။ နောက်ဆုံးတော့ သူ့ခင်ပွန်းသည် လုပ်ငန်းအားလုံး ရောင်းချလိုက်ပြီး မိသားစုကို ခှေါဆောင်ကာ ပင်လယ်နှင့်ဝေးသော၊ တောင်ခြေနှင့် နီးသော၊ အေးချမ်းသည့် အင်ဒီးယန်းတို့ ဌာနေ ရွာကလေး တစ်ရွာ မှာ အခြေချခဲ့တော့ သည်။ နေအိမ်အသစ်တွင်တော့ အိပ်မက်ဆိုး အမြဲမက်တတ်သော ဇနီးသည် အတွက် ပြူတင်းပေါက် လုံးဝ မပါသော အိပ်ခန်း တစ်ခန်း ဆောက်လုပ် ပေး၏။
ထိုရွာကလေးတွင် ဆေးရွက်ကြီး စိုက်ပျိုးသော ရွာနေရွာခံ တစ်ဦး ဖြစ်သည့် ဒွန် ဟိုဆေး အာကာဒီယို ဘူဝမ်း ဒီးယား နှင့် အာဆူလာ၏ ဘင်ထီးကြီးတို့သည် လုပ်ငန်း စပ်တူ လုပ်သော ဘဝသို့ ရောက်ခဲ့ကြသည်။ ကံ အကျိုး ပေးကောင်း သဖြင့် လုပ်ငန်း အကြီး အကျယ် ဖြစ်ထွန်းခဲ့သည်။ ရာစုနှစ်ပေါင်းများစွာ ကုန်လွန် ခဲ့ သော အခါ ရွာနေရွာခံ၏ ကျွတ်ထီးကလေးနှင့် အာရာဂိုနက်စ်၏ ကျွတ်မ ကလေး တို့သည် ပါတနာကောင်း ပီသစွာ စုလျှားရစ်ပါတ် လက်ထပ် ထိမ်းမြား ခဲ့ကြသည်။ အာဆူ လာသည် သူ့ ယောကျှား ဟိုဆေး၏ ထူးထွေသည့် အံ့ရာသှောဝ် အကြံအစည် များကို ကြုံရတိုင်း သူ့ကို ဒီ အခြေအနေရောက်အောင် တွန်းပို့ခဲ့ သည့် လွန်ခဲ့သော နှစ်ပေါင်း သုံးရာက ဆာ ဖရန်စစ် ဒရိတ် ရိုင်ယိုဟာချာ မြို့ကို ဝင်ရောက်စီးနင်းခဲ့သည့် ကျိန်စာသင့်သော ထိုရက်ကိုသာ ကျိန်ဆဲပြီးရင်း ကျိန်ဆဲ နေမိတော့သည်။ တကယ်တော့လည်း အချစ် ကြောင့် ဆိုခြင်းထက်ပဋဿဌာန်း ဆက် ပါ၍ ညားကြခြင်း သာပါလေ။ သူတို့ ဇနီးမောင်နှံ သည် မောင်နှစ်မ ဝမ်းကွဲလည်း တှောစပ်၏။ သူတို့၏ ဘိုး-ဘေး-ဘီ-ဘင်များ လက်ထက်ထဲက တစ်ရွာတည်းနေ၊ တစ်ရေ ထဲသောက်၊ အလုပ် အတူ လုပ်ခဲ့ကြပြီး အင်ဒီးယန်းရွာကလေးကို ပြည်နယ် တစ်ခုလုံးမှာ အကောင်းဆုံး မြို့ ဖြစ် အောင် ဖန်တီး တည်ဆောက် ခဲ့သည့် မျိုးနွယ်စု နှစ်စုသည် သူတို့ မွေးလာကထဲက ပေးစားဖို့ ကြံစည် ထားပြီး ဖြစ်၏။ သို့သှောလည်း ဟိုဆေး နှင့် အာဆူလာ အရွယ်ရောက်၍ တစ်ဦး အပှေါ တစ်ဦး မေတဿတာ သက်ဝင် ချစ်ခင် လာကြသော အခါ ထိုသို့ ပေးစားရန် ကြံစည်ထားသည့် နှစ်ဖက် ဆွေမျိုးများက သူတို့၏ ချစ်ခြင်း၊ သူတို့၏ မဂဿငလာပွဲကို ပျက်အောင် ကြံစည် ကြပြန်လေတော့သည်။ ၎င်းတို့၏ အဆိုအရ အပြန် အလှန် ဖင်ပြန် ခေါင်းပြန် ဆွေမျိုးတှောနေကြသော အမျိုးအနွယ် နှစ်ခု အချင်းချင်း ပြန်ယူနေကြသည့် အစဉ် အလာကို ရပ်တန်းက ရပ်မှ ဟသဿငာကိုးသောင်းဇာတ် အဖြစ်ဆိုးမျိုးကို တားဆီးနိုင်မည် ဆိုပဲ။ ကြောက်စရာ သာဓက ကြီးတစ်ခုကလည်း သက်သေပြစရာ အရန်သင့် ရှိနေသည်ကိုး။ အာဆူလာ၏ အဒှေါ တစ်ယောက် သည် ဟိုဆေး၏ ဦးလေး တစ်ယောက်နှင့် ယူ၏။ သားတစ်ဦး ထွန်းကား၏။ ထိုသားသည် ဘဝ တစ်လျှောက်လုံး ဘောင်းဘီပွကြီးများကိုသာ ဝတ်ဆင်ပြီး အသက် ၄၂ နှစ်အထိ လူပျိုစစ်စစ် ဘဝဖြင့် နေ ကာ ဘဝကို နိဂုံး ကပဿမါတ် အဆုံးသတ်သွားခဲ့ရရှာသည်။ သူမွေးလာကထဲက ဖင်မှာ အမွှေးစုစု နှင့် ဝက်မြီး တိုလေး တစ်ခု ပါလာခဲ့သည်။ ထိုအမြီးကလေးကြောင့် အရှက်သည်းပြီး မိန်းမများကို ဝေရာမဏိ လုပ်ခဲ့ သည်။ နောက်ဆုံး သူ့အဖြစ်ကို မကြည့်ရက်သည့် သူ့သူငယ်ချင်း အမဲသားသည်က အမြီးကလေးကို ဓါးဖြင့် ခုတ်ပေးခဲ့ရာ သွေးလွန်ပြီး သေရှာလေ၏။
အသက် ဆယ့်ကိုးနှစ်အရွယ် ဟိုဆေး ကတော့ ဤသို့ ရဲရဲတောက် ကြေညာ၏။
“ကျုပ်ကတော့ ကျုပ်သားသမီးမှာ ဘာအမြီး ပေါက်ပေါက် သောက်ဂရု မစိုက်ဘူး၊ အဲဒီ ဝက်မြီးက ကျုပ်ကို စကားပြောလာ ရင်တော့ တစ်မျိုးပေါ့ လဗျာ”
