Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)

သမား နှင့် သူ၏၀န်ဆောင် မှုများ
ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာစေတနာ ကိုအရင်း တည်တဲ့ ဆရာ-ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ-ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။ သို့သော်—— More

Life Cycle (2)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂)

ရောဂါနှင့် သမား
နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး သူ့ဘာသာ သူ ပြန်ကောင်း အောင် စောင့်တဲ့သူ မရှိ ဘူးလို့ မပြော နိုင်ပေမဲ့ အလွန် အင်မတန် နည်းပါး ပါလိမ့်မယ်။ မည်သည့် တန်ဖိုး ကိုပေးဆပ် ရသည် ဖြစ်စေ ကိုယ်ခံစား ရတဲ့ ဝေဒနာ ကို ပိန်းကြာ ဖက်တွင် ရေ မတင် သလို အမြန် ဆုံး သာပျောက် ကင်းချင် ကြသမို့ သမား ခေါ်တဲ့ ဝေဒနာ ကိုပျောက် ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် များရဲ့  အခန်း ကဏ္ဌ ဟာ လူ့ဘောင် လောက မှာ အရေးပါ လာပါတယ်။ More

Life Cycle (1)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၁)

လူနာ နှင့် ရောဂါ
လောက မှာ လူရယ် လို့ဖြစ် လာပြီ ဆိုကတည်းက ရှောင်လွှဲ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခ တွေနဲ့ လူသား အားလုံး ကြုံတွေ့ကြ ရမှာ မြေကြီး လက်ခတ် မလွဲ။ ဒီဒုက္ခ သုံးပါး ထဲမှာ အိုခြင်း နဲ့ သေခြင်း ကိုလူတွေ ကြောက်ကြ တယ် ဆိုပေမဲ့ ပြောစမှတ် ပြုလောက်အောင် ဖိန့်ဖိန့်တုန် ပြားပြားဝပ် ကြောက်တာ မျိုးတော့ မဟုတ်ဖူး။ ရင်ဆို လိုသည် ဖြစ်စေ၊ မဆိုင် လိုသည် ဖြစ်စေ၊ တစ်နေ့ တော့ အားလုံး ကြုံတွေ့ ကြရမဲ့ ဖြစ်စဉ် တွေမို့ အတန် အသင့် တရား နှလုံး သွင်းနိုင် ကြတယ်။ တွေ့လည်း မတွေ့ချင်၊ ဘယ်အချိန် တွေ့မယ် မှန်းလည်း မသိ၊ ကြုံရ မှာကို လည်းကြောက်၊ ဖြစ်လာ ခဲ့ရင် လည်း ငါ့မှ ကံကွက်ကျား ပြီးဖြစ် ရလေခြင်း၊ လောက ကြီးက ငါ့ကို ရက်စက်တယ်။ မတ ရား လိုက်တာ၊ ငါလေး သနား ပါတယ်—— ဒီလို ဒီလို ယူကြုံး မရ၊ အပူလုံး ကြွ စရာတွေ ဖြစ်အောင် ပိုးစိုး ပက်စက် လုပ်နိုင် တာက တော့ နာခြင်း တရား သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက်မှု ပါပဲ။
More

Social Burden of Infectious Diseases

အမြင်နီးသော်လည်းခရီးဝေးရခြင်း

ဆရာမနိုင်
ကုန်လွန်ခဲ့ ပြီးသော ၂၀ ရာစုကို ဆေးပညာနှင့် ပါတ်သက်သော တိုးတက်မှု သမိုးမှတ်တိုင်များ တစ်ခုပြီး တစ်ခု စိုက်ထူ နိုင်ခဲ့သည့် ရာစုနှစ်ဟု ဆိုကြ၏။ ဆေးလောကမှ စွန့်ဦး တီထွင် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများကြောင့် ရှေးယခင်က လူသား တို့၏ သေမင်းများ ဖြစ်ကြသော၊ ကုရာနတ္ထိ ဆေးမရှိ ခဲ့သော ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများ နိဂုံး ချုပ်ခဲ့ ရသည်။ ကပ်ရောဂါ တို့၏ မူလအစ၊ ကပ်ရောဂါဆိုးတို့ကို မျိုးစေ့ ချပေးသော ရောဂါ ပိုးများ၊ လူ့ ခန္ဓာကိုယ်တွင် ရောဂါ ပိုးမျိုးတို့၏ အလုပ်လုပ်ကြပုံများ၊ ရောဂါ၏ လက္ခဏာ ကြီးငယ်များ၊ ဆေးဝါးများ၊ ကုထုံး အသွယ်သွယ် တို့အား လေ့လာ ရင်းဖြင့် သိလာ ကြ၏။ ကပ်ရောဂါ၊ ကူးစက်ရောဂါနှင့် ပါတ်သက်သမျှ မသိတာ ဘာမှ မရှိတော့ လောက်အောင်ပင် အရာရာ သိသည့် ကိုဖိုးသိများ ဖြစ်လာ ကြသည်။ ဤမျှ သိသော၊ တတ်သော၊ နားလည်သော လူသားကို ကပ်ရောဂါ၊ ကူးစက်ရောဂါ တို့က နောက်ထပ် နှိပ်စက် နိုင်ဦးမည်လော…။ ဤသို့ သွေးနထင်ရောက်၍ ဘဝင် အမြင့်ကြီး မြင့်နေ ကြသော လူသားတို့အား မာယာများလှသော ရောဂါပိုးတို့က ခြုံကွယ်မှ သွား၍ စောင့်နေသည်ကို အကြင်လူသားသည် မမြင်နိုင်ရှာ ပါတကား။ ။

More

ဟန်ချက်

“ကမ္ဘာကျော် ဆရာဝန်ကြီး တွေရဲ့ ဒီ သုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆေးဟာ အခြား မျိုးတူ ဆေးတွေထက် အပြတ်အသတ် သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင် ကိုယ်တွေ့ ပါပဲခင်ဗျ”
စာရွက် စာတမ်းများကို ပြရင်း ပါးစပ်က ပေါက်ပေါက် ဖောက်သလို စကားကို တရစပ် မပြတ်တမ်း ပြောနေသော ဆေးကုမ္ပဏီမှ အရောင်း တာဝန်ခံကို သူ ငေးကြည့် နေမိသည်။ ဆေးတက္ကသိုလ်မှ ကျောင်းပြီး ခါစ ဆရာဝန်ငယ်လေး၊ နုပျိုမှု တက်ကြွ လန်းဆန်းမှု၊ လူငယ်တို့၏ မာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်းသား မြင်နေရသည်။ ဆေးကျောင်းမှာ တုန်းက စာမေးပွဲတိုင်းကိုသာ သင်း ဒီလို ကရားရေလွှတ် ဖြေနိုင်လို့ ကတော့ ထွက်လိုက်မဲ့ ဂုဏ်ထူးတွေ အနတ္တဂ္ဂမ။ More

Next Newer Entries

Calender

May 2012
M T W T F S S
« Jan    
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.