သုံးရက်တိုင်ကျင်းပသော ပွဲတှောချိန်တစ်ခု အတွင်း သူတို့ လက်ထပ်ခဲ့ကြသည်။ အကယ်၍သာ အာဆူလာ့ အမေက သူတို့ မွေးဖွားလာမည့် သားသမီးများ၏ ကြောက်စရာ့ အသွင် သဏဿဍာန္ဆိုးအေပါှ ရင်လေးပြီး အာဆူလာ့ကို ယောကျှားနှင့် အတူမနေဖို့ တိတ်တိတ်ကြိတ်ပြီး စကား မထည့်ထားခဲ့ပါလျှင် သူတို့ အိမ်ထောင်ရေးသည် သာသာ ယာယာ ပျှောပျော်ရွှင်ရွှင် ဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ခုတော့ မဂဿငလာ ဆောင်ပြီးမှ အာဆူလာ အကြောက်ကြီး ကြောက်နေမိသည်။ ညဖက် အိပ်မောကျနေတုန်း သန်မာ တောင့်တင်းလှသည့် သူ့ခင်ပွန်းက သူ့ကို အနိုင့်အထက်ပြုပြီး ကာမကို ဇွတ်အတင်း အဓမဿမ ရယူခဲ့သှော ဘယ့်နှယ့် လုပ်ရပါ့။ အမေနှင့် အပြင်းအထန် ဆွေးနွေးပြီး သားအမိ နှစ်ယောက် ထူးထွေသည့် အံ့ရာသှောဝ် အကြံ အစည်ကို အကောင် အထည် ဖှောကြ၏။
ထိုအချိန်မှ စ၍ အာဆူလာသည် သားရေဖုံး အတွင်းခံ တစ်ထည်ကို ရှေ့တည့်တည့်တွင် ဧရာမ သံသော့ခ လောက်ကြီး တစ်ခု ခတ်ကာ စိတ်တိုင်းကျ ဝတ်ဆင်ပြီးမှ စိတ်ချ လက်ချ အိပ်တော့၏။ ဒါကိုက သူ၏ ညစဉ် နိစဿစ ဓူဝ အလုပ် ဖြစ်လာသည်။ ဒီလိုနှင့် ညပေါင်းများစွာ၊ လပေါင်းများစွာ ကုန်လွန် သွားခဲ့သည်။ နေ့ခင်း နေ့လည်များတွင် ဟိုဆေးက သူ၏ တိုက်ကြက်များနှင့် အလုပ်ရှုပ်နေချိန်ဝယ် အာဆူလာက သူ့အမေထံ သွား၍ စက်ချုပ်နေလိုက်သည်။ ညဖက်ကျလျှင်တော့ တိတ်တိတ် ဆိတ်ဆိတ် သာသာ ယာယာ ချစ်တင်း နှော ရမည့် အစား သူတို့ အိပ်ခန်းတွင်းမှ မထိတ်သာ မလန့်သာ နဘန်းသတ်သံများကို နာရီပေါင်း များစွာ ကြားရပါ များလာသော အိမ်နီးနားချင်း များသည် ဒီလင်မယား တစ်ခုခုတော့ မှားနေပြီ ဖြစ်ကြောင်း ဝမ်းတွင်း ပါ အာရုံသိဖြင့် သိကုန်ကြ၏။ သူတို့ အချင်းချင်း တီးတိုး တီးတိုး သဖန်းပိုး လုပ်ကြ၏။ ဒီလိုနှင့် လက်ထပ်ပြီး တစ်နှစ်ကြာသည် အထိ အာဆူလာသည် အပျိုစင် တစ်ယောက် ဘဝ နှင့်ပင် ရှိသေးကြောင်း၊ အဘယ့်ကြောင့် ဆိုသှော ဟိုဆေးသည် ယောကျှားမပီသ၍ ဖြစ်ကြောင်း ကောလာဟာလ တစ်ခု ပြန့်လာ၏။ အဆိုပါ သတင်းကို နောက်ဆုံးမှ ကြားမိသူက ဟိုဆေး။ သူက အာဆူလာ့ကို အေးဆေး တည်ငြိမ်စွာ ပြော ၏။
“လူတွေ ပြောနေကြတာ ကြားတယ် မဟုတ်လား အာဆူလာ”
“အို-လျှာအရိုး မရှိတိုင်း လျှောက်ပြော နေကြတာ၊ ပြောစမ်းပါစေတှော၊ သူတို့ ပြောတာ မဟုတ်မှန်း ကျွန်မ တို့ နှစ်ယောက်လုံး သိကြတာပဲ”
နောက်ခြောက်လ အထိ အခြေအနေသည် ဗိုလ်နေမြဲ၊ ကျားနေမြဲ။ တစ်ခုသော တနဂဿငနွေနေ့မှာတော့ ဟိုဆေး သည် ပရူဒန်စီရို အဂွီလာကို ကြက်တိုက်ရာတွင် အနိုင်ကြီး နိုင်လိုက်သည်။ ဒေါပွနေသော အရှူံး သမားသည် လူပုံ အလယ်တွင် အားလုံးကြားလောက်သည့် အသံဖြင့် ဟိုဆေးအား-
“ဂုဏ်ယူ ပါတယ်ကွာ၊ ငါ့ကောင်ကြီး လူကသာ အစွမ်း အစ မရှိတာ၊ ကြက်ကတော့ စွမ်းသားပဲဟ၊ ဒီကြက်ကို မင်းမိန်းမ နဲ့ အိပ်ခိုင်းလိုက်ပါလား” ဟု ပြောင်ပြောင် တင်းတင်း စှောကား လိုက်၏။
ဟိုဆေးသည် သူ့ တိုက်ကြက်ကို သိမ်းလိုက်၏။ ပရိသတ်ဖက်သို့ လှည့်ပြီး-
“ကျုပ် အခု ပြန်လာခဲ့မယ်” ဟု အေးအေး ဆေးဆေး ပြော၏။ ထို့နောက် ပရူဒန်စီယို ကို ကြည့်ပြီး-
“သွား- အိမ်ပြန်ပြီး လက်နက် တစ်ခုခု သွားယူ၊ ငါမင်းကို ဒီနေရာမှာတင် သတ်မယ်” ဟု တစ်လုံးချင်း ပြော၏။
ဆယ်မိနစ်ခန့် အကြာတွင် သူ့ ဘိုးအေကြီး၏ လက်စွဲတှော လှံကြီးကို ကိုင်ပြီး ဟိုဆေး တကယ်ပဲ ပြန်ရောက် လာ၏။ ထိုအချိန်တွင် မြို့လူထု တစ်ဝက်ခန့် ထိုနေရာသို့ ရောက်နေကြပြီ။ သူတို့ကို အုန်းအုန်း ကြွက်ကြွက် ဝိုင်းကြည့်နေကြ၏။ ပရူဒန်စီယို က အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသှောလည်း သူ့မှာ ခုခံဖို့ အချိန် မရှိရှာပါ။ ဟိုဆေးသည် နွားသိုး တစ်ကောင်၏ ခွန်အားမျိုးဖြင့် လှံကို ပစ်ထည့်လိုက်၏။ ဘိုးအေကြီး ကိုယ်တိုင် ကျားသစ်ကို သတ်ရန် အထူး တလည် စီမံ ထားသော လှံသွားသည် ပရူဒန်စီယို ၏ လည်မျိုကို ထုတ်ချင်းခတ် စိုက်ဝင်သွား၏။
ထိုညမှာပင် ဟိုဆေးသည် သွေးစွန်းနေသော လှံကြီး ကိုင်ပြီး အိပ်ခန်းထဲ ဝင်သွား၏။ အာဆူလာ ဝတ်ထား သော သားရေ အတွင်းခံ၏ အဓိက နေရာတွင် ခတ်ထားသော သော့ခလောက်ကြီးကို လှံဖြင့် ရွယ်ရင်း-
“ခုဖွင့်လိုက်စမ်း” ဟု ခပ်ပြတ်ပြတ် အမိန့်ပေး၏။
အာဆူလာသည် ဟိုဆေး၏ တစ်ကြောင်းထဲသော စိတ်ကို ကောင်းစွာ သဘောပေါက်သည်။ ပြောသည့် အတိုင်း မလုပ်ခဲ့လျှင် အကြောင်းဆိုးသွားမည်ကို ကောင်းစွာ ဆင်ခြင် မိ၏။ သူတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။
“နောက်ပိုင်း ဖြစ်လာသမျှ ကိစဿစ အားလုံး ရှင်တာဝန်ယူရမှာနှော”
ဟိုဆေးက လှံကြီးကို မြေသားကြမ်းပြင်ပှေါ ဆောင့်စိုက် လိုက်ပြီး-
“ဘာမှ ထပ်မပြောနဲ့တော့၊ ငါတို့ ကလေးတွေမှာ ဝက်မြီး ပါရုံမကလို့ တိရိစဿဆာန်လေးတွေပဲ မွေးမွေး၊ ကိုယ့်သား သမီး ကိုယ် တာဝန်ယူ စောင့်ရှောက်ရမှာပဲ။ မင်းကြောင့် ငါ လူထပ် မသတ်ချင်ဘူး အာဆူလာ” ဟု ပြော လိုက် သည်။
ထိုညသည် အေးစက်တိတ်ဆိတ်၍ လကလေး သာနေသော ဇွန်လ၏ ညတစ်ည ဖြစ်သည်။ သူတို့ တစ်ည လုံး မအိပ်ကြ။ အရုဏ်လာချိန် အထိ အိပ်ယာထက်တွင် အတိုးချ၍ အချစ်စစ်ပွဲ ဆင်နွှဲနေကြ၏။ အိပ်ခန်း ပြူတင်းကိုဖြတ်၍ ငြင်ငြင်သာသာ တိုက်ခတ်လာသော လေပြည်လေညှင်းကလေးသည် ပရူဒန်စီယို၏ ဆွေမျိုး သားချင်းများ ၏ အှောဟစ် ငိုကြွေးသံများကို သယ်ဆောင် လာရ သဖြင့် အကျည်းတန် အရုပ်ဆိုး သွားခဲ့သည်။
ပရူဒန်စီယို ကိစဿစသည် ဂုဏ်သိကဿခာ နှင့် အသက် လဲလှယ်ခဲ့သည့် ကိစဿစ ဖြစ်ကြောင်း အားလုံး သိခဲ့ကြ သှောလည်း သူတို့ လင်မယားနှစ်ယောက်သည် ထိုကိစဿစနှင့် ပါတ်သက်၍ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်ခဲ့ ကြ ရသည်။ တစ်ညတွင် အာဆူလာ သည် အိပ်မပျှောသဖြင့် အိမ်ပြင်သို့ထွက်ပြီး ရေအိုးမှ ရေသောက်ဖို့ အသွား ရေအိုးအနီးတွင် ပရူဒန်စီယို အဂွီလာကို ဘွားကနဲ တွေ့လိုက်၏။ ပရူဒန်စီယိုသည် တစ်ကိုယ်လုံး ပြာနှမ်း နေ၏။ မျက်နှာက ဝမ်းနည်း ကြေကွဲသော အသွင်ကို ဆောင်နေ၏။ ဟိုဆေး လှံနှင့်ထိုးထားသော လည်ပင်း မှ အပေါက်ကို မြက်များဖြင့် ဆို့ထား၏။ အာဆူလာ ကြောက်စိတ်မဝင်မိ၊ ပရူဒန်စီယိုကို သနားစိတ်သာ ရှိ၏။ အိပ်ခန်းထဲ ပြန်ဝင် လာပြီး ဟိုဆေးကို ထိုအကြောင်း ပြောပြ၏။ ဟိုဆေးက စိတ်၏ အထင်အမြင် အာရုံ လှည့်စားမှု မျှသာ ဖြစ်ကြောင်း အာဆူလာကို ပြောသည်။ နောက်နှစ်ရက်ခန့် အကြာတွင် အာဆူလာ တစ်ယောက် ပရူဒန် စီယိုကို တွေ့ရပြန်၏။ ဒီတစ်ခါတော့ ပရူဒန်စီယို ကို ရေချိုးခန်းထဲမှာ တွေ့ရပြန်သည်။ လည်ပင်းအပေါက်ကို ဆို့ထားသည့် မြက်ထုံးမှာ ကပ်ငြိနေသော သွေးခဲကို ရေဖြင့်ဆေးကြောနေသည်။ နောက်တစ်ညမှာတော့ မိုးရွာထဲတွင် လျှောက်သွားနေသော ပရူဒန်စီယိုကို တွေ့ပြန်၏။ ဟိုဆေးသည် သူ့ မိန်းမ၏ ထင်ယောင်မှားမှုများကို ဖြေရှင်းရန် လှံကိုကိုင်ပြီး အိမ်အပြင် ထွက်သွားလိုက်သည်။ အိမ်ဘေး ကွက်လပ်ထဲမှာ ရပ်နေသော ပရူဒန်စီယို တစေဿဆကို သူ မျက်ဝါး ထင်ထင် တွေ့ခဲ့ရသည်။
ဟိုဆေးက အှောပြောလိုက်သည်။
“ပရူဒန်စီယို၊ မင်းနေရာ မင်းပြန်စမ်း၊ ငါ့အိမ်နောက်ထပ် လာရင် နောက်တစ်ခါ ထပ်သတ် လိုက်မှာနှော”
ပရူဒန်စီယိုက နေရာမှ မရွေ့။ ဟိုဆေးကလည်း တစ်ဆံခြည်မျှင်တောင် မလှုပ်ရှားပဲ နေရာတွင်ပင် ရပ်၍ လူနှင့် တစေဿဆ အကြည့်ခြင်း ပြိုင်နေ ကြသည်။ ထိုညမှစ၍ ဟိုဆေး ကောင်းကောင်း အိပ်မပျှောတော့။ မိုးပေါက်တွေ တဖွဲဖွဲကျနေသော ညက သူ့ကို စိုက်ကြည့်နေသော ပရူဒန်စီယို၏ ကြောက်စရာ အကြည့် ကို အမြဲတမ်း မျက်စိထဲ မြင်နေသည်။ အာဆူလာ့ကို သူပြောလိုက်သည်။
“ပရူဒန်စီယိုဟာ အတှောကို ခံစားခဲ့ရရှာတယ်နဲ့ တူတယ်ကွာ၊ ဘဝပြောင်းသွားတာတောင် သူ့မှာ အရမ်းကို အထီးကျန်နေရတယ်”
အာဆူလာ နားလည် ပါသည်။ နောက်တစ်ကြိမ် အိမ်ထဲတွင် ပရူဒန်စီယိုကို တွေ့ပြန်၏။ သူ့လည်ပင်း အပေါက် ပိတ်သည့် မြက်ခြောက်ထုံးကို ဆေးရန် ရေအိုး လိုက်ရှာနေပုံ ရသည်။ အာဆူလာသည် သူတို့ အိပ်ခန်း အပါ အဝင် တစ်အိမ် လုံး အနှံ့ ရေအိုးတွေ ချပေး ထားလိုက်သည်။ တစ်ညမှာတော့ အိပ်ခန်းထဲတွင် ထိုင်လျှက် မြက်ထုံးကို ရေဆေးနေသော ပရူဒန် စီယို တစေဿဆကို ဟိုဆေး ကိုယ်တိုင် တွေ့လိုက်ရသည်။ သူ ဆက်ပြီး သည်းမခံနိုင်တော့။
“ပရူဒန်စီယိုရေ၊ ငါတို့ ဒီမြို့က ထွက်သွားတော့မယ် လေကွာ၊ နှော၊ သွားနိုင် သလောက် ဟိုး အဝေးကြီး ကို သွားမယ်၊ ဘယ်တော့မှ ပြန်မလာတော့ဘူးကွာ၊ ငါ ကတိ ပေးတယ် သူငယ်ချင်း၊ မင်းလည်း လွတ်ရာ ကျွတ်ရာ ကို သွားပါတော့ကွာ၊ သွားတော့နှော”
ဤသည်ကား ဟိုဆေးတို့ တစ်သိုက် တောင်တန်းကြီးများကို အသက်နှင့်ရင်းပြီး ကျှောဖြတ်လာခဲ့သည့် အဓိ က အကြောင်း အရင်း ဖြစ်တော့သည်။ အဲဒီတုန်းက ဟိုဆေးက ခပ်ငယ်ငယ်၊ သူ့ခရီးစဉ် ကို စွန့်စားခန်း တစ်ခု အဖြစ် သဘောထားကာ သူနှင့် ရင်ခုန်သံ တူကြသော သူ့ အပေါင်းအသင်း များကလည်း သူတို့ မိသားစု များကို ခှေါဆောင်ကာ ဟိုဆေးတို့နှင့် အတူ တပျှောတပါး လိုက်ပါလာခဲ့ကြသည်။ ဘယ်ကို ရောက် ၍ ဘယ်ကို ပေါက်မည် ဆိုခြင်းကို ဘယ်သူမှ မသိကြ။ သူတို့ မထွက်ခွာမီ ဟိုဆေးသည် အိမ်ဘေးရှိ မြေကွက်လပ်တွင် သူ့လှံကို ထာဝရ မြှုပ်နှံခဲ့သည်။ တယုတယ မွေးထားသော တိုက်ကြက် အားလုံးကို လည်လှီးသတ်သည်။ ပရူဒန်စီယို အတွက် သူလုပ်နိုင်တာ အားလုံး လုပ်ပေးခဲ့သည်။ ဦးတည်ရာမဲ့ ခရီးရှည် ကြီးအတွက် အာဆူလာ ယူဆောင်ခဲ့သော ပစဿစည်းများမှာ သူ၏ မဂဿငလာဝတ်စုံများ၊ မရှိမဖြစ် အိမ်သုံး ပစဿစည်း များနှင့် အဖေ့အမွေ ရွှေဒဂဿငါး သေတဿတာလေး တစ်လုံးမျှသာ။
သင့်လူ
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၁)
အခန်း (၁)
ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်တဲ့ မြွေ
တောကြီး မျက်မည်း အတဿတဈေးကွက်
အိုဘယ့် ဈေးကွက်
ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေးခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေးမှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသားမှ မလျှော့ကြ။ ဟိုမှာ ဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီးကလည်း မားကတ်။ ဒီမှာဖက်ဆီက မစ္ဆျိမ ဆွေတော် မျိုးတော် တွေ ကလည်း မားကတ်၊ မာ့စ်ဝါဒနဲ့ မျက်နှာသစ်ပြီးမျှော်ပေမဲ့ ပေါ်မလာ၊ အတော်ကြာ ဇာတ်ခင်းသွားတဲ့ အရှေ့ကထွက်မဲ့ နေမင်းကို မျက်ကွယ်ပြုလိုက်ပြီး ကိုပူတင် နဲ့ ကိုမက်ဗီဒက် ကြိုးဆွဲရာနောက် လှုပ်တုတ် လှုပ်တုတ် လိုက်က နေရရှာတဲ့ ရုရှ ဝက်ဝံကြီး ကလည်း ဈေးကွက်ကို သွေးထွက်အောင်ချစ်။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး မားကတ် ဒီရေ တက်နေ ကြတဲ့ ခေတ်။ ဈေးကွက်ဆိုရင် အိမ်ရှေ့  လမ်းမပှေါမှာ ဗြဲလရမ်းတာ ခင်းထားတဲ့ အခွန်လွတ် ဈေးကွက်ကွက် ကလေး ကို သာ တစ်သက်လုံးနီးပါး မြင်လာရတဲ့ အချို့အချို့သော သူတွေအဖို့ကတော့ သူများ ယောင်လို့သာ  ဂယောင် ဂယင်နဲ့ ဈေးကွက် မြင်းကြီး တက်စီး လိုက်ရပေမဲ့ ကိုယ်စီးတဲ့ မြင်း အထီးလား၊ အမ လား၊ အခြောက်လား၊ ခုထိ ဝေဝေဝါးဝါး ဖြစ်နေတုန်း။
ဈေးကွက် အစ စမစ်က
ဈေးကွက်ဇာတ်လမ်းကို စခဲ့သူက အဒမ် စမစ်ဆိုတဲ့ ငနဲကြီးပဲ။ အင်္ဂလိပ် ပရီးမီးယား ဘောလုံးပွဲတွေ တစ်သက်လုံး အားပေးလာသူတွေ ဆိုတော့ ဒီနာမည်ကရင်းနှီးနေသလိုလို။ ပရီးမီးယား ထိပ်သီး အသင်းကြီး တွေ စိတ်ဝင်စားနေကြတဲ့ ဘလက်ပူး အသင်းခေါင်းဆောင် ချာလီအဒမ် နဲ့ မန်ယူတိုက်စစ်မှူးပြုတ် အလန် စမစ် ပေါင်းထားတာလို့ အောက်မေ့တော် မမူ ကြပါနဲ့။ မူရင်းနာမည် ကိုက အဒမ်စမစ် ပါတဲ့။ ထင်ရှားအောင် ချိန်ထိုးပြရရင် ၁၇၂၃ အဒမ်စမစ်မွေးချိန် ကျွန်တှောတို့ ရွှေပြည်ကြီးမှာ ညောင်ရမ်းခေတ် နောက်ဆုံးဘုရင် မဟာဓမ္မရာဇာမင်း ထီးနန်းစိုးစံလို့ ကောင်းတုန်းပေါ့။ အဝ ရွှေမြို့တှောကြီး ထွန်းကား စည်ပင် တုန်းပေါ့။ ၁၇၉ဝ စမစ်သေတဲ့ အခါကျတော့ ကုန်းဘောင် မင်းဆက်တွေ ဖြစ်တဲ့  အလောင်းဘုရား ဦးအောင်ဇေယျ၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဉ့်ကူးမင်း၊ ဖောင်ကားစားမောင်မောင် စတဲ့ ဘုရင်တွေ အသီးသီး ထီးနန်းစိုးစံ၊ နတ်ရွာလား ကြပြီးလို့ ဘိုးတော်ဗဒုံမင်းတောင် မြို့တှောကို ရွှေဘို ကနေ အမရပူရ ပြောင်းပြီးတာ ကိုးနှစ် ရှိ နေပြီ။ ဒီသက်တမ်း ကာလ အတွင်း စမစ်လုပ်ခဲ့သမျှထဲမှာ ပြောစမှတ်ပြုကြရတာကတော့ လွတ်လပ်တဲ့ ဈေးကွက် သီအိုရီ (Free Market Theory) ပါ။ ဒါကြောင့်မို့ သူ့ကို ခေတ်သစ်ဘောဂဗေဒရဲ့ ဂေါ့ဒ်ဖားသားကြီးလို့ ခုထိ တသသ ပြောနေကြရ တယ်။ ၁၇၇၆ ခုနှစ်မှာ နန်းတက်တဲ့ ကုန်းဘောင် ဘုရင် ဆင်ဖြူရှင်ဟာ သူ့အဖေ အလောင်းဘုရား၊ သူ့အကို နောင်တော်ကြီး တို့အပြီးမသတ်နိုင်ခဲ့တဲ့ အယုဒ္ဓယကို ဆော်ပလော်တီးရေး လုပ်ငန်းကြီးကို ဆောင်ရွက်ဖို့ ထွက်တော်မူ နန်းကခွာတဲ့ အချိန်မှာပဲ အဒမ်စမစ်ရဲ့ ကမဿဘာတစ်ခွင် မိုးမြေသိမ့်သိမ့်တုန်သွားစေတဲ့ “လောကကိုလေ့လာခြင်းနှင့် နိုင်ငံအပေါင်း ချမ်းသာကြောင်း နည်းလမ်းများ- An inquiry into the Nature and Causes of the Wealth of Nations” ကျမ်းကြီး ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဈေးကွက်ဆိုတဲ့ စကားလုံးအဲဒီအချိန်က စလို့ လူတကာနှုတ်ဖျားမှာ ရေပန်းစားလာခဲ့ ပါသတဲ့။
ဈေးကွက်ထဲမှာ ဘာဘာညာညာ
ဈေးကွက်ထဲမှာ ဘာတွေရှိသလဲ။ ဘယ်သူတွေ ရှိသလဲ။ ဘာလုပ်နေကြသလဲ။ ဈေးကွက် ဘာလဲ၊ ဘယ်လဲ။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားစရာမလိုပါ။ ဈေးကွက်ထဲမှာ ရောင်းသူ နဲ့ ဝယ်သူ လူနှစ်မျိုးသာ ရှိပါတယ်။ အရောင်း အဝယ်၊ အလဲ အလှယ် ပြုလို့ရတဲ့ ပစ္စည်း တွေသာ ရှိပါတယ်။ ရောင်းဝယ် ဖောက်ကားလို့ ရနိုင်သမျှသော ကုန်ပစ္စည်း တွေကို ရောင်းသူ၊ ဝယ်သူ အသံတူအောင် ရောင်းဝယ်၊ လဲလှယ် ခြင်းအလုပ် ကိုသာ လုပ်နေကြပါတယ်။ ဒန်အိုး၊ ဒန်ခွက်စုတ်တွေကို ပဲလှော်နဲ့လဲတာ၊ မီးချောင်း အကျွမ်းတွေကို ပလတ်စတစ်ခွက် နဲ့ လဲတာ၊ ပိုက်ဆံကို စတော့ရှယ်ယာနဲ့လဲတာ၊ ရေနံကို ဒေါ်လာနဲ့ လဲတာ၊ မြေကွက်ကို ငွေ၊ချက် နဲ့လဲတာ။ အားလုံးဟာ ဈေးကွက်ပါပဲ။ ခုနကပြောသလို ရောင်းသူ နဲ့ ဝယ်သူ အသံတူ ကြဖို့ပဲ လိုတယ်။  အချို့ ဈေးကွက်က တစ်ခဏ၊ အချို့ ဈေးကွက် က ထာဝရ၊ ရောင်းဝယ်၊ လဲလှယ် နေတဲ့ ပစ္စည်း ပေါ် မူတည်လို့ ကွာသဗျ။
လော့ခ်ရဲ့ အခွင့်အရေးများ
လွတ်လပ်သော ဈေးကွက်ဆိုတာ လွတ်လပ်ရေးနေ့ မှာ ဈေးတန်းလေးခင်းပြီး ပစ္စည်းရောင်းတာလို့တော့ မယူဆ တန်ကောင်းပါဘူး။ Free market ဆိုတဲ့ စကားဟာ အဒမ်စမစ် ရဲ့ လက်သုံးစကား၊ သူမြှောက်စား လို့ တောက်ကြွား လာခဲ့ပေမဲ့ စမစ်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တော့ မဟုတ်ပါ။ စမစ် မမွေးခင် အနှစ် နှစ်ဆယ် လောက် စောသေ ခဲ့တဲ့ အင်္ဂလိပ် နိုင်ငံရေး ဒဿန ပညာရှင် ဂျွန်လော့ခ် (John Locke ၁၆၃၂- ၁၇ဝ၄) ရဲ့ “လူသား၏ မွေးရာပါ အခွင့်အရေး” ဆိုတဲ့ ဒသဿသန အယူအဆ ကနေ ဆင်းသက် ပေါက်ဖွား လာတာ ဖြစ်တယ်။
ဂျွန်လော့ခ် ရဲ့အလိုအရ လူသား တွေမှာ လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် (Right to liberty) နဲ့ မိမိရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကိုလွတ်လပ်စွာ စီမံခန့်ခွဲနိုင်ခွင့် (Right to private property) ဆိုတဲ့ ဘုရား ပေးတဲ့ မွေးရာပါ အခွင့်အရေး နှစ်ခု ရှိသတဲ့။ ဒီအခွင့်အရေးတွေ ကို မည်သူ တစ်ဦးတစ်ယောက် ကမှ ပယ်ဖျက် ကန့်ကွက် ဟန့်တား နိုင်ခွင့် မရှိဘူး လို့ သူကဆိုခဲ့တယ်။ ဂျွန်လော့ခ်က ဆက်ပြီးတော့ ထပ်ပြောတာက တကယ်လို့များ နိုင်ငံ အသီးသီးမှာ အစိုးရဆိုတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေသာ မရှိခဲ့ရင် လူသား တွေဟာ မိမိ သဘော အတိုင်း လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားရင်း သူလည်းမသာ၊ ကိုယ် လည်းမနာပဲ အားလုံး သာတူညီမျှ ရှိတဲ့ သဘာဝ ဓမ္မ အခြေအနေ (State of Nature) ဆိုတာကို သူတို့ရဲ့ ဇာတိစိတ် အရ ရှာဖွေလိမ့်မယ်တဲ့။ အဲဒီ သဘာဝ ဓမ္မ ဆိုတဲ့ အခြေအနေမှာ ဘုရား သခင်က လူသားဖြစ်ခွင့် ကို ဖန်တီးစဉ်က ချမှတ်ဖန်တီးခဲ့တဲ့ ကျင့်ဝတ်များ (Law of Nature) ကိုလိုက်နာ ရုံကလွဲပြီး ဘယ် အချုပ်အချယ် ဥပဒေဘောင်အတွင်းမှာမှ နေထိုင်စရာမလို၊ ဒါကြောင့် သဘာဝ ဓမ္မ အခြေအနေ ကို ဖန်တီး နိုင်ခဲ့ရင် လူသားအားလုံး အလုံးစုံ လွတ်လပ်ရေး (state of perfect freedom) ရပြီ။ ဒါကပဲ လောကနိဗ္ဗာန် ဖြစ်တယ်လို့ သူ့ရဲ့ Essays on the Law of nature နဲ့ Two Treatises of Government စာအုပ်တွေမှာ သူ့ရဲ့ အတွေး အခေါ်ကို ပြောင်ပြောင် တင်းတင်း ဖေါ်ပြခဲ့တယ်။ သူ့ဘဝ တစ်လျှောက်လုံး လူသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် နဲ့ ကိုယ့်ပစ္စည်းကိုယ် စိတ်ကြိုက်လုပ်ပိုင်ခွင့်တို့ကို ထပ်ကာတလဲလဲ ပြောလွန်း အားကြီးလို့ ဒီနှစ်ချက်ဟာ လော့ခ်ရဲ့ အခွင့်အရေးများ (Lockean Rights) လို့လူသိများခဲ့တယ်။
တောကြီးမျက်မည်း
ဟုတ်ပြီလေ။ သူပြောတဲ့ သဘာဝ ဓမ္မ အခြေအနေကို စိတ်ကူးနဲ့ပဲ တစ်ခါလောက် ရောက်ကြည့်ကြစမ်းပါ။ ဘယ်လို တွေဖြစ်နေမယ် ထင်တှောမူကြ ပါသလဲ။ ဘာဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ် မှမရှိဘူး။ ကန့်သတ်ချုပ်ချယ် မဲ့သူ မရှိ၊ မျက်စိဒေါက်ထောက်ကြည့်မဲ့ လူ နတဿထိ၊ ကိုယ်ပိုင်ပစ္စည်းမှန်ရင် ကိုယ့်စိတ်ကြိုက် သဘောရှိ၊ ကလောဟိ။ တရားမကြိုက်၊ အမှား လိုက်ရင်ဖြင့်၊ ဘုရားရိုက်လိမ့်မယ် ဆိုတော့-
ရွေ့ -နိပ်သဟ၊ အိမ်က မိန်းမ အချိုးမပြေလို့ ကြည့်မရတာကြာပြီ။ တင်တောင်းထားတဲ့ ပစ္စည်းဖိုးကျေ အောင် ဆိုင်ကယ်နဲ့ လဲလိုက်ဦးမှပဲ ဆိုရင်…
ကလေး သုံးယောက်နဲ့ ကားတစ်စီး လဲရန်ရှိသည်၊ နံပါတ်မြင့် လျှင် နောက်တစ်ယောက် အဆစ်ပေးမည် ဆိုပြီး ကြော်ငြာရင်…
သင့်သွေးကို လှူချင်းအားဖြင့် ကြက်ဥ ကိုယူပါ…
သင့်ကျောက်ကပ်ကို ဆလွန်းကားဝယ်နိုင်အောင် ရောင်းချပါ…
မျိုးကောင်းမျိုးသန့် ယောင်္ကျားဖိုအင်္ဂါများ အလိုရှိ သည်။ ဈေးကောင်းပေး ဝယ်နေဘီ…
အများပြည်သူ အတွက် မောင်ဘနှင့်သားများ ပြည့်တန်ဆာ ကုမ္ပဏီ လီမိတက်…
ဂေါရီ အရွယ် အပျိုစစ်စစ် ကျွန်မလေးနှစ်ယောက်ရောင်းရန်ရှိသည်…
ပစ္စည်းမှန်ဈေးမှန် ဒုံးပျံတံဆိပ် ဘိန်းဖြူများကို ဝယ်ယူ သုံးစွဲခြင်းဖြင့် ဂုဏ်ယူလိုက်စမ်းဘာ… …. …..
မိုးမြေ သိမ့်သိမ့်တုန်အောင် ရောင်းလိုက်၊ ဝယ်လိုက်ကြမဲ့ ဖြစ်ခြင်း၊ အဲဒါလော့ခ်ရဲ့ အခွင့်အရေး တွေ အားလုံးပြည့်စုံ တဲ့ ဈေးကွက် စီးပွားရေး စံနစ်ပေါ့ဗျ။ ကောင်းမှကောင်း။
ဆရာလော့ခ် ကလူတွေကို တယ်ယုံသကိုး၊ ဘုရားနဲ့ လှည့်ချောက်ရုံနဲ့ ကြောက်မဲ့ အမျိုးတွေမဟုတ်ဘူး ဆိုတာ သူမသိရှာဘူး။ ရိုက်စမ်းပါ ဘုရားရယ်။ နာနာလေး။ ရိုက်ပြီးရင်တော့ မုန့်ဖိုးပေးရမယ်နော် လို့ ဘုရား ကို ပြန်စောဒက တက်မဲ့ လူသားမျိုးနွယ်မှာ သူမို့လို့ ဒီအခွင့်အရေးတွေ ပေးဖို့စဉ်းစားတတ်ပလေတယ်။ ဒီလောက် နဲ့ မပြီးသေးဘူး။ ကိုယ့်အခွင့်အရေး ကိုယ်ကာကွယ်တဲ့ နေရာမှာ မတရားတာမရှိဘူး။ မတရား ရင်တောင် ဘယ်သူကမှ ကာကွယ်မပေးနိုင်ဘူး။ လူတိုင်းသည် သာတူညီမျှ အားလုံး ဘုရင်ချည်းပဲ ဆိုတော့ ကိုယ့် အခွင့်အရေး ဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ဆိုရင် လူသတ်ခွင့် တောင်ပါသလို ဖြစ်နေတယ်။ ဒီတော့ မုဒိန်းကျင့်ခွင့်၊ ဘလက္ကာရ ပြုခွင့်၊ ပါးပိတ်ရိုက်ခွင့်၊ တံတွေးနဲ့ထွေးခွင့်၊ ခြေထောက်နဲ့ ဆောင့်ကန်ခွင့် တွေဟာ တောင်းနေစရာ မလိုလောက်အောင် ဗျာဒိတ်ရပြီးသား ဖြစ်ကုန်တော့မယ်။ လမ်း ထွက်ရင် ရှေ့ နောက် တောင်မြောက် ဘေးဘီ ကျီးကန်းတောင်း မှောက် ကြည့်၊ ဘယ်အချိန် ကိုယ့် ဘယ်သူ က သေနတ်နဲ့ ပစ်ထည့် လိုက်မလဲ။ နောက်ကျော လှံနဲ့ ဆောင့်ထိုးခံရမလဲ။ လည်မျို ဓါးနဲ့ အလှီးခံရမလဲ။ နေ့ သေမလား၊ ညကြွမလား။ အမြဲတမ်းရင်တထိတ်ထိတ်၊ အားသာသူ နိုင်စတမ်း (survival of fittest) ဆို တဲ့ တောကြီးမျက်မည်းထဲ ပြန်ရောက်သွားကြတဲ့ ဘဝတွေများဖြစ်နေကြမှာလား။
အတ္တ ဈေးကွက်
ဂျွန်လော့ခ် ဟာသူ့ရဲ့ ဒဿနတွေကို ရေးခဲ့၊ ပြောခဲ့ ပေမဲ့ လက်တွေ့သုံးဖို့ တစ်ခါမှ တွေးတောင် မကြည့် ခဲ့ပါဘူး။ သူ့အယူအဆတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်အဓိက ဘောဂဗေဒ ပညာရပ် အဖြစ် ပြောင်းလဲ ပစ်သူက အဒမ် စမစ် ပေါ့။ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် (Perfectly Competitive Market) ဆိုတဲ့ ဝေါဟာရဟာ ဈေးကွက် စီးပွားရေး ပညာမှာ အင်မတန်ခေတ်စားတဲ့ စကားလုံး ဖြစ်လာ ခဲ့တယ်။ ဒီ အခြေ အနေ ပြည့်စုံဖို့ ပညတ်တော် ခုနှစ်ပါးရှိ သတဲ့။
ဈေးကွက် ထဲမှာ ဝယ်သူ၊ ရောင်းသူ အနန္တ ရှိတဲ့ အတွက်ကြောင့် ဘယ်သူ တစ်ဦး တစ်ယောက် ကမှ ဈေးကွက်ကို လက်မည်းကြီး နဲ့အုပ်ပြီး မောင်ပိုင်စီးထားလို့မရ။
ရောင်းချင်၊ ဝယ်ချင်တဲ့ မည်သူမဆို ဈေးကွက်ထဲကို လွတ်လပ်စွာ ဝင်နိုင်၊ ထွက်နိုင်တယ်။
ရောင်းမဲ့၊ လဲမဲ့၊ ကုန်ပစ္စည်းရဲ့ ဗျူပဿပတ်ကို ရောင်းသူ ရော၊ ဝယ်သူပါ အူမချေးခါးမကျန် အကုန် အစင် သိပြီး ဖြစ်တယ်။
ဈေးကွက် ထဲမှာ အရောင်းအဝယ်၊ အလဲအလှယ်လုပ်ကြတဲ့ ပစ္စည်းနဲ့ ပါတ်သက်လို့ ဘယ်သူ ဘာရောင်း ပြီး၊ ဘာဝယ်နေသလဲ ဆိုတာ ဘယ်သူကမှ အရေးတယူလုပ်ပြီး စုံစမ်း၊ ထောက်လှမ်း နေတာမျိုး၊ မရောင်းရ၊ မဝယ်ရလို့ တားဆီးပိတ်ပင်တာမျိုး မရှိ။
အရောင်း၊ အဝယ် အလဲအလှယ်လုပ်ကြတဲ့ ကုန်ပစ္စည်းနဲ့ ပါတ်သက်တဲ့ ကုန်ကျစရိတ်၊ အကျိုး အမြတ် အားလုံးဟာ ဒီပစ္စည်းကို ရောင်းချသူနဲ့ ဝယ်ယူသူ ကလွဲလို့ ဘယ်သူကမှ ကြားက ငထွား ခါးနာ စရာ၊ ဂုတ်သွေး စုတ် အမြတ်ထုတ်စရာ အကြောင်းမရှိ။ ပွဲညွှန့် မတင်၊ ပွဲစား မလို။
ရောင်းသူ၊ ဝယ်သူ အားလုံးဟာ ကိုယ့်အတွက် အကျိုးအမြတ် အများဆုံးရလိုတဲ့သူ (Utility Maximizers) တွေချည်း ပဲဖြစ်တယ်။ အားလုံးဟာ ဟင်းရည်များများ၊ အကြော်များများ၊ မုန့်ဖတ် များများ၊ ဘဲဥ များများ၊ ငါးဖတ်များများ ရလိုပြီး မုန့်ဟင်းခါးဖိုးတော့ နည်းနိုင်သမျှ နည်းစေ ချင်ပါတယ်ဆိုတဲ့ လူတွေချည်းပဲ။
ဈေးကွက်ထဲမှာ ရောင်းနေသူ နဲ့ ဝယ်နေသူတွေ နှစ်ဦး နှစ်ဖက် သဘောတူရင် ကိစ္စ ပြီးပြီ။ ဘယ်သူ တစ်ဦး တစ်ယောက် ကမှ (အထူးသဖြင့် အစိုးရက) ဈေးနှုန်း၊ ပစ္စည်း အရည်အသွေး နဲ့ ကုန် ပစဿစည်း အမျိုး အစား တွေကို ဒါမရောင်းနဲ့၊ ဒါပဲရောင်း ဆိုပြီး ကန့်သတ် ချုပ်ချယ် နေစရာ အကြောင်း မရှိ။
ဒီအချက်တွေကို တင်ပြရာမှာ အဒမ်စမစ် အဓိက စွဲကိုင်ထားတဲ့ သဘောတရားကတော့ လူမှန်ရင် အတ္တ သမား ချည်းပဲ ဆိုတဲ့ အချက်ဖြစ်တယ်။ သူ့ရဲ့ လူတကာ သြချ ရတဲ့ နာမည်ကျော် အဆိုအမိန့်တစ်ခုက-
“It is not from the benevolence of the butcher, the baker and the brewer that we expect our dinner, but from their regard for their own self-interest…………………………..”
“သားသတ်သမား၊ မုန့်ဖုတ်သမား၊ အဖျော်ယမကာ ရောင်းသူတွေရဲ့ မေတ္တာတော် အနန္တကြောင့် ကျုပ်တို့ ညစာ စားနေရတာ မဟုတ်ပါ။ ဒါသူတို့ အလုပ်၊ သူတို့ လုပ်နေကြတာပဲ။ လူသားဆန်မှု၊ စေတနာသဒ္ဒါ တရား ရှိမှု စတာတွေ ဘေးချိတ်ထားလိုက်စမ်းပါ။ လူတိုင်းဟာ ကိုယ့်အကြိုက်အတွက်၊ ကိုယ့်အတ္တ အတွက်၊ ကိုယ်အကျိုး ရှိဖို့အတွက် လုပ်နေကြတာမို့ ကျုပ်တို့ လိုအင်ကို ကိုယ့်ဘာသာ ကိုယ်က လွဲရင် ဘယ်သူကမှ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဖြည့်ဆီး ပေးနိုင်စွမ်း မရှိ”
ကဲ-ဘယ်နှယ့်ရှိစ။ လူဆိုတာ အတ္တသမားချည်းပဲလို့ ပြောင်ပြောင်ပြဲပြဲ ပြောထည့်လိုက်တော့ နားထဲကို ကန့်လန့်ကြီး ဝင်မသွားဘူးလား။ ဈေးကွက် ဆိုတာ အဲဒီ ကိုယ်ကျိုးရှာ အတ္တသမားတွေရဲ့ နေရာဆိုပဲ။ ဈေးကွက် ကလွတ်လပ်လေလေ၊ ကိုယ့်အတ္တ ကိုအတားအဆီးမရှိ ဖော်ထုတ်နိုင်လေလေတဲ့။ ဒီလိုများသာ ဆိုရင်ဖြင့် တောကြီး မျက်မည်း ဖြစ်တဲ့ အတ္တ ဗဟိုပြုဈေးကွက်ထဲမှာ ဆင်နင်းခံရ၊ ကျားကိုက်ခံရ၊ ဝက်ပက် ခံရ ဦးမှာလား။ ကျောများပင် ချမ်းမိပါရဲ့။
သင့်လူ